← Chapters

ကျတ်တီးမြေ

Vol. 57 Ch. 841

ကျတ်တီးမြေ

Vol. 57 Ch. 841

မျောက်ဝံအိုကြီး၏ တိုက်ခိုက်မှုသည် ကာကွယ်သူ ၄ယောက်ကို လွှမ်းခြုံသွားပြီး မာကြောခက်ထန်မှုနှင့်အတူ သူ၏သွေးချီက ရုန်းကြွလာ၏။

သူ၏ ကြမ်းတမ်းကြီးမားသော လက်နှစ်ဖက်သည် ကောင်းကင်တခွင် လွှမ်းခြုံသွားသည်ဟု ထင်ရပြီး အောက်သို့ ဆင်းသက်လာခဲ့လေသည်။

“အားလုံးပဲ.. ငါတို့က ပြန်လမ်းမရှိတော့ဘူး”

ကာကွယ်သူ ၁ က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

“ငါတို့က အခုနေ နောက်ဆုတ်မယ်ဆိုရင်တောင် အဲဒီအဘိုးကြီးက ငါတို့ကို လက်လွှတ်ပေးမှာ မဟုတ်ဘူး.. ငါတို့ရဲ့ခွန်အားတွေကို အတူပူးပေါင်းပြီးတော့ သူ့ကို သတ်ဖြတ်ရမယ်”

“သတ်”

ကာကွယ်သူ ၄ယောက်သည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ပြီး ခုခံဖို့အတွက် ရှေ့သို့လှမ်းလိုက်ကြ၏။

ဘုန်း..

အဲဒီမှာ ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။

သစ်လုံးစင်မြင့်က ချက်ချင်းပင် ပြိုကျသွားခဲ့လေသည်။

ကာကွယ်သူ ၄ယောက်သည် အောက်သို့ပြုတ်ကျလာပြီး သူတို့ ဆင်းသက်နေစဉ်မှာပင် သူတို့၏ခန္ဓာကိုယ်များက ကြီးမားသော ပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲသွားကြ၏။

သူတို့ထဲတွင် ကာကွယ်သူ ၁ သည် ရှေးဦးဆက်နွယ် တောကောင်တစ်ကောင်ဖြစ်သော တောင်ပံစိမ်းလင်းယုန် ဖြစ်လေသည်။

“ပင်ကိုယ်နတ်ဘုရားစွမ်းအား”

ကာကွယ်သူ ၁သည် အကဲစမ်းချင်လိုစိတ် မရှိဘဲ သူ၏ ပင်ကိုယ်နတ်ဘုရားစွမ်းအားကို ချက်ချင်း ထုတ်ဖော်လိုက်၏။

သူ၏ ကြီးမားသည့်တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ မျောက်ဝံအိုကြီး၏ရှေ့ကနေ ချက်ချင်းပျောက်ကွယ်သွား၏။ သူက ထိုသူကို ကွေ့ပတ်ပြီး ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူထံသို့ ပြေးဝင်သွားလေသည်။

ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူက ထိတ်လန့်တုန်လှုပ်သွား၏။

သူသည် ကာကွယ်သူတစ်ယောက် ဖြစ်လာသော်လည်း.. သူသည် မကြာသေးခင်ကမှ အဆင့်မြင့်မိစ္ဆာသားရဲအဖြစ် တက်လှမ်းလာခြင်းဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့​သော ဤမိစ္ဆာသားရဲများကို မယှဉ်နိုင်သေးပေ။

“ဟား..”

ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် ဖနောင့်တစ်ချက်ဆောင့်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ကြမ်းကြုတ်ခက်ထန်သော ခွန်အားတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

ဘုန်း

ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် သူ၏လက်သီးကို မြှောက်ပြီး ဝင်ရောက်လာသော အလင်းတန်းကို ပြင်းထန်ကြမ်းကြုတ်စွာဖြင့် ထိုးနှက်လိုက်၏။

ထိုထိုးချက်၏ ခွန်အားက လေဟာနယ်တစ်ခုလုံးကိုပင် ချိုင့်ဝင်သွားစေလေသည်။

ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ နောက်မှ လှောင်ပြောင်ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။

