← Chapters

အခန်း (၃၅၂)

Vol. 30 Ch. 352

အခန်း (၃၅၂)

Vol. 30 Ch. 352

“ဘာသံလဲဟ။”

ဆုဝေက တံခါးကိုဖွင့်ကာ အထဲသို့ ဝင်လိုက်သောအခါတွင် သူ၏ အမျိုးသမီးနဲ့ သား ဖြစ်သူ ဆုရှန်းချီ ကို တွေ့လိုက်ရပါ၏။

“ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားက ဘယ်သူမလို့ ကျုပ်ကို အော်ဟစ်ရဲ ရတာလဲ။ တကယ် သေချင်နေတာလား။ ကိုယ့်အဆင့်ကို ကိုယ်သိစမ်း။ အောက်တန်းစား။”

ဆုရှန်းချီက အသစ်ဝင်လာသော သူကို ကြည့်ကာ ရုတ်ရင်း ကြမ်းတမ်းစွာဖြင့် ပြောလိုက်ပါ၏။

“ခွေးကောင်လေး မင်းသေချင်နေပြီလား။ အရိုက်ခံချင်နေ တယ် ဟုတ်လား။” ဆုဝေက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပြီး နောက်တွင် သူ့ခါးတွင် ချိတ်ဆွဲထားသော ခါးပတ်ကို ဆွဲဖြုတ် လိုက်ပါ၏။

“ကိုယ့်အဆင့်ကို မသိတဲ့ သေမျိုး။ မင်းကတကယ်ပဲ ချချင်တာလား။ လာလေ လာ။”

ဆုရှန်းချီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး နောက်တွင် သိုင်းကွက်ထုတ်လိုက်ပါ၏။

“ဒီလောကကြီးကို ငါရောက်လာပြီး ကတည်းကိုက ငါက လက်တော်တော်ယားနေတာ။ ဒီနေ့ ငါမင်းကို အဖော်ပြုပြီးတာ့ ကစားပေးလိုက်မယ်။”

နောက်တစ်ခဏ ကြာသောအခါတွင် ဆုဝေတို့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆုရှန်းချီ၏ ငယ်သံပါအောင် အော်ဟစ်သံများကို ကြားလိုက်ရမည် ဖြစ်ပါ၏။

ဆုဝေ၏ ဝံပုလွေ ခုနစ်ကောင်ခါးပတ်မှာ ဆုရှန်းချီကို ဖင်စုတ်အောင် ရိုက်လိုက်ရသောကြောင့် ပျက်စီးမတတ်ပင် ဖြစ်သွားခဲ့ပါသည်။

တဖက်တွင်တော့ ဆုကျန်းက နေထိုင်စရာ နေရာတစ်ခုကို ရှာဖွေချင်သော်လည်း သူ့၌ ပိုက်ဆံမရှိပါချေ။

ကံကောင်းတာက သူက ဆောက်လုပ် ရေးလုပ်ငန်း ရှိရာနေရာသို့ ပြန်သွားသောအခါတွင် သူနဲ့ အလုပ်အတူတူ လုပ်သော လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဆုကျန်းဘယ်ကို သွားလဲဆိုတာကို လှမ်းခေါ်ကာ မေးသော ကြောင့် သူဘယ်မှာ နေလဲဆိုတာကို ထိုသူနဲ့ အတူတူ လိုက်ပါ သွားပြီး သူနေသည့် နေရာကိုတွေ့ခဲ့ပါသည်။

ထိုနေရာက လွန်စွာ ကျဉ်းမြောင်းသော အခန်းလေး တစ်ခန်းဖြစ်ပြီး ကျဉ်းမြောင်းလှသော အခန်းတစ်ခန်းထဲတွင် လူရှစ်ယောက် နေရပါ၏။

အခန်းတစ်ခန်းလုံး၌ ချွေးနံ့များ နံဟောင်နေ ပါသည်။ ဆုကျန်းက မျက်မှောင်ကျုံ့ပြီး သူအိပ်စက်ရမည့် ခုတင်ပေါ်သို့ လဲလျောင်းလိုက်ပါ၏။ သူက တစ်နေကုန် အလုပ်ရှုပ်နေပြီး လွန်စွာပင်ပန်းနေခဲ့ပါသည်။ အလုပ်သမား အချို့မှာတော့ စကားပြောနေခဲ့ပါ၏။ ပုံမှန်ဆိုလျှင် စကားများလေ့ရှိသော ဆုကျန်းက ယနေ့တွင်တော့ တိတ်ဆိတ် နေ သောကြောင့် သူတို့က အနည်းငယ်တော့ ထူးဆန်းနေ ခဲ့ပါသည်။

