ဟန်ဆောင်ထားခြင်း
Vol. 56 Ch. 840
ယင်လီ၏ သေဆုံးမှုက တစ်ကယ်ပင် တရားမျှတမှုမရှိပေ။
အဲ့ဒါသည် လက်ရှိသားရဲများ၏ စိတ်ထဲတွင် ဝင်ရောက်လာသော အတွေးဖြစ်လေသည်။
အဆင့်မြင့်မိစ္ဆာသားရဲများ၏ ရှေ့မှောက်မှာပင် ဆူဇီမိုက လှုပ်ရှားမှုတစ်ခုကိုပြုလုပ်၍ သတ်ဖြတ်ရဲလိမ့်မည်ဟု ယင်လီကိုယ်တိုင်ပင် တွေးထင်ထားလိမ့်မည် မဟုတ်ပေ။
သူက လုံးဝ အငိုက်မိသွားခြင်းဖြစ်လေသည်။
“ဘယ်လိုတောင်ရဲတင်းတာလဲ...”
ဆူဇီမိုနှင့် မိစ္ဆာသားရဲတစ်ယောက်သည် ကြောက်မက်ဖွယ်ရာ အမူအရာနှင့်အတူ ဟိန်းဟောက်၍ သူ၏ အစစ်အမှန် ပုံစံသို့ ပြောင်းလဲရင်း ရှေ့သို့တက်လိုက်၏။
မမျှော်လင့်ထားစွာပင် ဆူဇီမိုက လှည့်ပင်မကြည့်ဘဲ သူ၏လက်ကို လက်ပြန်လွှဲယမ်းလိုက်လေသည်။
သူ၏လက်က နတ်ဘုရားကြာပွတ်တစ်ခုကဲ့သို့ လေထဲမှာ ပျံသန်းလာပြီး ကျယ်လောင်သော လေခွင်းသံကို ထွက်ပေါ်လာစေသည်။
အဲ့ဒါက နူးညံ့ပျော့ပျောင်းသည့်ပုံပေါ်သော်လည်း ထိုမိစ္ဆာသားရဲ၏ ဦးခေါင်းနှင့် ထိတွေ့မိစဥ်တွင် သူ၏လက်ထံမှ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားတစ်ခုက ထွက်ပေါ်လာလေသည်။
သူ၏လက်က ထိုမိစ္ဆာသားရဲ၏ ဦးခေါင်းကို ရစ်ပတ်၍ ဆွဲယူလိုက်၏။
ဂျွတ်!
ထိုမိစ္ဆာသားရဲ၏ ဦးခေါင်းသည် ဝံပုလွေတစ်ကောင်၏ ဦးခေါင်းအဖြစ်သို့ အသွင်ပြောင်းလာခါစဖြစ်ပြီး ထိုစဥ်မှာပင် သူ၏လည်ပင်းသည် ဆူဇီမို၏ အတင်းအကျပ် ဆွဲယူရစ်ပတ်ခြင်းကို ခံလိုက်ရ၏။ သူ၏ ဦးခေါင်းတစ်ခုလုံးက ကျွတ်ထွက်သွားခဲ့လေသည်။
ဝံပုလွေ၏ ဦးခေါင်းသညိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး အတွင်းတွင်ရှိသော အမြုတေစ်ိတ်ဝိညာဥ်ကပါ ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။
သားရဲတောကောင်များသည် သူတို့၏ အစစ်အမှန်ပုံစံသို့ ချက်ချင်းနီးပါးပြောင်းလဲနိုင်လေသည်။
သို့သော်လည်း သူတို့နှစ်ယောက်သည် နီးကပ်လွန်းနေပြီး တဒင်္ဂအချိန်ကလေးကပင် ဆူဇီမိုအနေနှင့် ထိုသူကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။
တစ်ခဏအတွင်းမှာပင် မိစ္ဆာသားရဲနှစ်ယောက်က ဆူဇီမို၏လက်ထဲမှာ သေဆုံးခဲ့ရလေသည်။
ထိုအချိန်မှသာလျှင် လက်ရှိသားရဲများအားလုံးသည် နောက်ဆုံးနားလည်သွားကြ၏။ လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်က အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်သော်လည်း သူက တစ်ကယ်ဘဲ အစွမ်းအစရှိပါပေသည်။
အနည်းဆုံးတော့ သတ်ဖြတ်ရာမှာ သူ၏ ပြတ်သားမှုက လက်ရှိများစွာသော သားရဲများ ယှဥ်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။
“အဲ့ဒီ ပုရွက်ဆိတ် တစ်အုပ်စုကို သတ်စမ်း! ဒီနေ့ ငါ့အမိန့်ကို နာခံတဲ့ ဘယ်မိစ္ဆာသားရဲမဆို ဆုလာဘ်ချီးမြှင့်ခြင်း ခံရမယ်”
ကာကွယ်သူ ၁ က အေးစက်စက်အကြည့်နှင့်အတူ လက်ထောင်ပြပြီး အမိန့်ပေးလိုက်၏။
မည်သို့ပင်ဆိုစေ ကာကွယ်သူ ၄ ယောက်၏ အဓိကပစ်မှတ်သည် မျောက်ဝံအိုကြီးနှင့် ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူဖြစ်လေသည်။
“ဝေါင်း!”
