← Chapters

အစောင့်အရှောက်နတ်ဘုရားသားရဲ

Vol. 25 Ch. 339

အစောင့်အရှောက်နတ်ဘုရားသားရဲ

Vol. 25 Ch. 339

ဘာသာပြန်:The Fate

" ဒင် ၊ အဆင့်ဖြတ်ကျော်ပြီး ထွက်ရပ်ပေါက်နတ်မင်း အစောပိုင်းအဆင့်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်သန်းငါးရာနှင့် နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့်ငါးကြိမ် ဆုချလိုက်သည်။ "

ဝမ်ရှခန်းမသခင်၏ သေဆုံးခြင်းနှင့်အတူ စနစ်၏အေးစက်စက်အသံက ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ 

" ဟူး ! "

" ဒါ ဘယ်လ်ိုလုပ်ဖြစ်န်ိုင်မှာလဲ ။ ခန်းမသခင် တကယ်ကြီး သေဆုံးသွားပြီလား။ " 

ဝမ်ရှခန်းမသခင်၏သေဆုံးမှုကို တွေ့မြင်လိုက်ရသည့်အခါ ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများနှင့်တိုက်ခိုက်နေသော ဝမ်ရှခန်းမမှ မြောက်များစွာသော စွမ်းအားရှင်များသည် လေးပင်စွာ သက်ပြင်းရှိုက်လိုက်မိကြသည်။ သူတို့၏မျက်နှာများ၌ အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။ 

တောင်ပိုင်းနယ်မြေတွင် ထိပ်တန်းသတ်ဖြတ်ရေးဝိဇ္ဇာကြီးဖြစ်သူ၊ ဝမ်ရှခန်းမ၏မရှုံးနိမ့်ဖူးသော ဝမ်ရှခန်းမသခင်သည် အမည်မသိလူတစ်ယောက်ရဲ့သတ်ဖြတ်ခြင်းကို တကယ်ကြီးခံလိုက်ရတာလား။ ဤသည်ကား ဝမ်ရှခန်းမ၏ကျင့်ကြံသူများကို တုန်လှုပ်သွားစေခဲ့သည်။ 

ဝမ်ဖုန်း၏အကြည့်များက သူတို့ထံရောက်ရှိလာသည့်အခါ ဝမ်ရှခန်းမ၏ကျင့်ကြံသူများသည် မတုန်ရင်ပဲမနေနိုင်ကြတော့ချေ။ 

အင်မတန်မှအစွမ်းထက်လှသော ဝမ်ရှခန်းမသခင်ကို ထိုသူက သတ်ဖြတ်ခဲ့သေးသည်။ သူတို့ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲ။ 

" ပြေးကြ။ "

ထိုသို့တွေးလိုက်ပြီးနောက် ဝမ်ရှခန်းမ၏ကျင့်ကြံသူများသည် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိတော့ပဲ ထွက်ပြေးလိုက်ကြသည်။

သို့ပါသော်လည်း ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများက သူတို့ကို ထွက်ပြေးခွင့်ပြုနိုင်ပါမည်လော။ သူတို့က ခန္ဓာကိုယ်အပြည့်စွမ်းအားများထုတ်လွှတ်လိုက်ကြပြီး ထွက်ပြေးသွားသောသူများကို တားဆီးလိုက်ကြသည်။ 

ဒါကိုမြင်တော့ ဝမ်ဖုန်းသည် စိတ်အာရုံအတွင်းမှ အေးစက်သည့်အသံကို လျစ်လျူရှုထားလိုက်သည်။ သူသည် ဟွာကွမ်းဖေးရှန်းဓားကိုပင့်မ၍ ဝမ်ရှခန်းမမှ စွမ်းအားကြီးသူများကို ဆက်လက်သတ်ဖြတ်နေခဲ့သည်။ 

ဝမ်ရှခန်းမသခင်ကို သတ်ဖြတ်ပြီးသည့်နောက် ဝမ်ဖုန်းတွင် စွမ်းအားအနည်းငယ်သာ ကျန်ရစ်တော့ရင်တောင် ခန်းမသခင်ကိုတောင်သတ်ဖြတ်ခဲ့သည်ဖြစ်ရာ မည်သူကများဝမ်ဖုန်းကို ခုခံရဲပါမည်နည်း။ 

