အမြုတေစိတ်ဝိညာဥ်တိုက်ပွဲ
Vol. 56 Ch. 831
ဆူဇီမိုသည် သုန်မှုန်နေသော အမူအရာဖြင့် လေထဲမှာမတ်တတ်ရပ်နေ၏။
တစ်ကယ်လည်း ဤအချိန်သည် သူ့အတွက် အန္တရာယ်အများဆုံးအချိန် ဖြစ်လေသည်။
သူ၏မျိုးဆက်သွေးက ကြောက်စရာကောင်းပြီး သူ၏ ကိုယ်ကာယက သန်မာလေသည်။ သူကျင့်ကြံထားသော ဓမ္မပညာရပ်များကပင်လျှင် ထိပ်တန်းအဆင့်များဖြစ်ပြီး အင်မော်တယ်နှင့် ဗုဒ္ဓတာအိုများမှ ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်များဖြစ်ကြလေသည်။
သို့သော်လည်း သူ၏မျိုးဆက်သွေးနှင့် ကိုယ်ကာယက ဘယ်လိုပင် သန်မာပါစေ သူတို့က အမြုတေစိတ်ဝိညာဥ်များ၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုတစ်ခုတွင် သူ၏ ကိုယ်ကာယက ထိခိုက်ဒဏ်ရာ ရရှိလိမ့်မည် မဟုတ်ပေ။ အဲ့ဒါက သူ၏ အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်ဖြစ်လေသည်။
အမြုတေစိတ်ဝိညာဥ်များကြား တိုက်ပွဲတစ်ခုတွင် အမြုတေစိတ်ဝိညာဥ်ကသာလျှင် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ပေလိမ့်မည်။
အဲ့ဒီမှာ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်ခြင်းကို ဖော်ဆောင်နိုင်သော အလွန်ရှားပါးသည့် အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်အချို့လည်းရှိလေသည်။
ဒါ့အပြင် ဆူဇီမိုသည် အစောပိုင်းနိုးထဝိညာဥ်အဆင့်မှာသာလျှင် ဖြစ်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပေါင်းစပ်လိုက်လျှင်တောင် သူက မိစ္ဆာသားရဲ ၉ ယောက်၏ အမြုတေစိတ်ဝိညာဥ်များနှင့် နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ဤအကျပ်အတည်းကို ဖြတ်ကျော်နိုင်မှာသာလျှင် လရောင်ငိုကြွေးတောင်၏ အခက်အခဲကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နားလည်လိုက်၏။
သေရေးရှင်ရေးနှင့် ကြုံတွေ့ရသော အန္တရာယ်များသည့် ဤအခိုက်အတန့်တွင် ဆူဇီမိုက ဆိုင်းမဆင့် ဘုံမဆင့် တစ်စုံတစ်ရာကို ပြုလုပ်လိုက်၏။ သူက သူ၏မျက်လုံးနှစ်ဖက်ကို ရုတ်တရက် မှိတ်ချလိုက်ခြင်းဖြစ်လေသည်။
သားရဲများအားလူံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
သူတို့အတွက်တော့ ဆူဇီမို၏ အပြုအမူသည် အလျှော့ပေးလိုက်ခြင်းနှင့်တူပြီး သူကစိတ်ကို ဒုန်းဒုန်းချကာ သေခြင်းတရားကို စောင့်စားလိုက်သည်နှင့်တူလေသည်။
သားရဲများမသိကြသည်မှာ ဆူဇီမိုသည် သူ၏မျက်လုံးကို မှိတ်လိုက်ရုံသာမက သူ၏ အာရုံခြောက်ပါးကိုပါ ကန့်သတ်ချုပ်နှောင်လိုက်လေသည်။
ဤအခိုက်အတန့်တွင် သူ၏ စိတ်က တည်ငြိမ်သွားလေသည်။
သူသည် စကြာဝဠာနှင့် ဆက်သွယ်နိုင်သော အဆင့်သို့ ဝင်ရောက်ပြီး သူ၏ ခန္ဓာကိုယ်က လုံးဝ ပျောက်ကွယ်သွားသည့်အလားပင်။
ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်ပေါ်တွင် လုံးလုံး လျားလျား မှီခို၍ သူ၏ ဘေးပတ်လည်ရှိ အရာရာတိုင်းကို အာရုံခံလိုက်၏။
