← Chapters

အရှင်သခင် ရောက်ရှိလာခြင်း

Vol. 56 Ch. 837

အရှင်သခင် ရောက်ရှိလာခြင်း

Vol. 56 Ch. 837

သူတို့သည် မျောက်ဝံမြူးထူးတောင်ရိုးသို့ ရောက်ရှိလာပြီးနောက် ပိုမိုများပြားသော သားရဲတောကောင်များကို မြင်လာရကာ လူတိုင်းသည် တိကျသော အရပ်တစ်ဖက်သို့ ဦးတည်နေကြ၏။

တောအုပ်ထဲတွင် လမ်းလေးခွဆုံ များပြားစွာရှိပြီး အလင်းရောင်ကလည်း မှိန်ဖျော့နေ၏။

အဲ့ဒီမှာ လမ်းကိုဦးဆောင်နေသူ မည်သူမျှမရှိသော်လည်း ဆူဇီမိုတို့ အုပ်စုသည် သူတို့ရှေ့တွင်ရှိသော သားရဲအုပ်စုနောက်သို့ မျက်ခြေမပြတ် လိုက်ပါသွားကြ၏။

“အဲ့ဒီမှာ အဆင့်နိမ့်မိစ္ဆာသားရဲတွေက ဘာလို့ရုတ်တရက် ပေါ်လာရတာလဲ... သူတို့က ဒီနေရာကို သေဖို့ရောက်လာတာလား”

“အဲ့ဒီမိစ္ဆာသားရဲတွေက လရောင်ငိုကြွေးတောင်ဆိုလား.. အဲ့ဒီနေရာကနေ လာတာဖြစ်လိမ့်မယ် ၊ ငါကြားတာ အဲ့ဒါက အခုနောက်ပိုင်းမှာ မြင့်မားတိုးတက်လာတဲ့ နယ်မြေတစ်ခုဘဲ... ၊ သူတို့ရဲ့ ပိုင်နက်အရှင်ကလည်း အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်တယ်လို့ ပြောကြတယ်”

“ဟဟ... ကျားမရှိရင် မျောက်တစ်ကောင်ကတောင် တောင်တန်းတစ်ခုမှာ အုပ်စိုးနိုင်တယ်လေ”

မလှမ်းမကမ်းတွင်ရှိသော မိစ္ဆာသားရဲများသည် ဆူဇီမိုတို့အုပ်စုကို ဟာသလုပ်၍ ရယ်မောလ်ုက်ကြ၏။

“သူတို့က မျက်စိကန်းနေကြတာလား... အဲ့ဒီမှာ ကျားမရှိဘူးလို့ ဘယ်သူကပြောတာလဲ ၊ ဒီမှာငါရှိတယ်လေ “ စိတ်ဝိညာဥ်ကျားက ညည်းတွားရေရွတ်လ်ိုက်၏။

ကြွက်ဘုရင်က ညင်သာစွာ ချောင်းဟန့်၍ နှစ်သိမ့်လိုက်လေသည်။

“အနည်းဆုံးတော့ လရောင်ငိုကြွေးတောင်ရဲ့ နာမည်ကို လူတစ်ချို့သိလာကြတာဘဲ”

သူတို့အုပ်စုသည် ရှေ့သို့ ဆက်လက်၍ တက်လှမ်းလိုက်ကြ၏။

နှစ်နာရီကြာပြီးနောက် သူတို့ရှေ့တွင် ဆူဆူညံညံအသံများက ပို၍ ရှင်းလင်းလာ၏။

အဲ့ဒီမှာ လူများစွာရှိပြီး သားရဲချီများက လေထဲသို့ လျှံတက်ကာ တောအုပ်တစ်ခုလုံးကို လွှမ်းခြုံလုနီးပါးပင်။

လူတိုင်းသည် အားမာန်တက်ကြွစွာဖြင့် သူတို့၏ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လှမ်းနေကြ၏။

