စစ်သူကြီးမင်သိ၊ အထူးအင်အားစုသုံးခုကိုသုတ်သင်ရှင်းလင်းခြင်း။
Vol. 25 Ch. 348
Translator - Hsue Htet
အထူးအင်အားစုကြီးသုံးခုမှ အင်အားပေါင်းစည်း၍ ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်ရန် ပြင်ဆင်နေကြချိန်၌ နဂိုသက်ဝင်လှုပ်ရှားနေလေ့ရှိသော …ာ မိုင်ထောင်ချီရှိ နီမြန်းမြန်းနေရာဒေသနှင့် မှုန်မှိုင်းမှိုင်းကောင်းကင်ယံအဖြစ်သာ ကျန်ရစ်လေသည်။ လေပြေညှင်းသည် မြေပြင်ထက်မှ သွေးညှီနံ့များကို သယ်ဆောင်နေ၏။
အရှေ့ပိုင်းနယ်ေမြနှင့်တောင်ပိုင်းနယ်မြေ နယ်နိမိတ်တွင် ပုံရိပ်များစွာတို့ တိတ်ဆိတ်စွာရပ်နေကြသည်။ ပုံရိပ်တစ်ခုစီတိုင်း၌ အင်အားကြီးမားသောအဟုန်များ ပြည့်လျှံနေကြပြီး ပေါင်းစည်းလိုက်သော ကြောက်မက်ဖွယ်စွမ်းအင်သည် လောကတစ်ခွင်ကို တုန်လှုပ်စေနိုင်၏။ ကမ္ဘာလောကကြီးပင်လျှင် ထိုပုံရိပ်များကို ကြောက်ရွံ့မည့်အလား ထင်မှတ်ရပေသည်။
ထိုပုံရိပ်များ၏အထက်၌ သွေးနီနန်းတော်ကြီးတည်ရှိသည်။ ပုံရိပ်ကြီး၆ခုသည် ၎င်းသွေးနီနန်းတော်ကြီးကို ဆွဲသွားနေကြပြီး တောရိုင်းသတ္တဝါကြီးများအလား ပြင်းထန်သောအရှိန်အဝါကိုလည်း အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။ သူတို့၏အသက်ရှုသွင်းမှုသည်ပင် လူကိုတုန်ရီစေနိုင်သည်။
ကောင်းကင်ထက်ရှိ နတ်ဆိုးစွမ်းအင်သည် လောကတစ်ခွင်သို့ စိမ့်ဝင်ပျံ့နှံ့နေခဲ့ရာ နတ်ဆိုးနယ်မြေကြီးကဲ့သို့ အေးစက်မှောင်မိုက်နေတော့သည်။
သွေးနီနန်းတော်ကြီးထဲတွင် ကြီးထွားသန်မာသောပုံရိပ်ကြီး ဒါဇင်ကျော်ခန့်သည် တန်းစီထိုင်နေကြပြီး ထိပ်ဆုံး၌မူ ကြီးမားသန်မာသည့် အနက်ရောင်ပုံရိပ်တစ်ခု ထိုင်နေ၏။
ထိုပုံရိပ်သည် သွေးကွက်စွန်းထင်းဟန်သော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်တို့မှာ ထူထဲသားနားသည်။ အသားအရေမှာ နာမကျန်းသူအလား ဖျော့တော့နေကာ မျက်နှာအစိတ်အပိုင်းတို့မှာ မပြေပြစ်လှပေ။ မျက်လုံးအိမ်တို့မှာ ငွေဖြူရောင်ဖြစ်လေရာ မြင်ရသူကို ထိတ်လန့်သွားစေနိုင်၏။
“စစ်သူကြီးမင်သိ အခုအရှေ့ပိုင်းနယ်မြေကို ကျွန်တော်တို့ ထိန်းချုပ်ထားပြီး သတင်းပို့ဆောင်ဆက်သွယ်ရေးတွေကိုလည်း ပိတ်ဆို့ထားပါပြီ။ အချိန်တိုအတွင်းမှာတော့ တခြားနယ်မြေတွေဆီ သတင်းမရောက်နိုင်ပါဘူး”
ပုံရိပ်တစ်ခုမှ ထရပ်၍ ကြမ်းရှသည့်အသံဖြင့်ပြော၏။
“ဟေး ရှန်းရွှမ်ဒေသက ဒိီလူအချိန်အတော်ကြာ ဆိတ်ငြိမ်နေခဲ့လို့ မြေအောက်ဘုံလောကရဲ့ အုပ်စိုးခြင်းခံရတဲ့ အကြောက်တရားကို မေ့လျော့သွားပြီလား?”
