← Chapters

တစ်စုံတစ်ယောက်၏ အစီးအနင်းတောကောင်

Vol. 57 Ch. 847

တစ်စုံတစ်ယောက်၏ အစီးအနင်းတောကောင်

Vol. 57 Ch. 847

“မြန်မြန်ကြည့်စမ်း... အဲ့ဒီမှာ တိုက်ခိုက်ကုန်ကြပြီ ၊ သူတို့က သူတို့ရဲ့ အစစ်အမှန်ပုံစံကိုတောင် ပြောင်းကုန်ကြပြီ... ပွဲကြီးပွဲကောင်းပဲဟေ့”

“အဲ့ဒီမှာ ဘာတွေဖြစ်နေကြတာလဲ”

“ငွေလတောင်ကြား ၊ ဈာန်ပျံဆိတ်တောင်ထွတ်နဲ့ မြွေတစ်ထောင်ကျွန်းက ပိုင်နက်အရှင်တွေက အရင်သွားပြီး ရန်စကြတာပဲ... အဲ့ဒီမှာ မျောက်ဝံမြူးထူးတောင်ရိုးက မြွေနဂါးတစ်ကောင်က သူတို့နဲ့ ရင်ဆိုင်လိုက်တယ် ၊ နှစ်ဖက်စလုံးက အခု တိုက်ခိုက်ကြတော့မယ်”

ကျယ်ပြန့်သော ကုန်းမြေပေါ်ရှိ သားရဲများသည် မျောက်ဝံမြူးထူးတောင်ရိုးဘက်မှ ရုတ်ရုတ်သဲသဲဖြစ်မှုအပေါ် စိတ်ဝင်စားသွားကြ၏။

“အဲ့ဒီမြွေနဂါးရဲ့ နောက်ခံကဘာလဲ.. သူက သုံးယောက်တစ်ယောက်ကိုတောင် ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ”

“ငါလည်း မသိဘူး... ငါသူ့ကို အရင်က မမြင်ဖူးဘူး ၊ ငါခန့်မှန်းမိတာတော့ သူက မျောက်ဝံမြူးထူးတောင်ရိုးက ပိုင်နက်အရှင်အသစ်တွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်”

သားရဲများက ဆွေးနွေးလိုက်ကြလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်ဘက်ခြမ်းတွင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ၏ အရှေ့၌ မီးခိုးရောင်ဆံပင်နှင့်လူက တင်ပျဥ်ခွေထိုင်နေ၏။ သူက ပိန်လှီသော သွင်ပြင်ရှိပြီး မလှမ်းမကမ်းတွင်ရှိသော တိုက်ပွဲနယ်မြေကို အေးစက်စွာ စိုက်ကြည့်နေ၏။

“သခင်လေး... မျောက်ဝံမြူးထူးတောင်ရိုးက အဲ့ဒီမြွေနဂါးက ခင်ဗျားအတွက် ပြိုင်ဘက်များဖြစ်နေမလား”

မီးခိုးရောင်ဆံပင်နှင့်လူက သူ၏နှုတ်ခမ်းကို အထင်သေးစွာဖြင့် ကွေးညွတ်လိုက်၏။

“အဲ့ဒီမြွေနဂါးရဲ့ တာအိုက မနက်ရှိုင်းသေးဘူး ၊ သူက ငါ့ကို မခြိမ်းခြောက်နိုင်ဘူး ၊ သူက နောက်ထပ်နှစ်တစ်ရာလောက် ကျင့်ကြံပြီးရင်တော့ ငါ့ကိုတိုက်ခိုက်ဖို့ အဆင့်မီကောင်းမီနိုင်လိမ့်မယ်”

ငွေလတောင်ကြားဘက်ခြမ်းတွင်...

“ဆရာ... အဲ့ဒီမြွေနဂါးက ကိုင်တွယ်ရတာ ခက်မယ့်ပုံပဲ”

ပိုင်နက်အရှင်များ၏ရှေ့တွင် ငွေရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ယောက်က အေးစက်စက်အမူအရာနှင့် မတ်တတ်ရပ်နေလေသည်။ စောစောက စကားကို ပြောလိုက်သူမှာ သူ၏ဘေးတွင်ရှိသော မိစ္ဆာသားရဲတစ်ယောက်ဖြစ်လေသည်။

“ဘာမှ ပူမနေနဲ့...”

