← Chapters

ကောင်းကင်ဘုံကို မွှေနှောက်ခြင်း… ကံကြမ္မာကို အလျှော့မပေးခြင်း

Vol. 62 Ch. 977

ကောင်းကင်ဘုံကို မွှေနှောက်ခြင်း… ကံကြမ္မာကို အလျှော့မပေးခြင်း

Vol. 62 Ch. 977

ပြိုလဲပျက်စီးသွားသည်မှာ ရွှီချင်း၏ ဆေးဆိုင်တစ်ခုတည်းမဟုတ်ပေ။ ဤအခိုက်အတန့်မှာ အရေအတွက်များပြားသော အဆောက်အဦးများသည် ပေါက်ကွဲသံများကြားမှာ ပြိုလဲပျက်စီးသွားကြသည်။ ဖုန်မှုန့်တထောင်းထောင်းသည် ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

မီးခိုးရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများသည် မြို့ထဲမှ အဆောက်အဦးအားလုံးကို ဖျက်ဆီးပစ်နေကြသည်။ ဒေသခံများသည် အစောကြီးကတည်းက ထွက်ပြေးသွားကြပြီး မြို့ထဲမှ အတင်းအကျပ် နှင်ထုတ်ခံလိုက်ရသည်။

လေထဲတွင် ပုံရိပ်ခုနစ်ခု ရှစ်ခုသည် မျောလွင့်နေကြပြီး မြေပြင်ပေါ်မှ မြို့ကို စိုက်ကြည့်နေကြသည်။

ထိုအုပ်စု၏ ဦးဆောင်သူသည် လူငယ်တစ်ဦး ဖြစ်သည်။ သူက အရပ်ပုပြီး အရုပ်ဆိုးသော အသွင်ပုံစံ ရှိသည်။ သို့သော်လည်း သူ၏ တစ်ကိုယ်လုံးမှ အန္တရာယ်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကမ္ဘာမြေဂိုဏ်းမှ ချန်းဖန်ကျိုးထက် ပိုမြင့်မားသည်။

သူတို့က ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲမှ ကျင့်ကြံသူများ မဟုတ်ကြပေ။

လွန်ခဲ့သော လအနည်းငယ်တုန်းက အစိမ်းရောင်လေ၏ အသွင်ပြောင်းလဲမှုသည် သဲကန္တာရတစ်ခုလုံးကို သက်ရောက်မှုရှိခဲ့သည်။ ယင်းက တချို့တောင်များကို အတိုင်းအတာအမျိုးမျိုး တိုက်စားပစ်ခဲ့သည်။

သို့ဖြစ်၍ အဖြူရောင်လေ လွင့်ပြယ်သွားပြီး အစိမ်းရောင်လေ ပြန်ပေါ်လာစဉ် အင်အားစုအသီးသီးသည် စတင်နေရာပြောင်းရွှေ့လာကြသည်။ သူတို့သည် နောက်ထပ် အဖြူရောင်လေတိုက်ခတ်မှုကို ရှောင်ရှားရန် ပိုမိုကောင်းမွန်သော တောင်ကို မြန်နိုင်သမျှမြန်မြန် ရှာဖွေရလိမ့်မည်။

ဤသည်မှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ သဲကန္တာရထဲမှ အစိမ်းရောင်လေက အသွင်ပြောင်းလဲသွားတိုင်း ထိုသို့ကိစ္စမျိုး ဖြစ်ပျက်လေ့ ရှိသည်။

သို့ဖြစ်၍ အစိမ်းရောင်သဲကန္တာရထဲတွင် တောင်တန်းအများဆုံး ပိုင်ဆိုင်ထားသော ဘဝကံကြမ္မာဆိုးတောင်တန်းဒေသသည် သူတို့အတွက် ပထမဆုံးပစ်မှတ် ဖြစ်လာသည်။

သို့သော်လည်း ဘဝကံကြမ္မာဆိုးတောင်တန်းဒေသထဲတွင် သေမျိုးများသာ နေထိုင်ကြခြင်း မဟုတ်ပေ။ အကယ်၍ တစ်ဦးတစ်ယောက်က ဝင်ရောက်နေထိုင်မည်ဆိုလျှင် အဆင်ပြေလိမ့်မည်။ သို့မဟုတ်ဘဲ အင်အားစုတစ်စုက ဤနေရာမှာ အခြေချနေထိုင်မည်ဆိုလျှင် အားကောင်းသော နည်းလမ်းများကို အသုံးပြုရလိမ့်မည်။

