← Chapters

ရင်းနှီးသော ဆက်ဆံရေးတစ်ခု

Vol. 57 Ch. 842

ရင်းနှီးသော ဆက်ဆံရေးတစ်ခု

Vol. 57 Ch. 842

ကျက်တီး​မြေ၏ စွမ်းအားသည် ၎င်း၏ ဗဟိုချက်မပတ်လည်မှာ အသန်မာဆုံးဖြစ်လေသည်။ ဝေးကွာသွားသည်နှင့်အမျှ ၎င်း၏ခွန်အားက ရုတ်လျော့သွားမည်ဖြစ်လေသည်။

မီးခိုးရောင်ဝဲဂယက်များသည် မျောက်ဝံအိုကြီးနှင့် အခြားသူများဆီသို့ ရောက်ရှိသွားချိန်တွင် ၎င်း၏ သက်ရောက်မှုစွမ်းအားက လျစ်လျူရှု၍ရလုနီးပါးဖြစ်နေ၏။

အသက်တစ်ရှိုက်စာတွင် နှစ်အနည်းငယ်မျှသာ လျော့ကျသွားမည်ဖြစ်၏။

သို့သော်လည်း အဆင့်မြင့်မိစ္ဆာသားရဲများပင်လျှင် မခုခံနိုင်သော ဘဝသက်တမ်းကို နုတ်ယူနိုင်သည့် ဓမ္မပညာရပ်က တစ်ကယ့်ကိုကြောက်စရာကောင်းလွန်းနေပြီဖြစ်၏။

အဲ့ဒါက အထူးသဖြင့် မျောက်ဝံအိုကြီးအတွက်ဖြစ်လေသည်။

သူ၏တိုက်ခိုက်ရေးခွန်အားက ကျန်ရှိနေသေးပြီး သူ၏ သွေးချီက သန်မြန်နေတုန်းဖြစ်သော်လည်း သူ၏ဘဝသက်တမ်းက များစွာမကျန်ရှိတော့သည်မှာ အမှန်တရားတစ်ခုပင်ဖြစ်လေသည်။ ဘဝသက်တမ်း လျော့ကျမှုသည် သူ့အတွက် ဆက်ဆက်ထိ မခံနိုင်သော ကိစ္စတစ်ခုဖြစ်လေသည်။

သူက ကာကွယ်သူတစ်ယောက်ထံသို့ ပြေးဝင်ပြီး သတ်ဖြတ်တော့မည် ရှိစဥ်မှာပင် ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ မျောက်ဝံအိုကြီးသည် မီးခိုးရောင်ဝဲဂယက်များ၏ သက်ရောက်မှုဧရိယာကနေ ချက်ချင်းခုန်ထွက်လိုက်၏။

သူက တွေဝေနေသော အမူအရာဖြင့် ဆူဇီမိုဘက်သို့ လှမ်းကြည့်လိုက်လေသည်။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုများက ဝင်ရောက်လာ၏။

သူက ထိုလှုပ်ရှားကွက်မှာ အမှန်တစ်ကယ်ပင် တုန်လှုပ်သွားရ၏။

နှစ်ထောင်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သော အရှင်သခင်တစ်ပါးအနေဖြင့် သူသည် ကွဲပြားခြားနားသော အခြေအနေများစွာကို တွေ့မြင်ခဲ့ဖူးလေသည်။

ကာကွယ်သူ ၄ ယောက်ထံမှ သစ္စာဖောက်မှုကပင်လျှင် သူ့ကို မတုန်လှုပ်စေနိုင်ခဲ့ပေ။

သို့သော်လည်း သူ့ရှေ့ရှိ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က သူ့ကို အမှန်တစ်ကယ် တုန်လှုပ်သွားစေခဲ့လေသည်။

ဆူဇီမိုက သူ့ဘက်မှာရပ်တည်ပြီး သူ့ကိုကူညီပေးနေခြင်းကြောင့်သာ မဟုတ်လျှင် ကာကွယ်သူ ၄ ယောက်က သူ့ကိုပစ်မှတ်ထားဖို့အတွက် ဆူဇီမိုကို လွှတ်လိုက်ခြင်းဖြစ်သည်ဟု သူက တွေးထင်နိုင်ကောင်းသည်။

