အလောင်းအစား
Vol. 57 Ch. 851
နောက်ရက်များတွင် ငွေလတောင်ကြား ၊ ဈာန်ပျံဆိတ်တောင်ထွတ်နှင့် မြွေတစ်ထောင်ကျွန်းမှ အရှင်သခင်များ၏ ပြင်းပြသော အကြုံချက်အရ သူတို့၏ အောင်ပွဲခံ အခမ်းအနားကို ရှေ့သို့တိုး၍ ကျင်းပခဲ့ကြပြီး အရုဏ်တက်သည့်အထိ သောက်စားပျော်ပါးခဲ့ကြလေသည်။
သားရဲတစ်ထောင်တွေ့ဆုံပွဲကို ခါတိုင်းလိုပင်ကျင်းပခဲ့လေသည်။
သို့သော်လည်း သွေးမြစ်ထဲတွင် ကျင့်ကြံဖို့နေရာအတွက် တိုက်ပွဲကို နောက်သို့ ဆုတ်ခဲ့လေသည်။
အခြားသော အရှင်သခင်များနှင့် မျောက်ဝံအိုကြီးက အဲ့ဒါကို မကန့်ကွက်ခဲ့ပေ။
သူတို့သည် ထိုအရှင်သခင်သုံးယောက်၏ စိတ်အကြံကို သိသော်လည်း မည်သူကမှ အဲ့ဒါကို မထုတ်ဖော်ကြပေ။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေး ၊ ငွေရောင်ဝတ်လူနှင့် မိတ်ကပ်အဖွေးသားနှင်ံ အမျိုးသမီးတို့သည် ဆူဇီမို၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြပြီး အဲ့ဒါကို ပြန်လည်ကုသဖို့ဆိုလျှင် အချိန်အနည်းငယ် ယူရပေမည်။
ထိုသုံးရက်အတွင်း မျောက်ဝံအိုကြီးသည် သူ၏ အဖွဲ့အစည်းကို စောင့်ကြပ်ခဲ့လေသည်။
ဆူဇီမိုကလည်း မထွက်ခွာခဲ့ပေ။
ထိုအချိန်အတောအတွင်း တောအုပ်၏ အနက်ပိုင်းထဲမှ ပြိုးပြိုးပြက်ပြက် အလင်းရောင်များက မကြာမကြာ ပေါ်လာခဲ့လေသည်။
ရှားရှားပါးပါး ရတနာတစ်ခုက မွေးဖွားပေါ်ထွက်လာသည်ဟု မိစ္ဆာသားရဲအချို့က ပြောကြလေသည်။
သို့သော်လည်း ဆူဇီမိုက မည်သည့်အရာနှင့်မှ ယိမ်းယိုင်လှုပ်ရှားခြင်းမရှိပေ။
သူသည် မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားသူများကိုလည်း မျောက်ဝံအိုကြီး၏ အနားကနေ ထွက်ခွာမသွားဖို့ သတိပေးထားလေသည်။
ဤသုံးရက်အတွင်း ဆူဇီမိုသည် မမြင်ရသော ထောင့်ကွယ်များကနေ မလိုတမာမုန်းတီးသော စိတ်ဆန္ဒများနှင့် အကြည့်တစ်ချို့ကို သူက ရှင်းလင်းစွာ အာရုံခံမိခဲ့၏။
သူက မျောက်ဝံအိုကြီး ဘေးကနေ ထွက်ခွာသွားမည်ဆိုလျှင် သူက သူတို့ဆင်ထားသော ထောင်ချောက်ထဲသို့ ဆင်းသက်သွားရနိုင်လေသည်။
၃ ရက်ကြာပြီးနောက်...
