← Chapters

တစ်ကယ့်ကို ရက်စက်ကြမ်းကြုတ်ခြင်း

Vol. 57 Ch. 853

တစ်ကယ့်ကို ရက်စက်ကြမ်းကြုတ်ခြင်း

Vol. 57 Ch. 853

ကီလိုမီတာ ၂၅၀...

အလယ်အလတ်အဆင့် မိစ္တာသားရဲအများစုသည် ထိုအတိုင်းအတာအထိ မရောက်ရှိနိုင်ကြပေ။

သို့သော် ယခုအခါမှာတော့ သားရဲတစ်ထောင်တွေ့ဆုံပွဲတွင် ကီလိုမီတာ ၂၅၀ ကျော် ဖြန့်ကြက်နိုင်သော စိတ်ဝိညာဥ်အသိစိတ်ကို ပိုင်ဆိုင်ထားသည့် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ရှိလာခဲ့လေသည်။

ဒါ့အပြင် အဲ့ဒါက ဆက်လက်၍ ဖြန့်ကြက်နေဆဲဖြစ်၏။

သားရဲများသည် ဆက်လက်၍ အံ့အားသင့်မနေနိုင်ကြတော့ပေ။ သူတို့က တုန်လှုပ်ချောက်ချားလာကြလေသည်။

“အဲ့ဒါက တစ်ကယ့်ကို စဥ်းစားကြည့်လို့မရနိုင်အောင်ဘဲ ၊ သူ့ရဲ့အစစ်အမှန်ပုံစံက ဘာပါလိမ့်... သူက ဘာလို့အဲ့​လောက်တောင် သန်မာနေရတာပါလိမ့်”

“ဈာန်ပျံဆိတ်တောင်ထွတ်ရဲ့ သခင်လေးကတော့ အဲ့ဒီအလောင်းအစားမှာ သေချာပေါက် ရှုံးတော့မယ်”

“အဲ့ဒါက သိပ်တော့ မသေချာသေးဘူး ၊ စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ကီလိုမီတာ ၂၅၀ ကျော်ရင် သေချာပေါက် အားနည်းလာလိမ့်မယ် ၊ သူက သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို ရှာနိုင်ပါ့မလား ငါတို့ မသိရသေးဘူး”

ထိုသဘောတရားက လူတစ်ယောက်၏ အမြင်အာရုံနှင့်အတူတူပင် ဖြစ်လေသည်။

တစ်စုံတစ်ရာနှင့် ပို၍နီးကပ်လေလေ သူတို့က အဲ့ဒါကို ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်မည်​ဖြစ်၏။

ပို၍ဝေးသွားလေလေ အဲ့ဒါက ပို၍ မှုန်ဝါးလာပြီး တစ်စုံတစ်ရာကို ရှာဖွေဖို့က ပို၍ ခက်ခဲလာပေလိမ့်မည်။

ပထမစမ်းသပ်မှုတွင် ပါဝင်ယှဥ်ပြိုင်သော မိစ္ဆာသားရဲများအနေဖြင့် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များက ကီလိုမီတာ ၂၅၀ ကျော်ကို များသောအားဖြင့် ဖြန့်ကြက်နိုင်ကြလေသည်။ မဟုတ်ပါက သူတို့က ဤစမ်းသပ်စစ်ဆေးမှုမှာ ပါဝင်ယှဥ်ပြိုင်ခြင်းဖြင့် သူတို့၏အချိန်များကို ဖြုန်းစရာ လိုမည်မဟုတ်ပေ။

ဒါ့အပြင် သူတို့ထဲမှ ထက်ဝက်ကျော်သည် ကီလိုမီတာ ၂၅၀ ကို ကျော်လွန်ပြီးနောက် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များက အလွန်တရာထိုင်းမှိုင်းလာသည်ကို တွေ့ရှိရလေသည်။

သူတို့သည် ကီလိုမီတာ ၂၅၀ ကျော်တွင်ရှိသော တစ်စုံတစ်ရာကို ရှာဖွေဖို့နေနေသာ သူတို့၏ အသိစိတ်များက ကောင်းကောင်းပင် အာရုံမခံနိုင်တော့ပေ။

