← Chapters

ဒီသားတော်က ရှန်ရှန့်ကျုံ့ဂိုဏ်းကို သိမ်းသွင်းချင်တယ်။

Vol. 26 Ch. 351

ဒီသားတော်က ရှန်ရှန့်ကျုံ့ဂိုဏ်းကို သိမ်းသွင်းချင်တယ်။

Vol. 26 Ch. 351

ဘာသာပြန်- The Fate

ကောကျင့် နှင့် ရန်ကောတို့က မျိုးနွယ်စုခေါင်းဆောင် လင်းထျန်ကို တိုက်ခိုက်နေစဉ်တွင် ချွမ်ယင်းနှင့် ‌ဘိုးဘေးခြောက်ယောက်ကြား တိုက်ပွဲကလည်း ပို၍ပို၍ပြင်းထန်လာခဲ့သည်။ ဤအချိန်တွင် သူတို့တည်ရှိရာ မိုင်ထောင်ချီပတ်ပတ်လည်၌ ဘယ်သူကမှ ရှိမနေရဲကြတော့ပေ။ 

ဤသည်မှာ ကိုးကွယ်ခံနတ်မင်းအဆင့် စွမ်းအားရှင်များကြားမှတိုက်ပွဲဖြစ်သည်။ ဘယ်သူကများ တိုက်ပွဲအတွင်းသို့ ခြေချရဲလိမ့်မည်နည်း။ ဖိအားအရိပ်အငွေ့လေး တစ်ခုကတောင် သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်သည်။

ချွမ်ယင်းသည် ထူထဲသော မဟူရာ ဆေဘာဓားကို ဆုပ်ကိုင်ထားပြီး စကားတစ်ခွန်းမှ မပြောပါဘဲ ဆက်တိုက်ခုတ်ပိုင်း တိုက်ခိုက်နေကာ ဘိုးဘေး ခြောက်ယောက်ကို ထိတ်ထိတ်ပြာပြာဖြစ်နေစေသည်။ 

ဓားတစ်လက်တည်းနှင့် လူခြောက်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ရသော်လည်း ချွမ်ယင်းကတော့ အေးဆေးသက်သာစွာ ရှိနေဆဲပင်။ တစ်ခါတစ်ရံတွင် သူက ဓားကို ခုတ်ပိုင်းကာ အထူးအင်အားစုသုံးခုမှ နတ်ဝိဇ္ဇာအဆင့်စွမ်းအားရှင်များကို တိုက်ခိုက်ပြီး ရှန်ရှန့်ကျံု့ဂိုဏ်း အကြီးအကဲများ၏ ဖိအားကိုတောင် လျှော့ချပေးနေသေးသည်။ 

"အဲဒီလူက ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့် ဆရာသခင်တစ်ယောက်ဖြစ်ရမယ်...ငါတို့အကောင်းဆုံးကြိုးစားတိုက်ခိုက်ရမယ်... " 

အားရှဂိုဏ်း၏ ဘိုးဘေးရှဝူရှင်းသည် အံ့သြတကြီးပြောလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကျယ်ပြောသော စွမ်းအားများကို ထုတ်လွှတ်လိုက်ကာ လေထုကို တုန်ခါ‌‌ေစလိုက်သည်။

"မီးတောက်ဓား... "

သူသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။ ဓားရှည်ပေါ်၌ ပြင်းထန်သော စွမ်းအားများ စီးဆင်းဝင်ရောက်သွားသည်။သူဟာ ၎င်းပြင်းထန်သော စွမ်းအားများရှိနေသည့် ဓားရှည်ကို ခုတ်ပိုင်းလိုက်ကာ ချွမ်ယင်းကို အလွန်အမင်းမြန်ဆန်သောနှုန်းဖြင့် တိုက်ခိုက်လိုက်သည်။ 

တစ်ချိန်ထဲ၌ အခြားသော ဘိုးဘေး ၅ယောက်ကလည်း စွမ်းအားကြီး တိုက်ကွက်များကို ထုတ်ဖော်လိုက်ကာ ချွမ်ယင်းကို တိုက်ခိုက်လိုက်သည်။ အနှီထိတ်လန့်ဖွယ် တိုက်ခိုက်မှုကြီး ‌ခြောက်ခု၏အောက်တွင် သာမန်ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့်ဆရာ သခင်များဆိုပါက ထိတ်လန့်အံ့ဩသွားကြပေလိမ့်မည်။

