← Chapters

နီလာနတ်သမီးရဲ့ သေမျိုးအရေခွံလဲခြင်း

Vol. 62 Ch. 971

နီလာနတ်သမီးရဲ့ သေမျိုးအရေခွံလဲခြင်း

Vol. 62 Ch. 971

လဝတ်ပြုဒေသကြီး၏ ကောင်းကင်သည် မှောင်ရီနေပြီး ညအချိန်တွင် အမှောင်ထုက လုံးဝကြီးစိုးနေသည်။ ကောင်းကင်ယံတွင် ကြယ်များမရှိပေ။ နေလုံးနှင့် လစန္ဒာကိုလည်း မမြင်နိုင်ပေ။

ဤသည်မှာ အနက်ရောင်ကန့်လန့်ကာတစ်ခုက ကောင်းကင်ကို ဖုံးအုပ်ထားသည့်အလားပင်။ အမှောင်ထုက အရာအားလုံးကို ဖုံးလွှမ်းထားပြီး သက်ရှိအားလုံး၏ အမြင်အာရုံကို ပိတ်ဆို့ထားသည်။

ထိုအခိုက်အတန့်မှာ ညအမှောင်ကောင်းကင်အောက်တွင် သေးငယ်သော လှိုင်းဂယက်တချို့ တအိအိလှုပ်ခတ်နေသည်။

ထိုလှိုင်းဂယက်များ၏ အလယ်တွင် ကြီးမားသော အတုယောင်နေလုံးတစ်လုံး ရှိသည်။ ဤသည်မှာ ပေါက်စီလေး ဖြစ်သည်။

အိမ်ရှေ့စံမင်းသားက ဝူကျန်းဝူ၏ ဝက်ဝံကို စီးတော်ယာဉ်အဖြစ် စီးနင်းရန် ငြင်းဆန်သောကြောင့် ခေါင်းဆောင်က ပေါက်စီလေးကို ခေါ်ထုတ်လိုက်ခြင်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် ထိုအတုယောင်နေလုံးကို အတော်လေး စိတ်ကျေနပ်သည်။ သို့ဖြစ်၍ သူက သူ၏ စွမ်းရည်ကို အသုံးပြု၍ နေလုံးကို ဖုံးကွယ်လိုက်ပြီး ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ခရီးဆက်ကြသည်။

သို့သော်လည်း ယခု ထိုနေလုံးထဲမှ လေထုသည် ပြောမပြနိုင်အောင် တင်းကျပ်နေသည်။

နင်ယန်သည် ခါးမတ်မတ်ထား၍ ထိုင်နေသော်လည်း မတုန်ယင်ဘဲ မနေနိုင်ပေ။ သူက ထိုသို့တုန်ယင်နေသည်မှာ နေ့တစ်ဝက်နီးပါးရှိသွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားတစ်လက်မစီတိုင်းက နာကျင်နေသော်လည်း သူက မအော်ညည်းဝံ့ပေ။ ဤသည်မှာ သေမျိုးလူသားတစ်ယောက်က ကျားရဲတစ်ကောင်၏ အရှေ့မှာ ရှိနေသည့်အလားပင်။ သူက မည်သို့ပင် ကြိုးစားပါစေ စိတ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ပေ။

ဝူကျန်းဝူသည်လည်း ထို့အတူပင်။ သူက တုန်ယင်နေပြီး အသံကျယ်ကျယ်ပင် အသက်မရှူဝံ့ပေ။

လီယိုဖေးသည်တော့ ပိုပြီးဆိုးဝါးသည်။ စိုးရိမ်ခြင်းနှင့် အကြောက်တရားသည် ဒီရေအလား သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာနေသည်။ ထိုအဖိုးအို၏ ကျင့်ကြံခြင်းကို ရေးတေးတေး သူခန့်မှန်းမိသည်။ ယင်းက သူ့ကို မွန်းကြပ်စေသည်။

မွန်းကြပ်သော ထိုခံစားမှုသည် ရွှီချင်းအပေါ် သူ၏ ရိုသေလေးစားမှုကို အတိတ်တုန်းကထက် ကျော်လွန်သွားစေပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

ဆရာသခင်သည် အစစ်အမှန်ဆရာသခင်ဖြစ်သည်ဟု သူခံစားမိသည်။ သူ့မှာ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံရှိရုံသာမက ဆရာသခင်၏ လုပ်ဆောင်မှုတိုင်းသည် သူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။ ‘ ဝိညာဉ်စုစည်းခြင်းအဆင့် ’၏ နာမည်ကို သူငယ်စဉ်ကတည်းက ကြားဖူးသည်။ သို့သော်လည်း ထိုအဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို ဤမတိုင်ခင်က သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှ မမြင်ခဲ့ဖူးပေ။