“ဂါး...”
မြေပြင်ပေါ်တွင် သားရဲချီများက မြောက်များစွာ ထွက်ပေါ်လာပြီး ကျယ်လောင်သော ဟိန်းဟောက်သံများကလည်း ဆက်တိုက်ထွက်ပေါ်လာလေသည်။
ကာကွယ်သူ ၁ ၏စကားကို ကြားသောအခါ များစွာသော သားရဲများသည် စိတ်အားထက်သန်လာကြ၏။
“အဲ့ဒီမှာ ငေးငိုင်မနေနဲ့ လှုပ်ရှားကြတော့”
ဆူဇီမိုက မျောက်ကိုတွန်းထိုး၍ အော်ဟစ်လိုက်၏။
မျောက်သည် ချက်ချင်းတုံ့ပြန်လိုက်ပြီး သိုလှောင်အိတ်ထဲကနေ အကျော်ဇေယျကို ဆွဲထုတ်လိုက်၏။ သူက ရင်ဘတ်ကိုပုတ်ပြီး မြေပြင်ပေါ်တွင် မားမားမတ်မတ်ရပ်ကာ ဝင်ရောက်လာသော သားရဲများအားလုံးကို အကျော်ဇေယျဖြင့် လွှဲရိုက်၍နောက်သို့လန်ကျသွားစေ၏။
မျောက်သည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ဖြစ်သော်လည်း အကျော်ဇေယျနှင့်ဆိုပါက သူသည် သာမန်အလယ်အလတ်အဆင့် မိစ္ဆာသားရဲများကို တိုက်ခိုက်နိုင်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်က နင်နက်ရှိုင်းရှိုင်း တစ်ချက်ဟိန်းဟောက်၍ သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။
သူ၏ ရှည်လျားသော မြွေနဂါးခန္ဓာကိုယ်သည် ကြေးခွံများဖြင့် စီထပ်နေပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုနှင့်အတူ တောက်ပနေ၏။ သူက လေထဲသို့ ပျံတက်လိုက်လေသည်။ သူ၏ ဝမ်းဗိုက်အောက်ရှိ လက်သည်းများသည် ထက်ရှနေပြီး သူ၏ အမြီးကို လွှဲရမ်းလိုက်သောအခါ လေဟာနယ်က တုန်ခါသွား၏။
သူ၏ တိုက်ခိုက်ရည်ခွန်အားသည် လွန်ခဲ့သည့်နှစ်တစ်ရာကထက် များစွာပို၍ ကြောက်စရာကောင်းလာခဲ့သည်မှာ ရှင်းနေလေသည်။
စိတ်ဝိညာဥ်ကျားသည် တစ်ချက်မာန်ဖီ၍ သူ၏ အစစ်အမှန်ပုံစံသို့ ပြော်းလဲလိုက်၏။ သူက လူအုပ်ကြီးထဲသို့ ပြေးဝင်သွားပြီး သူ၏လက်သည်းများကို ဆန့်ထုတ်ကာ သူ့ရှေ့ရှိ မိစ္ဆာသားရဲတစ်ကောင်အပေါ်သို့ ခုန်အုပ်လိုက်၏။
“အဆင့်နိမ့် မိစ္ဆာသားရဲ.. မင်းကတော့ သေချင်နေတာဘဲ”
ထိုမိစ္ဆာသားရဲက အထင်သေးစွာဖြင့် လှောင်ပြောင်ရယ်မော၍ သူ၏ ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်၏။ သူက အေးစက်နေသော ဆေဘာတစ်လက်ကို ဖန်တီးကာ စိတ်ဝိညာဥ်ကျား၏ ဦးခေါင်းထက်သို့ ခုတ်ပိုင်းချလိုက်၏။
ချွမ်း...
