← Chapters

အခန်း (၃၅၁)

Vol. 30 Ch. 351

အခန်း (၃၅၁)

Vol. 30 Ch. 351

ထိုမြင်ကွင်းကိုမြင်သော် လူအိုကြီးဟွမ်က ဆုကျန်းက တစ်ကယ်ပဲ ခေါင်းမကောင်းတာလား ဟု တွေးမိနေခဲ့ပါ၏။ သူတို့မှာ ပိုက် ဆံမရှိတာကြောင့်သာမဟုတ်လျှင် ဆုကျန်းကို သူကဆေးရုံသို့ ခေါ်သွားပြီး စိတ်ရောဂါကု ဆရာဝန်နှင့် ပြသမည်မှာ အမှန်ပင် ဖြစ်ပါ၏။

“လူအိုကြီးဟွမ် ခင်ဗျားက လူကောင်းတစ်ယောက် နှင့် တူတာမို့လို့ ကျုပ်က ခင်ဗျားကို လျို့ဝှက်ချက် တစ်ခုပြော ပြမယ်။ တစ်ကယ်တော့ ကျုပ်က သိုင်းဆရာ တစ်ယောက်ပဲ။ လောကကြီးရဲ့ထိပ်ဆုံးမှာ။ ဘယ်သူကမှ ကျုပ်ကို ဖက်မပြိုင်နိုင် ဘူး။ ကျုပ်ကို နှစ်ရက်ပဲအချိန်ပေး။ နှစ်ရက်ပြည့်တာနဲ့ကျုပ်က လောက ကြီးတစ်ခုလုံးကို ကျုပ်နာမည်ကိုသိသွားအောင် လုပ်ပြ လိုက်မယ်”

“ အဲဒီအချိန်ကြရင် ခင်ဗျားကို ကျုပ်က ပြဿနာတော ထဲကနေဆွဲထုတ်ပေးမယ်။ အချိန်ကျလာလို့ရှိရင် ခင်ဗျားကို အိမ်က နှင့်ထုတ်ခဲ့တဲ့ ခင်ဗျားသားကို ပညာကောင်းကောင်းပေး နိုင်အောင် ကျုပ်ကူညီပေးမယ်။” ဆုကျန်းက အားပါးတရ ပြောပြ လိုက်ပါ၏။

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းက သိုင်းပညာရှင်ပါ။ ဒါပေမဲ့ သိုင်းပညာရှင်ဆိုရင်တောင်မှ စားဖို့လိုသေးတယ်။ ဒီပိုက် ဆံတွေကိုယူလိုက်။” လူအိုကြီးဟွမ်က ကြင်နာစွာဖြင့် သတိပေး လိုက်ပါ၏။

“ မယူဘူး”

လူအိုကြီးဟွမ်က သူ့စကားကို မယုံမှန်း ဆုကျန်းက သိသောကြောင့် အနည်းငယ် ဒေါပွသွားခဲ့ပါ၏။  ဘာမှ မဟုတ်တဲ့ ပုရွတ်ဆိတ်လိုမျိုးလူက ကြီးကျယ်မြင့်မြတ်တဲ့ တည်ရှိမှုတွေရှိတာကို မသိတာက ပုံမှန်ပဲလို့ သူက ဖြည့်တွေး လိုက်ပါ၏။

“ကောင်းပြီ။ ကျုပ်မှာ တစ်ခြားလုပ်စရာရှိသေး တယ်။ ကျုပ်သွားတော့မယ်။” လူအိုကြီးဟွမ်က သူ့အား နံဘေးမှ ပွစိပွစိ ပြောမည်စိုးသောကြောင့် ခပ်မြန်မြန်ပင်လျှင် ဤနေရာမှ ထွက်သွားရန် ပြင်ဆင်လိုက်ပါ၏။

လမ်းမထက် တွင်တော့ ဟွန်ဒါကားတစ်စီးကတောင်ဘက်မှ မြောက်ဘက်သို့  အပြင်း အထန်မောင်းနှင်ခဲ့ပါ၏။

တစ်နေ့တာတွင် ကုမ္ပဏီ၌ ပင်ပန်းခဲ့သောကြောင့် ဆုဝေက အိမ်ပြန်ပြီးတော့ အရက်သောက် ရန် အတွက်ကားပေါ်၌ တွေးနေခဲ့ပါ၏။ ဒါပေမဲ့အိမ်တွင် စကား အရမ်းများသော သူ၏ ဇနီးဖြစ်သူအကြောင်းကို တွေးပြီးနောက် တွင် အိမ်ပြန်ရန်အတွက် အနည်းငယ် တုန့်ဆိုင်းသွားခဲ့ပါသည်။

