လွှမ်းမိုးခြယ်လှယ်စွာ ဖိနှိမ်ခြင်း
Vol. 57 Ch. 849
သွေးပင်လယ်၏ဘေးတွင်..
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သုန်မှုန်သော အမူအရာတစ်ခု ရှိနေ၏။
ဆူဇီမိုက သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အလား.. သူက ခံစားလိုက်ရလေသည်။
ငွေလတောင်ကြားနှင့် မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်များကလည်း မျက်မှောင်ကြုတ်လိုက်ကြ၏။
“အာ”
သူတို့သုံးယောက်သာလျှင် မကပေ။ အခြားသော အရှင်သခင်များ၏ မျက်လုံးများထဲတွင်လည်း အံ့အားသင့်မှု အရိပ်အယောင်များက ပေါ်ထွက်လာကြ၏။
သူတို့က စကားပြောဆိုနေကြသော်လည်း.. တစ်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများကို ထောက်လှမ်းသိရှိနိုင်ကြလေသည်။
အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ထွက်ပေါ်လာပြီး မြွေနဂါးသည် သူ၏ အစီးအနင်းတောကောင်ဖြစ်သည်ဟု မောက်မာစွာ ထုတ်ဖော်ကြေညာသောအခါ.. လက်ရှိအရှင်သခင်များပင်လျှင် ရယ်ပြုံးမိကြလေသည်။
သို့သော်.. ယခုအခါမှာတော့ ကိစ္စများက အနည်းငယ် ထူးခြားလာခဲ့လေသည်။
‘အဲဒီသားရဲက သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို နည်းစနစ်တစ်ခုခု သုံးပြီး ဖုံးကွယ်ထားတာများလား’
တစ်ချိန်တည်းနီးပါးမှာပင်.. အရှင်သခင် ၆ယောက်၏ စိတ်ဝိညာဉ်အသိစိတ်များက ဆူဇီမိုအပေါ်သို့ စုပြုံကျရောက်သွား၏။
သိပ်မကြာမီ.. သူတို့ ၆ယောက်စလုံးသည် ဆူဇီမိုက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက် ဖြစ်သည်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
သို့သော်လည်း.. မည်သူကမှ သူ၏ အစစ်အမှန်ပုံစံကို မမြင်နိုင်ကြပေ။
ငွေလတောင်ကြားနှင့် မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်များသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး ယာယီအားဖြင့် စိတ်သက်သာရာရသွားကြ၏။
သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်သာ ဖြစ်မည်ဆိုလျှင်.. သူက ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိပေ။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက လျင်မြန်စွာ ရှုံးနိမ့်သွားရသည်မှာ သူက သူ့ပြိုင်ဘက်ကို အထင်သေးမိသောကြောင့် ဖြစ်ရပေမည်။
မျောက်ဝံအိုကြီးက စိတ်ထဲကနေ အေးစက်စွာ လှောင်ရယ်လိုက်သော်လည်း အပေါ်ယံမှာတော့ စိတ်ခံစားချက် ကင်းမဲ့ပြနေ၏။
ဤမိစ္ဆာသားရဲများသည် မျောက်ဝံမြူးထူးတောင်ရိုးကို အနိုင်ကျင့်စော်ကားဖို့အတွက် တမှင်တက်သက် ရန်စလာခြင်း ဖြစ်လေသည်။
မျောက်ဝံမြူးထူးတောင်ရိုးအဖွဲ့၏ ရှေ့တွင်…
ငွေရောင်ဝတ်လူသည် ရင်တစ်ချက်ထိတ်သွားပြီး ခေါင်းညိတ်ကာ အတည်အတံ့ပြောလိုက်၏။
“စိတ်ဝင်စားစရာပဲ.. မင်းက တကယ်ပဲ စွမ်းလှပါပေတယ်”
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သူ၏ပြိုင်ဘက်ကို အထင်သေးမိသည့်အပြင် သူက လျင်လျင်မြန်မြန် ရှုံးနိမ့်သွားရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ.. သူသည် ဤအဆင့်နိမ့်မိစ္ဆာသားရဲ၏ ဟိန်းဟောက်သံတွင် ယာယီအားဖြင့် မှင်တက်သွားသောကြောင့် ဖြစ်ရပေမည်။
“အသံလျှို့ဝှက်အတတ်လား.. အဲ့လောက်တော့ ငါလည်းရတာပေါ့”
ငွေရောင်ဝတ်လူက ရှေ့သို့လျှောက်လှမ်းပြီး လေထဲသို့ အသံကိုဆွဲ၍ ဟိန်းဟောက်လိုက်၏။
“ဝူး..”
