အခန်း (၃၄၆)
Vol. 30 Ch. 346
“မင်းက သတ္တိသိပ်ရှိနေတာပေါ့”
လီချန်းချင်းက လှုပ်ရှားလိုက် သည်ကို မြင်သောကြောင့် ဆုကျန်း၏ ဒေါသများမှာ မိုးထိကို ထောင်တက်သွားပါ၏။ တောင်ဘက်တောရိုင်းလွင်ပြင်၌ သူ့ကို ဘယ်သူကမျှ ယခုလိုမျိုးရန်မစရဲခဲ့ပါ။
အရှေ့ပိုင်းစိတ်ငြိမ်ခြင်း နယ်မြေကြီးတွင် သူက ပြဿနာရှာရန်အတွက် မကြံစည်ခဲ့ သော်လည်း တစ်စုံ တစ်ဦးက သူ့အား တိုက်ရိုက်ပင်လျှင် စိန်ခေါ် နေပြီဟုတ်ပါလား။ ထိုကဲ့သို့သော စိန်ခေါ်မှုမျိုးကို သူက ဒီတိုင်း ပဲသည်းခံလိုက်ရမှာလား။ ဒီလိုမျိုး လုပ်လိုက်ပါက သူရဲ့ မဟာ သိုင်းဂိုဏ်း ကျင့်ကြံသူဟူသော ဂုဏ်ပုဒ်က တစ်ခြားလူတို့၏ အမြင်မှာ ဟာသဖြစ်သွားမည်ဖြစ်သည်။
“ချွမ်…”
ထိုအခိုက်တွင် ဆုကျန်းက သူ၏ဓားမောက်ကိုဆွဲထုတ်လိုက်ပါ၏။ ဓားမောက်က ဓားအိမ်ထဲမှ ထွက်လာသည့်အခါတွင် လေထုနှင့်တိမ်တိုက်များ မှာ ချက်ချင်းကိုပင်လျှင် အရောင်ပြောင်းသွားခဲ့ပါ၏။ ကောင်းကင်ကြီး တစ်ခုလုံးမှာ ဓားမောက်၏ ဓားချီကြောင့် နှစ်ခြမ်းကွဲသွားခဲ့ပါ၏။ ဆုကျန်း၏လက်ထဲတွင် ရှိသော ဓားမှာ နတ်ဘုရားအဆင့် လက်နက် မဟုတ်သည့်တိုင် ထိုစွမ်းအားမှာ သာမာန်ထက်တော့ ထူးခြားနေပါ၏။ ဆုကျန်း၏နောက်တွင် မတ်တပ်ရပ်နေသော ဆုရှန်းချီမှာ ထိုမြင်ကွင်းကိုမြင်လိုက်သည် နှင့် ခပ်မြန်မြန်ပင် အနောက်သို့ ဆုတ်ခွာသွားပါတော့သည်။
သူက အဆင့်မြင့် ကျွမ်းကျင်သူနှစ်ဦး တိုက်ခိုက်သည့်ကြားတွင် မြေစာပင်အဖြစ် ညှပ်ခံရမည်ကို စိုးရွံ့နေခဲ့ပါသည်။ ထိုစွမ်းအား အရှိန်အဝါသေး သေးလေး၏ ရိုက်ခတ်မှုက သူ့ကို ချက်ချင်း ပင်လျှင် ရုပ်ကော ခန္ဓာကိုယ်ကိုရောပင် ပျက်စီးသွားစေနိုင် လောက်သည်အထိ စွမ်းအားကြီးမားလှပါ၏။
လီဟမ်ရှန်းကလည်း ထိုအရာကို သိသောကြောင့် လုရှီရန်ကို ဆွဲဖက်လိုက်ပြီး အနောက်သို့ ခပ် ဝေးဝေးကို လှမ်းဆုတ် လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် ဆုကျန်း ထုတ်ဖော်လိုက်သည့် စွမ်းအားကို မြင်ပြီးနောက်တွင် လီဟမ်ရှန်းက ထိတ်လန့်သွားခဲ့ပါ၏။
