← Chapters

ရှန်ရှန့်ကျုံ့ဂိုဏ်းကသာ နတ်ဘုရားဖြစ်ချေသည်!

Vol. 26 Ch. 352

ရှန်ရှန့်ကျုံ့ဂိုဏ်းကသာ နတ်ဘုရားဖြစ်ချေသည်!

Vol. 26 Ch. 352

ဘာသာပြန်- The Fate

ဘုန်း !

ကျယ်လောင်သောပေါက်ကွဲသံကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။ စွမ်းအားကြီးတိုက်ပွဲအရှိန်အဝါများက အထူးအင်အားစုကြီးသုံးစုမှ နတ်မင်းနယ်ပယ်ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

သူတို့အပေါ်ကိုမော့ကြည့်လိုက်သည့်အခါ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသော မှုန်ဝါးဝါးပုံရိပ်ဖြင့် အမျိုးသားတစ်ယောက်သည် သူတို့ကိုအကြီးအကျယ်ထိတ်လန့်စေလိုက်သည်။ သူဟာ အရပ်ကိုးပေရှည်ပြီး သူ၏မုတ်ဆိတ်မွှေးများက နှစ်ပေခန့်ရှည်လျားသည်။ အနီရောင်ဇာမဏီမျက်ဝန်းများ ၊ လခြမ်းကွေးသဏ္ဍာန်မျက်ခုံးများ၊ ခန့်ညားကျော့ရှင်းသော မျက်နှာအမူအရာနှင့် ဆေးဆိုးထားသလိုနီရဲနေသော နှုတ်ခမ်းသားများ ၊ ဒါ့အပြင် သံမဏိမျှော်စင်ကြီးကဲ့သို့ တောင့်တင်းခိုင်မာသော လွှမ်းမိုးနိုင်သည့်အရှိန်အဝါများက ကမ္ဘာလောကကြီးကို ငုံ့မိုးကြည့်ရှုနေသည့်အလားပင်။ သူဟာ သူရှေ့ရှိသူများကို သေလူများကဲ့သို့ စူးစိုက်ကြည့်နေသည်။ 

သူတို့က ကွမ်ယုအခုလေးတင် ထုတ်ဖော်လိုက်သည်ဓါးကွက်ကို ပြန်လည်တွေးထင်မိလိုက်သည်။ ထိုဓါးအကွက်ကို သူတို့သာထိပ်တိုက်ရင်ဆိုင်လိုက်ရပါက ဓါးကွက်ကိုတားဆီးနိုင်မည့်ဖြစ်နိုင်ချေသည် အင်မတန်မှနည်းပါးလှပေသည်။ ရလဒ်ကသူတို့ကို စိတ်ပျက်စေလိမ့်မည်။

အဆိုပါဓားအရှိန်အဟုန်က လျှပ်စီးအလားပင်။

၎င်းဓါးက ငရဲဘုံမှဓါးကဲ့သို့ ထင်မှတ်ရ၏။

ဓါးဟာ တလက်လက်တောက်ပနေခဲ့သည်!

ဓါးသက်ဆင်းလာသည့်အခါ လူအများကပြတ်တောက်သွားပေလိမ့်မည်။ ၎င်းဓါးကွက်က သေသပ်ပိရိသော်လည်း ဧရာမတူကြီးတစ်ချောင်းနှင့် အထုခံရလိုက်သည်အလား သူတို့၏နှလုံးသားကို ထိန်းချုပ်မရအကြောက်တရားဖြင့် တုန်ခါလာစေလိုက်သည်။

ထိုမြင်ကွင်းကို အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ဝမ်ဖုန်းသည် စိတ်ကျေနပ်အားရစွာပြုံးလိုက်မိသည်။ ကွမ်ဧကရာဇ်လို့ ဆိုတဲ့အတိုင်းပါပဲလား။ သူကတကယ့်ကို ပြိုင်ဘက်ကင်းတယ်!