ထိုအခိုက်မှာပင် သူ၏ဖုန်းက အသံမြည်လာခဲ့ပါ၏။ ဆုဝေက ဖုန်းကို ကောက်ကိုင်လိုက်ပြီး လှမ်းကြည့်လိုက်ပါ၏။ ဖုန်းဆက် သူမှာသူ၏အမြဲလိုလိုဆူပူတတ်သော စကားများသည့် ဇနီးသည် ဖြစ်နေပါ၏။ သူကမျက်မှောင်ကျုံ့လိုက်သော်လည်း ဖုန်းကိုင် လိုက်ပါသည်။

“ပြော”။  ဆုဝေ၏ လေသံက အနည်းငယ် စိတ်တို သည့် လေသံရှိသည်။

“ဘာ ဒီကောင်လေးရူးသွားတာလား။ ” ဆုဝေက ကျိန်ဆဲလိုက်ပါ၏။ “တစ်နေကုန်စာမကျက်ဘဲနဲ့ အင်တာနက်ပေါ်က ပေါက်ကရတွေ လျှောက်ကြည့်နေတယ်။ အဲဒါကြောင့်မို့လို့ သူ့ဦးနှောက်က တစ်ခုခုမှားနေတာပဲ ဖြစ်ရ မယ်။ ဟုတ်တယ်မလား။

ငါပြောတာလွန်တာမဟုတ်ဘူး။ သောက်ပဲကွာ။ ငါကကုမ္ပဏီမှာ သေအောင်အလုပ်လုပ် ရတယ်။ အိမ်ပြန်လာလို့ရှိရင် ခွေးသေတစ်ကောင်လိုမျိုး ပင်ပန်း နေပြီ။ ဒါတောင်မှ နင်က အိမ်မှာ ကိုယ့်သားသမီးကို ကိုယ်တောင် မထိန်းသိမ်းနိုင်ဘူးလား။ မဆုံးမနိုင်ဘူးလား”

“အလုပ်ပင်ပန်းနေတဲ့ ယောင်္ကျားကို ဒီကိစ္စကို ပြောပြဖို့ နင့် မှာ အရှက် ရှိသေးတယ်ပေါ့။ ဟုတ်လား။” ဆုဝေမှာ လွန်စွာကို စိတ် တိုနေခဲ့ပါ၏။ ထိုအခိုက်မှာပင် ဆုဝေက ကားလမ်းကို တစ်စုံ တစ်ဦး ဖြတ်ကူးလာသည်ကို မြင်လိုက်ရပါ၏။

ဘန်း…

အသံ တစ်သံ ထွက်ပေါ်လာပြီးနောက်တွင် သူ၏ကားနှင့်လူကတိုက် မိသွားပြီး အဝေးသို့ လွင့်သွားသည်ကို ဆုဝေကသိလိုက်ရပါ၏။ ဆုဝေက တုန်လှုပ်သွားခဲ့ပါသည်။

သူသည် ဖုန်းကို ခပ်မြန်မြန်ပင် ချလိုက်ပြီး ကားထဲမှ ထွက်ကာ သူဝင်တိုက်လိုက်သည့်သူကို လှမ်းကြည့်လိုက်ပါ၏။

“ညီအစ်ကို” လူအိုကြီးဟွမ်က အသံနက် ကြီးနဲ့ အော်လိုက်ပါ၏။ ဆုကျန်းက ဘေးဘီဝဲယာ မကြည့်ဘဲ ကားလမ်းမကို ဖြတ်ကူးပြီး ကားတိုက်ခံလိုက်ရပြီ မဟုတ် ပါလား။ ထို့ကြောင့်သူ၏မျက်နှာ အမူအရာ ပျက်ယွင်း သွားပြီး ဆုကျန်းနားသို့ ခပ်မြန်မြန်တိုးဝှေ့လိုက်ပါ၏။

“ညီအစ်ကို အဆင် ပြေရဲ့လား။” လူအိုကြီးဟွမ်က ဆုကျန်းအားထူမတ်ပေး လိုက်ပြီး နောက်တွင် ကားသမားကို ထဆဲတော့ပါ၏။

“မင်းဘယ်လို မောင်းနေတာလဲ။ မင်းမျက်လုံး ကန်းနေတာလား။”

ထိုသူနှစ်ဦး၏ အဝတ်အစားများမှာ ညစ်ပတ်စုတ်ပြတ်နေသော ကြောင့် ထိုသူ တို့က အဆင့်အတန်း လွန်စွာ မမြင့်မားဘဲ လမ်းဘေးက အမှိုက် ကောက်သမား သာသာရှိသောသူများ ဖြစ်သည်ကို မြင်လိုက် သောကြောင့် ဆုဝေက စိတ်မပူပင်တော့ပါ။