ဆုကျန်းသည် သူ၏ အိပ်ယာထက်တွင် တင်ပုလ္လင် ခွေထိုင်ပြီး ခြေထောက်က ဒဏ်ရာ၏နာကျင်မှုကို အောင့်အီးကာ သည်းခံနေခဲ့ပါ၏။

ထို့နောက်တွင် သူ၏ အသက်ရှုသံကို ထိန်းညှိလိုက်ပါ၏။ သူက အရင်တုန်းက ကျင့်ကြံခဲ့သော ကျင့်စဉ်များကို ပြန်လည်တွေးတောပြီး ကျင့်ကြံခြင်းကို စတင် ၍ ပြုလုပ်ပါတော့သည်။

သူက ဖြေးဖြေချင်းနဲ့ စိတ်ဝိဉာဉ် စွမ်းအားများကို စတင်၍ စုပ်ယူပါတော့၏။ နှစ်နာရီခန့် ကြာသွားပါ၏။ ဆုကျန်းသည် နောက်တစ်နေ့နံနက် အာရုဏ် တက်ချိန်အထိကို ငုတ်တုတ်ထိုင်နေခဲ့ပါ၏။ လူတိုင်းက အိပ်နေရာမှ ထပြီး အလုပ်လုပ်ရန်အတွက် ထွက်သွားခဲ့ ပါသည်။ ဒါပေမဲ့ ဆုကျန်းက တစ်ညလုံး ကျင့်ကြံတာတောင်မှ ကျင့်ကြံမှု တစ်စုံတစ်ရာ ခံစားချက်ကို မရရှိခဲ့ပါ။

“ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ။” ဆုကျန်းက အမှန်တကယ်ကိုကြောက်ရွံ့လာခဲ့ပါပြီ။ ဒီနေရာကြီးက တကယ်ကြီး ကျင့်ကြံလို့မရတာလား။

ဒီနေရာမှာ သူကျင့်ကြံလို့ မရဘူးဆိုလို့ရှိရင် ဒီလောက ထဲကနေ ထွက်သွားဖို့အတွက် ဘယ်လိုမျိုး လိုအပ်ချက်၊ သတ်မှတ်ချက်ကို လိုအပ်နေတာလဲ။

“လူအိုကြီးစု သွားရ အောင်။ဒီနေ့ခင်ဗျား အလုပ်မလုပ်ဘူးဆိုလို့ရှိရင်အလုပ်သမား ခေါင်းဆောင်က ခင်ဗျားကို အလုပ်ဖြုတ် လိမ့်မယ်ဗျ”

လုပ်ဖော် ကိုင်ဖက်တစ်ဦးက ဆုကျန်းကို ပြောကာ ထွက်သွားခဲ့ပါသည်။ ထိုစကားကို ကြားသော် ဆုကျန်း၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားခဲ့ပါ၏။

“အလုပ်သမားခေါင်းဆောင် ဟုတ်လား။ ဒီလူက လူသားစားတာလား။”

ဖြစ်နိုင်တာက ဒီလောကကြီးကို သူက အထင်သေးထားတာ ဖြစ်ရမယ်။ သူသာ အလုပ်မသွား ဘူးဆိုလို့ရှိရင် ဆီပူအိုးထဲမှာအကြော်ခံပြီးတော့ သူ့ကို အလုပ် သမားခေါင်းဆောင်က စားသောက်ပစ်မှာလား မသိဘူး။

သူ့တွင် အတိတ်တုန်းကလို ခွန်အားများ မရှိသောကြောင့် ထို့ကဲ့သို့သော ပြစ်ဒဏ်ကို ရုန်းကန်ပြီး ငြင်းဆန်နိုင်မည် မဟုတ်ပါချေ။၏

“ ငါ မင်းကို မေးမယ်” ဆုကျန်းက ရုတ်တရတ် မေးလိုက်ပါ၏။

“ဒီအလုပ်ကို ငါတို့ လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။” ဆုကျန်းက ရုတ်တရတ် ခံစားလိုက်ရသည်မှာ သူလက်ရှိရောက်နေသော ဘဝ၏ရည်ရွယ်ချက်ကို သိပြီး ထိုရည်ရွယ်ချက်ကို အောင်မြင်အောင် ပြုလုပ်လိုက်ခဲ့ပါက ဤလောကကြီးမှ အလိုအလျောက်ထွက်သွားရမည်ဟု တွေးထားခဲ့ပါ၏။