ငွေရောင်ဝတ်ရုံနဲ့ အမျိုးသားက လက်ကာပြလိုက်၏။

“သူတို့က မနိုင်ဘူးဆိုရင် ငါကိုယ်တိုင်ဝင်ပြီးတော့ အဲ့ဒီမြွေနဂါးကို နှိမ်နင်းမယ် ၊ သူကငါ့ကို အညံ့ခံဖို့ ငြင်းဆန်မယ်ဆိုရင် သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်တဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့ပေါ့”

မြွေတစ်ထောင်ကျွန်းဘက်ခြမ်းတွင်...

မိတ်ကပ်အဖွေးသားနှင့် အမျိုးသမီးတစ်ယောက်က သူမ၏နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး လေထဲတွင် ရှိသော မြွေနဂါးကို အေးစက်စွာဖြင့် လှမ်းကြည့်နေ၏။

“မြွေနဂါးရဲ့အသားက ဘယ်လိုအရသာ ရှိမလဲ ငါသိချင်လိုက်တာ”

မိတ်ကပ်အဖွေးသားနှင့် အမျိုးသမီးက တီးတိုးရေရွတ်လိုက်၏။

တိုက်ပွဲနယ်မြေတွင် မုန်တိုင်းတစ်ခုက စတင်လာခဲ့လေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ပိုင်နက်အရှင်သုံးယောက်နှင့် ရင်ဆိုင်ရချိန်တွင် ယုံကြည်မှုလွန်ကဲရဲခြင်း မရှိပေ။ သူက သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီဖြစ်ပြီး သူ၏ ရှည်လျားသန်မာသော ခန္ဓာကိုယ်က လေထဲမှာ လှည့်ပတ်နေ၏။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြေးခွံများက သိပ်သည်းစွာစီထပ်နေပြီး နဂို မီးခိုးရောင်ကနေ ဖြူတူတူအရောင်သန်းလာကာ အရောင်အဝါတစ်ခုကလည်း ဖြာထွက်နေ၏။

သူ၏ဝမ်းဗိုက်အောက်တွင် ထက်ရှသော လက်သည်းတစ်စုံရှိလေသည်။

အထင်ရှားဆုံးအရာမှာ တစ်ကိုယ်တော်တိမ်စိုင်၏ နဖူးတည့်တည့်ရှိ သေးငယ်သော အဖုတစ်ခုဖြစ်လေသည်။

လွန်ခဲ့သည့်နှစ်တစ်ရာက ထိုအဖုသည် သိသာထင်ရှားခြင်းမရှိပေ။

သို့သော်လည်း ယခုအခါမှာတော့ ထိုအဖုက အလွယ်တကူ သိသာမြင်သာလာလေသည်။

ထိုအဖုက ကြီးထွားလာသောအခါ သူ၏အရေပြားကို ထိုးခွဲ၍ အစစ်အမှန်ဦးချိုတစ်ခုက ထွက်ပေါ်လာပေလိမ့်မည်။

အဲ့ဒီအခါ သူက အစစ်အမှန်နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲတော့မည်ဟု အဓိပ္ပါယ်ရလေသည်။

“ဂါး....”

မြွေနဂါးသည် ဟိန်းဟောက်လိုက်ပြီး အေးစက်စက်စွမ်းပကားတစ်ခုနှင့်အတူ သူ၏သွေးချီများကို ရုန်းကြွစေလိုက်၏။

မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်၏ တစ်မူထူးခြားသော မျိုးဆက်သွေးသည် ဈာန်ပျံဆိတ်တောင်ထွတ် ၊ မြွေတစ်ထောင်ကျွန်းနှင့် ငွေလတောင်ကြားမှ မိစ္ဆာသားရဲများအပေါ် ဖိနှိမ်နိုင်သည်မှာ သိသာလေသည်။

“သတ်!”

