မြွေနဂါးအရိုးကပ်ကြေး
Vol. 56 Ch. 828
“ဘယ်လောက်တောင် ပြင်းထန်ကြမ်းကြုတ်လိုက်တဲ့ အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်လဲ”
အစက မဟူရာဝံပုလွေနှင့် ချန်ရူယီကို ဝန်းရံတိုက်ခိုက်နေကြသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများသည် တူန်လှုပ်သွားပြီး အလိုလိုနောက်ဆုတ်ကာ တိုက်ခိုက်မှုများက ရပ်တန့်သွားရ၏။
ပိုင်နက်အရှင်နှစ်ယောက်အပါအဝင် အဲ့ဒီမှာ အလယ်အလတ်အဆင့် မိစ္တာသားရဲ စုစုပေါင်း ၁၄ ယောက်ရှိခဲ့၏။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် သုံးယောက်က သေဆုံးသွားခဲ့လေပြီ။
“မကြောက်ကြနဲ့... သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဘဲ ၊ အားလုံးဘဲ အတူပူးပေါင်းပြီး သူ့ကိုသတ်ဖြတ်လိုက်ကြရအောင်”
ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်က တည်ငြိမ်သော အမူအရာနှင့်အတူ အော်ပြောလိုက်၏။
မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်ကလည်း လေးနက်စွာဖြင့် အော်ဟစ်လိုက်လေသည်။
“မင်းတို့ကိုးယောက်က အဲ့ဒီကောင်ကို ဝိုင်းပြီးတော့ သတ်ကြ ၊ မဟူရာဝံပုလွေနဲ့ ချန်ရူယီကို ငါတို့အတွက်ထားခဲ့”
သားရဲများသည် တဖြည်းဖြည်းနှင့် သတိပြန်ကပ်လာကြ၏။ အဆင်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ဘယ် လောက်ထိ သန်မာနိုင်မှာမို့လဲ။
ဤပုဂ္ဂိုလ်က အနီးကပ်တိုက်ခိုက်ရည်တွင် ဘယ်လိုပင် ခက်ထန်ကြမ်းကြုတ်ပါစေ.. သူ့တွင် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်သာရှိလေသည်။ သူက မိစ္ဆာသားရဲ ၉ ယောက်၏ တိုက်ခိုက်မှုကို ဘယ်လိုရင်ဆိုင်နိုင်ပါမည်နည်း။
ဤလူ၏ ကိုယ်ကာယက ဘယ်လိုပင် သန်မာပါစေ သူက ဓမ္မလက်နက်များကို ခုခံနိုင်ပါမည်တဲ့လား...။
“သတ်!”
လေထဲတွင် သားရဲများသည် အော်ဟစ်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ သားရဲဓမ္မလက်နက် ၁၀ ခုကျော်သည် လေထုကို ဆုတ်ဖြဲ၍ ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ငို့ တဖွဲဖွဲကျဆင်းလာကြ၏။
လရောင်ငိုကြွေးတောင်၏ သားရဲများက ချက်ချင်းပင် ထ်တ်လန့်သွားကြ၏။
အတင့်နိမ့်မိစ္တာသားရဲတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၉ ယောက်က ပူးပေါင်းတိုက်ခိုက်နေကြ၏။ အဲ့ဒါက မကြုံစဖူးမြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
အလယ်အလတ်အဆင့် မိစ္တာသားရဲတစ်ယောက်ပင်လျှင် ဤတိုက်ခိုက်မှုကနေ ခုခံရုန်းထွက်နိုင်တော့မည်မဟုတ်ပေ။
