← Chapters

အစစ်အမှန်နဂါးတစ်ကောင် ပေါ်ထွက်လာခြင်း

Vol. 56 Ch. 832

အစစ်အမှန်နဂါးတစ်ကောင် ပေါ်ထွက်လာခြင်း

Vol. 56 Ch. 832

မိစ္ဆာသားရဲ ၉ယောက်သည် တုန်လှုပ်ချောက်ချားနေပြီး သူတို့၏ ငေးငိုင်နေရာကနေ ရုန်းထွက်မလာနိုင်ကြပေ။

သို့သော်လည်း ဆူဇီမိုကတော့ တိုက်ခိုက်လိုက်ပြီဖြစ်၏။

တိုက်ပွဲ၏ ဤအဆင့်အရောက်တွင် အလယ်အလတ်အဆင့်ရှိ မိစ္ဆာသားရဲ ၉ယောက်က သူ့အတွက် ခြိမ်းခြောက်ဖွယ်ရာ မဟုတ်တော့ပေ။

ဝေါ..

ဆူဇီမိုသည် သူ၏သွေးချီကို လှည့်ပတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ ဆူနာမီအသံများက ကြောက်မက်ဖွယ်ရာပုံစံဖြင့် တလိပ်လိပ်တက်လာလေသည်။

ထိုအသံကို ကြားသောအခါ.. သားရဲများသည် တုန်လှုပ်သွားကြ၏။

ဆူနာမီသွေး..။

သူက သူ၏မျိုးဆက်သွေးကို မျိုးဆက်သွေး၏ အကန့်အသတ်အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်က သုန်မှုန်နေသော အမူအရာတစ်ခု ရှိနေ၏။

သူသည် မြင့်မြတ်သော မျိုးဆက်သွေးနှင့်အတူ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်သော်လည်း သူက ဤအဆင့်အထိရောက်အောင် မကျင့်ကြံနိုင်ခဲ့သေးပေ။

ရွှစ်..

ဆူဇီမိုသည် နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူ၏အရှိန်က မြန်ဆန်လွန်းသောကြောင့် လေထဲတွင် နောက်ချန်ပုံရိပ်များကိုသာ မြင်တွေ့ရလေသည်။

ဘန်း..

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်သည် ခဏမျှ စိတ်အာရုံပျက်ယွင်းသွားပြီးနောက် မွှေနှောက်ဖျက်စီးနိုင်သော စွမ်းအားတစ်ခုကို ခံစားမိကာ သူ၏ခန္ဓာကိုယ်က ချက်ချင်းပင် လွင့်စင်ထွက်သွား၏။

သူက လေထဲမှာ ရှိနေစဉ်မှာပင် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး ချက်ချင်း နီစွေးသွားလေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်က ကျဆုံးသွားခဲ့လေပြီ။

အဲဒီမှာ ၈ယောက် ကျန်ရှိနေသေး၏။

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်သည် အေးစက်စက်အကြည့်တစ်ခု ရှိနေပြီး အဆိပ်များဖြင့် ပြည့်လျှမ်းနေသော သူ၏ ထက်ရှသည့် ကင်းမြီးကောက်အမြီးကို ဝှေ့ယမ်းလိုက်၏။ သူက ဆူဇီမိုထံသို့ ပြေးဝင်သွားပြီး အော်ဟစ်လိုက်လေသည်။

“သတ်”

“ဒီလူက နဖူးက ခြေဖျားအထိ ရတနာတွေနဲ့ ပြည့်နှက်နေတာ.. သူ့ကို သေအောင်သတ်နိုင်မယ်ဆိုရင် ငါတို့အတွက် အခွင့်အလမ်းတစ်ခု ရောက်လာလိမ့်မယ်”

ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်ကလည်း အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဘာကိုမှ မပြောဘဲ တိမ်လွှာတစ်ခုကို စီးနင်းကာ ဆူဇီမိုထံသို့ ဟိန်းဟောက်၍ ပြေးဝင်လိုက်၏။

ပိုင်နက်အရှင်သုံးယောက်၏ ဦးဆောင်မှုအောက်တွင် ကျန်ရှိနေသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၅ယောက်ကလည်း ရှေ့သို့တစ်ဖန် ထိုးတက်လာလေသည်။

ဘန်း.. ဘန်း.. ဘန်း..