သို့ဖြစ်၍ ထိုကာလအတောအတွင်း သတ်ဖြတ်ခြင်းသည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသမှာ ဖြစ်ပေါ်လာလိမ့်မည်။ နေရာတိုင်းမှာ ဖရိုဖရဲတိုက်ပွဲများ ဖြစ်ပေါ်လာလိမ့်မည်။

ဤအခိုက်အတန့်၌ မြို့ထဲတွင် ထွက်ပေါ်လာသည်မှာ ထိုကဲ့သို့ ပြင်ပအင်အားစုတစ်စု ဖြစ်သည်။ သူတို့က ဘဝကံကြမ္မာဆိုးတောင်တန်းဒေသ၏ အစွန်အဖျားမှ မြို့များကို အဓိက ပစ်မှတ်ထားကြပြီး သူတို့၏ အခြေခံအုတ်မြစ်ကို ဤနေရာမှာ တည်ဆောက်ချင်ကြသည်။

ထို့ကြောင့် ဤနေရာမှ ကမ္ဘာမြေဂိုဏ်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ သို့သော်လည်း နှစ်ဖက်စလုံးသည် တိုက်ပွဲရပ်စဲရန် ရွေးချယ်ခဲ့ကြသည်။ မည်သို့ဖြစ်ပါစေ ကမ္ဘာမြေဂိုဏ်းမှာ သူတို့၏ ကိုယ်ပိုင်နယ်မြေရှိပြီးသားဖြစ်ပြီး ဤမြို့လေးကို မထိန်းချုပ်နိုင်ပေ။

ရလဒ်အနေဖြင့် ပြင်ပအင်အားစုသည် ဤမြို့လေးကို အောင်မြင်စွာ ထိန်းချုပ်နိုင်သွားသည်။ ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်သော လူပုလေးသည် မြို့ကို စိတ်ကျေနပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ ငါးရက်အတွင်း ဒီနေရာက ဟာလာဟင်းလင်းဖြစ်ရမယ် ”

လူပုလေးသည် တည်ငြိမ်စွာ ပြောသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ ဘေးမှ တစ်စုံတစ်ယောက်သည် ပျက်စီးနေသော ရွှီချင်း၏ ဆေးဆိုင်ကို ကြည့်လိုက်သည်။ သူက တိုးညင်းစွာ စကားမပြောခင် တစ်ခဏကြာ တုံ့ဆိုင်းသွားသည်။

“ ဂိုဏ်းခေါင်းဆောင်… ချန်းဖန်ကျိုးက ဒီမှာရှိတဲ့ အရာအားလုံးကို ငါတို့ထိလို့ရတယ်… ဒါပေမဲ့ အစိမ်းရောင်ဝိညာဉ်ခန်းမကို လုံးဝထိလို့မဖြစ်ဘူးလို့ ငါ့ကိုသတိပေးထားတယ်… ”

လူပုလေးသည် နှာခေါင်းရှုံ့လိုက်သည်။

“ အဲ့ဒါ ချန်းဖန်ကျိုးက ဒီမြို့ကို မဆုံးရှုံးချင်လို့ တမင်သက်သက် လျှောက်ပြောနေတာ… မင်းက ဘယ်လိုလုပ် သူ့စကားကို ယုံနေတာလဲ ”

“ ဒီဆေးဆိုင်က တကယ်ပဲ နောက်ခံတချို့ရှိတယ်ဆိုရင်တောင် အဲ့ဒါကို သေမျိုးတွေကြားထဲမှာ ဖွင့်ထားမှတော့ ဘယ်လောက် အင်အားကြီးနိုင်မှာလဲ… ပြီးတော့ ဒီနေရာက အနာဂတ်မှာ ငါတို့ဂိုဏ်းရဲ့ တည်နေရာဖြစ်တော့မယ်… ဒီနေရာမှာ ဆေးဆိုင်ကျန်နေတာ ဘယ်လိုလုပ် သင့်တော်မှာလဲ ”

