← Chapters

ရှေးခေတ်တုန်းက ဂုဏ်သတင်း

Vol. 62 Ch. 976

ရှေးခေတ်တုန်းက ဂုဏ်သတင်း

Vol. 62 Ch. 976

အဖိုးအို၏ မျက်နှာသည် ဝမ်းနည်းခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းဖြင့် ပြည့်နှက်နေသည်။ သူ၏ အသံထဲမှာ မကျေနပ်သော အရိပ်အယောင် ရှိသည်။ သူက စကားမပြောခဲ့လျှင် အဆင်ပြေလိမ့်မည်။ သို့သော်လည်း သူက စကားပြောသည့်အခါ မရပ်တန့်နိုင်တော့ပေ။

နောက်ဆုံးမှာတော့ ခေါင်းဆောင်က သူ့အား စကားထောက်ပေးရန်ပင် မလိုအပ်တော့ပေ။ သူက သူ၏ နှလုံးသားထဲမှ မကျေနပ်ချက်များကို ဆက်လက် ဖွင့်ထုတ်ပြီး အချိန်အတော်ကြာ ပြောသည်။

ထို့နောက် သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ကို ဖြေလျှော့လိုက်သည်။

ခေါင်းဆောင်၏ မျက်လုံးထဲမှာ စာနာနားလည်သော အကြည့် ထွက်ပေါ်လာသည်။

“ ဒီလိုဆို မင်းက အရမ်းသနားစရာကောင်းတာပဲ… ဘယ်သူလုပ်တာလဲဆိုတာ မင်းရှာတွေ့ပြီလား ”

“ နောက်ကွယ်က ဖြစ်နိုင်ခြေရှိတဲ့ တရားခံတွေကိုတော့ ငါစဉ်းစားမိတယ်… ငါ့မှာ ရန်သူသုံးယောက်ရှိတယ်… အထူးသဖြင့် ဟိုဒုက္ခိတထျန်းပဲ… သူက ငါ့ကို လုပ်ကြံတဲ့လူဖြစ်မယ်လို့ သံသယရှိတယ် ”

အဖိုးအိုသည် အံတင်းတင်းကြိတ်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက သိုလှောင်အိတ်နှစ်လုံးကို ထုတ်လိုက်ပြီး ခေါင်းဆာင်နှင့် ရွှီချင်းကို ကမ်းပေးလိုက်သည်။

“ ငါတို့က ရေစက်ပါလို့ အခုလို တွေ့ဆုံကြတာပဲ… မင်းတို့နှစ်ယောက်က သာမန်မဟုတ်ဘူးဆိုတာ ငါသိတယ်… စည်းမျဉ်းတွေကို ငါသိတယ်… မင်းတို့အကြောင်း တခြားလူတွေကို ငါမပြောပါဘူး… ဒါက ငါ့ရဲ့ ရိုသေလေးစားမှုပါ… ငါတို့တွေ မိတ်ဆွေဖွဲ့ရအောင် ”

ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး သိုလှောင်အိတ်များကို လက်ခံလိုက်သည်။ သူ၏ နတ်ဘုရားအသိစိတ်က သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသောအခါ အထဲမှ ပစ္စည်းကောင်းများကို မြင်တွေ့သွားသည်။ ထို့ကြောင့် သူက တောက်ပစွာ ပြုံးလိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။

“ ငါတို့က မိတ်ဆွေကောင်းတွေ ဖြစ်နေပြီမဟုတ်ဘူးလား… နောက်ကျရင် ငါ့ရဲ့ဘုရားကျောင်းရှေ့မှာ အမွှေးတိုင်စိုက်ဖို့ မမေ့နဲ့ဦးနော် ”

“ သေချာတာပေါ့ ”

အဖိုးအိုသည် တည်ကြည်လေးနက်စွာ ပြောသည်။ သူက မထွက်သွားခင် ရွှီချင်းထံသို့ လက်သီးဆုပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

