အခန်း (၃၅၀)
Vol. 30 Ch. 350
ထိုလူက ခပ်မြန်မြန်ပင်လျှင် ဆုကျန်းလက်ထဲမှ ငွေများကို ဆွဲယူလိုက်ပြီး ကျေးဇူးအမြန်တင်လိုက်ပါ၏။ ဆုကျန်းပေးလိုက်သော ငွေပမာဏမှာ ယွမ် နှစ်ထောင် ဖြစ်ပါသည်။
ဆုကျန်းက သူ့အား ယွမ်နှစ်ထောင် လုံးလုံး ပေးလိုက်ခြင်းက အလွန်တရာမှကို လက်ဖွာလှသည် ဟု ဆိုရပေမည်။ တစ်ခဏမျှ ကြာတဲ့အထိ သူကောက်လာတဲ့ ပလက်စတစ် ရေသန့်ဘူးခွံများမှာ အဖိုးမတန်တော့ဟု ထိုလူက တွေးထင်လိုက်ရပါ၏။
ဆုကျန်းက သူ၏ မှတ်ဉာဏ် များ ပျောက်ဆုံးနေသည်ဟု လိမ်လည်ပြီးနောက်တွင် ထိုသူနဲ့ စကားစတင်၍ ပြောပါတော့သည်။ ထိုအမှိုက်ကောက်သမား၏ အမည်မှာ “လူအိုကြီး ဟွမ်” ဟုခေါ်ပါသည်။ ထို လူအိုကြီး ဟွမ်၏ အမျိုးသမီးမှာ သေဆုံးသွားပြီ ဖြစ်ပါ၏။ သူ၏ တစ်ဦးတည်းသော သားက အိမ်ထောင်ကျပြီးသောအခါတွင် သူ့အား အိမ်ပေါ်တွင် မထားဘဲအိမ်မှ နှင်ထုတ်ခဲ့ပါသည်။
ထို့ကြောင့် သူသည် အသက်ဆက်ရှင်နိုင်ရန်အတွက် အမှိုက် ကောက်သမား လုပ်နေခဲ့ရပါသည်။ တစ်ခါတစ်လေမှာတော့ သူက ရရာအလုပ်လေးတွေ လိုက်၍ လုပ်လေ့ရှိပါ၏။ လောက ကြီးတွင် အသက်ရှင်နေထိုင်ရသည်မှာ သူ့အတွက်တော့ ခက်ခဲ လှပါသည်။
လူအိုကြီးဟွမ်က ဤနေရာသည် တုံးကျိုးဟု ခေါ် ကြောင်းကို ဆုကျန်းကို ရှင်းပြလိုက်ပါ၏။ တုံးကျိုးမြို့တည်ရှိရာ နိုင်ငံမှာ ရန်ဟွမ်နိုင်ငံဟုခေါ်ပါ၏။
ထို့နှင့် အချက်အလက် များစွာ သိပြီးနောက်တွင် ဆုကျန်းက ကြက်သေ သေနေခဲ့ပါ သည်။ သူတို့နှစ်ဦးက ညနေစောင်းသည်အထိ စကားပြောနေခဲ့ ပါ၏။
လူအိုကြီးဟွမ်မှာ ဆုကျန်း၏ မေးခွန်းများစွာကို ဖြေရသောကြောင့် အာခြောက် ပြီး ရေများပင် သောက်ချင်နေခဲ့ပါ၏။ တစ်စုံတစ်ခုက လွဲမှား နေသည်ကို ဆုကျန်းက ခံစားလိုက်ရပါသည်။ ဤလောကကြီး က မှန်ကန်မနေပါ။
“ဤလောကကြီးတွင် ကျင့်ကြံသူများ မရှိတဲ့။” ထိုအချက်အလက်ကို ကြားသော် ဆုကျန်းက လွန်စွာ လန့်ဖျပ်သွားပါ၏။
သူ၏ အကြီးမားဆုံးသော အားသာချက်မှာ ကျင့်ကြံသူတစ်ဦးဖြစ်နေသည့် အတွေ့အကြုံများနဲ့ မှတ်ဉာဏ် များသာ ဖြစ်ပါ၏။ ဤနေရာတွင် ကျင့်ကြံသူများ မရှိပါက သူ၏ ကျင့်ကြံမှု အတွေ့အကြုံများမှာ အလကားသက်သက် ဖြစ်နေပြီ ဖြစ်ပါသည်။
ထို့အပြင် လူအိုကြီးဟွမ်၏ ပြောကြား ချက်အရ ဆုကျန်းမှာ သူသည် ဆောက်လုပ်ရေးလုပ်ငန်း၏ အလုပ်သမား တစ်ဦးဖြစ်ကြောင်းကို သိလိုက်ရပါ၏။ လူအိုကြီးဟွမ်က ဆုကျန်း၏ ပုခုံးကို နှစ်ချက် သုံးချက်ပုတ်ပြီး ပျော့ပျောင်းစွာ ပြောလိုက်ပါ၏။
