← Chapters

ဓါးတစ်ချောင်းကို ဆွဲကိုင်၍ ဝမ်ရှခန်းမကို ဖျက်စီးမည်။

Vol. 25 Ch. 337

ဓါးတစ်ချောင်းကို ဆွဲကိုင်၍ ဝမ်ရှခန်းမကို ဖျက်စီးမည်။

Vol. 25 Ch. 337

"စနစ်~ ဝမ်ရှခန်းမရဲ့ အကာအကွယ် အစီအရင်ကို စစ်ဆေးလိုက်ပါ"

ဝမ်ဖုန်းသည် အနက်ရောင်နန်းတော်ကြီးကို စူးစိုက်ကြည့်ပြီး လျှို့ဝှက်စွာပြောလိုက်သည်။ 

"ဒင်~စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ် ၁၀ သန်းကို အသုံးပြုလိုက်ပါသည်"

"ဒင်~ ဝမ်ရှခန်းမရဲ့ အကာအကွယ်အစီအရင်ကို နတ်မင်းဝါးမြိုခြင်း အစီအရင်လို့ခေါ်ပါတယ် ၊ အစီအရင်အတွင်း ဝင်သွားတဲ့သူတွေက မရေမတွက်နိုင်တဲ့ တစ္ဆေသရဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ခြေကုန်လက်ပမ်းကျ သေဆုံးရမှာပါ ၊ ဒါ့အပြင် အစီအရင်ထဲမှာ ကောင်းကင်နှင့်မြေပြင်ကြားရှိ နတ်မင်းစွမ်းအင်တွေကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိပါဘူး..."

သူ၏စိတ်အာရုံအတွင်း ထွက်ပေါ်လာသည့်အေးစက်သည့် အသံက ဝမ်ဖုန်၏ မျက်ဝန်းများကို လေးနက်သွားစေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများတွင် သာမန်မဟုတ်ထူးကဲသော တိုက်ပွဲဝင်စွမ်းအားများ ပိုင်ဆိုင်ထားသော်လည်း သူတို့အားလုံး၏ ကျင့်ကြံမှုမှာ ဂုဏ်သရေနတ်မင်း အထွတ်အထိပ်အဆင့်၌သာ ရှ်ိနေသေးသည်။ ဝမ်ရှခန်းမကို တိုက်ခိုက်ခြင်းကတောင် ဖိအားကြီးကြီးအားမား ရရှိနေခဲ့ပြီး ဖြစ်သည်။ နတ်မင်းဝါးမြိုခြင်း အစီအရင်ဖြင့်ဆိုပါက သူတို့၏ အနိုင်ရရှိမှုနှုန်းမှာ အင်မတန်ကို နိမ့်ပါးသွားပေလိမ့်မည်။

ဟုတ်ပါပေသည် ဒါက လီပိုင်ကို ထည့်တွက်မထားသေးပါ။

"စနစ်~ နတ်မင်းဝါးမြိုခြင်းအစီအရင်ကို တိတ်တဆိတ် ဖျက်ဆီးနိုင်မယ့် နည်းလမ်းရှိလား?"

တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက လျှို့ဝှက်စွာမေးလိုက်သည်။

"ဒင်~ပိုင်ရှင်အနေနဲ့ အစီအရင်ဖျက်ဆီးခြင်း ကျောက်တုံးကို ဂိုဏ်းအမှတ် သန်း ၅၀ အသုံးပြုပြီး ဝယ်ယူနိုင်ပါတယ် "

"အစီအရင်ဖျက်ဆီးခြင်း ကျောက်တုံးထဲမှာ ကမ္ဘာလောကကြီးအတွင်းက အစီအရင်တွေကို ဖျက်ဆီးနိုင်မယ့် လမ်းစဥ်တွေ ပေါင်းထည့်ထားပါတယ်... ဒါ့ကြောင့်မလို့ အစီအရင်ရဲ့ မျက်နှာပြင်က မပျက်စီးသော်လည်း အတွင်းပိုင်းကိုတော့ လှိုက်စားဖျက်ဆီးလိုက်မှာပါ"

"ဝယ်ယူမယ်..."