ဒါ့အပြင် တစ္ဆေမြစ်၏ ပိုင်နက်အရှင်ဖြစ်သော တစ်ကိုယ်တော်တိမ်စိုင်ကလည်း သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားပြီဖြစ်၏။ သူသည် သူ၏ ဦးခေါင်းကို ငွားငွားစွင့်စွင့် ထောင်မတ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာတစ်ခုနှင့်အတူ ရှေ့သို့ ပြေးဝင်သွား၏။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးပွားလာခဲ့လေသည်။
မြွေနဂါးသည် ခြေနှစ်ချောင်းပါသော မြွေတစ်မျိုးဖြစ်ပြီး ဦးချိုမပါရှိသော နဂါးတစ်ကောင်နှင့် ဆင်တူလေသည်။ တစ်ကိုယ်တော်တိမ်စိုင်၏ ခန္ဓာကိုယ်သည် မီးခိုးဖြူရောင်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို ဆန့်ထားမည်ဆိုလျှင် ပေသုံးလေးရာရှည်လျားလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသေးငယ်သော ကြေးခွံများက စီထပ်နေပြီး ထက်ရှသော လက်သည်းများ၊ အစွယ်များနှင့်အတူ သူ၏ ဝမ်းဗိုက်အောက်တွင် ခြေနှစ်ချောင်းက ရှိနေ၏။
သူ၏ မျက်လုံးနှစ်ဖက်ကြားရှိ နဖူးအလယ်တွင် အသားလုံးတစ်လုံးနှင့် ဆင်တူသော သေးငယ်သော အဖုတစ်ခုရှိနေ၏။ အဲ့ဒါက သိသာထင်ရှားခြင်းမရှိဘဲ သေချာအာရုံစိုက်ကြည့်မှသာ မြင်နိုင်လေသည်။
တစ်ကယ်တော့ ထိုအသားဖုက မြွေနဂါး၏ ဦးချိုပင်ဖြစ်လေသည်။
မြွေနဂါးများသည် မွေးလာစဥ်က ဦးချိုးမပါရှိပေ။ သူတို့သည် ကံကြမ္မာအခွင့်အလမ်းများကို ခိုးယူဝါးမြိုပြီး ကောင်းကင်နှင့် မြေကြီးကို နားလည်ရန် အဆက်မပြတ် ကျင့်ကြံခြင်းမှသာလျှင် သူတို့၏ ဦးချိုများက ထွက်ပေါ်လာမည်ဖြစ်၏။
သူတို့၏ ကျင့်ကြံမှုအဆင့်က ပို၍ နက်ရှိုင်းလာလေလေ သူတို့၏ ဦးချိုများက ပို၍ထင်ရှားလာလေလေ ဖြစ်ပေလိမ့်မည်။
တစ်ကယ်တော့ မြွေနဂါးအများစုသည် နှစ်ပေါင်းသောင်းချီ၍ ကျင့်ကြံပြီးမှသာလျှင် သူတို့၏ နုနယ်သောဦးချိုတစ်ခု ရရှိလာအောင် ကျင့်ကြံလာနိုင်မည်ဖြစ်၏။
ဒဏ္ဍာရီအရဆို ထိုဦးချိုက ပြီးပြည့်စုံလာသည့်အခါ အဲ့ဒါသည် ထိုမြွေနဂါးက အစစ်အမှန်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲတော့မည်ဟု ဆိုလိုလေသည်။
တစ်ခဏအတွင်းမှာပင် သားရဲမ္မလက်နက် ၁၀ ခုကျော်က ချဥ်းကပ်လာခဲ့လေပြီ။
ဆူဇီမို၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ နက်မှောင်နေသော တောင်ထွတ်တစ်ခုကို ဆွဲထုတ်၍ လေထဲမှာ ပြန့်ကားသွားစေ၏။
ဘုန်း...
အနက်ရောင်တောင်ထွတ်က ဆင်းသက်လာပြီး လေထဲမှာ ရစ်ဝဲသွား၏။
အစက ဆူဇီမိုထံသို့ ပျံသန်းလာသော သားရဲဓမ္မလက်နက်များထဲမှ အနည်းဆုံးတစ်ဝက်သည် သူတို့၏ လမ်းကြောင်းများ သွေဖယ်သွားပြီး မဟူရာတောင်ထွတ်ဆီသို့ ပြေးဝင်သွားကြ၏။ အဲ့ဒါသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ဆွဲငင်ယူဆောင်လိုက်သည့်အလားပင်။
ချွင်... ချွမ်...