အရှင်သခင် ၇ ယောက်သည် သွေးမြစ်ထဲမှာ ကျင့်ကြံဖို အတွက်နေရာများကို တရားဝင်စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။
ပထအဆုံး စမ်းသပ်ချက်က ရိုးရှင်းလေသည်။
နှစ်တစ်ထောင်သွေးပင်လယ်ကို ဗဟိုပြု၍ အကွာအဝေး ကီလိုမီတာ ၂၅၀ ကနေ ၅၀၀ အတွင်းမှာ သာလွန်အဆင့် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသော သွေးပင်လယ်တံဆိပ်ပြားများကို ဝှက်ထားမည် ဖြစ်လေသည်။
အဲ့ဒီမှာ တံဆိပ်ပြားစုစုပေါင်း အခု ၅၀၀ ရှိလေသည်။
သွေးပင်လယ်တံဆိပ်ပြားများကို မြေပြင်မှာ ချထားမည်ဖြစ်ပြီး သူတို့ထဲမှ အချို့ကို ရွှံ့တောထဲတွင် မြှုပ်နှံကာ သူတို့ထဲမှ အချို့ကို လှိုဏ်ဂူများထဲတွင် ဝှက်ထားမည်ဖြစ်လေသည်။
ဤစမ်းသပ်စစ်ဆေးမှုတွင် ပါဝင်ယှဥ်ပြိုင်မည့် မိစ္ဆာသားရဲများသည် ထိုတံဆိပ်ပြားများထဲမှ တစ်ခုခုကို ရှာဖွေရမည်ဖြစ်လေသည်။
အဲ့ဒါက မိစ္ဆာသားရဲအများစုကို ဖယ်ရှားရှင်းလင်းမည့် စမ်းသပ်စစ်ဆေးမှုဖြစ်လေသည်။
အဲ့ဒီမှာ သွေးပင်လယ်တံဆိပ်ပြား ၅၀၀ ရှိသော်လည်း ထိုတံဆိပ်ပြားများကို အရင်ဆုံးရှာဖွေတွေ့ရှိသည့် မိစ္ဆာသားရဲ တစ်ရာကသာလျှင် နောက်ဆုံးဆယ်နေရာအတွက် ဆက်လက်ယှဥ်ပြိုင်ဖို့ အဆင့်မီပေမည်။
ဈာန်ပျံဆိတ်တောင်ထွတ် ၊ ငွေလတောင်ကြား ၊ မြွေတစ်ထောင်ကျွန်း ၊ ဟင်္သပြဒါးတိမ်လွှာတောင်ကြား ၊ ဇဝေဇဝါ မြူခိုးရွှံ့ညွန်နှင့် ရွှေရောင်မီးတောက်တောင်တန်းမှ ပိုင်နက်အရှင် တစ်ရာကျော်စီက ထွက်ရပ်လိုက်ကြလေသည်။
သွေးပင်လယ်ထဲမှာ ကျင့်ကြံဖို့က ရှားရှားပါးပါး အခွင့်အရေးဖြစ်ပြီး လူတိုင်းက အဲ့ဒါကို ကြိုးစားကြည့်ချင်ကြလေသည်။
သူတို့က ကံကောင်းကြမည်ဆိုလျှင် နောက်ဆုံးစမ်းသပ်စစ်ဆေးမှုကို ဝင်ရောက်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာန်ိုင်လေသည်။
မျောက်ဝံမြူးထူးတောင်ရိုးမှာတော့ ပါဝင်ယှဥ်ပြိုင်မည့်သူမှာ ဆူဇီမိုနှင့် တစ်ကိုယ်တော်တိမ်စိုင်အပါအဝင် မိစ္ဆာသားရဲ ၂၀ ပင်မပြည့်ပေ။
“မင်းက... အဲ့ဒီ စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မှာ သေချာလို့လား”
မျောက်ဝံအိုကြီးသည် လက်မခံချင်သေးဘဲ ဆူဇီမိုကို တစ်နေရာသို့ ခေါ်သွားကာ မေးလိုက်၏။
အဆင့်နိမ့်မိစ္ဆာသားရဲများ၏ စိတ်ဝိညာဥ်အသိစိတ် ဖြန့်ကျက်နိုင်မှု အတိုင်းအတာက အလွန်ဆုံး ကီလိုမီတာ ၅၀ ဖြစ်လေသည်။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က ကီလိုမီတာ ၂၅၀ ကိုကျော်လွန်နိုင်မလားဆိုတာ သူက ဘယ်လိုမှ စဥ်းစားလို့မရပေ။
ဆူဇီမိုက ပြုံးပြလိုက်လေသည်။
“ကျုပ်က အဲ့ဒါကို ကြိုးစားကြည့်နိုင်ပါတယ်”
“ကောင်းပြီလေ...”
