← Chapters

အပြည့်အဝဖိနှိပ်ခြင်း။

Vol. 25 Ch. 350

အပြည့်အဝဖိနှိပ်ခြင်း။

Vol. 25 Ch. 350

Translator - Hsue Htet 

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် ဝမ်ဖုန်း၏နောက်ရှိ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် လှုပ်ရှားလာကြကာ တစ်ဦးချင်းစီမှ နတ်ဘုရင်အထွတ်အထိပ်အဆင့်အဟုန်တို့ကို ထုတ်လွှတ်နေကြသည်။ နတ်ဘုရင်အထွတ်အထိပ်အဆင့်ဒါ‌ဇင်ကျော်၏ စွမ်းအင်မှာ လေပြင်းမုန်တိုင်းကြီးအလား လောကတစ်ခွင်လွှမ်းခြုံရိုက်ခတ်သွားလျက် ကမ္ဘာမြေကို တုန်ဟီး‌စေသည်။

အမည်မဲ့ဓားသမားနှင့် ချွမ်းယင်၏စွမ်းအင်တို့ကိုမူ အထူးအင်အားစုသုံးစု၏ ဘိုးဘေးများပင်လျှင် ထိတ်လန့်ကုန်ကြလေသည်။

“သတ်!”

အမည်မဲ့ဓားသမားနှင့် အခြားအကြီးအကဲများသည် သံပြိုင်ဟစ်ကြွေးကြလျက် လူတို့သည်လည်း တစ်ဟုန်‌ထိုးပြေးဝင်သွားကြသည်။ အမည်မဲ့ဓားသမားနှင့်ချွမ်းယင်သည် ဘိုးဘေး၁၁ဦးသို့ ဦးတည်သွားပြီး သိချင်းသည်လည်း နောက်ကျမကျန်ရစ်ခဲ့ပါချေ။ ထိုဘိုးဘေးများသို့ ဝင်ရောက်တိုက်ခိုက်၏။

ချွမ်းယင်မှ လက်ကိုဆန့်ထုတ်၍ တစ်စုံတစ်ရာကိုဆုပ်ကိုင်ဟန်ပြုလိုက်ရာ ‌လက်ကိုင်ထူဓားရှည်တစ်လက် ရုတ်ချည်းပေါ်ထွက်လာခဲ့သည်။

ချွမ်းယင်၏ခန္ဓာကိုယ်တွင်းမှ လွမ်းမိုးချုပ်ကိုင်နိုင်စွမ်းသောဓားစွမ်းအင်ကြီး ထွက်ပေါ်လာခဲ့ပြီး အထက်ကောင်းကင်နှင့်ပထဝီမြေကြီးကို တုန်လှုပ်စေခဲ့သည်။ လက်ကိုင်ထူဓားရှည်ကို‌ကိုင်ဆောင်၍ ကြိမ်ဖန်များစွာဝှေ့ယမ်းခြင်းဖြင့် ထက်ရှသောဓားချက်များ တစ်ခုပြီးတစ်ခု အဆက်မပြတ်ထွက်ပေါ်စေ၍ ချုံရှုရှေးဟောင်းဂိုဏ်းဘိုးဘေး၆ဦး၏ တိုက်ကွက်တို့ကို ခုခံတိုက်ခိုက်နေခဲ့သည်။ 

အခြားတစ်ဖက်၌ အမည်မဲ့ဓားသမားသည် ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုဘိုးဘေးများ၏တိုက်ကွက်တို့ကို မိုးကောင်းကင်မဲ့ဓားနယ်မြေကိုအသုံးပြု၍ ခုခံတိုက်ခိုက်နေ၏။ အမည်မဲ့ဓားသမား၏ နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့် ထက်ရှသောဓားရောင်ခြည်သည် ထျန်းဟွမ်မျိုးနွယ်စုဘိုးဘေးများကို ထိန်လန့်တကြားခုခံလိုက်ရစေသည်။

ဟုန်မန့်နတ်ဘုရားနယ်မြေ၏ ပြန်လည်ဝင်စားသူဖြစ်သော သိချင်းသည် သူမ၏တိုက်ခိုက်ချေမှုန်းခြင်းအတွေ့အကြုံတို့ဖြင့် ထိုက်ရွှမ်ဆန်းကြယ်ဘုံအား သိမြင်နားလည်မှုတို့ကို အမှီပြုတိုက်ခိုက်သည်ဖြစ်ရာ သူမသည် နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်သာဖြစ်သော်ငြား မည်သူမျှ သူမနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိ‌ပေ။ သူမ၏စွမ်းအင်သည် အမည်မဲ့ဓားသမားထက်ပင် ပို၍အားကောင်း၏။