ဤစမ်းသပ်စစ်ဆေးမှုက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အဲ့ဒါက တစ်ကယ်တော့ အချိုးအစား နှစ်ခုကို စမ်းသပ်စစ်ဆေးထားလေသည်။

ပထမတစ်ခုက လူတစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာ​ဖြစ်ပြီး နောက်တစ်ခုကတော့ စိတ်ဝိညာဥ်အသိစိတ်၏ သန့်စင်မှုကို စစ်ဆေးခြင်းဖြစ်လေသည်။

လူတစ်​ယောက်၏ အမြုတေစိတ်ဝိညာဥ်က ပို၍ သန့်စင်လေလေ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်၏ ဘေးပတ်လည်မှာရှိသော အရာများကို ပို၍ရှင်းရှင်းလင်းလင်းအာရုံခံနိုင်မည်ဖြစ်လေသည်။

ဆူဇီမို၏ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်သည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံပြီး မဟာအရိုင်းကမ္ဘာမှ နဂါးဘုရင်၏ စိတ်ဝိညာဥ်သန့်စင်ခြင်း နည်းစနစ်ကို အသုံးပြု၍ သန့်စင်ထားလေသည်။

မည်သည့် သားရဲ၏ အမြုတေစိတ်ဝိညာဥ်ကမှ သူ့ထက်ပို၍ သန့်စင်နိုင်လိမ့်မည်မဟုတ်ပေ။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်ပင်လျှင် အင်မော်တယ်နှင့် ဗုဒ္ဓတာအိုများ၏ ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်နှစ်ခုကို သုံး၍ သန့်စင်ထားလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာ၏ အကူအညီနှင့် ထပ်ပေါင်းပါက အဲ့ဒါက ပို၍ သန့်စင်လာပြီး သွေးနီရောင်ဆံပင်နှင့်ယင်စိတ်ဝိညာဥ်နှင့်ပင် နှိုင်းယှဥ်လာနိုင်လေသည်။

ထို့ကြောင့်ပင် ဆူဇီမိုသည် ကီလိုမီတာ ၂၅၀ ကျော်ပြီးတာတောင် သူ၏ စိတ်ဝိညာဥ်အသိစိတ်က ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိနေဆဲဖြစ်၏။

မြင်တွေ့ရသော အရာရာတိုင်းသည် သူ၏စိတ်ထဲမှာ ထင်ဟပ်လာလေသည်။

သူသည် မြေကြီးထဲတွင် တွားသွားနေသော ပုရွက်ဆိတ်များနှင့် တီကောင်များကိုပင် အာရုံခံနိုင်လေသည်။

ဆူဇီမိုက အလောတကြီးရှိမနေပေ။

သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်ဆိုပါက သူက မြေပေါက်အနက် သုံးပေမှာ မြှုပ်နှံထားသော သွေးပင်လယ်တံဆိပ်ပြားများကိုပင် ရှာဖွေတွေ့ရှိနိုင်လေသည်။

ယခုအချိန်တွင် သူက စောစောကဖြစ်ပျက်ခဲ့သော တစ်စုံတစ်ရာနှင့်ပက်သတ်၍ စဥ်းစားတွေးတောနေခြင်းဖြစ်၏။

သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် စွမ်းအားကြီးသော အကြည့်တစ်ခုက မင်းဝမ်ဆုတောင်းပုတီး၏ အကာအရံကို ထိုးဖောက်ပြီး သူ၏အသိစိတ်ထဲသို့ ဝင်ရောက်သည်ကို သူက ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်၏။

အဲ့ဒါက သူ့ကို ထိတ်လန့်သွားစေခဲ့လေသည်။

တစ်ကယ်တော့ ဆူဇီမိုသည် ဤနေရာသို့ ရောက်ရှိလာပြီးနောက် သတိကြီးကြီးထားနေခဲ့ပြီး သူ၏ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်ကို ဖုံးကွယ်ထားခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