မျောကိဝံအိုကြီးက ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုနှင့် အခြားသူများသည် သွေးပင်လယ်ဘေးသို့ စိတ်အားထက်သန်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။
“အာ အဲ့ဒီသားရဲမိုက... သူကလည်း ဒီကိုရောက်လာတာလား ၊ သူက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်မဟုတ်ဘူးလား”
ပြီးခဲ့သည့် သုံးရက်အတွင်း ဆူဇီမို၏ အမည်သည် သားရဲတစ်ထောင်တွေ့ဆုံပွဲ တစ်ခုလုံးမှာ ပျံ့နှံ့သွားပြီဖြစ်၏။
“သူကလည်း... လူအုပ်ကြီးထဲ လာရောချင်တာ နေမှာပေါ့”
“ဟမ်... သူက တိုက်ခိုက်ခြင်းမှာတော့ တစ်ကယ်ဘဲ သန်မာလှပါပေတယ် ဒါပေမယ့်လို့ ဒီလိုမျိုး တစ်စုံတစ်ရာမှာ မျက်လုံးစုံမှိတ်ပြီး ပါဝင်လာတာကတော့ သူက သူ့ကိုယ်သူ အရှက်ခွဲဖို့ ကြိုးစားနေတာဘဲ”
မိစ္ဆာသားရဲများစွာက တီးတိုးဆွေးနွေးလိုက်ကြ၏။
“အို...”
ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေးက ဆူဇီမိုကို မြင်သောအခါ အေးစက်စွာဖြင့် သရော်ပြုံးလိုက်လေသည်။
“အဆင့်နိမ့် မိစ္ဆာသားရဲတစ်ယောက်က ဒီကို ဘာလာလုပ်တာပါလိမ့်”
“သူကလည်း နံပါတ်တစ်ဖြစ်ချင်လို့နေမှာပေါ့... အောက်ဆုံးက ရေရင်လေ”
“ဟားဟားဟား “
ဈာန်ပျံဆိတ်တောင်ထွတ်၏ သားရဲများက ဟားတိုက်ရယ်မောလိုက်ကြ၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးကို တစ်ချက်လှမ်းကြည့်လိုက်၏။
“ငါက သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို မရနိုင်ဘူးလို့ မင်းက ထင်နေတာလား”
“အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က သွေးပင်လယ်တံဆိပ်ပြားကို ရယူချင်တယ်ဆိုရင်တော့ အိမ်မက်သာ မက်နေလိုက်... မင်းက တစ်ကယ့်ဟာသဘဲ”
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ရှားရှားပါးပါး အခွင့်အရေးတစ်ခုကို ဖမ်းဆုပ်ပြီး ဆူဇီမိုကို လှောင်ပြောင်သရော်လ်ိုက်လေသည်။
“မင်းရဲ့စိတ်ဝိညာဥ်အသိစိတ်က ဘယ်လောက်ဝေးဝေး ဖြန့်ကျက်နိုင်မှာလဲ.... ကီလိုမီတာ ၁၀ လား ၁၅ လား...”
“ငါမင်းကို ပြောလိုက်မယ် သွေးပင်လယ်တံဆိပ်ပြားတွေကို ကီလိုမီတာ ၂၅၀ အကျော်မှာ ဖွက်ထားမှာ ၊ မင်းလိုမျိုး တစ်စုံတစ်ယောက်....”
“ငါက သွေးပင်လယ်တံဆိပ်ပြားတစ်ခုခုကို ရအောင်ယူနိုင်ခဲ့မယ်ဆိုရင်ရော”
ဈာန်ပျံဆိတ်တောင်ထွတ်၏ စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက ဖြတ်ပြောလိုက်၏။
“မင်းက ဘာတွေလာပြောနေတာလဲ”
ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးသည် အရယ်ရဆုံးဟာသကို ကြားလ်ုက်ရသည့်အလား အော်ပြောလိုက်လေသည်။
“မင်းကသာ သွေးပင်လယ်တံဆိပ်တစ်ခုခုကို ရအောင်ယူနိုင်မယ်ဆို ဘယ်ဟာမဆို ငါက အဲ့ဒါကို စားပြမယ်”
“ဟမ့်....”
