← Chapters

အပြောင်းအလဲ

Vol. 56 Ch. 830

အပြောင်းအလဲ

Vol. 56 Ch. 830

ဤအခိုက်အတန့်တွင် မည်သည့်သားရဲကမှ လက်ရှိအခြေအနေအပေါ် ဆက်လက်၍ အထင်အမြင်မသေးရဲတော့ပေ။

သူတို့သည် အနီးကပ် တိုက်ခိုက်ရည်မှာ အနိုင်မရခဲ့ပေ။

သူတို့၏ ဓမ္မလက်နက်များကလည်း သုံးစားမရခဲ့ပေ။

သူတို့သည် ဓမ္မပညာရပ်မျာနှင့် တိုက်ခိုက်မှုတွင်ပါ ရှုံးနိမ့်ခဲ့ရလေသည်။

တိုက်ပွဲ၏ ဤအဆင့်အရောက်တွင် ထိုလူ၏ လက်ထဲတွင် သေဆုံးခဲ့ရသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများက ငါးယောက်ထိ ရှိလာခဲ့လေပြီ။

သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဆိုရင်တောင် မည်သူကမှ သူ့ကို ဆက်လက်၍ အထင်မသေးရဲတော့ပေ။

တစ်ကိုယ်တော်တိမ်စိုင်သည် ဒေါသူပုန်ထ၍ စိတ်ထဲမှာ မကျေမချမ်းဖြစ်နေ၏။

မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်အနေဖြင့် သူ၏ မျိုးဆက်သွေးသည် မြင့်မြတ်သန်မာပြီး နဂါးမျိုးနွယ်မျိုးဆက်သွေး၏ တစ်စွန်းတစ်စပင် ပါဝင်နေ၏။ ဒါ့အပြင် သူသည် ဤလူထက် ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးလုံး မြင့်မားလေသည်။ သူက အခြားသူများနှင့် ပူးပေါင်းထားတာတောင် ဘယ်လိုကြောင့် ရှုံးနိမ့်နေရသေးတာလဲ။

သို့သော်လည်း တိုက်ပွဲက ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် ဤလူက နောက်ဆုံးမှာ ခြေကုန်လက်ပမ်းကျ၍ သူတို့က အနိုင်ရရှိနိုင်သေးလေသည်။

“သတ်!”

တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ရေစီးကြောင်းတစ်ခုကို ရှေ့သို့ ထွေးထုတ်လိုက်လေသည်။

ထိုရေစီးကြောင်းများက လေထဲသို့ ရောက်ရှိလာသည့်အခိုက်မှာပင် အဲ့ဒါက မြွေနဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ကို ပြောင်းလဲသွား၏။

မြွေနဂါးသည် ထက်ရှသော သွားစွယ်များနှင့်အတူ မာန်ဖီဟိန်းဟောက်၍ အပေါ်သို့ ထိုးတက်သွား၏။ ၎င်းက သူ့သခင်၏ အမျက်ဒေါသကို ခံသားမိသည့်အလား ဆူဇီမို ရှိရာသို့ ပြေးဝင်သွားလေသည်။

“ဘာမဟုတ်တဲ့ မြွေစုတ်ကများ... ပျက်စီးစမ်း”

ဆူဇီမိုသည် တည်ငြိမ်နေသော အမူအရာနှင့်အတူ အော်ဟစ်၍ သူ၏လက်နှစ်ဖက်ကို လှုပ်ရှားကာ လက်ဟန်ချိတ်စည်းများကို တစ်ဖန်ထုတ်ဖော်လိုက်၏။

သူ၏ လက်နှစ်ဖက်ကြားကနေ လျှပ်စီးကြောင်းများက ရုန်းထွက်လာပြီး သိပ်သည်းစုဖွဲ့လာလေသည်။

အဲ့ဒီမှာ တဖျောက်ဖျောက်မြည်သံများနှင့်အတူ ဧရာမဒိုင်းကာတစ်ခုက ဖွဲ့တည်လာပြီး သူ့ရှေ့ကနေ ပိတ်ကာလိုက်လေသည်။