သို့ပါသော်လည်း ချွမ်ယင်းကတော့ တိမ်ဆိုင်တစ်ခုအလား ပေါ့ပါးသွက်လက်နေဆဲပင်။ သူ့လက်ထဲရှိ အနက်ရောင် မဟူရာဓားမှာ ထပ်ခါထပ်ခါ လွှဲရမ်းလာခဲ့သည်။ များစွာသော အလင်းတန်းများသည် အချိန်နှင့် အာကာပြင်ကို ဖြတ်သန်းသွားပုံပေါ်၏။ အဆိုပါအလင်းတန်းများမှာ ဘိုးဘေးခြောက်ယောက်၏တိုက်ခိုက်မှုနှင့် ထိခိုက်မိသွားပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားမုန်တိုင်ကြီးတစ်ခုဖြစ်တည်လာကာ ပတ်၀န်းကျင်ကို သိမ့်သိမ့်တုန်သွားစေခဲ့၏။ ဤအချိန်တွင် ချွမ်ယင်းသည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဘိုးဘေးအိုကြီးတစ်ယောက်၏ အနောက်ဖက်၌ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်၏ ကျင့်ကြံမှုသည် ကြိုတင်သတိပေးထားခြင်းမရှိဘဲ ထွက်ပေါ်လာခဲ့ကာ ဘိုးဘေးအိုကြီးကို လှုပ်ရှားမရအောင် ဖိနှိပ်လိုက်သည်။

နောက်တစ်ခဏအကြာတွင် ချွမ်ယင်းသည် ဓားကို လွှဲရမ်းလိုက်သည့်အခါ လေထုအတွင်း၌ ရေတံခွန်ဆီးပြိုသကဲ့သို့ သွေးများ စီးယိုလာခဲ့သည်။ 

"ဟာ!!!"

ဤမြင်ကွင်းက အခြား ဘိုးဘေး၅ယောက်ကို သက်ပြင်းချလိုက်မိစေသည်။ ပြေးဝင်တိုက်ခိုက်တော့မည့် သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်တရက်ရပ်တန့်သွားပြီး ချွမ်ယင်းကို ကြောက်လန့်စွာ စူးစိုက်ကြည့်လိုက်သည်။ 

မျက်တောင်တစ်ခတ်အတွင်းမှာ သူတို့နဲ့အဆင့်တူ စွမ်းအားရှင်တစ်ယောက်ကို ချွမ်ရင်းက သတ်ဖြတ်လိုက်တာလား??? ဒီလိုထိတ်လန့်ဖွယ်တည်ရှိမှုကြီးက ရှိနေနိုင်သေးတာလား။

"အဲဒီလူကအရမ်းသန်မာတယ်..."

ယန်လဲ့အမတမြို့‌ေတာ်၊ သခင်ငယ်လေးဘေး၌ ရှိနေသော ဝူလောင်သည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည်အခါ သူ၏မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ခါသွားပြီး လေးနက်စွာ ပြောလိုက်သည်။ သူကလည်းပဲ ကိုးကွယ်ခံနတ်မင်း အထွဋ်အထိပ်အဆင့် ဆရာသခင်တစ်ပါးဖြစ်လေသည်။ သို့ပါသော်လည်း ဘိုး‌ေဘးခြောက်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်နေရစဉ်တွင် ဘိုးဘေးတစ်ယောက်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟုသူကိုယ်တိုင်ကတောင်မသေချာပါ။

ဝူလောင်၏ စကားကို ကြားလိုက်ရသည့်အခါ မြို့သခင်ငယ်လေး၏ မျက်ဝန်းမှာ ပိုမိုတောက်ပလာခဲ့သည်။ ရှန်ရှန့်ကျံု့ဂိုဏ်းက ပိုမိုသန်မာလေလေ၊ သူက ပိုမိုစိတ်ဝင်စားလေလေပင်။ ထိုကဲ့သို့စွမ်းအားကြီး အင်အားစုကြီးကို အညံ့ခံအောင် လုပ်နိုင်ပါက သူ့အတွက် ပိုမိုအကျိုးများပေလိမ့်မည်။ 

ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ထိတ်လန့်ဖွယ်ခွန်အားကို တွေ့မြင်နေရတာတောင် မြို့သခင်ငယ်လေးသည် ရှန်ရှန့်ကျုံ့ ဂိုဏ်းကို အညံ့ခံခိုင်းဖို့ သေချာနေသေးသည်။ သူဟာ ယန်လဲ့အမတမြို့တော်၏ သခင်ငယ်လေးဖြစ်လေသည်။သူ၏ အဆင့်အတန်းမှာ ရှန်းရွှမ်ဒေသ၌ အကောင်းဆုံးဖြစ်လေသည်။ 

သူက ကိုယ်တိုင်ကိုယ်ကျ သိမ်းသွင်းလိုခဲ့သည်။ ဒါဟာမိုးကောင်းကင်နတ်မင်းအဆင့် အောက်ရှိ ကျင့်ကြံသူများအတွက် ဂုဏ်ယူဖွယ်ဖြစ်ရပ်ကြီးပင် မဟုတ်ပါလား။

ဘုန်း!!

ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် မြို့သခင်ငယ်နှင့် ဝူလောင်တို့၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထိုအသံကို ကြားလိုက်ရသည့်အခါ သူတို့၏ အမူအရာများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ 

အဝေးတစ်နေရာတွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်လျက်လေထုထဲ စီးမျောနေသော တုံ့ဖန်းပုပိုင်ကို သူတို့ တွေ့မြင်လိုက်ရသည်။ သူမ၏လှပသော ဆံသားများဟာ လေယူရာ ယိမ်းနွဲ့နေခဲ့ပြီး နတ်ဆိုးမိန်းမပျိုတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။ သူမကို တွေ့မြင်ရသူ မှန်သမျှ တုန်လှုပ်သွားကြမည်မှာ အမှန်ပင်။ 

တုံ့ဖန်းပုပိုင်၏ ဆန့်ကျင်ဘက်အရပ်၌ အားရှရှေးဟောင်းဂိုဏ်းကြီး၏ နတ်ဝိဇ္ဇာအစောပိုင်းအဆင့် ဘိုဘေးတစ်ယောက် ရှိနေသည်။ သူ၏မျက်၀န်းများက တုံ့ဖန်းပုပိုင်ကို စေ့စေ့စိုက်ကြည့်ထားပြီး သူ၏မျက်၀န်းများက အလွန်အမင်းလေးနက်နေသည်။ ဤအချိန်တွင် သူဟာ တုံ့ဖန်းပုပိုင်၏ ပြိုင်ဘက်ကင်းအလှကို ခံစားလိုစိတ်မရှိတော့ချေ။ ထိုအချိုးစားကျ လှပငသာ ခန္ဓာကိုယ်ပိုင်ရှင်မှာ မကောင်းဆိုးဝါးပင် ဖြစ်ချေတော့သည်!

"သတ်!!!"

နတ်ဝိဇ္ဇာအဆင့် အကြီးအကဲသည် သူ့ကိုယ်သူခွန်အားပေးလိုက်သည့်အလား တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ့လက်ထဲရှိ ဓားရှည်မှာ အရိုင်းဆန်စွာ တုန်ခါလာခဲ့ပြီး ထက်မြသော ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ မျက်တောင်တခတ်အတွင်းမှာပင် သူဟာတုံ့ဖန်းပုပိုင်၏ အရှေ့၌ထွက်ပေါ်လာခဲ့ပြီး လက်ထဲရှိ ဓားရှည်ဖြင့် ခုတ်ပိုင်းချလိုက်သည်။ 

လေထုဟာပေါက်ကွဲသွားပြီး လှိုင်းထန်သော ဓားချီများထွက်ပေါ်လာခဲ့ကာ မြေပြင်ကို အပိုင်းပိုင်းအစအစ ဖြတ်‌ေတာက်လိုက်သည်။ 

သန်မာသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ တုံ့ဖန်းပုပန်၏ လှပသော မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ သူမ၏ညာလက်မနှင့်လက်ညှိုးတို့က သေးငယ်သော ပန်းထိုးအပ်လေးကို ကိုင်ထားပြီး ဓားကို ကာကွယ်ရန်အထပ်ဖက်သို့ ပစ်မြောက်လိုက်သည်။ 

