အခန်း (၃၅၇)
Vol. 30 Ch. 357
“အို..”
ကွမ်ကျုးက သူ့အား ဖောက်ထွင်းမြင်နိုင်ပြီး သူ၏သရုပ်မှန်ကို သိလိမ့်မည်ဟု လီချန်းချင်းက မမျှော်လင့်ထားခဲ့မိပါ။
“ ကျူပ်က လုရှီရန်ကို တိတ်တဆိတ်ကာကွယ်ပေးလာတာ ကြာခဲ့ပြီ။ အဲဒါကြောင့် မြောက်ပိုင်းအေးခဲနိုင်ငံမှာ ဖြစ်လာတဲ့အရာတိုင်းလိုလိုကို ကျုပ်သိတယ်”
“ ခင်ဗျားက ချင်းလဲ့ဓားသခင် အယောင်ဆောင် ပြီးတော့ ကျန်းကောစံအိမ်ကို လာတာကိုလည်း ကျုပ်တွေ့ ခဲ့ပြီးသား”
ကွမ်ကျူးက တည်ငြိမ်စွာပြောလိုက်ပါ၏။
“အရှေ့ ပိုင်းစိတ်ငြိမ်ချင်းနယ်မြေမှာ ခင်ဗျားလိုမျိုး စွမ်းအား ကြီးမားတဲ့ လူတစ်ယောက်က ပုန်းခိုနေမယ်ဆိုတာကို ကျုပ်မထင်ထား ခဲ့မိဘူး။ ခင်ဗျားရဲ့ဓားသိုင်း၊ ခင်ဗျားရဲ့ ပန်းချီရတနာ အကုန်လုံး က အရမ်းကို စွမ်းအားကြီးမားလွန်း အားကြီးတယ်”
ကွမ်ကျူးသည် လီချန်းချင်းနဲ့ ဆုကျန်းတို့ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပါ၏။ စစချင်း တုန်းက လီချန်းချင်း၏ ခွန်အား မှာ ဆုကျန်းနှင့် သရေကျ အောင်သာ တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ချင်းလဲ့ဓားသခင် မှာ အားမနည်းပါ။ ဒါပေမဲ့ ဆုကျန်းကလည်း သန်မာလှပါသည်။
ဆုကျန်း၏ မကောင်းဆိုးဝါးတစ္ဆေပန်းချီ ရတနာ စတင်၍ထွက် ပေါ်လာသည်နှင့် လီချန်းချင်း၏ ချင်းလဲ့ ဓားအစီအရင်မှာ အရေးနိမ့်သည့် ဘက်သို့ ရောက်လာခဲ့ပါသည်။
စန်းယွမ် နယ်မြေကြီးတွင် မကောင်းဆိုးဝါးတစ္ဆေပန်းချီကားမှာ လွန်စွာမှကို နာမည်ကျော်ကြားလှပါ၏။ ယင်း၏စွမ်းအားမှာ ကောလဟာလထဲကလိုပင် နာမည်ကြီးလှပါသည်။
လီချန်းချင်းက ရှုံးနိမ့်တော့မည်ဟု ကွမ်ကျူးက တစ်ထစ်ချတွေးထားပါ၏။ ဒါပေမဲ့ သူ့ကို အံ့ဩသွားစေသည်မှာ ရှုံးခါနီးဆဲဆဲတွင် လီချန်းချင်း၏ ထုတ်လွှတ်လိုက်သော ကျန်းရှန်စင့်မြင့်က ပို၍စွမ်းအားကြီးမားလှပါ၏။
