← Chapters

သတ်ဖြတ်ရာမှ ပြတ်သားခြင်း

Vol. 56 Ch. 839

သတ်ဖြတ်ရာမှ ပြတ်သားခြင်း

Vol. 56 Ch. 839

‘ခင်ဗျားက အိုနေပါပြီ’

အဲဒါက ရိုးရှင်းသော စကားလုံးသာဖြစ်သော်လည်း လက်ရှိသားရဲများ အားလုံးသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြ၏။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် သူသည် မျောက်ဝံအိုကြီးက သူ၏နေရာကို လက်လျှော့ဖို့ အချိန်တန်ပြီဟု ဆိုလိုခြင်းဖြစ်လေသည်။

ကာကွယ်သူတစ်၏လက်ဝါးသည် မျောက်ဝံအိုကြီး၏ ပခုံးပေါ်သို့ ဆင်းသက်သွား၏။

မျောက်ဝံအိုကြီးက ဘာကိုမှ မခံစားမိသည့်အလား မလှုပ်မယှက် ရှိနေ၏။

ကာကွယ်သူက မျောက်ဝံအိုကြီး၏ တုံ့ပြန်မှုကို ကြည့်ပြီး ပို၍ပင် ဣန္ဒြေရလာကာ ညင်သာစွာ ပြုံးလိုက်လေသည်။

“နှစ်ငါးထောင်ကျော်… ခင်ဗျားက ဒီနေရာမှာနေလာခဲ့တာ တကယ်ပဲ တော်တော်ကြာခဲ့ပြီပဲ”

သားရဲများအားလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

ဆူဇီမိုကလည်း တစ်ချက်ဝေ့ကြည့်လိုက်၏။

ပိုင်နက်အရှင် ၁၀ယောက်တွင် တစ်ဝက်လောက်က ထိုအကြောင်းအရာကို ကြိုတင်သိရှိထားသည့်အလား တည်ငြိမ်သော အမူအရာများ ရှိနေကြ၏။ ယင်လီကလည်း သူတို့ထဲတွင် ပါဝင်လေသည်။

ကျန်တစ်ဝက်သည် အံ့အားသင့်သွားကြသော်လည်း သူတို့က တိတ်တဆိတ်ဖြင့် ခေါင်းခါလိုက်ကြ၏။

သူတို့သည် အရှင်သခင်၏နေရာအတွက် တိုက်ခိုက်မှုတွင် ဝင်ရောက်စွက်ဖက်နိုင်သည့်ခွန်အား မရှိကြပေ။

နောက်ဆုံးမှာတော့.. ဆူဇီမို၏အကြည့်က မျောက်ဝံအိုကြီးပေါ်သို့ ရောက်ရှိသွား၏။

​မျောက်ဝံအိုကြီး၏ ရှည်လျားဖြူဖွေးသော မျက်ခုံးမွေးများက သူ၏ပါးပြင်ထက်သို့ တွဲလျားကျဆင်းနေ၏။ သူက လုံးဝ စိတ်ခံစားချက် ကင်းမဲ့နေသည့်အလားပင်။

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။ မျောက်ဝံအိုကြီး၏ တည်ငြိမ်မှုက ချောက်ချားစရာ ကောင်းနေ၏။

သူက လုံးဝ လက်လျှော့လိုက်သည်ဆိုလျှင်တောင် ဤကဲ့သို့ တည်ငြိမ်နေစရာ အ​ကြောင်းမရှိပေ။

ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ အမူအရာက အလွန်တရာ ပျက်ယွင်းသွား၏။

သူက မျောက်ဝံအိုကြီး၏ ကုလားထိုင်ကို သူ့နောက်သို့ ဆွဲယူပြီး အေးစက်စွာဖြင့်​ ငေါက်ငမ်းလိုက်၏။

“မင်းတို့က အရှင်သခင်ရဲ့နေရာကို တိုက်ခိုက်ချင်တယ်ဆိုရင်လည်း စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလေ.. အရှင်သခင်ကို တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်.. မင်းတို့နိုင်ရင် သူ့နေရာက မင်းတို့ အပိုင်ပဲ”

“မင်းတို့က အခုလို အရေအတွက်နဲ့ အနိုင်ကျင့်ရအောင် ယောင်္ကျားတွေမဟုတ်ကြဘူးလား”