ဆူဇီမိုက လှောင်ပြုံးလိုက်လေသည်။
အစကတော့ သူသည် ဤပထမအဆင့် စမ်းသပ်ချက်မှာဝင်ပါဖို့အတွက် တစ်ကယ်ဘဲ စိတ်မပါလက်မပါဖြစ်နေခဲ့၏။ သို့သော်လည်း ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ စကားကိုကြားသောအခါ သူက လှုပ်ရှားလာလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်သခင်လေးက လှောင်ပြောင်ရန်စလိုသော အကြည့်နှင်အတူ သူ့ကို ဖိအားပေးလိုက်၏။
“မို... မင်းက ငါနဲ့အလောင်းအစားတစ်ခုလုပ်ရဲလား...”
“ဘာကိုလောင်းမှာလဲ...” ဆူဇီမိုက မေးလိုက်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးက ကျယ်လောင်စွာ ကြေညာလိုက်လေသည်။
“မင်းက သွေးပင်လယ်တံဆိပ်ပြား တစ်ခုခုကို ရယူနိုင်မလား မရယူနိုင်ဘူးလားဆိုတာကို ငါတို့လောင်းကြမယ်”
“ဒါကတော့...”
ဆူဇီမိုက အခက်တွေ့သွားသော ပုံစံဖြင့်စဥ်းစားတွေးတောနေသည့်ဟန် လုပ်လိုက်၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးသည် ထိုသည်ကို မြင်သောအခါ သူက ပို၍သေချာသွားပြီး ဆက်လက်၍ လှောင်ပြောင်လိုကိလေသည်။
“မင်းက အဲ့ဒီအလောင်းအစားကို မလုပ်ရဲဘူးဆိုရင်လည်း ထွက်သွာစမ်းပါ ၊ ဒီနေရာကိုလာပြီး မင်းကိုယ်မင်း အရှက်ကွဲခံမနေနဲ့”
“ဟုတ်တယ်ဟေ့... ထွက်သွားလိုက်”
“အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်က ဒီကိုဘာလာလုပ်နေတာလဲ”
ဈာန်ပျံဆိတ်တောင်ထွတ်၏ သားရဲများက တစ်ယောက် တစ်ပေါက် အော်ဟစ်လိုက်ကြ၏။
“ကောင်းပြီလေ ငါ... အဲ့ဒါကို လက်ခံတယ်”
ဆူဇီမိုသည် ထိုအခိုက်အတန့်တွင် စိတ်လိုက်မာန်ပါနှင့် မဆင်မခြင်ဆုံးဖြတ်လိုက်သည့်အလား သူ၏မျက်နာက နီမြန်းသွား၏။
“ယောင်္ကျားကောင်းတစ်ယောက်က သူ့စကားကိုယ်သူ ပြန်မရုတ်သိမ်းရဘူး”
ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးက ဆူဇီမိုက သူ၏ဆုံးဖြတ်ချက်ကို ပြန်ပြင်မည်ဆိုးသောကြောင့် အလောတကြီး ထပ်ပြောလိုက်၏။
သူက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး သွေးပင်လယ်၏ ပတ်ပတ်လည်ရှိ မိစ္ဆာသားရဲတစ်ထောင်ကျော်ကို ထုတ်ဖော်ကြေညာလိုက်လေသည်။
“အားလုံးဘဲ နားထောင်ကြ... ငါက မိုနဲ့ အလောင်းအစားတစ်ခုလုပ်ထားတယ် ၊ သူက သွေးပင်လယ်တံဆိပ်ပြား တစ်ခုခုကို ရယူနိုင်ခဲ့မယ်ဆိုရင် သူရလာတဲ့ ဘယ်သွေးပင်လယ်တံဆိပ်ပြားမဆို ငါက အဲ့ဒါကို စားပြမယ်”
“ဒါနဲ့ မင်းက အဲ့ဒါကို မရဘူးဆိုရင်ရော ဘာလုပ်ပေးမှာလဲ”
ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးက ဆူဇီမိုဘက်သို့ လှည့်ပြီး အူမြူးအားရစွာဖြင့် မေးလိုက်လေသည်။
“ငါက အဲ့ဒါကို မရဘူးဆိုရင် မင်းပြောတဲ့အတိုင်း လုပ်ပေးမယ်”
ဆူဇီမို၏ ပုံစံက ဂရုမစိုက်သည့်ပုံစံပြန်ဖြစ်သွားပြီး သူက ပုခုံးကို ညင်သာစွာ တွန့်ပြလိုက်၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးက ခဏမျှကြောင်အသွားလေသည်။
သူက ဆူဇီမို၏ အမူအရာကိုမြင်သောအခါ ရုတ်တရက် မအီမသာ ခံစားလာရလေသည်။
သို့သော်လည်း နောက်တစ်ဖန်ပြန်တွေးပြီးနောက် ထိုအလောင်းအစားတွင် သူက မရှုံးနိုင်ကြောင်းသိလိုက်လေသည်။
သူက ရှုံးခဲ့လျှင်တောင် သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို စားရခြင်းက ကိစ္စကြီးတစ်ခုမဟုတ်ပေ။
သွေးပင်လယ်တံဆိပ်ပြားကို သာလွန်အဆင့် သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပြီး အဲ့ဒါက အစာခြေဖျက်ဖို့ ခက်ခဲသော်လည်း အဲ့ဒါကို စားဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပေ။
ဒါ့အပြင် သူက ဘယ်လိုလုပ် ရှုံးနိုင်ပါ့မလဲ...
