← Chapters

အခန်း (၃၅၄)

Vol. 30 Ch. 354

အခန်း (၃၅၄)

Vol. 30 Ch. 354

လီချန်းချင်းက အိပ်မက်ဝိဉာဉ်ကျောက်တုံးထဲတွင် ဖြစ်ပျက် နေသော အခြေအနေများကို စောင့်ကြည့်နေပါသည်။ အိပ်မက်ဝိဉာဉ် ကျောက်တုံး၏ ပိုင်ရှင်ဖြစ်သောကြောင့် ဆုမိသားစု၏ မြေးအဘိုးက သူဖန်ဆင်းထားသော ကမ္ဘာ လောက၌ မည်သို့ မည်ပုံများ နေထိုင်နေသည်ကို စိတ်ဝင်တစားနဲ့ သူက စောင့်ကြည့်လိုပါသည်။

လီချန်းချင်း ဖန်တီးထားသော ကမ္ဘာမှာ သူယခင်ဘဝက ကမ္ဘာလောကနဲ့ တူညီသော ပုံစံအတိုင်းဖန်ဆင်းထားခြင်းပဲ ဖြစ်ပါ၏။ အိပ်မက်ဝိဉာဉ် ကျောက်တုံး အတွင်း၌ ရှိသော အချိန်စီးဆင်းမှုမှာ အပြင်လောက၏ အချိန်စီးဆင်းမှုနဲ့ များစွာ ကွာဟလှပါ၏။

ဆုကျန်းက အိပ်မက်ဝိဉာဉ် ကျောက်တုံး အတွင်း၌ တစ်ရက်ခန့် အချိန်ဖြုန်းပြီးသည့် အခါတွင် အပြင်လောကတွင်တော့ တစ်ခဏမျှသာ ကြာပါသေးသည်။

“ကယ်တင်ပေးတဲ့ အတွက်ကြောင့်မလို့ ချင်းလဲ့ဓားသခင်ကို ကျေးဇူးတင်ပါတယ်။” လီဟမ်ရှန်းက လုရှီရန်၏ လက်ကိုဆွဲရင်း အနားသို့ တိုးကပ်လာပါ၏။

“ကိစ္စမရှိပါဘူးကွာ။” လီချန်းချင်းက ဖျော့တော့စွာ ပြောလိုက် ပါသည်။

ငါက မင်းအဖေလေ။ ဘာလို့ ငါ့ကို အဲ့လောက်ကြီး ကျေးဇူးတင်ဖို့ လိုအုံးမှာလဲ

ဒါပေမဲ့ ဒီစကားကိုတော့ လီချန်းချင်းက စိတ်ထဲမှနေသာ ပြောလိုက်ပြီး အပြင်သို့ ထုတ်မပြောခဲ့ပါ။ ထိုအခိုက်တွင် လီချန်းချင်းက ကောင်းကင်ထက်သို့ စူးစိုက်စွာဖြင့် မော့ကြည့်လိုက်ပါ၏။

ရုတ်တရက် ကောင်းကင်ကြီး တစ်ခုလုံးမှာ နှစ်ခြမ်းကွဲ သွားပြီး လေဟာနယ်က နှစ်ပိုင်းပြတ် သွားပါသည်။ ထိုကဲ့သို့ နှစ်ပိုင်းပြတ်အောင် လေဟာနယ်အတွင်းမှ လူတစ်ယောက်က ကောင်းကင်ကို လက်ဖဝါးနဲ့ နှစ်ခြမ်းခွဲလိုက်ခြင်းပဲ ဖြစ်ပါ၏။ ကောင်းကင်ကို လက်ဖဝါးနဲ့ နှစ်ခြမ်းခွဲလိုက်ပြီးနောက် အတွင်း မှ ထွက်လာပြီးနောက်တွင် သူသည် နှစ်ခြမ်းဟနေသော ကောင်းကင်ကြီးကို လက်ဖဝါးနဲ့ပင် ပြန်လည်၍ ပိတ်လိုက် ပါ၏။

ကောင်းကင်ကို ခွဲဖြာကာ ထွက်လာသည့် သူသည် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကတုံးပြောင်နဲ့ ဖြစ်ပါ၏။ သူ၏ ပုံစံက ဘုန်းတော်ကြီးတစ်ပါးနဲ့ တူနေပါသည်။ သူ၏ မျက်ဝန်းများမှာ ကြင်နာသော အရိပ်အယောင်များ ထွက်နေပြီး သူ၏ အမူအရာမှာ သိမ်မွေ့လှပါ၏။ သူ၏ ပတ်ပတ်လည်တွင် ကျက်သရေရှိသော အရှိန်အဝါများက လွှမ်းခြုံကာ ထွက်ပေါ်နေခဲ့ပါ၏။