ကာကွယ်သူတစ်က ရယ်မောလိုက်၏။

“မင်းရဲ့အဘိုးက အိုနေပြီ… ဆိုပေမဲ့.. ငါက သူနဲ့ အသေအကြေ တိုက်ခိုက်ရမှာကိုတော့ နည်းနည်းစိုးရိမ်နေသေးတယ်.. ဘာပဲပြောပြော ငါက မျောက်ဝံမြူးထူးတောင်ရိုးရဲ့ အနာဂတ်အရှင်သခင်လောင်းပဲ.. မကြာခင် သေရတော့မယ့်လူတစ်ယောက်နဲ့ ငါက ဘာလို့ အသေအကြေ တိုက်ခိုက်နေရမှာလဲ”

“သတ္တိကြောင်လိုက်တာကွာ”

ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူက လှောင်ရယ်လိုက်၏။

“မင်းက အဲ့လိုသတ္တိကြောင်ပုံမျိုးနဲ့များ မျောက်ဝံမြူးထူးတောင်ရိုးရဲ့ အနာဂတ်အရှင်သခင်လောင်း လုပ်ချင်နေသေးတယ်.. မင်းနောက်ကို ပိုင်နက်အရှင် ဘယ်လောက်များများကများ လိုက်ကြမှာမို့လဲ”

ကာကွယ်သူတစ်က အေးစက်စွာ ရယ်မောလိုက်၏။

“သူတို့က ငါ့နောက်ကို မလိုက်ဘဲ ဒီအဘိုးကြီးရဲ့နောက်ကို လိုက်မယ်လို့ မင်းက ထင်နေတာလား.. သူက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမလဲ မင်း သူ့ကို ဘာလို့ မေးမကြည့်တာလဲ.. တစ်နှစ်လား.. နှစ်နှစ်လား.. ဆယ်နှစ်လား”

ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူက တိတ်ဆိတ်ငြိမ်သက်သွား၏။

ဤနှစ်တွေထဲမှာ သူသည် မျောက်ဝံအိုကြီး၏ အိုမင်းရင့်ရော်လာမှုကို အနီးကပ်စောင့်ကြည့်​ပြီး ကူကယ်ရာမဲ့နေခဲ့၏။

ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူသည် မျောက်ဝံအိုကြီးကို လှည့်ကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းချကာ ပြောလိုက်လေသည်။

“မင်းတို့က နိုင်ပါတယ်.. ငါတို့က အရှင်သခင်ရဲ့ နေရာကိုလည်း ဆက်ပြီးမလိုချင်တော့ဘူး”

ထိုသို့ပြောပြီးသည်နှင့် ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူသည် ကုလားထိုင်ကို ဆွဲယူကာ မျောက်ဝံအိုကြီးနှင့်အတူ ဤနေရာကနေ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။

“နေပါဦး”

ကာကွယ်သူ ၂က ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ လမ်းကြောင်းကို ပိတ်ဆို့ပြီး မှင်သေသေဖြင့် မေးလိုက်၏။

“မင်းတို့ကို ဘယ်သူက ထွက်ခွာခွင့် ပေးလို့လဲ”

“မင်းတို့ ဘာဖြစ်ချင်နေကြတာလဲ”

ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူက ဒေါသတကြီး စိုက်ကြည့်လိုက်၏။

“မင်းရဲ့အဘိုးက အရှင်သခင်ဆိုတဲ့ နေရာမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာဆိုတော့ သူ့မှာ ရတနာတွေ အများကြီးရှိမှာပဲ.. ဘာလဲ.. သူက အဲဒီရတနာတွေကို သူ့ရဲ့ အုတ်ဂူထဲအထိ သယ်သွားမလို့လား”

ကာကွယ်သူ ၃က ညင်သာစွာ ပြုံးပြလိုက်၏။

“မင်းတို့ သိပ်ပြီးတော့ တရားလွန်မလာနဲ့”

ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ လက်က တုန်ယင်နေပြီး သူ၏နှာခေါင်းမှ အခိုးအငွေ့များက ထွက်လာ၏။

“တရားလွန်တယ်.. ဟုတ်လား”

ကာကွယ်သူ ၄က မကောင်းဆိုးရွားဆန်ဆန် ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မမျှော်လင့်နဲ့.. မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့တောင် အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့တယ်ဆိုတော့.. ဒီနေ့ ငါတို့က မင်းကို လွှတ်ပေးလိုက်ရင် နောင်တစ်ချိန်မှာ မင်းက ငါတို့ကို ခြိမ်းခြောက်မလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ”