အဲ့ဒါက ခရမ်းရောင်မိုးကြိုးကျမ်းမှ ဓမ္မပညာရပ်တစ်ခုဖြစ်သော ခရမ်းရောင်မိုးကြိုးဒိုင်းကာ ဖြစ်လေသည်။

ထိုဧရာမ ခရမ်းရောင်မိုးကြိုးဒိုင်းကာကို မိုးကြိုးလျှပ်စီးများဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အဲ့ဒါက မိုးကြိုးတိမ်စိုင်များထံမှ မိုးကြိုးစွမ်းအားကို အဆက်မပြတ် စုပ်ယူပြီး တဖျတ်ဖျတ် တလက်လက်တောက်ပလာလေသည်။

ဘုန်း...

မြွေနဂါးသည် ခရမ်းရောင်မိုးကြိုးဒိုင်းကာကို ပစ်ဆောင့်ချလိုက်ပြီး ကျယ်လောင်သော အသံတစ်သံကိုထွက်ပေါ်လာစေ၏။

ခရမ်းရောင်မိုးကြိုးဒိုင်းကာက ပျက်ပြယ်သွားလေသည်။

တစ်ကိုယ်တော်တိမ်စိုင် ဆင့်ခေါ်ခဲ့သော မြွေနဂါးကလည်း ပျက်ပြယ်သွားလေသည်။

ဆူဇီမိုသည် ထိုထိတွေ့ရိုက်ခတ်မှုမှ ပြန်ကန်အားကို သုံးကာ နောက်သို့ ဖျတ်ကနဲခုန်ဆုတ်ပြီး အခြားသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိသွားလေသည်။

ထိုအလယ်အလတ်အဆင့် မိစ္ဆာသားရဲသည် ခရမ်းရောင်မိုးကြိုးမုန်တိုင်းကနေ စောစောကမှ လွတ်မြောက်လာခြင်းဖြစ်၏။ သူက အသက်ပင် ကောင်းကောင်း မရှုနိုင်သေးခင်မှာပင် သူ၏ အမြင်အာရုံက ဝေဝါးသွားပြီး ကြီးမားသည့် လက်ဖဝါးတစ်ဖက်က သူ့ဆီသို့ ဆင်းသက်လာလေသည်။

ထိုသူ၏ ပါးစပ်က အဟောင်းသားဖြစ်သွားပြီး တုန်လှုပ်ချောက်ချားသော အမူအရာတစ်ခုရှိနေ၏။

သူသည် သေဘေးကနေ လွတ်မြောက်လာခါစဖြစ်ပြီး နဖူးမှခြေဖျားထိ ဒဏ်ရာများပြည့်နှက်နေ၏။ ထိုသို့ဖြင့် သူ၏ တုန့်ပြန်မှုက နှေးကွေးသွားခဲ့လေသည်။

စောစောကတင် တစ္ဆေမြစ်၏ ပိုင်နက်အရှင်နှင့် တိုက်ခိုက်နေသော ထိုလူက သူ့ရှေ့မှောက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာလိမ့်မည်ဟု သူက မျှော်လင့်မထားပေ။

ထိုအခိုက်အတန့်ကလေးက သူ၏အသက်ကို နှုတ်ယူသွားခဲ့လေသည်။

ဖောင်း...

ဆူဇီမျို၏ လက်ဖဝါးသည် ထိူသူ၏ ဦးခေါင်းပေါ်သို့ ဆင်းသက်သွားခဲ့သည်။

ထိုသူ၏ ဦးခေါင်းခွံက ချက်ချင်းပင် ကြေမွသွား၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ထဲရှိ အမြုတေစိတ်ဝိညာဥ်ကလည်း နေရာမှာတင် ဖျက်ဆီးခံလိုက်ရလေသည်။

နောက်ထပ် အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်က သေလေပြီ။

တစ်ခဏအတွင်းမှာပင် ဆိုင်ကလုန်းလိုဏ်ဂူနှင့် မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်များ အပါအဝင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၈ ယောက်သာလျင် ကျန်ရှိတော့လေသည်။

“မို..”