“မဟန်တော့ဘူး”

ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူက ရင်တစ်ချက်ထိတ်သွား၏။

ကာကွယ်သူ ၁ ၏ ပင်ကိုယ်နတ်ဘုရားစွမ်းအား၏ ကြောက်စရာကောင်းမှုနှင့် သူ၏အမြန်နှုန်းက ဤအဆင့်ထိ တိုးတက်လာခဲ့လေပြီ။

လှုပ်ရှားမှုတစ်ခုနှင့်အတူ သူသည် သေခြင်းရှင်ခြင်း၏ ကြားအလယ်မှာ ရောက်ရှိနေလေပြီ။

ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် သူ၏ဦးခေါင်းနောက်မှ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူ၏ အမြုတေစိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်ထဲမှာ ဆက်လက်၍ ခိုအောင်းနေမည်ဆိုလျှင် အဲဒီမှာ သူ၏ခန္ဓာကိုယ်ရော အမြုတေစိတ်ဝိညာဉ်ရောက အတူတကွ ဖျက်စီးခံရဖို့ များလေသည်။

သူ့အတွက် ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အလမ်းမှာ သူ၏ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နှင့်အတူ ထွက်ပြေးလွတ်မြောက်ဖို့ ဖြစ်လေသည်။

ရုတ်တရက်ဆိုသလို..

သူ၏ဦးခေါင်းနောက်မှ စူးရှသည့်ခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွား၏။

ကာကွယ်သူ ၁ က စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

မသိလိုက်မသိဘာသာနှင့်ပင် မျောက်ဝံအိုကြီးသည် ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူ၏ ဘေးသို့ ရောက်ရှိလာပြီး ထိုးချက်တစ်ချက်နှင့်အတူ ကာကွယ်သူ ၁ ကို လန်ကျသွားစေ၏။

ဖြူဖတ်ဖြူလျော်မျက်နှာနှင့် ဗလတောင့်တောင့်လူသည် သေမင်းဂိတ်တံခါးဝကနေ ပွတ်ကာသီကာ လွတ်မြောက်လာနိုင်ခဲ့လေသည်။

“အဘိုးကြီး.. သေဖို့သာ ပြင်ထားပေတော့”

အခြားသော ကာကွယ်သူ ၃ယောက်သည် ရှေ့သို့ပြေးဝင်လာပြီး သူတို့၏ နတ်ဘုရားစွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြ၏။

“မင်းတို့ကတော့ သေချင်နေပြီပဲ”

မျောက်ဝံအိုကြီး၏အကြည့်က သိပ်သည်းစုဖွဲ့လာပြီး မနှိုင်းယှဉ်သာအောင် စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုက ရှေ့သို့ ရုန်းကန်ထွက်လာ၏။

သူ၏ ပင်ကိုယ်နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်လေပြီ။

မျောက်ဝံအိုကြီးသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် သူ၏လက်ကို လွှဲယမ်းကာ ရှေ့သို့ သုံးချက်ဆက်တိုက်ဆင့်၍ ထိုးနှက်လိုက်၏။ သူက ကာကွယ်သူ ၃ယောက်ကို တစ်ချိန်တည်းနီးပါးမှာပင် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

အဲဒါက ၃ယောက် ၁ယောက် ဖြစ်လေသည်။

အရိုးများ၏ ကျိုးပဲ့သံက ထွက်ပေါ်လာလေသည်။

ကာကွယ်သူတစ်ယောက်၏လက်သည် မျောက်ဝံအိုကြီးထံမှ ထိုးချက်တစ်ချက်​ဖြင့် စုတ်ပြတ်သတ်သွားပြီး သွေးများက ပန်းထွက်လာ၏။

သူ၏လက်တစ်ဖက်လုံးက ချို့ယွင်းပျက်စီးသွားခဲ့လေပြီ။

အခြားသော ကာကွယ်သူနှစ်ယောက်သည်လည်း မှင်တက်သွားကြပြီး သူတို့၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီများက ကပြောင်းကပြန်ဖြစ်ကုန်၏။ သူတို့သည် အဲဒါကို ခံနိုင်ရည်မရှိတော့ဘဲ သူတို့၏ပါးစပ်ထဲမှ များစွာသော သွေးများက စီးထွက်လာ၏။

ထိုတိုက်ခိုက်ဖလှယ်မှုမှာ မျောက်ဝံအိုကြီး၏ နတ်ဘုရားစွမ်းအားက ကာကွယ်သူ ၃ယောက်ထက် သာလွန်ကြောင်း သိသာလေသည်။

ဝှစ်..