အသစ်ထွက်ပေါ်လာသော သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အလင်းဖျော့ဖျော့က လွှမ်းခြုံထားပါသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ထိုသူက အလင်း သမုဒ္ဒရာကြားတွင် မတ်တပ်ရပ်နေသည့်အလား ဖြစ်နေခဲ့၏။ သူ၏ တည်ရှိမှုက လူတိုင်းကို ဒူးထောက်ကာ ဦးညွတ်ပြီး အရိုအသေပေးစေလိုသော စိတ်ဆန္ဒတစ်ရပ်ကို လှုံ့ဆော်နေခဲ့ပါ၏။

“အင်မော်တယ် တစ်ပိုင်းအဆင့်ပါလား။” လီချန်းချင်းက မျက်မှောင်ကျုံ့လိုက်ပါသည်။ ယခုလိုမျိုး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးက သူ့အနီးအနားတွင် မကြာခဏ ပေါ်ပေါက်လာသည်ကို သူက သတိထားမိလာခဲ့ပါသည်။

အခုထပ်ပြီး ရောက်လာတဲ့ အင်မော်တယ်တစ်ပိုင်းအဆင့်က ဘယ်သူများ ဖြစ်မလဲ။

“ကွမ်ကျူး”

အသစ်ရောက်ရှိလာသော သူ၏ ပုံရိပ်ကို မြင်သွားသောအခါ လုရှီရန်၏ မျက်နှာက ဖွေးစုပ်သွားခဲ့ပါသည်။

ဆုမိသားစု၏ မြေးအဘိုးကို ဖမ်းချုပ် လိုက်ပြီးသည့် အခါတွင် သူမက လုံခြုံသွားပြီဟု ထင်ထား သော်လည်း ယခုတွင်တော့ ကွမ်ကျူးကိုယ်တိုင် ရောက်ရှိလာခဲ့ ပါ၏။

“ဒီလူက ကွမ်ကျူးဆိုတဲ့ လူလား။” လီဟမ်ရှန်းကလည်း ထိတ်လန့်သွားပါသည်။

ကောလဟာလများအရကတော့ သူက စန်းယွမ်နယ်မြေ သခင်က တစ်ချိန်တုန်းက စိန်ခေါ်ခဲ့ဖူးပါ၏။ သူ၏ကိုယ်ပိုင်စွမ်းအားမှာ လွန်စွာမှကို စွမ်းအား ကြီးမား လှပါသည်။ ထို့အပြင်သူက ကွမ်လမ်နန်းတော်၏ စောင့်ရှောက် သူ အကြီးအကဲလည်း ဖြစ်နေပါသေးသည်‌။ ထိုကဲ့သို့သော စွမ်းအားကြီးမားလှသည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်က ဤနေရာတွင် ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့် ထားခဲ့မိပါချေ။

လုရှီရန် က ကြောက်လန့်တကြားနဲ့ လီဟမ်ရှန်း၏ နောက်ကွယ်တွင် ဝင်ရောက်ကာ ပုန်းခိုလိုက်ပါ၏။ သူမသည် ကွမ်ကျူးကို လွန်စွာမှကို ကြောက်လန့်နေခဲ့သည်မှာ ထင်ရှားလှပါသည်။

လီဟမ်ရှန်းကလည်း သူ၏လက်ကို ထုတ်လိုက်ပြီး လုရှီရန်၏ လက်ကို ကိုင်ကာ သူ့နောက်သို့ ခပ်မြန်မြန်ပို့လိုက်ပါသည်။ သူ၏ အကြည့်မှာ ကွမ်ကျူး၏ ကိုယ်ပေါ်မှ လုံးဝကို မခွာပါ ချေ။ ထိုဖြစ်ရပ်မှာ အတိတ်တုန်းက အဆုံးမဲ့ည ရှေးဟောင်း နိုင်ငံက လုချောင်းချောင်းကို သူ့ထံမှ လာရောက် ခေါ်ဆောင် သွားသည့် ဖြစ်ရပ်နဲ့ တူညီလှသည်ဟု သူက အမှတ်ရသွားခဲ့ ပါ၏။

ယခုအချိန်တွင်တော့ သူရင်ဆိုင်နေရသည့် ရန်သူများမှာ အရင်ကထက် လွန်စွာ စွမ်းအားကြီးမားနေသည်ကသာ ကွာခြားမှု တစ်ခု ဖြစ်ပါ၏။

“အင်မော်တယ်တစ်ပိုင်း”

ထိုအဖြစ်အပျက်များကို မြင်သော်လည်း ကွမ်ကျူးက ပြုံးနေရုံမှ လွဲပြီး ဘာတစ်ခွန်းမှ မပြောပါ။

