လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်
Vol. 56 Ch. 826
ထိုအသံသည် လရောင်ငိုကြွေးတောင်တစ်ဝှမ်း ပဲ့တင်ထပ်သွား၏။ သို့သော်လည်း သားရဲများကြားတိုက်ခိုက်မှုသည် အကြိတ်အနယ်ရှိနေပြီး သားရဲတောကောင်အတော်များများက အဲ့ဒါကို သတိမထားနိုင်ကြပေ။
စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့်အခြားသူများက အားမာန်တက်ကြွသွားကြ၏။
ဘုန်း...
တောင်ထိပ်ရှိ လိုဏ်ဂူခန်းမတစ်ခုရှေ့တွင် ပေါက်ကွဲသံက ထွက်ပေါ်လာ၏။ ကြောက်စရာကောင်းသော အင်အားနဲ့အတူ ကျောက်တုံးတံခါးက ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော ကျောက်ခဲများက လွင့်စင်ထွက်သွားလေသည်။
အပျက်အစီးများကြားကနေ လူတစ်ယောက်သည် အလွန်တရာမြန်ဆန်စွာ ထွက်ပေါ်လာပြီး ချက်ချင်းနီးပါးပင် မျောက်၏ဘေးသို့ ရောက်ရှိလာ၏။
“မြန်လှချေလား”
တစ်ကိုယ်တော်တိမ်စိုင်သည် ရင်တစ်ချက်ထိတ်သွား၏။
သူ၏ အမြင်အာရုံက ခဏမျှ ဝေဝါးသွားပြီး ထိုပုံရိပ်က ပျောက်ကွယ်လုနီးပါး ဖြစ်သွားလေသည်။
ထိုပုံရိပ်ကို သူ၏ မျက်စိဖြင့်ပင် လိုက်မီအောင် မကြည့်နိုင်တော့ပေ။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး မျက်လုံးမှေးကြည်လိုက်၏။
ဝင်ရောက်လာသူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုခုံးထောက် သွေးနီရောင်ဆံပင်ရှိနေ၏။ သူက ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိသော်လည်း သူ့ထံမှ တစ်မူထူးခြားသော သားရဲအော်ရာက ဖြာထွက်နေ၏။
ဝင်ရောက်လာသူသည် ပြုတ်ကျလာသော အကျော်ဇေယျကို ဘယ်ဘက်လက်ဖြင့် ဆတ်ကနဲဖမ်းယူပြီး သွမ့်ယုံ၏ ကျောကို လက်ပြန်ရိုက်ချလိုက်၏။
ဘန်း...
လတ်ဆက်သော သွေးများက ပြန့်ကျဲထွက်သွား၏။
အကျော်ဇေယျထံမှ ထွက်ပေါ်လာသော အလွန်ကြီးမားသည့် စွမ်းအားတွင် သွမ်ယုံ၏ ကြီးမားသည့်ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ထွက်သွား၏။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် ညှီစို့စို့ သွေးရနံနှင့်အတူ လေထဲမှာ ပြန့်ကျဲထွက်သွား၏။
တစ်ချိန်တည်းမှာပင် ဝင်ရောက်လာသူသည် လျှပ်စီးလိုအမြန်နှုန်းဖြင့် သူ၏ ညာဘက်လက်ကိုဆန့်ထုတ်ပြီး ဆိုင်ကလုန်းလိုဏ်ဂူမှ သွေးလင်းနို့ကို ဖမ်းဆုပ်၍ ဘယ်ညာလျှင်မြန်စွာ ဆွဲခါလိုက်၏။
ဆိုင်ကလုန်းလိုဏ်ဂူ၏ သွေးလင်းနို့များသည် သူတို့၏ အမြန်နှုန်းဖြင့် ကျော်ကြားကြလေသည်။
သို့သော်လည်း သူက ဝင်ရောက်လာသော လက်ဖဝါးကနေ ရှောင်ရှားနိုင်ခြင်းမရှိပေ။
သွေးလင်းနို့သည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်ပြီး သူ၏ လည်ပင်းကို တစ်စုံတစ်ယောက်၏ လက်ဖဝါးက ဖမ်းဆုပ်လာသောအခါ စူးစူးဝါးဝါးအော်ဟစ်လ်ိုက်၏။ သူက ပြင်းထန်စွာ ရုန်းကန်လိုက်သော်လည်း ထိုဖမ်းဆုပ်မှုကနေ ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်ပေ။
ထိုသူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ခွန်အားကို စိုက်ထုတ်လိုက်၏။
ဖြောင်း...