ဒါပေမဲ့သူက ခပ်မြန် မြန်ပင် တောင်းပန်လိုက်ပါ၏။

“ငါ ဘာမှမဖြစ်ဘူး။ အဆင်ပြေ တယ်။” ဆုကျန်းက ဆုဝေကိုကြည့်ပြီး မကျေမနပ်နှင့် ပြောလိုက် ပါ၏။

“ဒီခွန်အားလောက်နဲ့များ။ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတောင်မှ သူ့ထက်ခွန်အားပိုကြီးသေးတယ်။ ငါ့ကို ဒီလိုမျိုးတိုက်တာလောက်ကတော့ ကလိထိုးနေသလိုပဲ။ ဘာမှ မဖြစ်ဘူး။ ကောင်းပြီ။ ငါသွားတော့မယ်”

ဆုကျန်းက တည်ငြိမ် စွာဖြင့်ပြောလိုက်ပါ၏။

“ညီအစ်ကို ခင်ဗျားအဆင်ပြေတာ သေချာရဲ့လား။ ဆေးရုံကိုသွားပြီးတော့ စစ်ဆေးကြည့်တာ ကောင်းမယ် ထင်တယ်။” လူအိုကြီးဟွမ်က စိုးရိမ်ပူပန်စွာဖြင့် နောက်မှ ပြောလိုက်ပါ၏။

ဒါပေမဲ့ ဆုကျန်းကတော့ လျစ်လျူရှု လိုက်ပြီး ဖြေးညှင်းစွာဖြင့် လမ်းလျှောက်သွားခဲ့ပါသည်။ ထို အဖြစ်အပျက်ကို မြင်သောအခါ ဆုဝေက ထိတ်လန့်သွားခဲ့ပါ ၏။ သူကလူတစ်ဦးကိုကားနဲ့တိုက်ပြီးတာတောင်မှ လျော်ကြေး မတောင်းတာ မဟုတ်ပါလား။

ဒီလူက  တစ်ကယ့်ကို လူကောင်း တစ်ယောက်ပဲ။ ထို့ကြောင့် ဆုဝေက ထိုသူ၏အကြောင်းကို ဦးနှောက်ထဲမှ ထုတ်လိုက်ပြီးနောက်တွင် ကားထဲသို့ ခပ်မြန် မြန်ဝင်ကာ ထွက်သွားခဲ့ပါ၏။

ဒါပေမဲ့ လူအိုကြီးဟွမ်က စိတ်ပူ နေပါသေးသည်။ လူအိုကြီးဟွမ်က အနောက်မှ မလိုက်လာသောကြောင့် ဆုကျန်းက ထောင့်တစ်ထောင့်ကို ရှာကာထိုင်ချ လိုက်ပါ၏။

သူ၏ မျက်နှာအမူအရာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ပါ၏။

“ဒီအရာက ဘယ်လိုဖြစ်ပြီးတော့ စွမ်းအား အဲ့လောက်ပါရ တာလဲ။ ငါ့ကို သေမလိုတောင် ဖြစ်သွားစေနိုင်တယ်။ ငါ့မှာသာ အရင်တုန်းက ကျင့်ကြံခြင်းရှိလို့ရှိရင်တော့ ဒီခွန်အားလောက် ကတော့ ငါ့ကို ဒဏ်ရာရစေမှာ မဟုတ်ဘူး။”

ဆုကျန်းက ကားတိုက်ခံရသော သူ၏ ခြေထောက်အား အချိန်ကြာမြင့်စွာ ပွတ်သပ်လိုက် ပါ၏။ သူ၏ဘောင်းဘီကို မတင်လိုက်သော အခါတွင် သူ့ခြေထောက်တစ်ခုလုံးမှာ ရောင်ကိုင်းနေသော ကြောင့် ခရမ်းရောင်သို့ပင် ပြောင်းနေသည်ကို တွေ့နေရပါ၏။

နာရီဝက်ခန့် ကြာမြင့်ပြီးသောအခါတွင် ဆုဝေက သူ၏ ကားကို အောက်ထပ်တွင် ထိုးရပ်လိုက်ပါ၏။ ထို့နောက်တွင် တိုက်ခန်း ရှိရာသို့ ဓာတ်လှေကားစီးပြီး တက်သွားခဲ့ပါသည်။ သူက တံခါးဝသို့ ရောက်သောအခါတွင် အတွင်းမှ အသံများကို ကြားလိုက်ရပါ၏။

ပ်ရှင်ကြည့်ဖို့ အချိန်ကျပြီ”

All Chapters