အဖိုးအို၏ နောက်ကျောကို ကြည့်နေရင်း ခေါင်းဆောင်သည် သူ၏ လက်ထဲမှ သိုလှောင်အိတ်ကို စိတ်ကျေနပ်စွာ မြှောက်လိုက်ပြီး ပြန်ဖမ်းလိုက်သည်။

တစ်ဖက်လူမြင်တွေ့ခဲ့သော လှုပ်ရှားမှုကင်းမဲ့နေသည့် အနီရောင်လဗိမာန်မှ ကျင့်ကြံသူများ၏ မြင်ကွင်းက ပေါက်ကြားသွားမည်ကိုတော့ ခေါင်းဆောင်က မစိုးရိမ်ပေ။

မည်သို့ဖြစ်ပါစေ အိမ်ရှေ့စံမင်းသားက သူတို့နှင့်အတူ ရှိနေသည်မဟုတ်ပါလော။

ထိုသို့တွေးမိသောအခါ ခေါင်းဆောင်သည် ရွှီချင်းကို မျက်စပစ်ပြလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ချင်းလေး… ငါတို့တွေ နောက်ထပ်တာဝန်တချို့ လက်ခံရင်ကောင်းမလား… ဒါက အရမ်းတွက်ချေကိုက်တယ်… ”

“ မင်း ဘဝကံကြမ္မာဆိုးတောင်တန်းဆီသွားတဲ့ လမ်းတစ်လျှောက်လုံး သွေးမအန်ချင်ဘူးဆိုရင် ဆက်မလုပ်ဖို့ ငါအကြံပေးတယ် ”

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ဤမတိုင်ခင် သူသည် အိမ်ရှေ့စံမင်းသားနှင့် ပြောဆိုဆက်ဆံဖူးပြီး ထိုဝိညာဉ်စုစည်းခြင်းအဆင့် အဖိုးအိုကို အနည်းငယ် နားလည်သည်။ တစ်ဖက်လူမှာ ကောင်းမွန်သော ရည်ရွယ်ချက်မရှိသလို မကောင်းသော ရည်ရွယ်ချက်လည်း မရှိပေ။

အကယ်၍ သူက အရေးကြီးသော အစီအစဉ်ဖြင့် မကြုံတွေ့လျှင် သူလှုပ်ရှားခြင်း မလှုပ်ရှားခြင်းသည် သူ၏ စိတ်အခြေအနေပေါ်မှာသာ မူတည်သည်။

ဤတစ်ကြိမ်တွင် သူက ကူညီပေးရန် ရွေးချယ်ခဲ့သည်။ သို့သော်လည်း နောက်တစ်ခါသည် မသေချာပေ။

ခေါင်းဆောင်သည် နောင်တရသွားသည်။ သို့သော်လည်း စတေးခံယင်မြစ်မှာ တစ်ဖက်လူ၏ အကြည့်ကြောင့် သူသွေးအန်ခဲ့ရကြောင်း စဉ်းစားမိသွားသောအခါ မစွန့်စားသင့်ကြောင်း ခံစားမိသွားသည်။

သူ့မှာ သွေးအများအပြားရှိသော်လည်း…

“ ဟူး ဒီဘဝမှာ ငါက အရမ်းအားနည်းလွန်းတယ် ”

ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။ ထို့နောက် အစောနက အဖိုးအိုက သူ၏ မကျေနပ်ချက်များအား ဖွင့်ထုတ်ပြောခဲ့ပုံကို သူက ပြန်အမှတ်ရသွားသည်။ ထို့ကြောင့် သူက မူမမှန်စွာ ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ဤသည်မှာ သူက အရာအားလုံးကို ခန့်မှန်းမိထားသလိုပင်။

“ ချင်းလေး… မင်းသူ့ကို အဆိပ်ခတ်ခဲ့တာမလား ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ရွှီချင်း၏ မျက်နှာအမူအရာကို အပြည့်အဝ အာရုံစိုက်လိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်၏ မျက်လုံးကို ကြည့်လိုက်ပြီး အလေးအနက် ပြောသည်။