“ဘာရည်ရွယ်ချက်ကိုပြောတာလဲ” ဆုကျန်းမှာ လွန်စွာမှကို ထူးဆန်းနေသည်ဟု လုပ်ဖော်ကိုင်ဖက်က တွေးနေခဲ့ပါ၏။

ဒါပေမဲ့ သူကပြုံးရင်းနဲ့ ဖြေလိုက်ပါသည်။

“ဘာရည်ရွယ်ချက် ရှိရမှာလဲဗျ။ ကျုပ်တို့လိုအပ်နေ တာက ဇနီးမယားတစ်ယောက်ရယ်၊ ကလေးတွေရယ်၊ သူတို့ တွေကို နွေးနွေးထွေးထွေးနဲ့ထားဖို့ အတွက် အိမ်တစ်လုံးရယ် အလုပ်က ပြန်လာတဲ့ အခါမှာ အေးအေးဆေးဆေး အိပ်ဖို့ အတွက် အိပ်ယာ တစ်ခုပဲ လိုတာပေါ့ဗျာ။ ပြီးတော့ ငွေကြေးရဲ့ ကျွန်ပြုခြင်းကနေ လွတ်မြောက်နိုင်ဖို့ပဲပေါ့ဗျ။”

ထိုသို့ပြောပြီး နောက်တွင် သူက ဆုကျန်းကို ဂရုမစိုက်တော့ပဲ အပြင်ထွက် သွားခဲ့ပါ၏။

“ဇနီးမယားရယ်၊ ကလေးရယ်၊ ပြီးတော့ အိပ်ယာ ရယ်။ နောက်တော့ ငွေကြေးရဲ့ ကျွန်ပြုမှုကနေ လွတ်မြောက် မယ်ဆိုတာက ဘာကြီးတုံး။”

ဆုကျန်းက ပထမဦးဆုံးပြောသည့် စကားကို နားလည်နိုင်သော်လည်း ဒုတိယပြောသည့် ငွေကြေး၏ ကျွန်ပြုမှုမှ လွတ်မြောက်နိုင်မည်ဆိုသော စကားကို မသိပါ။ သူ၏ လတ်တလော အသိဉာဏ်နှင့် ဤလောက၏ စကားများနဲ့ အသုံးအနှုန်းများ၊ လုပ်ကိုင်မှု များကို နားမလည်နိုင်ပါသေးချေ။

ဆုကျန်းက အံတင်းတင်း ကြိတ်ပြီး နောက်တွင် အိပ်ယာမှ ထွက်လာခဲ့ပါသည်။ သူ၏ ခြေထောက်မှာ လွန်စွာ နာကျင်နေသေးပါ၏။

သူက ဆေးရုံသို့ သွားသင့်သည်ဟု ပထမဦးဆုံးအကြိမ်အဖြစ် စတင်၍ ခံစားလာ ခဲ့ရပါသည်။ ဒါပေမဲ့ သူ့မှာ ပိုက်ဆံမရှိပါချေ။ သူ့တွင် ရှိသော ပိုက်ဆံများ အားလုံးကို လူအိုကြီးဟွမ်ကို ပေးလိုက်ပြီ မဟုတ် ပါ့လား။

“နေဦး။”

ဆုကျန်းက သူ့၏ အိပ်ယာကို လှည့်ကြည့် လိုက်ပါ၏။ ထိုအိပ်ယာတွင် ရှုပ်ပွနေသော ပစ္စည်းများစွာ ရှိပါ၏။ အိပ်ယာ အောက်တွင်တော့ ပိုက်ဆံ အနည်းငယ်တော့ ရှိကောင်းရှိနိုင်ပါမည်။

ထို့ကြောင့် ဆုကျန်းက အိပ်ယာအောက် ကို စေ့စေ့စပ်စပ် ရှာဖွေရင်း ပိုက်ဆံတွေ့လို တွေ့ငြားနဲ့ ပြူးပြဲ ကာ ကြည့်နေမိပါ၏။

နောက်ဆုံးတွင်တော့ အိပ်ယာအောက် တွင် တစ်စုံတစ်ခုကို ဆုကျန်း ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုအရာ မှာ ပန်းချီကားတစ်ချပ်ဖြစ်ပါ၏။ 

All Chapters