သူ၏ ဘေးမှ လူသည် ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်အတန့်မှာ သက်တံ့တစ်ခုသည် အဝေးမှ တဝီဝီ ပျံသန်းလာသည်။ ယင်းက အနားရောက်လာသည့်အခါ လူပုံရိပ်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုသူသည် ချန်းဖန်ကျိုးဖြစ်သည်။ သူက ပြိုကျပျက်စီးနေသော ဆေးဆိုင်ကို ကြည့်လိုက်လေရာ သူ၏ မျက်နှာသည် မည်းမှောင်သွားသည်။ သူက လူပုလေးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ တာအိုပညာရှင်မူ… ဒီဆေးဆိုင်ကို မထိရဘူးလို့ ငါမင်းကို ပြောခဲ့တယ်မလား ”

လူပုလေးသည် ချန်းဖန်ကျိုးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောသည်။

“ ငါထိပြီးသွားပြီ… အဲ့တော့ မင်းဘာလုပ်ချင်လဲ ”

ထိုအခိုက်အတန့်မှာ အစိမ်းရောင်သဲသည် ကောင်းကင်တစ်ခွင် ဖုံးလွှမ်းထားပြီး လေသည် မြို့ထဲမှာ တဟူးဟူး တိုက်ခိုက်နေသည်။ မြေကြီးပေါ်မှ ဖုန်မှုန့်များသည် အပေါ်သို့ လေနှင့်အတူ မြှောက်တတ်သွားပြီး ဘေးပတ်ဝန်းကျင်ကို ဝေဝါးသွားစေသည်။ ချန်းဖန်ကျိုး၏ အမူအရာသည် ရေကဲ့သို့ တည်ငြိမ်သည်။ သူက လူပုလေးကို အေးစက်စွာ ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောဘဲ လှည့်ထွက်သွားသည်။ သို့သော် သူ၏ စိတ်ထဲမှာတော့ နှာခေါင်းရှုံ့လိုက်သည်။

‘ ဒီလူက သေဖို့ သိပ်မလိုတော့ဘူး ’

ထိုအခိုက်အတန့်မှာ လူပုလေးသည်လည်း နှာခေါင်းရှုံ့လိုက်သည်။ သူက ချန်းဖန်ကျိုး၏ နောက်ကျောကို ကြည့်နေရင်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ဟွန့်… ဘာနောက်ခံမှမရှိတဲ့ ရွှေအမြူတေအဆင့် ကျင့်ကြံသူကများ… မင်းစောင့်နေစမ်းပါ… ဆရာသခင်မဟူရာမျက်လုံးကို ငါ့ဆရာအဖြစ် အသိအမှတ်ပြုပြီးသွားရင် မင်းက ငါရှင်းထုတ်ပစ်မယ့် ပထမဆုံးလူပဲ ”

လူပုလေးသည် ဤနှစ်ဝက်အတွင်းမှာ သူချဉ်းကပ်ခဲ့သော လူကို စဉ်းစားမိသွားသောအခါ စိတ်လှုပ်ရှားလာသည်။ သူ့မှာ ဆရာတစ်ယောက်ရှိပြီးသား ဖြစ်သည်။ သို့သော်လည်း သူ၏ ဆရာသည် သာမန်ကျင့်ကြံခြင်းစွမ်းအင်သာရှိပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူတတ်သည်။ သို့ဖြစ်၍ ယခုထိ သူက သူ့ဆရာ၏ နာမည်ကို မသိသေးပေ။

သူ၏ မှတ်ဉာဏ်များထဲတွင် လွန်ခဲ့သော နှစ်ခြောက်ဆယ်အတွင်း တစ်ဖက်လူကို သူမြင်လိုက်တိုင်း သူ၏ အသွင်အပြင်သည် ခြားနားသွားလိမ့်မည်။ ထို့ကြောင့် သူက သူ့ဆရာ၏ သရုပ်နှင့်ပတ်သက်ပြီး အမျိုးမျိုးခန့်မှန်းခဲ့သည်။

သို့သော်လည်း အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း သူမသိပေ။ တစ်ဖက်လူသည် ဝိညာဉ်နတ်သူငယ်အဆင့်မှာဖြစ်ကြောင်း သူသိသည်။ ဆရာသခင်မဟူရာမျက်လုံးနှင့် နှိုင်းယှဉ်လျှင် သူ၏ ဆရာသည် နိမ့်ကျပေသည်။

“ ဆရာသခင်မဟူရာမျက်လုံးက ဘယ်တော့ ရောက်လာမလဲ ငါသိချင်လိုက်တာ… ငါတောင်းဆိုထားတာ ကြာလှပြီ… ”