“ဂရုစိုက်ပါ ညီအစ်ကို။ ဘဝက ကျုပ်တို့အားလုံးအတွက် ခက်ခဲလွန်းပါတယ်ဗျာ။ ခင်ဗျားမှာ အလုပ်တစ်ခု ရှိတယ်ဆိုလို့ရှိရင် အဲ့ဒီအလုပ်ကို သေချာ ထိန်းသိမ်းထား မပြုတ်စေနဲ့။
ခင်ဗျား ဘယ်လိုမျိုး ပြဿနာတွေ ကြုံတွေ့ရလာလဲဆိုတာ ကျုပ်မသိဘူး။ ဒါပေမဲ့ ခင်ဗျားသာ အသက်ရှင်သန်နေသ၍တော့ မျှော်လင့်ချက် ဆိုတာ ရှိတယ်လေ။ ဟုတ်တယ်မလား။”
ဆုကျန်းက တိတ်ဆိတ်နေခဲ့ပါ၏။
“ ဒီမှာ ညီအစ်ကို ကျုပ်က ဒီနေရာမှာပဲ နေတာ။ ခင်ဗျားသာ အကူအညီလိုတယ် ဆိုလို့ရှိရင်တော့ ကျုပ်ကိုသာ လာရှာဗျာ။ ကျုပ်တို့တွေက တစ်လှေတည်းစီးပြီး ခရီးသွားနေရတဲ့ လူတွေပဲ”
“ ဒီရက်စက် ကြမ်းတမ်းလှတဲ့ လောကကြီးမှာ အသက်ရှင်သန်ဖို့အတွက် ကြိုးပမ်းနေရတာပဲ။ လွယ်တော့ မလွယ်ဘူးဗျာ။ အဲ့ဒီတော့ ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက်မှီခိုပြီးတော့ အကူအညီ ပေးကြတာပေါ့”
လူအိုကြီးဟွမ်က သူ၏ သွားများ ပေါ်အောင်ပင် ပြုံးပြလိုက် ပါ၏။ ဆုကျန်းက ယခုထက်ထိပင် စကားမပြောနိုင်သေးပါ။ လူအိုကြီးဟွမ်ပြောသောစကားကို သူမယုံကြည်ပါချေ။ အဘယ်ကြောင့်ဆိုသော် လူအိုကြီးဟွမ်လိုမျိုး အောက်တန်းစား လူတစ်ဦးက လောကကြီးကို နားလည်မည် မဟုတ်ပါချေ။
ဘယ်သူကမှ မကျင့်ကြံဘူးဆိုတာက ကျင့်ကြံနည်းတွေ မသိလို့ဘဲ ဖြစ်နိုင်တယ် မဟုတ်ဘူးလား။ ဒီလောကကြီးမှာ ကျင့်ကြံသူတစ်ဦးမှ မရှိတာ ပိုတောင် ကောင်းသေးတယ်။
သူက ကျင့်ကြံပြီး စွမ်းအားကြီးလာတဲ့ အခါကြလို့ရှိရင် အရာရာတိုင်းကို သူရရှိနိုင်မည်ဖြစ်သည်။ ဒီအိပ်မက်ဝိဉာဉ် ကျောက်တုံးကနေ ထွက်ခွာသွားဖို့ အတွက်ကတော့ သူ့အတွက်တော့ ထမင်းစား ရေသောက်သလိုမျိုး လွယ်ကူသွားမည် မဟုတ်ပါ့လား။
လူအိုကြီးဟွမ်နဲ့ အချိန်အကြာကြီး စကားပြောပြီးသည့် နောက်တွင် ဆုကျန်းက ပြန်ထွက်လာခဲ့ပါ၏။ လမ်းလျှောက် နေရင်းနဲ့ ဆုကျန်းက ဗိုက်ဆာလာသည်ကို ခံစားလိုက်ရ ပါသည်။
ဤလောကကြီးသို့ ရောက်လာပြီး ကတည်းက ဆုကျန်းက အစားတစ်လုပ်မှ မစားရသေးပါချေ။ ထိုသို့ ဗိုက်ဆာနေသည့် အကြောင်းကို တွေးနေရင်းနဲ့ ခေါက်ဆွဲ ဆိုင်တစ်ဆိုင်ကို သူတွေ့လိုက်ရပါ၏။ ဆုကျန်းက အတွင်းသို့ ဝင်သွားပြီး ခေါက်ဆွဲတစ်ပွဲကို မှာလိုက်ပါ၏။
သူဗိုက်ဆာလွန်း သောကြောင့်ပင်ဖြစ်မည်။ ဆုကျန်းက ခေါက်ဆွဲခြောက်ပွဲကို စားလိုက်ပါသည်။ ခေါက်ဆွဲများ စားသောက်ပြီးသည့် အခါတွင် ဆုကျန်းက ခေါက်ဆွဲဆိုင်မှ ထွက်ရန်အတွက် ပြင်လိုက်ပါ၏။