လူကိုယ်တိုင်မြင်တွေ့ရန် မဆိုထားနှင့် ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်၏ ဆံချည်မျှင်သည်ပင် အလွန်ရှားပါးသောအရာ ဖြစ်သည်။

ထိုသို့တွေးမိသောအခါ လီယိုဖေးသည် ရွှီချင်းကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။

ရွှီချင်း၏ နေရာသည် အိမ်ရှေ့စံ၏ ဘေးမှာ ဖြစ်သည်။ ထိုနေရာတွင် မည်သူမှ မထိုင်ဝံ့ကြပေ။ ရွှီချင်းသည် အစက ထိုနေရာမှာ မထိုင်ချင်ပေ။ သို့သော်လည်း အိမ်ရှေ့စံမင်းသားက ထိုနေရာမှာ ထိုင်ပြီးနောက် ရွှီချင်းကို လက်ယပ်ခေါ်ခဲ့သည်။

သို့ဖြစ်၍ ရွှီချင်းသည် သူ့ကိုယ်သူ အားပေးလိုက်ပြီး ထိုနေရာမှာ ထိုင်လိုက်သည်။

ခေါင်းဆောင်သည်လည်း ထိုနေရာမှာ ထိုင်ဝံ့သည်။ ဤအခိုက်အတန့်မှာ သူက အိမ်ရှေ့စံမင်းသားကို အမြဲမပြတ် ယပ်ခတ်ပေးနေသည်။ သူ၏ မျက်နှာပေါ်မှ ဖော်လံဖားသော အမူအရာသည် တစ်ခါမှပျောက်မသွားခဲ့ပေ။

“ စီနီယာ… လေရော ရရဲ့လား… ငါ အရှိန်ထပ်တင်ပေးရမလား ”

အိမ်ရှေ့စံမင်းသားသည် ခေါင်းညိတ်လိုက်သည်။

ခေါင်းဆောင်သည် ခပ်ပြင်းပြင်းယပ်ခတ်ပေးလိုက်သည်။

ရွှီချင်းသည် အိမ်ရှေ့စံ၏ ဘေးတွင် ထိုင်နေလျက် သူ၏ ဆံပင်သည် တဖျပ်ဖျပ်လွင့်မျောသွားသည်။ သူက အလုပ်ကြိုးစားနေသော ခေါင်းဆောင်ကို အားပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤသည်ကို ခေါင်းဆောင်မြင်သောအခါ သူက ပိုပြီး အားစိုက်ထုတ်လိုက်သည်။ အဖိုးအိုအသွင် ပြောင်းလဲထားသော အိမ်ရှေ့စံမင်းသားသည် ခေါင်းငုံ့လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အစက ဤနေရာသည် ခေါင်းဆောင်၊ နင်ယန်နှင့် ဝူကျန်းဝူ၏ တည်းခိုရာနေရာ ဖြစ်သည်။ သူတို့သုံးယောက်သည် အရွယ်ရောက်ပြီးသား ယောင်္ကျားလေးများဖြစ်သဖြင့် အခန်းသည် အနည်းငယ် ရှုပ်ပွနေပြီး ညစ်ပတ်နေသည်။ အထူးသဖြင့် ဝူကျန်းဝူ၏ သားငယ်လေးများကြောင့် ဖြစ်သည်။

ခေါင်းဆောင်သည် အဖိုးအို၏ အကြည့်ကို သတိထားမိသွားပြီး နင်ယန်ကို စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း သူက ပါးစပ်မဟနိုင်ခင် တစ်ချိန်လုံး တုန်ယင်နေသော နင်ယန်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး အခန်းကို စတင်သန့်ရှင်းတော့သည်။

သူ၏ လှုပ်ရှားမှုသည် အလွန်မြန်ဆန်သည်။ ခေါင်းဆောင်၏ မျက်လုံးထဲမှာ စဉ်းစားသော အကြည့် ထွက်ပေါ်လာသည်။

နင်ယန်သည် ခေါင်းဆောင်၏ အကြည့်ကို အလေးမထားပေ။ အဖိုး၏ အစွမ်းကို သူသေချာနားလည်သည်။ ထိုအဖိုးအိုသည် အနာဂတ်မှာ သူ့အား ဤဆိုးဝါးသော ဘဝထဲမှ ဆွဲထုတ်ပေးနိုင်မည့် ကယ်တင်ရှင်ဖြစ်လာနိုင်သည်။ သူက စီနီယာစိတ်ချမ်းသာအောင် လုပ်ဆောင်ပေးနိုင်သရွေ့ အားညိုသည် သူ့ကို ရန်စဝံ့လိမ့်မည်မဟုတ်ချေ။

သို့ဖြစ်၍ သူက စိတ်ပါလက်ပါ သန့်ရှင်းရေးလုပ်သည်။ သူက သန့်ရှင်းပြီးသွားသောအခါ အိမ်ရှေ့စံမင်းသားသည် စိတ်ကျေနပ်သော အမူအရာကို ထုတ်ဖော်ပြလိုက်သည်။