သူတို့ထက်အားမနည်းသော ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများ ကျန်ရှိနေသေးသည်က်ို ထည့်မတွက်ရသေးပေ။ 

တခဏအတွင်းတွင် ဝမ်ရှခန်းမမှ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းနတ်ဘုရားငါးပါးသည် ဝမ်ဖုန်း၊ ဖောင်ပန်းနှင့် အခြားသူများ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ သူတို့က ရပ်တန့်သွားခြင်းမရှိပဲ အနီးအနားမှ ဝမ်ရှခန်းမ၏ စွမ်းအားရှင်များကိုလည်း ဆက်လက်တိုက်ခ်ိုက်နေခဲ့သည်။ 

နာရီဝက်ခန့်ကြာသည့်အခါ ရှန်းရွှမ်တောင်ပိုင်းနယ်မြေတွင်ကျော်ဇော်သော ဝမ်ရှခန်းမကြီးသည် ဝမ်ဖုန်းနှင့်အခြားသူများ၏တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ဝမ်ရှခန်းမတည်ရှိရာတောင်ကြား၌ သွေးမြစ်ကြီးတစ်စင်း စီးဆင်းနေခဲ့ပြီး မြေပြင်ပက်ကြားအက်များအတွင်း၌ ဆွေးဆွေးနီနေခဲ့သည်။

ဤကဲ့သို့ခြောက်ခြားဖွယ်မြင်ကွင်းက တွေ့မြင်သူတိုင်းကို ကြောက်လန့်သွားစေရန် လုံလောက်လေသည်။ 

" ဒင် ၊ ဝမ်ရှခန်းမကိုဖျက်ဆီးခဲ့သည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်ဆယ်ဘီလီယံနှင့် နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့်သုံးဆယ် ဆုချလိုက်သည်။ "

" ဒင် ၊ စနစ်ကို အဆင့်ကိုးသို့မြှင့်တက်ရန် လိုအပ်ချက်များနှင့်ပြည့်စုံသွားသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ အဆင့်မြှင်‌တင့်မည်လား။ "

ဝမ်ဖုန်းနှင့်အခြားသူများက ဝမ်ရှခန်းမကိုဖျက်ဆီးလ်ိုက်ပြီးသည့်နောက် စနစ်၏အသံက ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။ 

" ဒင် ၊ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ လက်ရွေးစင်တပည့်များဖြစ်သော ယန်ရှန်းနှင့်အခြားသူများက ပါရမီရှင် ရှစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ စနစ်က သူတို့ရဲ့ကံတရားကိုတိုးမြှင့်ပေးမည့်အပြင် ဂိုဏ်းအမှတ်သန်းသုံးရာနှင့် နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့်သုံးကြိမ် ဆုချလိုက်သည်။ "

သေချာပါပေသည်။ တပည့်များကိုလေ့ကျင့်သင်ကြားပေးခြင်းက အကျိုးမယုတ်ခဲ့ပေ။ 

ဝမ်ဖုန်းက ကျေနပ်စွာခေါင်းညှိတ်လိုက်သည်။ သူက ထိပ်တန်းပါရမီရှင်များကိုသတ်ဖြတ်ခဲ့သည့်အတွက် အထူးအင်အားစုကြီးသုံးစုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ဒီတော့ရောဘာဖြစ်လဲ။ သူရဲ့ရှန်ရှန့်ကျုံ့ဂ်ိုဏ်းက မည်သူ့ကိုကြောက်လန့်ရမည်နည်း?

" စန်ဖုန်း ၊ မင်းဆို့အားလုံး ဒီတောင်ကြားကိုပြောင်းလဲပစ်လ်ိုက်ပါ။ အခုချိန်ကစပြီး ဒီတောင်ကြားက ရှန်းရွှမ်ဒေသက ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းဌာနဖြစ်လာလိမ့်မယ် ။ " ဝမ်ဖြန်းက ကျန်းစန်ဖုန်းနှင့်အခြားသူများကိုစိုက်ကြည့်လ်ိုက်ပြီး အမိန့်ပေးလိုက်ကာ တောင်ထိပ်ပေါ်၌ဆင်းသက်လိုက်သည်။ ထို့နောက် သူ၏စိတ်အသိက စနစ်အတွင်းဝင်ရောက်သွားခဲ့သည်။ 