ဖန်တီးခြင်းကြာပဒုမ္မာက ထောင့်တစ်နေရာမှာ ရစ်ဝဲနေပြီး သူ၏ ပွင့်ဖတ်ပွင့်ချက်များကို အဖူးအငုံတစ်ခုကဲ့သို့ စုဆုံထားလေသည်။

အနက်ရောင်ဆံပင်နှင့်အမြုတေစိတ်ဝိညာဥ်က ထိုအထဲမှာ ပုန်းကွယ်နေလေသည်။ ထို့ကြောင့်ပင်လျှင် ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်၏ တည်ရှိမှုကိုသာ ထောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်လေသည်။

ဆူဇီမို၏ အသိစိတ်အတွင်းမှာ နောက်ထပ်အမြုတေစိတ်ဝိညာဥ်တစ်ခုရှိနေသေးတာကို သူက မသိနိုင်ခဲ့ပေ။

သွေးနီရောင်ဆံပင်နှင့် ယငိစိတ်ဝိညာဥ်သည် ဟင်္သပြဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်၏အကြည့် ထိုးဖောက်ဝင်ရောက်လာသည်နှင့် ချက်ချင်းပင် အာရုံခံမိခဲ့လေသည်။

အဲ့ဒါက နှိုးဆွခံလိုက်ရသည့်အလား သွေးနီရောင်ဆံပင်နှင့်ယင်စိတ်ဝိညာဥ်သည် တောက်ပသော အလင်းရောင်တစ်ခုနှင့်အတူ သူ၏မျက်လုံးများကို ဖြတ်ကနဲဖွင့်လိုက်၏။ ချက်ချင်းပင် နီရဲနေသော နဂါးကြေးခွံများသည် သူ၏ကိုယ်ပေါ်တွင် တစ်ခုပြီးတစ်ခုပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို အထက်စီးကနေ ကြည့်နေသော အရှင်သခင်တစ်ပါး၏ စွမ်းပကားကို ထုတ်ဖော်လိုက်၏။

သားရဲတောကောင်များသည် သူတို့ပိုင်စိုးသောနယ်မြေတွင် သန်မာသော အာရုံခံအသိစိတ်ရှိကြလေသညိ။

အထူးသဖြင့် နဂါးမျိုးနွယ်များအတွက် ဖြစ်လေသည်။

သွေးနီးရောင်ဆံပင်နှင့် ယငိစိတ်ဝိညာဥ်သည် မဟာအရိုင်းကမ္ဘာမှ နဂါးဘုရင်၏ စိတ်ဝိညာဥ်သန့်စင်ခြင်းနည်းစနစ်ကို ကျင့်ကြံထားပြီး သူကိုယ်တိုင်က နဂါးတစ်ကောင်နှင့် မခြားနားပေ။ ဟင်္သပြဒါးတိမ်လွှာတောင်ကြားမှ အရှင်သခင်၏ ထောက်လှမ်းစစ်ဆေးမှုက ချက်ချင်းပင် ပျက်ပြယ်သွားရလေသည်။

အဲ့ဒါက နဂါးမျိုးနွယ်၏ စွမ်းအားဖြစ်လေသည်။

သာမန်သားရဲတောကောင်များအတွက် အဲ့ဒါကို ခုခံဖို့က မဖြစ်နိုင်သလောက်ပင်။

ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်သည် လျှို့ဝှက်ပညာရပ်တစ်ခုကို ကျင့်ကြံထားပြီး သူ၏ အကြည့်က မင်းဝမ်ဆုတောင်ပုတီး၏ အကာအရံကို ထိုးဖောက်နိုင်သော်လည်း ဆူဇီမို၏ အသိစိတ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် သူ၏ခွန်အားက သိသိသာသာ လျော့ကျသွားလေသည်။

သူ၏အကြည့်သည် သွေးနီရောင်ဆံပင်နှင့်ယင်စိတ်ဝိညာဥ်၏ အကြည့်ချင်း ဆုံမိချိန်တွင် ချက်ချင်းပင် ပျက်ပြယ်သွားရလေသည်။

