မဟာပိုင်နက်အရှင် ၁၀ ဦး
Vol. 56 Ch. 836
ဆူဇီမိုသည် ဤခရီးစဉ်တွင် လူများစွာကို ခေါ်ဆောင်မလာခဲ့ပေ။
မျောက်နှင့်အခြား ၃ယောက်အပြင် အဲ့ဒီမှာ တစ်ကိုယ်တော် တိမ်စိုင်နှင့် ကြွက်ဘုရင်တို့ ပါဝင်လေသည်။
မဟူရာဝံပုလွေနှင့် ချန်ရူယီသည် လရောင်ငိုကြွေးတောင်မှာ ကျန်နေရစ်ပြီး အခြားသော ပိုင်နက်နယ်မြေများက ကျူးကျော်ဝင်ရောက်မလာစေရန် စောင့်ကြပ်ရမည် ဖြစ်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ အစစ်အမှန်ပုံစံ.. မြွေနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲထားပြီး ဆူဇီမိုနှင့် အခြားသူများက သူ၏ကျောပေါ်မှာ လိုက်ပါလာခဲကြ၏။
တစ်ကိုယ်တော်တိမ်စိုင်သည် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင် တစ်ကောင်ဖြစ်ပြီး အလယ်အလတ်အဆင့် မိစ္ဆာသားရဲ တစ်ယောက်လည်း ဖြစ်သောကြောင့် လမ်းခရီးတစ်လျှောက်တွင် သူ့ကို နှောက်ယှက် ရန်စရဲမည့်သူက မရှိသလောက်ပင်။
သူတို့အုပ်စုသည် တောင်တန်းများနှင့် တောအုပ်များကို ဖြတ်ကျော်လာခဲ့ကြပြီး များစွာသော ပိုင်နက်နယ်မြေများကို ဖြတ်သန်းလာခဲ့ကြ၏။ လဝက်နီးပါး ရှိချိန်တွင် သူတို့သည် နောက်ဆုံးမှာတော့ မျောက်ဝံမြူးထူး တောင်ကြောရိုး၏ အစွန်အစပ်သို့ ရောက်ရှိလာခဲ့လေသည်။
သူတို့ရှေ့တွင် ခမ်းနားထည်ဝါသော တောအုပ်တစ်ခု ရှိနေ၏။
ခမ်းနားထည်ဝါသည် ဆိုသော စကားလုံးကို သုံးရသည်မှာ ဤတောအုပ်ထဲရှိ ရှေးဟောင်းသစ်ပင် တစ်ပင်စီတိုင်းသည် နှစ်ကာလသက်တမ်း အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ထိုသစ်ပင်များ အားလုံးသည် စက္ခုပသာဒသင့်သော သစ်ကိုင်းများ သစ်ရွက်များနှင့်အတူ ကောင်းကင်ထက်မှာ ငွားငွားစွင့်စွင့် ရှိနေ၏။ သူတို့၏ ပင်စည်များသည် ကောင်းကင်ထောက်တိုင်ကြီးများကဲ့သို့ ကြီးမားတုတ်ခိုင်ပြီး သူတို့ပေါ်တွင် နွယ်ပင်များက အနာကွန်နာများကဲ့သို့ ရစ်ပတ်နေလေသည်။
ဆူဇီမိုတို့ အုပ်စုမှာရှိသော လူတိုင်း၏ အရွယ်အစားသည် ထိုရှေးဟောင်းသစ်ပင်ကြီးများ၏ အမြစ်များ၏ တုတ်ခိုင်မှုနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်လောက်ပေ။
တောအုပ်တစ်ခုလုံးတွင် အလင်းရောင်ပါးပါးသာ ရှိနေပြီး နေရာတစ်ခုလုံးက အနိဋ္ဌာရုံ ဆန်နေလေသည်။
တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ လူသားပုံစံသို့ ပြောင်းလဲလိုက်ပြီး အားလုံးက ဆင်းသက်လိုက်ကြ၏။
တောအုပ်ထဲကို ငေးမျှော်ကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများကို ဖုံးကွယ်မထားနိုင်ကြပေ။ မသိလိုက် မသိဘာသာနှင့်ပင် သူတို့အားလုံးသည် ဖော်မပြတတ်သော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
ဆူဇီမိုက မေးလိုက်လေသည်။
“တစ်ကိုယ်တော်တိမ်စိုင် မျောက်ဝံမြူးထူး တောင်ကြောရိုးက အရှင်သခင်နဲ့ပတ်သတ်ပြီး မင်းဘယ်လောက်များများ သိထားလဲ”
“သားရဲ၁၀၀၀ တောင်ကြားမှာ အရှင်သခင် ၇ပါးရှိတယ်.. ပြောကြတာတော့ အဲ့ဒီမျောက်ဝံသားရဲက သူ့ရဲ့နေရာကို ရယူထားခဲ့တာ အချိန်ကာလ အတော်ကြာမြင့်ခဲ့ပြီ.. အဲ့ဒါက နှစ်ပေါင်း ၅၀၀၀ ကျော်လောက် ရှိလောက်ပြီ” တစ်ကိုယ်တော်တိမ်စိုင်က ပြန်ဖြေလိုက်၏။
သူက နှစ်ပေါင်း ၅၀၀၀ကျော်ကြာအောင် ဤနေရာမှာ အုပ်စိုးခဲ့လေသည်။
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။
အရှင်သခင်များသည် အဆင့်မြင့် မိစ္ဆာသားရဲများဆိုတာထက် ပိုလေသည်။ သူတို့က အဆင့်မြင့် မိစ္ဆာသားရဲများကြားမှာတောင် အသန်မာဆုံး တည်ရှိမှုများလဲ ဖြစ်လေသည်။
အဆင့်တူချင်းတွင် သာလွန်သော ခွန်အားရှိသောသူများကသာလျှင် နေရာတစ်ခုလုံးကို အုပ်စိုးနိုင်ပေလိမ့်မည်။
ဆူဇီမိုသည် ထိုသူနှင့် ပတ်သတ်၍ တိတိပပ မသိရပဲ ရုတ်တရတ်ဆိုသလို အရှင်သခင်တစ်ပါးဆီသို့ လာရောက် လည်ပတ်ရခြင်းအတွက် မသက်မသာ ခံစားနေရ၏။
ဘာပဲပြောပြော သူက ယခုအချိန်တွင် အလယ်အလတ် နိုးထဝိညာဉ် အဆင့်၏ အထွတ်အထိပ်မှာသာလျှင် ရှိနေသေး၏။
သူက သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်မည် ဆိုလျှင် သူက သူ့ထက် ကျင့်ကြံမှု တစ်ဆင့်မြင့်မားသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နိုင်ကောင်းလေသည်။
သို့သော်လည်း အဆင့်မြင့် မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရလျှင်တော့ ဆူဇီမိုက ရပ်တည်ဖို့ အခွင့်အရေး လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ဒါ့အပြင် သူသွားရောက် တွေ့ဆုံရမည်က အဆင့်မြင့် မိစ္ဆာသားရဲများထဲမှာတောင် ပိုမိုသန်မာသည့် တည်ရှိမှု ဖြစ်လေသည်။
ဆန်းကြယ်တောင်ထွတ် တိုက်ပွဲမှာတုန်းက အင်မော်တယ်ကြိုးကြာသည် အဆင့်ချိုးဖြတ် တက်လှမ်းခဲ့ပြီး အဆင့်မြင့် မိစ္ဆာသားရဲတစ်ယောက် ဖြစ်လာခဲ့၏။