ဝံပုလွေဟိန်းဟောက်သံက ထွက်ပေါ်လာလေသည်။
မျောက်ဝံမြူးထူးတောင်ရိုး၏ သားရဲများသည် မှင်တက်သွားကြ၏။ ထိုအသံက သိပ်မကျယ်သော်လည်း အဲဒါက အရမ်းကို မကောင်းဆိုးရွားဆန်နေပြီး သူတို့၏သွေးများက မသက်မသာပုံစံဖြင့် ဗြောင်းဆန်လာလေသည်။
“အား”
မိစ္ဆာသားရဲ အချို့သည် အဲဒါကို ခံနိုင်ရည်မရှိတော့ဘဲ ညည်းတွားလိုက်ကြရ၏။ သူတို့သည် သူတို့၏နားရွက်နှစ်ဖက်ကို အုပ်ကိုင်ပြီး ကိုယ်ကိုကိုင်းညွတ်ကာ ခါးသီးစွာဖြင့် ရုန်းကန်လိုက်ကြရ၏။
“တစ္ဆေညည်းသံနဲ့ ဝံပုလွေအူသံက သိပ်မကွာဘူးဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. အဲဒါက နားထောင်ရ တော်တော်ဆိုးတာပဲ”
ဆူဇီမိုက စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် ရှေ့သို့ တက်လှမ်းလိုက်လေသည်။ သူက သူ၏လက်ကို ဆန့်ထုတ်ပြီး ငွေရောင်ဝတ်လူ၏ ဦးခေါင်းပေါ်သို့ ဖိချကာ အော်လိုက်လေသည်။
“တိတ်တိတ်နေစမ်း”
သားရဲအုပ်စုသည် ဝေးဝေးသို့ ဆုတ်ခွာသွားရပြီး သူတို့က ထိုအသံကို ခံနိုင်ရည်မရှိကြပေ။
သို့သော်လည်း.. ဆူဇီမိုသည် ငွေရောင်ဝတ်လူနှင့် အနီးဆုံးမှာရှိပြီး ရှေ့တည့်တည့်တွင် ရပ်နေလေသည်။ အဲဒါက သူ့အပေါ် လုံးဝသက်ရောက်ခြင်း မရှိသည့်အလား.. သူက ခုခံတိုက်ခိုက်ဖို့ ခွန်အားပင်လျှင် ရှိနေသေးလေသည်။
“အဲဒီ အဆင့်နိမ့်မိစ္ဆာသားရဲက ဘာလဲဟ.. သူက ဘယ်လိုတောင် အကောင်းပကတိ ရှိနေသေးတာလဲ”
“သူက နားထိုင်းနေတာများလား”
ဘေးကနေ စောင့်ကြည့်နေသော မိစ္ဆာသားရဲများက တွေဝေရှုပ်ထွေးသွားကြ၏။
ဆူဇီမို၏ သွေးချီ၏ အားမာန်ပြည့်ဖြိုးသန်မာမှုသည် ကမ္ဘာဦးမျိုးနွယ် ၉စုပင်လျှင် မယှဉ်နိုင်သည်ကို သူတို့က မသိနိုင်ကြပေ။
ဤအဆင့်မှာ ရှိသော အသံလျှို့ဝှက်အတတ်တစ်ခုက သူ့အပေါ် လုံးဝမခြိမ်းခြောက်နိုင်ပေ။
ရွှစ်
ဆူဇီမိုက သူ၏လက်တစ်ဖက်နှင့်အတူ အုပ်မိုး၍ အရာရာတိုင်းကို ဖိနှိမ်လိုက်၏။
သန်မာသော လေခွင်းသံက ထွက်ပေါ်လာလေသည်။
“မင်း..”
