အခန်း (၃၅၆)
Vol. 30 Ch. 356
“ယောက်ျား ရှင်ပြန်ထလိုက် ပါဦး။ စီနီယာက မရှိတော့ဘူးရှင့်။” လုရှီရန်က အနားသို့ တိုးလာပြီး လီဟမ်ရှန်းကို ဖြေးညင်းစွာဖြင့် ဆွဲထူလိုက် ပါသည်။
လီဟမ်ရှန်းမော့ကြည့်လိုက်သော အခါတွင် နဂိုမူလ က ချင်းလဲ့ဓားသခင်ရပ်နေသော နေရာ၌ ယခုအချိန်တွင်တော့ တစ်စုံတစ်ဦးမှ ရှိမနေခဲ့တော့ပါချေ။
ထိုအချိန်မှသာ လီဟမ်ရှန်းက သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းပုလင်းကို ရဲရဲဖွင့်ရဲပါတော့သည်။ ကျောက်စိမ်းပုလင်းဖွင့်လိုက်သည်နှင့် ကျောက်စိမ်းပုလင်းအတွင်းမှ လွန်စွာမှကို လွှမ်းမိုးနိုင်စွမ်း ရှိသည့် နဂါးအရှိန်အဝါက ဟုန်းခနဲ ထွက်ပေါ်လာခဲ့ပါသည်။
ထိုအရှိန်အဝါကို လီဟမ်ရှန်းက ရင်းနှီးလှပါသည်။ ထိုအရှိန်အဝါသည် အမှန်အကန်ကို နဂါးသွေးအဆီအနှစ်သာ ဖြစ်ပါ၏။ အလေးချိန်ကို ချိန်ဆကြည့်ရာတွင် အမှန်အကန်ကို ကျောက်စိမ်းပုလင်း၌ နဂါးသွေးအဆီအနှစ် လေးစက်ရှိပုံ ရှိပါသည်။ သူ့လက်ထဲတွင် နဂါးသွေးအဆီအနှစ် နှစ်စက်ရှိပြီး အားလုံးပေါင်းလိုက်သော် လောလောဆယ် သူ့၌ နဂါးသွေး အဆီအနှစ် ခြောက်စက်ရှိပါသည်။
ခုနစ်ရောင်ခြယ်ဆေးလုံးကို သန့်စင်ရန်အတွက် နဂါးသွေးအဆီအနှစ် တစ်စက်သာ လိုအပ်ပါ တော့သည်။ ထို့အပြင် တစ်ခြားသော ဆေးအမယ်များ လိုအပ်ပါသော်လည်း နဂါးသွေးအဆီအနှစ်နဲ့ နှိုင်းယှဉ်ပါက ယင်းတို့မှာ ပြဿနာကြီးကြီးမားမား မဟုတ်တော့ပါချေ။
ချန်းချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ကျန်ရစ်သော ဆေးအမယ်များကို မှာယူ၍ ရနိုင်လောက် မည်ဟု လီဟမ်ရှန်းက တွေးလိုက်ပါ၏။
“ငါတို့နှစ်ယောက်အတူတူ ပြန်ကြရအောင်”
လီဟမ်ရှန်းသည် လုရှီရန်၏ လက်ကလေးကို ဆွဲကာ ခရမ်းမိုးကြိုးမြင်းပေါ်သို့ ဆွဲတင်လိုက်ပါ၏။ ထို့နောက်တွင် သူတို့နှစ်ဦးသည် ခရမ်းမိုကြိုးကို စီးနင်းပြီး တုရှန်းမြို့သို့ ပြန်လာခဲ့ပါတော့သည်။
လီချန်းချင်းမှာလဲ ယခုအချိန်တွင်တော့ အနောက်အရပ် တွင်ရှိသော ကျန်းထျင်မြို့သို့ ရောက်လာခဲ့ပါသည်။ သူက မြို့ထဲသို့ ဝင်လာသည်နှင့် ကွမ်ကျူး၏ အသံမှာ သူ၏ စိတ်နှလုံးထဲတွင် ဝင်ရောက်လာခဲ့ပါ၏။
