← Chapters

ဓါးတစ်လက်

Vol. 25 Ch. 338

ဓါးတစ်လက်

Vol. 25 Ch. 338

ဘာသာပြန်:The Fate

ဝမ်ဖုန်းတို့နှစ်ယောက်၏ တိုက်ပွဲက အနီးကတိုက်ခိုက်နေကြသော လူများကို မ်ိုင်တစ်သောင်းဝန်းကျင်ထိ ဆုတ်ခွာသွားစေခဲ့သည်။ 

ဝမ်ဖုန်းနှင့် ဝမ်ရှခန်းမသခင်ကို ဗဟိုပြု၍ မိုင်းတစ်သောင်းပတ်ပတ်လည်တွင် ဘယ်သူမှ ရှိမနေကြတော့ပေ။ 

ပြင်းထန်သော စွမ်းအားများက ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ စိတ်များကို တုန်လှုပ်စေခဲ့ရုံသာမက ဝမ်ရှခန်းမ၏ သတ်ဖြတ်ခြင်းနတ်ဘုရားများကိူလည်း တုန်လှုပ်သွားစေခဲ့သည်။

"မင်းက ဘယ်သူလဲ?"

ဝမ်ရှခန်းမသခင်သည် ဝမ်ဖုန်းကို ထူးထူးဆန်းဆန်းစိုက်ကြည့်လိုက်ပြီး အံကြိတ်ကာမေးလိုက်သည်။ 

ပြောရပါလျှင် သူဟာ ဝမ်ရှခန်းမကို ဦးဆောင်ရရုံသာမက ခွန်အားကြီးနောက်ခံကိုလည်း ပိုင်ဆိုင်ထားသော ထွက်ရပ်ပေါက် နတ်မင်းအဆင့် တည်ရှိမှုဖြစ်သည်။ ရှန်းရွှမ်တောင်ပိုင်းနယ်မြေတွင် သူဟာ စွမ်းအားကြီးသော တည်ရှိမှုတစ်ခုလည်း ဖြစ်ပါပေသည်။ 

သူသည် အင်အားစုကြီးကြီးငယ်ငယ်မှ ဆရာသခင်များကို တွေ့မြင်ဖူးပြီး အထူးအင်အားစု ၃ စုမှ စွမ်းအားရှင်များကိုတောင် တွေ့မြင်ဖူးခြင်း ရှိသည်။ ထိုအင်အားစုများ၏ အောက်ခြေက ပုဂ္ဂိုလ်များကိုတော့ သူသိရှိရန် မထိုက်တန်ပါပေ။ သို့ပါသော်လည်း ဝမ်ဖုန်းက်ိုတော့ သူက ဘယ်အင်အားစုက စွမ်းအားရှင်လည်းဆိုတာ စဥ်းစားမရဖြစ်နေခဲ့ရသည်။

တောင်ပိုင်းနယ်မြေတွင် သူမသိသည့် ထွက်ရပ်ပေါက်နတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရှိနေသည်ဆိုတာကို ဝမ်ရှခန်းမသခင်သည် လုံးဝမယုံကြည်နိုင်ပေ။ ဖြစ်နိုင်ချေရှိသောအရာမှာ ဝမ်ဖုန်းနှင့် အခြားသောသူများက တခြားသော နေရာတစ်ခုက ရောက်ရှိလာခြင်း ဖြစ်န်ိုင်သည်။ 

သူ့ညီမ တစ်ခုခု ဖြစ်သွားတာများလား?။ အဲ့ဒီကောင်က သူ့ကို သတ်ဖြတ်ဖို့စီစဥ်နေတာလား? ဒါပေမယ့် ဒါကလည်း မဖြစ်နိုင်ပေ။ အဲ့ဒီလူသာ သူ့လက်အောက် ငယ်သားများကို စေလွှတ်လိုက်ပါက ဝမ်ရှခန်းမကို တိတ်တဆိတ် သုတ်သင်နိုင်စွမ်းရှိသည်။ 

"မင်းကို သတ်မယ့်လူကွ!"