ထိုဓမ္မပညာရပ်သည် အဆင့်နိမ့် မိစ္ဆာသားရဲများအပေါ် ကြီးကြီးမားမားသက်ရောက်စေနိုင်ခြင်းမရှိပေ။

သို့သော်လည်း သူ့ထက် အဆင့်ကြီးနှစ်ဆင့်မြင့်မားသော အဆင့်မြင့်မိစ္ဆာသားရဲများအပေါ်မှာပင် သက်ရောက်မှုရှိပြီး သူတို့၏ ဘဝသက်တမ်းကို အတင်းအကျပ် နုတ်ယူနိုင်သည်ဆိုသော အချက်က ကြောက်စရာကောင်းဖို့ လုံလောက်နေပြီဖြစ်၏။ အဲ့ဒါကသာမန် ဓမ္မပညာရပ်တစ်ခု၏ အစွမ်းအစထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် ခဏမျှကြောင်အနေပြီး မျောက်ဝံအိုကြီး၏ အကြည့်နှင့်ဆုံသော်အခါ သတိပြန်ဝင်လာခဲ့၏။

ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ မီးခိုးရောင် ဝဲဂယက်များက ပျက်ပြယ်သွားလေသည်။

သူက ကျက်တီးမြေကို ရပ်တန့်လိုက်သည့် ခဏမှာပင် သူ၏ ခေါင်းထဲမှာ မူးဝေမှုကို ခံစားရပြီး ပင်ပန်းနွမ်းလျမှုက သူ၏ ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်သွားလေသည်။ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကလည်း သိသိသာသာ အရောင်မှိန်ကျသွား၏။

ဤဓမ္မပညာရပ်၏စွမ်းအားသည် ကြောက်စရာကောင်းလွန်းသော်လည်း ၎င်းကို ထောက်ပံ့ပေးရသော အမြုတေစိတ်ဝိညာဥ်၏စွမ်းအားကလည်း ကြီးမားများပြားလွန်းလေသည်။

သူ၏ ကျင့်ကြံမှုအဆင့်က အဲ့ဒါကို ကောင်းကောင်းကိုင်တွယ်ဖို့အတွက် မလုံလောက်သေးပေ။

သူက ယန်စိတ်ဝိညာဥ်အဆင့်သို့ ကျင့်ကြံနိုင်ခဲ့လျှင်တော့ အခြေအနေက သိသိသာသာတိုးတက်လာန်ုင်၏။

မကောင်းဆိုးဝါးဆန်ဆန် မီးခိုးရောင်ဝဲဂယက်များ ပျက်ပြယ်သွားသောအခါ မျောက်ဝံအိုကြီးက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ သူက လေထဲသို့ ခုန်တက်ပြီး သူ၏လက်ကို လေထဲတွင်ရှိသော ကာကွယ် သူ ၁ ထံသို့ ဆန့်တန်းလိုက်၏။

ကာကွယ်သူ ၁ ကလည်း သတိဝင်လာပြီး ထွက်ပြေးလ်ိုက်လေသည်။

“ဂါး....”

မျောက်ဝံအိုကြီးက သူ့ပါးစပ်ကိုဟပြီး ကျယ်လောင်စွာ ဟိန်းဟောက်လ်ိုက်၏။

သူ၏ နဖူးက တောက်ပသွားပြီး အထဲကနေ ရွှေရောင် အလင်းတစ်ခုက ရုန်းကန်ထွက်လာကာ ကာကွယ်သူ ၁ ၏ ဦးခေါင်းနောက်ဆီသို့ ပျံသန်းသွားလေသည်။

အဲ့ဒါက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်လေသည်။

ကာကွယ်သူ ၁ ကလည်း ခေသူတစ်ယောက် မဟုတ်ဘဲ သူ၏ အမြုတေစ်ိတ်ဝိညာဥ်ကို ချက်ချင်းစုစည်းကာ သူ၏ နဖူးကနေ ထက်ရှသော စိတ်ဝိညာဥ်အသိစိတ် တူန်ခါလှိုင်းတစ်ခုကို ထုတ်ဖော်လိုက်၏။ အဲ့ဒါက လေထဲတွင် အစိမ်းရောင် ငှက်မွေးတောင်တစ်ခုအဖြစ် ဖွဲ့တည်သွားလေသည်။

ဝှစ်...