ကျန်းစန်ဖုန်းနှင့်အခြားသူများက တုန့်ဆိုင်းရဲခြင်းမရှိပဲ တောင်ကြားတစ်ခုလုံးကို ပြန်လည်ပြင်ဆင်လိုက်သည်။ 

" စနစ် ၊ ရှန်ရှန့်ကျုံ့ဂိုဏ်းတပည့်တွေရဲ့ ကျင့်ကြံမှုကို စစ်ဆေးလ်ိုက်ပါ။ " တောင်ထိပ်ပေါ်တွင် တင်ပုလ္လင်ချိတ်ထိုင်လိုက်ပြီး ဝမ်ဖုန်းက လျို့ဝှက်စွာမေးလိုက်သည်။ 

" ဒင် ၊ ရှန်ရှန့်ကျုံ့ဂိုဏ်းမှ ဂုဏ်သရေနတ်မင်းအလယ်အလတ်အဆင့် လက်ရွေးစင်တပည့်လေးယောက် ၊ နတ်မင်းငယ်အထွတ်အထိပ်အဆင့် တပည့်ခြောက်ယောက် ၊ နတ်မင်းငယ်အဆင့် တပည့်နှစ်ယောက် ၊ ပကတိနတ်မင်းအဆင့် တပည့်၂၅၀၀ရှိပါတယ်။ " 

စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်းကို အလွန်အင်မတန် အားရကျေနပ်စေခဲ့သည်။ သူ၊ ဖောင်ပန်းနှင့်အခြားသူများ ရှန်းရွှမ်ဒေသသို့လာရောက်ခဲ့စဉ်ကပင် များစွာသောဂိုဏ်းတပည့်များသည် အပတ်တကုတ် ကျင့်ကြံနေခဲ့ကြသည်။ ကမ္ဘာဘောလုံးလေးအတွင်း၌ အလွန်အမင်းကြွယ်ဝသော နတ်မင်းချီစွမ်းအင်များနှင့် ရှန်ရှန့်ကျုံ့ဂ်ိုဏ်းအကြီးအကဲများ၏ ကိုယ်တိုင်ကိုယ်ကျသင်ကြားမှုများအပြင် ပိုမိုကြွယ်ဝသောကျင့်ကြံမှုအရင်းအမြစ်များကို ပေါင်းစုလိုက်ပါက ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ ဤမျှလောက်ထိတိုးတက်လာခဲ့သည်မှာ အံ့ဖွယ်မဟုတ်တော့ပေ။ 

" ကောင်းပြီ ။ ကုချိုးတို့ညီအစ်ကိုနှစ်ယောက်ရဲ့ စွမ်းရည်ဇယားကို ပြသပါ။ " တွေးတောလိုက်ပြီးသည့်နောက် ဝမ်ဖုန်းက လျှို့ဝှက်စွာပြောဆိုလ်ုက်သည်။ ကုချိုးတို့နှစ်ယောက်၏ ကျင့်ကြံမှုဖြင့်ဆိုပါက ဂုဏ်သရေနတ်မင်းအဆင့်ကိုရောက်ရှိရန် ကြာမြင့်တော့မည်မဟုတ်ချေ။ 

" စနစ် ၊ ဂိုဏ်းနဲ့စနစ်အဆင့်ကိုမြှင့်တင်လ်ိုက်ပါ။ " 

" ဒင် ၊ ဂိုဏ်းနှင့် စနစ်အဆင့်ကိုမြှင့်တင်ရန် ဂိုဏ်းအမှတ် သန်းနှစ်ရာကို အလိုအလျောက်အသုံးပြုလိုက်သည်။ "

" ဒင် ၊ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ စနစ်နဲ့ဂိုဏ်းကို အဆင့်ကိုးအထိ မြှင့်တင်ပြီးပါပြီ။ "

ဝမ်ဖုန်းကခေါင်းညှိတ်ပြီး ဆက်လက်ပြောဆိုလိုက်သည်။ " စနစ်အဆင့်ကိုးကိုရောက်ပြီဆိုတော့ ဘယ်လုပ်ဆောင်ချက်တွေ အသစ်ပွင့်လဲ။ "