ထို့နောက်မှ “ချင်းလဲ့ဓားသခင်ကို ဂါရဝပြုပါတယ်။”

ကွမ်ကျူးက လီချန်းချင်းအား အပြုံးတစ်ခုနဲ့ နှုတ်ဆက်လိုက်ပြီး လက်သီးဆုပ်ကာ ကောင်းကင်ထက်မှ အရိုအသေ ပေးလိုက်ပါ၏။ သူ၏ အပြုအမူမှာ လူကြီး လူကောင်း တစ်ယောက်နဲ့ လုံးဝကို ကိုက်ညီနေခဲ့ပါသည်။

လီချန်းချင်း၏ မျက်ဝန်းများသည်လည်း သတိပြုမှုများက ဖြတ်ပြေးသွားပါ၏။ သူ၏ ခေါင်းထဲတွင်တော့ အချက်ပေး ခေါင်းလောင်းများ အဆတ်မပြတ် မြည်သွားသလို ဖြစ်နေပါ သည်။

ဒါပေမဲ့ သူက တည်ငြိမ်စွာနဲ့ပင် ပြန်လည်၍ နှုတ်ခွန်း ဆက်လိုက်ပါ၏။

“ကွမ်ကျူး… ခင်ဗျားက လေဟာနယ်ထဲမှာ ပုန်းခိုပြီးတော့ ကျုပ်ရဲ့တိုက်ပွဲကို စောင့်ကြည့်နေတာ အတော် လေး ကြာပြီပဲ။” လီချန်းချင်းက မျက်မှောင်ကျုံ့ရင်း ပြောလိုက် ပါ၏။

“ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာများလဲ။”

“ကျုပ်မှာ ရည်ရွယ်ချက်မရှိပါဘူး။” ကွမ်ကျူးက သူ၏ လက်ကို ဝှေ့ယမ်း လိုက်ပြီး အပြုံးတစ်ခုနဲ့ ဆိုလိုက်ပါ၏။

“ ပြုံးမိတဲ့အတွက် ကြောင့်မလို့ တောင်းပန်ပါတယ် အစ်ကို ချင်းလဲ့။ ကျုပ်က ဝင်ပြီးတော့ မစွက်ဖက်ဘူးဆိုတာက ကျုပ်မှာ ဝင်ရောက် စွက်ဖက်ဖို့အတွက် အခွင့်အလမ်း မရှိလို့ပါဗျာ”

“ ဒါပေမဲ့ ဆုမိသားစုက လုရှီရန်ကို တကယ်ပဲ ခေါ်သွားမယ် ဆိုလို့ရှိရင် တော့ ကျုပ်အစား ဝင်ရောက်ကူညီဖို့အတွက် ကျုပ်ရဲ့ မိတ်ဆွေ တစ်ယောက်ကို ကျုပ်က အကြောင်းကြားထားပြီးသားပါဗျ”

“ အို အဲ့ဒီလိုလား။” လီချန်းချင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူ၏ အကြည့်များထဲတွင် သံသယများနဲ့ဖြတ်ပြေးသွားခဲ့ပါသည်။

“ကွမ်ကျူး” လီဟမ်ရှန်းက ထပြောလိုက်ပါ၏။

“ခင်ဗျား ကိုယ်တိုင်ပဲ ဆုမိသားစုနဲ့ ကွမ်လမ်နန်းတော် အကြားက လက်ထပ်ပွဲကို ခွင့်ပြုပေးခဲ့တာ မဟုတ်ဘူးလား”

“အဲ့တာ အမှန်ပဲ။”

ဂျူနီယာတစ်ယောက်ဖြစ်သော လီဟမ်ရှန်းက သူ့အား မရို မသေနဲ့ ယခုလိုမျိုး ခေါ်ဝေါ်ပြီး ပြောဆိုခြင်းကို ကွမ်ကျူးက စိတ်ထဲ မထားပါချေ။

သူ၏ အကြည့်မှာ လီဟမ်ရှန်းထံသို့ ရောက်ရှိသွားပါ၏။

“ကျင့်ကြံခြင်းတွေကို ချိတ်ပိတ်ခံထားရတဲ့ လုရှီရန်က ငါ့ရဲ့ စောင့်ကြည့်မှုအောက်ကနေ လွတ်မြောက်လာနိုင်တယ်ဆိုတာက ထူးဆန်းနေတယ်လို့ မင်းမတွေးမိဘူးလား”