“မို”

လရောင်ငိုကြွေးတောင်၏ သားရဲများသည် သူတို့၏ ပိုင်နက်အရှင်၏ အမည်ကို အော်ဟစ်၍ အားပေးလိုက်ကြ၏။

တစ်ကိုယ်တော်တိမ်စိုင်၏ အမူအရာက ပျက်ယွင်းလာခဲ့လေသည်။

သူသည် ထပ်ခါထပ်ခါ ရှုံးနိမ့်နေရ၏။

သူသည် သူ၏ ဓမ္မပညာရပ်ဖြင့်ဆူဇီမိုကို မသတ်ဖြတ်နိုင်ခဲ့ရုံသာမက ထိုသူက ထိုထိတွေရိုက်ခတ်မှုမှ ပြန်ကန်အားကို အသုံးချကာ အခြားသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲကို သတ်ဖြတ်ပစ်နိုင်ခဲ့၏။

သူက ယခုအချိန်မှာ ဒေါသချောင်းချောင်း ထွက်နေလေပြီ။

နောက်ဆုံးမှာတော့ ဆိုင်ကလုန်းလိုဏ်ဂူနှင့် မဟူရာသဲတောင်ရိုးမှ ပိုင်နက်အရှင်များသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိပြုမိသွားကြလေသည်။

ဤတိုင်းသာ ဆက်သွားလျှင် လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်က အမောမဖောက်ခင်မှာပင် သူတို့လက်အောက်ရှိ အလယ်အလတ်အဆင့် မိစ္ဆာသားရဲများက သေကုန်ကြပေတော့မည်။

ပိုင်နက်အရှင်သုံးယောက်ကလွဲလျှင် အခြားသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၆ ယောက်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုအရိပ်အယောင်များက ပေါ်လာခဲ့ပြီဖြစ်၏။

သူတို့၏ ပိုင်နက်အရှင်များက မကြာခင် တစ်စုံတစ်ရာ ပြုမူခြင်း မရှိဘူးဆိုရင် သူတို့က ထွက်ပြေးတော့မည့်အရိပ်လက္ခဏာပင် ပြလာ၏။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် အကြည့်ချင်း ဖလှယ်၍ အလိုအလျောက် နားလည်မှုတစ်ခု ရယူကာ မဟူရာဝံပုလွေနှင့် ချန်ရူယီကို လက်လွှတ်ပြီး ဆူဇီမိုဘက်သို့ လှည့်လိုက်ကြ၏။

မဟူရာဝံပုလွေနှင့် ချန်ရူယီက ခြေကုန်လက်ပမ်းကျနေပြီဖြစ်ပြီး ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။

ယခုအချိန်တွင် သူတို့အတွက် အသည်းအသန်အရေးကြီးနေသည်မှာ လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်ကို သတ်ဖြတ်ပြီး သူတို့တပ်ဖွဲ့၏ စိတ်ဓာတ်ကို မြှင့်တင်ဖို့ဖြစ်လေသည်။

ဆူဇီမို၏ ဆံပင်က သွေးနီရောင်မဟုတ်တော့ဘဲ အနက်ရောင်လုံးလုံး ပြောင်းလဲသွားခဲ့ပြီကို သားရဲများက ရုတ်တရက် သတိထားမိသွားကြ၏။

ထိုသားရဲများသည် မျက်မှောင်အနည်းငယ်သာ ကြုတ်လိုက်ကြသော်လည်း အဲ့ဒါနဲ့ ပက်သက်၍ များစွာ စဥ်းစားမနေပေ။

သူတို့က ဦးနှောက်ခြောက်မတက် စဥ်းစားလျှင်တောင် သူ၏ ဆံပင်အရောင်ပြောင်းလဲခြင်း၏ နောက်ကွယ်က သူ့အမြုတေစိတ်ဝိညာဥ်နှစ်ခု၏ ကမ္ဘာတုန်လှုပ်ဖွယ်ရာလျှို့ဝှက်ချက်ကို ထုတ်ဖော်စဥ်းစားနိုင်လိမ့်မည်မဟုတ်ပေ။