သိပ်မကြာမီ သူတို့သည် ရှေးဟောင်းသစ်ပင်များကြားကနေ ထွက်ပြီး သူတို့ရှေ့ရှိ မြင်ကွင်းက ကျယ်ပြန့်သွားခဲ့၏။

တောအုပ်၏ အလယ်တွင် ကြီးမားသည့် ကုန်းမြေလွင်ပြင်တစ်ခုရှိနေပြီး ထိုနေရာတွင် မိစ္ဆာသားရဲများစွာက စုဝေးနေကြလေသည်။

သူတို့အားလုံးသည် လူသားသွင်ပြင်ဖြစ်ကြသော်လည်း သူတို့ထံမှ တဝုန်းဝုန်းထနေသော သားရဲချီများက ဖြာထွက်ကာ တစ်မူထူးခြားစွာဖြင့် အသက်ဝင်နေ၏။

သူတို့ရှေ့တည့်တည့်တွင် များပြားလှစွာသော သစ်လုံးများ နွယ်ပင်များဖြင့် ပြုလုပ်ထားသော စင်မြင့်တစ်ခုရှိနေ၏။ ထိုစင်မြင့်၏ အလယ်တွင် ရွှေရောင်ကျားသားရေတစ်ခုဖြင့် လွှမ်းခြုံထားသော ကြီးမားသည့် ကုလားထိုင်တစ်လုံးရှိနေလေသည်။

အဲ့ဒါက မျောက်ဝံမြူးထူးတောင်ရိုး အရှင်သခင်၏ နေရာထိုင်ခုံဖြစ်သည်မှာ မလွဲဧကန်ပင်။

ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်ပြီးနောက် ယင်လီတို့အုပ်စုကို သိပ်မကြာမီ တွေ့ရှိသွား၏။

ယင်လီတို့အုပ်စုသည် စင်မြင့်၏ ရှေ့တွင် မတ်တတ်ရပ်နေကြပြီး သူ့နောက်ဘက်ရှိ အခြားသော မိစ္ဆာသားရဲများနှင့် စကားပြောဆိုနေကြ၏။

အဲ့ဒီမှာ ယင်လီအပြင် အခြားသော မိစ္ဆာသားရဲ ၉ ယောက်ကလည်း ရှေ့ဆုံးကနေ ရပ်နေကြ၏။ သူတို့၏ အော်ရာများသည် သန်မာအားကောင်းပြီး အပြင်လူများက သူတို့နားသို့ မချဥ်းကပ်ရဲကြပေ။

သူတို့က မဟာပိုင်နက်အရှင် ၁၀ ယောက်ဖြစ်သည်မှာ မှားစရာမရှိပေ။

စိတ်ဝိညာဥ်ကျားက မကျေမချမ်းနှင့် ညည်းတွားပြောဆိုလိုက်၏။

“ဒီလိုမှန်းသာ ငါတို့စောစောကြိုသိရင် ငါတို့က ဒီထက်ပိုပြီးတော့ လူများများ ခေါ်လာခဲ့ပါတယ်”

တစ်ချက်ကြည့်လိုက်ရုံဖြင့် အဲ့ဒီမှာ ပိုင်နက်အရှင်များ တစ်ရာနီးပါးရှိသည်ကို တွေ့မြင်ရလေသည်။

ပိုင်နက်အရှင် တစ်ယောက်ချင်းစီသည် သူတို့နှင့်အတူ အနည်းဆုံး လူတစ်ရာလောက်ကို ခေါ်လာခဲ့ကြ၏။

အချို့သော ပိုင်နက်အရှင်များသည် လူတစ်ထောင်နီးပါးထိ စုဝေးလာခဲ့ပြီး သူတို့၏ ပုံစံက ခမ်းနားထည်ဝါနေ၏။

သူတို့နှင့် နှိုင်းယှဥ်လျှင် ဆူဇီမ်ိုတို့အုပ်စုက ပို၍သေးနုပ်သွားသည်ဟု ခံစားရလေသည်။