သူ၏ အာရုံမှတစ်ဆင့် စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှု ၉ ခုက ပုံသဏ္ဌာန်အမျိုးမျိုး ယူထားကြလေသည်ကို သိရှိလိုက်၏။ အဲ့ဒါက မြွေနဂါးတစ်ကောင် ၊ ကင်းမြီးကောက်တစ်ကောင် ၊ သွေးလင်းနို့တစ်ကောင်….. အကုန်လုံးသည် မတူညီသော ဘက်များကနေ ချက်ချင်းဝင်ရောက်လာကြ၏။
စိတ်ဝိညာဥ်အသိစိတ် ၄ ခုသည် ကျန်အရာများထက် သိသိသာသာ ပိုမိုသန်မာလေသည်။
ထိုစိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှု ၄ ခုသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်ပညာရပ်များကို ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း ဆူဇီမိုက နားလည်လိုက်၏။ အခြားသော ၅ ခုကတော့ သာမန်စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုများသာလျှင် ဖြစ်၏။
သူ၏ စိတ်ဝိညာဥ်အသိစိတ်အတွင်းတွင် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်သည် မတ်တတ်ရပ်၍ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်အနားသို့ ချဥ်းကပ်ကာ အတူတကွ ပေါင်းစည်းလိုက်ကြ၏။
ဤကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ခုခံဖို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ စိတ်ဝိညာဥ်အမြုတေနှစ်ခုကို ပေါင်းစည်းဖို့ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ အတွေးတစ်ချက်နှင့်အတူ ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်မှ ရွှေရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာ၏။ သူတို့က နတ်ဘုရားဆန်သော အလင်းဖြင့် တောက်ပနေပြီး သူ၏ခန္ဓာကိုယ်ပတ်လည်တွင် မဖျက်ဆီးနိုင်သော ရွှေရောင်အကာအရံ အလွှာတစ်ခုကို ဖန်တီးလိုက်လေသည်။
ထိုအကာအရံအလွှာက ဓမ္မပညာရပ်များနှင့် လက်နက်များကို ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း အဲ့ဒါက စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုများကို ခုခံနိုင်လေသည်။
တစ်ချိန်တည်းနီးပါးမှာပင် စိတ်ဝိညာဥ်အသိစိတ် ၉ ခု၏ တိုက်ခိုက်မှုက ရွှေရောင်အလင်းပေါ်သို့ ကျရောက်လာ၏။
ရေမျက်နှာပြင်ကဲ့သို့ ရွှေရောင်အကာအရံ အလွှာပေါ်တွင် ဝဲဂယက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
သာမန် စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှု ၅ ခုသည် ရပ်တန့်သွားခဲ့၏။
သို့သော်လည်း အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်၏ စွမ်းအားပါဝင်သော ၄ ခုသည် ရွှေရောင်အကာအရံကို ရိုက်ခတ်၍ ကျယ်ပြန့်သော ဝဲဂယက်များကို လျှင်မြန်စွာ ဖြစ်ပေါ်လာစေသည်။
ရွှေရောင်အကာအရံသည် မင်းဝမ်ဆုတောင်းပုတီးမှ ထွက်ပေါ်လာခြင်းဖြစ်၏။
မင်းဝမ်ဆုတောင်းပုတီးသည် တာမင်းကျောင်းတော်၏ အခြေခံအုတ်မြစ်အဖြစ် ရပ်တည်ခဲ့သော ရတနာတစ်ခုဖြစ်လေသည်။
အဲ့ဒါက ၎င်းအစစ်အမှန်စွမ်းအား၏ အမြင့်ဆုံး အတိုင်းအတာမဟုတ်ပေ။
ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်ရှိ မင်းဝမ်ဆုတောင်း ပုတီးကုံးသည် ယခုအခါ ပျက်စီးထားသော လက်နက်တစ်ခုဖြစ်နေ၏။
ဒါ့အပြင် ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျသေးပြီး သူက ဤဓမ္မလက်နက်ကို အပြည့်အဝ သန့်စင်ထားနိုင်ခြင်း မရှိသေးပေ။