မိစ္ဆာသားရဲသုံးယောက်က ဟိန်းဟောက်လိုက်ကြ၏။

ငွေလတောင်ကြားမှ မိစ္ဆာသားရဲသည် သွေရောင်အလင်းတန်းတစ်ခုကို ထုတ်ယူပြီး အဲ့ဒါက ​လေထဲတွင် ဖြတ်ကနဲလက်၍ ချက်ချင်းပျောက်ကွယ်သွားလေသည်။ အဲ့ဒါက တစ်ကိုယ်တော်တိမ်စိုင်၏ လည်ပင်းဆီသို့ ကြောက်စရာအမြန်နှုန်းဖြင့် ပျံသန်းသွားခြင်းဖြစ်လေသည်။

ထိုဓမ္မလက်နက်သည် ရှေးဟောင်းမဟာသားရဲတစ်ကောင်၏ ကြေးခွံကနေ ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပြီး မနှိုင်းယှဥ်သာအောင် ထက်ရှလေသည်။ အဲ့ဒါက သတ္တုများနှင့် ကျောက်စိမ်းများကိုပင် လှီးဖြတ်နိုင်လေသည်။

ဝှစ် ဝှစ် ဝှစ်...

မြွေတစ်ထောင်ကျွန်း၏ မိစ္ဆာသားရဲသည် သူမ၏ ပါးစပ်ကို ဖွင့်ဟပြီး ပျစ်ချွဲချွဲအစိမ်းရောင်အဆိပ်များ သုတ်လူးထားသည့် အပ်များကို တစ်ကိုယ်တော်တိမ်စိုင် ရှိရာဘက်ကို တရစပ်ထွေးထုတ်လိုက်လေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ၏ မူပိုင်ဓမ္မလက်နက်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သော်လည်း သူ၏ သိုလှောင်အိတ်ထဲတွင် အခြားသောဓမ္မလက်နက်များ ရှိသေးလေသည်။

ရွှစ်...

ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲသည် အေးစက်စက်အော်ရာတစ်ခုနှင့် ဖြာထွက်နေသော ဆေဘာတစ်လက်ကို ဆွဲထုတ်လိုက်၏။ သူက လေထဲမှာ ပျံသန်း၍ တစ်ကိုယ်တော်တိမ်စိုင် ရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်လေသည်။

မိစ္ဆာသားရဲသုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။

“ပိုင်းဖြတ်စမ်း!”

တစ်ကိုယ်တော်တိမ်စိုင်သည် တုန်လှုပ်သွားခြငိးမရှိပဲ သူ၏ မြွေနဂါးအရိုးကပ်ကြေးကို ထိန်းချုပ်ကာ ရှေ့သို့ ရက်စက်စွာဖြင့် ပိုင်းဖြတ်ချလိုက်၏။

ခွမ်း...

ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ ဆေဘာသည် နောက်တစ်ဖန်ကျိုးပဲ့သွားပြန်လေသည်။

ဘန်း...ဘုန်း.. ဘုန်း...

တစ်ကိုယ်တော်တိမ်စိုင်၏ နဖူးကတောက်ပသွားပြီး သူက ကြောက်စရာကောင်းသော ဓမ္မပညာရပ်တစ်ခုဖြစ်သည့် ကမ္ဘာဖျက်ရေစီးကြောင်းများကို ထုတ်ဖော်လိုက်၏။ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများသည် သူ၏အောက်ဖက်တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော အော်ရာနှင့်အတူ ရှေ့သို့ထိုးထွက်သွား၏။

မိစ္ဆာသားရဲသုံးယောက်က မှင်တက်သွားကြလေသည်။

ရေစီးကြောင်းများသည် အမှန်တစ်ကယ်ပင် ကမ္ဘာဖျက်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားကြလေသည်။

မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲ၏ အဆိပ်အပ်များသည် သေစေနိုင်သော်လည်း သူတို့က ရေစီးကြောင်းများနှင့် ထိတွေမိချိန်တွင် အားနည်းသွားပြီး ချက်ချင်းပြန့်ကျဲသွားလေသည်။