ထိုသူ၏ ဓားမောက်ကို ဓား အိမ်မှချွတ်လိုက်သည့်အချိန် ထွက်လာသည့်စွမ်းအားက ဆုကျန်း၏ပတ်ပတ်လည်၌ အဟုန်နိယာမများ တလူလူနှင့် လွှမ်းခြုံက ဝန်းရံထွက်ပေါ်နေသည်ကို လီဟမ်ရှန်းခံစားလိုက်ရပါသည်။
ဆုကျန်း၏ အဟုန်နိယာမ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးက ဆုကျန်းပိုင်ဆိုင်သော ပိုင်နက် နယ်မြေအတွင်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရပါသည်။ အရာအားလုံးက ဆုကျန်း၏ စိတ်သဘောအတိုင်း ပြုလုပ်ခြင်းကို ခံရမည့်အလားပင် ဖြစ်နေပါသည်။
ဒါပေမဲ့ လီချန်းချင်း ကလုံးဝ ဂရုမစိုက်ပါ။ သူ၏ချင်းလဲ့ ဓားခုနှစ်စင်းအစီအရင်က ဖွဲ့စည်း ထားပြီ ဖြစ်သောကြောင့် သာမာန် အဟုန်နိယာမ လောက်က တော့ သူ့အတွက် ဘာမှ မဟုတ်ပါချေ။ လီချန်းချင်း၏ ဓားအစီအရင်က ထိုအဟုန်နိယာမလေးကို အသာလေး ချိုးဖျက်နိုင်စွမ်းရှိပါ၏။
“ ဒဏ္ဍာရီလာ ချင်းလဲ့ဓား အစီအရင်က ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာကို ကြည့်ရသေးတာပေါ့”
ဆုကျန်းက လှောင်ပြောင်လိုက်ပါ၏။
“ချင်းလဲ့ ဓားသခင် ခုနှစ်ပါးက ချင်းလဲ့ဓားအစီအရင် ကို အသုံးပြုပြီးတော့ မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုပြီး ကျုပ်ကြားဖူးခဲ့တယ်။ ဒါပေမဲ့ အဲဒီ မဟာသိုင်းဂိုဏ်းအဆင့်ကလည်း မဟာသိုင်းဂိုဏ်း အဆင့်ကို ချိုးဖြတ်ပြီး ရောက်လာတာ မကြာသေးဘူး”
“ အဲလိုမျိုး အဆင့် ချိုးဖြတ်တက်ခါစ မဟာသိုင်းဂိုဏ်း အဆင့်လေးကို သတ်ဖြတ်လိုက်တာနဲ့တင် ဂုဏ်ယူနေစရာမလိုဘူး။ ကျုပ်လိုမျိုး မဟာသိုင်းဂိုဏ်းအဆင့်မှာ နှစ်အကြာကြီး ကျင့်ကြံသူကို သတ်နိုင်မလားဆိုတာကို စောင့်ကြည့်အုံးမယ်။ ကျုပ်ကို သတ်နိုင်မယ်လို့ မျှော်လင့်နေတာကတော့ အရူးတစ်ယောက်ရဲ့ အိမ်မက်ပဲ”
“ကြိုးစားကြည့်ကြတာပေါ့။” လီချန်းချင်း ပြောပြီးသည့်နောက်တွင် လီချန်းချင်း၏နောက်၌ ဓားခုနှစ်စင်းက ချက်ချင်းပင်လျှင် ဓားအစီအရင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် ဖိနှိပ်နိုင်သော စွမ်းအား တစ်ရပ်ထွက်ပေါ်လာပြီး ဆုကျန်းအပေါ်ကို ဖုံးအုပ်သွားခဲ့ပါ၏။
