နောက်ခံကို စစ်ဆေးကြခြင်း
Vol. 57 Ch. 852
အရှင်သခင်၇ယောက်က ဆူဇီမိုနှင့် ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ အလောင်းအစားကို မြင်တွေ့ကြလေသည်။
သူတို့ ၇ယောက်လုံးသည် သူတို့၏ ကိုယ်ပိုင်အတွေးများ ရှိကြသော်လည်း မည်သူကမှ အဲ့ဒါကို ဝင်ရောက်မစွက်ဖက်ကြပေ။
ပြောရမည်ဆိုလျှင် မျောက်ဝံအိုကြီးပင်လျှင် ဆူဇီမို၏ ထိုအလောင်းအစားကို ဘဝင်သိပ်မကျပေ။
သို့သော်လည်း ဆူဇီမိုက အဲ့ဒါကို ကိုင်တွယ်ဖို့အတွက် သူ့မှာ နည်းလမ်းတစ်ခု ရှိမည်ဖြစ်ကြောင်း သူက ယုံကြည်လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က နှစ်ထောင်ပေါင်းများစွာ ရှင်သန်လာခဲ့သူ ဖြစ်ပြီး သူ၏ အကဲဖြတ်မှုအပေါ် ယုံကြည်မှု ရှိလေသည်။ ဆူဇီမိုက ထိုအလောင်းအစားမှာ အနိုင်ရရှိစရာ အကြောင်းမရှိပေ။
ဒါ့အပြင် မမျှော်လင့်ထားသော အပြောင်းအလဲများက ဖြစ်ပေါ်လာပြီး ဆူဇီမိုက အနိုင်ရရှိသွားမည် ဆိုလျှင်တောင် အဲ့ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပေ။ ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက သွေးပင်လယ် တံဆိပ်ပြားတစ်ခုကို စားပြရုံမျှသာ ဖြစ်လေသည်။
အခြားသော အရှင်သခင်များသည်လည်း သူတို့၏ ကိုယ်ပိုင်အတွေးများ ကိုယ်စီရှိကြလေသည်။
ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်က ပြောလိုက်လေသည်။
“ဒီသားရဲရဲ့ တိုက်ခိုက်ရည်ခွန်အားက အတော်လေး ထူးချွန်ပြောင်မြောက်ပါတယ်.. ဒါပေမယ့်လို့ သူက အဆင့်နိမ့် မိစ္ဆာသားရဲတစ်ယောက်အနေနဲ့ သွေးပင်လယ်အတွင်းမှာ ကျင့်ကြံဖို့နေရာတစ်ခု ရနိုင်မယ်လို့ သူ့ကိုယ်သူ ထင်နေတာကတော့ ဉာဏ်နည်းရာ ကျလွန်းတယ်....”
“ဘယ်ပြောလို့ရမလည်း သူက ဒီလောက်တောင် ခိုင်မာပြတ်သားနေတာ သူ့အိပ်ကပ်ထဲမှာ အားကိုးစရာ အခြားတစ်ခုခု ရှိရင် ရှိနေဦးမှာပေါ့…..” မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က အေးစက်စွာဖြင့် ထေ့ငေါ့လိုက်၏။
ရုတ်တရတ် ငွေလတောင်ကြားမှ အရှင်သခင်၏အသံသည် ဈာန်ပျံဆိတ်တောင်ထွတ်၊ မြွေတစ်ထောင်ကျွန်းနှင့် ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်များ၏ အသိစိတ်အတွင်းတွင် ထွက်ပေါ်လာလေသည်။
“ငါက အဲ့ဒါကို သိပ်စိတ်မဝင်စားဘူး ငါသိချင်တာက အဲ့ဒီ့သားရဲရဲ့ အစစ်အမှန်ပုံစံပဲ”
“သူက ဒီစစ်ဆေးစမ်းသပ်မှုမှာ ပါဝင်လာတဲ့အတွက် အဲ့ဒီ့သားရဲက သူ့ရဲ့အသိစိတ်ကို ဖွင့်လှစ်ပြီး သူ့ရဲ့စိတ်ဝိညာဉ် အသိစိတ်ကို သေချာပေါက် ထုတ်ဖေါ်ရတော့မယ် အဲ့ဒီ့အခါကျရင် ငါတို့က စစ်ဆေးထောက်လှမ်းဖို့အတွက် အခွင့်အရေးကောင်းတစ်ခု ရှိလာလိမ့်မယ်”
အရှင်သခင်အချို့၏ အကြည့်များသည် ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်ပေါ်သို့ တစ်ပြိုင်နက်ထဲ ရောက်ရှိသွားကြလေသည်။