စိတ်ဝိညာဥ်ကျား၏ လက်ဖဝါးထဲမှ မနှိုင်းယှဥ်နိုင်အောင် ထက်ရှသော လက်သည်းလေးခုက ပြူထွက်လာပြီး သူတို့က ကြည်လင်နေသော အဖြူရောင်ဖြင့် တောက်ပကာ ပို၍ပင် ထက်ရှနေလေသည်။
ချွမ်း...
စိတ်ဝိညာဥ်ကျား၏ လက်သည်းများက ထိုးထွက်လာပြီး ဆေဘာကို ကျိုးပဲ့ထွက်သွားစေလေသည်။
ဗြီး...
အဲ့ဒိနောက် စိတ်ဝိညာဥ်ကျားသည် ရှေ့သို့ခုန်အုပ်လိုက်ပြီး ထိုမိစ္ဆာသားရဲ၏ ဦးခေါင်းကို သူ၏လက်သည်းများဖြင့် ထိုးဖောက်ကာ ထိုသူ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ ဖျက်ဆီးပစ်လိုက်၏။
ထိုမိစ္ဆာသားရဲ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက သွေးအိုင်ထဲသို့ ပစ်လဲကျသွား၏။ သူ၏မျက်နှာပေါ်တွင် မကျေမချမ်းသည့် အမူအရာတစ်ခုက ရှိနေလေသည်။
ချင်ချင်သည် သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟ၍ သူမ၏ အဇူရာအစိမ်းရောင် ငှက်မွေးယပ်တောင်ကို ဆင့်ခေါ်လိုက်၏။ သူမသည် အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို ထိုယပ်တောင်ထဲသို့ ထိုးသွင်းလိုက်ပြီး ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်၏။
ယပ်တောင်က လေနှင့်အတူ ပြန့်ကားသွားပြီး ကျောက်စိမ်းရောင် မီးတောက်များက ၎င်း၏မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာ၏။ ဘေးပတ်ဝန်းကျင်ရှိ အပူချိန်က ချက်ချင်းပင် မြင့်တက်လာခဲ့လေသည်။
ချင်ချင်က အားပါပြင်းထန်သော လှုပ်ရှားမှုဖြင့် ယပ်တောင်ကို ခတ်ထုတ်လိုက်၏။
ကျောက်စိမ်းရောင် မီးတောက်လုံးတစ်လုံးက ရှေ့သို့ လွင့်ထွက်သွားပြီး မိစ္ဆာသားရဲသုံးယောက်ကို လွှမ်းခြုံသွား၏။
မီးတောင်များက အလွန်တရာအားကောင်းပြီး မိစ္ဆာသားရဲသုံးယောက်က နာကျင်စွာ အော်ဟစ်ညည်းတွားလိုက်၏။ သို့သော်လည်း ဘယ်လိုပင်ကြိုးစားပါစေ ထိုမီးတောက်များကို ငြှိမ်းသက်နိုင်ခြင်းမရှိကြပေ။
ထိုမိစ္ဆာသားရဲသုံးယောက်က ပါချည်ပါချဲ့များမဟုတ်ဘဲ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချကာ သူတို့၏ အဆီအနှစ်သွေးများကို သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ထွေးထုတ်လိုက်၏။
ရှဲ...