ဧရာမ မိစ္ဆာသားရဲ ၈ယောက်က ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။

သူတို့၏အလယ်တွင် ဆူဇီမိုက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ မနှိုင်းယှဉ်သာအောင် သေးငယ်နေ၏။

သို့သော်လည်း.. သူ၏လှုပ်ရှားမှု တစ်ခုစီတိုင်းသည် သွေးချီ၏ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူက မိစ္ဆာသားရဲ ၈ယောက်ကို ပြီးပြည့်စုံစွာ တန်ပြန်တိုက်ခိုက်နိုင်လေသည်။

မည်သည့် မိစ္ဆာသားရဲကမှ သူ၏အနီးကပ် တိုက်ခိုက်ရည်ကို မယှဉ်နိုင်ကြပေ။

လေထဲတွင် ပုံရိပ်များက ယှက်ဖြာသွားပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်လှုပ်ရှားလိုက်ကြ၏။ တိုက်ခိုက်မှုတစ်ချက်စီ ဖလှယ်ပြီးနောက် မိစ္ဆာသားရဲ ၈ယောက်သည် သူတို့၏အရိုးများက ကျိုးပဲ့ကုန်သည့်အလား ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များက ကွဲထွက်ကုန်ပြီဟု ထင်လိုက်ရလေသည်။

တစ်ကိုယ်တော်တိမ်စိုင်က ပို၍ပင် ဆိုးဆိုးရွားရွားပုံပေါက်နေ၏။

သူသည် မကျေမချမ်းနှင့် ရှေ့သို့ပြေးဝင်သွားပြီး ဆူဇီမိုနှင့် ထိုးချက်နှစ်ချက်စီ ရင်ဆိုင်လိုက်ကြ၏။ နောက်ဆုံးမှာတော့ သူ၏လက်သည်းအချို့က ကျိုးပဲ့သွားပြီး မခံမရပ်နိုင်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။

“မဟူရာသဲကြတ်ခြင်း”

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က မာန်ဖီလိုက်၏။

သူ၏အမြုတေစိတ်ဝိညာဉ်ကို အကန့်အသတ်အထိ လှည့်ပတ်လိုက်ပြီး ကင်းမြီးကောက်မျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ဘေးပတ်လည်တွင် မဟူရာသဲမုန်တိုင်းတစ်ခုက ရုန်းကြွလာပြီး ကောင်းကင်တခွင် လွှမ်းခြုံသွားလေသည်။

ထိုသဲများက ကြည့်လိုက်လျှင်တော့ သာမန်ဟုသာ ထင်ရ၏။

သို့သော်လည်း.. သဲမှုန်တစ်ခုစီတိုင်းသည် ဓမ္မစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြင်းထန်သော အဆိပ်ဓာတ်ကို ပိုင်ဆိုင်ထား၏။

သာမန်သားရဲတောကောင်များက ထိုမဟူရာသဲ၏ တိုက်စားခြင်းကို ခံရမည်ဆိုလျှင် သူတို့သည် နက်မှောင်နေသော အရိုးစုများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး သူတို့၏အသားများက ၁၀ စက္ကန့်အတွင်း ပုပ်သိုးဆွေးမြေ့သွားပေလိမ့်မည်။

ယခင်က မဟူရာသဲတောင်ရိုး၏ သခင်လေးသည်လည်း ထိုသားရဲပညာရပ်ကို ထုတ်ဖော်ခဲ့ဖူးလေသည်။

သို့သော်လည်း.. ဆူဇီမိုက သူ့ပေါ်တွင် ခြစ်ရာတစ်ခုပင် မထင်စေဘဲ အဲဒါကို ပယ်ဖျက်နိုင်ခဲ့၏။

မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်က အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ပင်ဖြစ်သော်လည်း သူ၏သားရဲပညာရပ်မှ ဓမ္မစွမ်းအားသည် ပို၍သန်မာပြီး ၎င်း၏စွမ်းအားက အဆင့်တစ်ဆင့် ပိုမြင့်သည်မှာ သိသာလေသည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှုအပြီး၌ သူ၏အမြုတေစိတ်ဝိညာဉ် နှစ်ခုစလုံးက ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး သူ့အနေနှင့် ခုခံဖို့အတွက် ဓမ္မပညာရပ်တစ်ခုခုကို ထုတ်ဖော်နိုင်ဖို့က ခက်ခဲသွားလေပြီ။

သို့သော်လည်း.. မဟူရာသဲကြတ်ခြင်းသည် အလွန်တရာ အားကောင်းပြင်းထန်ပြီး သူ၏ခန္ဓာကိုယ်သက်သက်ဖြင့် အဲဒါကို ခုခံမည်ဆိုလျှင် သူက ဒဏ်ရာရရှိသွားနိုင်လေသည်။

ဆူဇီမို၏မျက်လုံးထဲတွင် ပြတ်သားသည့် အရိပ်တစ်ခုက ဖျတ်ခနဲ ပေါ်လာ၏။

“ကိစ္စက ဒီလိုဆိုမှတော့.. ငါက မင်းတို့ကို အဆုံးသတ်ပေးရတော့မှာပေါ့”

ဆူဇီမိုက ခေါင်းကိုမော့၍ ဟိန်းဟောက်လိုက်၏။

“ငါက ဘာလုပ်နိုင်သေးလဲဆိုတာ မင်းတို့ကို ပြပေးမယ်”

သူ့စကား မဆုံးသေးခင်မှာပင် သွေးနီရောင် သားရဲချီများက သူ့ကိုလှည့်ပတ်လာပြီး ရှေးဟောင်းသားရဲများကို တစ်ကောင်ပြီးတစ်ကောင် လျင်မြန်စွာ ဖန်တီးဖြစ်ပေါ်လာစေ၏။ အဲဒါက တုန်လှုပ်ချောက်ချားဖွယ်ရာ အကြည့်များနှင့်အတူ အသက်ဝင်နေပြီး ကြောက်စရာကောင်းသည့် အစွယ်များနှင့် လက်သည်းများကို​ ပိုင်ဆိုင်ထား၏။

အဲဒါက.. နွားရိုင်း၊ ကျောက်တုံးဝက်ဝံ၊ မျှော်လင့်ချက် မျောက်ဝံ၊ အနာကွန်ဒါ၊ နတ်မြင်း၊ ငရဲကျားနှင့် တိမ်လွှာကျားသစ်တို့ ဖြစ်လေသည်။

သားရဲ ၇ကောင်သည် အရွယ်အစားအားဖြင့် အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ရာ အော်ရာများ ရှိနေကြ၏။ သူတို့ထဲမှ အချို့သည် ပေတစ်ရာကျော်အထိ မြင့်မားပြီး သူတို့ထဲမှ အချို့က ပေတစ်ရာကျော်အထိ ရှည်လျားလေသည်။ သူတို့အားလုံးသည် ခက်ထန်ကြမ်းကြုတ်နေပြီး သွေးနီရောင်မျက်လုံးများနှင့်အတူ အရှေ့သို့ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။

ရှေးဟောင်းသားရဲ ၇ကောင်၏အလယ်တွင် ဆူဇီမို၏အရွယ်အစားက များစွာပို၍ သေးငယ်သွားသော်လည်း သူက လောက၏ အနှိုင်းမဲ့အုပ်ချုပ်သူတစ်ယောက်အလား ထင်လာရလေသည်။

“အဲဒါက ဘာကြီးလဲ”