ထိုအခိုက်တွင် စားပွဲထိုးက သူ့ကို တားမြစ် လိုက်ပါသည်။ စားပွဲထိုးက သူ့ထံမှ ပိုက်ဆံ တောင်းပါ၏။ ဒါပေမဲ့ ဆုကျန်းတွင် ပိုက်ဆံမရှိပါ။ သူတွင် ရှိသမျှသော ပိုက်ဆံတွေ အကုန်လုံးကို လူအိုကြီးဟွမ်ကို ပေးလိုက်သော ကြောင့်ဖြစ်ပါ၏။
ယခုအချိန်တွင် သူက ပိုက်ဆံတစ်ပြားမှ မရှိသောသူ ဖြစ်နေပါပြီ။ ထို့ကြောင့် သူက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါ၏။
“ဆုမိသားစုရဲ့ ဘိုးဘေးဖြစ်တဲ့ ငါက ခေါက်ဆွဲတွေစားမိတဲ့ အတွက်ကြောင့်မလို့ ငွေတောင်းခံ ရတယ်။ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုမျိုး အရှက်ကင်းမဲ့လိုက်တာ။”
ခေါက်ဆွဲဆိုင်ပိုင်ရှင်က ရဲကိုခေါ်ရန်အတွက် ပြင်ဆင်နေပါပြီ။ ထိုအခိုက်မှာပင် လူအိုကြီးဟွမ်က ရုတ်တရတ် ပေါ်လာပြီး ဆုကျန်း၏ ခေါက်ဆွဲဖိုးကို ရှင်းပေးလိုက်ပါ၏။ ထို့ကြောင့် ဆုကျန်းက ထွက်သွားခွင့် ရလာခဲ့ပါ၏။
“ခင်ဗျား ထွက်သွားပြီးမှပဲ ခင်ဗျားမှာ ရှိတဲ့ ပိုက်ဆံတွေအကုန်လုံးကို ကျုပ်ကို ပေးလိုက်တယ်ဆိုတာ ကျုပ်သတိရမိလိုက်တယ်ဗျ။ ခင်ဗျားမှာ ပိုက်ဆံမရှိမှတော့ ခင်ဗျား ဘယ်လိုမျိုး စားသောက်မလဲ။” လူအိုကြီးဟွမ်က ခပ်ပျော့ပျော့ ပြုံးရင်းနဲ့ ပြောလိုက်ပါ၏။
“ညီအစ်ကို ဒီမှာ လူတိုင်းအတွက် မလွယ်ကူဘူးဗျ။ အသက်ရှင်ဖို့အတွက် ခင်ဗျားမှာ ပိုက်ဆံလို လိမ့်မယ်။ ပိုက်ဆံရှိမှပဲ ခင်ဗျား အစားအသောက်တွေ ဝယ်စား လို့ရမယ်။ အဲ့ဒီတော့ ကျုပ်ကို ပိုက်ဆံတွေ အများကြီး ပေးဖို့ မလိုပါဘူးဗျာ။ ကျန်တဲ့ငွေကို ခင်ဗျား သိမ်းထားလို့ ရပါ တယ်။” ထိုသို့ပြောပြီးနောက်တွင် လူအိုကြီးဟွမ်က ပိုက်ဆံများကို ဆုကျန်းအား ပြန်ပေးလိုက်ပါ၏။
ပြန်ပေး လိုက်သည့် ပိုက်ဆံမှာ ယွမ်တစ်ထောင့်ရှစ်ရာ ဖြစ်ပါသည်။ လူအိုကြီးဟွမ်က သူ့အတွက်တော့ ယွမ်နှစ်ရာခန့် သိမ်းထား လိုက်ပါ၏။ ဒါက ဆုကျန်းက ရင်ထဲတွင်ထိရှသွားခဲ့ပါ၏။
ဒါပေမဲ့ သူက ပြောလိုက်ပါ၏။
“ဆုမိသားစုရဲ့ ဘိုးဘေးဖြစ်တဲ့ ကျုပ် ဆုကျန်းက စကားတစ်ခွန်းပြောပြီးလို့ရှိရင် အဲ့စကားတိုင်း ကို တည်တယ်။ ခင်ဗျားကို ကျုပ်ပေးထားတဲ့ငွေကို ကျုပ် က ပြန်ယူစရာ ဘာအကြောင်းမှ မရှိဘူး။ ကျုပ်သာ ပြန်ယူလိုက် လို့ရှိရင် ကျုပ်မျက်နှာကို ကျုပ် ပါးဖြတ်ရိုက်လိုက်သလို ဖြစ်သွားတယ် မဟုတ်ဘူးလား။”