ဝမ်ဖုန်းသည် ​လှောင်ပြောင်လိုက်ပြီး ဓါးကို ပင့်မြှောက်လ်ိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ လှည့်ပတ်လိုက်ပြီး လက်ထဲရှိ ဟွာကွမ်းဖေးရှန်းဓါးကို ပိုမ်ို ထက်မြလာစေသည်။

ဝမ်ဖုန်းသည် ဒီအဆင့်ထိရောက်အောင် စနစ်အပေါ်မှီခိုခဲ့ရသော်လည်း သူ၏ ရုပ်ခန္ဓာမှာ အလွန်အမင်းသန်မာသော ရုပ်ခန္ဓာဖြစ်ပြီး သူဟာ မရေမတွက်န်ိုင်သော အထူးစွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့အတွက်​​ကြောင့် သူဟာ ပြောင်းလဲခြင်းနတ်မင်း အထွတ်အထိပ်အဆင့်ရှိသော ဆရာသခင်များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

သူ၏တိုက်ကွက်များကို တစ်ရာရာခိုင်နှုန်း အဆင့်မြှင့်တင်ပေးသော ဟွာကွမ်းဖေးရှန်းဓါးအပြင် ပြင်ပထိုခိုက်မှုများကို လျှော့ချပေးပြီး စွမ်းအင်ထုတ်လုပ်မှုနှုန်းကို နှစ်ရာ ရာခိုင်နှုန်းမြှင့်တင်ပေးသော လျို့ယင်း ကြယ်ကောင်းကင်ဝတ်ရုံနှင့် ပူးပေါင်းလိုက်ပါက သူဟာ ထွက်ရပ်ပေါက်နတ်မင်း အစောပိုင်းအဆင့်ရှိသော ရန်သူကို ရင်ဆိုင်တိုက်ခိုက်နိုင်သွားသည်။

ဘုန်း...

ဝမ်ဖုန်းတို့နှစ်ယောက်၏ တိုက်ခိုက်မှုများ ထိတွေ့သွားသည့်အခါ ကမ္ဘာလောကကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။ ဝမ်ဖုန်းဟာ ဟွာကွမ်းဓါးသိုင်းကို အသုံးပြုလိုက်ပြီး သူ့လက်ထဲက ဟွာကွမ်းဖေးရှန်းဓါးမှာ စဥ်ဆက်မပြတ် ဝဲပျံနေလေသည်။

"မင်းက သန်မာပေမယ့် ဒီခန်းမသခင်ကလည်း အားမနည်းဘူးကွ... ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး.."

တိုက်ကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ခြင်းနှင့်အတူ ဝမ်ရှခန်းမသခင်သည် ဝမ်ဖုန်းကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်သည်။ 

"မေ့လျော့မှုသတ်ဖြတ်ခြင်းလမ်းစဥ်"

ဝမ်ရှခန်မးသခင်၏ စကားဆုံးသွားသည့်အခါ သူဟာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး သူ၏အရှိန်အဝါများကို ကမ္ဘာလောကကြီးအတွင်း အာရုံမခံနိုင်တော့ပေ။ ထိုကဲ့သို့ ပြောင်းလဲမှုက ဝမ်ဖုန်း၏ မျက်စိ သူငယ်အိမ်များကို တုန်ခါသွားစေခဲ့ပြီး သူ၏ မျက်နှာဟာ လေးနက်တည်ကြည်လာခဲ့သည်။ သတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုလုံးကို ဦးဆောင်နိုင်သူ ဖြစ်သည့်အလျောက် ဝမ်ရှခန်းမသခင်၏ သိုင်းပညာစွမ်းရည်ကို အထင်မသေးသင့်ပေ။

ဝမ်ဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီး ဝမ်ရှခန်းမသခင်ကို ရှာဖွေနေစဥ်မှာ ဓါးရှည်တစ်ချောင်းသည် အနောက်ဘက်မှ တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့ပြီး ထိုးသွင်းလိုက်သည်။ 

သေမင်းအငွေ့အသက်များသည် သူ့နှလုံးသားတွင်း ဖြစ်တည်လာခဲ့သည်။ ဝမ်ဖုန်းက နှေးကွေးနေခြင်းမရှိဘဲ ဟွာကွမ်းဖေးရှန်းဓါးကို အသုံးပြု၍ နောက်ကျောဘက်မှ တိုက်ကွက်ကို ပိတ်ဆို့လိုက်၏။

"ချွင်....."