ကောင်းကင်ကြီး တစ်ခုလုံးမှာ ဓားစွမ်းအားများနှင့် ပြည့်နှက်နေ ခဲ့ပါ၏။ လင်းလက်တောက်ပနေသော အလင်းတန်းက ချက်ချင်းပင်လျှင် နီရဲကာ မှောင်မှိုင်းသွားခဲ့ပါတော့၏။ ဓားအစီ အရင်ဖွဲ့စည်းပြီးသည့်နောက်တွင် မရေမတွက်နိုင်သော ဓားစွမ်းများက ဓားတစ်လက်ချင်းစီမှ ကြီးကျယ်ခမ်းနားပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါဖြင့် ထွက်လာခဲ့ပါ၏။
ဓားအရှိန်အဝါ များထွက်လာ ပြီးနောက်တွင် လောကကြီးတစ်ခုလုံးကို ဓားချီများ အုပ်မိုးလိုက် ပြီး ဆုကျန်းကို ဓားအစီအရင်အတွင်း၌ ချုပ်နှောင်လိုက်ပါတော့၏။ လောကကြီးတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းနေပါသည်။ ဓားချီစွမ်းအားတစ်ခုက ကောင်းကင်နှင့် မြေကြီးကို နှစ်ပိုင်းခွဲနိုင်သည့်အလား ဖြစ်နေခဲ့ပါ၏။
မြောက်များစွာသော ဓားချီများ အုပ်မိုးခံရသည့် တိုင် ဆုကျန်းက ဂရုမစိုက်ပါချေ။ သူ၏လက်ထဲ၌ ဓားမောက်ကို ကိုင်ထားပြီး သူကဓားအစီအရင်၏အောက်တွင် ကမ်းခြေတွင် လမ်းလျှောက်နေသည့်အလား သက်သက်သာသာပင် ဖြတ်သန်းသွားခဲ့ပါ၏။
သူ့၏ခန္ဓာကိုယ် ပတ်ပတ်လည်ကို ကာရံထားသော ဓားမောက်အလင်းတန်းက အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိပါသည်။ ဓားချီများက မုန်တိုင်းကြီး တစ်ခုလိုမျိုး ဆုကျန်းကို ဝါးမြိုလုမတတ် ဖြစ်နေသည့်တိုင် ဆုကျန်း၏ ဓားမောက် အရှိန်အဝါများက အလွယ်တကူပင်ချိုးဖျက်သွား ခဲ့ပါ၏။ ထိုမြင်ကွင်းကို လီဟမ်ရှန်းနှင့် လုရှီရန်က အဝေးနေ ကြည့်နေခဲ့ကြပါသည်။
လီချန်းချင်းနှင့် ဆုကျန်းမှာ လေထုထဲ၌ မိုးမြေတုန်လှုပ်စွာဖြင့် တိုက်ခိုက်နေခဲ့ပါ၏။ ကောင်းကင်ထက်ရှိ တိမ်တိုက်များမှာ အဝေးသို့ လွင့်စင်သွားခဲ့ပါ၏။ ဆုကျန်း၏ ဓားမောက်သိုင်းကွက်က ကျယ်ပြန့်ပြီးစွမ်းအားကြီးမားပါသည်။ သူ့ထံမှ ထွက်ပေါ်နေသော စွမ်းအားက မဟာသိုင်းဂိုဏ်း အဆင့်ကျင့်ကြံသူတစ်ဦး၏ ဂုဏ်ပုဒ်ကို ထင်ရှားစွာ ပြသနေခဲ့ပါ၏။
ဆုမိသားစု၏ လောရွှယ် ဓားမောက်သိုင်းကွက်မှာ ထူးခြားဆန်းကျယ်လှပြီး စွမ်းအား ကြီးမားလှပါသည်။ သူတို့နှစ်ဦးက ကောင်းကင်ထက်၌ တစ်ယောက်တစ်ပြန် တိုက်ခိုက်နေကြပါ၏။ လီချန်းချင်း၏ ချင်းလဲ့ဓား အစီအရင်မှာ အမှန်အကန်ကို သန်မာကာ စွမ်းအား ကြီးမား လှပါ၏။ ထိုဓားအစီအရင်က တိုက်ခိုက်ကစွမ်းအားရော ခုခံစွမ်းအားရော အားမနည်းပါ။
