← Chapters

အရှင်သခင်များ၏ သတ်ဖြတ်လိုစိတ်

Vol. 57 Ch. 850

အရှင်သခင်များ၏ သတ်ဖြတ်လိုစိတ်

Vol. 57 Ch. 850

မိတ်ကပ်နှင့် အမျိုးသမီးသည် သုန်မှုန်နေသော အမူအရာတစ်ခု ရှိနေပြီး သူမက နောက်ဆုတ်ပြီးနောက် ရှေ့သို့ မဆင်မခြင် ပြန်မတက်ရဲတော့ပေ။

သူမ၏ မူပိုင်ဓမ္မလက်နက်သည် ဆူဇီမိုထံမှ လက်ချောင်း၏ ရိုက်ခက်မှုဖြင့် လွင့်စင်ထွက်သွားခဲ့၏။ သူ၏ ကြောက်စရာကောင်းသော ခွန်အားက သူမကို အတော်လေး စိုးရိမ် ထိတ်လန့်သွားစေခဲ့လေသည်။

ငွေရောင်ဝတ်လူက သူ၏ လက်နှစ်ဖက်ကို ဆူဇီမို၏ လက်ဝါးဆီသို့ ပင့်မြှောက်၍ သူ့ခွန်အားကို အစွမ်းကုန် ထုတ်သုံးလိုက်၏။

သို့သော်လည်း ထိုလက်ဝါးက တုတ်တုတ်မျှ မလှုပ်ပေ။

အဲ့ဒါသည် ဒဏ္ဍာရီလာ မြင်းမိုရ်တောင်က သူ၏ ဦးခေါင်းထက်မှာ ပိကျလာသည့် အလားပင် သူက ရုန်းကန်ဖို့ အခွင့်အရေး တစ်ခုတောင် မရပေ။

ယခုအချိန်တွင် သူအသုံးပြုနိုင်သော တစ်ခုတည်းသော လှုပ်ရှားကွက်မှာ ငွေလဝံပုလွေမျိုးနွယ်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ဖြစ်လေသည်။

သို့သော်လည်း သူက အဲ့ဒါကို မလုပ်ဝံ့ပေ။

ယခုအခါ သူက ဆူဇီမို၏ လက်ဖဝါးအောက်မှာ ရှိနေ၏။

သူ၏ အမြုတေ စိတ်ဝိညာဉ် လျှို့ဝှက်အတတ်က မြန်ဆန်သည် ဆိုသော်လည်း ဆူဇီမိုက အတွေးတစ်ချက်နှင့်အတူ သူ၏ အမြုတေ စိတ်ဝိညာဉ်ကို ခြေမွဖျက်ဆီးနိုင်လေသည်။

သူက ထိုအလောင်းအစားကို မပြုဝံ့ပေ။

ဈာန်ပျံစိတ်တောင်ထွတ်၏ သခင်လေးသည် သုန်မှုန်နေသော အမူအရာဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူ၏ စိတ်နှလုံးက ပြိုလဲသွားသည်မှာ ကြာခဲ့လေပြီ။

ငွေရောင်ဝတ်လူနှင့် မြွေတစ်ထောင်ကျွန်းမှ အမျိုးသမီးသည် ဤလောက် မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွား လိမ့်မည်ဟု သူက ထင်မှတ်မထားပေ။

သူက ချဉ်းကပ်လာသောအခါ သူက ထိုအဆင့်နိမ့်မိစ္ဆာသားရဲနှင့် မျက်နှာချင်း ဆိုင်နေရလေပြီ။

အရာရာတိုင်းက လျင်လျင်မြန်မြန် ဖြစ်ပွားခဲ့ပြီး သူ၏ ယခင်အစီအစဉ်များက သုံးစားမရတော့ပေ။