ထိုအချိန်တုန်းက အဆူရာက ဆူဇီမိုကို ပြောသည်မှာ အဆင့်မြင့် မိစ္ဆာသားရဲ ဖြစ်လာပြီးလျှင် သားရဲတောကောင်များသည် သူတို့၏ ပင်ကိုဗီဇ နတ်ဘုရားစွမ်းအားများကို နိုးထလာစေနိုင်မည်ဟု ဆိုလေသည်။
စိတ်ဝိညာဉ်စွမ်းအင်က ဓမ္မစွမ်းအားများကို မယှဉ်နိုင်ပေ။
ဓမ္မစွမ်းအားများကလည်း နတ်ဘုရားစွမ်းအားများကို မယှဉ်နိုင်ပေ။
အဲ့ဒါက မတူညီသော အဆင့်များ၏ ပကတိ ဖိနှိမ်မှု ဖြစ်လေသည်။
ဆူဇီမိုသည် သူ့ရှေ့ရှိ နက်မှောင်နေသာ တောအုပ်ကို ငေးကြည့်ရင်း တောက်ပသော အကြည့်တစ်ခုနှင့်အတူ တည်တံ့စွာ ပြောလိုက်၏။
“အားလုံးပဲ မျောက်ဝံမြူးထူးတောင်ကြောရိုးကို လာတဲ့ဒီခရီးမှာ ငါတို့ရဲ့ အနာဂတ်က မရေရာ မသေချာတော့ဘူး.. အတတ်နိုင်ဆုံး နှိမ့်နှိမ့်ချချနေပြီးတော့ အရမ်းကာရော မပြုမူကြနဲ့”
ဆူဇီမိုက လူတိုင်းကို ဤကဲ့သို့ ညွှန်ကြားသည်မှာ ရှားရှားပါးပါး ဖြစ်လေသည်။
လရောင်ငိုကြွေးတောင်မှာတုန်းက လူတိုင်းသည် ကန့်သတ်ချုပ်နှောင်မှုမရှိပဲ ပြုမူနေထိုင်နိုင်ကြလေသည်။ သို့သော်လည်း ဤသည်က မျောက်ဝံမြူးထူးတောင်ကြောရိုးဖြစ်၏။
ဤနယ်မြေ၏ ပိုင်နက်အရှင်က အဆင့်မြင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်လေသည်။ ဒါ့အပြင် အဲ့ဒီမှာ အဆင့်မြင့်မိစ္ဆာသားရဲများက သေချာပေါက် တစ်ယောက်မက ရှိနေပေလိမ့်မည်။
သူတို့ အဖွဲ့တွင် တစ်ကိုယ်တော်တိမ်စိုင်က လွဲလျှင် သူတို့အများစုသည် အဆင့်နိမ့်မိစ္ဆာသားရဲများသာလျှင် ဖြစ်ကြ၏။ သူတို့ကြားမှာ အဆင့်ကြီးနှစ်ဆင့်လုံးလုံး ကွာဟနေ၏။ ပဋိပက္ခ တိုက်ပွဲတစ်ခုက ဖြစ်ပွားမည်ဆိုလျှင် သူတို့က ပုရွက်ဆိတ်များကဲ့သို့ လွယ်လင့်တကူ အသတ်ခံရ နိုင်လေသည်။
“ဒါပေါ့……ဒါပေါ့…”
ကြွက်က ကပျာကယာ ခေါင်းညိတ်ပြလိုက်၏။
မျောက်ဝံမြူးထူးတောင်ကြောရိုးသို့ မဝင်ရောက်ခင်ကပင် သူ၏အမူအရာက ဖြူဖတ်ဖြူရော် ဖြစ်နေခဲ့ပြီဖြစ်၏။ သူသည် ဤခရီးစဉ်သို့ လိုက်ပါလာရသည့် ရည်ရွယ်ချက်မှာ သူ၏ အသိအမြင်ကို ချဲ့ထွင်ရန်နှင့် သားရဲ၁၀၀၀ တွေ့ဆုံပွဲကို တွေ့ကြုံခံစားနိုင်ဖို့ ဖြစ်လေသည်။
သို့သော် ယခုအခါမှာတော့ သားရဲ၁၀၀၀ တွေ့ဆုံပွဲက မစခင်မှာပင် သူသည်အရှင်သခင်တစ်ပါးထံသို့ အလည်လာရခြင်းအတွက် နောင်တရနေပြီ ဖြစ်၏။