နင်ယန်သည် သူ၏ မှတ်ဉာဏ်များထဲမှ လူတချို့၏ မျက်နှာကို အမြန်ပုံဖော်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ပြီး သူတို့၏ လုပ်ဆောင်မှုအတိုင်း လိုက်လံတုပကာ ပြောသည်။

“ စီနီယာ… တကယ်လို့ မင်းတစ်ခုခု စိတ်မကျနပ်တာရှိရင် ကျွန်တော့်ကိုသာ ပြောပါ… ကျွန်တော် ချက်ချင်း ရှင်းလင်းပေးပါ့မယ် ”

နင်ယန်၏ အသွင်အပြင်ကို ကြည့်လိုက်သောအခါ အတိတ်ကို လွမ်းဆွေးတမ်းတသော အကြည့်သည် အိမ်ရှေ့စံမင်းသား၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နင်ယန်၏ အပြုအမူသည် အတိတ်တုန်းက သူ၏ မိတ်ဆွေတချို့ကို ပြန်အမှတ်ရသွားစေဟန် ရသည်။ သို့ဖြစ်၍ နင်ယန်ကို ကြည့်သော သူ၏ အကြည့်သည် အများကြီး နူးညံ့လာသည်။

“ မင်းရဲ့ သွေးမျိုးစက်သိပ်သည်းမှုက မဆိုးဘူး… တကယ်လို့ မင်းသာ အဲ့ဒါကို ဆက်ပြီးသန့်စင်နိုင်မယ်ဆိုရင် မင်းရဲ အနာဂတ်က အကန့်အသတ်မဲ့လိမ့်မယ် ”

ဤသည်ကို နင်ယန်ကြားသောအခါ သူက စိတ်လှုပ်ရှားသွားပြီး အိမ်ရှေ့စံမင်းသား၏ ညွှန်ကြားမှုအတွက် အမြန်ကျေးဇူးတင်လိုက်သည်။

ထိုမြင်ကွင်းကို သတိထားမိသွားသောအခါ ဝူကျန်းဝူသည် စိုးရိမ်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ ဘေးမှ ကြက်တူရွေးလေးသည် ရုတ်တရက် ပြေးထွက်သွားသည်။ ၎င်းက အိမ်ရှေ့စံမင်းသား၏ အရှေ့သို့ ရောက်ရှိသွားသောအခါ ဂရုတစိုက် စူးစမ်းလိုက်ပြီး အိမ်ရှေ့စံမင်းသား၏ ဒူးပေါ်မှာ ဆင်းသက်လိုက်သည်။

ဝူကျန်းဝူ၏ နှလုံးခုန်သံသည် မြန်ဆန်လာသည်။ ထိုကြက်တူရွေးလေးက သေလမ်းရှာနေသည်ဟု သူခံစားမိသွားသည်။

သို့သော်လည်း အိမ်ရှေ့စံမင်းသားသည် စိတ်ထဲမထားပေ။ ယင်းအစား သူက ကြက်တူရွေးလေးကို အကြိမ်ရေအနည်းငယ် ကြည့်လိုက်ပြီး ရယ်လိုက်သည်။

“ မင်းရဲ့ သွေးမျိုးစက်က ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ကောင်းတယ် ”

အဖိုးအိုက ၎င်းကို မောင်းမထုတ်သည်ကို မြင်သောအခါ ကြက်တူရွေးလေးသည် စိတ်လှုပ်ရှားလာသည်။ ၎င်းက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။

“ မင်းတို့ကောင်တွေက အဖိုးရှိနေရင် ဘာမှမဟုတ်ကြဘူး… အဖိုးမရှိခင် မြန်မြန်လာကြ ”

ကြက်တူရွေးလေးက အဓိပ္ပာယ်မရှိသော ကဗျာကို ရွတ်ဆိုလိုက်သည့်အခါ ဝူကျန်းဝူသည် ဆွံ့အသွားသည်။ သူ၏ စိတ်သည် လှုပ်ခါလာသည်။ ကြက်တူရွေးလေး၏ လုပ်ရပ်က သူ့အား ငြိစွန်းလာမည်ကို သူကြောက်သည်။ သို့သော်လည်း ယင်းက အိမ်ရှေ့စံမင်းသားကို ပထမဆုံးအကြိမ် ရယ်မောသွားစေသည်။

“ အတိတ်တုန်းက မင်းရဲ့ ဘိုးဘေးမှာ အခုလိုမျိုး ရှေးဘုရင်ရဲ့ အမူအကျင့်မရှိပါဘူး ”