သားရဲဓမ္မလက်နက်များသည် မဟူရာတောင်ထွတ်ဆီမှာ ရိုက်ခတ်လိုက်ကြပြီး မီးပွားများက လွင့်စင်ထွက်၍ တချွင်ချွင်အသံများက ထွက်ပေါ်လာလေသည်။
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ထိုသားရဲဓမ္မလက်နက်များသည် မဟူရာတောင်ထွတ်ကို ရိုက်ခတ်ပြီး မလှုပ်မယှက်နှင့် တွယ်ငြိနေကြ၏။
မိစ္ဆာသားရဲအချို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။
သူတို့သည် သူတို့၏ မူပိုင်ဓမ္မလက်နက်များနှင့် ဆက်သွယ်ချက်ကို ဆုံးရှုံးလိုက်ရ၏။
သူတို့သည် သူတို့၏ မူပိုင်ဓမ္မလက်နက်များကို သူတို့၏ မျက်စိရှေ့တွင် မြင်နေရသော်လည်း သူတို့က အဲ့ဒါကို ဆက်လက်၍ ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။
ဓမ္မလက်နက်အချို့က သက်ရောက်ခြင်းမခံရသော်လည်း သူတို့က ဆူဇီမိုအတွက် ခြိမ်းခြောက်ဖွယ်ရာမဟုတ်တော့ပေ။
ဆူဇီမို၏ ပုံရိပ်က တဖျတ်ဖျတ် ဆက်တိုက်လှုပ်ရှားသွားပြီး ထိုဓမ္မလက်နက်များကို အလွယ်တကူရှောင်ရှားလိုက်၏။
ဘန်း...ဘုန်း.. ဘုန်း
တစ်ကိုယ်တော်တိမ်စိုင်သည် လရောင်ငိုကြွေးတောင်တစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ဒေါသူပုန်ထနေသော ဒီရေလှိုင်းများနှင့် ခက်ထန်ကြမ်းကြုတ်သော အော်ရာတစ်ခုနှင့်အတူ ရှေ့သို့ ပြေးဝင်လာခဲ့၏။
“ဟမ့်...”
သူက အကြည့်ကို မှေးကျဥ်းပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
ထိုအနက်ရောင်တောင်ထွတ်က သာမာန်မဟုတ်သည်မှာ သိသာထင်ရှားလေသည်။
သို့သော်လည်း ထိုအနက်ရောင်တောင်ထွတ်ထံမှ မည်သည့်နဂါး၏ အော်ရာကမှ ထွက်ပေါ်လာခြင်းမရှိပေ။
အဲ့ဒါက သူတွေးထင်ထားသလို နဂါးမျိုးနွယ်မှ ရတနာတစ်ခု ဟုတ်မနေပေ။
“ကြည့်ရတာတော့ ဒီတောင်ထွတ်က...”
တစ်ကိုယ်တော်တိမ်စိုင်၏ မျက်လုံးသည် ဝင်းလက်သွားပြီး ဖြစ်နိုင်ခြေ အတွေးတစ်ခုက စိတ်အာရုံထဲဝင်ရောက်လာ၏။
အခြားသော မိစ္ဆာသားရဲများသည် အဲ့ဒါကို မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။ သို့သော်လည်း သူကမြွေနဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်ဖြစ်လေသည်။ သူသည် ရှေးဟောင်းခတ်မှစ၍ ကျယ်ပြောလှသောမှတ်ဉာဏ်များကို ရရှိထားပြီး သူ၏ အသိပညာဗဟုသုတက အခြားသူများထက် သာလွန်လေသည်။
ငါထင်တာမမှားဘူးဆိုရင် အဲ့ဒီဟာက အတုမရှိမဟာရတနာ ၇မျိုးထဲက ဂမ္ဘီရသံလိုက်တောင် ဖြစ်လိမ့်မယ်။
အတုမရှိရတနာတစ်ခုက ဒီလူ့ရဲ့လက်ထဲကို ရောက်နေတယ်ဆိုတော့...