ကျန်းရှန်စင်မြင့်၏အကူအညီနှင့် ထွက်ပေါ်လာသော ကျန်းရှန်းဓားအစီအရင်မှာ မကောင်းဆိုးဝါးတစ္ဆေပန်းချီရတနာ ကို လုံးလုံးပင်သုံး စားမရအောင် ပြုလုပ်နိုင်ခဲ့ပါ၏။ ထို့အပြင် လီချန်းချင်းက ဆုကျန်းတို့မြေးအဘိုးကို ဖမ်းဆီးပြီးနောက်တွင် အိမ်မက်ဝိဉာဉ် ကျောက်တုံးထဲ၌ လှောင်ပိတ်ထားနိုင်ခဲ့သည် ပင်မဟုတ်ပါလား။ ထို့အပြင် ထိုကဲ့သို့သော ပြောင်းလဲမှုများက ကွမ်ကျူး၏ ထင်မြင် ချက်များကို မှားယွင်း သွားစေခဲ့ပါ၏။
ထို့ကြောင့် သူ့အရှေ့တွင် ထိုင်နေသောချင်လဲ့ဓားသခင်အပေါ် သူ၏မူလ ကမြင်ခဲ့သော အမြင်များ အားလုံးကို ပြောင်းလဲပစ်ခဲ့ ရပါသည်။
သူ၏သရုပ်မှန်ကို လူသိသွားပြီဖြစ်သောကြောင့် လီချန်းချင်းကလည်း ဆက်လက်မဖုံးကွယ်တော့ဘဲ သူ့မျက်နှာ တွင်ရှိသော မျက်နှာဖုံးကို ဖယ်ရှားလိုက်ပါ၏။
“ကွမ်ကျူးက ကျုပ်ရဲ့ သရုပ်မှန်ကို အစောကြီးကတည်းက သိထားပြီးသားဆိုတော့ ကျုပ်နဲ့ ဘာကိုဆွေးနွေးချင်တာလဲဗျ”
လီချန်းချင်းကတည်ငြိမ်စွာဖြင့် မေးမြန်းလိုက်ပါ၏။ ထိုအခိုက်တွင် အတွင်းဘက်မှ ထော့ကျိုးက ထွက်ပေါ်လာပြီး လီချန်းချင်းအား ပေါက်စီတစ်ပန်းကန်အား ကမ်းပေးလိုက်ပါသည်။
လီချန်းချင်းမှာ မနက်မိုးလင်းကတည်းက ဘာတစ်ခုမျှမစားရ သေးပါ။ ထို့ကြောင့်သူက ပေါက်စီကိုတစ်ကိုက် ကိုက်လိုက်ပါ ၏။ အရသာမှာကောင်းမွန်လှပါသည်။
“ကျုပ်က မြောက်ပိုင်း အေးခဲနိုင်ငံတော်ကို စောစောစီးစီး မလာဘူးဆိုရင်တောင်မှ ခင်ဗျားကို တစ်ချက်ကြည့်လိုက်တာနဲ့ ခင်ဗျားရဲ့ သရုပ်မှန်ကို တန်းသိနိုင်တာပဲလေ။”
“အို..တယ်ဆိုတဲ့စကားပါလား။ ဘာလို့လဲဆိုတာကို ကျုပ်ကိုပြောပြပါအုံး။”
လီချန်းချင်းက သိချင်နေခဲ့ပါသည်။ သူ၏ရုပ်ဖျက်မှုက လူတစ်ကာကဖောက်ထွင်းမြင်ရလောက်အောင် မလေးနက်လို့များလား။
ဒါမှမဟုတ်လို့ရှိရင် သူ့ရဲ့ရုပ်ဖျက်မှုက အင်မော်တယ် တစ်ပိုင်းအဆင့်ရှေ့မှာဆိုရင် အသုံးမဝင်တာများလား။
သို့သော် လီချန်းချင်း၏ မေးခွန်းပြီးသွားသည့်အခါတွင် ကွမ်ကျူး၏ မျက်လုံးများမှာ ပြောင်းလဲသွားခဲ့ပါ၏။
သူ၏သူငယ်အိမ်များမှာ ချက်ချင်းပင်လျှင် ရွှေရောင်တောက်ပလာခဲ့ပါ၏။