ထိုစဉ်မှာပင် မျောက်ဝံအိုကြီးက ရုတ်တရက် သူ၏မျက်လုံးကို ဖွင့်ပြီး ကာကွယ်သူ ၁ ကို အမူအရာကင်းမဲ့စွာ စိုက်ကြည့်လိုက်၏။

“မင်းက ငါတို့ကို သတ်ဖို့ ရည်ရွယ်ထားတာလား”

“ဟုတ်တယ်.. ကျုပ်က ရည်ရွယ်ထားတယ်”

ကာကွယ်သူ ၁ သည် သူ၏သတ်ဖြတ်လိုစိတ်ကို ဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။

သူက ဤနေ့ဤရက်ကို စောင့်ဆိုင်းလာခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

မျောက်ဝံအိုကြီးက ငယ်ရွယ်၍ သန်မာခဲ့စဉ်က သူသည် ထိုအခွင့်အရေးကို မရရှိနိုင်ခဲ့ပေ။

နောက်ပိုင်းတွင်.. မျောက်ဝံအိုကြီးက အိုမင်းလာသော်လည်း သူက သူ၏နေရာကို လက်မလွှတ်ခဲ့သေးပေ။

ထိုမျှသာမက ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူက အလွန်တရာ ပါရမီပါပြီး သူက မျောက်ဝံအိုကြီးထက်ပင် ပို၍ထက်မြက်လေသည်။ အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် သူက အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်အဖြစ် ကျင့်ကြံနိုင်ခဲ့​ပြီး ကာကွယ်သူတစ်ယောက် ဖြစ်လာခဲ့လေသည်။

သူ၏ ပါရမီအလားအလာအရ ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူသည် နောက်လာမည့် အရှင်သခင်နေရာကို သေချာပေါက် ဆက်ခံပေလိမ့်မည်။

ထိုအခါ.. ကာကွယ်သူ ၁က အရှင်သခင်၏နေရာကို တက်လှမ်းဖို့အတွက် အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။

သူက မကျေမချမ်း ဖြစ်ခဲ့လေသည်။

သူသည် လက်ရှိအရှင်သခင်နှင့် ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူကို တစ်ခါတည်း အပြီးသတ် သတ်ဖြတ်ချင်လေသည်။

မျောက်ဝံမြူးထူးတောင်ရိုးက သူ့အပိုင်ဖြစ်လာရပေမည်။

ဖြူဖတ်ဖြူလျော် မျက်နှာနှင့် ဗလတောင့်တောင့်လူသည် အသက်ကို ပြင်းထန်စွာ ရှိုက်ပြီး သူ၏ကိုယ်ပေါ်တွင် သားမွေးရှည်များက တစ်လွှာပြီးတစ်လွှာ ပေါ်လာ၏။ သူက အံကိုကြိတ်ပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲတော့မည့်ပုံရှိကာ ဟိန်းဟောက်လိုက်လေသည်။

“ဒီနေ့ မင်းလုပ်ခဲ့တဲ့ အရာတွေကို ဒီမှာရှိတဲ့ သားရဲတွေ အကုန်လုံးက တွေ့မြင်ထားတာပဲ… မင်းရဲ့ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေမှာ ဘယ်သူကများ မင်းကို အသိအမှတ်ပြုချင်ပါ့မလဲ”

“ဟားဟားဟားဟား”

ကာကွယ်သူ ၁က ခေါင်းကိုမော့၍ ရယ်မောလိုက်၏။

ခဏကြာပြီးနောက် သူ၏ရယ်သံက ရုတ်တရက် ရပ်တန့်သွားလေသည်။

အေးစက်စက် အမူအရာတစ်ခုနှင့်အတူ ကာကွယ်သူ ၁သည် ဘေးနားပတ်ဝန်းကျင်ရှိ သားရဲများအားလုံးကို သတ်ဖြတ်လိုသော အော်ရာဖြင့် လွှမ်းခြုံကြည့်လိုက်၏။

“ငါ့ရဲ့ခွန်အားကို လက်မခံချင်တာ ဘယ်သူရှိလဲ”

သားရဲများအားလုံးသည် သူတို့၏ခေါင်းကို ငုံ့ထားကြ၏။

မည်သူကမှ ကာကွယ်သူ ၁၏ အကြည့်နှင့် ရင်မဆိုင်ရဲကြပေ။

မဟာပိုင်နက်အရှင် ၁၀ယောက်ထဲတွင် ယင်လီသည် အခြားသော ၄ယောက်ကို ဦးဆောင်ကာ ရှေ့သို့ထွက်ရပ်လိုက်၏။ သူတို့အားလုံးသည် မြေပြင်ပေါ်မှာ ဒူးတစ်ဖက် ထောက်ချပြီး သူတို့၏လက်သီးနှစ်ဖက်ကို ယှက်ဖြာလိုက်၏။