အစိမ်းရောင်ငှက်မွေးက လေထဲမှာ ဖြတ်သန်းလာ၏။ ဖြတ်ကနဲဆို ရွှေရောင်အလင်းနှင့် အစိမ်းရောင်ငှက်မွေးက ရိုက်ခတ်မိသွားလေသည်။

ခဏတာ တိတ်ဆိတ်ငြိမ်သက်သွား၏။

ခဏမျှ ရပ်တန့်သွားပြီးနောက် အစိမ်းရောင်ငှက်မွေးသည် အငွေ့ပျံသွားပြီး ရွှေရောင်အလင်းများကလည်း ရွှေရောင်အစက်ကလေးများအဖြစ် လေထဲမှာ ပြန့်ကျဲသွား၏။

သူတို့ထဲတွင် ရွှေရောင်အလင်းစက်အချို့သည် ကာကွယ်သူ ၁ ၏ နောက်စေ့ဆီသို့ ပျံသန်းသွား၏။ ထိုသူ၏ စိတ်ဝိညာဥ်အသိစိတ်ထဲသို့ ဝင်ရောက်ကာ တုန်ခါလှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

“အား!”

ကာကွယ်သူ ၁ သည် သူ၏အမြုတေစိတ်ဝိညာဥ်အပေါ် သက်ရောက်လာမှုတွင် နာကျင်စွာအော်ဟစ်လိုက်၏။ သူက တဆတ်ဆတ် တုန်ရင်သွားပြီး လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။

သူက ပြင်းထန်သော နာကျင်မှုကို တောင့်ခံပြီး သူ့ကိုယ်သူ ဣန္ဒြေဆယ်ကာ ရှေ့သို့ ဆက်လက်ပြေးလိုက်၏။

သို့သော်လည်း ခဏမျှ နှောင့်နှေးကြန့်ကြာမှုတွင် မျောက်ဝံအိုကြီးက သူ့ကို အမီလိုက်နိုင်သွားခဲ့လေသည်။

ဘုန်း!

ဥက္ကာခဲတစ်ခုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနဲ့အတူ ဧရာမလက်ဖဝါးကြီးတစ်ဖက်က ဖိခြေဆင်းသက်လာ၏။ လေထဲတွင် ပေါက်ကွဲသံများက ထွက်ပေါ်လာလေသည်။

ကာကွယ်သူ ၁ သည် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ဓမ္မလက်နက်တစ်ခုကို တစ်ဖန်ဆွဲထုတ်လိုက်၏။

“မြင့်​တက်စမ်း...”

သူက သူ၏လျှာဖျားကိုကိုက်ပြီး အဆီအနှစ်သွေးတစ်လုတ်ကို ဓမ္မလက်နက်ပေါ်သို့ ထွေးထုတ်လိုက်၏။

ဓမ္မလက်နက်က လျင်မြန်စွာပြန့်ကားသွားပြီး အဲ့ဒါက သားရဲတောကောင်တစ်ကောင်၏ အရိုးအပိုင်းအစ တစ်ခုနှင့်တူလေသည်။ အဲ့ဒါက မနှိုင်းယှဥ်သာအောင် မာကြောခက်ထန်ပြီး သူ၏ဦးခေါင်းပေါ်ကနေ ဒိုင်းတစ်ခုကဲ့သို့ ကာပေးလိုက်၏။

ဘန်း...

လက်ဝါးက ဆင်းသက်လာပြီး အရိုးပိုင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။

ဘုန်း!

အရိုးအပိုင်းအစက ပေါက်ကွဲထွက်သွားလေသည်။

ကာကွယ်သူ ၁ သည်မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သွေးများကို ထွေးထုတ်လိုက်ရ၏။

မျောက်ဝံအိုကြီးက လျင်မြန်စွာ ရှေ့သို့တက်သွားပြီး သူ၏ 'ကောင်းကင်လွှမ်းခြုံလက်ဝါး' ကိုနောက်တစ်ဖန် ဆန့်ထုတ်လိုက်၏။ သူက ကာကွယ်သူ ၁ ၏ ဦးခေါင်းကို ဖမ်းဆွဲပြီး အတင်းဖျစ်ညှစ်ချလိုက်၏။

ခွမ်း...