ထို့ကြောင့်ပင်လျှင် ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်သည် ဆူဇီမို၏ အစစ်အမှန်ပုံစံကို နောက်ဆုံးအချိန်ထိ မမြင်တွေ့နိုင်ခဲ့ခြင်းဖြစ်လေသည်။ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကနေ ထုတ်လွတ်လိုက်သော အော်ရာကပင် သူ့ကို တုန်လှုပ်ချောက်ချားသွားစေဖို့ လုံလောက်လေသည်။

လက်ရှိသားရဲများအတွက်တော့ အဲ့ဒါက စိတ်ဝိညာဥ်အသိစိတ်များအကြား သာမန်ပြိုင်ပွဲတစ်ခုသာ ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုသည် အဲ့ဒါကို စတင်ချိန်ကတည်းက အရှင်သခင်တစ်ပါးနှင့် အကြိတ်အနယ်ပြိုင်ဆိုင်ခဲ့ရသည်ကို မည်သူကမှ မသိကြပေ။

ဖြစ်စဥ်တစ်ခုလုံးသည် တစ်ခဏသာကြာသော်လည်း အဲ့ဒါက အလွန်တရာအန္တရာယ်များခဲ့လေသည်။

သူ၏ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က ဖော်ထုတ်ခံရလျှင် ဟင်္သပြဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်က သူ့ကို မတိုက်ခိုက်ဘူးဟု ဆူဇီမိုက အာမ,မခံနိုင်ပေ။

ဒါ့အပြင် ငွေလတောင်ကြားနှင့် အ​ခြားနယ်မြေများမှ အရှင်သခင်များသည်လည်း သူ့ကိုသေချာပေါက် လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

“ဟားဟားဟားဟား... ငါအဲ့ဒါကို တွေ့ပြီ”

ထိုစဥ်မှာပင် မိစ္ဆာသားရဲတစ်ယောက်၏ ရယ်သံက ဆူဇီမို၏ အတွေးများကို ဝင်ရောက်နှောင့်ယှက်လိုက်၏။

အဲ့ဒါက ရွှေရောင်မီးတောက်​တောင်တန်းမှ မိစ္ဆာသားရဲတစ်ယောက်ဖြစ်လေသည်။ သူ၏ စိတ်ဝိညာဥ်အသိစိတ်သည် ကီလိုမီတာ ၂၅၀ ကို ကျော်လွန်ချိန်မှာပင် သူက မြက်ဖုတ်တစ်ခုပေါ်တွင် သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ခဲ့လေသည်။

သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို ရှာဖွေတွေ့ရှိနိုင်မှုက အမြုတေစိတ်ဝိညာဥ်၏ သန့်စင်မှုအပြင် ကံကောင်းမှုကလည်း ပါဝင်ပတ်သတ်လေသည်။

အချို့သော သွေးပင်လယ်တံဆိပ်ပြားများကို မြက်ဖုတ်များပေါ် သို့မဟုတ် ကျောက်တုံးများပေါ် ဒီတိုင်းပစ်ချထားမည် ဖြစ်လေသည်။

အချို့သော သွေးပင်လယ်တံဆိပ်ပြားများကိုတော့ ပို၍ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားမည် ဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် အချိန်ကြာလာသည်နှင့်အမျှ သွေးပင်လယ်တံဆိပ်ပြားများကို ရှာဖွေဖို့ ပိုမိုခက်ခဲလာရခြင်း ဖြစ်လေသည်။

ဘာဘဲပြောပြော မိစ္ဆာသားရဲအများစုသည် အပေါ်ယံတွင်ထားရှိသော သွေးပင်လယ်တံဆိပ်ပြားများကို ရှာဖွေနိုင်ကြလေသည်။

ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေး၏ အမူအရာက သုန်မှုန်လာလေသည်။

ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က ကီလိုမီတာ ၂၅၀ ကို ဖြန့်ကြက်နိုင်သွားသည်ကို သူက အာရုံခံမိသည့်ခဏမှာပင် သူ၏စိတ်က လေးလံထိုင်းမှိုင်းလာခဲ့လေသည်။

သူက ဤအလောင်းအစားမှာ ရှုံးနိမ့်ရပေတော့မည်။

သို့သော်လည်း အဲ့ဒါက ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခြင်း တစ်ခုမဟုတ်ဟု သူက ခံစားမိလေသည်။

အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်က ဤမျှကြောက်စရာကောင်းသည့် အတိုင်းအတာထိ ဖြန့်ကြက်နိုင်လိမ့်မည်ဟု မည်သူကများ တွေးထင်ထားပါမည်နည်း။

ငါက ရှုံးတယ်ဆိုရင်လည်း ရှုံးသွားတယ်ပေါ့လေ။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် စိတ်ထဲကနေ အေးစက်စက် လှောင်ပြောလိုက်လေသည်။

“ငါလုပ်ဖို့လိုတာက သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို စားရုံဘဲပေါ့ ၊ ဒါက ကိစ္စကြီးတစ်ခုမှမဟုတ်တာ”

သိပ်မကြာမီ ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သစ်ကိုင်းတစ်ကိုင်းတွင် သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။ သူ၏စိတ်ဝိညာဥ်အသိစိတ်က ထိုတံဆိပ်ပြားပေါ်သို့ ရောက်ရှိပြီးချိန်မှာပင် သူက အဲ့ဒါကို လျှင်မြန်စွာ ပြန်လည်ရုတ်သိမ်းလိုက်၏။

ဤအချိန်တို​လေးအတွင်း မိစ္ဆာသားရဲတစ်ဝက်နီးပါးလောက်က သွေးပင်လယ်တံဆိပ်ပြားများကို ရှာဖွေတွေ့ရှိခဲ့ကြပြီးလေပြီ။

ထိုမိစ္ဆာသားရဲများက အလွန်တရာ စိတ်လှုပ်ရှားတက်ကြွလာကြလေသည်။

သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ဘေးဖက်သို့ လှည့်ကြည့်လိုက်လေသည်။

သူက ဆူဇီမို၏လက်ထဲတွင် သွေးပင်လယ်တံဆိပ်ပြားတစ်ခုကို မြင်လိုက်ရ၏။ ထိုသူက သူ့ထက်ပင်ပို၍ မြန်ဆန်နေသေး၏။

သူက ဤအလောင်းအစားမှာ ရှုံးသွားခဲ့လေပြီ။

“စိတ်ဝင်စားစရာဘဲ...ဈာန်ပျံဆိတ်တောင်ထွတ်ရဲ့ သခင်လေးက အခုဆို တံဆိပ်ပြားတစ်ခုကို စားရတော့မယ်”

“ဟီးဟီး... သွေးပင်လယ်တံဆိပ်ပြားက ဘယ်လိုအရသာရှိမလဲ ငါသိချင်လိုက်တာ”

ဘေးနားပတ်လည်မှ ပြောဆိုသံများကို ကြားရသောအခါ ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် ဖြူဖတ်ဖြူရော် အမူအရာနှင့်အတူ အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။

“မို.. ဒီပွဲမှာ မင်းက နိုင်သွားပါပြီ”

သူက သုန်မှုန်နေသောအကြည့်နဲ့အတူ ဆူဇီမိုကို စိုက်ကြည့်ပြီးနောက် အေးစက်စွာပြောလိုက်သည်။

“ဒါပေမယ့်လို့ စောင့်လည်းကြည့်လိုက်ပါဦး”

ထိုသို့သူပြောပြီးနောက် ဆူဇီမိုက သူ၏မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ထိုသူက သူ​ပြောတာကို မကြားရဘဲ အတွေးနက်နေသည့်အလား ထင်ရလေသည်။

“ဟမ့်... မင်းက ဘာတွေလာ​ပြီး သရုပ်ဆောင်နေတာလဲ”

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးက သူ၏နှုတ်ခမ်းကို စူလိုက်၏။​

“ဆက်ပြီးတော့ ဟန်ဆောင်မနေနဲ့တော့”

ထိုစဥ်မှာပင် နောက်ထပ် မိစ္ဆာသားရဲများသည် သွေးပင်လယ်တံဆိပ်ပြားများကို ရှာဖွေတွေ့ရှိခဲ့ကြ၏။