“မျက်လုံးကျင့်စဉ်လေဗျ။” လီချန်းချင်းမှာ ထိုမြင်ကွင်းကို မြင်လိုက်သောကြောင့် အနည်း ငယ်မျှတော့ အံ့ဩသွားခဲ့ပါသည်။
ကွမ်ကျူးက တစ်ကယ်ပဲ မျက်လုံးကျင့်စဉ်ကို ပိုင်ဆိုင်ထားတာတဲ့လား။
“ ကျုပ်က ပတ်သက်ဆက်နွယ်မှုတွေကို ထိုးဖောက်မြင်နိုင်စွမ်း ရှိတယ်”
ကွမ်ကျူးက ပြောလိုက်ပါ၏။
“ ခင်ဗျားနဲ့ လီဟမ်ရှန်းကြားရဲ့ ပတ်သက်ဆက်နွယ်မှုက အရမ်းကို လေးနက်ပြီးတော့ များပြားလွန်းအားကြီးတယ်။ အဲဒါကြောင့် မို့လို့ ခင်ဗျားတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို မြင်နိုင်စွမ်း ရှိတယ်လေ”
“ ဒါကြောင့်မို့လို့ပဲ ကျုပ်က ခင်ဗျားကို ဒီနေရာကို ခေါ်လိုက်တာ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထွက်နေတဲ့ နောက်ထပ်ပတ်သက်ဆက်နွယ်မှုတစ်ခုက အရမ်းကို ထူးခြားနေတာကြောင့် ကျုပ်ကစိတ်ဝင်စားမိတယ်”
“ စိတ်ဝင်စားတယ် ဟုတ်လား” လီချန်းချင်းက မျက်မှောင်ကျုံ့ လိုက်ပါ၏။
“ ဘာစိတ်ဝင်စားတာလဲ”
“ခင်ဗျား ယွဲ့ဟန်ကျွင်း ဆိုတဲ့လူကိုသိလား။” ကွမ်ကျူးက ရုတ်တရက်အမည်တစ်ခုကို ထုတ်ဖော်လိုက်ပါ၏။
လီချန်းချင်းသည် စန်းယွမ်နယ်မြေကြီးသို့ ရောက်ပြီးကတည်းက ထိုနာမည်ကို မကြာခဏကြားနေခဲ့ရပါ ၏။ သူ့မျက်နှာကို တွေ့မြင်သောလူတိုင်းက ယွဲ့ဟန်ကျွင်းကို သိပါသလားဟု မကြာခဏမေးခြင်းကို ခံခဲ့ရပါသည်။
ယခုအချိန် တွင်လည်း ယွဲ့ဟန်ကျွင်းကို သိပါသလားဟု ထပ်မံ၍ အမေးခံနေ ရပြန်သည်။
“ကျုပ်ကသူနဲ့တူလို့လား။”လီချန်းချင်းက မည်သည့် ခံစားချက်အမူအရာမျှမပြသဘဲ ပေါက်စီကို တစ်ကိုက်ကိုက်ရင်း မေးလိုက်ပါသည်။
“ကျုပ်သူ့ကို တစ်ခါတွေ့ဘူးတယ်ဗျ။ အမှန်ပဲ။ ခင်ဗျားတို့နှစ်ယောက်က တော်တော်လေးကို ဆင်တူတာပဲ”
ကွမ်ကျူးက တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
“ ဒါပေမဲ့ ခင်ဗျားနဲ့ ယွဲ့ဟန်ကျွင်းတို့နှစ်ယောက် ကြားက ပတ်သက်ဆက်နွယ်မှုက ခင်ဗျားနဲ့လီဟမ်ရှန်းတို့ကြားက ပတ်သက်ဆက်နွယ်မှုထက်ပိုပြီး လေးနက်တယ်။ ပိုပြီးကြီးမားတယ်”
“ ဒါပေမဲ့ ကျုပ်သိသလောက် ကတော့ ယွဲ့ဟန်ကျွင်းကို ကျန်းထျန်းယွမ်က ဖမ်းဆီးထားတယ်တဲ့”