ဒါ့အပြင် ယခုအချိန်တွင် ဆူဇီမို၏ အော်ရာက အလွန်တရာ စွမ်းအားကြီးနေပြီး သူ၏ အကြည့်က ကြောက်စရာကောင်းလောက်အောင် အံ့မခန်းဖြစ်နေ၏။ ဈာန်ပျံစိတ်တောင်ထွတ်၏ သခင်လေးသည် ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ နေရာမှာတင် ရပ်တန့်ကာ ရှေ့သို့ တိုးရမလား နောက်ဆုတ်ရမလား မသိတော့ပေ။

“လခွမ်းပဲ ဈာန်ပျံစိတ်တောင်ထွတ်က သခင်လေးတောင်မှ အကြောက်လွန်ကုန်ပြီ…”

“အဲ့ဒီ့ အဆင့်နိမ့် မိစ္ဆာသားရဲရဲ့ တိုက်ခိုက်ရည် ခွန်အားက ဒီလောက်တောင် ကြောက်စရာကောင်းနေတာ သူက သာမာန်အညတရတော့ မဟုတ်နိုင်ဘူး ဒါဆို ငါကဘာလို့ သူ့ကို အရင်က မကြားဘူးရတာပါလိမ့်”

“သူတို့၃ယောက်က ဒီလောက် မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားတယ်ဆိုတော့ သူတို့က အရည်အချင်းမရှိပဲ သက်သက် နာမည် ကြီးနေကြတာများလား”

သူတို့၏ ဘေးနားပတ်လည်မှ ဆွေးနွေးပြောကြားသံများကို ကြားရသောအခါ ဈာန်ပျံစိတ်တောင်ထွတ်၏ သခင်လေးနှင့် အခြား၂ယောက်သည် မျက်စိမျက်နှာ ပျက်ယွင်းလာကြ၏။

သူတို့က ဤနေရာသို့ လာရောက်ရန်စသည်မှာ မျောက်ဝံမြူးထူးတောင်ကြောရိုး၏ ပိုင်နက်အရှင်များကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပြီး သူတို့ထဲမှ အချို့ကို သတ်ဖြတ်နိုင်လျှင် ပိုတောင်ကောင်းသေးပေသည်။

ယခုတော့ သူတို့သည် အဆင့်နိမ့် မိစ္ဆာသားရဲတစ်ယောက်၏ ဖိနှိမ်ခြင်းကို ခံနေရလေသည်။

“လူငယ်လေး မင်းက အခုထိ သူ့ကို လွှတ်မပေးသေးဘူးလား”

မသိလိုက် မသိဘာသာနှင့်ပင် ငွေလတောင်ကြား၏ အရှင်သခင်က မျောက်ဝံမြူးထူးတောင်ကြောရိုး၏ သားရဲများ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူက အမူအရာ ကင်းမဲ့နေပြီး ဆူဇီမိုကို ပြောလိုက်ခြင်း ဖြစ်လေသည်။

သူ၏နောက်တွင် အခြားသော အရှင်သခင် ၆ယောက်ကလည်း လိုက်ပါလာလေသည်။

ဈာန်ပျံစိတ်တောင်ထွတ်နှင့် မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်များသည် ဆူဇီမိုကို ရေခဲတမျှ အေးစက်စွာဖြင့် စိုက်ကြည့်နေကြ၏။

အခြားသော အရှင်သခင်များက စူးစမ်းချင်စိတ်ဖြင့် ပိုလို့တောင် စိတ်ဝင်စားလာကြ၏။

မျောက်ဝံအိုကြီးကလည်း ဘေးဘက်မှာ ရပ်နေလေသည်။

သူက ငွေလတောင်ကြား၏ အရှင်သခင်ကို မတားဆီးရသည့် အကြောင်းအရင်းမှာ သူသည် ဆူဇီမိုက စိတ်လိုက်မာန်ပါနှင့် သူ့လက်ဖဝါးအောက်က မိစ္ဆာသားရဲကို မဆင်မခြင် သတ်ဖြတ်ပစ်လိုက်မည်ကို သူက စိုးရိမ်နေသောကြောင့် ဖြစ်လေသည်။ ထိုသို့ဆိုလျှင် အခြေအနေက နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်ပေ။