ဒါပေမဲ့ ဆုကျန်း၏ ဓားမောက်သိုင်းကွက်ကလည်း အများကြီး မယုတ်လျော့နေခဲ့ပါချေ။ တစ်ချက်ခုတ်လိုက်ရုံနှင့် သူက တာအို၏လမ်းစဉ်ကို ထွင်းဖောက်နိုင်စွမ်းရှိပါ၏။
ထိုဓားချက်ကြောင့် လီချန်းချင်း၏ ချင်းလဲ့ဓားအစီအရင် မှာ ပြင်းထန်စွာ ပင်တုန်လှုပ်သွားခဲ့ပါ၏။ ဆုကျန်း၏ ဓားချက်တစ်ချက်ကျလိုက် တိုင်းမှာ ဓားအစီအရင်က အချိန်မရွေး ပြိုလဲသွားတော့မည့် အလား ဖြစ်နေခဲ့ပါသည်။ လီချန်းချင်း၏ နတ်ဘုရား စိတ်ဝိဉာဉ် မှာ ပြိုင်ဘက်ကင်းလှပါ၏။ သူ၏နတ်ဘုရား စိတ်ဝိဉာဉ်၏ လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်းကြောင့် ချင်းလဲ့ဓားအစီအရင် မှာ ချင်းလဲ့ ဓားသခင်ခုနှစ်ပါး ထုတ်သုံးခဲ့ စဉ်ကထက် များစွာ စွမ်းအား ကြီးမားလှပါ၏။
ဒါပေမဲ့ ဆုကျန်းပြောသည့်အလားပင် ချင်းလဲ့ဓားအစီအရင်က စွမ်းအားကြီးမားလှပြီး မဟာသိုင်းဂိုဏ်း အဆင့်ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်နိုင်သည့်တိုင် အားနည်းသည့် မဟာသိုင်းဂိုဏ်းအဆင့် ကျင့်ကြံသူများကိုသာ သတ်ဖြတ်နိုင်စွမ်း သာရှိပါသည်။ ဆုကျန်းလိုမျိုး မဟာသိုင်းဂိုဏ်းအဆင့်တွင် နှစ်ပေါင်း များစွာကြာအောင် ရောက်ရှိနေသော စွမ်းအားရှင် တစ်ယောက်။
ထို့အပြင် သူ့တွင် စွမ်းအား ကြီးမားလှသော ဓားမောက် ကျင့်ကြံခြင်း သိုင်းပညာကလည်း ရှိနေသေး၏။ ထိုကဲ့သို့သော လူမျိုးကိုတော့ ခြစ်ရာလေးတစ်ခုမျှပင် ထိရောက်နိုင်အောင် မလုပ်နိုင်ပါချေ။ လီချင်းချင်း၏ ချင်းလဲ့ဓား အစီအရင်က သူ့အား လှောင်ပိတ်ခြင်းကို ခံစားရပါ၏။
ထို့အပြင် လီချန်းချင်း၏ ချင်းလဲ့ဓားသခင်၏ အစီအရင်ကို ဖွဲ့စည်းထားသည့် နတ်ဘုရား ဓား ခုနှစ်လက်မှာလည်း လွန်စွာစွမ်းအား ကြီးမား လှပါ၏။ သူ၏ ကြီးကျယ်ခမ်းနားသည့် ဓားမောက်သိုင်းကွက်နှင့် ပင်လျှင် ထိုဓားအစီအရင်ကို ချိုးဖောက်နိုင်စွမ်းမရှိပါချေ။ သူတို့နှစ်ဦးမှာ ခွန်အားအရာက ညီတူညီမျှဖြစ်နေသည်မှာ အချိန်တော်တော်ကြာလာခဲ့ပါပြီ။