“ ဟုတ်တယ်… ငါလုပ်ခဲ့တာ… ငါ သူ့ကို အဆိပ်ဆေးလုံး ရောင်းခဲ့တာ ”

ခေါင်းဆောင်သည် ထိတ်လန့်သွားပြီး မေးသည်။

“ မင်းလည်း လပုန်ကန်ခန်းမကို ဝင်နိုင်တာလား ”

ဤသည်မှာ သူဂရုအစိုက်ဆုံး ကိစ္စဖြစ်သည်။

ယင်းကို ရွှီချင်းကြားသောအခါ သူက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ အင်း… ငါဝင်ရောက်ခဲ့တာ ကြာလှပြီ… အမှန်တိုင်းပြောရရင် ငါက မင်းရဲ့ မိတ်ဆွေကောင်း အမှတ်ကိုးဆေးလုံးဆရာသခင်ပါ ”

ခေါင်းဆောင်သည် အစက အလွန်အံ့ဩသွားသည်။ သို့သော်လည်း ဤစကားကိုကြားသောအခါ သူက မရယ်ဘဲ မနေနိုင်ပေ။

“ ဟား ဟား… ငါက မင်းရဲ့ လှည့်ကွက်ထဲ ကျရောက်တော့မလို့… ချင်းလေး မင်းက အခု အတော်ဉာဏ်များလာတာပဲ… ဒါပေမဲ့ မင်းက ဝါနုသေးတယ်… အလေးအနက်ထားတဲ့ အဲ့ဒီအမူအရာကို ငါမှတ်မိတယ်… မင်းက အလေးအနက်ထားပြီးပြောရင် အဲ့ဒါက အလိမ်အညာပဲ… ကြွားဝါချင်တယ်ဆိုရင် အဲ့လို အမူအရာမျိုး မလုပ်ရဘူး… မင်းနည်းနည်း အားစိုက်ထုတ်ရဦးမယ်… ငါမင်းကို နောက်ကျရင် သင်ပေးမယ် ”

ရွှီချင်းသည် မည်သည့်စကားမှ ဆက်မပြောတော့ဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။

ခေါင်းဆောင်သည် အနောက်မှ မြန်မြန်သွက်သွက် လိုက်သွားသည်။ သူက လမ်းလျှောက်နေရင်း မမေးဘဲ မနေနိုင်ပေ။

“ ချင်းလေး… စောစောက မင်းပြောသွားတာ တကယ်လား ”

“ အမှန်ပဲ ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ မင်းက ငါ့မိတ်ဆွေကောင်းဆိုရင် ကျိန်စာလျှော့ပေါ့ဆေးလုံးတစ်လုံး ငါ့ကို ထုတ်ပြပါ ”

ခေါင်းဆောင်သည် ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်သည်။

“ တစ်လုံးမှမကျန်တော့ဘူး ”

ရွှီချင်းသည် ခေါင်းခါလိုက်သည်။ လက်တလော သူသည် လီယိုဖေးဖြင့် မည်သည့်ဆေးလုံးမှ မသန့်စင်ခဲ့ပေ။ သို့ဖြစ်၍ သူ့မှာ ဆေးလုံးတစ်လုံးမှ မရှိပေ။

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက ထပ်မံရယ်မောလိုက်သည်။

“ ဟာ တိုက်ဆိုင်လှချည်လား… မင်းက ကြွားဝါနေတာဆိုတာ ငါသိပါတယ်… ဟုတ်ပြီ ချင်းလေး… မင်းက အမှတ်ကိုးဆေးလုံးဆရာသခင်ပါ ”

ထို့နောက် သူက သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို စတင်ရေတွက်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်တစ်ဝက် ခွဲဝေပြီးနောက် ဂူထဲမှ ပြန်ထွက်လာကြပြီး နေလုံးဆီသို့ ပြန်သွားကြသည်။