အလင်းတန်းတစ်ခုက ပျံသန်းလာ၏။

မျောက်ဝံအိုကြီးသည် လှည့်ပင်မကြည့်ဘဲ သူ၏လက်ကို ဆန့်ထုတ်ကာ လေဟာနယ်ထဲသို့ တိုက်ရိုက်ဖမ်းဆုပ်လိုက်၏။

အလင်းတန်းက ရပ်တန့်သွားခဲ့လေသည်။

ကာကွယ်သူ ၁ ၏ ခန္ဓာကိုယ်က ပေါ်ထွက်လာ၏။

သူက ပါးစပ်ကို ဖွင့်ဟပြီး နက်မှောင်နေသော အလင်းတန်းတစ်ခုကို ထွေးထုတ်ကာ အဲဒါက လေထဲမှာ ပြန့်ကားသွားပြီး နက်မှောင်နေသာ လှံတစ်စင်းအဖြစ် အသွင်ပြောင်းကာ မျောက်ဝံအိုကြီး၏ မျက်နှာဆီသို့ ဦးတည်သွားလေသည်။

သူတို့နှစ်ယောက်သည် အလွန်တရာ နီးကပ်နေပြီး ထိုတိုက်ခိုက်မှုက ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

မျောက်ဝံအိုကြီးသည် အိုမင်းနေပြီဖြစ်သော်လည်း သူ၏တုံ့ပြန်မှုက အလွန်တရာမြန်ဆန်၍ ပြတ်သားမှုရှိလေသည်။ သူက ကာကွယ်သူ ၁ ကို ဖမ်းဆုပ်ထားသည့်လက်ကို လွှတ်လိုက်ပြီး ချက်ချင်း နောက်သို့ခုန်ဆုတ်ကာ ဝင်ရောက်လာသော လှံတံကို သူ၏လက်ဖဝါးထဲမှာ ဖမ်းဆုပ်လိုက်၏။

ကာကွယ်သူ ၁သည် ထိုအခွင့်အရေးကို အသုံးချကာ လှည့်ထွက်ပြေးလိုက်၏။

မင်းက ထွက်ပြေးဖို့ ကြိုးစားချင်သေးတယ်ပေါ့။

မျောက်ဝံအိုကြီး၏ အကြည့်က ရွေ့လျားသွားပြီး သူ့လက်ထဲရှိ လှံတံကို ကာကွယ်သူ ၁ ဘက်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်၏။

ဖောက်..

လေထဲတွင် သွေးအလင်းရောင်က ဖြာထွက်သွားလေသည်။

ကာကွယ်သူ ၁ သည် အကောင်းဆုံးကြိုးစား၍ ရှောင်ရှားလိုက်သော်လည်း သူ၏တောင်ပံများသည် သူ့ကိုယ်ပိုင်လှံရှည်ဖြင့် ထိုးဖောက်ခြင်းခံလိုက်ရပြီး ငှက်မွှေးများစွာက ပြုတ်ကျလာလေသည်။

“မင်းတို့တွေ ဘယ်သူမှ ဒီနေ့ မလွတ်မြောက်စေရဘူး”

မျောက်ဝံအိုကြီးက ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့လှမ်းတက်လိုက်၏။

ထိုသည်ကို ကြည့်ပြီးနောက်.. ဆူဇီမိုက ဆက်လက်၍ စိုးရိမ်ပူပန်မနေတော့ပေ။

အစကတော့.. အခြေအနေမဟန်ဘူးထင်လျှင် သူက မျောက်နှင့်အခြားသူများကို ဦးဆောင်ကာ ဤနေရာကနေ သတ်ဖြတ်ခြင်းဖြင့် ဖောက်ထွက်ဖို့ ရည်ရွယ်ထား၏။