သွေးလင်းနို့၏ လည်ပင်းက ချက်ချင်းပင် ကျိုးပဲ့ထွက်သွား၏။
အဲ့ဒါက ရှင်းလင်းသော သတ်ဖြတ်မှုတစ်ခုဖြစ်လေသည်။
ဖြစ်စဥ်တစ်ခုလုံးသည် မည်သည့်လေးကန်မှုမှ မရှိဘဲ ရေကဲ့သို့ ချောမွေ့နေသည်။
တစ်ခဏအတွင်းမှာပင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်၏ ခန္ဓာကိုယ်များက ယတိပြတ် ဖျက်ဆီးခြင်းခံလိုက်ရ၏။
အဆင််နိမ့်မိစ္ဆာသားရဲများအတွက်တော့ သူတို့၏ ခန္ဓာကိုယ်ဖျက်ဆီးခံရခြင်းသည် သူတို့၏ သေဆုံးခြင်းနှင့် သိပ်မကွာပေ။ သို့သော်လည်း အလယ်အလတ်အဆင့် မိစ္ဆာသားရဲများအတွက်တော့ သူတို့၏ အမြုတေစိတ်ဝိညာဥ်သည် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ခွာနိုင်ပြီး တိုက်ပွဲ ဖြစ်နေသည့်ကြားမှာပင် အသက်ရှင်သန်နိုင်သည့် အခွင့်အရေးတစ်ခု ရှိနေသေး၏။
သေဆုံးသွားသော ရုပ်အလောင်းများမှ တောက်ပဝင်းလက်သော အရိပ်နှစ်ခုက ပျံသန်းထွက်ပေါ်လာလေသည်။
သူတို့ထဲမှတစ်ခုသည် လက်မအရွယ် နွားရိုင်းတစ်ကောင်ဖြစ်ပြီး အခြားတစ်ခုကတော့ သွေးနီရောင်လင်းနို့တစ်ကောင်ဖြစ်လေသည်။ သူတို့နှစ်ယောက်စလုံးသည် အရပ်ဘက်တစ်နေရာသို့ လျှင်မြန်စွာ ထွက်ပြေးလိုက်၏။
အမြုတေစိတ်ဝိညာဥ်တစ်ခုသည် သူတို့၏ ခန္ဓာကိုယ်ကနေ ထွက်ခွာလာပြီးနောက် အန္တရာယ်ကို ရင်ဆိုင်ရနိုင်ခြေ သိသိသာသာ ပိုများလာ၏။
သို့သော်လည်း ခန္ဓာကိုယ်၏ ချုပ်နှောင်မှုမရှိသော အမြုတေစိတ်ဝိညာဥ်များသည် ကောင်းကင်နှင့်မြေကြီးနှင့် ပို၍ နီးစပ်မှုရှိသွားပြီး ပို၍ လျင်လျင်မြန်မြန် လှုပ်ရှားလာနိုင်လေသည်။
ကံဆိုးစွာနှင့်ပင် အမြုတေစိတ်ဝိညာဥ်နှစ်ခုက ဘယ်လိုပင်မြန်ဆန်ပါစေ အဲ့ဒါက အသံ၏ အမြန်နှုန်းကိုတော့ လိုက်မမီနိုင်ပေ။
ဝင်ရောက်လာသူသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးနောက် လျင်မြန်စွာပင် ဟိန်းဟောက်သံတစ်ချက်ကို ထုတ်ဖော်လ်ုက်၏။
“သတ်”
ထိုအသံက မိုးကြိုးထစ်ချုန်းသံလို ပေါက်ကွဲထွက်ပေါ်လာပြီး လူတစ်ယောက်၏စိတ်ကို လှုပ်ခတ်သွားစေနိုင်၏။
အမြုတေစိတ်ဝိညာဥ်နှစ်ခုသည် ခပ်ဝေးဝေးသို့ ထွက်မပြေးနိုင်သေးခင်မှာပင် ထိုအသံကို ကြားလ်ိုက်ကြရ၏။ သူတို့နှစ်ယောက်စလုံးသည် တသိမ်သိမ့် တုန်ရင်သွားပြီးနောက် လေထဲမှာ တောင့်တင်းစွာရပ်တန့်သွားကြ၏။
ခဏနေပြီးနောက် အမြုတေစိတ်ဝိညာဥ်များ၏ ဘေးပတ်လည်ရှိ ရောင်ဝါသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်လာကာ လေထဲကနေ ပြုတ်ကျလာကြ၏။
အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်များက အပြီးသတ်ဖျက်ဆီးခံလိုက်ရလေပြီ။