တစ်ကိုယ်တော်တိမ်စိုင်သည် ရင်တစ်ချက်ထိတ်သွားလေသည်။
အတုမရှိရတနာတစ်ခုအပြင် အခုထိ ပေါ်ထွက်မလာသေးသော နဂါးမျိုးနွယ်၏ ရတနာတစ်ခုကိုပါ ပိုင်ဆိုင်ထားသောကြောင့် ဤလူ၏ကံကြမ္မာ အခွင့်အလမ်းက တစ်ကယ့်ကို ကြောက်စရာကောင်းလေသည်။ သူက မဟူရာ ဝံပုလွေကို ဖြုတ်ချပြီး ပိုင်နက်အရှင်နေရာကို အစားထိုး ဝင်ရောက်နိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
သို့သော်လည်း ထိုအတုမရှိရတနာက သန်မာသော်လည်း အဲ့ဒါက အားနည်းချက် မရှိသည်တော့မဟုတ်ပေ။
ကမ္ဘာပေါ်ရှိ အရာတိုင်းတွင် သူတို့၏ တန်ပြန်ဝိပါက်များ ရှိကြလေသည်။
သံလိုက်ဓာတ်စွမ်းအားသည် သတ္တုဖြင့်ပြုလုပ်ထားသော ပစ္စည်းများကိုသာ ဆွဲယူနိုင်ပေလိမ့်မည်။ သို့သော်လည်း အဲ့ဒါက လောကဆိုင်ရာ ပစ္စည်းတစ်ချို့နှင့် ရှားရှားပါးပါး စိတ်ဝိညာဥ်ပစ္စည်းများအပေါ်တွင် အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
ဥပမာအားဖြင့် နှစ်ချို့ရွှေသတ္တုရိုင်း ၊ ကောင်းကင်ဘုံ ငွေသတ္တုရိုင်းနှင့် အစိမ်းရောင်ကြေးသတ္တုရိုင်းကဲ့သို့သော ပစ္စည်းများသည် ဂမ္ဘီရသံလိုက်တောင်၏ သက်ရောက်ခြင်းကိုမခံရပေ။
သားရဲတောကောင်များ၏ အရိုးများ သို့မဟုတ် အရေပြားများကဲ့သိုသော လက်နက်များဆိုလျှင် ဂမ္ဘီရသံလိုက်တောင်၏ အကျိုးသက်ရောက်မှုနှင့် ပို၍တောင် ကင်းလွတ်သေးလေသည်။
“ခလေးကလား လှည့်ကွက်တွေပါကွာ ၊ ငါ့ရဲ့ဓမ္မလက်နက်ကိုလည်း ကြည့်လိုက်ဦး”
တစ်ကိုယ်တော်တိမ်စိုင်သည် လှောင်ရယ်လိုက်ပြီး သူ၏ ကြီးမားသောပါးစပ်ကြီးကို ဟကာ အဖြူရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်၏။ ထိုအဖြူရောင်အလင်းတန်းသည် ကြီးမားသည့် ကပ်ကြေးတစ်စုံကဲ့သို့ ပြန့်ကားသွား၏။
လေထဲမှာ ရစ်ဝဲနေပြီး အကန့်အသတ်မဲ့သော သားရဲချီများ လွှမ်းခြုံ၍ မြူခိုးတစ်လွှာက ၎င်းကို ကာကွယ်ပေးထား၏။
အဲ့ဒါက တစ်ကိုယ်တော်တိမ်စိုင်၏ မူပိုင်ဓမ္မလက်နက်ဖြစ်သော 'မြွေနဂါးအရိုးကပ်ကြေး' ဖြစ်လေသည်။ အဲ့ဒါသည် မြွေနဂါး အထီးနှင့်အမ၏ ကျောရိုးများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ မြွေနဂါး၏ ဦးခေါင်းများကို ထိုကပ်ကြေး၏ လက်ကိုင်အဖြစ် ပြုလုပ်ထားပြီး မြွေနဂါး၏ အမြီးကို ထိုကပ်ကြေး၏ ဓါးသွားများအဖြစ် ပြုလုပ်ထားလေသည်။