မီးတောက်များက ချက်ချင်းပငိ ငြိမ်းသေသွားပြီး မီးခိုးများက အူထွက်လာ၏။
ချင်ချင်က စိတ်ထဲကနေ အားမလိုအားမရ ဖြစ်သွားခဲ့လေသည်။
ကံမကောင်းစွာနဲ့ သူတို့ကြားတွင် အဆင့်ကြီးတစ်ဆင့် လုံးလုံး ကွာဟနေ၏။ သူတို့က အဆင့်နိမ့်မိစ္ဆာသားရဲများ ဖြစ်ကြမည်ဆိုလျှင် ကျောက်စိမ်းရောင်မီးတောက်၏ စွမ်းအားကို လုံးဝခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင် ထိုမိစ္ဆာသားရဲသုံးယောက်၏ အသားများသည် လောင်းကျွမ်းမှုကြောင့် ကွဲထွက်သွားပြီး သူတို့၏ပုံစံက အလွန်တရာ ဆိုးဆိုးဝါးဝါး ပုံပေါက်နေ၏။
အဲ့ဒီမှာ ဆက်လက်၍ မချုပ်တည်းနိုင်တော့သော မိစ္ဆာသားရဲများရှိကြပြီး သူတို့က မျောက်နှင့်အခြားသူများထံသို့ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။
ဘန်း...
မြေခွေးလေးက သူမ၏ လက်ကို ဖြေလျှော့လိုက်ပြီး နက်မှောင်နေသော ထီးကိုဖွင့်လိုက်၏။ အဲ့ဒါက ဖြည်းဖြည်းချင်း လည်ပတ်သွားပြီး အကန့်အသတ်မဲ့သော အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်ပေးကာ ဝင်ရောက်လာသော စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုများကို ပိတ်ဆို့ကာကွယ်လိုက်၏။
အနက်ရောင်ထီးက ရှားရှားပါးပါး အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်တစ်ခုဖြစ်လေသည်။
သို့သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့် ကွာဟချက်က ကြီးမားလွန်းနေပြီး မြေခွေးလေးသည် စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုအချို့ကို ပိတ်ဆို့တားဆီးဖို့အတွက် မနည်းပင် ကြိုးစားရုန်းကန်နေရ၏။
ကံကောင်းထောက်မစွာနှင့် မိစ္ဆာသားရဲအများစုက ဆူဇီမိုဘက်သို့ ရောက်ရှိနေကြလေသည်။
မဟုတ်ပါက ထိုမိစ္ဆာသားရဲများသည် သူတို့၏ ခွန်အားများကို စုပေါင်း၍ မျောက်နှင့်အခြားသူများကို တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့က သိပ်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် အားကောင်းပြင်းထန်သော သွေးချီကို ထုတ်ဖော်ကာ လူအုပ်ကြီးထဲသို့ ပြေးဝင်သွားပြီး မည်သည့်မိစ္ဆာသားရဲကမှ သူ၏ ကိုယ်ကာယစွမ်းအားကို ခံနိုင်ရည်မရှိကြပေ။
ဒါ့အပြင် သူ့စိတ်အာရုံတစ်ဝက်က သစ်လုံးစင်မြင့်ထက်ပေါ်သို့ ရောက်ရှိနေ၏။
သူသည် အရင်ဆုံးစ၍ တိုက်ခိုက်လိုက်သော်လည်း သူက သူ၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားသည်ဟု မဆိုလိုပေ။
ဆူဇီမိုသည် ထိုအရာနှင့်ပက်သတ်၍ ရှင်းလင်းစွာ သိထား၏။
မျောက်ဝံမြူးထူးတောင်ရိုး၏ အတွင်းပဋိပက္ခ၏ အဓိကတိုက်ပွဲနယ်မြေသည် သစ်လုံးစင်မြင့်ထက်ပေါ်မှာ ဖြစ်ပေလိမ့်မည်။ သူတို့၏ခွန်အားက ဤအခြေအနေကို ပြောင်းလဲဆုံးဖြတ်နိုင်ဖို့အတွက် လုံလောက်မှုမရှိပေ။