သို့​သော်လည်း သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ပြန်ခေါ်ပြီးနောက် သူတို့၏အမူအရာက ထူးဆန်းနေကြ၏။ သူတို့အားလုံးသည် ဘေးဖက်တွင် ငြိမ်သက်နေသော ဆူဇီမိုကို တုန်လှုပ်နေသော အမူအရာများဖြင့် လှည့်ကြည့်လိုက်ကြ၏။

ဈာန်ပျံဆိတ်တောင်ထွတ်၏ သခင်လေးသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ပြန်ခေါ်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် သူကအဲ့ဒါကို အာရုံခံမိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့၏ စိတ်ဝိညာဥ်အသ်ိစိတ်များသည် ကီလိုမီတာ ၂၅၀ ကျော်တွင် စွမ်းအားကြီးသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက အရူးအမူး မွှေနှောက်ရှာဖွေနေသည်က်ို သူတို့က ရှင်းလင်းစွာ အာရုံခံမိခဲ့ကြ၏။

အဲ့ဒါက ကီလိုမီတာ ၂၅၀ ကျော်မှာရှိသော သွေးပင်လယ်တံဆိပ်ပြားများ အားလုံးကို ရှာဖွေနေသည်နှင့်တူလေသည်။

မြေအောက်မှာ မြှုပ်နှံထားသော အရာများဖြစ်စေ ၊ သစ်ပင်အခေါင်းထဲမှာ ဝှက်ထားသော အရာများဖြစ်စေ ဤစိတ်ဝိညာဥ်အသိစိတ်သည် ရှာဖွေတွေ့ရှိနိုင်ပြီး သူတို့ကို စုစည်းပြီးနောက် ဆက်လက်၍ ရှာဖွေနေဆဲဖြစ်လေသည်။

ထိုမိစ္ဆာသားရဲများက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ပြန်ရုတ်သိမ်းလိုက်သည့်အချိန်တွင် ထိုစွမ်းအားကြီးသော စိတ်ဝိညာဥ်အသိစိတ်က သွေးပင်လယ်တံဆိပ်ပြား တစ်ရာကျော်ကို စုဆောင်းခဲ့ပြီးဖြစ်လေသည်။

“မိုက ဘာလုပ်ဖို့ကြိုးစားနေတာပါလိမ့်”

မိစ္ဆာသားရဲများက ကြောင်အမှင်တက်သွားကြလေသည်။ သူတို့သည် ဈာန်ပျံစိတ်တောင်ထွတ်၏ သခင်လေးကို တစ်ချက်ခိုးကြည့်ပြီးနောက် ဖြစ်နိုင်ချေ အတွေးတစ်ခုက သူတို့၏ အာရုံထဲမှာ ထင်ဟပ်လာလေသည်။ သို့သော် လည်း သူတို့က အဲ့ဒါကို မယုံကြည်နိုင်ကြသေးပေ။

မျောက်ဝံမြူးထူးတောင်ရိုး၏ အဖွဲ့ရှေ့တွင်...

ယွမ်လင်းအာ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ထိုအရာကို ရှာဖွေတွေ့ရှိပြီးနောက် သူမက ကြက်သေသေသွားလေသည်။

သိပ်မကြာမီ တစ်ခုခုကို အတွေးပေါက်သွားသည့်အလား ယွမ်လင်းအာက ဟားတိုက်ရယ်မောလိုက်၏။

“ဘာဖြစ်လို့လဲ”

မျောက်နှင့်အခြားသူများသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ကီလိုမီတာ ၂၅၀ ကျော်တွင် ဖြစ်ပျက်နေသည့်အရာများကို မမြင်နိုင်ပေ။ ထို့ကြောင့် မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။

“အဲ့ဒီသခင်လေးဆိုတဲ့ လူကတော့ ပြဿနာတက်တော့မယ်”

ယွမ်လင်းအာက သူမ၏ အူမြူးအားရမှုကို ထိန်းလိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။

“အဲ့ဒါကို ငါဘယ်လိုပြောရမလဲ... မင်းတို့ရဲ့ အစ်ကိုကြီးဆိုတဲ့လူက တစ်ကယ့်ကိုရက်စက်ကြမ်းကြုတ်တာဘဲ”

All Chapters