အဲ့ဒါက ဆူးချွန်များဖြင့် သိပ်သည်း ပြည့်နှက်နေပြီး မနှိုင်းယှဥ်နိုင်အောင် ထက်ရှလေသည်။
အဲ့ဒါက မည်သည့်သားရဲတောကောင် သို့မဟုတ် မည်သည့်လက်နက်ပင် ဖြစ်ပါစေ သူတို့သည် မြွေနဂါးအရိုးကပ်ကြေး၏ ပိုင်းဖြတ်ခြင်းကို ခံရပေလိမ်မည်။
ပို၍ အရေးကြီးသည်မှာ ၎င်းကို မြွေနဂါး၏အရိုးများဖြင့် ပြုလုပ်ထားသောကြောင့် မြွေနဂါးအရိုးကပ်ကြေးသည် ဂမ္ဘီရသံလိုက်တောင်၏ အကျိုးသက်ရောက်မှုကို မခံရပေ။
“ဂါး...”
မြွေနဂါးအရိုးကပ်ကြေးသည် လေထဲတွင် ခဏမျှရပ်တန့်သွားပြီးနောက် သားရဲချီများက ရုန်းကြွလာ၏။
ကြမ်းကြုတ်ခက်ထန်သော မြွေနဂါးနှစ်ကောင်သည် ဖန်တီးဖြစ်ပေါ်လာပြီး သူတို့၏ ဦးခေါင်းများကို မော့ကာ သတ်ဖြတ်လိုစိတ်များဖြင့် ဟိန်းဟောက်၍ ဆူဇီမိုထံသို့ ပြေးဝင်သွားကြ၏။
မြွေနဂါးအရိုးကပ်ကြေးသည် မူလတာအိုသက်ရှိ ဓမ္မလက်နက်အဖြစ် သတ်မှတ်၍ မရသော်လည်း အဲ့ဒါက ထိုအဆင့်နှင့် သိပ်မကွာဝေးတော့ပေ။
မြွေနဂါးနှစ်ကောင်က ဆင်းသက်မလာခင်မှာပင် ဆူဇီမိုသည် ပိုင်းဖြတ်ခံရတော့မည့်အလား သူ၏ခါးထံမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
“ဟမ့်...”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏နဖူးက တောက်ပသွားကာ အစိမ်းရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ထိုအစိမ်းရောင်အလင်းတန်းက လေထဲတွင် လျှင်မြန်စွာ ပြန့်ကားသွားပြီး လေးပေလောက်မြင့်မားသော စတုရန်းကြေးမီးဖိုတစ်လုံးကို ဖြစ်ပေါ်လာစေ၏။ အဲ့ဒါက ရှေးကျ၍ သိပ်သည်းလေးလံနေလေသည်။
၎င်းသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း ၎င်း၏အနားစွန်းများက ကောင်းကင်ကို ထိုးဖောက်၍ ကမ္ဘာမြေကို လှုပ်ခါစေနိုင်သည့်အလား ခက်ထန်မာကျောမှု ရှိလေသည်။
“သွား...”
ဆူဇီမိုသည် ညင်သာစွာဟိန်းဟောက်လိုက်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စတုရန်းကြေးမီးဖိုကို ထိန်းချုပ်ကာ မြွေနဂါးအရိုးကပ်ကြေးထံသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။
“အဲ့ဒါကို ဖြတ်စမ်း...”