ငွေလတောင်ကြားမှ မိစ္ဆာသားရဲ၏ စက်ဝိုင်းပြားကသာလျှင် ရေလှိုင်းများကို ထိုးဖောက်ပြီး တစ်ကိုယ်တော်တိမ်စိုင်၏ ခန္ဓာကိုယ်ကို လှီးဖြတ်လိုက်၏။

တစ်ကိုယ်တော်တိမ်စိုင်သည် အတတ်နိုင်ဆုံးကြိုးစား၍ ရှောင်တိမ်းလိုက်သော်လည်း သူက အနည်းငယ်နောက်ကျသွားလေ၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာတစ်ခုက ထွက်ပေါ်လာလေသည်။

ကံကောင်းထောက်မစွာနှင့် သူ၏ခန္ဓာကိုယ်က သန်မာပြီး သူ၏သွေးချီက ကြမ်းတမ်းကာ သူကြေးခွံများ၏ ခံစစ်စွမ်းအားကလည်း ကြောက်စရာကောင်းလေ၏။

မဟုတ်ပါက တစ်ကိုယ်တော်တိမ်စိုင်သည် ထိုတိုက်ခိုက်မှုတွင် သူ၏ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ထွက်သွားနိုင်၏။

“မင်းတို့ကတော့ သေချင်နေပြီပဲ”

တစ်ကိုယ်တော်တိမ်စိုင်သည် ဒဏ်ရာရရှိသွားသော်လည်း မိစ္ဆာသားရဲသုံးယောက်သည် သူ၏ရေစီးကြောင်းများထဲမှာ ပိတ်မိနေဆဲဖြစ်၏။ သူတို့သည် ရေစီးကြောင်းများကို အသည်းအသန်ခုခံနေပြီး ချက်ချင်းရုန်းမထွက်နိုင်သေးပေ။

တစ်ကိုယ်တော်တိမ်စိုင်သည် ရေစီးကြောင်းများဆီသို့ တိုးဝင်သွားပြီး ချက်ချင်းပျောက်ကွယ်သွားလေသည်။

မြွေနဂါးများသည် ရေကို အထူးနိုင်နင်းပြီး တိမ်လွှာများအကြား ဖြတ်ကျော်ကာ မိုရေမိုးစက်များကို ဖန်တီးနိုင်လေသည်။

သူက ရေစီးကြောင်းများထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ လှုပ်ရှားမှုများက ပို၍ပင် မြန်ဆန်လာပြိး တစ်ခဏအတွင်းမှာပင် သူက ငွေလတောင်ကြားမှ မိစ္ဆာသားရဲဆီသို့ ထိုးဝင်သွားပြီး သူ၏အမြီးဖြင့် ရက်ရက်စက်စက် လွှဲရိုက်ချလိုက်၏။

ဖောင်း!

ငွေလတောငိကြားမှ မိစ္ဆာသားရဲသည် ချက်ချင်းလွင့်စင်ထွက်သွားပြီး သူ၏ရင်အုပ်က ချိုင့်ဝင်သွား၏။ သူ၏ဝတ်ရုံသည် အသားစများ သွေးစများနှင့်အတူ ရှုပ်ထွေးနောက်ကျိ၍ စုတ်ပြဲသွားပြီး အလွန်တရာဆိုးဆိုးဝါးဝါးပုံပေါက်သွားလေသည်။

ရေစီးကြောင်းများထဲတွင် မူမမှန်သော လှုပ်ရှားမှုတစ်ခု ရှိနေသည်မှာ သိသာလေသည်။

တစ်ကိုယ်တော်တိမ်စိုင်က အဲ့ဒါကို အာရုံခံမိသည်မှာ ကြာခဲ့လေပြီ။

မလှမ်းမကမ်း​တွင် ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် ရေစီး ကြောင်းများကို ဆန်တက်၍ တစ်ကိုယ်တော်တိမ်စိုင် ရှိရာသို့ ထက်ရှသော ဦးချိုများဖြင့် ပစ်ဆောင့်ချလိုက်၏။

“ဗြီး....”