ထိုအခိုက်အတန့်တွင် ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်သည် သူ၏ ဖောင်းကားနေသောဗိုက်ပူပူဖြင့် သူ၏ ရထားလုံးအတွင်းမှာ လဲလျောင်းနေလေသည်။ သူက သောက်စားပျော်ပါးနေသည့်ပုံပင်။
သို့သော်လည်း သူတို့ထဲတွင် ဤဝတုတ်သည် ထောက်လှမ်းစစ်ဆေးသည့် နေရာမှာ အတော်ဆုံး ဖြစ်သည်ကို အရှင်သခင်များက သိထားကြလေသည်။
ဟင်္သပဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်သည် ခါတိုင်းလိုပင် ပြုမူပြီး သူ၏ ဘေးပတ်လည်တွင် မိန်းမပျိုလေးများဖြင့် မြူးထူးပျော်ပါးနေသည်ဟု ထင်ရသော်လည်း သူ၏ အသံက အရှင်သခင်အချို့၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာလေသည်။
“အားလုံးပဲ ဘာမှပူမနေနဲ့ အဲ့ဒီ့သားရဲက သူ့ရဲ့ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်တာနဲ့ ငါက သူ့ရဲ့နောက်ခံကို သေချာပေါက် ဖော်ထုတ်ပေးမယ်”
အရှင်သခင်အချို့သည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် အပြန်အလှန်ပြောဆိုနေကြပြီး အပြင်လူများက အဲ့ဒါကို ကြားရနိုင်လိမ့်မည် မဟုတ်ပေ။
မျောက်ဝံအိုကြီးသည် နေရာမှာပင် တိတ်တဆိတ်ထိုင်နေပြီး သူ၏ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းထားလေသည်။ သူက တစ်စုံတစ်ရာကို တွေးတောနေသည့်အလား သူ၏ မျက်ခုံးမွေးဖြူဖြူများက ညင်သာစွာ လှုပ်ခပ်သွားလေသည်။
သွေးပင်လယ်ဘေးတွင်…
မိစ္ဆာသားရဲတစ်ထောင်ကျော်သည် အဆင်သင့်ပြင်ထားပြီး စိတ်အားထက်သန်နေကြလေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ယုံကြည်မှု ရှိနေပြီး သူက ဆူဇီမိုကို လှောင်ပြောင်ရန်စသော အမူအရာဖြင့် လှမ်းကြည့်လိုက်၏။
ဆူဇီမိုက တည်ငြိမ်စွာ ပြုံးနေလေသည်။
သူက ဤအလောင်းအစားကို ပြုရဲမှတော့ သေချာပေါက် ယုံကြည်မှု ရှိလေသည်။
သူက ဒဏ္ဍာရီလာ အမြုတေ စိတ်ဝိညာဉ် ၂ခုကို ကျင့်ကြံထားခဲ့လေသည်။
ဒါ့အပြင် သူ့အမြုတေစိတ်ဝိညာဉ်၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကျက်နိုင်မှု အတိုင်းအတာသည် သူက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းစဉ်မှာပင် ၅၀ကီလိုမီတာထိ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ယခုအခါ ဆူဇီမိုသည် နိုးထဝိညာဉ်အဆင့်၏ အလယ်အလတ် အထွတ်အထိပ်မှာ ရှိနေပြီး သူ၏ ယင်စိတ်ဝိညာဉ်နှင့် အမြုတေစိတ်ဝိညာဉ် ၂ခုလုံး၏ ဖြန့်ကျက်နိုင်မှု အတိုင်းအတာသည် ကီလိုမီတာ ၂၅၀ ကျော်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သူ၏ အမြုတေ စိတ်ဝိညာဉ်၂ခုကို ပေါင်းစည်းလိုက်မည် ဆိုလျှင် သူက ကီလိုမီတာ ၅၀၀အထိပင် ဖြန့်ကျက်နိုင်လောက်လေသည်။
ဆူဇီမို အတွက်တော့ ပထမစစ်ဆေး စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ဖို့က အလွန်တရာ ရိုးရှင်းလေသည်။
“အဆင်သင့်ပြင်ထားကြ… သွားတော့…..”