" ဒင် ၊ စနစ်ကို အဆင့်ကိုးသို့မြှင့်တင်လိုက်တာကြောင့် နတ်မင်းနယ်ပယ် အဆင့်မြင့်ဆင့်ခေါ်မှုကို ဖွင့်လှစ်လ်ိုက်ပါပြီ။ အခုချိန်ကစပြီး ပိုင်ရှင်ဟာ ကိုးကွယ်ခံနတ်မင်း စွမ်းအားရှင်များအထိ အမြင့်ဆုံးဆင့်ခေါ်နိုင်ပါပြီ။ ဒီကန့်သတ်ချက်ကိုဖြတ်ကျော်ဖို့ဆိုရင် စနစ်ကို အဆင့်တစ်ဆယ်သို့မြှင့်တင်ရန် လိုအပ်ပါလိမ့်မယ်။ "

" ဒင် ၊ နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့်ငါးကြိမ်ကိုပူးပေါင်းပြီး အဆင့်မြင့်ဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ "

" ဒင် ၊ စနစ်ကို အဆင့်ကိုးထိမြှင့်တင်လိုက်တာကြောင့် ပိုင်ရှင်က်ိုဂုဏ်ပြုပါတယ်။ ပိုင်ရှင်ကို နတ်မင်းနယ်ပယ်အန္တိမဆင့်ခေါ်ခွင့်တစ်ကြိမ် ဆုချလိုက်သည်။ "

ကောင်းလေစွ။ စနစ်အဆင့်တစ်ဆယ်ရောက်မှ ဆင့်ခေါ်နိုင်မယ့် နတ်မင်းနယ်ပယ်အန္တိမဆင့်ခေါ်ခွင့်တစ်ကြိမ် ဆုချခံလိုက်ရတာလား။ 

ဝမ်ဖုန်း၏မျက်နှာထက်၌ ပျော်ရွှင်မှုများ ပြည့်နှက်လာခဲ့သည်။ ဤဆင့်ခေါ်ခွင့်နှင့် လီပိုင်၏စွမ်းအားဖြင့်ဆိုပါက အထူးအင်အားစုကြီးသုံးစု တိုက်ခိုက်လာရင်တောင် သူလုံးဝမကြောက်လန့်တော့ပေ။

" ဂိုဏ်းကိုအဆင့်မြှင့်လိုက်တာကရော ။ " ဝမ်ဖုန်းက ဆင့်ခေါ်လိုသည့်စိတ်ဆန္ဒများက်ိုမျိုသိပ်လ်ိုက်ပြီး ဆက်လက်မေးမြန်းလ်ိုက်သည်။ 

" ဒင် ၊ ဂိုဏ်းကို အဆင့်ကိုးအထိမြှင့်တင်ပြီးပါပြီ။ ဂိုဏ်းတပည့်များနှင့်အကြီးအကဲများ၏ကန့်သတ်ချက်က မပြောင်းလဲဘဲဆက်လက်တည်ရှိပါမယ်။ ဒါပေမယ့် ပိုင်ရှင်အနေနဲ့ အစောင့်အရှောက်သားရဲကို ဆင့်ခေါ်ခွင့်တစ်ကြိမ် ရရှိပါမယ်။ "

အစောင့်အရှောက်သားရဲလား။ သောက်ကျိုးနည်း။ 

စနစ်က စနစ်လို့ဆိုသည့်အတိုင်း သိပ်ကိုစွမ်းအားကြီးလိုက်တာ။

ဝမ်ဖုန်းက စနစ်ကို တိတ်တဆိတ်လက်မထောင်ပြလိုက်ပြီး အလွန်အမင်းစိတ်ကျေနပ်နေသည်။ စနစ်က အစောင့်အရှောက်သားရဲလို့ပြောနေမှတော့ ဘယ်လောက်တောင်စွမ်းအားကြီးအားလိုက်မလဲ။ 

" အစောင့်အရှောက်သားရဲ ကျင့်ကြံမှုက ဘယ်အဆင့်လဲ။ "