သူတို့နှင့်အတူ ဘုရားကျောင်းမှ ကျင့်ကြံသူများနှင့် ဧရာမသွေးနီမျက်လုံးလည်း လိုက်ပါလာသည်။ ဘုရားကျောင်းမှ ကျင့်ကြံသူများထဲတွင် နတ်တမန်တော်လည်း ပါဝင်သည်။ သူတို့အားလုံးသည် နေလုံးထဲသို့ ရွှေ့ပြောင်းခံလိုက်ရပြီး ဘေးပတ်ဝန်းကျင်မှာ ပြန့်ကျဲနေကြသည်။

ထိုအချင်းအရာကို မြင်သွားသောအခါ နင်ယန်၊ ဝူကျန်းဝူနှင့် လီယိုဖေးသည် အိမ်ရှေ့စံမင်းသားကို ပိုပြီးရိုသေလေးစားလာကြသည်။ တစ်ချိန်တည်းမှာ သူတို့က လုံခြုံမှုကို ခံစားမိသွားကြသည်။

နေလုံးက အရောင်တောက်ပလာသောအခါ သူတို့အားလုံးသည် တိမ်ဖြူတောင်တန်းဒေသမှ ထွက်ခွာသွားကြပြီး ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ဦးတည်သွားကြသည်။

ခေါင်းဆောင်၏ ခန့်မှန်းမှုသည် မှန်ကန်သည်။ နှစ်လကြာအဆိပ်မိနေခဲ့သော အဖိုးအိုသည် အသိအမြင် ပြောင်းလဲခံလိုက်ရသည်။ သူက တောင်တန်းများကို ဖြတ်ကျော်ပျံသန်းနေစဉ် တခြားပုံပြင်တစ်ပုဒ်သည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုပုံပြင်ထဲမှာ အစောနက ဖြစ်ပျက်သွားခဲ့သော ကိစ္စအားလုံးပါဝင်သည်။ သို့သော် အနီရောင်လဗိမာန်သည်တော့ သူ၏ ပုံပြင်ထဲမှာ ပျောက်ဆုံးနေသည်။

တစ်ချိန်တည်းမှာ နေလုံးထဲ၌ ခေါင်းဆောင်သည် ဤတစ်ကြိမ် ရိတ်သိမ်းမှုကို အတော်လေး စိတ်ကျေနပ်နေသည်။ ထို့နောက် သူက ရွှီချင်းပြောသွားသော စကားက အမှန်ဟုတ်မဟုတ် စဉ်းစားချင့်ချိန်လိုက်သည်။ ထိုစဉ် အိမ်ရှေ့စံမင်းသားက လက်မြှောက်လိုက်လေရာ သူ၏ နှလုံးက လည်ပင်းပေါ်သို့ ခုန်တတ်သွားသည့်အလား ခံစားမိသွားသည်။

အဖိုးအိုအသွင် ပြောင်းလဲထားသော အိမ်ရှေ့စံမင်းသားသည် သူ၏ လက်ထဲတွင် မျက်လုံးတစ်လုံးကို ကိုင်ထားပြီး ဆော့ကစားနေသည်။ ရံဖန်ရံခါ သူက မျက်လုံးကို လက်ဖြင့် ဆိတ်နေလေရာ ခေါင်းဆောင်၏ အမူအရာကို ထပ်ခါထပ်ခါ ပြောင်းလဲသွားစေသည်။

ရွှီချင်းသည်လည်း အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

အတိတ်တွင် သူသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်တွင် မြင်တွေ့ခဲ့သော အနီရောင်လဗိမာန်၏ ဧရာမနှလုံးနှင့်ပတ်သက်ပြီး စူးစမ်းချင်စိတ် ဖြစ်မိသည်။ ယခု သူက အနီရောင်လဗိမာန်၏ ဧရာမသွေးနီမျက်လုံးနှင့် ခေါင်းဆောင်၏ မျက်နှာကို မြင်သွားသောအခါ နက်နဲစွာ တွေးတောလိုက်သည်။