သူက အလွန်ဆုံး ၎င်းစွမ်းအား၏ ၃၀ ရာခိုင်နှုန်းကိုသာ အသုံးချနိုင်သေးလေသည်။
တစ်ခဏအတွင်းမှာပင် ရွှေရောင်အကာအရံက ကြေမွသွား၏။
မင်းဝမ်ဆုတောင်းပုတီးက အရောင်မှိန်ကျသွားလေသည်။
စိတ်ဝိညာဥ်အသိစိတ် ၄ ခုသည် ဆူဇီမို၏ ခန္ဓာကိုယ်ဆီ ပြေးဝင်သွားပြီး ရိုင်းစိုင်းကြမ်းကြုတ်၍ ဆာလောင်သော တောကောင်များကဲ့သို့ ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ထဲသို့ ဝင်ရောက်လာကြလေသည်။
ထိုထဲတွင် မဟူရာသဲတောင်ရိုး ၊ ဆိုင်ကလုန်းလိုဏ်ဂူနှင့် တစ္ဆေမြစ်၏ ပိုင်နက်အရှင်များထံမှ စိတ်ဝိညာဥ်အသိ စိတ်များပါဝင်လေသည်။
သူ၏ စိတ်ဝိညာဥ်အသိစိတ်အတွင်းရှိ အမြုတေစိတ်ဝိညာဥ်နှစ်ခုက ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီဖြစ်၏။
အစိမ်းရောင်ကြာခုံပေါ်တွင် အသစ်စက်စက်ဖြစ်ပေါ်လာသော အမြုတေစိတ်ဝိညာဥ်သည် တင်ပျဉ်ခွေထိုင်နေ၏။ သူက အေးစက်စက် အမူအရာတစ်ခုရှိနေပြီး သူ၏ ဆံပင်တစ်ခြမ်းက အနီရောင်ဖြစ်၍ တစ်ခြမ်းက အနက်ရောင်ဖြစ်၏။ သူ၏ ဘယ်ဘက်မျက်လုံးက သွေးနီရောင်ဖြစ်ပြီး ညာဘက်မျက်လုံးက နက်မှောင်နေလေသည်။
အဲ့ဒါက ကလေးငယ်တစ်ယောက်၏ ပုံသဏ္ဌာန်ဖြစ်သော်လည်း ၎င်းထံမှ ဝင့်ကြွားသောအော်ရာတစ်ခုနှင့် သမိုင်းတစ်လျှောက် ရှင်သန်ခဲ့ရသော လွှမ်းမိုးခြယ်လှယ်မှုတစ်ခုက ဖြာထွက်နေ၏။
စိတ်ဝိညာဥ်အသိစိတ် ၄ ခု၏ ကျူးကျော်ဝင်ရောက်လာမှုကို အာရုံခံမိသည့် ခဏမှာပင် ထိုအမြုတေစိတ်ဝိညာဥ်က မတ်တတ်ထရပ်လိုက်၏။ သူ၏ ဘေးပတ်လည်ရှိ စိတ်ဝိညာဥ်အသိစိတ်သည် သမုဒ္ဒရာတစ်စင်းကဲ့သို့ စုစည်းသွားသည့်အလား ထင်ရပြီး တဖျတ်ဖျတ်တလက်လက် အလင်းများဖြင့် ဝင်းထိန်တောက်ပလာလေသည်။
"ထွက်သွားစမ်း..."
စိတ်ဝိညာဥ်အသိစိတ်က ကြာခုံပေါ်တွင် မတ်တတ်ထရပ်ပြီး ဟိန်းဟောက်လိုက်၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်အတွင်းတွင် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများက ဖြစ်ပေါ်လာလေသည်။
ဘုန်း..
အစိမ်းရောင်ကြာခုံကိုဗဟိုပြု၍ စွမ်းအားကြိးသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ဖြာထွက်သွားလေသည်။
စိတ်ဝိညာဥ်အသိစိတ် ၄ ခုသည် ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်နှင့် ရိုက်ခတ်မိသွားကြ၏။
ဝင်ရောက်လာသော စိတ်ဝိညာဥ်အသိစိတ် နှစ်ခုက ထိုထဲတွင် ချက်ချင်းနစ်မြုပ်သွားလေသည်။
ကျန်ရှိနေသော စိတ်ဝိညာဥ်အသိစိတ်နှစ်ခုသည် တစ်မူထူးခြားစွာ ကြမ်းကြုတ်ပြီး ဒီရေလှိုင်းများကို တစ်လွှာပြီးတစ်လွှာ ထိုးဖောက်၍ ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ကို ဝါးမျိုဖို့ ကြိုးစားလိုက်ကြ၏။
သူတို့ထဲမှ တစ်ခုသည် သွေးနီရောင်မျက်လုံးများနှင့် မသတီစရာကောင်းသော လင်းနို့တစ်ကောင်ဖြစ်လေသည်။ သူ၏ ပါးစပ်ကိုဟ၍ ထက်ရှသော အစွယ်များကို ထုတ်ပြပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုဖို့ကြိုးစားလိုက်၏။
ရုတ်တရက်ဆိုသလို...