ထိုစကားကို ကြားသော် လီဟမ်ရှန်းက အနည်းငယ် ဘာပြော ရမှန်း မသိဖြစ်သွားခဲ့ ပါသည်။

မှန်ပါ၏။ လုရှီရန်၏ ကျင့်ကြံ ခြင်းများ အားလုံးက ချိတ်ပိတ်ခြင်းကို ခံထားရပါသည်။ ကွမ်ကျူး၏ စောင့်ကြည့်မှု အောက်တွင် သူမသည် သာမာန်လူ တစ်ယောက်အနေနဲ့ ဘယ်လိုနည်းနဲ့မှ ကွမ်လမ်နန်းတော်မှ လွတ်မြောက်နိုင်မည် မဟုတ်ပါချေ။

ကွမ်ကျူးကသာ သူမကို တိတ်တဆိတ်ခွင့်ပြုပြီး သူမ၏လှုပ်ရှားမှုများကို မျက်ကွယ်ပြုထားမှသာ သူမ လွတ်မြောက်နိုင်မည် ဖြစ်ပါ၏။

လုရှီရန်၏ မျက်ဝန်းများတွင် စိတ်ရှုပ်ထွေးမှုများက ဖြတ်ပြေးသွားခဲ့ပါ၏။

“ဒါမှမဟုတ် ကျင့်ကြံခြင်းမရှိတဲ့ သာမာန်လူလိုဖြစ်နေတဲ့ လုရှီရန်က ကွမ်လမ်နန်းတော်ကနေပြီးတော့ ကျန်းကော စံအိမ်အထိ ရှည်လျားလှတဲ့ ခရီးကြမ်းကြီးမှာ ဘာအန္တရာယ်မှ မရှိဘဲနဲ့ မင်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ ထူးဆန်းတယ်လို့ရော မင်းမထင်ဘူးလား။”

ကွမ်ကျူးက နောက်ထပ်မေးခွန်းတစ်ခုကို ဆက်လက်၍ မေးမြန်းလိုက်ပါ၏။ ထိုအခိုက်တွင်တော့ အရာအားလုံးကို လုရှီရန်က နားလည်သွားခဲ့ပါသည်။

သူမ၏ ထွက်ပြေးလွတ်မြောက်မှုမှာ ကွမ်ကျူးက တိတ်တဆိတ် ခွင့်ပြုပေးခဲ့ခြင်းသာ ဖြစ်ပါ၏။ လမ်းခရီး တစ်လျှောက်လုံးတွင် သူမသည် အန္တရာယ်ကြီးကြီးမားမားကို မကြုံတွေ့ခဲ့ရခြင်း မှာလည်း ကွမ်ကျူးက လေဟာ နယ်ထဲတွင် ပုန်းအောင်းနေပြီး သူမကို တိတ်တဆိတ် စောင့် ရှောက်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။

ထိုကဲ့သို့ ကွမ်ကျူး၏ စောင့်ရှောက်မှုကြောင့် လုရှီရန်က မည်သည့် အန္တရာယ်မှ မကြုံတွေ့ဘဲ မည်သည့်လူယုတ်မာများနဲ့ မကြုံတွေ့ဘဲ သူမ၏ ဖြူစင်မှုကို ထိန်းသိမ်းထားနိုင်ပြီး လီဟမ်ရှန်းထံသို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာနိုင်ခြင်းပင် ဖြစ်ပါ၏။

ထိုစကားကို ကြားမှသာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို လီချန်းချင်း ကိုယ်တိုင် ကလည်း စတင်၍ သဘောပေါက်ကာ နားလည်လာခဲ့ပါတော့ သည်။ အများအမြင်တွင်တော့ ကွမ်ကျူးက ဆုရှန်းချီနဲ့ လုရှီရန် ကို လက်ထပ်ရန်အတွက် သဘောတူ ခွင့်ပြုပေးခဲ့ပါသည်။ ဒါပေမဲ့ နောက်ကွယ်တွင်တော့ သူသည် လုရှီရန်ကို တိတ်တဆိတ်နဲ့ လွတ်မြောက်ခွင့်ပေးခဲ့ပါ၏။

မင်းတို့ကို လက်ထပ်ဖို့အတွက် ငါက သဘောတူပြီးသွားပြီ။ ဒါပေမဲ့ ငါမသိတဲ့ အချိန်မှာတော့ သတို့သမီးက သူ့ဘာသာသူ ထွက်ပြေးသွားတာကတော့ ငါလည်း မတတ်နိုင်ဘူး။ ငါနဲ့ လည်း မဆိုင်ဘူးလေ။

ဒီလူအိုကြီးက ဆုမိသားစုက မြေးအဘိုး နှစ်ယောက်ကို ကျားစေ့တစ်စေ့လိုမျိုး အသုံးချ သွားတာပဲ။

All Chapters