သူက ထိုသို့တွေးမိစဉ် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားသည် ရုတ်တရက် တုန်ခါလာသည်။ လူပုလေးသည် နှလုံးခုန်မြန်လာသည်။ သူက ကျောက်စိမ်းပြားကို အမြန်ထုတ်လိုက်သည်။ မကြာမီ ဂုဏ်သိက္ခာကြီးမားသော အသံသည် သူ၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။

“ တာအိုပညာရှင်မူ… ငါ့ကို လာတွေ့ချေ ”

ဤသည်ကို တာအိုပညာရှင်မူ ကြားသောအခါ ချက်ချင်း စိတ်လှုပ်ရှားလာသည်။ ထိုအသံသည် ဆရာသခင်မဟူရာမျက်လုံး၏ အသံဖြစ်သည်။ သူက ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ယခု သူက နည်းနည်းလေးမှ လျစ်လျူမရှုဝံ့ပေ။ သူက အမြန်အနောက်လှည့်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

တစ်ချိန်တည်းမှာ ချင်းရှဒေသငယ်၏ အပြင်ဘက်တွင် အနက်ရောင်လှိုင်းဂယက်များသည် ကောင်းကင်ပေါ်သို့ တလိပ်လိပ် မြှောက်တတ်သွားနေသည်။ ဟင်းလင်းပြင်ထဲမှာ ဖုံးကွယ်ခံထားရသော နေလုံးသည် ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်သွားနေသည်။

နေလုံးထဲမှ လူတိုင်းသည် ပုံမှန်အတိုင်း အလုပ်များနေကြသည်။

နင်ယန်သည် ကြမ်းတိုက်နေရပြီး ဝူကျန်းဝူသည် အိမ်ရှေ့စံမင်းသားကို နှိပ်နယ်ပေးနေရသည်။ ကြက်တူရွေးလေးသည် ဆရာကြီးသဖွယ် အမိန့်လိုက်ပေးနေပြီး လီယိုဖေးသည်လည်း ထူးဆန်းသော အလုပ်များကို ဆောင်ရွက်နေရသည်။

ခေါင်းဆောင်သည် ယပ်ခတ်ပေးနေဆဲပင်။

ဤနေရာမှ တစ်ခုတည်းသော ခြားနားမှုသည် လင်းအာ၏ အသံနှင့် အဖိုးအို၏ ရယ်မောသံ ဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် လင်းအာကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံသည်။ ထို့ကြောင့် လင်းအာသည် အိမ်ရှေ့စံမင်းသားအပေါ် ယခင်ကဲ့သို့ ကြောက်လန့်ခြင်းမရှိတော့ပေ။ သူက လူပုံသဏ္ဍာန်ပြောင်းလဲပြီးနောက် အဖိုးအို၏ ဘေးမှာထိုင်ပြီး ရံဖန်ရံခါ ‘ ဖိုးဖိုး ’ဟု ချိုသာသော အသံဖြင့် ခေါ်လေ့ရှိသည်။ ယင်းက အဖိုးအိုကို ဝမ်းသာပျော်ရွှင်စေသည်။

“ ဖိုးဖိုး… သမီးတို့ မကြာခင် အစိမ်းရောင်ဝိညာဉ်ခန်းမကို ရောက်တော့မယ်… ရက်နည်းနည်းကြာလို့ အဲ့ဒီကိုရောက်ရင် ဖိုးဖိုးလည်း ဆေးဆိုင်မှာ နေလို့ရတယ်… သမီးနဲ့ အကိုရွှီချင်းဖွင့်ထားတဲ့ ဆေးဆိုင်က အကျယ်ကြီးပဲ ”

လင်းအာသည် အပြစ်ကင်းစင်စွာ ပြောသည်။

ဤသည်ကို အိမ်ရှေ့စံမင်းသားကြားသောအခါ သူက ခေါင်းညိတ်လိုက်သည်။ သူက လင်းအာကို သူ၏ မြေးမလေးတစ်ယောက်သဖွယ် သဘောထားသည်။ လင်းအာကို ကြည့်သော သူ၏ မျက်လုံးထဲမှာ ချစ်ခင်ကြင်နာမှုဖြင့် ပြည့်နှက်နေသည်။

လင်းအာသည် အတိတ်တုန်းက သူ၏ မြေးမလေးကို ပြန်အမှတ်ရစေသည်။ လင်းအာကို မြင်လိုက်သည့်အခါတိုင်း အတိတ်တုန်းက သူ၏ မှတ်ဉာဏ်များက ပြန်ပေါ်လာသည်။ ထိုအခါ သူ၏ နှလုံးက နာကျင်လာသည်။