ထျန်းဟွမ်မျိုးနွယ်စုဘိုးဘေးများကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်နေရသော်ငြား အသာစီးရနေဆဲပင်။ ထို့ပြင် ဘိုးဘေး၃ဦးကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။

ထို့အပြင် နတ်ဘုရင်အဆင့်တိုက်ပွဲ၌ ရှန်ရှန့်ကျုံဂိုဏ်း၏ နတ်ဘုရင်အဆင့်ဂိုဏ်းအကြီးအကဲဒါဇင်ခန့်သည် အထူးအင်အားစုသုံးစု၏ နတ်ဘုရင်အဆင့်ကျင့်ကြံသူ တစ်ရာနီးပါးနှင့် တိုက်ခိုက်နေကြသည်။ ၎င်းတိုက်ပွဲ၌လည်း အထူးအင်အားစု၏ကျင့်ကြံသူတစ်ရာမှာ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏ ဖိနှိပ်ခြင်းကိုခံနေရလေသည်။

ထိုကျင့်ကြံသူများသည် အထူးအင်အားစုသုံးစု၏ အမှန်တကယ်ပင် စွမ်းအားမြင့်ကျင့်ကြံသူများ ဖြစ်ကြပါ၏။ သို့သော် ထိုကျင့်ကြံသူတစ်ရာ၌ အထွတ်အထိပ်အဆင့်သို့ရောက်ရှိပြီးသူမှာ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများလောက် အရေအတွက် မများချေ။ ထို့ပြင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ တစ်ဦးချင်းစီတိုင်းမှာ လောကသူရဲကောင်းများ ဖြစ်ကြသည်။ တိုက်ခိုက်ချေမှုန်စွမ်းရည်သည် ထူးကဲသာလွန်သည်ဖြစ်ရာ အထူးအင်အားစုသုံးစု၏ ကျင့်ကြံသူများမှာ အဘယ်သို့များ ယှဉ်ပြိုင်နိုင်ပါအံ့နည်း။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ တစ်ဦးတည်းမှ ကျင့်ကြံသူများစွာတို့ကို ယှဉ်ပြိုင်တိုက်ခိုက်နေရခြင်းဖြစ်သော်ငြား ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ၏ တိုက်ကွက်များမှာ အင်အားပြင်းထန်လွန်းလှလေရာ အထူးအင်အားစုသုံးစု၏ ကျင့်ကြံသူများမှာ ထိတ်လန့်တကြားဖြင့် ပြန်လည်ခုခံရန်သာ တတ်နိုင်ပေသည်။

“အံ့ချီးဖွယ်ပါပဲ! ကောင်းကင်ကိုလှုပ်ယိမ်းနိုင်တဲ့ ထျန်းဟွမ်အင်ပါယာမျိုးနွယ်စုလို အင်အားစုကြီး‌ေတွရဲ့စွမ်းရည်‌ေတွက တကယ်ကိုမျှော်လင့်ထားတဲ့အတိုင်းပဲ!”

တိုက်ပွဲမြင်ကွင်းကို မြင်တွေ့ရသည်တွင် အဝေးမှစောင့်ကြည့်နေသည့် ယန်လဲ့အင်မော်တယ်မြို့သခင်ငယ်သည် အံ့အားသင့်စွာရေရွတ်လေ၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် လူအရေအတွက်နည်းသော်ငြား သူတို့တစ်ဦးချင်းစီ၏ တိုက်ခိုက်ချေမှုန်းမှုစွမ်းရည်သည် ထူးကဲသာလွန်ကြ၍ အထူးအင်အားစုသုံးစုကို ဖိနှိပ်ထားနိုင်ပေသည်။ ဤသို့သောစွမ်းရည်မျိုးကို သူ့တစ်သက်တာ၌ မြင်တွေ့ခဲ့ဖူးခြင်းမရှိပါချေ။

“ဒီရှန်ရှန့်ကျုံဂိုဏ်းကိုသာ လက်အောက်ကိုသိမ်းသွင်းနိုင်ရင် မြို့သခင်ကြီးရာထူးအတွက် ယှဉ်ပြိုင်မှုမှာ အကျိုးရှိ‌ေစလိမ့်မှာပဲ!”

ယန်လဲ့မြို့သခင်ငယ်မှ တောက်‌ပနေသောမျက်ဝန်းအစုံဖြင့် တီးတိုးရေရွတ်၏။

“သေစမ်း! ဒါဘယ်လိုဖြစ်နိုင်မှာလဲ?”