ကာကွယ်သူ ၁ ၏ ဦးခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ထက်တွင် သွေးများက နီစွေးသွားလေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ ဖျက်ဆီးခံလိုက်ရလေသည်။

အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင်က ကျရှုံးသွားခဲ့လေပြီ။

မျောက်ဝံအိုကြီးသည် ပြန်လှည့်လာပြီး ကျန်ရှိနေသော ၃ ယောက်ထံသို့ ပြေးလိုက်လိုက်၏။

အဲ့ဒါက မြန်ဆန်လွန်းလှလေသည်။

သူတို့သည် အဆင့်မြင့်မိစ္ဆာသားရဲများပင်ဖြစ်သော်လည်း ဘဝနေဝင်ခါနီးအရွယ်ဟု ထင်ရသော မျောက်ဝံအိုကြီးနှင့် ရင်ဆိုင်ရချိန်တွင် ကာကွယ်သူ ၁ က ကူကယ်ရာမဲ့လုနီးပါးဖြစ်နေခဲရ၏။

တိုက်ခိုက်ဖလှယ်မှုအနည်းငယ်အတွင်းမှာပင် သူ၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားလေသည်။

ကာကွယ်သူ ၁ က သေဆုံးသွားချိန်တွင် ကျန်ရှိနေသော ကာကွယ်သူများထဲမှ တစ်ယောက်သည် ဒဏ်ရာအပြင်း အထန်ရရှိနေပြီး လူးလဲ၍ ကျုံးထလာခါစ ဖြစ်ကာ အခြားတစ်ယောက်ကိုလည်း ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူက တာဆီးထား၏။

နောက်ဆုံးကျန်သူ တစ်ယောက်က သိပ်ပြီးဝေးဝေး မပြေးနိုင်ခင်မှာပင် မျောက်ဝံအိုကြီးက သူ့ကို အမီလိုက်နိုင်သွား၏။

ထိုသည်ကို မြင်သောအခါ ထိုတိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆူဇီမိုက သိလိုက်၏။

လက်ရှိသားရဲများကလည်း အဲ့ဒါကို နားလည်သွားကြလေသည်။

သူတို့ထဲမှ အချို့က ရပ်တန့်လိုက်ကြ၏။ အချို့က ခြေဦးတည့်ရာထွက်ပြေးကြပြီး သူတို့ထဲမှ အချို့ကတော့ ဆူဇီမိုတို့ဘက်ကနေ စတင်ကူညီပေးလာကြ၏။

တိုက်ပွဲဒီရေက လုံးဝပြောင်းလဲသွားခဲ့လေပြီ။

​ဆူဇီမိုက ရပ်တန့်လိုက်ပြီဖြစ်၏။

လက်ရှိအ​ခြေအနေအရ သူက ဝင်ရောက်လှုပ်ရှားစရာမလိုအပ်တော့ဘဲ နေရာမှတင် မတ်တတ်ရပ်ကာ ကျက်​တီးမြေ၏ စွမ်းအားကို ပြန်လည်ဆင်ခြင်သုံးသပ်လိုက်၏။

သူက ဆက်တိုက်ဆိုသလို နားလည်သဘောပေါက်လာခဲ့လေသည်။

အတန်ကြာပြီးနောက် သတ်ဖြတ်ခြင်း၏ အုံးအုံးကျက်ကျက်အသံများက တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

“လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်... ခင်ဗျားနာမည်က ဘယ်သူလဲ”

ဆူဇီမို၏ နားထဲသို့ အသံတစ်သံက ဝင်ရောက်လာသော်လည်း သူက အဲ့ဒါကို သတိပြုမိသည့်ပုံမပေါ်ပေ။

တစ်ကိုယ်တော်တိမ်စိုင်က သူ့ကို ညင်သာစွာ လှုပ်နိုးလိုက်မှာသာလျှင်သူက သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်၏။