ငါနဲ့ ယွဲ့ဟန်ကျွင်းကြားက ပတ်သက်ဆက်နွယ်မှုက အရမ်းကို ကြီးမားတယ်တဲ့လား။ ဒါဆိုရင် ဖြစ်နိုင်တာက ယွဲ့ဟန်ကျွင်းကလည်း ငါ့ရဲ့တရာမဝင်သားများ ဖြစ်နေတာ လား။
ဒါလဲအဓိပ္ပါယ်မရှိပြန်ဘူး။ ငါ့တို့နှစ်ယောက်ကြားက အသက်က အရမ်းကွာနေတယ်လေ
“ကျုပ်ကြားတာကတော့ ယွဲ့ဟန်ကျွင်းအဖမ်းခံထားရတာ သူက ကျန်းထန်းယွမ်ဆီကနေပြီးတော့ တစ်ခုခုကို ခိုးယူလို့ဆိုပဲ”
ရုတ်တရက် လီချန်းချင်းက အတင်း အဖျင်း ပြောသော လူကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား ခဲ့ပါသည်။
“အဲလိုမျိုးပဲပေါ့ဗျာ”
“ ဒီလိုမျိုး အကျဉ်းကျရလောက်အောင်ထိ ခံနေရအောင် ဆိုတော့ ဘာများခိုးမိလို့လဲဗျာ”
“ သူက ကျန်းထျန်းယွမ်ရဲ့ တစ်ဦးတည်းသောသမီးကို ခိုးယူခဲ့မိလို့ပဲ”
ကွမ်ကျူးကလည်း ပေါက်စီကို တစ်ကိုက်ကိုက်ရင်းပြောလိုက် ပါသည်။ ထိုစကားကိုကြားသော် လီချန်းချင်းက ကြက်သေသေသွားခဲ့ပါသည်။
“ သူကဘာကို ခိုးတာ။ သူက ကျန်းထျန်းယွမ်ရဲ့ သမီးကို ခိုးတာ ဟုတ်လား”
“ စားလိုက်ဦး။ စားလိုက်ဦး။ ပေါက်စီတွေက အေးသွားလို့ရှိရင် စားလို့မကောင်း ဘူးဗျ”
ကွမ်ကျူးသည် လီချန်းချင်းအား လောဆော်လိုက်ပါ၏။
“ကျုပ်ရှေ့မှာ မယဉ်ကျေးပြပါနဲ့ဗျာ။ ဒီနေ့စားသမျှကို ကျုပ်ရှင်း မှာပါ”
ဒါပေမဲ့ ထိုသတင်းစကားကို ကြားပြီးသည့် နောက်တွင် လီချန်းချင်းက ဘယ်လိုလုပ်ပြီး တော့ စားသောက်ချင်စိတ် ရှိတော့မှာလဲ။
ယွဲ့ဟန်ကျွင်းက ကျန်းထျန်းယွမ်၏သမီးကို ခိုးပြေးခဲ့တယ်။ ဒါကဘာအဓိပ္ပါယ်တုန်း။ အဲဒါကဘာအဓိပ္ပါယ်ကြီးတုန်း။ လီချန်းချင်းမှာ ထိုကိစ္စကို အသေအချာသိချင်ခဲ့ပါ၏။ အဘယ်ကြောင့် ဆိုသော် ထိုကိစ္စ၏နောက်ကွယ်၌ သူ၏ အတိတ်ကလည်း တစ်နည်းတစ်ဖုံပါဝင်ပတ်သက်နေမည်ဟု လီချန်းချင်းက ခံစားရပါ၏။
“ရှင်းရှင်းလေးပဲလေဗျာ။ ယွဲ့ဟန်ကျွင်းက ကျန်းထျန်းယွမ်ရဲ့ သမီးနဲ့ခိုးပြေးတယ်။ ကျန်းထန်းယွမ်ရဲ့ သမီးနာမည်က ကျန်းချင်းယိုလို့ခေါ်တယ်။ ပြီးတော့ သူတို့နှစ်ဦးကနေပြီးတော့ ကလေးတစ်ယောက်ကို လည်း မွေးဖွားခဲ့တယ်လို့လဲ ပြောတယ်ဗျ”