အသံ၏ လမ်းညွှန်မှုကြောင့် လီချန်းချင်းသည် ကွမ်ကျူးရှိသော နောက်ဖေးလမ်းကြားလေးထဲသို့ ရောက်လာခဲ့ပါသည်။ ထိုနောက်ဖေးလမ်းကြားလေးထဲတွင် ပျက်ဆီးယိုယွင်းပြီး ဟောင်းနွမ်းနေသည့်ဆိုင်လေးတစ်ဆိုင်ရှိပါသည်။ ထိုဆိုင်၏ အရှေ့တွင် အရောင်များ လွင့်ပြယ်နေသော ဆိုင်းဘုတ်လေးရှိပါ၏။
ထိုဆိုင်ထဲသို့ ဝင်လိုက်သော အခါတွင် ကွမ်ကျူးက စားပွဲတစ်လုံးတွင် ထိုင်နေပြီး အသားသွတ်ပေါက်စီများကို ထိုင်စားနေပါ၏။
“ချင်းလဲ့ဓားသခင်ကြီး ဒီမှာ လာထိုင်ပါဗျာ။” ကွမ်ကျူးက ဖိတ်ခေါ်လိုက်ပါ၏။ လီချန်းချင်းက လမ်းလျှောက်သွားပြီးနောက်တွင် ထိုင်ချလိုက်ပါ၏။ ထိုအခိုက်တွင် ခြေတစ်ဖက်ဆာနေသော ထော့ကျိုးဖြစ်နေသော လူတစ်ဦးသည် အတွင်းခန်းမှ ထွက်လာပါ၏။
သူက ထော့ကျိုး ထော့ကျိုးနဲ့ လမ်းလျှောက်နေခဲ့ပါသည်။
“သူ့အတွက်ပါ ပန်းကန်တစ်လုံးပြင်ခဲ့ဟေ့” ကွမ်ကျူးက ထော့ကျိုးအား လှမ်းပြောလိုက်ပါ၏။
လီချန်းချင်းသည် ထော့ကျိုးကို လှမ်းကြည့်လိုက်ပါ၏။ ထိုသူထံမှ ထွက်ပေါ်နေသော အရှိန်အဝါများက တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သူခံစားမိပါသည်။ ဒါပေမဲ့ မည်သည့် အရာက ထူးဆန်းနေသည် ဆိုတာကိုတော့ သူကမခန့်မှန်းနိုင်ပါချေ။
“သွေးအရိပ်ဂိုဏ်းက လူပဲ” လီချန်းချင်း က ပေါ့ပေါ့ပါးပါးပြောလိုက်ပါ၏။ ထော့ကျိုးမှာ တံခါးဝသို့ ရောက်သော်တစ်ချက်ရပ်တန့်သွားပါ၏။ သူက ခေါင်းကို စောင်းရင်း မျက်လုံးကို ထောင့်ကပ်လျက် လီချန်းချင်းအား စိုက်ကြည့်လိုက်ပါ၏။
ဒါပေမဲ့ ဘာတစ်ခွန်းမှ ဆက်မပြောဘဲ အတွင်းအခန်းသို့ ဆက်လက်၍ ဝင်သွားခဲ့ပါသည်။
ကျန်းဖုကွမ်မှာ သူ့နံဘေးတွင်နေထိုင်ခဲ့သည် မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထို့အပြင် လီချန်းချင်း၏ နတ်ဘုရားဝိဉာဉ်မှာ သန်မာလွန်းလှပါ၏။ ထို့ကြောင့် သူ၏ ဖောက်ထွင်းမြင်နိုင်စွမ်း၊ ထိုးထွင်းမြင်နိုင်မှုမှာ သာမာန်လူများစွာထက်သာလွန်ပြီး ထက်မြက်လှပါ၏။