အမှန်အတိုင်းပြောရပါလျှင် ဝမ်ဖုန်းသည် ကြီးမြတ်သော ကွမ်ဧကရာဇ်အကြောင်းကို တိတိပပသိမထားပေ။ သို့ပါသော်လည်း ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများမှာ ပြိုင်ဘက်ကင်းများဖြစ်ကြသည်။ တိုက်ပွဲမြေပြင်တစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်ပါက ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများစွာသည် တစ်ယောက်တည်းနှင့် ရန်သူငါးယောက်၊ ခြောက်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့သည်။ ဤသို့သောနည်းလမ်းဖြင့် သူတို့က အထူးအင်အားစုကြီးသုံးစုမှ များစွာသောစွမ်းအားရှင်များကို ဖိနှိပ်နေခဲ့၏။

ရှန်ရှန့်ကျုံ့ဂိုဏ်း၏အကြီးအကဲများသည် စစ်ပွဲနတ်ဘုရားများအလား အထူးအင်အားစုကြီးသုံးစုရှိစွမ်းအားရှင်များကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

" အဲဒါက ငါတို့ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ အကြီးအကဲပဲ။ "

" ရှန်ရှန့်ကျုံ့ဂိုဏ်းကိုဝင်ခွင့်ရတာက ကောင်းကင်က ပေးသနားတဲ့ ကံတရားကြောင့်ပဲ။ "

" ဒီအခြေအနေမှာ အားလုံးပဲ ကဗျာတစ်ပုဒ် မစပ်ဆိုသင့်ဘူးလား။ ငါအရင်ဆုံးစမယ်။ ရှန်ရှန့်ကျုံ့ဂိုဏ်းကပြိုင်ဘက်ကင်းတယ်... "

" ဓါးချက်က အရပ်လေးမျက်နှာသို့ ပျံ့နှံသွား.... "

" မိုင်သုံးထောင်တိုင် ပျံ့နှံ့သွားသည့် သွေးစက်များ...." 

" ခမ်းနားထည်ဝါသည့် စစ်နတ်ဘုရားများ.... "

" ..... ! "

ကွင်းပြင်အကျယ်ကြီးတွင် စုဝေးနေကြသော ရှန်ရှန့်ကျုံ့ဂိုဏ်း၏တပည့်များသည် ကောင်းကင်နှင့်ကမ္ဘာမြေ ပျက်သုန်းလုမတတ်ဖြစ်နေခဲ့သော တိုက်ပွဲကြီးကို မော့ကြည့်နေခဲ့သည်။ သူတို့အားလုံးဟာ စိတ်လှုပ်ရှားနေကြပြီး အရူးအမူးဟစ်ကြွေးနေကြသည်။ အကြီးအကဲတစ်ယောက်က အထူးအင်အားစုကြီးသုံးစုမှ ရန်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အခါတိုင်း သူတို့က ကဗျာတစ်ပုဒ် စပ်ဆိုချီးကျူးနေကြ၏။ 

သူတို့၏ကျင့်ကြံမှုမှာနိမ့်ပါးလွန်းပြီး ရန်သူများကိုသတ်ဖြတ်ရာ၌ မကူညီနိုင်သေးပါ။ သို့ပါသော်လည်းသူတို့က သူတို့၏ကဗျာစပ်ဆိုခြင်းစွမ်းရည်ကိုအသုံးပြုပြီး အကြီးအကဲများကိုအားပေးရန် ဆန္ဒရှိနေကြသည်။ 

" မင်းက ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား။ " 

ဝမ်ဖုန်းက တိုက်ပွဲမြေပြင်တစ်ခုလုံးကို ကြည့်ရှုနေစဉ်တွင် သူ၏နားစည်အတွင်း၌ မောက်မာသော အသံတစ်သံက ပဲ့တင်ထပ်သွားသည်။ သူကမျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး အသံလာရာဘက်ကို လှမ်းကြည့်လိုက်သည်။ မြို့သခင်ငယ်လေးနှင့် သူ့ဘေးမှအကြီးအကဲဝူကိုတွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ခုံးများသည် တွန့်ကောက်သွားခဲ့သည်။