သူတို့အုပ်စုတွင် အများစုက အဆင့်နိမ့်မိစ္ဆာသားရဲများ ဖြစ်နေရုံသာမက သူတို့၏ အင်အားက ဆယ်ယောက်ပင်မရှိပေ။

ဆူဇီမိုသည် ရှေ့သို့ အတင်းတိုး၍ သွားမနေတော့ဘဲ သားရဲအုပ်စု၏ နောက်ဘက်တွင်သာ မတ်တတ်ရပ်လိုက်၏။

မည်သို့ပင်ဆိုစေ သူ၏ အားကောင်းသော အမြင်အာရုံအရ စင်မြင့်ထက်ရှိ အရာရာတိုင်းကို ရှင်းလင်းစွာမြင်နိုင်လေသည်။

“မျောက်ဝံမြူးထူးတောင်ရိုးရဲ့ အရှင်သခင်ကို ကျုပ်တို့က မကြာခင် မြင်တွေ့ရတော့မယ် ၊ အဲ့ဒါကို တွေးကြည့်တာနဲ့တင် ကျုပ်က စိတ်လှုပ်ရှားနေရပြီ”

ကြွက်က သူ၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး တိုးတိတ်စွာ ပြောလိုက်၏။ သူ၏ နှာဖျားတွင် ချွေးများက သီးနေလေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် သူသည် အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်အဖြစ်သို့ မကျင့်ကြံနိုင်သရှေ့ အရှင်သခင်တစ်ပါးကို တွေ့ဆုံနိုင်လိမ့်မည် မဟုတ်ပေ။

သူက မျောက်ဝံမြူးထူးတောင်ရိုး၏ အရှင်သခင်ကို တစ်ခဏမျှ တွေ့မြင်နိုင်လျှင်တောင် အဲ့ဒါက လရောင်ငိုကြွေးတောင်သို့ ပြန်ရောက်လျှင် သူက ကြွားလုံးထုတ်ဖို့ လုံလောက်လေသည်။

သူသည် သားရဲတစ်ထောင် တွေ့ဆုံပွဲတွင် ပါဝင်နိုင်မည်ဆိုလျှင် သားရဲတစ်ထောင်တောင်ကြား၏ အရှင်သခင် ၇ ပါးကို တွေ့ဆုံနိုင်မည် ဖြစ်ပြီး အဲ့ဒါက တစ်ကယ့် အံ့မခန်း အတွေ့အကြုံတစ်ခု ဖြစ်ပေလိမ့်မည်။

ကြွက်ဘုရင်သည် အတွေးရေယာဥ်ကြောမှာ မျောပါနေစဥ် ဆူဇီမို၏အသံက ရုတ်တရက် ထွက်ပေါ်လာ၏။

“သူက ဒီကို လာနေပြီ...”

“ဟမ်... ဘယ်မှာလဲ”

ကြွက်က ငေးငိုင်သွားသော အမူအရာဖြင့် လှည့်ကြည့်လိုက်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရပေ။

အခြားသော မိစ္ဆာသားရဲများသည် တစ်စုံတစ်ရာကို သတိမထားမိသည့်အလား ရယ်မော၍ ပြောဆိုနေကြ၏။

ရုတ်တရက်ဆိုသလို...

မဟာပိုင်နက်အရှင် ဆယ်ယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူ၏ အမူအရာက ပြောင်းလဲသွားပြီး သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ဘေးဘက်ရှိ တောအုပ်ထဲသို့ လှမ်းကြည့်လိုက်၏။