အကယ်၍ မျောက်ဝံအိုကြီး၏ဘက်က အနိုင်ရရှိခဲ့လျှင် သူတို့က ဝမ်းသာပျော်ရွှင်ရပေမည်။
သို့သော်လည်း မျောက်ဝံအိုကြီးနှင့် ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူက ကျရှုံးသွားလျှင် သူတို့အလှည့်သို့ရောက်ရှိလာပေလိမ့်မည်။
သူက အဆင့်မြင့်မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရလျှင် အနိုင်ရဖို့ အခွင့်အရေး တစ်ခုတောင်ရှိမည်မဟုတ်ပေ။
ထို့ကြောင့်ပင် ဆူဇီမိုသည် အကြိတ်အနယ် သတ်ဖြတ်နေရသော်လည်း သစ်လုံးစင်မြင့်ထက်ပေါ်ရှိ အခြေအနေကို သူက အာရုံစိုက်ထားခြင်းဖြစ်လေသည်။
အခြေအနေမဟန်ဘူးထင်လျှင် သူသည် မျောက်နှင့်အခြသူများကို ဦးဆောင်ပြီး ဤနေရာကနေ ဖောက်ထွက်ရမည်ဖြစ်၏။
သစ်လုံးစင်မြင့်ထက်ပေါ်တွင် နှစ်ဖက်စလုံးက အခုချိန်ထိ မတိုက်ခိုက်ကြသေးပေ။
အစကတော့ ကာကွယ်သူ ၁ သည် အလွန်တရာယုံကြည်မှုရှိနေ၏။
သို့သော်လည်း ဘာကြောင့်ရယ်မသိ သူသည် စောစောက မျောက်ဝံအိုကြီး၏ မှုန်ရီနေသော မျက်လုံးများဖြင့် တွေ့ဆုံမိချိန်တွင် သူ၏ ရင်ထဲမှာ တလှပ်လှပ် ခံစားလာရ၏။ အခြားသော ကာကွယ်သူ သုံးယောက်ကလည်း မအီမသာ ခံစားနေရသည်မှာ သိသာလေသည်။
ကာကွယ်သူ ၁ က လှုပ်ရှားခြင်းမရှိသေးပေ။
ရုတ်တရက် သူသည် အောက်ဘက်တွင်ဖြစ်ပွားနေသော ဝရုန်းသုန်းကား တိုက်ပွဲကို ကြည့်ပြီး စိတ်ထဲမှာ မချင့်မရဲဖြစ်လာ၏။
သူတို့က အဲ့ဒီအဆင့်နိမ့်မိစ္ဆာသားရဲအချို့ကို ဘာလို့အခုထိ မရှင်းနိုင်သေးတာလဲ။
ယနေ့ကိစ္စများက ချောချောမွေ့မွေ့ ပြီးဆုံးတော့မည်ပုံမရှိပေ။
“မင်းတို့က ဘာတွေကိုစောင့်နေကြတာလဲ... အခုချိန်ထိ မလှုပ်ရှားကြသေးဘူးလား”
ထိုစဥ်မှာပင် မျောက်ဝံအိုကြီးက ခံစားချက်ကင်းမဲ့သော လေသံဖြင့် တည်ငြိမ်စွာပြောလိုက်၏။
“ဟီးဟီး”
ကာကွယ်သူ ၁ က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။
“ကျုပ်က ဒီအခိုက်အတန့်ကို ရရှိဖို့ အချိန်တွေအကြာကြီး စောင့်လာခဲ့ရတာ.. နောက်ထပ်နည်းနည်း ပိုစောင့်လိုက်လို့ ဘာမှ သိသာ မခြားနားသွားပါဘူး”
“အို...”
မျောက်ဝံအိုကြီးက ခေါင်းညိတ်လိုက်၏။
“မင်းတို့က မလှုပ်ရှားသေးဘူးဆိုရင်လည်း.. ငါကတော့ လှုပ်ရှားတော့မယ်”
သူ၏စကားမဆုံးသေးခင်မှာပင် သူက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။
အဲ့ဒါက ရိုးရှင်းသော အပြုအမူတစ်ခုသာ ဖြစ်သော်လည်း သူ့ထံမှ သားရဲအားလုံးကို ဖိနှိပ်နိုင်သော အလွန်ထူးကဲ၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုက ဖြာထွက်လာ၏။ အဲ့ဒါက မျောက်ဝံမြူးထူးတောင်ရိုး တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားလေသည်။
“ခင်ဗျား...”