သားရဲများအားလုံးသည် ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။ အစတုန်းကတော့ ထိုအသံသည် လူတိုင်း၏ စိတ်အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။ သို့သော်လည်း နောက်ထပ်ထွက်ပေါ်လာသော မြင်ကွင်းက လက်ရှိ သားရဲများအားလုံးကို တုန်လှုပ်စေဖို့ လုံလောက်လေသည်။
မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များပင်လျှင် ခဏမျှရပ်တန့်ပြီး မျက်မှောင်ကြုတ်၍ လှည့်ကြည့်လိုက်ကြ၏။
တိုက်ပွဲ၏ ဤအဆင့်အရောက်တွင် မရေမတွက်နိုင်သော စိတ်ဝိညာဥ်သားရဲများက သေဆုံးခဲ့ကြရပြီးလေပြီ။
အဆင့်နိမ့်မိစ္ဆာသားရဲ ဆယ်ယောက်ကျော်ပင်လျှင် ကျရှုံးခဲ့ကြလေသည်။ သို့သော်လည်း မည်သည့် အလယ်အလတ်အဆင့် မိစ္ဆာသားရဲကမှ သေဆုံးခြင်းမရှိသေးပေ။
ယခုဤလူက ထွက်ပေါ်လာသည့် ခဏမှာပင် မိုးကြိုးထစ်ချုန်းလို စွမ်းပကားများဖြင့် အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့၏။ မည်သူက သူ့ကို လျစ်လျူရှုနိုင်ပါဦးမည်နည်း။
ဤလူက မည်သူပါလိမ့်...
လက်ရှိသားရဲများ၏ စိတ်အာရုံထဲတွင် ဝင်ရောက်လာသည်မှာ ထိုမေးခွန်းသာ ဖြစ်လေသည်။
“ပိုင်နက်အရှင်...”
ထိုစဥ်မှာပင် ဝင်ရောက်လာသူကို မြင်သောအခါ မဟူရာဝံပုလွေက လှမ်း၍ အော်ခေါ်လ်ိုက်၏။
“အဲ့ဒါက ငါတို့ရဲ့ ပ်ိုင်နက်အရှင်... အဲ့ဒါက ငါတို့ လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်ခေါင်းဆောင်ဘဲ”
ကြွက်သည် နဖူးမှခြေဖျားထိ သွေးများဖြင့် စိုရွှဲနေ၏။ သို့သော်လည်း ရောက်ရှိလာသူကို မြင်သောအခါ သူက စိတ်အားတက်ကြွသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
လရောင်ငိုကြွေးတောင်၏ သားရဲများသည် အားမာန်တက်ကြွသွားကြပြီး အော်ဟစ်အားပေးလိုက်ကြ၏။
တိုက်ပွဲတစ်လျှောက်လုံးတွင် သားရဲများသည် သူ့ကိုယ်သူ ရုပ်လုံးထွက်ပြခဲ့ခြင်းမရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ပ်ိုင်နက်အရှင်ကို မေ့လုနီးပါးဖြစ်နေခဲ့ကြ၏။
ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ဤလူက ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားပေ။
“လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်က အဆင့်နိမ့် မိစ္ဆာသားရဲတစ်ကောင်လို့ ငါကြားခဲ့ပါရဲ့.. အစကတော့ ငါက အဲ့ဒါကို မယုံကြည်ခဲ့ဘူး ၊ ကြည့်ရတာတော့ ကောလာဟလတွေက မှန်နေပုံဘဲ.. ဟီးဟီး လရောင်ငိုကြွေးတောင်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ အသုံးမကျလာတာဘဲ”
လေထဲတွင် လှောင်ပြောင်ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။
တစ်ကိုယ်တောင်တိမ်စိုင်သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး လှောင်ပြောင်သရော်လိုသော မျက်လုံးများဖြင့် ငုံ့ကြည့်နေ၏။
အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်လား...