စစ်သူကြီးမင်သိ၏ ငွေဖြူရောင်မျက်လုံးများမှာ အေးစက်သည့်အလင်းတစ်စ တောက်ပသွားလျက် ထေ့ငေါ့ပြောဆို၏။
မြေအောက်ဘုံလောကသည် ယွမ်ဟွားကောင်းကင်နယ်မြေ၌ နံပါတ်တစ်အင်အားကြီးဖြစ်ပြီး အလွန်တရာအင်အားကြီးမားသည်။ …သို့ ကျူးကျော်မှုအတွက် တာဝန်ရှိသည့် အပြစ်သားလည်းဖြစ်သည်။
“စစ်သူကြီးမင်သိနဲ့ စစ်သူကြီးမင်ကွမ်းတို့ရှိနေမှတော့ ရှန်းရွှမ်ေဒသလေးက မြေအောက်ဘုံလောကရဲ့ စစ်တပ်ကြီးနှစ်ခုကို ခုခံနိုင်ပါ့မလဲ”
စစ်သူကြီးမင်သိ၏ စကားအဆုံး၌ မြေအောက်ဘုံလောက၏ကျင့်ကြံသူများမှ တစ်ယောက်ပြီးတစ်ယောက် မြှောက်ပင့်ချီးမွမ်းစကား ဆိုလာကြသည်။ သူတို့၏အသံမှာ ရှန်းရွှမ်ဒေသကို အထင်မြင်သေးမှုတို့ ထင်ဟပ်နေ၏။
“မင်ကွမ်းက အနောက်ပိုင်းနယ်မြေကို အနိုင်ရခဲ့ပြီးပြီ။ အခုလည်း မြောက်ပိုင်းနယ်မြေကို တိုက်ခိုက်ဦးမယ်။ ဆိုတော့ ဒီစစ်သူကြီးလည်း နောက်ကျကျန်ရစ်ခဲ့လို့ မဖြစ်ဘူးလေ။ ပြင်ဆင်မှုအချို့လုပ်ပြီးရင် ဆယ်ရက်အတွင်းမှာ တောင်ပိုင်းနယ်မြေကို တိုက်ခိုက်ပြီး တစ်ချီတည်းဝင်စီးပစ်ရမယ်။ ပြီးရင် မင်ကွမ်းနဲ့အင်အားပူပေါင်းပြီး အလယ်ပိုင်းတိုက်မကြီးကို တိုက်ခိုက်မယ်”
မင်စိမှ ခန်းမထဲရှိ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်လျက် တည်ကြည်လေးနက်စွာပြော၏။
“ဟုတ်ကဲ့ပါ စစ်သူကြီး!”