ထျန်းဟွမ်မျိုးနွယ်စုဘိုးဘေးဖန်းသည် တိုက်ပွဲတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုရင်းမှ မျက်ဝန်းအိမ်တို့ကျဉ်းကျုံ့သွားလျက် ဟိန်းဟောက်လေသည်။ ရှန်ရှန့်ကျုံဂိုဏ်းကိုဖျက်ဆီးခြင်းသည် လက်တစ်ချက်ဝှေ့ယမ်းရုံသောကိစ္စရပ်ဟု သူတွေးထားခဲ့သည်။ သို့သော် မမျှော်လင့်စွာဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည် ကြောက်ခမန်းလိလိသောအင်အားကြီး ဖြစ်နေခဲ့သည်။ လူ၃ဦးတည်းဖြင့် အထူးအင်အားစုသုံးစု၏ဘိုးဘေးများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။

ဘိုးဘေးဖန်းကို ပို၍စိတ်ပျက်စေသည်မှာ ဘိုးဘေးများကို တိုက်ခိုက်နေသည့်လူ၃ဦးထဲမှ တစ်ဦးမှာ ထျန်းဟွမ်မျိုးနွယ်စုဝင် ဖြစ်နေခြင်းဖြစ်သည်။

ဘုန်း!

ဘိုးဘေးဖန်းမှ ရန်သူကိုဖြိုခွင်းနိုင်မည့် အခွင့်အရေးကို တွေးတော‌ေနစဉ်တွင် ချွမ်းယင်မှ လေဟာပြင်ကို ဟက်တက်ကွဲသွားစေသည့် ထက်ရှသည့်ဓားချက်ကို ထုတ်လွှတ်လိုက်၏။ ရုတ်တရက်ဆန်လှစွာ ထိုဓားချက်သည် ဘိုးဘေးဖန်း၏ဦးခေါင်းထက်သို့ ဦးတည်ကျရောက်လာခဲ့သည်။

“ထျန်းဟွမ်ဓားသိုင်း!”

ပြင်းထန်အားကောင်းသော ချွမ်းယင်၏ဓားချက်ကို ဘိုးဘေးဖန်း လျစ်လျူမရှုဝံ့ပါ။ သူ၏ထူးကဲစွမ်းရည်ကို ရုတ်ချည်းအသုံးပြု၏။ လျှို့ဝှက်ဆန်းကြယ်၍ကျယ်ပြောသော အရှိန်အဝါကြီး ရုတ်ချည်းဖြာထွက်လာခဲ့၍ ဘိုးဘေးဖန်း၏နောက်ဘက်တွင် အဝါရောင်တောက်ပသော ဧရာမပုံရိပ်ကြီးထွက်ပေါ်လာခဲ့သည်။

ဘိုးဘေးဖန်းကို ချွမ်းယင်၏ဓားချက် ထိလုနီးတွင် ဧရာမပုံရိပ်ကြီးသည် လက်ကိုကွေး၍ ဓားတစ်လက်ဖြင့် အလျင်အမြန်ဟန့်တားလိုက်သည်။ ပုံရိပ်ကြီး၏လက်ချောင်းများမှ ထက်ရှသောဓားချီများကို စီးဆင်းထားစေရာ ထိုဧရာမပုံရိပ်ကြီးမှာ စိတ်ကူးယဉ်ပုံရိပ်အလား ထင်မှတ်ရပေသည်။

ဝမ်ဖုန်းသည် မျက်လုံးများကိုမှေးကျဉ်း၍ တိုက်ပွဲတစ်ခုလုံးကို ကြည့်ရှုနေခဲ့သည်။ လီပိုင်ကို လှုပ်ရှားစေရန်အထိ ဝမ်ဖုန်း အလျင်မလိုသေးပါ။ ဤတိုက်ပွဲမှာ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ဓားသွေးရန်အတွက်သာ ဖြစ်၏။

ကောကျင့်နှင့်တိုက်ခိုက်နေသည့် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ဝမ်ဖုန်း၏ အေးဆေး‌တည်ငြိမ်နေသောပုံရိပ်ကို အမှတ်တမဲ့ လှမ်းမြင်လိုက်ရ၍ ဒေါသဖြစ်သွားရသည်။

သူတို့နှစ်ဦးလုံးမှာ ခေါင်းဆောင်များဖြစ်ကြသည်ကို ဘာလို့များ ကွာခြားချက်က ဒီလောက်ထိကြီးမားနေရတာလဲ?

“ဟွမ်ထျန်းဓားသိုင်း!”