သေးငယ်သော ပန်းထိုးအပ်ကလေး၏ ထိပ်ဖျား၌ ရာထောင်ချီသော ခွန်အားများ ကိန်းဝပ်နေပုံ ပေါ်လေသည်။ ၎င်းက တောင်တစ်တောင်ကို ဖျက်ဆီးနိုင်စွမ်းရှိသော ထိတ်လန့်ဖွယ်ဓားကို ပိတ်ဆို့လိုက်သည်။ 

ချက်ချင်းဆိုသလို တုံ့ဖန်းပုပိုင်က လျှပ်စီးလိုအမြန်နှုန်းဖြင့် နောက်ဆုတ်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ သူမဟာ အကြီးအကဲနှင့် အဝေးတစ်နေရာသို့ ရောက်ရှိသွားခဲ့လေသည်။ သူမလက်ထဲရှိ ပန်းထိုးအပ်မှာ ရုတ်တရက် ဝဲပျံထွက်သွားပြီး အေးစက်သောအလင်းတန်းနှင့်အတူ အကြီးအကဲ၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။

"ဖစ်..."

ပြင်းထန်သောစွမ်းအားများက ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာတာကြောင့် အကြီးအကဲမှာ သွေးမအန်ဘဲမနေနိုင်တော့ချေ။ သူက တုန်ဖန်းပုပိုင်ကို ထိတ်လန့်တကြားလှမ်းကြည့်လိုက်သည်။ ဘယ်အချိန်ကတည်းက သေးငယ်သော အပ်လေးတစ်ချောင်းက နတ်ဝိဇ္ဇာအဆင့်စွမ်းအားရှင်ကို ထိခိုက်အောင် လုပ်နိုင်သွားရတာလဲ။ 

"ကောင်းကင်နှင့်လူသား နေကြာပန်းစု‌ေဆာင်းခြင်း"

တုံ့ဖန်းပုပိုင်သည် အေးစက်စွာ ရေရွတ်လိုက်ပြီးရှည်လျားသော ဝတ်ရုံလက်ရှည်ကို ဝေ့ယမ်းလိုက်သည့်အခါ မြောက်များစွာသော ပန်းထိုးအပ်များထွက်ပေါ်လာခဲ့သည်။ မျက်တောင်တခတ်အတွင်း၌ မြောက်များစွာသော ပန်းထိုးအပ်များသည် သူမ၏ အ‌ေရှ့တွင် ထွက်ပေါ်လာလေသည်။ တုံ့ဖန်းပုပိုင်က ဝတ်ရုံလက်ရှည်ကို ဝေ့ယမ်းလိုက်သည်အခါ များစွာသော ပန်းထိုးအပ်များက ရုတ်တရက် ‌ေပြးထွက်သွားသည်။ 

အကြီးအကဲက များစွာသော ပန်းထိုးအပ်များကို အလျင်အမြန် ခုခံလိုက်သည့် အချိန်တွင် တုံ့ဖန်းပုပိုင်က သူမ၏ လက်ကို တောက်ထုတ်လိုက်ပြီး ရွှေရောင်အပ်ကလေးတစ်ချောင်းကို များစွာသော ပန်းထိုးအပ်များကြား တိတ်တဆိတ်ပစ်သွင်းလိုက်သည်။ ၎င်းရွှေရောင်အပ်ကလေးက အကြီးအကဲ၏ နဖူးပြင်ကို ထွင်းဖောက်သွားခဲ့ပြီး ပြင်းထန်လွန်းသော စွမ်းအင်များက စိတ်ဝိညာဉ်ကိုတောင် အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်သည်။

ဘုန်း!!!