ထိုသို့ အမိန့်ပေးသံနှင့် အတူ သွေးပင်လယ်၏ ဘေးပတ်လည်မှ စိတ်ဝိညာဉ် အသိစိတ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အကွာအဝေး တစ်ခုဆီသို့ ဖြန့်ကြက်သွားကြလေသည်။
သူတို့သည် သွေးပင်လယ် တံဆိပ်ပြားတစ်ခုကို ရှာဖွေရမည်သာမက အဲ့ဒါကို အရင်ဆုံး ပြုလုပ်နိုင်မှသာလျှင် ပထမ စမ်းသပ်စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။
အဲ့ဒီ့မှာ သွေးပင်လယ်တံဆိပ်ပြား ၅၀၀ ရှိသော်လည်း အဲ့ဒါကို အရင်ဆုံး ရှာဖွေနိုင်သည့် မိစ္ဆာသားရဲ ၁၀၀ကသာလျှင် နောက်ဆုံး စမ်းသပ်စစ်ဆေးမှုကို ဖြတ်ကျော်ဖို့အတွက် အဆင့်မီပေလိမ့်မည်။
ရွှစ်….
ဆူဇီမိုက သူ၏ စိတ်ဝိညာဉ် အသိစိတ်ကိုလည်း ထုတ်ဖော်လိုက်လေသည်။
ချက်ချင်းပင် များပြားလှစွာသော အကြည့်များသည် ဆူဇီမိုအပေါ်သို့ ကျရောက်လာကြ၏။ သူတို့အားလုံးသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်က ဘယ်လောက်အတိုင်းအတာအထိ ဖြန့်ကျက်နိုင်မလဲ တွေ့မြင်ချင်ကြလေသည်။
၅ ကီလိုမီတာ..
၂၅ ကီလိုမီတာ..
တစ်ခဏအတွင်းမှာပင် သူက ကီလိုမီတာ ၅၀အထိ ရောက်ရှိသွား၏။
သားရဲများက ထိတ်လန့်သွားကြလေသည်။
ကီလိုမီတာ၅၀က ပုံမှန်အားဖြင့်ဆိုလျှင် အဆင့်နိမ့် မိစ္ဆာသားရဲများ၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကျက်နိုင်မှု အကန့်အသတ် ဖြစ်လေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ ထိုအတိုင်းအတာအထိ ဖြန့်ကျက်နိုင်သော အဆင့်နိမ့်မိစ္ဆာသားရဲက မရှိသလောက်ပေ။ ကီလိုမီတာ ၄၀ကနေ ၄၅ အတွင်း ဖြန့်ကျက်နိုင်သော အဆင့်နိမ့် မိစ္ဆာသားရဲအများစုကို အနှိုင်းမဲ့ ပါရမီရှင်များဟု ခေါ်ဆိုသမုတ်ရပေမည်။
သို့သော်လည်း ဆူဇီမိုက တစ်ခဏအတွင်းမှာပင် ကီလိုမီတာ ၅၀သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ဒါ့အပြင် သူက သိပ်မကြာခင် ကီလိုမီတာ ၅၀ ကို ကျော်လွန်တော့မည်ဟု ထင်ရလေသည်။
“သူက တကယ်ပဲ သန်မာလှပါပေတယ်.. သူက အဲ့ဒီ့ အလောင်းအစားကို လက်ခံရဲတာ မထူးဆန်းတော့ဘူးပဲ.. သူက နှစ် ၁၀၀၀… မဟုတ်သေးဘူး… နှစ် ၁၀၀၀၀ မှာတောင် ပေါ်ထွက်လာခဲတဲ့ ရှားရှားပါးပါး ပါရမီရှင် တစ်ယောက်ပဲ”
“သူက ကီလိုမီတာ ၅၀ကျော်အောင် ဖြန့်ကျက်နိုင်တယ်ဆိုရော ဘာဖြစ်လဲ သွေးပင်လယ်တံဆိပ်ပြားတွေက ကီလိုမီတာ ၂၅၀ ကျော်မှ ရှိတာ သူက အဲ့ဒါနဲ့ အဝေးကြီး ကျန်သေးတယ်”
“နောက်ပြီးတော့ သူရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေတာ ရှင်းနေတာပဲ.. သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ်က အဲ့ထက်ဝေးဝေး ဖြန့်ကျက်သွားရင် အားနည်း…”