အကြည့်တစ်ချက်ဖြစ်ပင်လူအိုကြီးမှာ မရိုးရှင်းကြောင်းတွေ့မြင်နိုင်သည်။ သို့ပါသော်လည်း ကောင်းကင်ကိုနဖူးနှင့်တက်တိုက်တော့မတတ် ခေါင်းမော့နေခဲ့သောလူငယ်လေးကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက အတော်လေး အထင်အမြင်သေးသွား၏။

" လူကြီးမင်းတို့က အထူးအင်အားစုကြီးသုံးစုရဲ့ အဖွဲ့ဝင်တွေလား။ "

ဝမ်ဖုန်းသည် လူငယ်လေးကို ထူးမခြားနားစွာကြည့်လိုက်ပြီး ပြောလိုက်သည်။ 

" အထူးအင်အားစု သုံးစုဟုတ်လား။ သူတို့က ထိုက်တန်လို့လား။ " မြို့သခင်ငယ်လေးက အထင်မြင်သေးစွာပြုံးလျက် ပြောဆိုလိုက်သည်။ 

" အမ် ! "

မြို့သခင်ငယ်လေး၏စကားက ဝမ်ဖုန်း၏မျက်ဝန်းများကို ကျဉ်းမြောင်းစေခဲ့ပြီး လျှို့ဝှက်စွာမေးလိုက်သည်။ " စနစ် ၊ ဒီလူနှစ်ယောက်၏အချက်အလက်ကို စစ်ဆေးလ်ိုက်ပါ။ " 

" ဒင် ၊ စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ်ဆယ်သန်းကို အလိုအလျောက်အသုံးပြုလိုက်ပါပြီ။ လူငယ်လေးက ယန်လဲ့အမတမြို့တော်ရဲ့ မြို့သခင်ငယ်လေး ယန်ကောင်းဖြစ်ပါတယ် ။ "

ယန်လဲ့အမတမြို့တော်လား ။ အမတမြို့တော်ကြီး နှစ်ခုထဲက တစ်ခုလား။ 

ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ ထူးဆန်းသောအကြည့်တစ်ခုဖြစ်ပေါ်လာပြီး ယန်ကောင်းကို နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်လိုက်သည်။ ဒီလူအရမ်းမောက်မာနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ သူ့မှာ ကြီးမားတဲ့နောက်ခံရှိနေလို့ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ရှေ့မှာ မောက်မာရဲတာကိုး။ ဒါပေမယ့် သူတော့ လူမှားမောက်မာမိလေပြီ!

" လူကြီးမင်းတို့မှာ ကိစ္စတစ်ခုခုရှိလား။ "

ဝမ်ဖုန်းကယန်ကောင်းကို ပေါ့ပေါ့ပါးပါးစိုက်ကြည့်လိုက်ပြီး လေးနက်စွာမေးလိုက်သည်။ 

ဝမ်ဖုန်း၏စိတ်နေစိတ်ထားကို တွေ့မြင်လိုက်ရသည့်အခါ ယန်ကောင်း၏မျက်ဝန်းများအတွင်း၌ နက်ရှိုင်းသောအကြည့်တစ်ခုဖြစ်ပေါ်လာပြီး တစ်ခဏကြာတွေးတောလိုက်သည်။

မောက်မာတာကောင်းပါတယ်။ ဒါပေမယ့် မင်းဘယ်သူ့အရှေ့မှာရှိနေလဲဆိုတာကိုတော့ ထည့်တွက်ရဦးမယ်ကွ! 