“အဲဒီသားရဲတောကောင်တွေက ဘယ်ကပေါ်လာတာလဲ”

“ဘုရားရေ.. ဒီလူရဲ့ အစစ်အမှန်ပုံစံက ဘာလဲ.. အဲဒီမှာ သားရဲတောကောင်တွေက ဘာလို့ အဲ့လောက်များနေရတာလဲ”

လရောင်ငိုကြွေးတောင်၏ အထက်နှင့်အောက်မှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာ၏။

မိုးကောင်းကင်အောက်တွင် သားရဲ ၇ကောင်သည် လေထဲမှာရပ်ပြီး လူတိုင်းကို စိုက်ကြည့်နေ၏။ သူတို့က ထာဝရရှင်သန်ခဲ့ကြပြီး အချိန်ကာလကို ဆန့်ကျင်၍ ဤနေရာသို့ ရောက်ရှိလာသည့်အလားပင်။

သားရဲများက တုန်လှုပ်ချောက်ချားသွားကြ၏။

လက်ရှိသားရဲတောကောင်များသည် မျိုးဆက်သွေးနယ်မြေတစ်ခုကို တွေ့ကြုံဖူးခြင်း၊ မှတ်မိခြင်း မရှိကြပေ။

တစ်ကိုယ်တော်တိမ်စိုင်သာလျှင် သူ့မှတ်ဉာဏ်များ၏ အနက်ပိုင်းထဲမှ ဖော်ပြချက် တစွန်းတစကို စုစည်းလိုက်၏။ ချက်ချင်းပင် သူ၏မျက်နှာက မနှိုင်းယှဉ်သာအောင် ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး သူ့ပုံစံက ထိတ်လန့်တကြား ဖြစ်လာလေသည်။

“သွေးလင်းနို့ အသံလှိုင်းစက်ကွင်း”

ဆိုင်ကလုန်းလိုဏ်ဂူမှ ပိုင်နက်အရှင်၏မျက်လုံးများသည် အနီရောင်သမ်းသွားပြီး ခက်ထန်ကြမ်းကြုတ်လာ၏။ သူက ဆက်လက်၍ မချုပ်တီးနိုင်တော့ဘဲ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။

အသံလှိုင်းစက်ကွင်းသည် လင်းနို့မျိုးနွယ်၏ တစ်မူထူးခြားသော လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်လေသည်။

တစ်ယောက်ယောက်က ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ အငိုက်မိသွားမည်ဆိုလျှင် ထိုလျှို့ဝှက်ပညာရပ်က ထွက်ပေါ်လာသည့်ခဏမှာပင် သူတို့၏နားစည်များက ကြေမွသွားမည်ဖြစ်၏။

တကယ်ဆို အားနည်းသော သားရဲတောကောင်များသည် အသံလှိုင်းစက်ကွင်း၏ ရိုက်ခတ်မှုတွင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကပါ ဖျက်စီးခံရနိုင်ကောင်း၏။

လေထဲတွင် ဝဲဂယက်များက ဖြန့်ကျက်သွား၏။

အသံလှိုင်းစက်ကွင်း လျှို့ဝှက်ပညာရပ်သည် အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်တစ်ခုနှင့်အတူ ဆူဇီမိုထံသို့ တိုးဝင်သွားပြီဖြစ်လေသည်။

ဆူဇီမို၏အကြည့်က ထူးမခြားနားပုံစံ ရှိနေပြီး သူက မလှုပ်မယှက်နှင့်ပင် သူ့ပါးစပ်ကို ဖွင့်ဟလိုက်၏။

သူ့ကို လှည့်ပတ်နေသော သားရဲ ၇ကောင်ကလည်း သူနှင့်အတူ လိုက်လံတုပ၍ သူတို့၏ပါးစပ်များကို ဖွင့်လိုက်ကြ၏။

“ဂါး…”