" ဒင် ၊ အားအနည်းဆုံးအစောင့်အရှောက်သားရဲရဲ့ကျင့်ကြံမှုက အန္တိမ နတ်မင်း အထွတ်အထိပ်အဆင့်မှာပါ။ ဒါပေမယ့်လည်း အစောင့်အရှောက်သားရဲတွေရဲ့ ဝိသေသလက္ခဏာက ဂိုဏ်းထဲမှာပဲနေထိုင်မှာပါ။ ပိုင်ရှင်က အစောင့်အရှောက်သားရဲကို ဂ်ိုဏ်းအပြင်ဘက်မှာတ်ိုက်ခိုက်စေချင်ရင် ဂိုဏ်းအမှတ် တစ်ဆယ် ဘီလီယံကုန်ကျမှာပါ။ "

သောက်ကျိုးနည်းစနစ် ! 

ဝမ်ဖုန်းက စုပ်မသပ်ပဲမနေနိုင်တော့ချေ။ 

အစောင့်အရှောက်သားရဲများ၏ ဝိသေသလက္ခဏာဟု‌ခေါ်‌သော ကန့်သတ်ချက်များသာရှိမနေပါက သူ့ရဲ့ရှန်ရှန့်ကျုံ့ဂိုဏ်းဟာ ရှန်းရွှမ်ဒေသမှာ ထွန်းလင်းတောက်ပလာမှာဖြစ်သည်။ ထိပ်တန်းအထူးအင်အားစုများမှလွဲ၍ အခြားသောအထူးအင်အားစုများမှာ ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ပြိုင်ဘက် ဖြစ်လာနိုင်မှာမဟုတ်တော့ပေ။ 

" စနစ် ၊ အစောင့်အရှောက်သားရဲ ဆင့်ခေါ်ခွင့်ကို အသုံးပြုလ်ိုက်ပါ။ " ဝမ်ဖုန်း၏မျက်ဝန်းများက စိတ်အားထက်သန်မှုဖြင့်တောက်ပသွားကာ လျှို့ဝှက်စွာပြောလိုက်သည်။ 

" ဒင်၊ အမြှီးကိုးချောင်းမြေခွေးကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ "

" အစောင့်အရှောက်သားရဲ - အမြှီးကိုးချောင်းမြေခွေး 

ကျင့်ကြံမှု - မိုးကောင်းကင်နတ်မင်း အထွတ်အထိပ်အဆင့်

သားရဲစွမ်းရည်များ - အမြှီးကိုးချောင်းရိုက်ခတ်ခြင်း ၊ အယောင်ဆောင်ခြင်း ၊ နတ်ဘုရားသတ်ဖြတ်ခြင်းသိုင်းကွက် "

" မှတ်ချက် - အစောင့်အရှောက်သားရဲတွေက ထီကံစမ်းမှုမှာ မပါဝင်ပါဘူး။ "

မဆိုးဘူး။

အစောင့်အရှောက်သားရဲ ဝိသေသလက္ခဏာဟုခေါ်သော ကန့်သတ်ချက်ကြီး ရှိနေသေးသော်လည်း အနည်းဆုံးတော့ ဂိုဏ်းကိုကာကွယ်စောင့်ရှောက်ရန် အမြှီးကိုးချောင်းမြေခွေး ရှိနေလေသည်။ ဤရှန်းရွှမ်ဒေသတွင် သူ၏ရှန်ရှန့်ကျုံ့ဂိုဏ်းက ပြိုင်ဘက်ကင်းနေပြီးသား ဖြစ်ချေသည်။ သို့ပါသော်လည်း စနစ်၏အကျင့်ပုတ်မှုကြောင့် အမြီးကိုးချောင်းမြေခွေးကို ဂိုဏ်းအပြင်ဘက်၌ လှုပ်ရှားခိုင်း၍မရပါပေ။ 

သူဝမ်ဖုန်းက စနစ်ကို အဘယ်မှာ အောင်မြင်ခွင့်ပေးမလဲ။ နောက်ဆုံးအခြေ‌အနေမဟုတ်ဘူးဆိုရင် သူက ဂိုဏ်းအစောင့်အရှောက် အမြှီးကိုးချောင်းမြေခွေးကို ဂိုဏ်းအမှတ်အသုံးပြုပြီး လုံးဝမလှုပ်ရှားခိုင်းဘူး။ 

All Chapters