ဆူဇီမိုက တစ်ချက်ဝှေ့ကြည့်ပြီးနောက် မျောက်ဝံအိုကြီး၏ ရည်ရွယ်ချက်ကို နားလည်သွား၏။

တကယ်လည်း ဤမိစ္ဆာသားရဲ ၃ယောက်ကို သူက သတ်ဖြတ်ဖို့ စိတ်ကူးမရှိပေ။

သူက ဤနေရာသို့ ရောက်လာရသည့် အကြောင်းအရင်းမှာ သွေးပင်လယ်တွင် ကျင့်ကြံဖို့သာ ဖြစ်လေသည်။

သူက တစ်ဖက်အဖွဲ့အစည်းများနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိခဲ့ပေ။ ဤမိစ္ဆာသားရဲ၃ယောက်က ရန်လာစသည့် အတွက်ကြောင့်နှင့် သူက အရှင်သခင်၃ယောက်၏ အမျက်ဒေါသကို ခံယူဖို့ မသင့်ပေ။

ဆူဇီမိုသည် သူ့လက်ဝါးကို ပြန်ရုတ်လိုက်ပြီး သူ့ရှေ့တွင်ရှိသော အရှင်သခင်များကို ယဉ်ကျေးစွာဖြင့် လက်သီးနှစ်ဖက်ဆုပ်ပြလိုက်၏။ သူ၏ အမူအရာက တည်ငြိမ်နေပြီး ရိုကျိုးခယခြင်းလည်းမရှိ ထောင်လွှားမောက်မာခြင်းလည်း မရှိပေ။

ပြောရမည်ဆိုလျှင် အဆင့်နိမ့် မိစ္ဆာသားရဲတစ်ယောက်ကို မပြောနှင့် အရှင်သခင် ၇ပါး၏ စောင့်ကြည့်မှုတွင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ သို့မဟုတ် အဆင့်မြင့် မိစ္ဆာသားရဲများပင်လျှင် ဤမျှတည်ငြိမ်နိုင်ဖို့က ရှားရှားပါးပါး ဖြစ်လေသည်။

ဆူဇီမို၏ နောက်ရှိ မိစ္ဆာသားရဲများသည် သူနှင့်ယှဉ်လျှင် သူတို့၏ တုံ့ပြန်မှုများက အတော်လေး ထင်ရှားပေါ်လွင်နေ၏။

သူတို့အားလုံးသည် အရှင်သခင် ၇ပါးကို ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားကြပြီး သူတို့၏ ခေါင်းကို ငုံ့ထားကြ၏။ သူတို့က အရှင်သခင်များနှင့် မျက်လုံးချင်း မဆုံဝံ့ကြပေ။

“တော်တယ်… မင်းက အရမ်းတော်တယ်…”

ငွေလတောင်ကြား၏ အရှင်သခင်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတစ်ခုက တဖျတ်ဖျတ်လက်သွား၏။

မြွေတစ်ထောင်ကျွန်း၏ ပိုင်နက်အရှင်ကလည်း ရယ်မောလိုက်ပြီး ချိုသာစွာဖြင့် ပြောလိုက်လေသည်။

“ကောင်လေး… နင်က နှစ်တစ်ရာကျော်ကျော်ပဲ ကျင့်ကြံရသေးတာတောင် ဒီအဆင့်ထိ ရောက်နေပြီဆိုတော့ ငါတောင် ရင်နည်းနည်း ခုန်လာပြီ”

“ခွေးကောင် သေဖို့သာ ပြင်ထားလိုက်တော့..”