“ချင်းလဲ့ဓားအစီအရင်က တစ်ကယ်ကိုသန်မာပါတယ်။ ဒါပေမဲ့ ကံဆိုးတာက ကျုပ်ကို မသတ်နိုင်ဘူးပဲ။” ဆုကျန်းကကျယ်လောင်စွာ ဖြင့် အော်ဟစ် လိုက်ပါ၏။
“ ဒီလိုမျိုး ရှေ့မတိုး နောက်မဆုတ် အခြေအနေ တွေက ကျုပ်တို့ နှစ်ယောက်လုံး အတွက် အဓိပ္ပါယ်မရှိဘူး နော်။”
“အဓိပ္ပါယ် ရှိတာ မရှိတာကို ဆုံး ဖြတ်ရမဲ့ လူက မင်းမ ဟုတ်ဘူး။” လီချန်းချင်းက ခေါင်းကို ခါရမ်းလိုက်ပါ၏။
သူ၏ ချင်းလဲ့ဓား အစီအရင်က ဆုကျန်းကို သတ်ဖြတ်နိုင်စွမ်းမရှိ သည်ကို လီချန်းချင်းက အစောကြီးကတည်းက သိထားပြီးသားဖြစ်ပါသည်။
ဟား..ဟား..ဟား..။
ဆုကျန်းက အားပါးတရ ရယ်မောပြီးနောက်တွင်ပြောလိုက်ပါ၏။
“ကျုပ်က ခင်ဗျားကို ထွက်ပြေးဖို့ အခွင့်အရေးပေးနေတာတောင်မှ ခင်ဗျားက မယူဘူးပေါ့။ အဲဒါဆိုလို့ရှိရင် ကျုပ်ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ။ ခင်ဗျားရဲ့ ဓားအစီအရင်က ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်မချိုးဖောက်နိုင်ဘူးလို့တော့ ခင်ဗျား လုံးဝမထင်နဲ့။”
ထိုသို့ပြောပြီးနောက်တွင် ဆုကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက်တွင် သူ၏လက်ထဲ ၌ရှိသော သိုလှောင်လက်စွပ်က အရောင်တောက်ပလာပါ၏။
ထိုသိုလှောင် လက်စွပ်အတွင်းမှ စာလိပ်တစ်လိပ်က ပျံသန်း ထွက်ပေါ်လာပါသည်။ စာလိပ်ကို ဖြေလျော့လိုက်သည့်အခါတွင် စာလိပ် အတွင်း၌ မဲနက်နေသာ ပုံရိပ်များစွာကို တွေ့မြင်ရမည် ဖြစ်ပါ၏။
အနီးကပ်ကြည့်လိုက်ပါက ထိုမဲနက်နေသော အရာများမှာ မဲနက်နေသည့် မကောင်းဆိုးဝါးများဖြစ်ပါသည်။ ထိုစာလိပ်ကို ဖွင့်လိုက်သည့်အခါတွင် စိတ်ဝိဉာဉ်အတွင်းမှာ နက်ရှိုင်းစွာ ကြောက်လန့်စေမည့် အော်ဟစ်သံများ ထွက်ပေါ်လာပါ၏။
နောက်တစ်ခဏတွင် ထိုစာအိတ်ထဲတွင် ရှိသော အနက်ရောင်မကောင်းဆိုးဝါးများက စာလိပ်ထဲမှ ပျံသန်းထွက်ပေါ်လာခဲ့ပါ၏။ ထိုမကောင်းဆိုးဝါးများမှာ အရွယ်အစား သေးငယ်လှပါ၏။ ၎င်းတို့၏ ခေါင်းမှာ ဝိုင်းစက်နေပြီး ကျောထက်တွင် သေးငယ်သော အတောင်ပံများ ရှိပါ၏။ လီချန်းချင်းအတွက်တော့ ထိုမကောင်းဆိုးဝါးများမှာ အတိတ်ဘဝတုန်းက သူကြည့်ခဲ့ဘူးသော ပိုကီမွန်အကောင်များ နှင့်ပင် တူပါသေး၏။