မင်သိ၏စကားဆုံးသည်နှင့် မြေအောက်ဘုံလောကကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း လက်ဟန်ဖြင့် အရိုအသေပြုကြသည်။ သူတို့၏လခြမ်းကွေးမျက်လုံးအစုံတို့၌ စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေကြ၏။
…
တောင်ပိုင်းနယ်မြေ၊ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စု၏ နယ်မြေတွင်ဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် မျိုးနွယ်စုအကြီးအကဲများကို ဦးဆောင်၏။ မျိုးနွယ်စုအကြီးအကဲများသည် သူတို့၏ရှေ့ရှိ မျိုးနွယ်စုဘိုးဘေးငါးဦးကို ရိုသေလေးစွာဖြင့် ကြည့်နေခဲ့ကြသည်။ ထိုအကြီးအကဲများ၏နောက်၌ မျိုးနွယ်စုတပည့်များစွာလည်း ရပ်နေကြ၏။
“တောင်ပိုင်းနယ်မြေအင်အားစုတွေရဲ့ အင်အားက မျှော်လင့်ထားတဲ့အတိုင်းပါပဲ.. နောက်ခံအင်အားက အတော်လေးအဆင်ပြေတယ်”
မြို့သခင်ငယ်သည် မနီးမဝေးမှနေ၍ မျိုးနွယ်စုဘိုးဘေးငါးဦးကို သေချာကြည့်ရှုရင်းဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။
“နတ်မင်းအဆင့်ရဲ့ အလယ်အလတ်အဆင့်တွေမှာရှိတဲ့ မျိုးနွယ်စုဘိုးေဘးငါးဦး… ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုရဲ့ လက်ရှိအင်အားက တောင်ပိုင်းနယ်မြေအင်အားစုကြီးတွေထဲမှာ တကယ်ကို အားနည်းတဲ့အထဲ မပါဘူး”
မြို့သခင်ငယ်၏ဘေးရှိ လူအိုကြီးမှ ထောက်ခံပြောဆို၏။
“မျိုးနွယ်စုဘိုးဘေးတို့ ရှန်ရှန့်ကျုံဂိုဏ်းက ကျွန်တော်တို့ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုရဲ့ အကြီးအကဲတွေနဲ့ ကျင့်ကြံသူ အရေအတွက်များစွာကို သတ်ခဲ့ပါတယ်။ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ပေးဖို့ မျိုးနွယ်စုဘိုးဘေးတို့ကို တောင်းဆိုပါတယ်”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ရိုသေကျိုးနွံစွာ အရိုအသေပြုလျက် ဝမ်းနည်းမှု၊စိတ်ပြင်းပြမှုတို့ကို ဖော်ပြတောင်းဆို၏။
“မျိုးနွယ်စုအကြီးအကဲတို့အားလုံး ဒီမျိုးနွယ်စုဘိုးဘေးတို့နဲ့အတူ တိုက်ပွဲချီတက်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို အစိတ်အပိုင်းပေါင်းထောင်ချီ ဖျက်ဆီးပစ်ကြမယ်!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ စကားအဆုံး၌ မျိုးနွယ်စုဘိုးဘေးဖန်းလောင်ကျုမှ ထက်ရှသောမျက်လုံးတို့ တောက်ပစွာဖြင့်ပြော၏။
“ဟုတ်ကဲ့ပါ မျိုးနွယ်စုဘိုးဘေး!”
မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်နှင့် အခြားသူများသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သံပြိုင်ဟစ်ကြွေးကြလေသည်။ မျိုးနွယ်စုဘိုးဘေးများမှ ဦးဆောင်တိုက်ခိုက်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်း၏အဆုံးသတ်မှာ သေခြင်းမှတစ်ပါး အခြားမရှိနိုင်တော့ပါချေ။
ထို့ပြင် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုသာမက အခြားရှေးဟောင်းဂိုဏ်းနှစ်ခုမှလည်း ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်ဆိုင်တိုက်ခိုက်ရန် တောင်ပိုင်းနယ်မြေ၏ အထူးအင်အားစုသုံးခုလုံး ပူးပေါင်းပါဝင်ထား၏။ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပြီးနောက် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို နယ်ချဲ့ရန်ပင် လုံလောက်သည်။
ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုဘိုးဘေးငါးဦး၏ ဦးဆောင်မှုအောက်တွင် ထျန်းဟွမ်မျိုးနွယ်စုကျင့်ကြံသူများစွာတို့သည် ရှန်ရှန့်ကျုံဂိုဏ်းသို့ အားတက်သရော စိတ်ပြင်းပြတက်ကြွစွာ ဦးတည်ကြသည်။ ထျန်းဟွမ်မျိုးနွယ်စု ချီတက်ပြီးနောက် အခြားရှေးဟောင်းဂိုဏ်းနှစ်ဂိုဏ်းမှလည်း ချီတက်ကြသည်။
ဤတစ်ကြိမ် အထူးအင်အားစုသုံးခုမှ အသုံးပြုသောအင်အားသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ကိုင်လှုပ်ရန်အထိ လုံလောက်ပေသည်။
နတ်မင်းအဆင့်၏ အလယ်အလတ်အဆင့်များတွင်ရှိနေကြသည့် မျိုးနွယ်စုဘိုးဘေးငါးဦးအပြင် နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်ရှိ ထျန်းဟွမ်မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်နှင့် နတ်ဝိဇ္ဇာအဆင့် မျိုးနွယ်စုအကြီးအကဲ၆ဦးလည်း ရှိသည်။ ထို့ပြင် နတ်ဘုရင်အဆင့်ရှိ သာမန်အကြီးအကဲများလည်း ရှိသေး၏။
အားရှရှေးဟောင်းဂိုဏ်းမှလည်း နတ်မင်းအဆင့်၏ အလယ်အလတ်အဆင့်ရှိ ဘိုးဘေးသုံးဦးရှိပြီး နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့် ဂိုဏ်းချုပ်နှင့် နတ်ဝိဇ္ဇာအဆင့် အကြီးအကဲ၅ဦး၊ နတ်ဘုရင်အဆင့် သာမန်အကြီးအကဲ၁၀ဦးကျော်ခန့် ရှိသည်။
အထူးအင်အားစုသုံးခု ပေါင်းစည်းလျှင် နတ်မင်းအဆင့်၏ အလယ်အလတ်အဆင့်ရှိကျင့်ကြံသူ ၁၁ဦးရှိပြီး နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ ၂၀နီးပါးနှင့် နတ်ဘုရင်အဆင့်ကျင့်ကြံသူ ၁၀၀နီးပါး ရှိပေမည်။ ထိုမျှအင်အားသည် ကြည့်ရှုရုံဖြင့်ပင် ထိတ်လန့်သွားစေနိုင်လေရာ ရင်ဆိုင်ရန်မူ မတွေးဝံ့နိုင်ပေ။
တောင်ပိုင်းနယ်မြေတစ်ခုလုံးမှ ကျင့်ကြံဆင့်မြင့်မားသော ကျင့်ကြံသူများသည်ပင် အထူးအင်အားစုသုံးခု ချီတက်လာကြသောအင်အားကြောင့် တုန်လှုပ်သွားကြပေသည်။ အထူးအင်အားစုသုံးခု၏ ထိုအင်အားကြီးမှာ အမြင့်သို့တက်လှမ်းစဖြစ်သော ရှန်ရှန့်ကျုံဂိုဏ်းသို့ ချီတက်နေကြခြင်းဖြစ်သည်ကို ထုတ်ပြောရန်ပင် မလိုအပ်ပါချေ။
“ဒါက နှစ်တစ်သောင်းကြာတိုင် မမြင်တွေ့ခဲ့ရတဲ့တိုက်ပွဲပဲ!”
“အမြန်! တိုက်ပွဲရဲ့သက်ရောက်မှုကို ခံရမယ်ဆိုရင်တောင်မှ ဒီတိုက်ပွဲကို ကျိန်းသေပေါက်ကြည့်ရမယ်။ မဟုတ်ရင် ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး ငါနောင်တရနေတော့မှာ!”
“အမြန် အမြန်!”
“၁၈နှစ်လောက်ကြာပြီးနောက်မှာ သူရဲကောင်းဇာတ်လမ်းတစ်ပုဒ် ပြောပြနိုင်တာပေါ့။ ဒီလိုတိုက်ပွဲမျိုးက ငါတို့တစ်သက်တာမှာ နောက်တစ်ကြိမ်မြင်တွေ့ဖို့ မဖြစ်နိုင်တဲ့တိုက်ပွဲပဲ!”
တောင်ပိုင်းနယ်မြေ၏ကျင့်ကြံသူများမှာ အလွန်တရာစိတ်လှုပ်ရှားလွန်းစွာဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသို့ ဦးတည်ကြတော့သည်။ ထိုသို့စိတ်ဝင်စားဖွယ်ကို ကျင့်ကြံဆင့်မြင့်မားသူများသာလျှင် သွားရောက်ကြည့်ရှုရဲကြပါ၏။ အခြားကျင့်ကြံသူများမှာလည်း စိတ်ဝင်စားကြပါသော်ငြား မိမိ၏အတိုင်းအတာကို ကောင်းစွာသိကြပါသည်။ သူတို့၏ကျင့်ကြံဆင့်ဖြင့် အနည်းငယ်မျှသော သက်ရောက်မှုကိုပင် ခံနိုင်ရည်မရှိနိုင်ပေ။
ကျင့်ကြံသူတစ်ဦးမှ တောင်ပိုင်းနယ်မြေကို အပေါ်စီးမှနေ၍ ခြုံငုံကြည့်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းသို့ဦးတည်နေသည့် အနက်ရောင်အစုအဖွဲ့များကို မြင်တွေ့နိုင်ပေလိမ့်မည်။
…..