ထိုမိစ္ဆာသားရဲ၏ အသံသည် တိမ်ဝင်သွားပြီး ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က ၅၀ကီလိုမီတာကို ကျော်လွန်ပြီးတာတောင် နှေးကွေးသွားမည့် လက္ခဏာမရှိပဲ မိစ္ဆာသားရဲ အများစုကိုပင် ကျော်တက်သွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။
“ဒါက….”
“ဒီသားရဲက တကယ်ပဲ….”
စောင့်ကြည့်နေကြသော လက်ရှိသားရဲများသည် သူတို့၏ မျက်လုံးက ပြူးကျယ်သွားပြီး ဆက်လက်၍ ပြောဆိုနိုင်ခြင်း မရှိတော့ပေ။
ထိုသားရဲများ၏ ရှေ့မှောက်မှာပင် ဆူဇီမို၏ စိတ်ဝ်ညာဉ်အသိစိတ်က ကီလိုမီတာ ၁၀၀ ကို ကျော်လွန်သွားခဲ့လေပြီ။
သူ၏ စိတ်ဝိညာဉ် အသိစိတ်သည် အားနည်းမည့် လက္ခဏာ မရှိပဲ ဆက်လက်၍ ဖြန့်ကျက်နေဆဲ ဖြစ်၏။
ဈန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ အမူအရာက သုန်မှုန်လာလေသည်။
ဆူဇီမို၏ စိတ်ဝိညာဉ် အသိစိတ်ကို ထုတ်ဖော်လိုက်သည့် ခဏမှာပင် ဟင်္သပဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က သူ၏ ဝိုင်ခွက်ကို တွန်းဖယ်လိုက်၏။
သူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူတို့က သူ၏ မျက်လုံးအိမ်ကနေ ကျွတ်ထွက်တော့မည့်အလား အကောင်းဆိုးရွားဆန်ဆန်ဖြင့် ပြူးကျယ်လာလေသည်။
သူ၏ မျက်လုံးအိမ် များထဲတွင် တဖြတ်ဖြတ် တလက်လက် အရောင်က ထွက်ပေါ်လာ၏။
ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်၏ အကြည့်သည် လေဟာနယ်ကို ဖြတ်ကျော်ပြီး ဆူဇီမို၏ အသိစိတ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။
“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
ငွေလတောင်ကြား၏ အရှင်သခင်က မျက်မှောင်ကြုတ်ပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်၍ မေးလိုက်လေသည်။
ဈန်ပျံဆိတ်တောင်ထွတ်၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူးခိုးရွှံ့ညွန်မှ အရှင်သခင်များသည်လည်း အသံများကို ထုတ်လွှင့်ပို့လွှတ်လိုက်ကြ၏။ သူတို့အားလုံးက ထောက်လှမ်းစစ်ဆေးဖို့ ကြိုးစားကြသော်လည်း အချည်းနှီးပင် ဖြစ်ရလေသည်။
မို၏ ဘေးပတ်လည်တွင် မမြင်ရသော အကာအကွယ် အလွှာတစ်ခု ရှိနေပြီး သူတို့၏ အသိစိတ်များကို ပိတ်ဆို့ထားသည့် အလားပင်။
“ထူးဆန်းတယ် “
ခဏနေပြီးနောက် ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်၏ မျက်လုံးအိမ်များပေါ်ရှိ တဖြတ်ဖြတ် တလက်လက် အရောင်က ပျက်ပြယ်သွားပြီး သူ၏ မျက်လုံးအိမ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ တီးတိုး ရေရွတ်လိုက်လေသည်။
“ဘာဖြစ်လို့လဲ..”