“ ရွှီချင်း ”

အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ပြောသည်။

“ အနီရောင်လဗိမာန်က အပြင်ထွက်ရင် အမြဲတမ်း ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဘာဖြစ်လို့ အသုံးပြုတာလဲ သိလား ”

ရွှီချင်းသည် ခေါင်းခါလိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး ခေါင်းဆောင်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ အားညို… မင်းရော သိလား ”

“ အဖိုး… ငါလည်း မသိ… ”

ခေါင်းဆောင်က စကားဆုံးအောင် မပြောနိုင်ခင် အိမ်ရှေ့စံမင်းသား၏ လက်ညှိုးက မျက်လုံးကို ထိုးဖောက်တော့မည်ကို မြင်သွားသည်။ သူက မျက်နှာအမူအရာကို အလျင်စလို ပြောင်းလဲလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

“ အဖိုး… ငါမှတ်မိသွားပြီ ”

“ အို ”

အိမ်ရှေ့စံမင်းသားသည် ခပ်ရေးရေး ပြုံးလိုက်သည်။

ရွှီချင်း၏ အကြည့်သည် ခေါင်းဆောင်ပေါ်သို့ ကျရောက်သွားသည်။ နင်ယန်နှင့် တခြားလူများသည်လည်း ခေါင်းဆောင်ကို အမြန်ကြည့်လိုက်ကြသည်။

ခေါင်းဆောင်သည် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။

“ ငါအရင်က အဲ့ဒီအကြောင်းကို စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်… တစ်ခါတုန်းက သူရသတ္တိနဲ့ ပြည့်စုံပြီး အရမ်းထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့တယ်… သူက သူရဲကောင်းဆန်ပြီး လဝတ်ပြုဒေသကြီးက သက်ရှိအားလုံးအပေါ် သနားဂရုဏာထားတယ်… သူက သက်‌တောင့်သက်သာရှိတဲ့ ဘဝမှာ နေနိုင်တာတောင် အဆုံးမှာ သက်ရှိအားလုံးကို ကယ်တင်ဖို့ စည်းစိမ်အားလုံးကို စွန့်လွှတ်ခဲ့တယ် ”

“ သူက နတ်ဘုရားကုန်းမြေပေါ်မှာ နီလာနတ်သမီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့တယ်… သူ့ရဲ့ နှလုံးသားထဲက အလင်းရောင်အတွက်… သူ့ရဲ့ စိတ်ဝိညာဉ်ထဲက တရားမျှတမှုအတွက်… သက်ရှိအားလုံးရဲ့ အနာဂတ်အတွက် သူ့အသက်အန္တရာယ်ကိုမမှုဘဲ ကဒ်ဘေးကို စိန်ခေါ်ခဲ့တယ် ”

“ အဲ့ဒီတိုက်ပွဲက ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ဖရိုဖဲဖြစ်သွားစေပြီး ကြယ်တာရာကောင်းကင်ကို လှုပ်ခါသွားစေခဲ့တယ်… မိုးနဲ့မြေက သူရဲကောင်းအတွက် ငိုကြွေးမြည်တမ်းခဲ့တယ်… တရားမျှတမှုကို ရင်ဝယ်ပိုက်ထားတဲ့ အဲ့ဒီသူရဲကောင်းက မကောင်းမှုဒုစရိုက်ဥသျှောင်ဖြစ်တဲ့ နီလာနတ်သမီးကို နှစ်သုံးရာကြာအောင် ဆန့်ကျင်တိုက်ခိုက်ခဲ့တယ် ”