“ဒါပေမဲ့ဗျာ ကံဆိုးတာက ကလေးမွေးပြီးတဲ့အခါမှာ ကျန်းချင်းယိုက မီးတွင်းထဲမှာပဲ သေဆုံးသွားခဲ့တယ်လေ။ သူ့သမီးဆုံးပါးသွားတဲ့အတွက်ကြောင့်မို့လို့ ကျန်းထျန်းယွမ်က ဒေါသူပုန်ထပြီးတော့ ယွဲ့ဟန်ကျွင်းကို ချက်ချင်းဖမ်းဆီးခဲ့တယ်။
ပြီးတော့ ဒီနေ့အထိ မှောင်မိုက် နေတဲ့အကျဉ်းထောင်ထဲမှာ ယွဲ့ဟန်ကျွင်းကို အကျဉ်းချထား ခဲ့တော့တာပဲပေါ့”
ထိုသတင်းစကားကြောင့် လီချန်းချင်းမှာ အမှန်တကယ်ကို ထိတ်လန့်သွားခဲ့ပါသည်။
ဘယ်လောက် တောင်ရုပ်ရှင် ဆန်လိုက်တဲ့ ဇာတ်လမ်းလဲကွာ။
“ ကောလဟာ လတွေအရတော့ ယွဲ့ဟန်ကျွင်းက သမိုင်းတစ်လျှောက်မှာ အငယ်ဆုံးသော ပန်းချီသူတော်စင်တဲ့။
ပြီးတော့ အရမ်းကို စွမ်းအားကြီးမားတဲ့ ယွဲ့မိသားစုရဲ့ ဆက်ခံသူ။ ဒီလိုမျိုး ဂုဏ်သိက္ခာတွေ ဂုဏ်ပုဒ်တွေနဲ့လူကို ဘာလို့များ ကျန်းထျန်းယွမ်က သူ့သမီးနဲ့ သဘောမတူရတာလဲ။ ဘာလို့များ ယွဲ့ဟန်ကျွင်းက ကျန်းချင်းယို နဲ့ သူ့အဖေမသိအောင် ခိုးပြေးရ တာလဲ။”
လီချန်းချင်းမှာ ထိုကိစ္စရပ်များကို နားမလည်နိုင်ပါ။
လီချန်းချင်း၏ မေးခွန်းများ ကို ကြားသောအခါ ကွမ်ကျူးက ပြန်မဖြေဘဲ မေးခွန်းတစ်ခုသာ ထပ်မေးလိုက်ပါ၏။
“ခင်ဗျားနဲ့ ယွဲ့ဟန်ကျွင်းကြား ပတ်သက်ဆက်နွယ်မှုက ပိုပြီးတော့မသေး လာတဲ့အပြင် တစ်နေ့ထက် တစ်နေ့ပိုပြီးတော့ ဆက်နွယ်မှုက ခွန်အားကြီးလာတယ်။
ခင်ဗျားနဲ့သူနဲ့ကြားက ဆက်နွယ်မှု က ဘာလဲဆိုတာတော့ကျုပ်မသိဘူး။ ဒါပေမဲ့ ကျုပ်ခံစားမိတာက တော့ ခင်ဗျားတို့နှစ်ယောက်က အနာဂါတ်မှာ ကောင်းမွန်တဲ့ တွေ့ဆုံခြင်းတော့ ဖြစ်မှာမဟုတ်ဘူး။
ယွဲ့ဟန်ကျွင်းဆိုတဲ့လူက သာမန်မဟုတ်ဘူး။ သူက အရမ်းငယ်ရွယ်တဲ့အချိန်မှာပဲ လူတိုင်း မရောက်ရှိနိုင်တဲ့ ပန်းချီသူတော်စင်အဆင့်ကို ရောက်နိုင်တယ်။
အဲဒါအပြင်ကိုမှ ကျန်းထျန်းယွမ်လိုလူမျိူး စွမ်းအားကြီးမားတဲ့ လူစောင့်ကြည့်မှုအောက်ကနေ သူ့သမီး ကို ရအောင်ခိုးပြေးနိုင်ခဲ့ သေးတယ်။