သို့သော်.. ယခုအခါမှာတော့ မျောက်ဝံအိုကြီး၏ တိုက်ခိုက်ရည်ခွန်အားက ကြောက်စရာကောင်းလွန်းပြီး အတွင်းရေးပဋိပက္ခကို ချက်ချင်းပင် ဖိနှိမ်နိုင်ခဲ့လေသည်။

အဲဒါက အရှင်သခင်တစ်ပါး၏ အစွမ်းအစ ဖြစ်လေသည်။ အဲဒါက အရှင်သခင်တစ်ပါး၏ ခမ်းနားထည်ဝါမှု ဖြစ်လေသည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ကာကွယ်သူ ၄ယောက်သည် ဒဏ်ရာများ ရရှိသွားကြပြီး သူတို့ထဲမှ မည်သူကမှ ဆက်လက်၍ ကြာကြာတောင့်ခံနိုင်တော့မည့်ပုံ မပေါ်ပေ။

ဆူဇီမိုသည် စိတ်သက်သာရာ ရသွားပြီး သူ၏နဖူးက တောက်ပကာ သူက လက်ဟန်ချိပ်စည်းများကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

အရှင်သခင်တစ်ပါးက အနီးအနားမှာ ရှိနေသောကြောင့် သူသည် အင်မော်တယ် သို့မဟုတ် ဗုဒ္ဓတာအိုများမှ ဓမ္မပညာရပ်များကို မထုတ်ဖော်ရဲပေ။

သူ ထုတ်ဖော်လိုက်သော ဓမ္မပညာရပ်သည် ခရမ်းရောင်မိုးကြိုးကျမ်း သို့မဟုတ် မဟာနေ့ရက်ရူလိုင်းသုတ္တန်မှ မဟုတ်ပေ။

ချက်ချင်းပင် သူ၏ လက်ဟန်ချိပ်စည်းကို ထုတ်ဖော်၍ ပြီးစီးသွား၏။

ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှ ဗဟိုခွာစွမ်းအားတစ်ခုနှင့်အတူ မကောင်းဆိုးရွားဆန်သော သားရဲစွမ်းအားများက မီးခိုးရောင် ဝဲဂယက်များနှင့်အတူ လေဟာနယ်ထဲသို့ ဖြန့်ကျက်ထွက်ပေါ်လာ၏။ အဲဒါက ရေလှိုင်းတစ်ခုကဲ့သို့ အဘက်ဘက်သို့ ဖြန့်ကျက်သွားလေသည်။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ ယင်စိတ်ဝိညာဉ်အပိုင်းတွင် စိတ်ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်တစ်ခုသာလျှင် ပါရှိလေသည်။

ယန်စိတ်ဝိညာဉ်အပိုင်းမှာတော့ ဓမ္မပညာရပ်တစ်ခုနှင့် အမြုတေစိတ်ဝိညာဉ်တစ်ခု ပါရှိလေသည်။

ထိုထဲတွင် မှတ်တမ်းတင်ထားသည်အရ.. ထိုလျှို့ဝှက်ပညာရပ်နှစ်ခုသည် ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ကွက်များ ဖြစ်လေသည်။

ယခုအချိန်တွင် ဆူဇီမို ထုတ်ဖော်လိုက်သည်မှာ ဓမ္မပညာရပ် ကျတ်တီးမြေ ဖြစ်လေသည်။

ရှေ့သို့ ပြေးဝင်လာသော မိစ္ဆာသားရဲများသည် မီးခိုးရောင် ဝဲဂယက်များ၏ လွှမ်းခြုံခြင်းကို ခံရသောအခါ.. သူတို့၏လှုပ်ရှားမှုများသည် ရွှံ့ညွန်ထဲသို့ ဆင်းသက်သွားရသည့်အလား ချက်ချင်းပင် လေးကန်သွားကြ၏။

သို့သော်လည်း.. မီးခိုးရောင် ဝဲဂယက်၏ လွှမ်းခြုံခြင်း ခံရသော မည်သည့်မိစ္ဆာသားရဲကမှ မသက်မသာဖြစ်သည်ကို မခံစားရပေ။