ကြာခုံပေါ်ရှိ စိမ့်ပေါက် ၉ ခုမှ ရောင်ခြည်အလင်း ၉ ခုက ထွက်ပေါ်လာပြီး လှပသော စက်ဝန်းပိုင်းများသဏ္ဌာန်ဖြင့် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ပတ်လည်မှာ အဆက်မပြတ် လည်ပတ်လိုက်၏။
ဖောက်ဖောက်ဖောက်....
ရောင်ခြည်အလင်း ၉ ခုသည် သွေးလင်းနို့ကို အဆက်မပြတ် ရိုက်ခတ်လိုက်၏။
ရောင်ခြည်အလင်း ၉ ခုက ပျက်ပြယ်သွားပြီဖြစ်သော်လည်း သွေးလင်းနို့၏ ကိုယ်ပေါ်တွင် အပေါက်များကလည်း တစ်ပေါက်ပြီးတစ်ပေါက် ဖြစ်ပေါ်လာ၏။
၎င်းက ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ဆီသို့ မရောက်ခင်မှာဘဲ သွေးလင်းနို့ အမြုတေစိတ်ဝိညာဥ်က ပျက်ပြယ်သွားရလေသည်။
တစ်ခဏအတွင်းမှာပင် စိတ်ဝိညာဥ်အသိစိတ် တစ်ခုကသာလျှင် ကျန်ရှိတော့လေသည်။
ဤစိတ်ဝိညာဥ်အသိစိတ်သည် လက်မအရွယ် မြွေနဂါးတစ်ကောင်ဖြစ်ပြီး စွမ်းအားအကြီးဆုံး ဖြစ်လေသည်။ သူက တစ်လမ်းလုံး ပြေးဝင်လာပြီး နောက်ဆုံးမှာတော့ ချဥ်းကပ်လာခဲ့လေပြီ။
အဲ့ဒါက တစ္ဆေမြစ်၏ ပိုင်နက်အရှင် တစ်ကိုယ်တော်တိမ်စိုင်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်ပင် ဖြစ်လေသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ပေါ်ရှိ ဆံပင်ရှည်များက လေမတိုက်ဘဲ ကခုန်နေ၏။
၎င်း၏ အနက်ရောင်မျက်လုံးနှင့် အနီရောင်မျက်လုံးတို့ထံမှ နတ်ဘုရားဆန်ဆန် အလင်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
ချက်ချင်းပင် အမြုတေစိတ်ဝိညာဥ်၏ ကိုယ်ပေါ်တွင် သွေးနီရောင်ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းကို တင်းကျပ်စွာရစ်ပတ်လိုက်၏။
အဲ့ဒါက စိတ်ဝိညာဥ်အသိစိတ်၏ နဂါးကြေးခွံပင် ဖြစ်လေသည်။
အဲ့ဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံခြင်းမှ ဖြစ်ပေါ်လာသော တစ်စုံတစ်ရာဖြစ်လေသည်။
စိတ်ဝိညာဥ်အသိစိတ် နဂါးကြေးခွံများနှင့်အတူ ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် နိုးထဝိညာဥ်အဆင့်မှာပင် အပြင်လောကသို့ ကျက်စားသွားလာနိုင်ခဲ့၏။
မြွေနဂါးစိတ်ဝိညာဥ်အသိစိတ်သည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကို သူ၏ဝမ်းဗိုက်ထဲသို့ ကြမ်းကြုတ်စွာ ဝါးမျိုလိုက်၏။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် မြွေနဂါးစိတ်ဝိညာဥ်အသိစိတ်သည် ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်အတွင်းမှာ ထွန့်ထွန့်လူးသွားလေသည်။
မြွေနဂါးစိတ်ဝိညာဥ်အသိစိတ်၏ ကိုယ်ထဲမှ သွေးနီရောင် ရောင်ခြည်အလင်းများက လျှံထွက်လာပြီး သိပ်သည်းစုဖွဲ့ကာ တဖြည်းဖြည်း ပို၍ ရှင်းလင်းလာ၏။
နောက်ဆုံးမှာတော့ မြွေနဂါးသည် မီးတောက်များဖြင့် လောင်ကျွမ်းလာလေသည်။ တစ်ခဏအတွင်းမှာပင် အဲ့ဒါက ဘာမှမကျန်အောင် ပျောက်ကွယ်သွားလေ၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က တစ်ဖန်ပြန်ပေါ်လာပြီး အဲ့ဒါက သိသိသာသာ အရောင်မှေးမှိန်နေ၏။ ၎င်းက စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရသည်မှာ သိသာလေသည်။