ဆူဇီမိုနှင့် သားရဲ ၇ကောင်၏ပါးစပ်ထဲမှ ဟိန်းဟောက်သံတစ်ခုက ထွက်ပေါ်လာပြီး တောင်တန်းနှင့်မြစ်များကို ဝါးမျိုနိုင်သည့်အလား ရှေ့သို့ ဖြန့်ကျက်သွားလေသည်။

ဆိုင်ကလုန်းလိုဏ်ဂူမှ ပိုင်နက်အရှင်၏ အသံလှိုင်းစက်ကွင်းသည် ထိုဟိန်းဟောက်သံနှင့် ယှဉ်သောအခါ အရာရောက်ခြင်း မရှိတော့ဘဲ ဘာမှမကျန်အောင် ချက်ချင်းပျက်ပြယ်သွားလေသည်။

ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲ ၈ယောက်က တုန်လှုပ်​ချောက်ချားသွား၏။

အဲဒီမှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သော အဆင့်နိမ့်မိစ္ဆာသားရဲအချို့လည်း ရှိကြ၏။

သူတို့၏ပါးစပ်များ၊ မျက်လုံးများ၊ နှာခေါင်းပေါက်များနှင့် နားများမှ ကြောက်မက်ဖွယ်ရာပုံစံဖြင့် သွေးများက စီးကျလာ၏။

တောင်တန်းတခွင်မှာရှိသော စိတ်ဝိညာဉ်သားရဲများသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်၍ မြေပြင်ပေါ်မှာ ပြားပြားဝပ်နေကြ၏။

တစ်ကိုယ်တော်တိမ်စိုင်သည်လည်း တုန်လှုပ်သွားပြီး သူ၏ ငေးငိုင်နေရာကနေ နိုးထလာ၏။

သူ၏နားထဲမှာ တဝီဝီမြည်၍ နာကျင်မှုကို ခံစားလိုက်ရပြီး ဆူဇီမိုကို အလိုလိုလှမ်းကြည့်လိုက်၏။

“သွား”

ဆူဇီမိုက ဟိန်းဟောက်၍ သူ့ကို ဝိုင်းရံထားသော ရှေးဟောင်းသားရဲ ၇ကောင်ကို ရှေ့သို့ ပို့လွှတ်လိုက်၏။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်၏ စိတ်သည် တုန်လှုပ်မှုဖြင့် လစ်ဟာနေပြီး သူ၏အမူအရာက ငေးကြောင်နေ၏။ ငရဲကျားသည် ရှေ့သို့ပြေးဝင်သွားပြီး ထိုလူ၏ဦးခေါင်းကို တစ်ချက်တည်း ကိုက်ချကာ သူ၏အမြုတေစိတ်ဝိညာဉ်ကိုပါ သတ်ဖြတ်ပစ်လိုက်၏။

ရှေးဟောင်းသားရဲ ၇ကောင်က အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၇ယောက်ထံသို့ ပြေးဝင်သွားကြပြီဖြစ်၏။

တစ်ကိုယ်တော်တိမ်စိုင်သာလျှင် သူ့ထံသို့ မည်သည့်သားရဲမှ ဝင်ရောက်မလာဘဲ တစ်ယောက်တည်း ကျန်ရစ်နေ၏။

သို့သော်လည်း.. တစ်ကိုယ်တော်တိမ်စိုင်က ဆူဇီမိုကို လှမ်းကြည့်လိုက်စဉ်မှာပင် ထိုသူက လှည့်လာ​ပြီး သူ့ကို ပြန်ကြည့်လိုက်၏။

ထို့နောက် ချက်ချင်းပင် တစ်ကိုယ်တော်တိမ်စိုင်သည် သူ့ကို တုန်လှုပ်ချောက်ချားစေသော တစ်စုံတစ်ရာကို တွေ့မြင်လိုက်ရ၏။

ဆူဇီမိုသည် အေးစက်စက်အကြည့်တစ်ခု ရှိနေပြီး သူ၏နောက်တွင် ရှည်လျားသေးသွယ်သော သားရဲတောကောင်တစ်ကောင်၏ ပုံရိပ်တစ်ခု ရှိနေ၏။ အဲဒါက ခပ်ရေးရေးသာ မြင်နိုင်ပြီး သူ့ကို ရစ်ခွေလှည့်ပတ်နေ၏။