ဆူဇီမိုသည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

ဓမ္မပညာရပ် ကျတ်တီးမြေသည် မည်သည့်သတ်ဖြတ်စွမ်းအားကိုမှ မပိုင်ဆိုင်ဘဲ ကျင့်ကြံသူများ၏ လှုပ်ရှားမှုနှင့် အမြန်နှုန်းကို ကန့်သတ်နိုင်ရုံမျှသာ ရှိပုံပေါ်လေသည်။

အစကတော့.. ဆူဇီမိုသည် ယင်စိတ်ဝိညာဉ်အဆင့်မှာ ရှိနေပြီး ယန်စိတ်ဝိညာဉ်အပိုင်းတွင် ပါဝင်သော ဤဓမ္မပညာရပ်ကို ကြိုတင်၍ ကျင့်ကြံနိုင်ခဲ့၏။

ဒါ့အပြင်.. ယန်စိတ်ဝိညာဉ်အပိုင်း၏ ဓမ္မပညာရပ်နှင့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်တွင် သူနားမလည်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စကားလုံးများစွာ ရှိနေ၏။ ထိုသို့ဖြင့် သူက ထိုလျှို့ဝှက်ပညာရပ်နှစ်ခု၏ အစစ်အမှန်အနှစ်သာရကို ယခုအချိန်ထိ ဖမ်းဆုပ်မိနိုင်ခြင်း မရှိသေးပေ။

အဲဒါက ကျတ်တီးမြေ၏ အစစ်အမှန်စွမ်းအား သေချာပေါက် မဟုတ်သေးကြောင်း သူက ယုံကြည်ထား၏။

ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ၏အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

မီးခိုးရောင် ဝဲဂယက်များ လွှမ်းခြုံထားသော မြေပြင်ပေါ်ရှိ စိတ်ဝိညာဉ်အပင်များသည် မျက်စိဖြင့်မြင်နိုင်သော နှုန်းထားဖြင့် ညိုးခြောက်လာကြ၏။ လန်းဆန်းသော ပန်းပွင့်များက ချက်ချင်းပင် ခြောက်သွေ့သွားလေသည်။

“ဒါက..”

ဆူဇီမို၏ သူငယ်အိမ်က တင်းကျပ်သွားခဲ့၏။

ရုတ်တရက် သူ၏အနီးဆုံးမှာ ရှိနေသော မိစ္ဆာသားရဲများက စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။

“ဟာ.. သောက်ကျိုးတော့​ နည်းပြီ.. ငါ့ရဲ့ ဘဝသက်တမ်းက ဘာလို့ အဲ့လောက်မြန်မြန် ဆုတ်ယုတ်လာရတာလဲ”

“ငါက အသက်တစ်ချက်ရှူတိုင်း ဘဝသက်တမ်း နှစ်တစ်ရာလောက် ဆုံးရှုံးနေရတယ်… ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အမြန်နှုန်းလဲ”

“ငါက အသက်တစ်ချက်ရှူလိုက်တိုင်း နှစ်ခြောက်ဆယ်ကို ဆုံးရှုံးနေရတယ်.. ဒါက ဘယ်လိုသားရဲပညာရပ်ပါလိမ့်”

ထိုမိစ္ဆာသားရဲများ၏ ဘဝသက်တမ်းသည် အသက်တစ်ချက်ရှူလိုက်တိုင်း နှစ်ခြောက်ဆယ် သို့မဟုတ် နှစ်တစ်ရာ ဆုံးရှုံးနေရလေသည်။

ဆူဇီမို၏မျက်လုံးက ဝင်းလက်သွား၏။

အဲဒါကမှ ကျတ်တီးမြေ၏ အစစ်အမှန်စွမ်းအား ဖြစ်ရပေမည်။

ဒါ့အပြင်.. သူတို့က သူနှင့်ပို၍ နီးကပ်လေလေ.. သူတို့၏ ဘဝသက်တမ်းများကို ပို၍ဆုံးရှုံးရလေလေ ဖြစ်၏။