စနစ်၏ အေးစက်သည့်အသံ ထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းက တုံ့ဆ်ိုင်းမနေဘဲ ပြောလိုက်သည်။

"ဒင်~အစီအရင်ဖျက်ဆီးခြင်းကျောက်တုံးကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"

ဝမ်ဖုန်းက အစီအရင်ဖျက်ဆီးခြင်း ကျောက်တုံးကို ထုတ်ယူကြည့်ရှုလိုက်သည်။ ယင်းက သိပ်သည်းပြီး ထူးခြားဆန်းကြယ်သော မျဥ်းကြောင်းများဖြင့် ထွင်းထုထားသည့် အညိုရောင်ကျောက်တုံးလေးတစ်တုံး ဖြစ်ပြီး ၎င်းကျောက်တုံးလေး၏ အပေါ်တွင် ဖျက်ဆီးခြင်းဟူသော စကားလုံးကို ရေးထိုးထားသေးသည်။

"စနစ်~ အစီအရင်ဖျက်ဆီးခြင်း ကျောက်တုံးကို ဘယ်လိုအသုံးပြုရမလဲ?"

"ဒင်~ အဲ့ဒါကို မြေကြီးပေါ် ချထားလိုက်ပါ ၊ အစီအရင်ဖျက်ဆီးခြင်း ကျောက်တုံးက ပတ်ပတ်လည် မ်ိုင်တစ်ထောင်အကွာအဝေးမှာ ရှိတဲ့ အစီအရင်တွေကို အလိုအလျောက် စုံစမ်းပြီး ပိုင်ရှင်ရဲ့ အတွေးအခေါ်တိုင်း ဖျက်ဆီးပစ်မှာပါ"

သူ့စိတ်အာရုံအတွင်း ထွက်ပေါ်လာသည့် အေးစက်သည့်အသံကြောင့် ဝမ်ဖုန်းက ကျေနပ်အားရစွာ ခေါင်းငြိမ့်လိုက်သည်။ သူက အစီအရင်ဖျက်ဆီးခြင်းကျောက်တုံးကို မြေပြင်ပေါ်ချလိုက်ပြီး နတ်မင်းဝါးမြိုခြင်း အစီအရင်ကို ဖျက်ဆီးခိုင်းလိုက်သည်။

တစ်ခဏအကြာတွင် ဝမ်ဖုန်းသည် နတ်မင်းဝါးမြိုခြင်းအစီအရင်၏ အပေါ်ပန်းပုံသဏ္ဍာန်မှာ မပျက်စီးသေးသော်လည်း ၎င်း၏ အတွင်းပိုင်းတွင် သူ၏ နှလုံးသားကိူ တုန်ယင်စေသော အရှိန်အဝါကြီး မရှိတော့ကြောင်း သိရှိလိုက်ရသည်။ 

"သတ်ကြ!"

နတ်မင်းဝါးမြိုခြင်း အစီအရင်ကို ဖျက်ဆီးလိုက်ပြီးနောက် ဝမ်ဖုန်းက တုံ့ဆိုင်းမနေခဲ့ပေ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ရှန်ရှန့်ကျုံဂိုဏ်းအကြီး အကဲများကို ဝမ်ရှခန််းမအား ဖျက်ဆီးဖို့ အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူသည် မှော်လက်နက် အစုံလိုက်ကို အသုံးပြုလိုက်ပီး ဟွာကွမ်းဖေးရှန်းဓါးကလည်း သူ၏ လက်အတွင်းရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ထက်မြသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သူသည် ဝမ်ရှခန်းမဆီသို့ တက်လှမ်းသွားခဲ့သည်။ 

ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ အရှိန်နှုန်းမှာ အင်မတန်မှ မြန်ဆန်လှလေသည်။ မျက် တောင်တစ်ခတ်အတွင်းမှာ သူတို့က အနက်ရောင်နန်းတော်ကြီး၏ အရှေ့သို့ ရောက်လာခဲ့ကြသည်။ ဤအချိန်၌ နန်းတော်ကြီးကို စောင့်ရှောက်နေသော ဝမ်ရှခန်းမ၏ တပည့်များကလည်း လှုပ်ရှားလိုက်ကြသည်။ 

သို့ပါသော်လည်း သနားစဖွယ်ပင် ။ သူတို့စတင် မလှုပ်ရှားရသေးခင်မှာပဲ သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ သတ်ဖြတ်ခြင်းကို ခံလ်ုက်ရသည်။

"ငါတို့ ဝမ်ရှခန်းမကို ဘယ်ကောင်က ကျူးကျော်ရဲသလဲ?"