လရောင်ငိုကြွေးတောင်၏ သားရဲများသည် ခဏမျှကြောင်အသွားပြီးနောက် ဝင်ရောက်လာသူကို ငေးငိုင်နေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်ကြ၏။
“ကြည့်..ကြည့်ရတာတော့ သူက တစ်ကယ်ဘဲ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက် ထင်ပါရဲ့”
“အဲ့ဒါက ဘယ်လ်ိုဖြစ်နိုင်ပါ့မလဲ..”
“အာ...”
တစ်ခဏအတွင်းမှာပင် လရောင်ငိုကြွေးတောင် သားရဲများ၏ အပြုံးများက ပျောက်ကွယ်သွားသည်။ သူတို့အားလုံးသည် ခေါင်းခါ၍ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ကြ၏။
သူတို့သည် အကြီးကြီး မျှော်လင့်ခဲ့ကြသော်လည်း အကြီးကြီး စိတ်ပျက်ခဲ့ရလေသည်။
အစကတော့ သားရဲများသည် သူတို့၏ ပိုင်နက်အရှင်အသစ်က သူတို့ကို ဦးဆောင်၍ သူတို့၏ ရန်သူများကို တွန်းလှန်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့၏။
သို့သော် ယခုအခါမှာတော့...
အဆင့်နိမ့်မိစ္ဆသားရဲတစ်ယောက်က ဘာများလုပ်နိုင်မှာလဲ...။
လက်ရှိအခြေအနေအရ အလယ်အလတ်အဆင့်မိစ္တာသားရဲတစ်ယောက် ဝင်ရောက်လာရင်တောင် အခြေအနေကို ထ်ိန်းချုပ်ဖို့မလွယ်တော့ပေ။
ဝင်ရောက်လာသူကတော့ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ပေါ်လာသော ဆူဇီမိုပင် ဖြစ်လေသည်။
သူသည် တစ်ခဏအတွင်း အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်ကို သတ်ဖြတ်ခဲ့၏။ ဘေးကနေ စောင့်ကြည့်နေသော လူတစ်ချို့က လွဲလျှင် အဲ့ဒါကို တွေ့မြင်ခဲ့သည့်သူက မရှိသလောက်နီးပါးပင်။
ထို့ကြောင်ပင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်က သေဆုံးသွားသော်လည်း လရောင်ငိုကြွေးတောင်၏ သားရဲများက သိသိသာသာ စိတ်အားမာန် တက်ကြွမလာတော့ခြင်းဖြစ်လေသည်။
များစွာသော သားရဲတို့သည် သူတို့၏ ပိုင်နက်အရှင်က ဂုဏ်သိက္ခာမဲ့သော ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုကို ကျူးလွန်ခဲ့သည်ဟုပင် တွေးထင်လိုက်ကြ၏။
ဆူဇီမိုသည် မျောက်ကို ဖေးမပြီး အကျော်ဇေယျကို ထိုသူထံသို့ ပြန်ပေးလိုက်၏။
“မင်းက တိုက်ခိုက်နိုင်သေးရဲ့လား...”
“ဘာလို့မရရမှာလဲ...”