ခရမ်းရောင်မိုးကြိုးမုန်တိုင်းနှင့် ခရမ်းရောင်မိုးကြိုးဒိုင်းကာသည် လူသားကျင့်ကြံသူများ၏ ဓမ္မပညာရပ်များဖြစ်သော်လည်း ဆူဇီမို၏ ဘေးပတ်လည်တွင် သားရဲချီများက ရုန်းကြွနေပြီး မည်သည့်သားရဲကမှ သူ၏ ဓမ္မပညာရပ်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိကြပေ။

တစ်ခဏအတွင်းမှာပင် ပိုင်နက်အရှင်သုံးယောက်နှင့် မိစ္ဆာသားရဲ ၆ ယောက်သည် မတူညီသောဘက်များကနေ ဆူဇီမိုကို ဝိုင်းရံလိုက်ကြ၏။ သူတို့အားလုံးသည် အေးစက်ခက်ထန်သော အကြည့်များရှိနေကြ၏။

မိစ္ဆာသားရဲ ၉ ယောက်စလုံးသည် တူညီသောအတွေးများ ရှိနေကြသည့်အလားပင်။

“မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ တစ်ကယ်ဘဲ အဆင့်မီတယ်ဆိုတာ ငါက ဝန်ခံရတော့မှာဘဲ...”

တစ်ကိုယ်တော်တိမ်စိုင်သည် လေးနက်သောအသံဖြင့်ပြောလိုက်၏။

“မို... မင်းက မင်းရဲ့ အစစ်အမှန်ပုံစံကို မပြောင်းလဲတော့ဘူးလား...”

ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြုံးလိုက်လေသည်။

“မင်းက ငါ့ရဲ့ အစစ်အမှန်ပုံစံကို မြင်ရဖို့အတွက် အဆင့်မမီဘူး”

“ငါက... အဆင့်မမီဘူးလား...”

တစ်ကိုယ်တော်တိမ်စိုင်သည် အလွန်တရာ ဒေါသထွက်သွားပြီးနောက် သူက ဟားတိုက်၍ ရယ်ချလိုက်၏။

“မင်းက... မင်းကိုယ်မင်း သေရတော့မယ်ဆိုတာတောင် တစ်ကယ်မသိသေးဘူးဘဲ”

ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်လေသည်။

“ဂျူနီယာ မင်းရဲ့အစစ်အမှန်ပုံစံက ဘာဘဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး... မင်းက မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်ဆိုရင်တောင် မင်းမှာ နောက်ထပ် အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး”

“နိမ့်ကျတဲ့ အကောင်... မင်းကို ငါ့ကလေးနဲ့အတူ မြှုပ်နှံပစ်မယ်” မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က ဟိန်းဟောက်လိုက်၏။

ထိုသို့ သူပြောပြီးသည့် ခဏမှာပင် မိစ္ဆာသားရဲ ၉ ယောက်၏ နဖူးများထံမှ တောက်ပသော အလင်းရောင်များက ထွက်ပေါ်လာ၏။

ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ် အတက်အကျများသည် ထကြွသောင်းကျန်းသော စွမ်းပကားတစ်ခုနှင့်အတူ လေထဲသို့ ဖြန့်ကျက်သွား၏။

စိတ်ဝိညာဥ်အသိစိတ်များ၏ လွှမ်းခြုံမှုအောက်တွင် အောက်ဘက်ရှိ တိုက်ခိုက်နေကြသော သားရဲများသည် ရပ်တန့်လိုက်ကြ၏။ သူတို့အားလုံးက ကြောက်ရွံ့မှုဖြင့် တုန်ရီနေကြလေသည်။

သတ္တ်ိကြောင်သော အချို့လူများသည် မြေပြင်ပေါ်မှာ မလှုပ်မယှက်နှင့် ဝပ်တွားနေကြ၏။

သူတို့သည် စိတ်ဝိညာဥ်အသိစိတ်များ၏ ထိခတ်ခြင်းခံရမည်ဆိုလျှင် သူတို့က ထွက်ပြေးဖို့ပင် အချိန်ရမည်မဟုတ်ဘဲ ချက်ချင်း သေဆုံးရပေလိမ့်မည်။