ငွေလတောင်ကြားမှ အရှင်သခင်က သူ၏ စကားသံဖြင့် လွှတ်ခနဲ ပြောဆိုလိုက်၏။ အသံ ထုတ်လွှင့်ပို့လွှတ်ခြင်းကို ဆက်လက်၍ အသုံးပြုမနေတော့ပေ။
မျောက်ဝံအိုကြီးနှင့် ရွှေရောင်မီးတောက် တောင်တန်း၏ အရှင်သခင်ကလည်း လှည့်ကြည့်လိုက်ကြ၏။
ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“အဲ့ဒီ့သားရဲရဲ့ အစစ်အမှန်ပုံစံက လူသားတစ်ယောက်ပဲ”
“ဟမ်…”
ဈန်ပျံဆိတ်တောင်ထွတ်မှ အရှင်၏ အကြည့်က အေးစက်လာပြီး သူကပြောလိုက်လေသည်။
“သူက လူသားကျင့်ကြံသူ တစ်ယောက်လား…”
“သူက လူသားကျင့်ကြံသူ တစ်ယောက်ဆိုရင် ငါတို့က သူ့ကို တစ်ခါတည်း သတ်လိုက်ရုံပေါ့” မြွေတစ်ထောင်ကျွန်းမှ အရှင်သခင်က ထပ်ပြောလိုက်လေသည်။
“ခွိ..”
ရွှေရောင်မီးတောက်တောင်တန်းမှ အရှင်သခင်က လှောင်ရယ်လိုက်လေသည်။
“မင်းတို့ နှစ်ယောက်က နားထိုင်းနေကြတာလား.. သူက အဲ့ဒီ့ ‘သားရဲရဲ့’လို့ ပြောလိုက်တာ မကြားဘူးလား”
ငွေလတောင်ကြား၏ အရှင်သခင်က လက်ကာပြလိုက်လေသည်။
“သူက စကားကို ဘယ်လိုပဲပြောပြော ကိစ္စမရှိဘူး ဘယ်လိုသားရဲရဲ့ အစစ်အမှန်ပုံစံက လူသားတစ်ယောက် ပုံစံရှိမှာလဲ.. သူက သေချာပေါက် လူသားကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်ရမယ်”
“မင်းတို့က သူကို လူသားတစ်ယောက်လို့ မဟုတ်မမှန်စွပ်စွဲပြီး သတ်ဖြတ်ချင်နေကြတာလား”
မျောက်ဝံအိုကြီးက သူ၏ မျက်လုံးကို ဖွင့်ပြီး အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်လေသည်။
“မင်းတို့ရဲ့ မလိုတမာ စိတ်တွေက သိသာလွန်း မနေဘူးလား”
“သူက လူသားကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူး”
ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်ကလည်း သူ့ခေါင်းကို ခါလိုက်၏။
“ငါက သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ထဲမှာ ကြွယ်ဝတဲ့ သားရဲချီတွေကို ခံစားမိတယ်.. အဲ့ဒါက လူသားကျင့်ကြံသူတစ်ယောက်ရဲ့ အမြုတေ စိတ်ဝိညာဉ် သေချာပေါက် မဟုတ်ဘူး”
တကယ်တော့ ဈန်ပျံဆိတ်တောင်ထွတ်၊ ငွေလတောင်ကြားနှင့် မြွေတစ်ထောင်ကျွန်း၏ အရှင်သခင် များသည် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် သူက လူသားကျင့်ကြံသူ တစ်ယောက်ဖြစ်သည်ဆိုသော အကြောင်းပြချက်ကို အသုံးချချင်ကြလေသည်။ သို့သော်လည်း ဟင်္သပဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က ထိုစကားကို ပြောလိုက်ပြီးနောက် သူတို့က ဘာမှ မတတ်နိုင်ကြတော့ပေ။
“ဒါ့အပြင်…”
ဟင်္သပဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က စကားပြောချင်သော်လည်း ရပ်တန့်လိုက်လေသည်။
“ဒါ့အပြင် ဘာဖြစ်လဲ….”