ဒီလူက သာမန်မဟုတ်ဘူး။ ခင်ဗျားသူနဲ့ ရင်ဆိုင် ရမယ်ဆိုလို့ရှိရင်တော့ သတိကြီးကြီးထားသင့်တယ်။”
“လောလောဆယ်သူက အကျဉ်း ချခံထားရတယ် မဟုတ်ဘူး လားဗျ” လီချန်းချင်းက စိတ်သိပ်ပူသည့်ပုံစံမရှိပါ။
“သူက အကျဉ်းချခံထားရတာဟုတ်တယ်။ ဒါပေမဲ့ သူက တကယ်အကျဉ်းချခံထားရတာလား။ အဲဒီနေရာကနေ တမင်တကာ မထွက်ဘဲနဲ့ တစ်ခုခုကို စောင့်နေတာလား။ သူက အကျဉ်းချခံ ထားရာကနေအချိန်မရွေး ထွက်နိုင်တဲ့စွမ်းအားရှိလား မရှိဘူးလားဆိုတာကိုတော့ တိတိကျကျ ဘယ်သူကသိနိုင်မှာ မို့လို့လဲ”
ကွမ်ကျူးက လီချန်းချင်းအား လေးနက်စွာဖြင့် သတိပေးနေခဲ့ပါသည်။
“သတိပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။” လီချန်းချင်းက ခေါင်းညိတ်ပြလိုက်ပါ၏။
“ ပြီးတော့ ဆုမိသားစုနဲ့ ပတ်သက်ပြီးတော့…”
ကွမ်ကျူးက လေးနက်စွာဖြင့် ထပ်ပြောလိုက်ပါသည်။
“ဆုမိသားစုကလူတွေကို ပေါ့သေးသေးမတွက်ဖို့လိုလိမ့်မယ်။ ဆုကျန်းကို ဖြစ်နိုင်လို့ရှိရင် မသတ်ဖို့ ကျုပ်က အကြံပေးချင်တယ်။ ခင်ဗျားက စွမ်းအား ကြီးမားတယ်ဆိုပေမဲ့ တောင်ဘက်လွင်ပြင်ဒေသ က အရမ်းကို ရှုပ်ထွေးပြီးတော့ ဆက်ဆံရေးတွေ အကုန်လုံးက တစ်ခုနဲ့တစ်ခု၊ အင်အားစုတွေတစ်ခုနဲ့တစ်ခုကြားမှာ ဆက်နွယ်နေတယ်”
“ပြီးတော့ ဆုမိသားစုရဲ့ နောက်ကွယ်မှာ ပိုပြီးကြောက်ဖို့ကောင်း တဲ့အင်အားစုတွေ ရှိနေသေးတယ်။ ဆုမိသားစုကို ရန်စမိတာက ခင်ဗျားအတွက် ကောင်းကျိုး လုံးဝ ရောက်လာမှာ မဟုတ်ဘူး လို့ ကျုပ်က အကြံထပ်ပေးလိုက်မယ်”
လီချန်းချင်းမှာ ထိုစကား ကိုကြားသော် အချိန်တစ်ခဏ ကြာသည်အထိ တိတ်ဆိတ် သွားခဲ့ပါ၏။ ထို့နောက်တွင်မှ သူကပြောခဲ့ပါသည်။
“ကွမ်ကျူး ခင်ဗျားက ကျုပ်ကို ဒီနေ့ ပေါက်စီစားဖို့ခေါ်တယ်။
ဒါပေမဲ့ ဒီစကားတွေ ပြောချင်တဲ့ အတွက်ကြောင့်မို့လို့ ခေါ်တာတော့ မဟုတ်ဘူး။ ဟုတ်တယ်မလား။”
အလကားကျွေးသော နေ့လည်စာမှာ မရှိပါချေ။ အထူးသဖြင့် ကွမ်ကျူးကဲ့သို့သော အင်မော်တယ် တစ်ပိုင်းအဆင့်ရှိသော လူထံမှ ဖြစ်ပါသည်။