ထိုသို့အတွေးနှင့် ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးသည် ယုံကြည်မှုရှိစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
“မင်းရှုံးသွားမယ်ဆိုရင် မင်းက ငါ့ရှေ့မှာ ဒူးထောက်ရမယ် ၊ ပြီးရင် ငါက မင်းဂုတ်ကိုခွစီးပြီး ဒီသွေးပင်လယ်ကို သုံးပတ်ပတ်မယ်”
“ရတယ်လေ”
ဆူဇီမိုက သဘောတူစွာ ခေါင်းညိတ်လိုက်၏။
အဲ့ဒါက အလွန်အမင်း အရှက်ခွဲခြင်းတစ်ခုဟု သတ်မှတ်နိုင်လေသည်။
မည်သို့ပင်ဆိုစေ ထိုအလောင်းအစားက တရားမျှတမှုမရှိဟု ထင်ရလေသည်။
သို့သော်လည်း ဆူဇီမိုက စိတ်လွတ်သွားပြီး မဆင်မခြင်နှင့် အဲ့ဒါကို လက်ခံလိုက်သည်ဟု သားရဲများက တွေးထင်လိုက်ကြ၏။
“မိုက တော်တော်ငယ်သေးတာဘဲ.... သူက ကျင့်ကြံခဲ့တာလည်း သိပ်မကြာသေးဘူး အဲ့ဒါကြောင့် သူက မဆင်မခြင်နဲ့ နည်းနည်းလေးရန်စလိုက်တာနဲ့ အလွယ်တကူလှည့်စားခံလိုက်ရတာ အံ့ဩစရာမဟုတ်တော့ဘူးဘဲ”
“ဟီးဟီး... သူရရှိခဲ့တဲ့ ဂုဏ်သိက္ခာတွေက ချက်ချင်းဖျက်ဆီးခံရတော့မှာဘဲ”
မိစ္ဆာသားရဲအချို့က အေးစက်စွာဖြငိ့ လှောင်ပြောင်လိုက်ကြ၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏သခင်လေးက ရုတ်တရက် ပြောလိုက်လေသည်။
“ငါက ငါ့စကားကိုငါပြန်မရုတ်သိမ်းဘူးလို့ ကျိန်ဆိုရဲတယ် ၊ ငါက ငါ့စကားကို ဖောက်ဖျက်ခဲ့ရင် ငါ့ရဲ့အနာဂတ်ကျင့်ကြံခြင်းမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရပြီးတော့ မမျှော်လင့်တဲ့ကပ်ဘေးတစ်ခုခုနဲ့ သေရပါစေ”
ကျိန်ဆိုခြင်းက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လေသည်။ မျိုးနွယ်စုအားလုံးမှာ ကျင့်ကြံသူများအားလုံးသည် ကျိန်ဆိုခြင်းကို အလွယ်တကူ မပြုဝံ့ကြပေ။
လက်ရှိသားရဲများက တုန်လှုပ်သွားကြ၏။
ကျိန်ဆိုမှုတစ်ခုနှင့်အတူ နှစ်ဖက်စလုံးက နောက်ပြန်လှည့်၍ မရသော အခြေအနေသို့ ရောက်ရှိလာခဲ့လေပြီ။
ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူကလည်း ကျိန်ဆိုမှုတစ်ခုကို ပြုလုပ်လိုက်လေသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်ကြား အလောင်းအစားက အထမြောက်သွားခဲ့လေပြီ။