ဈန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က ထပ်၍ မေးလိုက်လေသည်။
ဟင်္သပဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က သုန်မှုန်စွာဖြင့် ပြောလိုက်၏။
“ဒါ့အပြင်…. အဲ့ဒီ့ လူပုံသဏ္ဌာန်အမြုတေ စိတ်ဝိညာဉ်ပေါ်မှာ ကြေးခွံတချို့ ရှိနေပုံပဲ.. ငါက အဲ့ဒါကို သိပ်ပြီး ရှင်းရှင်းလင်းလင်းတော့ မမြင်ရဘူး”
“ကြေးခွံတွေလား….”
အရှင်သခင်များက မျက်မှောင်ကြုတ်လိုက်ကြ၏။
မျောက်ဝံအိုကြီးက ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။
“ငါတို့ သားရဲမျိုးနွယ်ရဲ့ မျိုးရိုးဇစ်မြစ်ကိုလည်း မမေ့လိုက်ကြနဲ့.. ကမ္ဘာဦးခေတ်တုန်းက အထီးကျန်ကုန်းမြေတွေမှာ လူပုံသဏ္ဌာန်ရှိတဲ့ သတ္တဝါတွေ ရှိတတ်ကြတာ ပုံမှန်ပဲ”
ရွှေရောင်မီးတောက် တောင်ကြား၏ အရှင်သခင်ကလည်း ခေါင်းညိတ်လိုက်လေသည်။
“အဲ့ဒါက အဓိပ္ပါယ်ရှိတယ်.. သူက ကမ္ဘာဦးခေတ်က သတ္တဝါတစ်မျိုးရဲ့ မျိုးဆက်သွေးကို အမွေခံ ရရှိထားတာ ဖြစ်ရမယ်.. အဲ့ဒါကြောင့်မို့လို့ သူက အဲ့လောက်မြင့်မားတဲ့ ပါရမီ အလားအလာကို ပိုင်ဆိုင်ထားတာ”
ဟင်္သပဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က စကားဆက်ပြောမည် ပြုစဉ်မှာပင် ဘေးဘက်ကနေ စူးစူးဝါးဝါးအသံများက ထွက်ပေါ်လာ၏။
“မြန်မြန်ကြည့်စမ်း သူက ကီလိုမီတာ ၂၅၀ကို ကျော်လွန်သွားပြီ”
လူတိုင်းသည် ရင်တစ်ချက်ထိတ်သွားပြီး လှည့်ကြည့်လိုက်ကြ၏။
ဟင်္သပဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်၏ အကြည့်က ခဏမျှ တဖြတ်ဖြတ်ဖြစ်သွားပြီး သူက ဆက်လက်၍ ပြောဆိုခြင်း မရှိတော့ပေ။
အဲ့ဒီ့မှာ သူထုတ်မပြောခဲ့သော တစ်စုံတစ်ရာရှိလေသည်။ ထိုလူပုံသဏ္ဌာန် အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ ကြေးခွံများက သာမာန်သားရဲတောကောင်များ၏ ကြေးခွံများနှင့် လုံးဝမတူပေ။