သို့သော်လည်း ထိုအမြုတေစိတ်ဝိညာဥ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။
၎င်းသည် စိတ်ဝိညာဥ်အသိစိတ် ၉ ခု၏ တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်၏။
အဲ့ဒါကို လုပ်ဆောင်ဖို့အတွက် သူသည် ဝှက်ဖဲများစွာကို ထုတ်သုံးခဲ့ရလေသည်။
အဲ့ဒါက မင်းဝမ်ဆုတောင်းပုတီးနှင့် စိတ်ဝိညာဥ်အသိစိတ်နဂါးကြေးခွံအပြင် ဖန်တီးခြင်းကြာပဒုမ္မာကနေ ထွက်ပေါ်လာသော ရောင်ခြည်အလင်း ၉ ခုလည်း ပါဝင်လေသည်။
အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ဂမ္ဘီရဆန်သော စွမ်းပကားတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၆ လအတွင်း ဆူဇီမိုက အဲ့ဒါကို ရှာဖွေတွေ့ရှိခဲ့၏။
လရောင်ငိုကြွေးတောင်၏ ကောင်းကင်ထက်တွင် ဆူဇီမိုသည် သူ၏ မျက်လုံးများကို ဖွင့်ပြီး ခပ်ယဲ့ယဲ့အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ့ကို ဝိုင်းပတ်ထားကြသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၉ ယောက်သည် သူတို့၏ ဝိညာဥ်များကို ပျောက်ဆုံးသွားသည့်အလား ငေးငိုင်နေသော အမူအရာများဖြင့်ရှိနေကြ၏။
သားရဲများအားလုံးက တွေဝေရှုပ်ထွေးနေကြလေသည်။
အမြုတေစ်ိတ်ဝ်ိညာဥ်များ၏ တိုက်ခိုက်မှုက ပြောရသည်မှာ ကြာသော်လည်း အရာရာတိုင်းက တစ်ခဏအတွင်းမှာ ဖြစ်ပျက်ခဲ့လေသည်။
သားရဲများမြင်လိုက်ရသော တစ်ခုတည်းသော အရာမှာ နတ်ဘုရားဆန်ဆန် အလင်း ၉ ခုက ဆူဇီမိုထံသို့ တိုးဝင်သွားခြင်းဖြစ်၏။ သူတို့ထဲမှ အချို့သည် ပျက်ပြယ်သွားပြီး လေးခုကတော့ ဆူဇီမို၏ နဖူးထဲသို့ ဝင်ရောက်သွားလေသည်။
ထို့နောက်ချက်ချင်းပင် ကမ္ဘာလောကက တိတ်ဆိတ်သွားလေသည်။
ဆူဇီမိုသည် ခပ်ယဲ့ယဲ့အပြုံးတစ်ခုနှင့်အတူ သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။
အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၉ ယောက်က အံ့အားသင့် မှင်သက်နေကြ၏။
သူတို့က ရှုံးနိမ့်သွားတာများလား...
အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၉ ယောက်သည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ပူးပေါင်းပြီး တိုက်ခိုက်တာတောင် ဤလူကို မသတ်ဖြတ်နိုင်ဘူးလား။
မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် ပျက်ယွင်းသော အမူအရာများရှိနေကြ၏။
တစ်ကယ်ဆို သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များက ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် ခဏမှာပင် သူတို့က အဲ့ဒါနဲ့ ဆက်သွယ်ချက်ကို ဆုံးရှုံးသွားပြီဖြစ်၏။ အထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သူတို့က မသိနိုင်တော့ပေ။
တစ်ကိုယ်တော်တိမ်စိုင်၏ စိတ်ဝိညာဥ်အသိစိတ်က နောက်ဆုံးမှ ပျက်ပြယ်သွားခဲ့လေသည်။ ဆူဇီမို၏ နဖူးမှတစ်ဆင့် သူသည် နဂါးမျိုးနွယ်၏ အော်ရာဖျော့ဖျော့ကို အာရုံခံမိလိုက်၏။
"အဲ့ဒါကို ငါသိပြီ..."
"နဂါးမျိုးနွယ်ရဲ့ အဲ့ဒီရတနာက အဲ့ဒီလူရဲ့ စိတ်ဝိညာဥ်အသိစိတ်ထဲမှာ ဝှက်ထားတဲ့ စိတ်ဝိညာဥ်အသိစိတ် ဓမ္မလက်နက်တစ်ခုဘဲ ဖြစ်ရမယ်"
တစ်ကိုယ်တော်တိမ်စိုင်က သူ့ဘာသာသူ အတွေးပေါက်သွားခဲ့လေသည်။