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများက ဝမ်ရှခန်းမအစောင့်အရှောက်များကို သတ်ဖြတ်လိုက်ပြီးသည့်နောက် ဒေါသထွက်နေသော အသံကြီးတစ်သံသည် တောင်ကြားတစ်ခွင် ထွက်ပေါ်လာသည်။ ယင်းနောက် တောင်ကြားအတွင်းမှ ဒါဇင်ချီသော လူများ ထွက်လာကြပြီး ဝမ်ဖုန်းနှင့် အခြားသူများကို အေးတ််ိအေးစက် စိုက်ကြည့်လိုက်ကြသည်။ 

ဦးဆောင်လာသူမှာ ဝမ်ရှခန်းမ၏ အရှင်သခင်ဖြစ်ပြီး သူ၏ နောက်မှာတော့ ကောင်းကင်ဘုံ သတ်ဖြတ်ခြင်း နတ်ဘုရားငါးပါး ရှိနေကြသည်။ ဒါ့အပြင် မြေကမ္ဘာ သတ်ဖြတ်ခြင်းနတ်ဘုရား ဒါဇင်ကျော်နှင့် အဝါရောင်အဆင့် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ရာနီးပါးလည်း ရှိနေသေးသည်။ 

"မင်းတို့က ဝမ်ရှခန်းမကို လာရောက်ပြီး မောက်မာရဲတယ်ပေါ့လေ.. ဒါက သေမင်းကို စိန်ခေါ်နေတာဘဲ "

ဝမ်ရှခန်းမသခင်သည် ဝမ်ဖုန်းနှင့် အခြားသူများကို စိုက်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ အသံက တောင်ကြားတစ်ခုလုံးကို တုန်ခါလာစေခဲ့သည်။ ဝမ်ဖုန်းက လွဲပြီး သူက အခြားသူမျာ၏ ကျင့်ကြံမှုများကို သူတို့်အားလုံး အာရုံခံမိလိုက်သည်။ ဒါ့ကြောင့်ပဲ ဝမ်ရှခန်းမသခင်မှာ ပိုလိုတောင် ဒေါသပုန်ထလာရသည်။ 

ဘယ်အချိန်တုန်းက ဂုဏ်သရေနတ်မင်း အထွတ်ပထိပ်အဆင့် ပုရွက်ဆိတ်လေးတွေက ဝမ်ရှခန်းမကို တိုက်ခိုက်ရဲတဲ့ သတ္တိရှိလာရတာလဲ?။

တောင်ပိုင်းနယ်မြေတွင် သူတို့ ဝမ်ရှခန်းမက ထိပ်တန်းအင်အားစုကြီး မဟုတ်သည်မှာ မှန်ကန်သော်လည်း သူတို့၏ ခွန်အားကိုတော့ အထင်မသေးသင့်ပေ။ ဒါ့အပြင် သူတို့၌ အထူးအင်အားစု သုံးစုတောင် ရန်မစနိုင်လောက်သော နောက်ခံကြီးလည်း ရှ်ိနေသေးသည်။

ဒီ ဂုဏ်သရေနတ်မင်း အထွတ်အထိပ်အဆင့် ပုရွက် ဆိတ်လေးတွေက သေမင်းကို စိန်ခေါ်နေတာလား?။

"သတ်!"