ယင်းမကောင်းဆိုးဝါးများ၏ ဝိုင်းစက်နေ သောဦးခေါင်းများတွင် မျက်လုံးများ မပါဝင်ပါ။ ထိုးထိုးထောင် ထောင်နဲ့ ချွန်ထက်နေသော နားရွက်များသာပါပါ၏။
နောက်ထပ် အရေးကြီးတာက ယင်းတို့၏ မျက်နှာထက်တွင် မျက်နှာ၏ တစ်ဝက်ခန့်ကို နေရာယူထားသော ကြီးမားသော ပါးစပ်ကြီးများရှိပါသည်။ ထိုပါးစပ်ပေါက်ထဲမှ စိတ်ဝိဉာဉ်ကို ပင် တုန်ခါသွားစေမည့် အော်ဟစ်သံများထွက်ပေါ် နေခြင်းဖြစ်ပါ၏။
ထိုမကောင်းဆိုးဝါးကောင်များက အဆုံးအစ မရှိသည့်အလား ပန်းချီစာအိတ်ထဲမှ ထိုးထွက်လာခဲ့ပါ၏။ အရေအတွက်မှာ ထောင်ချီအနည်းလေးရှိပါသည်။ ထို့ပြင် ၎င်းတို့၏ ခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ပင် မာကျောလှပြီး လီချန်းချင်း၏ ဓားချီနှင့်ပင်လျှင် ထိုမကောင်းဆိုးဝါးများကို လှုပ်ခါအောင် မစွမ်းဆောင် နိုင်ခဲ့ပါချေ။
“မကောင်းဆိုးဝါးပန်းချီစာလိပ်။” ထိုပန်းချီ စာလိပ်ကို မြင်သောအခါတွင် အဝေးမှ စောင့်ကြည့် နေသော ဆုရှန်းချီက အလွန်တရာ ထိတ်လန့်သွားခဲ့ပါ၏။ မကောင်းဆိုးဝါး တစ္ဆေစာလိပ်မှာ စု မိသားစု၏ ထိပ်တန်း ပန်းချီရတနာများမှ တစ်ခုဖြစ်ပါသည်။ ထိုပန်းချီစာလိပ်ကို တစ္ဆေမျိုးနွယ်ဝင် ဖြစ်သော ပန်းချီသူတော်စင်တစ်ဦးကရေးဆွဲခဲ့သည်ဟု ဆိုပါ၏။
တစ္ဆေမျိုးနွယ်များတွင် ထူးခြားဆန်းကြယ်သော မျိုးနွယ်စုတစ်ခု ရှိပါ၏။ ထိုထူးခြားဆန်း ကြယ်သည့်မျိုးနွယ်မှာ ခန္ဓာကိုယ် တစ်ခုလုံးက သံမဏိလိုမျိုး မာကျောလှပြီး ချွန်ထက်လှသော သံမဏိသွားများရှိပါသည်။ ထိုတစ္ဆေ မျိုးနွယ်က လက်နက် မျိုးစုံကို ကိုက်ဖြတ်နိုင်စွမ်းရှိပြီး အရာအားလုံးကို ကိုက်ဖြတ် နိုင်စွမ်း ရှိသည်ဟု နာမည်ကျော် ကြား လှပါသည်။
နောက်ပိုင်း တွင် တစ္ဆေမျိုးနွယ်၏ ပန်းချီသူ တော်စင် ကပန်းချီကားတစ်ချပ် ကို ရေးဆွဲရန်အတွက် ထိုထူးခြား ဆန်းကြယ်သော သံမဏိ သွားများရှိသည့် တစ္ဆေမျိုးနွယ်ဝင် သုံးသောင်း ကို သတ်ဖြတ်ပြီး ထိုသုံးသောင်း၏ သွေးများကို သတ်ဖြတ်ပြီး ရေးဆွဲခဲ့သည့် ပန်းချီကားဟု ကောလဟာလရှိပါသည်။