သိပ်မကြာမီ တောအုပ်ထဲကနေ လူ ၆ ယောက်က ထွက်ပေါ်လာခဲ့၏။

ခေါင်းဆောင်ဖြစ်သူသည် မီးခိုးဖြူရောင် သားမွေးများနှင့် မျောက်ဝံအိုကြီးတစ်ကောင်ဖြစ်လေသည်။ သူ၏ မျက်နှာက အရေးအ​ကြောင်းများဖြင့် တွန့်တွနေပြီး သူ၏ မျက်လုံးများက ဝေဝါးကာ သူက အလွန်တရာနှေးကွေးစွာဖြင့် လျှောက်လှမ်းလာ၏။ တစ်ကယ်ဆို သူက ထော့နင်းထော့နင်း လျှောက်လှမ်းလာသည်နှင့်ပင် တူလေသည်။

ဆူညံပွက်လောရိုက်နေသော သားရဲများသည် တဖြည်းဖြည်း ငြိမ်သက်သွားကြ၏။

မဟာပိုင်နက်အရှင် ဆယ်ယောက်သည် အမျိုးမျိုးသော အမူအရာများ ရှိနေကြ၏။

အချို့က သက်ပြင်းချလိုက်ကြ၏။

အခြားသူများကတော့ ခေါင်းခါလိုက်ကြ၏။

သူတို့ထဲမှ အချို့သည် သူတို့၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုမှု တစ်စွန်းတစ်စ ပေါ်လာခဲ့လေသည်။

မိစ္ဆာသားရဲအများစုကတော့ အံ့ဩမှင်တက်သွားကြလေသည်။

ဆူဇီမို၏ ပါးစပ်ပင်လျှင် အနည်းငယ်ပွင့်ဟသွားပြီး သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအရိပ်အယောင်က ဖျတ်ကနဲ ပေါ်လာ၏။

ဤမျောက်ဝံအိုကြီးက သူတို့ပြောပြောနေသည့် မျောက်ဝံမြူးထူးတောင်ရိုး၏ အရှင်သခင်လား...။

ဤမျောက်ဝံအိုကြီးသည် အရှင်သခင်တစ်ပါး၏ လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းပကားကို ပိုင်ဆိုင်ထားခြင်းမရှိဘဲ သူက ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်ရှိနေသည့်အလား အိုမင်းရင့်ရော်၍ လေးလံထိုင်းမှိုင်းနေလေသည်။

မျောက်ဝံအိုကြီးသည် ကောင်းကောင်းပင် လှုပ်ရှားနိုင်သည့်ပုံ မပေါ်ပေ။

သူက အဲ့ဒါကို လက်မခံချင်သော်လည်း ဤမျောက်ဝံအိုကြီးက မျောက်ဝံမြူးထူးတောင်ရိုး၏ အရှင်သခင်ဖြစ်သည်ဆိုတာကို သူ၏ရင်ထဲမှာ ရှင်းလင်းစွာသိနေ၏။

အဘယ့်ကြောင့်ဆိုသော် သူ၏နောက်ဘက်ရှိ လူငါးယောက်၏ အော်ရာက စွမ်းအားကြီးလွန်းနေသောကြောင့် ဖြစ်လေသည်။ သူတို့က အဆင့်မြင့်မိစ္ဆာသားရဲများဖြစ်ကြလေသည်။

အဆင့်မြင့် မိစ္ဆာသားရဲများသာလျှင် ​နေရာတစ်ခုလုံးကို ဖိနှိပ်နိုင်သော ထိုကဲ့သို့ လွှမ်းမိုးခြယ်လှယ်နိုင်သည့် အော်ရာများကို ထုတ်ပေးနိုင်လေသည်။

ပြောကြသည်မှာ မျောက်ဝံမြူးထူးတောင်ရိုး၏ အရှင်သခင်တွင် ကာကွယ်သူ ၅ ယောက်ရှိသည်ဆို၏။ သူတို့ ၅ ယောက်က မျောက်ဝံအိုကြီး၏ ကာကွယ်သူများ ဖြစ်ကြသာမှာ ပြောစရာမလိုအောင်ပင်။ အဲ့ဒါက လူတိုင်းတွေးထင်ထားသည်ထက် များစွာ ကျော်လွန်နေ၏။