ဤသည်ကို ကြက်တူရွေးလေး ကြားသောအခါ ၎င်းက အမြန်ပြောသည်။

“ ဘိုးဘေးက ဘာမှမဟုတ်ဘူး… အဖိုးက အရေးကြီးဆုံးပါ… အဖိုးက အကောင်းဆုံးပါ… အဖိုး အသက်ရှည်ပါစေ ”

အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး လက်မြှောက်လိုက်ကာ ကြက်တူရွေးလေး၏ အမွှေးမရှိသော ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ သူက ကြက်တူရွေးလေးကို အတော်သဘောကျကြောင်း ထင်ရှားသည်။

ကြက်တူရွေးလေးသည်တော့ အလွန်ရိုကျိုးလာပြီး အိမ်ရှေ့စံမင်းသားကို ၎င်းအား စိတ်ကြိုက်ထိတွေ့ရန် ခွင့်ပြုထားသည်။ ဤအခိုက်အတန့်မှာ ၎င်းက လွန်စွာ ဘဝင်မြင့်လာသည်။ အချိန်အတော်ကြာပြီးနောက် ၎င်းက နင်ယန်ကို ကြည့်လိုက်သည်။

“ နင်နင်လေး… မြန်မြန် ဒီနေရာကို ကြမ်းတိုက်စမ်း… မင်း မျက်လုံးကန်းနေတာလား… အနာဂတ်ကျရင် မင်းမှတ်ထားပါ… ငါ့အဖိုးရှိနေတဲ့ ဘယ်နေရာမှာမဆို ဖုန်တစ်စက်တောင် မရှိစေနဲ့ ”

နင်ယန်သည် ခေါင်းမော့လိုက်ပြီး ကြက်တူရွေးလေးကို ကြည့်လိုက်သည်။ ကြက်တူရွေးလေးသည် အထင်သေးရှုံ့ချစွာ ပြန်ကြည့်လိုက်သည်။

နင်ယန်သည် နှုတ်ဆိတ်သွားပြီး ဆက်လက် ကြမ်းတိုက်လိုက်သည်။

ကြက်တူရွေးလေးသည် အိမ်ရှေ့စံမင်းသားကို အမြန်လှည့်ကြည့်လိုက်လေရာ တစ်ဖက်လူက ၎င်းကို မတားဆီးကြောင်း မြင်တွေ့သွားသည်။ ထို့ကြောင့် ၎င်းက ပိုပြီးမာနထောင်လွှားလာကာ ခေါင်းဆောင်ကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။

“ ပြီးတော့ မင်း… ညိုဘယ်သူ… မင်းက ဘယ်လို ယပ်ခတ်နေတာလဲ… မင်းက ထမင်းခုနစ်ရက်မစားထားလို့လား… အတော်အားနည်းတာပဲ… ပြီးတော့ နေလုံးက သွားတာ အရမ်းနှေးတာပဲ… မင်းရဲ့ လက်တစ်ဖက်က အဖိုးကို ယပ်ခတ်ပေးပြီး ကျန်လက်တစ်ဖက်က နေလုံးကို မြန်မြန်လောင်ကျွမ်းအောင် ယပ်ခတ်စမ်းပါ ”

ခေါင်းဆောင်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ကြက်တူရွေးလေးကို ကြည့်လိုက်သည်။

ကြက်တူရွေးလေးက ခေါင်းမော့လိုက်ပြီး အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။

ခေါင်းဆောင်က မျက်မှောင်ကြုတ်သွားသည်။ သူက စကားပြောတော့မည့်အချိန် အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောသည်။

“ အတိတ်တုန်းက ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီ ရောက်လာတဲ့သူက မင်းမဟုတ်လား ”

ခေါင်းဆောင်သည် နှလုံးခုန်မြန်လာသည်။ သူက အလျှင်အမြန် ခေါင်းခါလိုက်သည်။

“ ငါမဟုတ်ဘူး… အဲ့ဒါ ငါမဟုတ်ဘူး ”

အိမ်ရှေ့စံမင်းသား၏ အကြည့်သည် လေးနက်သည်။ သူက ခေါင်းဆောင်ကို တစ်ချက်သာကြည့်လိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ပေ။

ခေါင်းဆောင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး နောက်ထပ် ယပ်တောင်တစ်ချောင်းကို ထုတ်လိုက်သည်။

“ ကြက်တူရွေးလေးပြောတာ အဓိပ္ပာယ်ရှိတယ်… နေလုံးကို ငါယပ်ခတ်လိုက်မယ် ”

ခေါင်းဆောင်က နေလုံးကို ယပ်ခတ်လိုက်သည့်အခါ နေလုံး၏ အလျင်သည် အဆပေါင်းများစွာ တိုးမြှင့်သွားသည်။