ဝမ်ဖုန်းသည် ဝမ်ရှခန်းမသခင်ကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး အလေးထား တွေးတော နေခြင်းမရှိတော့ပေ။

၎င်းဝမ်ရှခန်းမက ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ရဲသည်။ ဒါက ခွင့်မလွှတ်န်ိုင်သည့် ရာဇဝတ်မှုပင်။ 

ဝမ်ဖုန်း၏ စကားဆုံးသွားသည်နှင့် ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများမှာ နောက်ကောက်ကျ မကျန်ရစ်ကြပေ။ ဖောင့်ပန်းနှင့်အုပ်စုသည် ဝမ်ရှခန်းမသခင် အနောက်ဘက်ရှိ ကောင်းကင်ဘုံသတ်ဖြတ်ခြင်း နတ်ဘုရား ၅ ပါးထံ ပြေးဝင်သွားသည်။

လီရော့ဟိုင် ၊ ကောကျင့် ၊ ကျန်းစန်ဖုန်း ၊ ရန်ကော စသည်တို့က မြေကမ္ဘာသတ်ဖြတ်ခြင်း နတ်ဘုရား ၈ ပါးနှင့် ရင်ဆိုင်လိုက်သည်။ ကျန်တဲ့လူများကတော့ အဝါရောင်အဆင့် သတ်ဖြတ်ခြင်း နတ်ဘုရားများနှင့် ရင်ဆိုင်လိုက်ကြသည်။

"သေချင်နေတာပဲ... ဒီအရှင်သခင်ကို တိုက်ခိုက်ရဲတယ်လား"

ဝမ်ဖုန်းတို့အုပ်စုက ဘာစကားမှမပြောဘဲ စတင်တိုက်ခိုက်လိုက်တာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ရှခန်းမသခင်သည် လုံးဝဒေါသပုန်ထသွားသည်။ လေထုတစ်ခုလုံးမှာ ပြိုပျက်သွားပြီး နတ်မင်းအဆင့်၏ ဆန်းကြယ်သော ချီစွမ်းအင်များသည် သူ၏ လက်ဖဝါးအောက်၌ ဖြစ်တည်လာသည်။ 

တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံသတ်ဖြတ်ခြင်း နတ်ဘုရားများနှင့် မြေကမ္ဘာသတ်ဖြတ်ခြင်း နတ်ဘုရားများကလည်း တစ်ယောက်ပြီးတစ်​ယောက် ပြေးထွက်လာကြသည်။ တောင်ကြားတစ်ခုလုံး၌ ရေခဲတမျှအေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်သွားကာ အပူချိန်က သုညမှတ်ထိတိုင် လျော့ကျသွားရသည်။

ဝမ်ရှခန်းမသခင်၏ လက်ဖဝါးနဲ့ ရင်ဆိုင်လိုက်ရသော်လည်း ဝမ်ဖုန်း၏ မျက်နှာက တည်ငြိမ်နေသေးဆဲပင်။ သူဟာ ကိုယ်တွင်းရှိ စွမ်းအားများကို ဟွာကွမ်းဖေးရှန်းဓါးဆီ သွတ်သွင်းလိုက်သည်။ ဟွာကွမ်းဖေးရှန်းဓါးက ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး တောက်ပ သော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

"ကောင်းကင်ယံအပြင်ဘက် ​ပျံသန်းနေသော အမတအရှင်"

ဝမ်ဖုန်းက တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ဟွာကွမ်းဖေးရှန်းဓါးကလည်း လှုပ်ရှားသွားခဲ့သည်။ ပြီးပြည့်စုံသော ဓါးချီများ ထွက်ပေါ်လာကာ အပြာရောင်ကောင်းကင်ကြီးပေါ်ရှိ တိမ်စိုင်တိမ်လိပ်များမှာ ၎င်းဓါးချီအရှိန်အဝါများ၏ ထိုးခွဲခြင်း ခံလိုက်ရသည်။

ကောင်းကင်ယံအပြင်ဘက်ပျံသန်းနေသော အမတ ဓါးကွက်သည် ပြိုင်ဘက်ကင်းဓါးသိုင်းတစ်ခု ဖြစ်ပါပေသည်။ ဟွာကွမ်းဖေးရှန်းဓါးနဲ့ ပေါင်းစပ်လိုက်သည့်အခါ ၎င်း၏ စွမ်းအားမှာ တစ်ရာရာခိုင်နှုန်း တိုးတက်လာရသည်။ ဤတိုက်ကွက်မှာ အင်မတန်မှ ခြောက်ခြားဖွယ်ကောင်းပေသည်။ 