မွန်းကျပ်ဖွယ်ရာ လေစီးကြောင်းတစ်ခုက ငွေရောင်ဝတ်လူ၏ ပါးစပ်ထဲသို့ တိုးဝင်လာပြီး သူ၏ဟိန်းဟောက်သံက ပြတ်တောက်သွားကာ အသံတစ်ချက်သာလျှင် ထွက်လိုက်နိုင်လေသည်။
ငွေရောင်ဝတ်လူ၏ သွေးချီသည် ရုန်းကြွလာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံစက ပေါက်ကွဲထွက်သွားကာ သူ့လက်ပေါ်ရှိ အသားများက ပြန့်ကားလာ၏။ အဲဒီမှာ ကျစ်လျစ်ခိုင်မာသော လက်နှစ်ဖက်က ထွက်ပေါ်လာလေသည်။
“ဟား”
သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ဟိန်းဟောက်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို အပေါ်သို့ ပင့်မြှောက်လိုက်၏။
ဘုန်း
အဲဒီမှာ ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာလေသည်။
အသားချင်း ရိုက်ခတ်၍ အရိုးများ ကြိတ်ချေသံက ထွက်ပေါ်လာလေသည်။
ငွေရောင်ဝတ်လူသည် သူ၏လက်နှစ်ဖက်ကို ကြက်ခြေခတ်၍ မြှောက်ပြီး ဆူဇီမို၏လက်ဝါးကို အသည်းအသန်ခုခံလိုက်ရ၏။
သူတို့နှစ်ယောက်ကြားတွင် မျှချေတစ်ခုဖြင့် လွန်ဆွဲသွားသည်ဟု ထင်ရလေသည်။
သို့သော်လည်း.. ငွေရောင်ဝတ်လူ၏ မျက်နှာက နီမြန်းလာပြီး သူ၏သွေးချီကို အကန့်အသတ်အထိ လှည့်ပတ်ထားရ၏။
အစိမ်းရောင်သွေးကြောများက သူ၏လက်နှစ်ဖက်ပေါ်မှာ ဖောင်းကြွလာပြီး သူ၏ကြွက်သားများပေါ်တွင် မြွေများက ရစ်ပတ်နေသည်နှင့် တူနေလေသည်။ အဲဒါက ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
သို့သော်လည်း.. ဆူဇီမိုက ပုံမှန်အမူအရာနှင့်ပင် သိသိသာသာ တည်ငြိမ်နေ၏။ သူ၏ အသက်ရှူသံကပင် အတော်လေး တည်ငြိမ်နေလေသည်။
ငွေရောင်ဝတ်လူက စိတ်ကို လျှော့မချရဲပေ။
သူက စိတ်ကို လျှော့ချလိုက်မည်ဆိုလျှင် ဆူဇီမို၏ လက်ဝါးက အောက်သို့ ဖိချေကျဆင်းလာပြီး သူ၏ဦးခေါင်းက ချက်ချင်း စုတ်ပြဲသွားပေလိမ့်မည်။
ငွေရောင်ဝတ်လူ၏ တုတ်ခိုင်သန်မာသော လက်နှစ်ဖက်နှင့် ယှဉ်လျှင် ဆူဇီမို၏လက်က အလွန်တရာ သေးသွယ်နေ၏။ သူ၏လက်ဖဝါးက ဖြူဖွေး၍ သူ၏လက်ချောင်းများက ရှည်လျားကာ ကျောက်စိမ်းရောင်ဖြင့် တဖျတ်ဖျတ်လက်နေ၏။
သို့သော်လည်း.. ထိုဖြူဖွေး၍ သေးသွယ်သော လက်ဖဝါးသည် ငွေရောင်ဝတ်လူကို လုံးဝဖိနှိမ်ထားနိုင်ပြီး ထိုသူက မည်သို့မှ ရုန်းမထွက်နိုင်တော့ပေ။
အဲဒါက တစ်ဖက်သတ် ဖိနှိမ်ခြင်း ဖြစ်လေသည်။
“အဲဒီအဆင့်နိမ့်မိစ္ဆာသားရဲရဲ့ အစစ်အမှန်ပုံစံက ဘာပါလိမ့်”
“ဘယ်လောက်တောင် သန်မာလိုက်တဲ့ ကိုယ်ကာယလဲ.. ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ သွေးချီလဲ”
“ဟမ့်.. မြွေတစ်ထောင်ကျွန်းက အမျိုးသမီးကသာ တိုက်ခိုက်လာမယ်ဆိုရင် အဲဒီအဆင့်နိမ့်မိစ္ဆာသားရဲက သေချာပေါက် သေရမှာပဲ”
လက်ရှိသားရဲများက အံ့အားသင့်နေကြစဉ်မှာပင် နောက်ထပ်တုန်လှုပ်စရာ မြင်ကွင်းတစ်ခုက ထွက်ပေါ်လာ၏။