ချန်းအားညိုက ၎င်း၏ စကားအတိုင်း နာခံသည်ကို မြင်သောအခါ ကြက်တူရွေးလေးသည် စိတ်လှုပ်ရှားလာသည်။ ထို့ပြင် အိမ်ရှေ့စံမင်းသားက ၎င်းကိုပင် အကူအညီပေးခဲ့သည်ဟု တွေးမိသွားသောအခါ ၎င်းသည် ပိုပြီးအားတတ်သွားသည်။

ဤအခိုက်အတန့်မှာ ၎င်းက ငှက်ဘဝ၏ အထွတ်အထိပ်ဂုဏ်သိက္ခာကို ရရှိသွားသည်ဟု ခံစားမိသွားသည်။ သို့ဖြစ်၍ ၎င်းက အဖေ့ကို ဆင့်ခေါ်လိုက်ပြီး အဖိုးကို နှိပ်ခိုင်းလိုက်သည်။ ထို့နောက် ၎င်းသည် ရွှီချင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး လက်စားပြန်ချေရန် ပြင်ဆင်သည်။

“ ပြီးတော့ မင်း… ချင်းလေး… ခရီးက အဝေးကြီး လိုသေးတယ်… အဖိုးပျင်းနေမှာပေါ့… ဒီတော့ အဖိုးပျော်အောင် မင်းကသင့်တယ် ”

ဤသည်ကို နင်ယန်နှင့် ဝူကျန်းဝူကြားသောအခါ သူတို့သည် ရွှီချင်းကို တိတ်တခိုး ကြည့်လိုက်ကြသည်။ တစ်ဖက်မှာ ခေါင်းဆောင်သည်တော့ သူ၏ မျက်နှာပေါ်မှာ မူမမှန်သော အပြုံးရှိသည်။

ရွှီချင်းသည် အစကတည်းက အမူအရာကင်းမဲ့စွာ ရှိနေသည်။ ဤအခိုက်အတန့်မှာ သူက ကြက်တူရွေးလေးကို စိုက်ကြည့်လိုက်သည်။

ကြက်တူရွေးလေးသည် ခေါင်းမော့လိုက်ပြီး မောက်မာထောင်လွှားစွာ ပြောသည်။

“ ဘာလို့ မင်းက နှေး… ဝေါ့ ”

ကြက်တူရွေးလေးသည် စကားဆုံးအောင် မပြောနိုင်မီ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားပြီး သွေးအန်လိုက်ရသည်။ ၎င်းက အလန့်တကြား အော်ပြောလိုက်သည်။

“ ဘာလို့ အဆိပ်က ကျန်နေသေးတာလဲ ”

ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက ကြက်တူရွေးလေးကို လျစ်လျူရှုထားပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။ သူက ရိုသေလေးစားစွာ ပြောသည်။

“ စီနီယာ… မင်းပြောတဲ့ အနီရောင်လဗိမာန်ရဲ့ အခြေခံအုတ်မြစ်က ကျွန်တော်နဲ့ တစ်ခုခုပတ်သက်နေသလား သိချင်ပါတယ် ”

အိမ်ရှေ့စံမင်းသားသည် ကြက်တူရွေးလေးကို ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး ကြက်တူရွေးလေး၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်။ မကြာမီ အံ့အားသင့်သော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို လှည့်ကြည့်လိုက်သည်။

“ အဲ့ဒါက ဆရာ ကျွန်တော့်အတွက် ပြင်ဆင်ပေးထားတဲ့ ဝှက်ဖဲပါ… နတ်ဘုရားကျိန်စာအဆိပ်ပါ ”

အိမ်ရှေ့စံမင်းသား၏ အကြည့်ကို ရွှီချင်း နားလည်သည်။ သို့ဖြစ်၍ သူက ရှင်းပြလိုက်သည်။

ဤသည်ကို အိမ်ရှေ့စံမင်းသား ကြားသောအခါ သူ၏ မျက်နှာပေါ်မှာ မူမမှန်သောအပြုံး ထွက်ပေါ်လာသည်။ အဖိုးအိုပုံစံ ပြောင်းလဲထားသော သူ၏ အသွင်အပြင်သည် ပိုပြီးရင်းနှီးဖွယ်ကောင်းသည်။ ဤသည်မှာ စီနီယာတစ်ယောက်က သူ၏ ဂျူနီယာဆီသို့ အလည်ရောက်လာသည့်အလားပင်။

ရွှီချင်း၏ အမူအရာသည် ပိုပြီးရိုသေလေးစားလာသည်။

အချိန်အတော်ကြာပြီးနောက် အိမ်ရှေ့စံမင်းသား၏ အက်ရှရှအသံသည် နေလုံးထဲမှာ ပဲ့တင်ထပ်သွားသည်။