မျောက်၏ မျက်လုံးများထဲရှိ သွေးနီရောင်က သိသိသာသာ လျော့ကျ၍ သူ၏ ဒေါသယမ်းမီးပေါက်ကွဲသည့်စွမ်းအားက ဖျော့တော့သွားသော်လည်း သူ၏ မျက်လုံးထဲရှိ တိုက်ခိုက်လိုစိတ်က နည်းနည်းလေးမှ လျော့ကျမသွားပေ။
သူက ပြောလိုက်၏။
“စိတ်ဝိညာဥ်ကျားနဲ့ အခြားသူတွေကို သွားပြီးကူညီပေးလိုက်.. ဒီက ကိစ္စတွေကိုတော့ ငါကိုင်တွယ်လိုက်မယ်”
“ဟုတ်ပြီလေ”
မျောက်က အဲ့ဒါကို အလွယ်တကူပင် သဘောတူလိုက်၏။
မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် မည်သည့်စကားမှ ဝင်မပြောကြပေ။ သူတို့သည် သူတို့၏ မျက်လုံးကို မှေးကျဥ်း၍ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ဖြန့်ကျက်ကာ ဆူဇီမို၏ ခန္ဓာကိုယ်ကို အဆက်မပြတ် စစ်ဆေးလိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးသည် ဆူဇီမို၏ အကြောင်းကို ပိုမိုသိရှိလိုကြလေသည်။ သို့သော်လည်း အံ့အားသင့်ဖို့ကောင်းစွာပင် သူတို့က သူ၏ အစစ်အမှန်ပုံစံကို ဖော်ထုတ်နိုင်ခြင်း မရှိကြပေ။
ဆူဇီမိုထံမှ ဖြာထွက်နေသော သားရဲအော်ရာကြောင့်သာ မဟုတ်လျှင် သူတို့က လူသားကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ဟု တွေးထင်နိုင်ကောင်းလေသည်။
တစ်ကိုယ်တော်တိမ်စိုင်ကလည်း မျက်မှောင်ကြုတ်လိုက်၏။
သူ့ရှေ့ရှိ သွေးနီရောင်ဆံပင်နှင့်လူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်သာဖြစ်သော်လည်း သူက သူ့ကိုလုံးဝ ဖတ်နိုင်ခြင်းမရှိပေ။
သူ့ကို ပို၍ စဥ်းစားရခက်စေသည်မှာ ဤသွေးနီရောင်ဆံပင်နှင့်လူကို ကြည့်ရင်း သူက တုန်လှုပ်ချောက်ချားမှုတစ်ခုကို ခံစားလိုက်ရ၏။ အဲ့ဒါကို မကြုံစဖူး အခြေအနေတစ်ခုပင် ဖြစ်လေသည်။
မြွေနဂါးတစ်ယောက်အနေဖြင့် သူသည် မူလသွေးမျိုးဆက်ကြမ်းကြုတ် တောကောင်များကြားမှာတောင် ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခု ဖြစ်၏။ ဒါ့အပြင် သူသည် ဤလူထက် ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးလုံး မြင့်မား၏။ သူက ဘယ်လိုကြောင့် တုန်လှုပ်ချောက်ချားမှုကို ခံစားရပါလိမ့်။
အဲ့ဒါက ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ ဖြစ်ရပေမည်။
နေပါဦး.. တစ်ခုခုကတော့ မူမမှန်သလို...
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
အဲ့ဒါက နဂါးမျိုးနွယ်ထံမှ အော်ရာပင် ဖြစ်လေသည်။
သူ၏အမူအရာက ပြောင်းလဲသွားခဲ့၏။
ဤလူထံမှ နဂါးမျိုးနွယ်၏ ခပ်ဖျော့ဖျော့ အော်ရာတစ်ခုက ဖြာထွက်နေလေသည်။
“ငါသိပြီ...”
ရုတ်တရက် တစ်ကိုယ်တော်တိမ်စိုင်က ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားပုံရ၏။
ဒီလူက နဂါးမျိုးနွယ်က ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားတာ ဖြစ်ရမယ်။
ကိစ္စက ထိုသို့ဆိုလျှင် အရာရာတိုင်းက အဓိပ္ပါယ်ရှိလာခဲ့လေပြီ။
ထို့ကြောင့်ပင် ဤလူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်နေတာတောင် လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင် ဖြစ်လာခဲ့ခြင်းပင်။ အကြောင်းရင်းမှာ သူက နဂါးမျိုးနွယ်က ရတနာတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်ပင်။
တစ်ကိုယ်တော်တိမ်စိုင်သည် အမူအရာကင်းမဲ့နေသော်လည်း ဖြစ်ပျက်နေသည်ကို နောက်ဆုံးနားလည်သဘောပေါက်သွားသောအခါ သူက တိတ်တဆိတ် ကျေနပ်နှစ်ခြိုက်သွား၏။
အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကို ပိုင်နက်အရှင်တစ်ပါး ဖြစ်လာစေခဲ့တဲ့ ရတနာတစ်ခုက သေချာပေါက် တမူထူးခြားမှာဘဲ။ ကောင်းကင်ဘုံက ငါ့ဘက်မှာ ရှိနေသေးတယ်... အဲ့ဒါက ဘာလဲလို့ စဥ်းစားတာနဲ့တင် ငါက စိတ်လှုပ်ရှားနေရပြီ။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ့ဘာသာသူ ပြုံး၍ တွေးလိုက်လေသည်။