တစ်ကိုယ်တော်တိမ်စိုင်ကလည်း ဟိန်းဟောက်လိုက်လေသည်။
ဘုန်း...
မြွေနဂါးအရိုးကပ်ကြေးနှင့် စတုရန်းကြေးမီးဖိုက ပြင်းထန်စွာ ရိုက်ခတ်မိသွားပြီး အလွန်တရာကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာ၏။
ဂါး....
ထို့နောက်ချက်ချင်းဆိုသလိုပင် မြွေနဂါးနှစ်ကောင်၏ စူးစူးဝါးဝါးအော်သံက လေထဲမှာထွက်ပေါ်လာပြီး သူတို့သည် အဖြူရောင်အလင်းတန်းများအဖြစ် ပြန်လည်ပြောင်းလဲကာ မြွေနဂါးအရိုးကပ်ကြေးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
မြွေနဂါးကပ်ကြေးပေါ်ရှိ ရောင်ဝါကလည်း သိသိသာသာ မှိန်ကျ၍ ပြုတ်ကျလာလေသည်။
ထိုသည်ကိုကြည့်ပြီး တစ်ကိုယ်တော်တိမ်စိုင်၏ ရင်ထဲတွင် မခံမရပ်နိုင်သော နာကျင်မှုကို ခံစားလိုက်ရ၏။
ထိုထိတွေ့ရိုက်ခတ်မှုတစ်ခုဖြင့် သူ၏ မြွေနဂါးအရိုးကပ်ကြေးက ပျက်စီးသွားခဲ့လေပြီ။ အဲ့ဒါကို မူလအတိုင်း ပြန်လည်ရောက်ရှိဖို့ဆိုလျှင် သူက နှစ်ပေါင်းများစွာကြာအောင် အချိန်ယူ၍ ပြန်လည်သန့်စင်ရပေတော့မည်။
စတုရန်းကြေးမီးဖိုကတော့ အကောင်းတိုင်းရှိနေပြီး ဆူဇီမိုထံသို့ ပြန်လည်ရောက်ရှိသွား၏။
စတုရန်းကြေးမီးဖိုသည် ဂျုံးဂျုံးကျ၍ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်ထင်ရသော်လည်း တစ်ကယ်တော့ အဲ့ဒါက ဖျက်ဆီး၍ မရနိုင်အောင် မာကျောလေသည်။
ထိုထိပ်တိုက်ရင်ဆိုင်ခြင်း၏ ရလဒ်သည် ဆူဇီမိုက သန်မာလွန်းသောကြောင့်မဟုတ်ပေ။
မြွေနဂါးအရိုးကပ်ကြေးသည် စတုရန်းကြေးဖိုကို ဖျက်ဆီးဖို့ကြိုးစားရင်း သူကိုယ်တိုင် ပြန်လည်ထိခိုက်ပျက်စီးသွားခြင်း ဖြစ်လေသည်။
“မင်းက ငါ့ရဲ့အဖိုးတန်တဲ့ လက်နက်ကို ဖျက်ဆီးရဲတယ်ပေါ့.. မိစ္ဆာသားရဲ မင်းတော့ သေတော့မယ်”
တစ်ကိုယ်တော်တိမ်စိုင်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။
သူ၏နောက်ဘက်ရှိ မြစ်တစ်စင်းသည် ရုန်းကြွလာပြီး ပြင်းထန်အားကောင်းသည့် ရေလှိုင်းလုံးများက ဆူဇီမိုထံသို့ တိုးဝင်လာလေသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ သားရဲဓမ္မလက်နက်များကို ဆုံးရှုံးသွားသော မိစ္ဆာသားရဲများသည် သားရဲပညာရပ်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။ ချက်ချင်းပင် လေထဲတွင် သိပ်သည်းပြင်းထန်သော သားရဲချီများက ပြည့်နှက်သွားပြီး ဓမ္မစွမ်းအားများက တဝုန်းဝုန်း ထကြွလာလေသည်။