ဒေါသမာန်ဟုန်ကြွနေသော မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှ ဟိန်းဟောက်လာ၏။ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်များမှာ ကသုတ်ကရက် လည်ပတ်နေကြပြီး သူ၏လက်ထဲရှိဓားရှည်မှ ထက်ရှသည်ဓားရောင်ခြည် ထွက်ပေါ်လာခဲ့သည်။ ထျန်းလင်သည် လှုပ်ရှားမှုတစ်ချက်နှင့်အတူ ကောကျင့်၏နောက်သို့ ရောက်လာခဲ့ပြီး လက်ထဲမှဓားဖြင့် အပြင်းအထန်ခုတ်ပိုင်းလိုက်သည်။ ထိုဓားချက်တွင် အဝါရောင်ဓားရောင်ခြည်များ ဖြာထွက်လာ၏။

“နောင်တတရားကန်းလုံ!”

မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ တိုက်ခိုက်မှုတွင် ကောကျင့်သည် ဝဲဘက်ခြေထောက်ကို အနည်းငယ်ကွေးညွှတ်၍ လက်ယာလက်မောင်းကို အတွင်းဘက်သို့ကွေးညွှတ်ပြီး လက်ယာလက်ဖဝါးကို စက်ဝိုင်းသဏ္ဍာဝှေ့ယမ်းပြီးနောက် လက်ဖဝါးရိုက်ချက်တစ်ခု ထုတ်လွှတ်လိုက်သည်။ အဝါရောင်လက်ဖဝါးရိုက်ချက်သည် ခမ်းနားကြီးကျယ်သောစွမ်းအင်တို့ ပြည့်လျွံနေလျက်ဖြင့် စူးရှကျယ်လောင်စွာ ခပ်ပြင်းပြင်း‌‌ေပါက်ကွဲထွက်သွား၏။

ဘုန်း!

ဓားချက်နှင့်လက်ဖဝါးချက်တို့ ပြင်းထန်စွာထိခတ်သွားပြီး စွမ်းအင်လှိုင်းများသည် လေဟာပြင်ကို တုန်လှုပ်စေလျက် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၏။ ကောကျင့်သည် ဓားချက်ကြောင့် ခြေလှမ်းဒါဇင်မျှ နောက်ဆုတ်သွားရပြီး နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ခု စီးဆင်းသွားရသည်။

ကောကျင့်သည် အင်အားကြီးမားသော်ငြား ကျင့်ကြံဆင့်မှာ နတ်ဘုရင်အထွတ်အထိပ်အဆင့်သာဖြစ်၏။ နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့်ဖြစ်သော မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်ကို ခုခံတိုက်ခိုက်နိုင်ခြင်းသည်ပင် အံ့ချီးဖွယ်ကိစ္စရပ်ကြီးဖြစ်ပေသည်။

“မင်း ဓားချက်ဘယ်လောက်များများကို ခုခံနိုင်ဦးမလဲ ငါကြည့်ဦးမယ်!”

မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် မည်းမှောင်နေသောမျက်နှာအမူအရာဖြင့် ဓားကိုကိုင်ဆွဲ၍ စွမ်းအင်ဆက်လက်ဖြည့်တင်းလိုက်သည်။ နတ်ဘုရင်အထွတ်အထိပ်အဆင့်ဖြစ်သော ကောကျင့်ကို သတ်ရန်ကျရှုံးခဲ့ခြင်းမှာ သူ့ကို အရှက်ရစေ၏။

“ကောင်းကင်ယံနဂါးပျံ!”

“နဂါးမြီးဝှေ့ယမ်း!”

“...!”

မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ ဆက်တိုက်,တိုက်ခိုက်လာမှု‌‌ေကြာင့် ကော‌ကျင့် စိတ်လှုပ်ရှားထိတ်ပျာသွားခြင်း မရှိပေ။ သူ၏ခန္ဓာကိုယ်မှာ‌ ကျောက်စိုင်ကျောက်သားအလား တည်မြဲနေကာ နဂါးလက်ဖဝါးရိုက်ချက်၁၈ဖြာဖြင့် ထျန်းလင်၏ဓားချက်ကို ပြန်လည်တိုက်ခိုက်သည်။

“ဦးလေးကော ကျွန်တော်လာကူညီမယ်!”