အဲ့ဒီမှာ မည်သည့်မြွေနဂါး အစီးအနင်းတောကောင် သို့မဟုတ် အစိမ်း​ရောင်လွမ်ဆွဲသော ရထားလုံးတို့ ရှိမနေပေ။ ဤအရှင်သခင်က ထိုကဲ့သို့ပင် သာမန်ကာလျှံကာဖြင့် တောအုပ်ထဲကနေ ထွက်လာလေသည်။ သူသည် တစ်လှမ်းပြီးတစ်လှမ်း နှေးကွေးစွာ လျှောက်လှမ်းပြီး စင်မြင့်ပေါ်သို့ တက်လာ၏။

သူက သူ့ထိုင်ခုံနေရာတွင် ထိုင်လိုက်သောအခါ ဤခရီးစဥ်က သူ၏ သက်လုံးအားအမြောက်အများကို ကုန်ဆုံးစေလိုက်သည့်အလား သူဿ သက်ပြင်းရှည်ကြီး ချလိုက်၏။

“ဟား.....”

ဘေးကနေ မျောက်က ရုတ်တရက် သက်ပြင်းချပြီး ပြောလိုက်လေသည်။

“သူ့ပုံစံက တော်တော်သနားဖို့ ကောင်းတာဘဲ”

သူတို့က မျိုးနွယ်တူသောကြောင့်လား မပြောတက်ပေ။ မျောက်က မျောက်ဝံအိုကြီးကို မြင်ရချိန်တွင် ရှားရှားပါးပါး စိတ်ခံစားချက်တစ်ခုကို ထုတ်ပြလိုက်၏။

သူက အရှင်သခင်တစ်ပါးဖြစ်သော်လည်း သူသည် အချိန်ကာလ၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိကာ အိုမင်းရင့်ရော်မှုနှင့်အတူ ရုန်းကန်နေရပြိဖြစ်၏။

သူ၏ သူရဲကောင်းဆန်သောအချိန်များက အတိတ်ကာလမှာ ကျန်ခဲ့လေပြီ။

ဤကမ္ဘာတွင် သေခြင်းတရားကနေ မည်သူကများ လွတ်မြောက်နိုင်ပါမည်နည်း။

သူ၏ အတိတ်ကာလက ဂုဏ်ကျက်သရေနှင့် အောင်မြင်မှုများသည် နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားပြီး အချိန်မြစ်ပြင်၏ အောက်မှာ နစ်မြုပ်သွားခဲ့လေပြီ။

မျောက်ဝံအိုကြီးနောက်ကနေ လိုက်ပါလာသော ကာကွယ်သူ ၅ ယောက်သည် ထူးမခြားနား အမူအရာဖြင့်ပင် စင်မြင့်ထက်သို့ တက်လှမ်းလိုက်ကြ၏။

သူတို့ထဲတွင် ကာကွယ်သူနှစ်ယောက်၏ အမူအရာက ခဏမျှ ပြောင်းလဲသွားခဲ့၏။ အဲ့ဒါက လှောင်ပြောင်သရော်လိုမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောစွက်နေသည့်အလားပင်။

ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ထိုစဥ်မှာပင် ဆူဇီမို၏ စိတ်ထဲမှာ တစ်စုံတစ်ရာက ဖြစ်ပေါ်လာ၏။

သူ့ကို တစ်စုံတစ်ယောက်က ငေးကြည့်နေသည့်အလား ခံစားချက်တစ်ခုရလိုက်၏။

ဆူဇီမိုက အလိုလိုလှည့်ကြည့်လိုက်လေသည်။

စင်မြင့်ထက်ပေါ်တွင် မျောက်ဝံအိုကြီးက သူ၏ ကုလားထိုင်ကိုမှီ၍ သူတို့ရှိရာဘက်သို့ မှုန်ရီဝေဝါးသော မျက်လုံးများဖြင့် ငေးကြည့်နေ၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားလေသည်။

မင်းဝမ်ဆုတောင်းပုတီးသည် မျောက်ဝံအိုကြီး၏ ထောက်လှမ်းမှုကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။