တစ်ကိုယ်တော်တိမ်စိုင်သည် လေထဲသို့ ​ပျံတက်သွား၏ သူ၏ ဝမ်းဗိုက်အောက်မှ လက်သည်းများကို ဆန့်ထုတ်လိုက်၏။ သူတို့က အေးစက်စက်အလင်းတစ်ခုဖြင့် တောက်ပနေပြီး ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ ကျောရိုးကို ဖမ်းဆုပ်လိုက်၏။

သွေများက ချက်ချင်းပန်းထွက်လာလေသည်။

တစ်ကိုယ်တော်တိမ်စိုင်သည် ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ ကျောရိုးကို ဖမ်းဆုပ်ပြီး ရေစီးကြောင်းများထဲကနေ တရွတ်တိုက်ဆွဲကာ မြေပြင်ပေါ်သို့ သာမန်ကာလျှံကာ ပုံစံဖြင့် ပစ်ပေါက်ချလိုက်၏။

သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ဆောင့်ကျသွားပြီး သူ၏ဒဏ်ရာများက အတော်​လေးဆိုးဝါးကာ အဲ့ဒါကို အပြည့်အဝပြန်လည်ကုသဖို့ဆိုလျှင် သူက အနည်းဆုံး ၇ နှစ် ၈ နှစ် အချိန်ယူရပေလိမ့်မည်။

တစ်ကိုယ်တော်တိမ်စိုင်သည် သူ၏ ဦးခေါင်းကိုလှည့်ပြီး သူ့ကို ကိုက်ဖြတ်ဖို့ကြိုးစားလိုက်သော မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲကို ရှောင်ရှားလိုက်၏။

သူက ပြန်လည်လှည့်ပတ်၍ မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲ၏ ခါးကို ကိုက်ချလိုက်၏။

ဗြီး....

တစ်ကိုယ်တော်တိမ်စိုင်သည် မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကို ကိုက်ဖြတ်၍ ဝါးလိုက်လေသည်။

“အားအား...အား..”

မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲသည် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ညှီစို့စို့အနံ့တစ်ခုနှင့်အတူ လတ်ဆတ်သော သွေးများက ပန်းထွက်လာလေသည်။

​မြွေတစ်ထောင်ကျွန်းမှ မိစ္ဆာသားရဲသည် နာကြည်းမုန်းတီးစွာဖြင့် အော်ပြောလိုက်၏။

“ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက အဆိပ်တွေပဲ ၊ နင်က ငါ့ကိုဒဏ်ရာရအောင် လုပ်ပြီးရင် နင်လည်းသိပ်ကြာကြာအသက်ရှင်မှာမဟုတ်ဘူး”

“ဟွန်း...”

တစ်ကိုယ်တိမ်စိုင်၏ မျက်လုံးက လှောင်ပြောင်သရော်လိုမှုဖြင့် လက်သွား၏။

“မင်းရဲ့အဆိပ်သွေးက ငါ့ရဲ့မျိုးဆက်သွေးကို မစွန်းထင်းနိုင်ဘူး... ငါက ရက်အနည်းငယ်ကျင့်ကြံပြီးရင် အဲ့ဒီအဆိပ်တွေကို ဖယ်ထုတ်ပစ်နိုင်တယ်”

သူက မြွေနဂါးတစ်ကောင်ဖြစ်သော်လည်း သူ၏ ခန္ဓာ ကိုယ်ထဲတွင် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးတစ်စွန်းတစ်စက ရှိနေ၏။

နဂါးမျိုးနွယ်မှ မျိုးဆက်သွေးတစ်စွန်းတစ်စသည် သူ၏ အသက်ကို ကာကွယ်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်များကို ဖယ်ထုတ်နိုင်ဖို့လုံလောက်လေသည်။

ဆူဇီမိုအတွက်​တော့ ထိုအဆင့်တွင်ရှိသော အဆိပ်သွေးသည် သူ့ကိုလုံးဝထိခိုက်စေလိမ့်မည် မဟုတ်ပေ။