“ကျုပ်တို့က ခင်ဗျားဆီမှာ အညံ့ခံချင်ပါတယ်”

ထိုပိုင်နက်အရှင်များ၏နောက်ဘက်ရှိ မိစ္ဆာသားရဲများကလည်း ဒူးထောက်ချလိုက်လေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လက်ရှိသားရဲများသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျလာ၏။

“ကျုပ်တို့က အညံ့ခံချင်ပါတယ်”

ကျန်ရှိနေသော မဟာပိုင်နက်အရှင် ၁၀ယောက်ထဲမှ ၅ယောက်သည် အကြည့်ချင်းဖလှယ်ကြပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။ ရွေးစရာမရှိသော လက်ရှိအခြေအနေအရ သူတို့ ၅ယောက်ကလည်း ဒူးထောက်ရပေတော့မည်။

“ငါတော့ လက်မခံဘူး”

ထိုစဉ်မှာပင် အသံတစ်သံက ထွက်ပေါ်လာ၏။ လူတိုင်း၏ အညံ့ခံနေကြသော အသံထဲတွင် သူ၏အသံက သိသာခြားနားစွာ ကွဲထွက်နေ၏။

သားရဲများ အားလုံးသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

“ဟမ့်”

ကာကွယ်သူ ၁၏ အမူအရာကပင်လျှင် ပြောင်းလဲသွား​ပြီး သူကလည်း လှည့်ကြည့်လိုက်၏။

သားရဲအများစုသည် မြေပြင်ပေါ်မှာ ဒူးထောက်နေကြပြီဖြစ်ပြီး မတ်တပ်ရပ်လျက်လူက သိပ်ပြီး များများစားစား မကျန်ရှိတော့ပေ။

ဆူဇီမိုတို့အုပ်စုက ထိုအထဲတွင် ပါဝင်လေသည်။

မျောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။

“တစ်ယောက်ယောက်က အရှင်သခင်ရဲ့ နေရာအတွက် တိုက်ခိုက်ချင်တယ်ဆိုရင် အဲဒါက လက်ခံလို့ရတယ်.. စည်းမျဉ်းစည်းကမ်းအရဆို မင်းတို့တွေက အရှင်သခင်ကို တစ်ယောက်ချင်းတိုက်ခိုက်ဖို့ စိန်ခေါ်ရမယ်မလား”

“အရှင်သခင်က သူ့ဘဝရဲ့ နေဝင်ခါနီးအရွယ်ကို ရောက်နေပြီ.. ဒါတောင် မင်းတို့က သူ့ကို တစ်ယောက်ချင်းတိုက်ခိုက်ဖို့ သတ္တိမရှိကြဘူး.. ဒါနဲ့များ မင်းတို့က သူ့ရဲ့နေရာကို လိုချင်နေကြသေးတယ်.. ထွီ”

အဲဒါသည် သူက ဘဝနေဝင်ခါနီးအရွယ် မျောက်ဝံအိုကြီးကို သနားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

သို့မဟုတ်.. သူတို့က တူညီသော မျိုးနွယ်မှ ဆင်းသက်လာသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ မျောက်သည် ဆက်လက်၍ ချုပ်တည်းမထားနိုင်တော့ပေ။

သူက ကာကွယ်သူ ၁ကို လက်ညိုးထိုးပြီး အော်ပြောလိုက်၏။

“နောက်ပြီး သူတို့က ပိုင်နက်အရှင်ရဲ့ နေရာကို လက်လျှော့လိုက်ပြီ.. ဒါတောင် မင်းက သူတို့ကို သတ်ချင်နေသေးတယ်.. ငါလည်း တိုက်ခိုက်ရတာကို နှစ်သက်ပါတယ်.. ဒါပေမဲ့လို့ ငါက အသက်အရွယ်အိုမင်းတဲ့သူတွေနဲ့ အားနည်းတဲ့သူတွေကိုတော့ သေချာပေါက် အနိုင်ကျင့်မှာ မဟုတ်ဘူး.. အဲ့လိုလုပ်ရလောက်အောင် ငါက အရှက်မမဲ့သေးဘူး”