“ အဲ့ဒီနှစ်သုံးရာအတွင်းမှာ လောကရဲ့ အရောင်က ပြောင်းလဲသွားပြီး လေမုန်တိုင်းတွေ ဖြစ်ပေါ်လာတယ်… တိုက်ပွဲက စွမ်းအင်ဂယက်တွေက စကြာဝဌာတစ်ခုလုံးကို ပျံ့လွင့်သွားကြတယ်… နတ်ဘုရားအများအပြားက ထိတ်လန့်သွားကြပြီး မရေမတွက်နိုင်တဲ့ သက်ရှိတွေက သူရဲကောင်းကို ဆုတောင်းပေးကြတယ်… ဒါပေမဲ့ ကောင်းကင်ဘုံက သူရဲကောင်းရဲ့ ပါရမီကို မနာလိုဘူး… တိုက်ပွဲက အထွတ်အထိပ်ကို ရောက်သွားတဲ့အချိန်မှာ သူ့ရဲ့ အဖွဲ့သားတွေက သူ့ကို သစ္စာဖောက်ခဲ့ကြတယ်… ကြီးမြတ်တဲ့ သူရဲကောင်းဟာ မကျေနပ်မှုတွေနဲ့ ကြွေလွင့်သွားရတယ်… ဒါတောင် သူက နောက်ဆုံးအချိန်မှာ နီလာနတ်သမီးရဲ့ အသားကို မရရအောင် ကိုက်သွားခဲ့တယ် ”

ခေါင်းဆောင်သည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

“ နီလာနတ်သမီးက သူ့ကို အရိုးထဲကနေ မုန်းတီးနေတယ်… ဒါကြောင့် ကောင်းကင်ဘုံကတောင် မနာလိုဖြစ်ရတဲ့ သူရဲကောင်းရဲ့ ကြီးမြတ်တဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်တယ်… သူ့ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေက အနီရောင်လဗိမာန်အပြင်သွားတဲ့အခါတိုင်း အသုံးပြုခံရလိမ့်မယ်… ”

နင်ယန်၏ နှလုံးသားသည် တုန်ယင်သွားပြီး ဝူကျန်းဝူ၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ ယင်းက လီယိုဖေးအတွက်လည်း အတူတူ ဖြစ်သည်။ ခေါင်းဆောင်၏ စကားထဲမှာ နာမဝိသေသနအများအပြား အသုံးပြုထားကြောင်း သူတို့ခံစားမိသည်။ အထူးသဖြင့် ထိုသူရဲကောင်းသည် မည်မျှကြီးကျယ်မြင့်မြတ်ပြီး အစွမ်းကြီးမားကြောင်း သူက အဓိကထား၍ ဖော်ပြနေခြင်း ဖြစ်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ရွှံ့မြေခွေး၏ ကျောက်ကပ်အကြောင်းကို တွေးမိသွားသည်။ ခေါင်းဆောင်၏ ပြောစကားထဲတွင် နောက်ပိုင်းကိုသာ သူယုံကြည်သည်။ ‘ နှစ်ပေါင်းသုံးရာကြာ တိုက်ခိုက်ခဲ့သည် ’ဟူသော စကားကို သူမယုံကြည်လေရာ တခြားအပိုစကားများကို မဆိုထားနှင့်တော့ပေ။

“ ဒါပေါ့… အဲ့ဒီကြီးမြတ်သူက အရမ်းအမြော်အမြင်ရှိတယ်… ဒါကြောင့် သူက နီလာနတ်သမီးနဲ့ တိုက်ခိုက်ဖို့ မထွက်သွားခင် သူ့ရဲ့ နားရွက်တစ်ဖက်ကို လှီးဖြတ်ခဲ့ပြီး… သက်ရှိအားလုံး မှတ်မိနေအောင် ချန်ထားခဲ့တယ် ”

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ရွှီချင်းကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

အဆုံးမဲ့ကောင်းကင်နွားတောင်တန်းတွင် ထွက်ပေါ်လာခဲ့သော ခေါင်းဆောင်၏ အရင်ဘဝမှ ခန္ဓာကိုယ်သည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက နက်နဲစွာ တွေးတောတော့မည့်အချိန် အိမ်ရှေ့စံမင်းသား၏ အသံသည် ဖြည်းညင်းစွာ ပျံ့လွင့်လာသည်။