“ ဒီတော့… ဖိုးဖိုး အကိုရွှီချင်းကို ခဏလောက် အနားပေးလိုက်ပါလား… အကိုက ဆေးဆိုင်ကို ပြန်ရောက်ရင် ဆေးလုံးသန့်စင်ဖို့ အလုပ်များဦးမှာ ”

လင်းအာသည် ချစ်စဖွယ်ကောင်းစွာ ပြောသည်။

“ ဒီကလေးမလေးကတော့… ”

အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

အဝေးတစ်နေရာတွင် ရွှီချင်းသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ၏ နဖူးတစ်ပြင်လုံး ချွေးစေးများဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်မှာ သူ၏ ဦးခေါင်းထက်တွင် နေလုံးသုံးလုံးက ရစ်ဝဲနေသည်။ တစ်ခုသည် တံခါးဖြစ်ပြီး တခြားတစ်ခုသည် သတ္ထုစက်ကွင်းဖြစ်သည်။ နောက်ဆုံးတစ်ခုသည်တော့ သတ္ထုစက်လုံးဖြစ်သည်။

နေလုံးသုံးလုံးသည် ပြင်းထန်သော အပူစွမ်းအားကို ထုတ်လွှတ်နေပြီး ရွှီချင်းအပေါ်သို့ ဆင်းသက်နေသည်။ အံ့ဩစရာကောင်းသည်မှာ မြေပြင်ပေါ်တွင် အရိုးခြောက်တစ်ရာခန့်က ပြန့်ကျဲနေကြသည်။ ဤသည်မှာ အနီရောင်လဗိမာန်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ထဲတွင် ဒါဇင်ခန့်ရှိသော နတ်ကျေးကျွန်များ၊ နတ်အစေခံသုံးယောက်နှင့် နတ်တမန်တော်တစ်ယောက် ပါရှိသည်။

နတ်တမန်တော်သည် ဤအခိုက်အတန့်မှာ တုန်ယင်နေသည်။ သူက ရုန်းကန်ချင်သည်။ သို့သော်လည်း ယင်းက အသုံးမဝင်ပေ။ သူ၏ မျက်လုံးသည် တစ်ခါတစ်ရံ ကြည်လင်ပြီး တစ်ခါတစ်ရံ နောက်ကျိနေသည်။ သူ၏ မျက်နှာပေါ်မှာ နာကျင်မှုဖြင့် ပြည့်နှက်နေသည်။

နေလုံးသုံးလုံး၏ လွှမ်းခြုံမှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အနီရောင်လစွမ်းအားသည် ခမ်းခြောက်သွားပြီး အနီရောင်သွေးချည်မျှင်များသို့ အသွင်ပြောင်းလဲသွားကြကာ အလယ်ဗဟိုရှိ ရွှီချင်းဆီသို့ ဦးတည်ပျံသန်းသွားကြသည်။

ယင်းတို့က သူ၏ ဒွါရခုနစ်ပေါက်နှင့် မွေးညင်းပေါက်များမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။

ရွှီချင်းသည် ကျင့်ကြံနေခြင်း ဖြစ်သည်။

ဤသည်မှာ တိမ်ဖြူတောင်တန်းဒေသမှ ထွက်ခွာလာပြီးနောက် အိမ်ရှေ့စံမင်းသား၏ တောင်းဆိုမှုဖြစ်သည်။ သူက ဖမ်းဆီးထားသော ဘုရားကျောင်းမှ ကျင့်ကြံသူများကို ရွှီချင်းအား ဝိုင်းရံထားစေပြီး စည်းချအစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။

သူတို့၏ ခန္ဓာကိုယ်ထဲမှ အနီရောင်လစွမ်းအားသည် နေလုံး၏ အပူစွမ်းအားဖြင့် သန့်စင်ခံလိုက်ရဟန် ရသည်။ ယင်းက ရွှီချင်း၏ စွမ်းအင်ချေဖျက်မှုကို ပိုပြီးချောမွေ့သွားစေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလဝိညာဉ်နတ်သူငယ်သည်လည်း မြန်ဆန်စွာ ကြီးထွားလာနေသည်။