ဓါးချီထွက်ပေါ်လာပြီး များမကြာမီတွင် တောင်ကြားတစ်ခုလုံးက အဆက်မပြတ် ခါယမ်းလာခဲ့ကာ မိုင်တစ်ထောင် ပတ်ပတ်လည်ရှိ လေထု၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့် မြေပြင်ဟာ ထက်ခြမ်းပိုင်းခံလိုက်ရသကဲ့သို့ ဖြစ်နေခဲ့သည်။

ဘုန်း......

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ဝမ်ရှခန်းမသခင် ထုတ်လွှတ်လိုက်သော လက်ဝါးချက်မှာ ပေါက်ကွဲသွားသည်။ ဝမ်ဖုန်း၏ တိုက်ကွက်အောက်တွင် ၎င်းဟာ စက္ကူစတစ်ခုအလား အလွယ်တကူ ဆွဲဖြဲခြင်း ခံလိုက်ရသည်။

၎င်းထက်မြသော ဓါးကွက်က ဝမ်ရှခန်းမသခင်၏ မျက်စိသူငယ်အိမ်များကို တုန်လှုပ်သွားစေခဲ့သည်။ သူ့မျက်နှာထက်ရှိ အထင်အမြင်သေးသော အပြုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး လေးနက်သော အကြည့်များဖြင့် အစားထိုးသွားသည်။ ဝမ်ဖုန်း၏ ကျင့်ကြံမှုကို အာရုံခံ၍ မရတာကြောင့် ဝမ်ရှခန်းမသခင်သည် ဝမ်ဖုန်းကို အဆင့်တူ ရန်သူအဖြစ် သတ်မှတ်လိုက်သည်။

"ဝမ်ရှသတ်ဖြတ်ခြင်း ပုံစံ ၈ မျိုး ၊ မေ့လျော့ခြင်း စိတ်ဝိညာဥ်ပုံစံ!"

ကမ္ဘာလောကအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးလုမတက် ဖြစ်နေခဲ့သော ကောင်းကင်ယံအပြင်ဘက်ပျံသန်းနေသော အမတအရှင် တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်အခါ ဝမ်ရှခန်းမသခင်သည် လေထုအတွင်း ဖမ်းဆုပ်လိုက်သည်။ အပြာရောင်အလင်းတန်းများ တောက်ပနေသော ဓါးရှည်တစ်ချောင်းသည် သူ့လက်အတွင်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဓါးရှည်၏ အပေါ်၌ မျက်စိကြိမ်းလောက်သော အလင်းရောင်များ တောက်ပနေခဲ့ပြီး လေထုကို ဖြတ်ပိုင်းလိုက်ချေသည်။

ဤဓါးထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ အမူအရာများမှာ အင်မတန်မှ လေးနက်လာခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဓါးဖိအားကြီး၏ အောက်တွင် သူတို့၏ စိတ်ဝိညာဥ်မှာ တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသလို ဖြစ်နေခဲ့ကာ အလွန်အမင်း မသက်သာဖွယ် ကောင်းလှပေသည်။ 

ဘုန်း...

စောင့်ကြည့်နေသော မျက်ဝန်းများအောက်​တွင် ဓါးသိုင်းကွက်နှစ်ခုသည် ပြင်ထန်စွာ ထိတွေ့မိသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး မြည်ဟီးထွက်ပေါ်လာပြိီး မမြင်နိုင်သော စွမ်းအားလှိုင်းများသည် သမုဒ္ဒရာအတွင်းရှိ ရေလှိုင်းများကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ အနီးအနားရှိ တောင်နံရံများကို ဖြတ်ပိုင်းလိုက်သည်။ ဤအချိန်တွင် တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန်တိုက်ခိုက်နေသော လူတိုင်းသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြရကာ ထိတ်လန့်ဖွယ်စွမ်းအား အရှိန်အဝါများကို အစွမ်းကုန် ခုခံကာကွယ်လိုက်ကြရသည်။

All Chapters