“ နီလာနတ်သမီးက ငါတို့ရဲ့ ဘုံရန်သူလို့ တစ်ခါက မင်းငါ့ကို ပြောခဲ့ဖူးတယ်… မင်းဆရာရဲ့ အစီအစဉ်က ဘာလဲ ငါမသိဘူး… ဘာပဲဖြစ်ဖြစ် မင်းက နီလာနတ်သမီးကို ပစ်မှတ်ထားချင်တယ်ဆိုရင် အရင်ဦးဆုံး အနီရောင်လဗိမာန်ကို ဖယ်ရှားပစ်ရမယ် ”

“ နောက်ဆုံးအကြိမ် အနီရောင်လဗိမာန်ဆီ ငါသွားခဲ့တုန်းက ငါ့ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ တခြားအစီအစဉ်တွေအပြင် အနီရောင်လဗိမာန်မှာ နီလာနတ်သမီးချန်ထားခဲ့တဲ့ အခြေခံအုတ်မြစ်ကို ငါစစ်ဆေးကြည့်ခဲ့တယ် ”

အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်သည်။

နင်ယန်နှင့် ဝူကျန်းဝူသည် နားစွင့်လိုက်ကြသည်။ ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ ငါမင်းကို တစ်ခါပြောခဲ့ဖူးတယ်… အဲ့ဒီတုန်းက ကောင်းကင်ဘုံဥပဒေသရဲ့ လွှမ်းမိုးမှုကြောင့် မင်း အများကြီး မကြားနိုင်ခဲ့ဘူး… ဒါပေမဲ့ နီလာနတ်သမီးက နတ်ဘုရားမဖြစ်လာခင် ငါ့ခမည်းတော်ရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်ဆိုတာ မင်းမှတ်မိဦးမှာပါ ”

အိမ်ရှေ့စံမင်းသားက စကားပြောလိုက်သည့်အခါ ရွှီချင်းနှင့် ခေါင်းဆောင်မှလွဲ၍ လူတိုင်း၏ နှလုံးသည် အပြင်းအထန် လှုပ်ခါသွားကြသည်။ သူတို့၏ အမူအရာသည် သိသာစွာ ပျက်ယွင်းသွားကြပြီး အလိုအလျောက် ချောက်ချားလာကြသည်။

အထူးသဖြင့် လီယိုဖေးပင်။ သူက လဝတ်ပြုဒေသကြီး၏ ဒေသခံလူဖြစ်သဖြင့် ထိုသတင်းအချက်အလက်ကို ကြားလိုက်သောအခါ သူ၏ အသိစိတ်သည် ရုတ်တရက် ဝုန်းခနဲ မြည်ဟိန်းသွားသည်။

“ ဘုရားကျောင်းမှာ နီလာနတ်သမီးချန်ထားခဲ့တဲ့ အခြေခံအုတ်မြစ်ကတော့ အတိတ်တုန်းက သူ သေမျိုးကနေ နတ်ဘုရားအဖြစ်ကို ပြောင်းလဲသွားခဲ့တုန်းက ချွတ်လဲခဲ့တဲ့ အရေပြားပဲ ”

“ အဲ့ဒီအရေပြားထဲမှာ အနီရောင်လရဲ့ ရှေးဟောင်းစွမ်းအားတွေ အများအပြားပါရှိတယ်… အဲ့ဒါက အနီရောင်လဗိမာန်ရဲ့ အဓိကအရင်းအမြစ်ပဲ… အဲ့ဒါရှိနေသရွေ့ ဘုရားကျောင်းကို မဖျက်ဆီးနိုင်ဘူး ”

“ အဲ့ဒါကြောင့်ပဲ အပြင်လူတွေက ဘုရားကျောင်းနား ချဉ်းကပ်လာတာနဲ့ သုတ်သင်ခံရလိမ့်မယ်… ဒါမှမဟုတ် သူတို့က အသိစိတ်ဆုံးရှုံးသွားကြပြီး နီလာနတ်သမီးကို ယုံကြည်ကိုးကွယ်တဲ့လူတွေ ဖြစ်လာကြလိမ့်မယ်… ဘုရားကျောင်းထဲက ကျင့်ကြံသူတွေတောင် အဲ့ဒါကို မထိဝံ့ကြဘူး… သူတို့က အဲ့ဒါကို ပူဇော်ကိုးကွယ်ရုံပဲ လုပ်ဆောင်နိုင်ကြတယ် ”

“ နတ်ဘုရားသားတော်တောင် အဲ့ဒါကို အသုံးပြုမယ်ဆိုရင် နီလာနတ်သမီးထံမှာ ခွင့်ပြုချက်တောင်းခံရတယ်… ဒါပေမဲ့ အခု နီလာနတ်သမီးက နှစ်နှစ်ချိုက်ချိုက် အိမ်မောကျနေပြီး ဘာမှမတုံ့ပြန်နိုင်ဘူး ”

“ မင်းတစ်ယောက်တည်းပဲ… လုပ်ဆောင်နိုင်လောက်တယ် ”