ခရမ်းလဝိညာဉ်နတ်သူငယ်သာလျှင် မဟုတ်ပေ။ ကောင်းကင်မိစ္ဆာကိုယ်ပွားများသည် မြေပြင်ပေါ်ရှိ အလောင်းများထံမှ ပေါ်လျှိုးထွက်လာကြပြီး သူတို့၏ ကောင်းကင်အာဏာစက်များသည် ရွှီချင်း၏ စုပ်ယူခြင်းခံလိုက်ရသည်။ သူ၏ ဝိညာဉ်နတ်သူငယ်အားလုံးသည် မြန်ဆန်စွာ ကြီးထွားလာနေကြသည်။

ဤသည်မှာ ရွှီချင်းအတွက် မျှော်လင့်မထားသော အာဟာရဖြည့်ပေးမှု ဖြစ်သည်။

သို့သော်လည်း အာဟာရာဖြည့်တင်းခြင်းနှင့် အဆိပ်ကြားတွင် စည်းတစ်ခုသာ ခြားသည်။ ရွှီချင်းအတွက် ကောင်ကင်အာဏာစက် အများအပြားကို ဝါးမျိုခြင်းနှင့် အနီရောင်လစွမ်းအားကို အချိန်တိုအတွင်း ဝါးမျိုခြင်းသည် သူ၏ အသိစိတ်ပင်လယ်ကို ပြောမပြနိုင်အောင် နာကျင်စေသည်။

အသိစိတ်ပင်လယ်က ဆုတ်ဖြဲခံနေရသော နာကျင်မှုသည် သူ၏ အမူအရာကို ကြမ်းကြုတ်လာစေသည်။ ချွေးသီးချွေးပေါက်များဖြင့် သူ၏ တစ်ကိုယ်လုံးသည် ရွှဲရွှဲဆိုနေသည်။

ယင်းက လင်းအာ နှလုံးနာကျင်ရသည့် အကြောင်းအရင်းလည်း မှန်၏။

“ ကလေးမလေး… မင်းရဲ့ အကိုရွှီချင်းရဲ့ ပါရမီက ထူးချွန်တယ်… ဒါပေမဲ့ အလုံအလောက် ပုံမသွင်းရသေးဘူး… သူ့ဆရာက သူ့ဘေးမှာ အချိန်အကြာကြီး မနေပေးနိုင်တာဖြစ်မယ်… ဒါကြောင့် သူက အရေးကြီးအခြေအနေမျိုးမှာပဲ ညွှန်ကြားပေးနိုင်တယ် ”

“ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဒီလိုအခြေခံအုတ်မြစ်နဲ့ဆိုရင် မင်းရဲ့ အကိုရွှီချင်းကို အဆုံးစွန်ထိရောက်အောင် ပုံသွင်းပေးဖို့ လိုတယ် ”

“ သူက ဆုံးဖြတ်ချက်ပြတ်သားတယ်… ဒီလေ့ကျင့်မှုက သူနဲ့ ကိုက်ညီတယ် ”

“ ပြီးတော့ ဒီဟာက အစပဲ ရှိသေးတယ် ”

အိမ်ရှေ့စံမင်းသားသည် အက်ရှရှအသံဖြင့် ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းထံသို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ရွှီချင်း၏ ဦးခေါင်းပေါ်မှ နေလုံးသုံးလုံးသည် ထပ်မံပေါက်ကွဲထွက်လာကြသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် မြေကြီးထဲသို့ နစ်မြုပ်သွားပြီး အက်ကွဲသံများသည် သူ၏ ခန္ဓာကိုယ်ထဲမှ မြည်ဟိန်းထွက်လာသည်။ သူ၏ အရေပြားသည်ပင် လောင်ကျွမ်းခံလိုက်ရပြီး သူက လူသားတစ်ယောက်နှင့် မတူညီတော့ပေ။ တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်ရှိ ခြောက်သွေ့နေသော အလောင်းခြောက်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။ ဒါဇင်ခန့်ရှိသော နတ်ကျေးကျွန်များထံမှ အနီရောင်လစွမ်းအားသည် လုံးလုံးဆွဲထုတ်ခံလိုက်ရသည်။