အကြီးအကဲ၏ မျက်နှာထက်၌ မလိုလားအပ်သောမလိုလားသော အကြည့်တစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်ယံအထက်မှ ပြုတ်ကျသွားကာ မြေပြင်၌ ကြီးမားသောအက်ကွဲကြောင်းကြီးနှင့် ဖုန်မှုန့်များ တသောင်းသောင်း ထသွားခဲ့သည်။ 

"အဲဒီအမျိုးသမီးက ဒီသားတော်ရဲ့အ‌ေစခံတစ်ယောက်ဖြစ်လာစေရမယ်။"

ယန်လဲ့အမတမြို့တော်၏ မြို့သခင်ငယ်လေးသည် တိုက်ပွဲတခုလုံးကို စောင့်ကြည့်နေခဲ့သည်။ တုံ့ဖန်းပုပန်၏ ပြိုင်ဘက်ကင်း‌ေသာ အလှတရားကြောင့်သာမက တိုက်ပွဲဝင်စွမ်းအားကြောင့်ပါ သူ့၏စိတ်ဟာလှုပ်ရှားသွားခဲ့ရသည်။ တောင်ပိုင်းနယ်မြေတွင် ဤမျှလောက်လှပပြီး စွမ်းအားကြီးသော အမျိုးသမီးများရှိနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။နတ်ဘုရားက သူ့ကို မျက်နှာသာပေးနေတာပဲ။

အဲဒီအနီရောင်ဝတ်စုံနဲ့အမျိုးသမီး၊အဖြူရောင်ဝတ်စုံနှင့်နတ်သမီးလိုလှပသော အမျိုးသမီးအပြင် တောင်ပိုင်းနယ်မြေရဲ့ နံပါတ်၁အ လှနတ်မိမယ်..... ဒါတွေအားလုံးကိုသူပိုင်ဆိုင်ရမယ်! 

ယန်လဲ့အမတမြို့တော်၏ မြို့သခင်ငယ်လေးသည် သူဘာသာသူ‌ေတွးလိုက်ပြီး သူ့မျက်နှာထက်၌ ညစ်ညမ်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ 

"အကြီးအကဲ၀ူ ငါနဲ့လိုက်ခဲ့...ဒီသားတော်က ရှန်ရှန့်ကျုံဂိုဏ်းကို သိမ်းသွင်းချင်တယ်။အကြီးအကဲ၀ူကို ခြောက်လန့်ခိုင်းရတော့မှ ပဲ! ။"

 ထိုသို့တွေးလိုက်ပြီးနောက် မြို့သခင်ငယ်လေးသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ အကြီးအကဲ၀ူဘက်သို့ လှည့်၍ပြောလိုက်သည်။

ဝူလောင်ကာ ခေါင်းငြိမ့်လိုက်ကာ မြို့သခင်ငယ်လေးနောက်သို့ လိုက်လာပြီး ဝမ်ဖုန်းရှိရာသို့ရောက်လာခဲ့သည်။ သူက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မတွေးထင်ထားပေ။ ရှန်ရှန့်ကျုံဂိုဏ်းက အမှန်တကယ်စွမ်းအားကြီးနေသော်လည်း ယန်လဲ့အမတမြို့တော်၏ အရှေ့၌ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှသည်။ မြို့သခင်ငယ်လေး၏ သိမ်းသွင်းခြင်းကို ခံရတာတောင် ရှန်ရှန့်ကျံု့ဂိုဏ်းအတွက် ဂုဏ်ယူစရာပင် ဖြစ်နေလေပြီ။ ဒါက အလယ်ပိုင်းဒေသရှိ များစွာသောလူတို့ရဲ့ မရနိုင်သော အခွင့်ထူးကြီးပင် မဟုတ်ပေလော? 

ဝမ်ဖုန်းသည် တိုက်ပွဲမြေပြင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ့မျက်နှာအထက်၌ ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဤတိုက်ပွဲပြီးသည့်နောက်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများမှာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနိုင်လိမ့်မည်။ 

 ကျန်းစန်ဖုန်းနှင့် အခြားသူများကို အပြင်ဘက် စေလွှတ်လိုက်၍မဟုတ်ပါက တိုက်ပွဲအတွင်း ရှန်ရှန့်ကျုံဂိုဏ်း၏ ဖိအားများမှာ ပိုမိုလျှော့နည်းသွားလိမ့်မည်။ ထိုသို့ဆိုလျှင်တောင် အနိုင်ရခြင်းသည် ရှန်ရှန့်ကျုံဂိုဏ်းဘက်ကို အလေးသာနေပြီဖြစ်သည်။ ဤတိုက်ပွဲတွင် ရှန်ရှန့်ကျုံဂိုဏ်းအနိုင်ရရန် အချိန်သိပ်မလိုတော့ပေ....

All Chapters