ကံကောင်းထောက်မစွာနှင့် သူ၏ စိတ်ဝိညာဥ်အသိစိတ် အတွင်းတွင် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်က ပင်မနေရာမှာ ထိုင်နေပြီး သူ့ထံမှ တဝုန်းဝုန်းကြွနေသော သားရဲချီများက ဖြာထွက်နေ၏။

ထိုသို့ဖြင့် သူက ဖော်ထုတ်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

သားရဲတစ်ထောင်တောင်ကြား၏ အနက်ပိုင်းထဲတွင် သားရဲများက များပြားစွာရှိနေကြ၏။ လူသားတစ်ယောက်အဖြစ် သူ၏ သရုပ်က ဖော်ထုတ်ခံရလျှင် ဤသားရဲများလက်ချက်ဖြင့် သူကချက်ချင်းပင် တစ်စစီ ဆုတ်ဖြဲခံရပေလိမ့်မည်။

မျောက်ဝံအိုကြီးသည် ဆူဇီမိုကို ခဏမျှစိုက်ကြည့်ပြီးနောက် သူ၏အကြည့်က မျောက်ဆီသို့ ရွေ့လျားသွား၏။

သူက မျောက်ကို ကြာကြာစိုက်ကြည့်နေ၏။

ခဏနေပြီးနောက် မျောက်ဝံအိုကြီးသည် သူ၏ အကြည့်ကို ရုတ်သိမ်းပြီး သူ့မျက်နှာပေါ်ရှိ ပါးရည်နားရည်များက ပို၍ တွန့်သွားသည်ဟု ထင်ရလေသည်။

“မင်းတို့က ဘယ်နယ်မြေကလာတာလဲ...”

ရုတ်တရက် မျောက်ဝံအိုကြီးက မေးခွန်းထုတ်လိုက်၏။

သားရဲများအားလုံးသည် အံ့အားသင့်သွားပြီး မျောက်ဝံအိုကြီးက မည်သူ့ကို ပြောဆိုနေသည်ကိုမသိဘဲ လှည့်ကြည့်လိုက်ကြ၏။

မျောက်ဝံအိုကြီးသည် သူတို့ဘက်သို့ ကြည့်နေခြင်း မရှိတော့ပြီ ဖြစ်သော်လည်း မျောက်ဝံအိုကြီးက သူတို့ကို စကားပြောလိုက်ခြင်းဖြစ်ကြောင်း ဆူဇီမိုက သိလိုက်၏။

သူက အသံကိုမြှင့်ပြီး ပြန်​ဖြေလိုက်လေသည်။

“လရောင်ငိုကြွေးတောင်ကပါ...”

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် များပြားလှစွာသော အကြည့်များက သူ့ပေါ်သို့ ဆင်းသက်လာ၏။

ရှေ့ဆုံးမှာရှိသော ပိုင်နက်အရှင်ဆယ်ယောက်ပင်လျှင် နောက်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

ယင်လီက ဆူဇီမိုတို့အုပ်စုကို တွေ့မြင်လိုက်သည့်ခဏမှာပင် သူက မျက်မှောင်ကြုတ်၍ သူ၏ အမူအရာက ခက်ထန်လာ၏။

“အဲ့ဒါက... ဟို အဆင့်နိမ့်မိစ္ဆာသားရဲ အုပ်စုမလား ၊ မင်းတို့က ငါတို့ပိုင်နက်အရှင်ရဲ့စကားကို လျစ်လျူရှုပြီး ဒီနေရာထိ ဘယ်လိုတောင်ရောက်လာရဲတာလဲ ၊ မင်းတို့က တစ်ကယ်ဘဲမင်းတို့အတွက် ဘာကကောင်းတယ်ဆိုတာ မသိဘူးဘဲ”

မိစ္ဆာသားရဲတစ်ယောက်က ပြောလိုက်ခြင်းဖြစ်လေသည်။

All Chapters