ရွှီချင်းသည် ဝါးမျိုခြင်းနှင့် စုပ်ယူခြင်းကြားမှာ အပြင်းအထန် ကျင့်ကြံနေသည်။ သုံးရက်ကြာပြီးနောက် သူတို့က အစိမ်းရောင်သဲကန္တာရထဲသို့ ဝင်ရောက်သွားသည့်အခါ ရွှီချင်း၏ ဘေးမှ နတ်အစေခံများသည် သေဆုံးသွားကြသည်။ နတ်တမန်တော်တစ်ယောက်တည်းသာ ဒွရာခုနစ်ပေါက်မှ သွေးစီးကျနေပြီး ဆန္ဒမရှိစွာ အော်ဟစ်ညည်းညူနေသည်။

တစ်ချိန်တည်းမှာ အားကောင်းသော စွမ်းအင်အတတ်အကျများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာကြသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်သည် ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

တတိယကောင်းကင်ကဒ်ဘေးဒုက္ခက မကြာမီ ဆင်းသက်လာတော့မည် ဖြစ်သည်။

ထိုမြင်ကွင်းသည် နင်းယန်နှင့် ဝူကျန်းဝူကို နှလုံးတုန်သွားစေသည်။ အိမ်ရှေ့စံမင်းသားက သူတို့ကိုလည်း ထိုသို့နည်းလမ်းဖြင့် လေ့ကျင့်ပေးမည်ကို စိုးရိမ်နေကြသည်။ သို့သော်လည်း သူတို့က အတွေးလွန်နေခြင်းသာ ဖြစ်သည်။

အိမ်ရှေ့စံမင်းသား၏ အမြင်မှာ ရွှီချင်းတစ်ယောက်တည်းသာ သူ၏ ညွှန်ကြားမှုကို ခံယူရန် အရည်အချင်းပြည့်မီသည်။

“ ဒါက လုံလောက်ရုံပဲ ရှိသေးတယ်… ဒါပေမဲ့ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် မကြာခင် ကျရောက်လာတော့မယ့် ကဒ်ဘေးဒုက္ခရဲ့ စွမ်းအားက မင်းရဲ့အလားအလာကို အပြည့်အဝ ဆွဲထုတ်ဖို့ မလုံလောက်သေးဘူး… ”

“ ဒီတော့ ကဒ်ဘေးဒုက္ခကို ငါအစွမ်းတိုးမြှင့်ပေးမယ်… ရွှီချင်း မင်းဆန္ဒရှိသလား ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

“ ကျွန်တော် ဆန္ဒရှိပါတယ် ”

ချီးကျူးသော အကြည့်သည် အိမ်ရှေ့စံမင်းသား၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မတ်တတ်ရပ်လိုက်ပြီး ရွှီချင်း၏ အရှေ့သို့ လျှောက်သွားသည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှီချင်းကို နေလုံးအပြင်ဘက်သို့ ခေါ်ဆောင်သွားသည်။ ထို့နောက် အားလုံး၏ ထိတ်လန့်မှုအောက်မှာ အိမ်ရှေ့စံမင်းသားသည် အစိမ်းရောင်သဲကန္တာရပေါ်မှာ ထွက်ပေါ်လာသည်။

သဲလေက တဟူးဟူး တိုက်ခတ်နေစဉ် အိမ်ရှေ့စံမင်းသားသည် ဘယ်လက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ဖိချလိုက်သည်။ ချက်ချင်းဆိုသလို သဲကန္တာရသည် တုန်ယင်လာပြီး မြန်ဆန်စွာ လှည့်ပတ်လာသည်။ ထို့နောက် ဧရာမတွင်းနက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

အိမ်ရှေ့စံမင်းသားသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရွှီချင်းကို တွင်းနက်ထဲသို့ ပစ်ချလိုက်သည်။ ရွှီချင်း၏ ခန္ဓာကိုယ်က တွင်းနက်၏ အောက်ခြေသို့ ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် အိမ်ရှေ့စံမင်းသား၏ အသံသည် မိုးခြိမ်းသံအလား ပဲ့တင်ထပ်လာသည်။

“ ကမ္ဘာမြေကို အသုံးပြုပြီး တာအိုခန္ဓာကိုယ်ကို ဖွဲ့စည်းမယ်… ဝိညာဉ်ကို သတ္ထုပမာ မာကျောစေမယ်… ကောင်းကင်ဘုံကဒ်ဘေးတာအိုကို လှည့်စားလို့ ကမ္ဘာဖျက်မိုးကြိုးတာအိုက ဆင်းသက်လာမယ် ”