ငွေရောင်ဝတ်လူက ကျုုံးထလာပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ နောက်ဆုံးမှာတော့သူက အဲ့ဒါကို သည်းမခံနိုင်တော့ပဲ သူ၏နဖူးမှာ ငွေလတစ်စင်းက တောက်ပလာကာ ရုတ်တရတ် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။

ငွေလတောင်ကြား၏ အရှင်သခင် ပေါ်ထွက်လာမှုက သူ့ကို တိုက်ခိုက်ဖို့အတွက် ယုံကြည်မှု ရှိလာစေလေသည်။

ဖြောင်း….

ငွေရောင်ဝတ်လူ၏ မျက်နှာထက်မှ ကြွပ်ဆတ်ဆတ် အသံတစ်ခုက ထွက်ပေါ်လာ၏။

သူ၏ ပါးက အရိုက်ခံလိုက်ရခြင်း ဖြစ်လေသည်။

ငွေရောင်ဝတ်လူက ကြောင်အသွား၏။

လက်ရှိသားရဲမျာသည်လည်း ကြက်သေသေသွား ကြလေသည်။

ငွေရောင်ဝတ်လူကို ပါးရိုက်လိုက်သော သူမှာ ငွေလတောင်ကြား၏ အရှင်သခင် ဖြစ်လေသည်။

“မင်းက အရှက်ခွဲလို့ အားမရသေးဘူးလား… သွား.. နောက်ကိုဆုတ်နေစမ်း”

ငွေလတောင်ကြား၏ အရှင်သခင်က ငွေရောင်ဝတ်လူကို မာကြောခက်ထန်စွာ စိုက်ကြည့်ပြီး ပြောလိုက်လေသည်။

ငွေရောင်ဝတ်လူက မချင့်မရဲနှင့်ပင် ဒေါသဖြင့် အံကိုကြိတ်လိုက်၏။ သူက ဆူဇီမိုကို နာကြည်းမုန်းတီးစွာ စိုက်ကြည့်ပြီး သူ၏ အရှက်ခွဲခံရမှုအတွက် ထိုသူအပေါ် အပြစ်ပုံချလိုက်လေသည်။

“အားလုံးပဲ ကျုပ်က သူ့ကို ကောင်းကောင်း မဆုံးမခဲ့မိဘူး.. အဲ့ဒါကြောင့် အားလုံးရဲ့ရှေ့မှာ အခုလို အရှက်ကွဲရတာပဲ” ငွေလတောင်ကြား၏ အရှင်သခင်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။

မျောက်ဝံအိုကြီးကလည်း အမူအရာ ကင်းမဲ့နေပြီး ဘာမှ ဝင်မပြောပေ။ သူက တရားရှုမှတ်နေသော ဘုန်းကြီးတစ်ပါးကဲ့သို့ မျက်လွှာချထားလေသည်။

“မင်းကကော အခုထိ ပြန်မလာသေးဘူးလား ဘာလဲ မင်းကလည်း အရိုက်ခံရဖို့ စောင့်နေတာလား”

ဈာန်ပျံစိတ်တောင်ထွတ်၏ အရှင်သခင်က သခင်လေးဆိုသူကို တစ်ချက်ကြည့်ပြီး လှည့်ထွက်သွားလေသည်။

ဈာန်ပျံစိတ်တောင်ထွတ်၏ သခင်လေးသည် သူ၏ အရှက်ခွဲခံရမှုကို မျိုသိပ်ကာ လိုက်ပါသွားရလေသည်။

ချက်ချင်းပင် အရှင်သခင်များက လူစုခွဲလိုက်ကြ၏။

ပဋိပက္ခက ဤကဲ့သို့ပင် အဆုံးသတ်သွားရလေပြီ။

သားရဲများအားလုံးက ခေါင်းခါလိုက်ကြ၏။ ကိစ္စများက ဤသို့ဖြင့် အဆုံးမသတ်သေးကြောင်း သူတို့က ခံစားမိနေသည်။

ဆူဇီမိုသည် ထွက်ခွာသွားသော အရှင်သခင်များ၏ နောက်ကျောကို တွေးတွေးစစ အမူအရာဖြင့် စိုက်ကြည့်နေသည်။

. . . . .