တိုက်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။

သူဘေးနားပတ်လည်ရှိ မြေပြင်ပေါ်တွင် အလောင်းများက ပြန့်ကျဲနေပြီး လက်ဆတ်သော သွေးများက နေရာတိုင်းမှာရှိနေ၏။ အဲ့ဒါက ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုပင်။

များစွာသော မိစ္ဆာသားရဲများသည် တိုက်ပွဲမြေကို ရှင်းလင်းနေကြပြီဖြစ်၏။

မျောက်ဝံအိုကြီးက မလှမ်းမကမ်းမှာရပ်နေပြီး သူ၏ ခြေထောက်အောက်တွင် အလောင်းအချို့ရှိနေ၏။ ကြည့်ရသည်မှာ သူတို့က ကျဆုံးသွားသော ကာကွယ်သူများ ဖြစ်ပုံရ၏။

စောစောက မေးခွန်းကို မေးလိုက်သူမှာ မျောက်ဝံအိုကြီး၏ ဘေးဘက်တွင်ရှိ ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူဖြစ်လေသည်။

“ကျုပ်က မို...”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“မင်းရဲ့အစစ်အမှန်ပုံစံက ဘာလဲ.. ငါကမင်းကို ဘာလို့ မမြင်နိုင်ရတာလဲ” ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူက ဆူဇီမိုကို ပြောင်ပြောင်တင်းတင်း ချိန်ဆကြည့်ပြီး နောက်ထပ်မေးခွန်းတစ်ခုကိုမေးလိုက်၏။

ဆူဇီမိုက တိတ်ဆိတ်နေလေသည်။

အဲ့ဒါက သူ,မဖြေနိုင်သော မေးခွန်းဖြစ်လေသည်။

ဆူဇီမိုက တိတ်ဆိတ်နေစဥ်တွင် ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူက မျက်မှောင်ကြုတ်လိုက်၏။ သူက ဒေါသဖြင့် ပေါက်ကွဲတော့မည့်အချိန်တွင် သူ့ဘေးနားရှိ မျောက်ဝံအိုကြီးက ညင်သာစွာ ချောင်းဟန့်လိုက်၏။

“လင်းအာ အဲ့ဒါက မေးစရာမလိုဘူး”

မျောက်ဝံအိုကြီးက လက်ကာပြပြီး ဆူဇီမိုကို အလေးအနက်ကြည့်လိုက်၏။

“မြွေနဂါးတစ်ကောင်ကတောင် မင်းထံမှ စိတ်လိုလက်ရ အညံ့ခံထားတယ်ဆိုတော့... မင်းရဲ့ အသစ်အမှန်ပုံစံက သေချာပေါက် တစ်မူထူးခြားမယ်ဆိုတာ ငါယုံကြည်တယ်”

ဆူဇီမိုက ပြုံးရုံသာပြုံး၍ ဘာမှပြန်မပြောပေ။

ဘေးနားရှိ စိတ်ဝိညာဥ်ကျားက ဖြူဖတ်ဖြူရော်မျက်နှာနှင့် ဗလတောင့်တောင့်လူကို ကြည့်ပြီး အသံတစ်ခုကို စိတ်ထဲကနေ ပို့လွှတ်လိုက်လေသည်။

“သူ့ပုံစံက ကြမ်းကြမ်းတမ်းတမ်းပေမယ့်လို့ သူ့နာမည်က လင်းအာတဲ့လား... ဘယ်လောက်တောင် အော်ဂလီဆန်စရာ ကောင်းလိုက်သလဲ”

“မင်းတို့တွေ လာကြပါဦး”

မျောက်ဝံအိုကြီးက လက်ယက်ခေါ်လိုက်၏။

ဆူဇီမိုတို့အုပ်စုက ရှေ့သို့တက်သွားလေသည်။

မျောက်ဝံအိုကြီးက ဆူဇီမိုတို့အုပ်စုကို ဝေ့ကြည့်ပြီးနောက် နောက်ဆုံး သူ၏ အကြည့်က မျောက်၏ပုခုံးပေါ်မှာ ကျရောက်သွားလေသည်။

“မင်းရဲ့ ပုခုံးပေါ်က အဲ့ဒီတောင်ဝှေး... ငါက အဲ့ဒါကို တစ်ချက်ကြည့်လို့ရမလား”

စိတ်ဝိညာဥ်ကျားနှင့် အခြားသူများက ချက်ချင်းပင် ထိတိလန့်သွားကြ၏။

ထိုအဖိုးကြီးက အစ်ကိုမျောက်ရဲ့ အကျော်ဇေယျကို မျက်စိကျနေတာများလား...”