စိတ်ဝိညာဉ်ကျားက သူ့လက်ကို ဆန့်၍ မျောက်ကိုပုတ်ပြီး ကျီဆယ်သည့် ပုံဖြင့် ပြောလိုက်၏။
“အကိုမျောက် အကိုကြီးက အရမ်းကာရော လျှောက်မလုပ်နဲ့တဲ့.. အဲ့ဒါက ခင်ဗျားကို သက်သက်စောင်းပြောနေတာဗျ”
“သွားစမ်းပါ……”
မျောက်က စိတ်ဝိညာဉ်ကျား၏ လက်ကို ပုတ်ချလိုက်၏။ ထိုသို့ ဆိုလျှင်တောင် သူတို့အဖွဲ့ထဲတွင် မဆင်မခြင်လုပ်တတ်ဆုံးမှာ တကယ်ပဲ သူသာလျှင်ဖြစ်သည်ကို သူ့ကိုယ်သူ သိထား၏။
သူက မျောက်ဝံမြူးထူးတောင်ကြောရိုးနှင့် ပတ်သတ်သည်ကို ဘာမှမသိထားသည့်အပြင် ဆူဇီမိုက ဤကဲ့သို့ သတိကြီးကြီး ထားနေသည်မှာ သူက ခပ်ဖျော့ဖျော့ ခံစားချက်တစ်ခုကို ရရှိနေသောကြောင့်လည်း ဖြစ်၏။
အဲ့ဒါက ပင်ကိုယ်ဗီဇဓာတ်အရ အလိုလို ခံစားမိခြင်း ဖြစ်လေသည်။
သူသည် မျောက်ဝံမြူးထူးတောင်ကြောရိုးတွင် ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာက ဖြစ်ပျက်တော့မည်ဟု ခံစားချက်တစ်ခုကို ရနေသည်။
“ဟီး…ဟီး… ဘယ်နယ်မြေကမှန်းမသိတဲ့ အဆင့်နိမ့် မိစ္ဆာသားရဲတွေက ဒီနေရာကိုဘာကြောင့် ရောက်နေတာပါလိမ့်..”
ရုတ်တရတ် မလှမ်းမကမ်းကနေ လှောင်ပြောင်ရယ်မောသံ တစ်ခုက ထွက်ပေါ်လာ၏။
လူတိုင်းသည် မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်ကြ၏။
အနက်ရောင် လေပြင်းတစ်ချက်က တိုက်ခတ် လာလေသည်။ အဲ့ဒါက ပျက်ပျယ်သွားပြီးနောက် မိစ္ဆာသားရဲ အယောက်၁၀၀ကျော်က ပေါ်ထွက်လာ၏။ သူတို့အားလုံးသည် စွမ်းအားကြီးသော အော်ရာများနှင့် တုန်လှုပ်ချောက်ချားဖွယ်ရာ အကြည့်များကို ပိုင်ဆိုင်ထားကြ၏။ သူတို့အားလုံးက အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ ဖြစ်ကြလေသည်။
ခေါင်းဆောင်လုပ်သူသည် ပါးလွှာသောနှုတ်ခမ်းနှင့် လင်းယုန်တစ်ကောင်ကဲ့သို့ ရှည်လျားကောက်ကွေ့သော နှာခေါင်းနှင့်အတူ ပိန်လှီသော မျက်နှာတစ်ခု ရှိလေသည်။ သူ၏အကြည့်က အလွန်တရာစူးရှပြီး လုံးလုံးလျားလျား အထင်အမြင်သေးမှုဖြင့် ပြည့်နှက်နေ၏။
မျောက်က သူ၏ လက်သီးကို ဆုပ်ပြီး ထိုသူကို ငေးစိုက်ကြည့်ရင်း သု့မျက်လုံး၏ အနက်ပိုင်းထဲတွင် သွေးနီရောင် အလင်းတစ်စက်က ဖျတ်ကနဲ ပေါ်လာ၏။
စိတ်ဝိညာဉ်ကျားနှင့် အခြားလူများက စိတ်ထဲကနေ ညည်းတွားလိုက်ကြ၏။
သူတို့က မျောက်ဝံမြူးထူးတောင်ကြောရိုးသို့ မဝင်ရောက်ခင်မှာပင် ပြဿနာက တံခါးခေါက်လာပြီဆိုတော့….