ကျင့်ကြံရေးလောကတွင် သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်ဖြင့် ဆုံးဖြတ်နိုင်သည်ဟူသော ဆိုရိုးစကားတစ်ခုရှိ၏။ တစ်ကယ်တော့ ထိုစကားသည် စွမ်းအားကြီးသော ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို အသုံးပြု၍ အတွေးတစ်ချက်နှင့်အတူ သူတို့၏ပြိုင်ဘက်များကို သတ်ဖြတ်နိုင်သည်ဟု ဆိုလိုလေသည်။

“ပိုင်နက်အရှင် သတ်ိထား... အဲ့ဒါက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်တွေဘဲ”

မဟူရာဝံပုလွေသည် ထိုသည်ကိုမြင်သောအခါ တုန်လှုပ်သွာပြီး အလောတကြီး သတိလှမ်းပေးလိုက်၏။

အမြုတေစိတ်ဝိညာဥ်များအကြား တိုက်ခိုက်မှုများက အန္တရာယ်အများဆုံးဖြစ်လေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲများအကြားမှာတောင် သူတို့က သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်များကို တော်တန်ရုံဖြင့် ထုတ်ဖော်ကြလိမ့်မည်မဟုတ်ပေ။

ပထမအချက်အနေဖြင့် အမြုတေစိတ်ဝိညာဥ်များကြားတိုက်ခိုက်မှုသည် အနိုင်ရရှိမှုကို အာမမခံပေးနိုင်ပေ။

သူတို့က အနိုင်ရခဲ့လျှင်တောင် ထိုကြောင့်နှင့် သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဒဏ်ရာရရှိသွားမည်ဆိုလျှင် သူတို့က ကြီးမာစွာ နစ်နာ ဆုံးရှုံးရလေသည်။

အမြုတေစိတ်ဝိညာဥ်များက ဒဏ်ရာရရှိသွားမည်ဆိုလျှင်သူတို့၏ ကိုယ်ကာယနှင့် မတူဘဲ ကုသဖို့ အရမ်းခက်ခဲလေသည်။

အဲ့ဒီမှာ အပြင်ပိုင်းဒဏ်ရာနှင့် အတွင်းပိုင်းဒဏ်ရာများအတွက် ဆေးဝါးနှင့် ဆေးပင်များစွာ ရှိလေသည်။ သူတို့၏ ကိုယ်ကာယက ထိခိုက်ဒဏ်ရာရရှိခဲ့မည်ဆိုလျှင်အနည်းဆုံး ၂ နှစ် ၃ နှစ်အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်လေသည်။

သို့သော်လည်း အမြုတေစိတ်ဝိညာဥ်များကို ပြန်လည်ကုသနိုင်သော ဆေးဝါးများနှင့် ဆေးပင်များက အလွန်တရာရှားပါးလေသည်။

အမြုတေစိတ်ဝိညာဥ်တစ်ခုက ဒဏ်ရာရရှိသွားမည်ဆိုလျှင် ၂ နှစ် ၃ နှစ်ကို မပြောနဲ့ သူတို့ဘဝတစ်လျှောက်လုံး ကုန်ဆုံးခဲ့တာတောင် အဲ့ဒါကို ကုသနိုင်ချင်မှ ကုသနိုင်ပေလိမ့်မည်။

ထိုအတွက်ကြောင့်နှင့် သူတို့၏ ကျင့်ကြံမှုအပေါ်တွင်ပါ သက်ရောက်မှုရှိနိုင်လေသည်။

ထိုအတွက်ကြောင့် သူတို့၏ ကျင့်ကြံမှုအဆင့်က ရှေ့သို့ ဆက်မတက်နိုင်တော့သည်မှာ ဖြစ်နေကြပင်။