အိမ်ရှေ့စံမင်းသား၏ စကားသံက ပျံ့လွင့်သွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်ရှိ သဲမြေသည် လှုပ်ခါလာပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။ အိမ်ရှေ့စံမင်းသားက ညာလိုက်ကို မြှောက်တင်လိုက်ပြီး မြေပြင်ပေါ်သို့ ဖိချလိုက်သည်နှင့်တစ်ပြိုင်နက် မြေကြီးတစ်ခုလုံးသည် ရွှီချင်း၏ ခန္ဓာကိုယ်ကို ဖိနှိပ်လာသည်။ ဤသည်မှာ မြေကြီးက သူနှင့်တစ်သားတည်း ဖြစ်သွားသည့်အလားပင်။

သူ၏ နတ်ဘုရားအသိစိတ်သည်လည်း ညွှန်ကြားခြင်းခံရပြီး သဲမြေနှင့် ပေါင်းစပ်သွားသည်။

ရွှီချင်းသည် သူက သဲကန္တာရအဖြစ် အသွင်ပြောင်းလဲသွားသည်ဟု ခံစားမိလာသည်။ ဤခန္ဓာကိုယ်ဖြင့် သူက တတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ဆွဲဆောင်မည်ဆိုလျှင် ကောင်းကင်ဘုံတာအိုက ရွှီချင်းသည် ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည်စုံသော အဆင့်မှာဟု မှတ်ယူသွားလိမ့်မည်။

ထိုသို့ဆိုလျှင် ပိုပြီးကြောက်စရာကောင်းသော မိုးကြိုးကဒ်ဘေးက ဆင်းသက်လာလိမ့်မည်။

“ ရွှီချင်း… မင်းရဲ့ဆရာက တကယ်ပဲ ထူးခြားပါတယ်… ဒါပေမဲ့ သူက မင်းကို အရမ်းအလိုလိုက်လွန်းတယ်…မင်းအတွက် သူဖန်တီးပေးထားတဲ့ ကျင့်ကြံခြင်းအတတ်ပညာက ကဒ်ဘေးတွေကို ရှောင်ရှားနိုင်ပြီး အန္တရာယ်တွေကို လျှော့ချပေးလိမ့်မယ်… အဲ့ဒီတော့ စိန်ခေါ်မှုတွေကို ထိပ်တိုက်မရင်ဆိုင်ရဘူး… အရာအားလုံးကို လွှမ်းမိုးဖိနှိပ်ဖို့ မလိုအပ်တော့ဘူး ”

“ အဲ့ဒီနည်းလမ်းက မင်းကို ဘေးကင်းလုံခြုံစေလိမ့်မယ်… ဒါပေမဲ့ ဆိုးကျိုးလည်း ရှိတယ် ”

“ ငါတို့ကျင့်ကြံသူတွေဆိုတာ အသက်ကို ပခုံးပေါ်မှာတင်ထားပြီး အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နေရတဲ့လူတွေ ဖြစ်တယ်… ကောင်းကင်ဘုံကို ငါတို့မယုံဘူး… ငါတို့ကံကြမ္မာကို ကိုယ်တိုင်ဆန့်ကျင်တိုက်ခိုက်ရတယ်… ဘယ်အရာမှ ငါတို့ကို မတားဆီးနိုင်ဘူး… ဘယ်အရာမှ ငါတို့နှလုံးသားကို မနစ်မွန်းစေနိုင်ဘူး… နတ်ဘုရားတွေတောင် ငါတို့ကို ဦးညွတ်ခိုင်းလို့ မရစေရဘူး ”

“ အန္တရာယ်တွေကို ရှောင်ရှားတာက ကောင်းတဲ့အရာတော့ မဟုတ်ဘူး… သေခြင်းရှင်ခြင်းကဒ်ဘေးတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှပဲ ကောင်းမွန်တဲ့ အခွင့်အရေးတွေကို မင်းရလာနိုင်မယ်… အဲ့ဒါက မင်းရဲ့ အလားအလာကို ပျိုးထောင်ပေးလိမ့်မယ် ”

“ မင်းက ကျောက်ရိုင်းတုံးလေးပါ… ဘယ်လိုလုပ် နူးနူးညံ့ညံ့ ပုံသွင်းလို့ဖြစ်မှာလဲ ”

“ အခု တင်ပျဉ်ခွေထိုင်ပြီး ကောင်းကင်ကဒ်ဘေးဒုက္ခကို ဆင့်ခေါ်လိုက်ပါ ”

All Chapters