ဆူဇီမိုက ငွေရောင်ဝတ်လူကို လက်တစ်ဖက်နှင့် ဖိနှိမ်ထားရင်း တစ်ချိန်တည်းမှာပင် ရှေ့သို့လျှောက်လှမ်းပြီး သူ၏ ကျန်ရှိနေသော အခြားလက်တစ်ဖက်ကို မြွေတစ်ထောင်ကျွန်းမှ အမျိုးသမီးထံသို့ ထိုးသွင်းလိုက်လေသည်။
“နင်လည်း လာခဲ့”
သူက ဟိန်းဟောက်လိုက်ပြီး သူ၏လက်ဖဝါးမှ သွေးချီများက ရုန်းကြွလာကာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အရာရာတိုင်းကို လွှမ်းခြုံသွားလေသည်။
သားရဲများ အားလုံးက တွေဝေရှုပ်ထွေးသွားကြလေသည်။
ဆူဇီမိုသည် ငွေရောင်ဝတ်လူကို လက်တစ်ဖက်ဖြင့် ဖိနှိမ်ထားရင်းနှင့်ပင် ထိုကဲ့သို့ လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် မိတ်ကပ်နှင့် အမျိုးသမီးကို အရင်ဦးစွာ စတင်တိုက်ခိုက်ဖို့ ခွန်အားကျန်ရှိနေဦးမည်ဟု မည်သူကမှ ထင်မထားကြပေ။
မိတ်ကပ်နှင့် အမျိုးသမီးကလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။
သူမသည် အစကတော့.. လှုပ်ရှားဖို့အတွက် ပြင်းပြနေသော်လည်း တစ်နည်းတစ်ဖုံအားဖြင့် တွန့်ဆုတ်နေလေသည်။
လက်ရှိအခြေအနေအရတော့.. သူမက ဆက်လက်၍ ရွေးချယ်စရာ မရှိတော့ပေ။
သူမက တိုက်ခိုက်ရပေတော့မည်။
“ဟမ့်”
မိတ်ကပ်နှင့် အမျိုးသမီးက အေးစက်စွာ သရော်လိုက်ပြီး သူမ၏ သေးသွယ်သောလက်ကို ဆန့်ထုတ်ကာ ဆူဇီမို၏လက်ဝါးကို တန်ပြန်ထိုးနှက်လိုက်လေသည်။
မြွေတစ်ထောင်ကျွန်းသည် အဆိပ်ကို အသုံးပြုရာမှာ အထူးပြုပြီး သူမ၏သွေးချီနှင့် ကိုယ်ကာယက ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေး သို့မဟုတ် ငွေရောင်ဝတ်လူနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
မိတ်ကပ်နှင့် အမျိုးသမီးသည် သူ၏ အားမသန်သော ပုံစံဖြင့် ဘာကြောင့်တိုက်ခိုက်ရသည်ကို လက်ရှိသားရဲများက နားမလည်နိုင်ကြပေ။
သို့သော်လည်း သူမ၏လက်သီးက ဆူဇီမို၏လက်ဖဝါးနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် တစ်စုံတစ်ရာက ပြောင်းလဲသွားခဲ့၏။
ကွေးညွတ်ထားသော ထက်ရှသည့် အရာနှစ်ခုသည် မိတ်ကပ်နှင့် အမျိုးသမီး၏ လက်ချောင်းများကြားမှ ပြူထွက်လာ၏။ သူတို့က အဆိပ်သွားများနှင့်တူပြီး မကောင်းဆိုးရွားဆန်ဆန် စိမ်းဖန့်ဖန့်အရောင်ဖြင့် တောက်ပနေလေသည်။
“နင်က အဲ့လောက်ထိ ယုံကြည်မှုရှိနေမှတော့ ငါက နင့်ကို သင်ခန်းစာကောင်းကောင်း ပေးရတာပေါ့”
မိတ်ကပ်နှင့် အမျိုးသမီး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းက တဖျတ်ဖျတ်ဖြစ်သွားပြီး သူမက အငြိုးကြီးသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
သူမ၏လက်ချောင်းများကြားက အဆိပ်သွားနှစ်ချောင်းသည် သူမ၏ မူပိုင်ဓမ္မလက်နက်များ ဖြစ်လေသည်။ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်ပင်လျှင် ထိုအဆိပ်သွား၏ ထိုးစိုက်ခြင်းခံရပါက သူတို့က ပျက်သုဉ်းရပေလိမ့်မည်။