သတ္တုနှစ်ခု ထိတွေ့မိသံက အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွားသည်။ စွမ်းအားကြီးသော ပွတ်တိုက်မှုဖိအားများသည် ပတ်ဝန်းကျင်ရှိလေထုကို ပြိုပျက်လာစေခဲ့သည်။ ဝမ်ဖုန်းက ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင် ထက်မြသော ဓါးရှည်သည် ရုတ်တရက်လေထုအတွင်း ပြန်လည်ပျောက်ကွယ်သွား၍ ဝန်းကျင်တစ်ခွင်အား ငြိမ်သက်သွားလေသည်။

ဤသည်က ဝမ်ဖုန်း၏မျက်နှာကို ရုတ်ချည်းအကျည်းတန်လာစေခဲ့သည်။ ဝမ်ရှခန်းမသခင်၏ လုပ်ကြံသတ်ဖြတ်ရေး စွမ်းအင်မှာ မျှော်မှန်းမထားသော အဆင့်တွင် တည်ရှိနေသည်။ သူ့တွင် တစ်ဖက်လောက လျို့ယင်းရုပ်ခန္ဓာနှင့် တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံပြီးသော အလိုလိုသိစိတ်သာ ရှိမ​နေပါက စောနက ဝမ်ရှခန်းမသခင်၏ တိုက်ကွက်ကို မတားဆီးနိုင်ခဲ့မှာကို ဝမ်ဖုန်းကြောက်လန့်နေမိသည်။

သာမန်ထွက်ရပ်ပေါက်နတ်မင်းအဆင့် ပုဂ္ဂိုလ်ဆိုလျှင်​တောင် ဝမ်ရှခန်းမသခင်၏ အစောကတိုက်ကွက်ကို တားဆီးနိုင်မှာမဟုတ်ပေ။ 

ဝမ်ရှခန်းမသခင်သည် တောင်ပိုင်းနယ်မြေက လုပ် ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်ရန် ထိုက်တန်ပေသည်။ 

"ဓါးတစ်လက်က ကမ္ဘာလောကကို ပိုင်းဖြတ်ခြင်း"

ဝမ်ဖုန်းက ဟွာကွမ်းဖေးရှန်းဓါးကို လက်တစ်ဖက်က ဆုပ်ကိုင်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည့်အခါ ကြီးမားသော စွမ်းအားကြီးတစ်ခုသည် သူ့ခန္ဓာကိုယ်မှာ ရုတ်တရက်ပေါက်ကွဲထွက်လာပြီး ပြိုင်ဘက်ကင်း ဓါးဆန္ဒအရှိန်အဝါများလည်း ထွက်ပေါ်လာသည်။ 

သိုင်းကွက်အစ၌ပင် ဝမ်ဖုန်းထံမှ ထွက်ပေါ်လာသော ဓါးစွမ်းအင်က ကမ္ဘာလောကကြီးတစ်ခုလုံးကို ယိမ်းခါစေခဲ့သည်။ ဝမ်ဖုန်းပတ်ပတ်လည် မိုင်တစ်သောင်းဝန်းကျင်ရှိ လေထုမှာ ပကတိမျက်စိဖြင့် မြင်နိုင်သည်အထိ အက်ကွဲလာခဲ့သည်။ အဝေးတစ်နေရာ၌ တိုက်ခိုက်နေကြသော စွမ်းအားရှင်များမှာ အဆိုပါမြင်ကွင်းကို ထိတ်လန့်နေသော မျက်နှာများဖြင့် လှည့်ကြည့်မိလိုက်ချေသည်။

မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေသော်လည်း အဆိုပါ ဓါးဆန္ဒအရှိန်အဝါက သူတို့၏နှလုံးသားကို တုန်ယင်စေခဲ့သည်။ သူတို့သာ ခြေတစ်လှမ်းတိုးကပ်သွားပါက အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရတော့မလို ခံစားလိုက်ရသည်။

ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က ဝမ်ဖုန်းထံမှ ထွက်ပေါ်လာသော ဓါးစွမ်းအင်များသည် သူ့ကို ဗဟိုပြု၍ မိုင်တစ်သောင်းပတ်ပတ်လည်ကို လွှမ်းခြုံလိုက်သည််။

"ဘယ်လို!... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

လေထုအတွင်းပုန်းကွယ်နေသော ဝမ်ရှခန်းမသခင်သည် ထိတ်လန့်ဖွယ်ဓါးစွမ်းအင်၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရကာ ဝမ်ဖုန်းကို စူးစိုက်ကြည့်လိုက်ပြီး မယုံနိုင်စွာ အော်ဟစ်လိုက်သည်။

လေထုအတွင်း ပုန်းကွယ်နေနိုင်သော သူ့ရဲ့သိုင်းကွက်ကို အပျက်အစီးလွင်ပြင်မှ ရရှိခဲ့ခြင်းဖြစ်သည်။.ထိုသိုင်းကွက်ကို ကျင့်ကြံပြီးစဥ်မှစ၍ သူဟာ အဆင့်တူရန်သူများ၏ ဖော်ထုတ်ခြင်းကို မခံရဖူးပေ။ ဤသိူ့ဖြင့်သူဟာ တောင်ပိုင်းနယ်​မြေ၏ သတ်ဖြတ်ခြင်းနတ်ဘုရားဖြစ်လာခဲ့သည်။ 

သို့ပါသော်လည်း သူ၏လျှို့ဝှက်သိုင်းကွက်ကို ဝမ်ဖုန်းလို အမည်မသိလူတစ်ယောက်က ပျက်စီးအောင် ပြုလုပ်နိုင်လိမ့်မည်ဟု ဝမ်ရှခန်းမသခင် ဘယ်တုန်း ကမှ မတွေးမိခဲ့ချေ။

ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာပဲ ဝမ်ရှခန်းမသခင်သည် ဝမ်ဖုန်း၏ ဓါးမှ သေစေနိုင်လောက်သော ခြိမ်းခြောက်မှုကြီးကို ခံစားလိုက်ရကာ နေရာမှ ထွက်ပြေးချင်လာသကဲ့သို့ ခံစားလိုက်ရသည်။ 

သို့ပါသော်လည်း ဝမ်ဖုန်း၏ ဓါးစွမ်းအင်က မိုင်တစ်သောင်းပတ်ပတ်လည်ကို လွှမ်းခြုံထားသည်။ ကောင်းကင်နှင့်မြေပြင်ကြားရှိ လေထုမှာ သံလှောင်အိမ်ကြီးကဲ့သို့ ဖြစ်နေခဲ့ပြီး ထွက်ရပ်ပေါက်နတ်မင်းပုဂ္ဂိုလ်တစ်ယောက် ဆိုလျှင်တောင်မှ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲပေသည်။ 

"ဝမ်ရှကောင်းကင်ဘုံသတ်ဖြတ်ရေးဓါး"

ထွက်ပြေးမလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရှိလိုက်ပြီးနောက် ဝမ်ရှခန်းမသခင်သည် တုံ့ဆိုင်းမနေတော့ဘဲ ဝမ်ဖုန်းနှင့်​သေသည်ထိ တိုက်ခိုက်ရန် ပြင်​ဆင်လိုက်သည်။

ထိပ်တန်းသတ်ဖြတ်ရေးသမားတစ်ယောက် ဖြစ် သည်နှင့်အညီ သူဟာ ကြောက်လန့်နေခြင်း အလျင်းမရှိပါပေ။

ဟစ်အော်ပြောဆိုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ မြင့်တက်လာခဲ့သည်။ သူ့ကိုယ်တွင်းရှိစွမ်းအားများမှာ အနည်းငယ်ပိုမိုထိတ်လန့်ဖွယ် ကောင်းလာခဲ့ပြီး ဝမ်ဖုန်း၏ ဓါးစွမ်းရည်ကိုတောင် အနည်းငယ်နောက် ဆုတ်သွားစေခဲ့သည်။

သူသည် ဓါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ခေါင်းပေါ်သို့ ပင့်မြှောက်လိုက်သည်။ သူ၏ ဦးခေါင်းထက်တွင် မ်ိုင်ထောင်ချီကိုအုပ်စိုးထားသော ဧရာမဓါးကြီး ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ကို ဖျက်ဆီးတော့မည့်ဓါးကြိီး ထွက်ပေါ်လာသည့်အခါ စွမ်းအားအရှိန်အဝါများက အရပ်မျက်နှာအသီးသီးကို တုန်လှုပ်စေခဲ့လေသည်။

"ခုတ်ပိုင်းစေ..."