စိတ်ဝိညာဉ်ကျားနှင့်​ အခြားသူများသည် ထိုစကားကို ကြားသောအခါ.. ရင်ထဲမှာ ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။

သို့သော်လည်း.. ထိုစကားနှင့်အတူ မျောက်က ပြဿနာအကြီးကြီး ရှာလိုက်ပြီဖြစ်ကြောင်း သူတို့က သိရှိလိုက်ကြ၏။

သူက အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်ကို စွပ်စွဲပြောဆိုနေခြင်းဖြစ်၏။

ဒါ့အပြင်.. အဲဒါက မကြာခင် အရှင်သခင်တစ်ပါးဖြစ်လာတော့မည့် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်လေသည်။

ဆူဇီမိုက ဘာမှ ဝင်မပြောပေ။ မျောက်က ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သောကြောင့် သူကလည်း ခြွင်းချက်မရှိ မျောက်ဘက်ကနေ ရပ်တည်ရပေမည်။

“မင်းကတော့ သေချင်နေပြီပဲ”

ကာကွယ်သူ-၁ ၏ အမူအရာက တင်းမာခက်ထန်သွားပြီး ဒေါသထောင်းခနဲ ထွက်သွား၏။

မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယင်လီက ရုတ်တရက် ထရပ်လိုက်ပြီး မျောက်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။

“ဦးလေး.. ဘာမှ ဒေါသထွက်မနေနဲ့… အဲဒီပုရွက်ဆိတ်တွေကို ကျုပ်အတွက် ထားလိုက်”

“မင်းက လက်မခံချင်ဘူးပေါ့လေ.. ဟုတ်လား”

ယင်လီက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား လှောင်ရယ်မောလိုက်၏။

“မင်းလိုမျိုး အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်က အဲ့လိုပြောဖို့အတွက် ဘာ…”

ရွှစ်

ရုတ်တရက် ယင်လီ၏အမြင်အာရုံက ဝေဝါးသွားပြီး ပုံရိပ်တစ်ခုက သူ့ဆီသို့ ခုန်ဝင်လာလေသည်။

သူက မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ဦးခေါင်းမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် သူ၏အသိစိတ်အာရုံက ဝေဝါးသွားပြီး သူက ဘယ်တော့မှ ပြန်နိုးထမလာတော့ပေ။

ဘုန်း

ယင်လီ၏ အသက်မဲ့အလောင်းက မြေပြင်ပေါ်သို့ လဲကျသွား၏။ သူ၏ဦးခေါင်းက ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ဖျက်စီးခံလိုက်ရလေသည်။

သားရဲများ အားလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ယင်လီသည် သူ့စကားကိုပင် ဆုံးအောင်မပြောနိုင်ဘဲ ထိုးချက်တစ်ချက်ဖြင့် သူ၏ဦးခေါင်းက ကြေမွသွားခဲ့လေသည်။

အဲဒါက လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင် ဖြစ်လေသည်။

သားရဲများသည် တစ္ဆေတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အလား အစိမ်းရောင်ဝတ်လူကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြ၏။

မည်သူမှ မလှုပ်ရှားဝံ့သော တင်းမာခက်ထန်သည့် လက်ရှိအခြေအနေမှာ လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်သည် ရုတ်တရက် တိုက်ခိုက်၍ မဟာပိုင်နက်အရှင် ၁၀ယောက်ထဲမှ ၁ယောက်ဖြစ်သော ယင်လီကို သတ်ဖြတ်ခဲ့လေသည်။

အောက်ဘက်တွင်ရှိသော သားရဲတောကောင်များကို အသာထား.. စင်မြင့်ပေါ်ရှိ မျောက်ဝံအိုကြီးပင်လျှင် ခဏမျှ ကြောင်အသွား၏။ ထို့နောက် သူက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။

တိုက်ခိုက်လိုက်သူမှာ တကယ်ပဲ ဆူဇီမိုပင် ဖြစ်လေသည်။

သူက သတ်ဖြတ်ရာမှာ ပြတ်သားလေသည်။ သူက ထိုသူတို့နှင့် ဆန့်ကျင်ဘက်မှာ ရပ်တည်ခဲ့ပြီဖြစ်တာကြောင့် မလိုအပ်သော စကားတွေ ပြောနေမှာမဟုတ်ဘဲ ချက်ချင်းလက်ငင်း တိုက်ခိုက်မှာ ဖြစ်လေသည်။

ဒါ့အပြင်.. သူက ယင်လီကို ကြည့်မရခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်လေသည်။

All Chapters