ရှန်ရှန့်ကျုံဂိုဏ်းချုပ်ခန်းမဆောင်ထဲတွင် ဝမ်ဖုန်းသည် စနစ်၏အချက်ပေးသံကြောင့် မျက်လုံးများ အရောင်တောက်ပနေ၏။
“ဒင်! ရန်သူဖြစ်သည့် အထူးအင်အားစုသုံးခုကို သုတ်သင်ရှင်းလင်းရန် တာဝန်ကို ဖွင့်လှစ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ တာဝန်၏ဆုလာဘ်: ဂိုဏ်းအမှတ်၃ဘီလီယံ၊ အဆင့်မြင့်နတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့် ၅ခု”
ဆုလာဘ်သည် များပြားလွန်းသည်ဖြစ်ရာ ဤတစ်ကြိမ် ချီတက်လာသော အထူးအင်အားစုသုံးခု၏အင်အားမှာ မရိုးရှင်းနိုင်ပေ။
ခန်းမဆောင်ထဲတွင် လဲလျောင်းအိပ်စက်နေသော အမြီးကိုးချောင်းမြေခွေးကို ဝမ်ဖုန်း ကြည့်လိုက်သည်။ ဝမ်ဖုန်းသည် လှောင်ရယ်ဟန်ဖြင့် အချိန်ခဏမျှတွေးတောပြီးနောက် ကျန်းစန်ဖုန်း၊ လီရော့ဟိုင်နှင့် အခြားသူများသို့ အသံပို့ဆောင်လိုက်သည်။
“ခန်းမဆောင်ကို လာခဲ့ကြပါ”
“ဂိုဏ်းချုပ်!”
ဝမ်ဖုန်း၏အသံပို့ဆောင်မှုပြီးနောက် ခဏတာလေးတွင် ကျန်းစန်ဖုန်း၊ လီရော့ဟိုင်၊ တုကူချိုးပိုင်တို့ ရောက်ရှိလာကြသည်။
“မင်းတို့လူခွဲသွားပြီး အထူးအင်အားစုသုံးခုကလွဲပြီး တခြားအင်အားစုတွေကို သိမ်းပိုက်လိုက်ပါ”
ဝမ်ဖုန်းသည် မျက်လုံးများတောက်ပနေဆဲဖြင့် တည်ကြည်လေးနက်စွာပြော၏။
ယခု၌ အထူးအင်အားစုသုံးခုမှအပ ရှန်ရှန့်ကျုံဂိုဏ်းကို ဟန့်တားနိုင်သူမရှိပေ။ အထူးအင်အားစုသုံးခုမှ ချီတက်လာပြီဖြစ်ရာ အခြားအင်အားစုများကို သိမ်းပိုက်ရန် အခွင့်ကောင်းဖြစ်သည်။
မိမိမှ ကျူးကျော်လာသည့် အထူးအင်အားစုသုံးခုကို နှိမ်နင်းနေချိန်တွင် ကျန်းစန်ဖုန်းတို့၏အဟန့်ဖြင့် အထူးအင်အားစုသုံးခုသည် အမည်သာကျန်ရှိတော့၍ အညံ့ခံခြင်းနှင့် သေခြင်းမှအပ ရွေးချယ်စရာ မရှိနိုင်တော့ပေ။
ထိုအတွေးဖြင့် ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သွား၏။ အဘယ်ကြောင့်ဆိုသော် အထူးအင်အားစုသုံးခုသည် ရှန်ရှန့်ကျုံဂိုဏ်းမှ တောင်ပိုင်းနယ်မြေကို သိမ်းပိုက်မည့်ကြာချိန်ကို တိုတောင်းစေခဲ့ခြင်းကြောင့်ပင်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”
ကျန်းစန်ဖုန်းနှင့်အခြားသူများသည်လည်း တည်ကြည်လေးနက်စွာဖြင့် အစီအစဉ်ကို လက်ခံခဲ့သည်။