ယန်ကောင်းသည် ဝမ်ဖုန်းကို မထီမဲ့မြင်စူးစိုက်ကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်လျက် အားနှင့်မာန်နှင့်စကားပြောလိုက်သည်။ " ဒီသားတော်က ယန်လဲ့အမတမြို့တော်ရဲ့ မြို့သခင်ငယ်လေးတွေထဲက တစ်ယောက်ပဲ။ မင်းတို့ရဲ့ရှန်ရှန့်ကျုံ့ဂိုဏ်းက အင်မတန်ပဲစွမ်းအားကြီးလွန်းတယ်။ ဒီမြို့သခင်ငယ်လေးဆီကို အညံ့မခံချင်ဘူးလား။ " 

ယန်ကောင်းက သူကိုယ်တိုင်လာရောက်သိမ်းသွင်းသည့်အတွက် ရှန်ရှန့်ကျုံ့ဂိုဏ်း၏ဂိုဏ်းချုပ်မှာ အလွန်အမင်းစိတ်လှုပ်ရှားပြီး ကျေးဇူးတင်လာလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ ရှန်းရွှမ်ဒေသတစ်ခုလုံးတွင် သူကိုယ်တိုင်ကိုယ်ကျ သိမ်းသွင်းခြင်းကိုခံရသည့်သူမှာ လက်ချိုးရေ၍တောင်ရပေ၏။

" မြို့သခင်ငယ်လေးတွေထဲက တစ်ယောက်လား။ "

" ဒါဆိုမင်းက ယန်လဲ့အမတမြို့တော်ရဲ့ အကြွင်းမဲ့မ်ြို့သခင်ငယ်လေး မဟုတ်ဘူးပေါ့ ။ " 

ယန်ကောင်း၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အေးစက်သောအကြည့်များဖြစ်ပေါ်လာပြီး ယန်ကောင်းကို အပြုံးမမည်သောအပြုံးဖြင့် စိုက်ကြည့်လိုက်ကာ ရွှတ်နောက်နောက်ပြောဆိုလိုက်သည်။ 

 သောက်ကျိုးနည်း။ ဒီလိုပေါက်စနလေးတစ်ယောက်က ရှန်ရှန့်ကျုံ့ဂိုဏ်းကို သိမ်းသွင်းချင်တယ်တဲ့လား။ အစားများများစားမိပြီး စားပိုးနင့်သေမှာကိုမကြောက်ဘူးလား?

ယန်လဲ့အမတမြို့တော်၏ မြို့သခင်ကြီးကိုယ်တိုင်ရောက်လာရင်တောင် ရှန်ရှန့်ကျုံ့ဂိုဏ်းကိုသိမ်းသွင်းရန် အဆင့်မမှီပေ။ 

ဘယ်သူက မိုးကောင်းကင်ကြီးနဲ့ကမ္ဘာမြေကြီးရဲ့အထွတ်အထိပ်မှာ တည်ရှိပါသလဲ။ သူရဲ့ရှန်ရှန့်ကျုံ့ဂိုဏ်းပဲ မဟုတ်ပါလော? 

" ရဲတင်းလိုက်လေ! "

ယန်ကောင်း၏မျက်နှာမှာမဲမှောင်လာသည်။ သူ၏မျက်ဝန်းများက ဝမ်ဖုန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများက မိုးထိအောင်မြောက်တတ်သွားသည်။ ဒါက တောင်ပိုင်းနယ်မြေရဲ့ ဂိုဏ်းချုပ်လေးတစ်ယောက်ပဲလေ။ သူ့ရှေ့မှာ ဒီလိုမျိုး လှောင်ပြောင်ပြောဆိုရဲတယ်တဲ့လား။

ပြိုင်ဖက်ကင်းသော အချောလှလေးများနှင့် ရှန်ရှန့်ကျုံ့ဂိုဏ်း၏ အလွန်အမင်းထက်မြက်သောတိုက်ပွဲဝင်စွမ်းအားကို ပြန်ပြောင်းတွေးမိလိုက်သည့်အခါ မြို့သခင်ငယ်လေး ယန်ကောင်းသည် သူ့နှလုံးသားအတွင်းမှ ဒေါသများကို အတင်းအကြပ်မျိုသိပ်လိုက်သည်။ သန်မာသော ရှန်ရှန့်ကျုံ့ဂိုဏ်းက မြို့သခင်ရာထူးကိုရရှိရန် ကူညီနိုင်ပေလိမ့်မည်။