အဲဒါက အဋ္ဌမမြောက်သားရဲ ဖြစ်လေသည်။

အဋ္ဌမမြောက် သားရဲဘုရင်၏ပုံရိပ်က ဖြစ်တည်လာပြီး အဲဒါက မြွေနဂါးတစ်ကောင်နှင့် အန်နာကွန်ဒါတစ်ကောင် ပုံစံနှင့် ဆင်တူနေလေသည်။ သို့သော်လည်း ၎င်း၏သွင်ပြင်က မှုန်ရီဝေဝါး၍ ရှင်းလင်းတိကျစွာ မမြင်ရပေ။

“အဲဒီသားရဲက မြွေနဂါးတစ်ကောင်များလား”

တစ်ကိုယ်တော်တိမ်စိုင်၏အတွေး မဆုံးသေးခင်မှာပင် သူသည် အဋ္ဌမမြောက်သားရဲ၏ ဝမ်းဗိုက်အောက်သို့ ကြည့်လိုက်ပြီး သူ၏အကြည့်က တဖြည်းဖြည်း အေးစက်တောင့်ခဲသွားလေသည်။

ထိုသားရဲ၏ ဝမ်းဗိုက်အောက်တွင် လက်သည်းလေးစုံ ရှိနေ၏။

မြွေနဂါးများက ခြေနှစ်ဖက်ဖြင့် မွေးဖွားလာကြ၏။

အစစ်အမှန်နဂါးများကတော့ လေးဖက်ဖြစ်လေသည်။

ထို့နောက် ချက်ချင်းပင် တစ်ကိုယ်တော်တိမ်စိုင်၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ် လှုပ်ခါ၍ တင်းကျပ်သွား၏။

ထိုလူ၏ကိုယ်ပေါ်တွင် မကောင်းဆိုးရွားဆန်ဆန် ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ချက်ချင်းဖုံးအုပ်သွား၏။

ဟင်း..။

တစ်ကိုယ်တော်တိမ်စိုင်သည် ကြောင်အ,မှင်တက်သော အမူအရာဖြင့် ပင့်သက်ကို ရှိုက်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်နိုင်ချေတစ်ခုက သူ့စိတ်ထဲသို့ ဝင်ရောက်လာ၏။

အဲဒါက နဂါးမျိုးနွယ်ထံမှ ရတနာ မဟုတ်ပေ။

အဲဒါက အစစ်အမှန်နဂါးတစ်ကောင်သာလျှင် ဖြစ်၏။

သူ့ရှေ့ရှိ အစစ်အမှန်နဂါးထံမှ နဂါးမျိုးနွယ်၏အော်ရာက ဖြာထွက်နေ၏။

ဤလူက အနီးကပ်တိုက်ခိုက်ရည်မှာ သန်မာပြီး ကြောက်မက်ဖွယ်ရာ မျိုးဆက်သွေးတစ်ခု ပိုင်ဆိုင်ထားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဤလူက သူ့ကို ဘာမဟုတ်တဲ့ မြွေတစ်ကောင်ဟု ပြောဆိုပြီး သူက ထိုသူ၏ အစစ်အမှန်ပုံစံကို မြင်ရဖို့ အဆင့်မမီဟု ပြောဆိုခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

မြွေနဂါးများ၏ ဘဝတလျှောက်အိပ်မက်သည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ဖို့ ဖြစ်လေသည်။

ယခုအခါမှာတော့ သူက အစစ်အမှန်နဂါးတစ်ကောင်ကို တွေ့မြင်လိုက်ရလေပြီ။

ဒုတ်

တစ်ကိုယ်တော်တိမ်စိုင်သည် အလွန်တရာ ကြောက်ရွံ့တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွား၏။

All Chapters