တစ်ဖက်လူသည် သူတို့ထက် အရေအတွက် ပိုမိုများပြားစွာရှိပြီး သူတို့အားလုံးသည် စွမ်းအားကြီးသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ ဖြစ်ကြ၏။
ပဋိပက္ခတစ်ခုက ဖြစ်ပွားမည်ဆိုလျှင် သူတို့အတွက် အနိုင်ရရှိဖို့ အခွင့်အလမ်းက အလွန်တရာ ကျဉ်းမြောင်းလေသည်။
ဒါ့အပြင် သူတို့သည် တစ်ဖက်အဖွဲ့အစည်၏ နောက်ခံကို မသိရပဲ ဤနေရာတွင် ပဋိပက္ခဖြစ်ပွားဖို့က မသင့်လျော်ပေ။
စိတ်ဝိညာဉ်ကျားနှင့် အခြားသူများသည် မျောက်ကို လှည့်ကြည့်လိုက်ကြ၏။ ထိုသူက ဒေါသကို မထိန်းနိုင်ပဲ ရန်စတစ်ခု ဖြစ်ပေါ်စေမည်ကို သူတို့က စိုးရိမ်နေကြခြင်း ဖြစ်၏။
ဆူဇီမိုသည် ဘာစကားမှမပြောပဲ မျက်လွှာချထား၏။
“လူကြီးမင်း အဲ့ဒီသားရဲငချွတ်အုပ်စုက ကြောက်လွန်းလို့ ဘာစကားမှတောင် မပြောနိုင်တော့ဘူး..”
“လူကြီးမင်း ခင်ဗျားက တကယ် အထင်ကြီးစရာပဲ..”
“ဟိုကြွက်သားရဲကို မြန်မြန်ကြည့်စမ်း…. သူ့မျက်နှာက ဖြူဖက်ဖြူရော်နဲ့ သူ့ခြေထောက်တွေက တုန်နေပြီ.. ကြွက်ဆိုတဲ့ နာမည်နဲ့ တစ်ကယ်ပဲ လိုက်ဖက်ပါပေတယ်… ဟား.. ဟား.. ဟား.. ဟား”
သားရဲအုပ်စုက ဟားတိုက်ရယ်မောလိုက်၏။
ရုတ်တရတ် မျောက်က သူ၏ မျက်လုံးကို ဖွင့်ပြီး ကြောက်မက်ဖွယ်ရာ အကြည့်တစ်ခုနှင့်အတူ သူ၏သွားကို အနည်းငယ်ကြိတ်လိုက်၏။ သူက စကားပြောတော့မည်ပြုစဉ်မှာပင် ကြွက်က မျောက်၏ရှေ့သို့ ကပျာကယာ ထွက်ရပ်လိုက်၏။
“ကျုပ်…ကျုပ်က.. တစ်ကယ်ပဲ သတ္တိကြောင်လွန်းပါတယ်…ဟဲဟဲ.. ကျုပ်ကဒီက လူကြီးမင်းတို့ကို ရယ်ရအောင် လုပ်ပေးတာပါ..”
ကြွက်ဘုရင်သည် အောက်ကျို့သော အကြည့်တစ်ခုနှင့်အတူ မျက်နှာချိုသွေးသည့် ပုံစံဖြင့် ပြုံးပြလိုက်၏။
“ထွက်သွားစမ်း… မင်းတို့ကို ငါနောက်ထပ် မမြင်ရစေနဲ့”
ခေါင်းဆောင်လာသော လင်းယုန်နှာခေါင်းနှင့်လူက လက်ကာပြပြီး လှောင်ရယ်လိုက်၏။
“မင်းတို့လို မလောက်လေးမလောက်စား သားရဲလေးတွေကို သတ်ရမှာ ငါ့လက်တောင် သနတယ်..”
“ဟုတ်တာပေါ့ လူကြီးမင်းပြောတာ မှန်ပါတယ်..” ကြွက်က အပြုံးတစ်ခုနှင့်အတူ ဦးညွှတ်လိုက်၏။
“ကဲသွားကြရအောင်…”
လင်းယုန်နှာခေါင်းနှင့်လူက သားရဲအုပ်စုကို အချက်ပြပြီး ဟားတိုက်ရယ်မောကာ မျောက်ဝံမြူးထူးတောင်ကြောရိုးသို့ ဝင်ရောက်သွားလေသည်။
“အဲ့ဒါက မဟာပိုင်နက်အရှင် ၁၀ယောက်ထဲက ၁ယောက်ဖြစ်တဲ့ ယင်လီ ဖြစ်မယ်ထင်တယ်”
“ဟုတ်လောက်တယ် သူကလွှဲရင် မျောက်ဝံမြူးထူးတောင်ကြောရိုးမှာ ဘယ်သူကမှ အဲ့လောက်ထိ မမောက်မာနိုင်ဘူး…”
“ငါကြားတာ ယင်လီက မျောက်ဝံမြူးထူးတောင်ကြောရိုးက မဟာကာကွယ်သူ တစ်ယောက်နဲ့ သွေးသားဆက်နွယ်မှု ရှိတယ်လို့ပြောကြတယ်..”