ကာကွယ်သူ ၁ ၏မျက်လုံးများက ပြူးကျယ်သွားပြီး မျောက်ဝံအိုကြီးကို မယုံကြည်နိုင်မှုဖြင့် ငေးကြည့်နေ၏။
မျောက်ဝံအိုကြီးက အိုမင်းနေပြီဖြစ်သော်လည်း သူ၏အော်ရာက အရင်ကကဲ့သို့ ထက်ရှဆဲ စွမ်းအားကြီးဆဲ ဖြစ်လေသည်။
သူသည် သူ၏အထွတ်အထိပ်မှာ ရှိခဲ့စဥ်ကနှင့် များစွာ ခြားနားမှုမရှိပေ။
“ခင်ဗျားက ဟန်ဆောင်နေခဲ့တာလား...”
ကာကွယ်သူ ၁ ၏ အမူအရာကပြောင်းလဲသွားပြီး ထိုစကားကို ကြိုးစား၍ ပြောလိုက်၏။
မျောက်ဝံအိုကြီး၏ မျက်လုံးထဲရှိ မှုန်ရီဝေဝါးမှုများက လုံးဝပျောက်ကွယ်သွားပြီဖြစ်၏။
သူ၏သွေးချီက ရုန်းကြွလာပြီး အဲ့ဒါကို အဆက်မပြတ် လှည့်ပတ်လိုက်၏။
မျောက်ဝံအိုကြီး၏ ဖြူဖွေး၍ အောက်သို့တွဲလျားကျနေသော မျက်ခုံးမွေးများက ညင်သာစွာ လှုပ်ရှားလာပြီး အနီရောင်သန်းလာလေသည်။ အဲ့ဒါက တဖြည်းဖြည်းနှင့် ထိတ်လန့်စရာကောင်းလောက်အောင် နီရဲလာ၏။
သူ၏သွေးချီကို အကန့်အသတ်အထိ လှည့်ပတ်လိုက်သောအခါ ထိုအနီရောင်က သူ့မျက်ခုံးမွေး၏ အဆုံးသတ်နားထိပင် ရောက်ရှိသွား၏။
သူ၏ ခက်ထန်ကြမ်းကြုတ်လှသော သွေးချီတွင် အသက်အရွယ် အိုမင်းရင့်ရော်မှုကို မမြင်ရတော့ပေ။
“အဖိုး... ခင်ဗျားက ကျန်းမာတုန်းဘဲလား...”
ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် အားတက်သွားပြီး ဝမ်းသာပျော်ရွှင်သွားလေသည်။
“အဖိုးကြီး ခင်ဗျားက တော်တော်စဥ်းလဲတာဘဲ ၊ ခင်ဗျားက ခင်ဗျားရဲ့ ဆွေမျိုးရင်းချာထံမှာတောင် ဟန်ဆောင်ထားခဲ့တယ်”
ကာကွယ်သူ ၁ က အငြိုးအတေးကြီးသော အကြည့်တစ်ခုရှိနေပြီး အံကိုကြိတ်ကာ ပြောလိုက်၏။
“ငါက အဲ့လိုမှ မလုပ်ခဲ့ဘူးဆိုရင် မင်းရဲ့စိတ်ရင်းအမှန်ကို ငါက ဘယ်မြင်နိုင်ပါ့မလဲ”
မျောက်ဝံအိုကြီးက သူ၏ရင်ဘတ်ကိုပုတ်ပြီး အလွန်တရာ အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။
သူ၏ ဟိန်းဟောက်သံမဆုံးသေခင်မှာပင် သူက ရှေ့သို့ ခြေတစ်လှမ်းယူ၍ ရုတ်တရက်တိုက်ခိုက်လိုက်ပြီ ဖြစ်၏။