ထို့ကြောင်ပင် မဟူရာသဲတောငိရိုးဖြစ်စေ ဆိုင်ကလုန်းလိုဏ်ဂူဖြစ်စေ သူတို့က အားသာချက်ရှိနေတာတောင် အစကတည်းက သူတို့၏ အမြုတေစိတ်ဝိညာဥ်များဖြင့် တိုက်ခိုက်မှုကို မပြုလုပ်ကြခြင်းဖြစ်လေသည်။

မဟူရာဝံပုလွေနှင့် ချန်ရူယီ၏ ဓမ္မစွမ်းအားများသည် ခမ်းခြောက်သွားပြီဖြစ်၍ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရ၏။ သူတို့က ယခုချိန်တွင် သူတို့၏ အမြူတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်များနှင့်အတူ အသေအကြေတိုက်ခိုက်ချင်သည်ဆိုလျှင်တောငိ သူတို့က ထိုသို့လုပ်ဖို့ အင်အားမကျန်ရှိတော့ပေ။

သို့သော်လည်း အပြောင်းအလဲတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

ထိုအပြောင်းအလဲက အလွန်ကြီးမား၍ တိုက်ပွဲတစ်ခုလုံး၏ ဒီရေကိုပင် ပြောင်းလဲသွားစေလေသည်။

သူတို့က အရေးနိမ့်သော အခြေအနေမှာရှိလာခဲ့ကြ၏။ ယခုချိန်တွင် သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်များကိုပင် ထုတ်သုံးဖို့ထိ ဖိအားပေးခြင်းခံလာရ၏။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် လေထဲမှာရပ်၍ ဆူဇီမိုကို အေးစက်စွာဖြင့် စိုက်ကြည့်နေကြ၏။ သူတို့၏ အကြည့်များသည် သေလူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။

တိုက်ပွဲ၏ ဤအဆင့်အရောက်၌ ဆူဇီမိုသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်သော်လည်း သူ၏မျိုးဆက်သွေးက သေချာပေါက် ထူးခြားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က သန်မာကြောင်းကို သူတို့က ကောက်ချက်ချနိုင်ခဲ့ပြီး ဖြစ်၏။

သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ​ ​ဘယ်လိုပင်သန်မာပါစေ သူသည် အမြုတေစိတ်ဝိညာဥ် တိုက်ခိုက်မှုများနှင့် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်ပညာရပ်များကို ခုခံနိုင်စရာအကြောင်းမရှိပေ။

ဒါ့အပြင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၉ ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြခြင်းဖြစ်၏။

သူက ဘယ်လိုအပြောင်းအလဲကို ဖန်တီးနိုင်သည် ဖြစ်ပါစေ သူက ယခုချိန်တွင်တော့ သတ်ဖြတ်ခြင်းကို ခံရပေတော့မည်။

တစ်ကိုယ်တော်တိမ်စိုင်သည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင်အတူ ဆူဇီမိုကို စိုက်ကြည့်နေ၏။

တစ်ကယ်တော့ သူ့ရင်ထဲတွင် သူက ဆူဇီမိုကို သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ဖိနှိမ်ပြီး ထိုသူကို သူ၏ အစီးအနင်းအဖြစ် နှိမ်နင်းချင်မိလေသည်။

ထိုသူပိုင်ဆိုင်သော နဂါးမျိုးနွယ်မှ ရတနာကိုလည်း သူကိုယ်တိုင်ပင် ရယူပိုင်ဆိုင်ချင်လေသည်။

သို့သော်လည်း ဤအချိန်မှာတော့ သူ၏ဆန္ဒများက ပြည့်ဝတော့မည်မဟုတ်ပေ။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်များ၏ တိုက်ခိုက်မှုတွင် ဤလူက သေချာပေါက် သေဆုံးရပေတော့မည်။

သူက နဂါးမျိုးနွယ်မှ ရတနာကို ရယူချင်သည်ဆိုလျှင်တောင် သူသည် မဟူရာသဲ​တောင်ရိုး၊ ဆိုင်ကလုန်းလိုဏ်ဂူတို့နှင့် ခါးသီးသော တိုက်ပွဲတစ်ခုကို ဆင်နွှဲရပေတော့မည်။

All Chapters