တစ်ခဏအတွင်းမှာပင် မိစ္ဆာသားရဲသုံးယောက်က ရှုံးနိမ့်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားကြ၏။

လက်ရှိသားရဲများအားလုံးသည် တုန်လှုပ်သွားကြလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်မှ မီးခိုးရောင်ဆံပင်နှင့်လူငယ်သည် သုန်မှုန်နေသော အမူအရာနှင့် မတ်တတ်ထရပ်ပြီး လျှောက်လှမ်းလာလေသည်။

ငွေလတောင်ကြားမှ ငွေရောင်ဝတ်ရုံနဲ့ အမျိုးသားကလည်း အေးစက်စက်အမူအရာတစ်ခုနဲ့အတူ လှုပ်ရှားလာလေသည်။

မြွေတစ်ထောငိကျွန်းမှ မိတ်ကပ်အဖွေးသားနှင့် အမျိုးသမီးသည်လည်း လျှောက်လှမ်း၍ ထွက်လာလေသည်။

“ကြည့်စမ်း... ဈာန်ပျံဆိတ်တောင်ထွတ်က သခင်လေးတောင်မှ မနေနိုင်တော့ဘူး”

“အဲ့ဒါက ငွေလတောင်ကြားက နံပါတ်တစ် ပိုင်နက်အရှင်ပဲ”

“မြွေတစ်ထောင်ကျွန်းက ပြိုင်ဘက်ကင်းအလှပဂေးတောင် ထွက်ပေါ်လာပြီ”

သားရဲများအားလုံးသည် စိတ်လှုပ်ရှားနေကြပြီး အသည်းအသန် ဆွေးနွေးလိုက်ကြ၏။

နှစ်တစ်ထောင်သွေးပင်လယ်ဘေးတွင် ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အမူအရာသည် ပျက်ယွင်းသွားပြိး သူက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“မျောက်ဝံကြီး ခင်ဗျားရဲ့ မျောက်ဝံမြူးထူးတောင်ရိုးမှာ မြွေနဂါးတစ်ကောင်တောင် ပေါ်လာခဲ့ပြီဆိုတော့ စိတ်ဝင်စားစရာပဲ”

“ငါထင်တာ မမှားဘူးဆိုရင်... အဲ့ဒီမြွေနဂါးက မျောက်ဝံမြူးထူးတောင်ရိုးရဲ့ မဟာပိုင်နက်အရှင်ဆယ်ယောက်နေရာမှာ အစားထိုးထားတဲ့ထဲက တစ်ယောက်ဖြစ်လိမ့်မယ်... ဟုတ်တယ်မလား သူ့ရဲ့အဆင့်က ဘယ်လောက်လဲ”

ငွေလတောင်ကြားမှ အရှင်သခင်က တည်ငြိမ်စွာဖြင့် မေးလိုက်လေသည်။

“သူက ပိုင်နက်အရှင်တစ်ယောက်မဟုတ်ဘူး”

မျောက်ဝံအိုကြီး၏ မျက်နာပေါ်တွင် ထူးဆန်းသည့်အကြည့်တစ်ခုကပေါ်လာပြီး သူက ခေါင်းခါလိုက်လေသည်။

“ပိုင်နက်အရှင်တစ်ယောက် မဟုတ်ဘူးလား”

မြွေတစ်ထောင်ကျွန်းမှ အရှင်သခင်က ရယ်မောလိုက်လေသည်။

“အစ်ကိုယွမ်... ရှင်ကတော်တော်နောက်တတ်တာပဲ ၊ အဲ့ဒီမြွေနဂါးက ပိုင်နက်အရှင်တစ်ယောက် မဟုတ်ဘူးဆိုရင် သူက ဘာလဲ...”

“သူက တစ်စုံတစ်ယောက်ရဲ့ အစီးအနင်းတောကောင်ပဲ”

မျောက်ဝံအိုကြီးက ခံစားချင်ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏။

“ဟမ့်...”

လက်ရှိ အရှင်သခင်များ၏ အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားကြလေသည်။

All Chapters