မနီးမဝေးမှ ရန်ကော်သည် ထျန်းဟွမ်မျိုးနွယ်စုတစ်ဦးကို ခေါင်း‌ဖြတ်သတ်လိုက်၏။ အန္တာရာယ်ကျရောက်နေသည့် ကောကျင့်ကိုမြင်သောအခါ ဒေါသတကြီးဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့်အတူ ရုတ်ချည်းလက်ရှိနေရာမှ ကောကျင့်တို့ကြားသို့ တိုက်ရိုက်ဝင်ဖြိုခွင်း၏။

ဓားသိုင်းက အလှဓားသည် ထက်ရှသည့်အသွားမရှိ၊ အသုံးမဝင်!

တောင့်တင်းမာကြောမှုနှင့် နူးညံ့ပျော့ပြောင်းမှုတို့ ပေါင်းစပ်ထားသော လွှမ်းမိုးနိုင်စွမ်းသောဓားသွားကြောင့် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ ခန္ဓာကိုယ်မှာတောင့်တင်းသွား၏။ ဦးရေပြားထိတိုင် ကျိန်းစပ်သွားကာ ရန်ကော်၏ဓားချက်ကို ‌အလောတကြီး ခုခံလိုက်ရသည်။

ဤသို့သော အခွင့်အရေးကောင်းကို ကောကျင့် လက်လွတ်မခံနိုင်ပါ။ နဂါးအမြီးဝှေ့ယမ်းခြင်းတိုက်ကွက်ဖြင့် နဂါးအမြှီးဝှေ့ယမ်းနေသည်ကဲ့သို့သော လက်ဖဝါးရိုက်ချက်ကို မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သို့ ဦးတည်ထုတ်လွှတ်၏။ လက်ဖဝါးရိုက်ချက်မှာ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်သေးသည့်တိုင် အရှိန်အဝါဖြင့်ပင် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှာ မခံမရပ်နိုင်ဖြစ်နေရလေသည်။

နတ်ဝိဇ္ဇာအထွတ်အထိပ်အဆင့် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် သူ၏ဂုဏ်သတင်းသိက္ခာတို့နှင့် မထိုက်တန်လှပါ။ ထျန်းလင်သည် ဓားကိုင်ဆောင်သည့်လက်တစ်ဖက်ဖြင့် ရန်ကော်ကိုခုခံထား၍ လက်တစ်ဖက်မှ လက်ဖဝါးရိုက်ချက်တစ်ခုဖြင့် ကောကျင့်ကို ခုခံထားသည်။

ဘုန်း!

မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သည့်အသံကြီး ပေါက်ကွဲထွက်သွားပြီး စွမ်းအင်လှိုင်းလုံးကြီးများမှာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကြသည်။ ကောကျင့်နှင့် ရန်ကော်၏ တိုက်ခိုက်မှုအောက်၌ စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦးဖြစ်သော မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှာ လွင့်စင်ထွက်သွားရလေသည်။

ထျန်းလင်မှာ မိုင်ထောင်ချီအကွာအဝေးသို့ အထက်အောက်ပြန်လှန်လွင့်စင်ထွက်သွားပြီးနောက်၌ အခြားသော ထျန်းဟွမ်မျိုးနွယ်စုများကို ဝင်တိုက်မိလေသည်။ ထျန်းလင်သည် ခန္ဓာကိုယ်ကိုတည်ငြိမ်အောင် ထိန်းညှိလိုက်ပြီးနောက်တွင် နှုတ်ခမ်းထောင့်တို့မှ သွေးနီနီစီးကြောင်းတစ်ခု စီးဆင်းသွားခဲ့ရသည်။

မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်၏ ကောကျင့်နှင့်ရန်ကော်တို့ကို စူးစိုက်ကြည့်နေသော မျက်နှာမှာ မှုန်မှိုင်းလွန်းလှ၏။ ထျန်းလင်၏စိတ်နှလုံးတွင်း၌ မုန်တိုင်းထန်နေခဲ့သည်။ မတိုင်မီက နတ်ဘုရင်အထွတ်အထိပ်အဆင့်နှစ်ဦးမှ မိမိကို ထိခိုက်ရန်စွမ်းဆောင်နိုင်သည်ဟု ပြောလာပါလျှင် မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်သည် ထိုစကားဆိုသူကို ရိုက်သတ်ပစ်လိုက်မည်ဖြစ်၏။

သို့သော် ယခုတွင်တော့ သူသည် တကယ်ကြီး နတ်ဘုရင်အထွတ်အထိပ်အဆင့်နှစ်ဦးကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့သည်ဖြစ်ရာ မျိုးနွယ်စုခေါင်းဆောင်ထျန်းလင်မှာ အံ့ဩထိတ်လန့်မှုနှင့်အတူ ဒေါသစိတ်လည်း ပြင်းထန်နေတော့သည်။

All Chapters