အဲ့ဒီ ကာကွယ်သူ မရှိရင်တောင် ယင်လီရဲ့ ခွန်အားက သိသားထင်ရှားနေတာပဲ.. မဟာပိုင်နက်အရှင် ၁၀ ယောက်ထဲမှာတောက် ထိပ်ဆုံး၃ယောက်စာရင်း ဝင်လောက်တယ်..”
ဆူဇီမိုသည် အနီးအနားရှိ သားရဲတောင်ကောင်များ ဆွေးနွေးပြောကြားနေသည်ကို နားထောင်ပြီး တည်ငြိမ်သော အမူအရာ ရှိနေ၏။ စိတ်ဝိညာဉ်ကျား၊ တစ်ကိုယ်တော်တိမ်စိုင်နှင့် တခြားလူများသည် ရင်ထဲမှာ တလှပ်လှပ် ခံစားချက်နှင့်အတူ တိတ်တဆိတ် ထိတ်လန့်သွားကြ၏။
မျောက်ကလည်း မျက်မှောင်ကြုတ်လိုက်၏။
မျောက်ဝံမြူးထူးတောင်ကြောရိုး၏ ကာကွယ်သူများသည် လရောင်ငိုကြွေးတောင်မှ ကာကွယ်သူများနှင့် သိသာခြားနားလေသည်။
မျောက်ဝံမြူးထူးတောင်ကြောရိုး၏ ကာကွယ်သူများသည် အဆင့်မြင့် မိစ္ဆာသားရဲများ ဖြစ်ဖို့များလေသည်။
“ငါတို့က ဒီတိုင်လျှောက်လာရင်းနဲ့တောင် ဒီလိုမျိုး စွမ်းအားကြီးနောက်ဆံရှိတဲ့ မိစ္ဆာသားရဲတွေနဲ့မှ သွားဆုံရတယ်ဆိုတော့…” ချင်းချင်းက သက်ပြင်းချလိုက်၏။
မြေခွေးလေးက သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေသည်။
“မဟာပိုင်နက်အရှင် ၁၀ယောက်ဆိုတာ ဘယ်လိုလူတွေကို ရည်ညွှန်းတာလဲ”
“မျောက်ဝံမြူးထူးတောင်ကြောရိုးရဲ့ အုပ်ချုပ်မှုအောက်မှာ ပိုင်နက်နယ်မြေ ရာနဲ့ချီပြီး ရှိတယ် လရောင်ငိုကြွေးတောင်က အဲ့ဒီ့ထဲက တစ်ခုပဲ”
တစ်ကိုယ်တော်တိမ်စိုင်က ရှင်းပြလိုက်၏။
“ရာပေါင်းများစွာရှိတဲ့ ပိုင်နက်အရှင်တွေထဲမှာ အသန်မာဆုံး ၁၀ယောက်ကို မဟာပိုင်နက်အရှင်၁၀ယောက်လို့ ရည်ညွှန်းပြောဆိုကြတာ”
“ဒီလူက ကျုပ်တို့ကို နောက်ပြန်လှည့်ဖို့ ခြိမ်းခြောက်သွားခဲ့ပြီးပြီ.. ကျုပ်တို့က မဆင်မခြင်နဲ့ ရှေ့ဆက်သွားလို့ သူတို့နဲ့နောက်တစ်ခါ ထပ်ဆုံရင်.. ကျုပ်စိုးရိမ်တာက…” ကြွက်သည် ထိတ်လန့်တုန်လှုပ်သော အမူအရာရှိနေပြီး ရှေ့ဆက် မပြောနိုင်တော့ပေ။
“ဘာမှပူမနေနဲ့..”
ဆူဇီမိုက လက်ခါပြပြီး ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
“ငါ့နောက်ကနေ လိုက်ခဲ့ကြ..”
ထိုသို့ ပြောပြီးသည်နှင့် သူသည် အားလုံးကို ဦးဆောင်ကာ မျောက်ဝံမြူးထူးတောင်ကြောရိုးသို့ ဝင်ရောက်လိုက်လေသည်။