“ကျုပ်ခင်ဗျားဆီက စွမ်းအားကြီးတဲ့ ကျန်းရွမ်စင်မြင့် ပန်းချီရတနာကို ငှားချင်တယ်ဗျာ။”
သူ၏ရည်ရွယ်ချက်ကို နောက်ဆုံးတွင်တော့ ကွမ်ကျူးကပြောခဲ့ပါပြီ။ ထိုစကား ကိုကြားသည့်အခါမှ လီချန်းချင်းက သက်ပြင်းချနိုင်ခဲ့ပါ၏။ တစ်ဖက်လူ၏ ရည်မှန်းချက်ကို သိသောအခါမှ သူက စိတ်အေးအေးထားပြီး နေနိုင်မည်ဖြစ်သည်။ ဒါပေမဲ့ လီချန်းချင်းက ရယ်မောလိုက်ပြီး ပြောလိုက်ပါ၏။
“ပေါက်စီ တစ်ပွဲနဲ့ ကျန်းရွမ်အဆင့်မြင့်ကို လဲတာကတော့ ဟာသတစ်ခု ထက်မပိုဘူး။” ကွမ်ကျူးကလည်း အားပါးတရ ရယ်မောလိုက် ပါ၏။
“ ဒါပေါ့”
ကျန်းရွမ်အဆင့်မြင့်က အလွယ်တကူနဲ့ ဌားရမ်း လို့ရမည်မဟုတ်မှန်းကို သူသိပါသည်။ ထိုပန်းချီရတနာမှာ လောကြီး၏ ထိပ်တန်းပန်းချီရတနာများနှင့် နှိုင်းယှဉ်၍ရသည် ကို ကောင်းကောင်း သူက သိပါ၏။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ငှားရမ်းနိုင်မည် မဟုတ်ပါချေ။
“ခင်ဗျား သားကျုပ်အပေါ် အကြွေးတင်နေတဲ့ ခုနှစ်ရောင်ခြယ် ဆေးလုံးကို ကျုပ်ပြန်မယူ တော့ဘူး”
ကွမ်ကျူးက ပြောလိုက်ပါ၏။
“ အဲလိုဆိုရင်ရော ဘယ်လိုလဲ။ ပြီးတော့ ကျုပ်က ဆယ်ရက်ပဲငှားမှာပါ”
“ ခုနှစ်ရောင်ခြယ်ဆေးလုံးကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ အမယ်တွေကို အကုန်လုံးပြည့်စုံလုနီးပါး ကျုပ်တို့က စုဆောင်း ပြီးသွားပြီ”
လီချန်းချင်းက ခေါင်းကို ခါရမ်းလိုက်ပါ၏။
“အမယ်တွေအကုန် လုံးကို စုစည်းပြီးသွားပြီဆိုလို့ရှိရင်လည်း ခင်ဗျား သားရဲ့ နတ်ခန္ဓာကို နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် ခင်ဗျားအသုံးပြုလို့ရတယ်မဟုတ်ဘူးလား” ကွမ်ကျူးက ခပ်မြန်မြန်ပင်ပြောလိုက်ပါ၏။
“အဲဒါကတော့..”
လီချန်းချင်းက အချိန်ခဏကြာအောင်တွေးလိုက်ပါသည်။
ဒါပေမဲ့ ကွမ်ကျူးလိုမျိုး အရမ်းစွမ်းအားကြီးမားတဲ့ အင်မော်တယ် တစ်ပိုင်းက ကျန်းရွမ်အဆင့်မြင့်ကို ဘာလို့များ လိုအပ်တာပါလိမ့်။ ဖြစ်နိုင်တာက သူကလည်း စန်းယွမ်နယ်မြေသခင် ကျန်းထန်းယွမ်ကို စိန်ခေါ်ပြီး တိုက်ခိုက်ချင်နေပြန်တာလား။