“ အဲ့လိုလား ”

“ ငါကြားထားတာက တစ်မျိုးပါ… မင်းပြောတဲ့ဟာနဲ့ လုံးဝခြားနားနေတယ် ”

အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောသည်။

“ တစ်ခါတုန်းက နီလာနတ်သမီးရဲ့ အသွေးအသားကို မျက်စိကျခဲ့တဲ့ အရမ်းရဲတင်းပြီး စိတ်ကြီးဝင်လွန်းတဲ့ လူတစ်ယောက် ရှိခဲ့တယ်… သူက တခြားဒေသကြီးကနေ ရောက်လာပြီး ဒီမှာ လာပုန်းအောင်းခဲ့တယ် ”

“ အဲ့ဒီလူမှာ အရည်အချင်းတချို့တော့ ရှိတယ်… သူက နည်းလမ်းတချို့ကို အသုံးပြုပြီး ဘုရားကျောင်းထဲ ခိုးဝင်ခဲ့တယ်… ပြီးသွားတော့ သူက နီလာနတ်သမီးရဲ့ မဟာယဇ်ပူဇော်အကသမားရာထူးကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်… သူက တခြားနတ်ဘုရားနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သူ့ကိုယ်သူ ခြင်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်တယ် ”

“ နီလာနတ်သမီးက နှစ်နှစ်ချိုက်ချိုက် အိပ်မောကျနေချိန် အဲ့လူက ပုံရိပ်ရောင်ပြောင်းလဲခြင်းအတတ်ကို အသုံးပြုပြီး တခြားနတ်ဘုရားရဲ့ အကူအညီနဲ့ အစစ်အမှန်လောကထဲ ဝင်ရောက်သွားခဲ့တယ်… ပြီးတော့ သူက နီလာနတ်သမီးကို ကိုက်လိုက်တယ် ”

“ ဒါပေမဲ့ သူက နတ်ဘုရားသွေးကို မစုပ်ယူနိုင်ခင် နီလာနတ်သမီးရဲ့ ရိုက်တာကို ခံလိုက်ရပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားခဲ့တယ် ”

“ အဲ့ဒီကိစ္စကြောင့် ဘုရားကျောင်းက နီလာနတ်သမီးရဲ့ အမျက်ရှတာကို ခံခဲ့ရတယ်… နောက်ဆုံးမှာတော့ နတ်ဘုရားသားတော်က အဲ့လူရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖိနှိပ်ထားဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး သူ့ကို ဘုရားကျောင်းရဲ့ စီးတော်ယဉ်ဖြစ်လာစေတယ် ”

အိမ်ရှေ့စံမင်းသား၏ တည်ငြိမ်သော အသံသည် နေလုံးထဲမှာ ပဲ့တင်ထပ်သွားသည်။

နင်ယန်နှင့် ဝူကျန်းဝူ၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ လီယိုဖေးသည်လည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူကိုယ်တိုင်မသိလိုက်ခင်မှာ ထိုအုပ်စုနှင့် နေသားကျလာပြီ ဖြစ်သည်။

မည်သို့ဖြစ်ပါစေ သူက ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးကို သက်ရှိထင်ရှား မြင်တွေ့နေရလေရာ ခြင်တစ်ကောင်က နီလာနတ်သမီးကို ကိုက်ခဲ့ခြင်းသည် ကိစ္စကြီးမဟုတ်တော့ပေ။

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်ပြောသွားခဲ့သော ပုံပြင်ထက်စာလျှင် အိမ်ရှေ့စံမင်းသားပြောသွားခဲ့သော အရာက ခေါင်းဆောင်၏ အကျင့်စရိုက်နှင့် ပိုပြီးကိုက်ညီသည်ဟု သူခံစားမိသည်။