“အရှင်သခင် ခင်ဗျားက ဘာလို့ ကျုပ်ကို တားရတာလဲ.. ကျုပ်ရဲ့အစွမ်းအစနဲ့…….” ငွေလတောင်ကြား၏ အဖွဲ့အစည်းဘက်သို့ ပြန်ရောက်လာသည့် ခဏမှာပင် ငွေရောင်ဝတ်လူက အသံတစ်ခုကို အလောတကြီး ပို့လွှတ်လိုက်၏။

“မင်းက ရူးနေတာလား”

ငွေလတောင်ကြား၏ အရှင်သခင်က သူ့ကို ငေါက်ငမ်း၍ ဖြတ်ပြောလိုက်၏။

“အဲ့ဒီ့မျောက်ဝံအိုကြီးက မျက်လုံးကန်းနေတယ်လို့ မင်းထင်နေလို့လား သူ့ရဲ့မျက်စိရှေ့မှာ မင်းရဲ့ တိုက်ခိုက်မှုက ဘယ်လိုလုပ် အထမြောက်နိုင်မှာလဲ”

ငွေလတောင်ကြား၏ အရှင်သခင်က သုန်မှုန်နေသော အမူအရာတစ်ခုရှိပြီး ပြန်ရောက်လာသည့် ခဏမှာပင် သူ၏ သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာ၏။

ဆူဇီမိုက ငွေလတောင်ကြား၏ နံပါတ်၁ ပိုင်နက်အရှင်ကို ဖိနှိမ်ထားချိန်တွင် သူက အနည်းငယ် အရှက်ရရုံသာ ဖြစ်လေသည်။ သို့သော်လည်း ဆူဇီမိုက အရှင်သခင် ၇ပါးနှင့် ရင်ဆိုင်လိုက်သည့် ခဏမှာ သူ၏ သတ်ဖြတ်လိုစိတ်က လုံးဝ နိုးထလာခဲ့သည်။

ထိုအဆင့်နိမ့် မိစ္ဆာသားရဲ၏ တိုက်ခိုက်ရည်ခွန်အားက စွမ်းအားကြီးလွန်းနေ၏။

ဒါ့အပြင် သူက နှစ် ၁၀၀ကျော်ကျော်သာ ကျင့်ကြံခဲ့ရသော်လည်း အရမ်းကို တည်ငြိမ်ရင့်ကျက်လွန်းနေ၏။ သူက အနာဂါတ်မှာ ဆက်လက်ကျင့်ကြံလာမည် ဆိုလျှင် သူ့ကို မည်သူက တားဆီးနိုင်ပါဦးမည်နည်း။

ထိုသားရဲနှင့်ဆိုပါက မျောက်ဝံမြူးထူးတောင်ကြောရိုးသည် အနာဂါတ်တွင် အခြားသော နယ်မြေကြီးများကို ကျူးကျော်သိမ်းပိုက်ပြီး သားရဲတစ်ထောင်တောင်ကြားကို တစ်ဦးတည်းအုပ်စိုးသွားနိုင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပေ။

“အရှင်သခင် ခင်ဗျားက ဘယ်လိုရည်ရွယ်ထားတာလဲ”

ငွေရောင်ဝတ်လူက စိုးရိမ်စွာနဲ့ပင် စူးစမ်းလိုက်လေသည်။

ငွေလတောင်ကြား၏ အရှင်သခင်က လှောင်ရယ်မောလိုက်ပြီး ဈာန်ပျံစိတ်တောင်ထွတ်နှင့် မြွေတစ်ထောင်ကျွန်းဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။

“အဲ့ဒီအဘိုးကြီးတွေက အပေါ်ယံမှာ အရေးမလုပ်ဘူးလို့ ထင်ရတယ် ဒါပေမယ့်လို့ အဲ့ဒီသားရဲကို သတ်ဖြတ်ချင်နေတာ ငါတစ်ယောက်တည်း မဟုတ်လောက်ဘူး”