သူမသည် သူမ၏အဆိပ်ကို အသုံးပြု၍ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ယုံကြည်လေသည်။
တစ်ချိန်တည်းမှာပင်.. ငွေရောင်ဝတ်လူက ထိုသည်ကို မြင်သောအခါ အခွင့်အရေးကို ဖမ်းဆုပ်၍ သူကလည်း ခုခံတိုက်ခိုက်လိုက်လေသည်။
“အား”
ငွေရောင်ဝတ်လူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မျက်နှာက ခရမ်းရောင်သမ်းလာ၏။ သူက သူ၏ သွေးချီစွမ်းအားကို တစွန်းတစမကျန် သူ၏လက်နှစ်ဖက်ဆီသို့ လှည့်ပတ်၍ အပေါ်သို့ ပင့်တင်လိုက်ခြင်း ဖြစ်လေသည်။
မသိလိုက်မသိဘာသာနှင့်ပင်.. ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးကလည်း လူးလဲ၍ ကျုံးထလာ၏။
သူ၏မျက်နှာက ယောင်ကိုင်းနေသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကျန်ရှိနေဆဲဖြစ်လေသည်။ သူက အခြေအနေအားသာချက်ကို ချိန်ဆ၍ ခါးသီးသော အေးစက်စက် အကြည့်တစ်ခုနှင့်အတူ ရှေ့သို့ ပြေးဝင်လာလေသည်။
လက်ရှိသားရဲများအတွက်တော့.. မိစ္ဆာသားရဲ သုံးယောက်ထံမှ စွမ်းအားကြီးသော တန်ပြန်တိုက်ခိုက်မှုများမှာ ဆူဇီမိုက အကြီးအကျယ် အန္တရာယ်ရှိလာခဲ့လေသည်။
ဒီရေက ပြောင်းလဲတော့မည့်ပုံပင်။
တိုက်ပွဲနယ်မြေတွင်.. ငွေရောင်ဝတ်လူ၏ တန်ပြန်တိုက်ခိုက်မှုကို အာရုံခံမိသောအခါ ဆူဇီမို၏အကြည့်က တောက်ပလာ၏။ သူက သူ့လက်ဖဝါးတွင် ခွန်အားကို စိုက်ထုတ်ပြီး အေးစက်စွာဖြင့် သရော်လိုက်၏။
“ဒူးထောက်စမ်း”
ချက်ချင်းပင် ငွေရောင်ဝတ်လူ၏ တန်ပြန်တိုက်ခိုက်မှုက ပျက်ပြယ်သွားပြီး ဒုတ်ခနဲ မြည်သံနှင့်အတူ ဆူဇီမို လက်ဖဝါး၏ ဖိနှိမ်မှုအောက်တွင် သူက ဒူးထောက်ကျသွားရ၏။
လက်ရှိသားရဲများက ထိတ်လန့်တကြား ဖြစ်သွားကြလေသည်။
ဤသားရဲက တိုက်ခိုက်ဖို့အတွက် ခွန်အားကျန်ရှိနေသေးလေသည်။
ဆူဇီမိုသည် အခြားတစ်ဘက်မှ အန္တရာယ်ကို အတန်ကြာကတည်းက အာရုံခံမိခဲ့သည်ဟု ထင်ရလေသည်။
ချွင်.. ချွင်..
သူ၏လက်မှ ဓားမြှောင်များကဲ့သို့ ထက်ရှသော လက်သည်းနှစ်ချောင်းက လှုပ်ခါလာလေသည်။
သူ၏လက်ချောင်းများကို အနည်းငယ် ကွေးညွတ်လိုက်ရင်း ဆူဇီမိုသည် မိတ်ကပ်နှင့် အမျိုးသမီး၏ အဆိပ်သွားနှစ်ချောင်းကို ညင်သာစွာ ရိုက်ခတ်လိုက်၏။
ချွမ်း
အဆိပ်သွားနှစ်ချောင်းသည် ဆူဇီမို၏ လက်သည်းရိုက်ချက်ဖြင့် လွင့်စင်ထွက်သွား၏။
မိတ်ကပ်နှင့် အမျိုးသမီးက မှင်တက်သွားပြီး နောက်သို့ အသည်းအသန် ခုန်ဆုတ်လိုက်ရလေသည်။
ထိုစဉ်မှာပင် ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက ယောင်ကိုင်းနေသော မျက်နှာနှင့်အတူ ခက်ထန်ကြမ်းကြုတ်စွာ ရှေ့သို့ ပြေးတက်လာ၏။
ဆူဇီမိုက လျှပ်စီးမိုးကြိုးလို အကြည့်ဖြင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အားမာန်တက်ကြွမှုက သိသိသာသာ လျော့ကျသွားလေသည်။ သူက တုန်လှုပ်ချောက်ချားသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဆက်လက်၍ လှုပ်ရှားရဲခြင်း မရှိတော့ပေ။