နှစ်ထောင်ပေါင်းများစွာ ဘဝသက်တမ်းရှိသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများအတွက် နှစ် ရာဂဏန်းအချို့ ဆုံးရှုံးရခြင်းက သိသာထင်ရှားမှု မရှိပေ။

သို့သော်လည်း ဤယိုယွင်းဆုံးရှုံးမှုက ဆက်တိုက်ဖြစ်ပွားနေ၏။

သူတို့သည် ကျတ်တီးမြေဧရိယာ၏ သက်ရောက်မှုကနေ ရုန်းမထွက်နိုင်သေးသရွေ့ သူတို့၏ဘဝသက်တမ်းက ဆက်တိုက်လျော့ကျနေမည်ဖြစ်၏။

ဒါ့အပြင် အဲဒါက ပြန်လည်ကုစား၍ မရနိုင်ပေ။

သူတို့က ဘဝသက်တမ်း နှစ်တစ်ရာကို ဆုံးရှုံးပြီးနောက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လျှင်တောင် သူတို့ဆုံးရှုံးသွားသော ဘဝသက်တမ်း နှစ်တစ်ရာကို ပြန်လည်မရရှိနိုင်တော့ပေ။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဓမ္မပညာရပ်လဲ။

ဆူဇီမိုက စိတ်ထဲမှာ လှုပ်ရှား၍ စိတ်အားထက်သန်လာလေသည်။

သူ၏ကျင့်ကြံမှုအဆင့်က နိမ့်ကျသေးပြီး သူက ကျတ်တီးမြေတွင် ပါရှိသော လျှို့ဝှက်ဆန်းကြယ်သည့် စကားလုံးများစွာကို နားမလည်နိုင်သေးပေ။ ထို့ကြောင့် သူက ၎င်း၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်သေးပေ။

သူက ကျတ်တီးမြေတွင် ရှိသော လျှို့ဝှက်နက်နဲမှုများကို နားလည်သဘောပေါက်နိုင်မည်ဆိုလျှင် ဤဓမ္မပညာရပ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလာလိုက်မလဲ။

အသက်တစ်ရှိုက်စာမှာ နှစ်တစ်ထောင်လား။

သူက ထိုအဆင့်သို့ ရောက်ပြီဆိုလျှင် မူလနတ္ထိအဆင့်တစ်ယောက်ကို အသက်ငါးရှိုက်စာအတွင်း တိတ်တဆိတ် သတ်ဖြတ်နိုင်မည် ဖြစ်လေသည်။

ဆူဇီမိုက စဉ်းစားတွေးတောနေစဉ်မှာပင် တိုက်ပွဲမြေ၏ အခြားတစ်ဖက်မှ အော်ဟစ်သံအချို့ကို ကြားလိုက်ရ၏။

“ဟမ်.. ငါ့ရဲ့ ဘဝသက်တမ်းက ဘာလို့လျော့ကျလာတာပါလိမ့်”

“အဲဒီ မီးခိုးရောင် ဝဲဂယက်တွေက ဘာတွေလဲ”

ဆူဇီမိုသည် အလိုလိုလှည့်ကြည့်လိုက်ပြီး တုန်လှုပ်သွားရ၏။

မသိလိုက်မသိဘာသာနှင့်ပင် မီးခိုးရောင် ဝဲဂယက်များသည် သစ်လုံးစင်ဘက်သို့ ဖြန့်ကျက်သွားပြီဖြစ်ပြီး ကာကွယ်သူများနှင့် မျောက်ဝံအိုကြီးအပေါ် လွှမ်းခြုံသွား၏။

ထိုသူများက အဆင့်မြင့်မိစ္ဆာသားရဲများဖြစ်ပြီး လူသားမျိုးနွယ်မှာဆိုလျှင် ဓမ္မဝိသေသအဆင့်နှင့် တူညီလေသည်။

သူတို့၏ ဘဝသက်တမ်းကလည်း လျော့ကျလာခဲ့လေသည်။

ကျတ်တီးမြေ၏ စွမ်းအားသည် ဓမ္မဝိသေသအဆင့်များပင်လျှင် မခုခံနိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။

All Chapters