“သူ့ကို ရှင်းထုတ်ဖို့အတွက် အခွင့်အရေးတစ်ခု ပေါ်လာတဲ့အထိ ငါတို့စောင့်ရမယ်”

ငွေလတောင်ကြား၏ အရှင်သခင်က အတွေးနက်စွာဖြင့် သူ၏မျက်လုံးကို မှေးကျဉ်းလိုက်လေသည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ငွေလတောင်ကြား၏ အရှင်သခင်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“မင်းမြဲမြဲမှတ်ထား နောက်တစ်ခါ သူနဲ့တွေ့ရင် မင်းရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို ထုတ်သုံး ဘာဓမ္မပညာရပ်မှ လုပ်မနေနဲ့ နောက်ပြီး ပိုအရေးကြီးတာက မင်းက သူနဲ့အနီးကပ် ထိပ်တိုက် ရင်မဆိုင်ရဘူး အဲ့ဒါကို မြဲမြဲမှတ်ထား..”

ငွေလတောင်ကြား၏ အရှင်သခင်က သူ၏ မေးစေ့ကို ပွတ်ပြီး သုန်မှုန်နေသော အမူအရာဖြင့် တီးတိုး ရေရွတ်လိုက်လေသည်။

“ငါက အဲ့ဒီ့သားရဲရဲ့ အစစ်အမှန်ပုံစံကို အခုထိ မမြင်ရသေးဘူး သူ့ရဲ့နောက်ခံက စွမ်းအားကြီးမယ့်ပုံပဲ”

“တစ်ချိန်တည်းမှာပင် တခြားသော နယ်မြေများ၏ အရှင်သခင်များသည် သူတို့၏ မျက်လုံးများကို မှိတ်၍ အနားယူနေသည့်အလား ထင်ရ၏။ တကယ်တမ်းမှာတော့ သူတို့အားလုံးသည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို အသုံးပြုပြီး ပိုင်နက်အရှင်များနှင့် အပြန်အလှန် စကားပြောဆိုနေကြခြင်း ဖြစ်လေသည်။

မျောက်ဝံမြူးထူးတောင်ရိုး၏ အဖွဲ့ဘက်တွင်..

“မို.. မင်းက သတိထားမှရတော့မယ်” မျောက်ဝံအိုကြီးက အသံတစ်ခုကို ရုတ်တရတ် ပို့လွှတ်လိုက်၏။

“မင်းရဲ့ ဒီနေ့အပြုအမူက အရှင်သခင် ၃ပါးကို အရှက်ခွဲလိုက်တာနဲ့ အတူတူပဲ.. သူတို့ရဲ့ စိတ်နေစရိုက် အရဆို နောက်ကျရင် သူတို့က တစ်ခုခုကို ကြံစဉ်လာနိုင်လောက်တယ်.. ဒီနေ့ကစပြီး မင်းက ငါ့အနားမှာပဲနေ”

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ငွေလတောင်ကြားနှင့် အခြားသောနယ်မြေများမှ ပိုင်နက်အရှင်များသည် အဲ့ဒါကို ကောင်းကောင်းကွယ်ဝှက်ထားသော်လည်း သူတို့၏ သတ်ဖြတ်လိုစိတ်က ထင်ဟပ်လာသည့် ခဏမှာပင် ဆူဇီမိုက အဲ့ဒါကို အာရုံခံမိခဲ့ပြီး ဖြစ်လေသည်။

မျောက်ဝံအိုကြီးက ဆက်ပြောလိုက်၏။

“ဒါပေမယ့်လို့ မင်းက အရမ်းကြီး စိုးရိမ်ပူပန်မနေပါနဲ့ ငါရှိနေသရွေ့ သူတို့က မဆင်မခြင် လုပ်ရဲကြမှာတော့ မဟုတ်ဘူး..”

All Chapters