အိမ်ရှေ့စံမင်းသားက နူးညံ့စွာ ပြောသည်။ သူ၏ အကြည့်သည် လေးနက်သည်။

ရွှီချင်းသည် အတွေးနက်သွားသည်။ ခေါင်းဆောင်၏ မျက်ခုံးသည် အပေါ်သို့ အနည်းငယ် ပင့်တတ်သွားသည်။ အိမ်ရှေ့စံမင်းသားသည် မည်သည့်စကားမှ ဆက်မပြောတော့ပေ။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ သူတို့သည် အိမ်ရှေ့စံမင်းသား၏ တည်ရှိမှုကို နေသားကျလာသော်လည်း ဝူကျန်းဝူ၊ နင်ယန်နှင့် လီယိုဖေးသည် စိုးရိမ်ကြောင့်ကြနေဆဲဖြစ်ပြီး စိတ်အေးလက်အေး မနေရဲကြပေ။

အိမ်ရှေ့စံမင်းသား၏ အကူအညီကြောင့် အဆိပ်ဖိနှိပ်ခံထားရသော ကြက်တူရွေးလေးသည်သာ ပြန်လည်လှုပ်ရှားလာနိုင်ပြီး ဘဝမြင့်စွာ ပြုမူဆောင်ရွက်လေ့ရှိသည်။ သို့သော်လည်း ၎င်းက ရွှီချင်းကို အတော်လေး ကြောက်ရွံ့သွားဟန် ရသည်။

၎င်းဆီမှာ လက်စားချေမည့်အတွေး လုံးဝမရှိတော့ပေ။ ၎င်းက ဆရာကြီးဟန်ပန်ဖြင့် တခြားလူများကို အမိန့်လိုက်ပေးသည်။ ၎င်းက များသောအားဖြင့် နင်ယန်ကိုသာ အလုပ်ခိုင်းလေ့ရှိပြီး ရံဖန်ရံခါ ခေါင်းဆောင်ကို လှောင်ပြောင်လေ့ ရှိသည်။

သို့သော်လည်း အိမ်ရှေ့စံမင်းသားက အနားမှာရှိနေသောကြောင့် ခေါင်းဆောင်သည် ကြက်တူရွေးလေးကို ပညာမပေးနိုင်ပေ။ ကြက်တူရွေးလေးသည်လည်း ငတုံးမဟုတ်ပေ။ အိမ်ရှေ့စံမင်းသားက အနားယူနေသည့်အချိန်မှာပင် ၎င်းက သူ့ဘေးနားမှ လုံးဝထွက်မသွားပေ။

သူ့မှာ အခွင့်အရေးမရှိသည်ကို မြင်သောအခါ ခေါင်းဆောင်သည် ထိုကိစ္စကို သူ၏ စိတ်ထဲမှာ မှတ်တေးထားလိုက်သည်။ သူက နောက်ရက်များတွင် သူ့ကိုယ်ပိုင်ကိစ္စများဖြင့် အလုပ်များတော့သည်။

အိမ်ရှေ့စံမင်းသားက အနားယူနေစဉ် သူက ရွှီချင်း၏ အရှေ့မှာ ကြေးမုံတစ်ချပ်ကို မကြာခဏ ထုတ်လေ့ရှိပြီး မြန်ဆန်စွာ ပြန်ရောက်လာတတ်သည်။

အကြိမ်တိုင်း သူက ထိုသို့လုပ်ဆောင်ပြီးသွားတိုင်း ရွှီချင်းကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိမ့်မည်။ သူက ရွှီချင်း၏ မျက်နှာပေါ်မှ အံ့အားသင့်သော အမူအရာကို မြင်ချင်သည်။

ရွှီချင်းသည် အကြိမ်တိုင်း နှုတ်ဆိတ်နေသည်။ သို့သော်လည်း ခေါင်းဆောင်၏ အကြည့်က မကြာခဏ သူ့အပေါ်သို့ ကျရောက်လာသဖြင့် သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကြားချင်နေသော စကားကို ပြောလိုက်သည်။

“ စီနီယာအကိုကြီး… မင်း ဒီရက်တွေမှာ ဘာတွေလုပ်နေတာလဲ ”

ခေါင်းဆောင်သည် ရယ်မောလိုက်သည်။ သူက ရွှီချင်း ထိုသို့မေးလာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

“ ချင်းလေး… မင်းက ဘဝကံကြမ္မာဆိုးတောင်တန်းမှာ အချိန်အတော်ကြာ နေခဲ့တယ်… ဒီတော့ မင်းဘာမှမသိဘူးဆိုတာ ငါမယုံဘူး… မင်းအရမ်းအခက်တွေ့နေတာဖြစ်ရမယ်… ဒါကြောင့် မင်းငါ့ကို မေးဖို့ တွန့်ဆုတ်နေတာမဟုတ်လား ”