မျောက်က တွေဝေခြင်းမရှိဘဲ အဲ့ဒါကို ကမ်းပေးလိုက်လေသည်။

သူက မာန်မာနကြီးပြီး အရိုင်းဆန်သော်လည်း သူ့မှာ သူ့ကိုယ်ပိုင် စည်းမျဥ်းစည်းကမ်းရှိလေသည်။ အခြားသူများက သူကို လေးစားမှုပြသလာလျှင် သူကလည်း တစ်ဖက်လူအပေါ် လေးစားမှုပြန်ထားမည်ဖြစ်လေသည်။

အရှင်သခင်တစ်ပါးအနေဖြင့် သူ၏ဂုဏ်အဆင့်အတန်းနှင့်တောင် မျောက်ဝံအိုကြီးသည် အဲ့ဒါကို တိုက်ရိုက်အမိန့်ပေးမည့်အစား မျောက်ကို တောင်းဆိုမှုတစ်ခု ပြုခဲ့လေသည်။ ထိုအချက်ကပင် မျောက်က သူ့အပေါ် အမြင်ကောင်းကို ရရှိသွားစေလေသည်။

မျောက်ဝံအိုကြီးက တောင်ဝှေးကို လက်ခံယူပြီး အတန်ကြာ ချိန်ဆကြည့်နေ၏။ ကြားထဲတွင် သူက မျောက်ကို မကြာမကြာလှည့်ကြည့်ပြီး ခေါင်းညိတ်ကာ တီးတိုးရေရွတ်လိုက်၏။

“ကောင်းတယ်... အရမ်းကောင်းတယ်”

လူတိုင်းက တွေဝေရှုပ်ထွေးသွား၏။

မျောက်ဝံအိုကြီးက အကျော်ဇေယျကို ရည်ညွန်းပြောတာလား မျောက်ကိုပြောနေတာလား သူတို့က မသိနိုင်ကြပေ။

ဘာကြောင့်ရယ်မသိသော်လည်း မျောက်သည် မျောက်ဝံအိုကြီး၏ အကြည့်နှင့်ဆုံမိချိန်တွင် ကြက်သီးမွေးညင်းများထလာ၏။

အခြားသူများက အဲ့ဒါကို သတိထားမိချင်မှ ထားမိနိုင်ကောင်းပေလိမ့်မည်။ သို့သော်လည်း မျောက်ဝံအိုကြီးက သူ့ကိုကြည့်သောအကြည့်တွင် တစ်စုံတစ်ရာသော အဓိပ္ပါယ်ကို သွယ်ဝိုက်၍ပြောဆိုနေသည်ဟု မျောက်က ခံစားနေရလေသည်။

“ဒီတောင်ဝှေးက လုံးဝမဆိုးဘူးဘဲ”

မျောက်ဝံအိုကြီးက အကျော်ဇေယျကို မျောက်ထံသို့ ပြန်ပေးလိုက်ပြီး ချစ်ခင်မြတ်နိုးသော အမူအရာဖြငိ့ ပြုံးပြလိုက်၏။

“မင်းတို့တွေက မျိုးနွယ်လည်း တူတယ်ဆိုတော့ မင်းက အနာဂတ်မှာ ကျင့်ကြံမှုနဲ့ ပက်သက်လို့ မေးခွန်းတစ်စုံ တစ်ရာ ရှိလာရင် လင်းအာကို အချိန်မရွေးလာမေးလိုက် ၊ အဲ့ဒါဆို မင်းတို့နှစ်ယောက်က ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်လာနိုင်လိမ့်မယ်”

ထိုစကားကို ကြားသောအခါ ဆူဇီမိုတို့အုပ်စု၏ အမူအရာသည် ချက်ချင်းပင် အိုးတိုးအမ်းတမ်းဖြစ်လာကြလေသည်။

All Chapters