ခေါင်းဆောင်သည် ကိုးရိုးကားရား ပြုံးလိုက်ပြီး အမြန်စကားလမ်းကြောင်းလွှဲလိုက်သည်။

“ ချင်းလေး… လဝက်နေရင် ငါတို့ ဘဝကံကြမ္မာဆိုးတောင်တန်းဆီ ရောက်တော့မှာ မဟုတ်လား… မင်းဖွင့်ထားတဲ့ ဆေးဆိုင်က အခြေအနေဘယ်လိုလဲ… နာမည်ရော ပေးပြီးပြီလား… မင်းအစား ငါနာမည်ပေးပေးရမလား… ဥပမာ ချင်းညိုဆေးဆိုင်ဆို ဘယ်လိုလဲ ”

ရွှီချင်းသည် သူ့ကို လျစ်လျူရှုထားသည်။ ခေါင်းဆောင်က စကားလမ်းကြောင်းလွှဲနေကြောင်း သူသိသည်။

သို့သော် သူက မတုံ့ပြန်သော်လည်း လင်းအာက မပျော်မရွှင်ဖြစ်သွားသည်။

“ မလိုပါဘူး… ငါတို့မှာ နာမည်ရှိပြီးပြီ… ဆေးဆိုင်နာမည်က အစိမ်းရောင်ဝိညာဉ်ခန်းမတဲ့ ”

ဤအတောအတွင်း လင်းအာသည် အပြင်မထွက်ရဲပေ။ အိမ်ရှေ့စံမင်းသားကို သူကြောက်သည်။ သို့သော်လည်း သူ၏ ဆေးဆိုင်ကို ခေါင်းဆောင်က မျက်စိကျနေသည်ကို မြင်သောအခါ သူက အပြင်သို့ မဖြစ်မနေ ထွက်လာရတော့သည်။

“ အစိမ်းရောင်ဝိညာဉ်ခန်းမလား ”

ခေါင်းဆောင်သည် ပျော်ရွှင်သွားပြီး အမြန်မေးသည်။

“ အဲ့နာမည်က မဆိုးဘူးပဲ… ဆေးဆိုင်ရဲ့ စီးပွားရေးအခြေအနေက ဘယ်လိုလဲ ”

“ စီးပွားရေးက အရမ်းကောင်းတာပေါ့… မြို့ထဲမှာ ငါတို့ဆေးဆိုင်က နံပါတ်တစ်ပဲ… နေ့တိုင်း လူရာနဲ့ချီက ငါတို့ဆေးဆိုင်မှာ ဆေးလာဝယ်ကြတယ် ”

လင်းအာသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ အံ့ဩစရာပဲ… ဆေးဆိုင်က ကြီးလား ”

ခေါင်းဆောင်သည် အံ့ဩသွားပြီး အသေးစိတ် မေးသည်။

“ အရမ်းကြီးတယ် ”

လင်းအာက ပြောလိုက်သည့်အခါ သုခဘုံသဖွယ် ထင်မှတ်ရသော ဆေးဆိုင်သည် နင်ယန်နှင့် ဝူကျန်းဝူ၏ စိတ်ထဲမှာ ထင်ပေါ်လာသည်။ အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး လင်းအာ၏ စကားကို နားထောင်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဖုံးကွယ်ခံထားရသော နေလုံးသည် ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ချဉ်းကပ်လာနေသည်။ ဘဝကံကြမ္မာဆိုးတောင်တန်းသို့ရောက်ရန် ငါးရက်အလိုတွင် လင်းအာက သုခဘုံသဖွယ် ရည်ညွှန်းထားသော ဘဝကံကြမ္မာဆိုးတောင်တန်းထဲရှိ မြို့ထဲမှ ဆေးဆိုင်သည် ပြိုလဲပျက်စီးသွားခဲ့လေသည်။

( အစိမ်းရောင်ဝိညာဉ်သည် ချင်းလင်းဟု အဓိပ္ပာယ်ရသည် )

All Chapters