“ ဟား ဟား… မင်းခန့်မှန်းတာ မှန်တယ်… ငါက လပုန်ကန်ခန်းမထဲကို ဝင်ရောက်ခဲ့တာ ”

ခေါင်းဆောင်သည် ရွှီချင်း၏ ပခုံးကို ပုတ်လိုက်ပြီး နားလည်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ ငါနားလည်ပါတယ် ချင်းလေးရာ… မင်းက ဘဝကံကြမ္မာဆိုးတောင်တန်းမှာ လပုန်ကန်ခန်းမဆီဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒုတိယစစ်ဆေးခြင်းမှာ ရပ်တန့်နေတယ်မဟုတ်လား… မင်းကိုယ်ပေါ်မှာ အနီရောင်လရဲ့ အခွင့်အာဏာရှိတယ်… ဒီတော့ စစ်ဆေးမှုကို ကျော်ဖြတ်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်ဘူး ”

“ လပုန်ကန်ခန်းမရဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေကို မင်းမမြင်နိုင်တော့တာ စိတ်မကောင်းစရာပဲ… ငါမင်းကို ပြောပြမယ်… အခုတလော လပုန်ကန်ခန်းမထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်ပေါ်နေတယ် ”

“ ဆေးဆရာသခင်တစ်ဦး ထွက်ပေါ်လာတယ် ”

ခေါင်းဆောင်သည် ရွှီချင်းကို လျှို့ဝှက်ဆန်းကြယ်စွာ ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။

“ ဘယ်သူမှ အဲ့ဆေးဆရာသခင်ရဲ့ ဇစ်မြစ်ကို မသိကြဘူး… ဒါပေမဲ့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုအောက်မှာ အဲ့ဆရာသခင်နဲ့ ငါက အရင်းနှီးဆုံး မိတ်ဆွေတွေဖြစ်လာကြပြီ ”

ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ ခေါင်းဆောင်က သူ့အကြောင်းကို ပြောနေခြင်းဟုတ်မဟုတ် သူမသေချာပေ။ သူက ထိုအကြောင်းကို မေးမြန်းတော့မည့်အချိန် ခေါင်းဆောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ အဲ့အကြောင်းကို အခုမပြောကြရအောင်… ဆရာသခင်ရဲ့ ပုံပြင်ကို နောက်ကျရင် ငါမင်းကို ပြောပြမယ်… လောလောဆယ် အဓိက အကြောင်းအရာကို ပြောရအောင်… လက်တလော လပုန်ကန်ခန်းမထဲမှာ တာဝန်တစ်ခုကို ငါလက်ခံခဲ့တယ်… ငါတို့တွေ ခရီးသွားနေတုန်း တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ကြရအောင်… တာဝန်ပြီးမြောက်ရင်ရမယ့် ဆုလာဘ်က အရမ်းများတယ်… ပြီးတော့ စီနီယာက ငါတို့အနားမှာရှိနေရင် ဘယ်ဟာကို ငါတို့ကြောက်ရမှာလဲ… ဒါကြောင့် ဒီရက်တွေမှာ တာဝန်အများအပြားကို ငါရှာဖွေခဲ့တယ် ”

ခေါင်းဆောင်သည် သူ့မှာရှိသော အရင်းအမြစ်များကို အကုန်အသုံးပြုလေ့ရှိကြောင်း ရွှီချင်း သိထားသည်။ သို့ဖြစ်၍ သူက မအံ့ဩပေ။ ထို့ကြောင့် သူက မေးလိုက်သည်။

“ ဘာတာဝန်လဲ ”

ခေါင်းဆောင်သည် တိုးတိုးလေး ပြောသည်။

“ လပုန်ကန်ခန်းမထဲမှာ အဆိပ်တစ်ရာပြီးခန္ဓာကိုယ်ကို ကျင့်ကြံဖို့ ကြိုးစားခဲ့တဲ့ ကျင့်ကြံသူတစ်ယောက် ရှိတယ်… ဒါပေမဲ့ သူက ကံမကောင်းဘဲ အဆုံးမှာ အဆိပ်မိသွားပြီး တံခါးပိတ်ကျင့်ကြံခဲ့တယ်… သူက အချိန်အတော်ကြာ မလှုပ်ရှားနိုင်ဘူး ”

“ အဲ့ကျင့်ကြံသူက အကောင်းဆုံး ကြိုးစားပေမယ့် အဆိပ်ကို မဖြေနိုင်ဘူး… အခု အဆိပ်က ထကြွလာပြီဖြစ်လို့ မကြာခင် သူက သေတော့မယ်… ဒါကြောင့် သူက သူ့ရဲ့တည်နေရာကို ဖော်ထုတ်လိုက်ပြီး လပုန်ကန်ခန်းမထဲမှာ ကယ်ဆယ်ရေးတာဝန်ကို ထုတ်ပြန်လိုက်တယ် ”

All Chapters