ယခုထော့ကျိုးမှာ သာမာန်လူတစ်ဦးနဲ့ လုံးဝကို မခြားနားသည့်တိုင် ထိုသူထံမှ ဖော်ပြ၍ မရသော ခံစားချက်တစ်ခုကို လီချန်းချင်းက ခံစားခဲ့မိပါသည်။
ကွမ်ကျူးက ဘာမှ မပြောဘဲပြုံးသာ ပြုံးနေခဲ့ပါ၏။
ထို့နောက်တွင်မှ
“အစ်ကို ချင်းလဲ့က တကယ်ပဲ အမြင်ကောင်းတာပဲဗျ”
“အခုကြည့်ရသလောက်ကတော့ ဒီနေ့မှာ ကျုပ်သာ ဝင်ပြီးတော့ မနှောင့်ယှက်ဘူးဆိုလို့ရှိရင် ဒီဆိုင်ပိုင်ရှင် ထော့ကျိုးက ဆုကျန်းတို့ မြေးအဘိုးကို သတ်ဖြတ်လိမ့်မယ် ထင်တယ်။” လီချန်းချင်းက ကွမ်ကျူးကို စိုက်ကြည့်ရင်းနဲ့ မေးလိုက်ပါသည်။
ဆုမိသားစုဝင်များကို သတ်ဖြတ်ရန်အတွက် ကွမ်ကျူးက လူသတ်သမားကို လွှတ်မည်ဟု လီချန်းချင်က မမျှော်လင့် ထားခဲ့မိပါ။
ထို့အပြင် သူသတ်မည့်သူကလည်း ဆုမိသားစု၏ ဘိုးဘေးဖြစ်သော ဆုကျန်းပင်မဟုတ်ပါလား။
“ဒါက နောက်ဆုံးနည်းလမ်း အနေနဲ့ ထုတ်သုံးဖို့ ထားထားတာပေါ့”
ကွမ်ကျူးက ပြောပြလိုက်ပါ၏။ သူ၏ ပန်းကန်ထဲတွင်ရှိသော ပေါက်စီများ ကို ဖဲ့ရင်း
“ကွမ်လန် နန်းတော်အတွက်တော့ ရှီရန်က နတ်မိမယ်တစ်ပါး။ သူမက ကွမ်လန်နန်းတော်ရဲ့ အနာဂါတ်ပဲ။ဆုကျန်းက သူမလိုမျိုး ကွမ် လန်နန်းတော်ရဲ့ အနာဂါတ်ကို သူ့မြေးဖြစ်သူနဲ့ လက်ဆက်ပေး ပြီးတော့ ကလေးမွေးခိုင်းစေချင်တယ်ဆိုတာက အဟက်…အိမ် မက်မက်နေတာပဲလေ။”
“ဒီလိုမျိုး ကွမ်လန်နန်းတော်ရဲ့ အနာဂါတ် ဖြစ်တဲ့ လုရှီရန်ကို ဆုမိသားစုနဲ့ လက်ထပ်ဖို့အတွက် သဘောတူရလောက်အောင် ဆုမိသားစုက ခင်ဗျားကို ဘာတွေ များကမ်းလှမ်းလိုက်လဲ ဆိုတာကို ကျုပ်သိပ်သိချင်တယ်။”
လီချန်းချင်းက အမှန်တကယ်ကို သိချင်နေခဲ့ပါ၏။
“ဒါပေါ့ ခင်ဗျားကလည်းဒါကို စိတ်ဝင်စားသလိုမျိုး။ ကျုပ်ကလည်း တစ်စုံတစ်ခုကို စိတ်ဝင်စားတယ်လေ။” ကွမ်ကျူးက လီချန်းချင်း ၏မျက်နှာဖုံးကို စိုက်ကြည့်ရင်းပြောလိုက်ပါ၏။
“ လီဟမ်ရှန်းရဲ့ ဖခင်အရင်းဖြစ်တဲ့ခင်ဗျားက ကိုယ့်သားဖြစ်သူရဲ့ ရှေ့မှာ ရုပ်ဖျက် ပြီးတော့ အမြဲတမ်း ပေါ်လာလေ့ရှိတယ်။ အဲဒါက ထူးဆန်းတယ် လို့ကျုပ်တွေးမိတယ်။
မဟုတ်ဘူးလား… ချင်းလဲ့ဓားသခင်လို့ ခေါ်တဲ့ လီချန်ချင်း…”