ထိုတစ္ဆေမျိုးနွယ်ဝင် သုံးသောင်း ပေါ်ထွက်လာသည့်နေရာတွင် အရာရာတိုင်းကို ကိုက်ဖြတ်ခြင်း ခံရသည်ဟု လူတိုင်းက ပြောကြပါ၏။ လွန်စွာ စွမ်းအား ကြီးမားလှသော အစီအရင် အဖွဲ့အစည်းများကို ထိုတစ္ဆေ မျိုးနွယ်သုံးသောင်း၏ ချွန်ထက်လှသော သွားများဖြင့် ကိုက်ဖြတ်စားသောက်ခြင်းကို ခံရပြီး အစီအရင်များက ပျက်စီးခြင်း ခံခဲ့ရပါသည်။
ထိုကဲ့သို့သော စွမ်းအားရှိသော ကြောင့် ထိုမကောင်းဆိုးဝါး တစ္ဆေစာလိပ်မှာ ဆုမိသားစု၏ ထိပ်တန်း ရတနာ တစ်ခုဖြစ်နေခြင်းပင် ။
ဆုကျန်းက မကောင်းဆိုးဝါး တစ္ဆေစာလိပ်မှ မကောင်းဆိုးဝါး သုံးသောင်းကို ဆင့်ခေါ်လိုက်ပါ၏။ လီချန်းချင်း၏ ချင်းလဲ့ဓားအစီအရင်မှာ စွမ်းအားကြီးမားလှကာ ပြိုင်ဘက်ကင်းသော်လည်း မကောင်း ဆိုးဝါး တစ္ဆေသုံးသောင်း၏ ရိုက်ခတ်မှုဒဏ်ကို မခံစားနိုင်ခဲ့ပါ ချေ။
ထိုအခိုက်မှာပင် ဆုရှန်းချီ၏ မျက်လုံးများမှာလည်း အရောင် တောက်ပလာပါ၏။ သူ့အမြင်တွင် တော့ ဆုကျန်းက မကောင်းဆိုးဝါး တစ္ဆေစာလိပ် ကို ထုတ်သုံးလိုက်ပြီ ဆိုလျှင် လီချန်းချင်းက သေလူပင်ဖြစ်သွား ပြီဖြစ်ပါ၏။ မကောင်းဆိုးဝါး တစ္ဆေသုံးသောင်းက သေမင်းများကဲ့သို့ပင် အရှိန်အဟုန်ဖြင့် ထွက်လာပြီး အရာရာတိုင်းကို ဖိနှိပ်နေပါ၏။
မကောင်းဆိုးဝါး တစ္ဆေသုံးသောင်းကို မြင်လိုက်သည့်အခါတွင် လီချန်းချင်း ကိုယ်တိုင်ပင် အနည်းငယ် လန့်သွားပါ၏။
နောက်ထပ် ပန်းချီရတနာ တစ်ခုလား။
ဒီပန်းချီရတနာက မိစ္ဆာဆန်လိုက် တာ။
လီချန်းချင်း ဘာမှ မလုပ်နိုင်ခင်မှာပင် မကောင်းဆိုးဝါး တစ္ဆေသုံးသောင်းကလီချန်းချင်းရှိရာသို့ အရှိန်အဟုန်နဲ့ ပြေးတက်လာခဲ့ပါ၏။ ၎င်းတို့၏ ကြီးမားလှသည့်ပါးစပ်ပေါက် ကြီးက လီချန်းချင်း၏ ဓားချီများကို အငမ်းမရ စားသုံးနေခဲ့၏။
သူတို့ပါးစပ်ထဲသို့ရောက်သော ဓားချီများမှာ အစိတ်စိတ် အမွှာမွှာသို့ ကွဲကြေသွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် လီချန်းချင်း၏နတ်ဘုရားဓား ခုနှစ်လက်မှာလည်း တဆတ် ဆတ်တုန်ရီလာခဲ့ပါ၏။ ဓားခုနှစ်လက်မှာရှိသော စိတ်ဝိဉာဉ်များ မှာလည်း တုန်ခါနေသည်ကို လီချန်းချင်း ခံစားလိုက်ရပါ၏။ ချင်းလဲ့ဓား အစီအရင်မှာ ယခုအချိန်တွင်တော့ ကြံ့ကြံ့ မခံနိုင်တော့ပါချေ။