ဝမ်ရှခန်းမသခငိသည် သတ်ဖြတ်ရေးအရှိန်အဝါများ ပြည့်နှပ်နေလျက် စူးစူးရဲရဲစိုက်ကြည့်လိုက်ကာ တိုးညှင်းစွာရေရွတ်လိုက်သည်။ သူဟာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည့်ဓါးကို လွဲယမ်းလိုက်သည့်အခါ ဦးခေါင်းထက်ရှိ ဧရာမဓါးကြီးကလည်း ဝမ်ဖုန်းထံ တဖြည်းဖြည်း သက်ဆင်းသွားသည်။ ၎င်းဓါးကြီး မသက်ဆင်းလာမီကတည်းက ဝမ်ဖုန်းဦးခေါင်းထက်ရှိလေထုမှာ တစ်လက်မပြီးတစ်လက်မ ပြိုကွဲလာရသည်။ ဤဖြစ်စဥ်မှာ ကောင်းကင်နှင့် မြေကြီးပြိုကျပျက်စီးတော့မည့်အလားပင်။

ဤတိုက်ကွက်နှင့်ရင်ဆိုင်နေရသော်လည်း ဝမ်ဖုန်းကတော့ တည်ငြိမ်နေသေးဆဲပင်။ သူ့လက်ထဲရှိ ဟွာကွမ်းဖေးရှန်းဓါးမှာ ထိုသွင်းခံလိုက်ရသည်။ သူဓါးကွက် ထိုးသွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းကို ဗဟိိုပြု၍ မိုင်တစ်သောင်းပတ်ပတ်လည်ရှိ လေထုမှာ ပေါက်ကွဲထွက်သွားပြီး အရာအားလုံး ဖျက်စီးခံလိုက်ရသည်။ ဝမ်ရှခန်းမသခင် ဖန်တီးထားသော ဧရာမဓါးကြီးမှာလည်း ဤဓါးချက်၏ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခြင်းခံလိုက်ရလေသည်။ 

ဝမ်ဖုန်း၏ ဓါးချက်အောက်တွင် မိုင်ထောင်ချီကို အုပ်စိုးထားသော ဧရာမဓါးကြီးဟာ ကြယ်မှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး လေထုအတွင်းမှ နှုတ်ဆက်ခွဲခွာသွားခဲ့သည်။ 

ဝမ်ဖုန်း၏ ဓါးကွက်မှာ အိမ်မက်နှင့် ဒဏ္ဍာရီအလားပင် ။ ၎င်းဟာ ​ခြေရာလက်ရာ မကျန်ရစ်ခဲ့ပေ။ အဆိုပါဓါးချက်ဟာ ဘယ်သောအခါကမှ ထွက်ပေါ်မလာခဲ့သလိုမျိုး ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းဓါးချက် ထိုးသွင်းလိုက်ပြီးသည့်နောက်တွင် ဓါးအလင်းတန်းက ဝမ်ရှခန်းမသခင်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။ အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်န်ိုင်သော ဓါးစွမ်းရည်များသည် ဝမ်ရှခန်းမသခင် ခန္ဓာကိုယ်အတွင်းမှ ရှင်သန်ခြင်းစွမ်းအားများကို တိုက်ရိုက် ဖျက်ဆီးလိုက်သည်။

"ဖစ်...."

ပါးစပ်အပြည့်သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ဝမ်ရှခန်းမသခင်၏ မျက်နှာမှာ ဖြူစုတ်လာကာ လေထုအတွင်းမှ မလိုလားစွာ ပြိုကျသွားခဲ့သည်။

All Chapters