သည်းမခံနိုင်ပါက မဟာဗျူဟာကြီးများကို ပြုလုပ်နိုင်မှာမဟုတ်ပေ။ ရှန်ရှန့်ကျုံ့ဂိုဏ်းကိုသာ သိမ်းသွင်းလိုက်ပါက ဒီ့လူကိုလည်း သူကြိုက်သလိုလုပ်နိုင်မှာမဟုတ်ပါလော။

" အခု မင်းတို့ရဲ့ရှန်ရှန့်ကျုံ့ဂိုဏ်းက အထူးအင်အားစုကြီးသုံးစုရဲ့ တိုက်ခိုက်ခြင်းကိုခံနေရတယ်။ မင်းတို့ရဲ့ဂိုဏ်းက အရမ်းသန်မာတယ်ဆိုပေမယ့် ဒီသားတော်က အထူးအင်အားစုကြီးသုံးစုကို ရင်ဆိုင်တိုက်ခိုက်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ "

" လူတော်လူကောင်းတွေက လက်ရှိအခြေအနေအပေါ် ကောင်းမွန်စွာသုံးသပ်နိုင်လိမ့်မယ်လို့ ဒီသခင်ငယ်လေး မျှော်လင့်တယ်။ ဒီကမ္ဘာကြီးက မင်းတွေးထင်ထားတာထက် အများကြီးပိုတယ်။ တောင်တန်းနဲ့မြစ်တွေရဲ့အပြင်ဘက်မှာ မရေမတွက်နိုင်တဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူတွေ ရှိနေသေးတယ်။ ဒါကြောင့်မလို့ ဆုံးဖြတ်ချက်အမှားယွင်း မချမိပါစေနဲ့။ "

ယန်ကောင်းက ဦးစွာခြိမ်းခြောက်လိုက်သည်။ ထို့နောက်မှ ဆွဲဆောင်ပြောဆိုလိုက်သည်။ ရှန်ရှန့်ကျုံ့ဂိုဏ်းက တကယ်ကြီးသန်မာနေ၍သာ မဟုတ်ပါက သူက သူ့ရဲ့အဆင့်အတန်းကိုနှိမ့်ချပြီး ဒီလိုဘယ်လိုလုပ် ဆက်ဆံပေးပါ့မလဲ? 

သူရဲ့ အရင်စိတ်နေသဘောအတိုင်းသာ ဆိုပါက ဝမ်ဖုန်းက သူ၏အရှေ့တွင် မောက်မာရဲသည်ဖြစ်လေရာ ဝမ်ဖုန်းကို အပိုင်းအပိုင်း အစအစ ဖြတ်တောက်မိပေလိမ့်မည်။ သို့ပါသော်လည်း အခြားမြို့သခင်ငယ်လေးများ၏ခွန်အားက ပို၍ပို၍သန်မာလာခဲ့သည်။ ဤနှစ်ကာလများအတွင်း၌ သူဟာ ယင်နှင့်ယန်၏သဟဇာတကျင့်စဉ်ကိုကျင့်ကြံရင်း သူ့ကိုယ်ပိုင်ခွန်အားများမှာ နောက်ကောက်ကျ ကျန်ရစ်ခဲ့သည်။ သူကသာ အလျင်အမြန် စွမ်းအားကြီးအင်အားစုများကိုစုစည်းပြီး ယှဥ်ပြိုင်တိုက်ခိုက်ခြင်းမရှိပါက မြို့သခင်ရာထူးကို လက်လွှတ်ဆုံးရှုံးရလိမ့်မည်။ 

ယန်ကောင်းက သူ၏ဒေါသကို မြိုသိပ်လိုက်သည့်ဖြစ်စဉ်အား တွေ့မြင်လိုက်ရသည့်အခါ ဝူလောင်၏ အိုမင်းရင့်ရော်နေသောမျက်နှာထက်၌ စိတ်သက်သာရာရမှုများ ဖြစ်ပေါ်လာသည်။ သားတော်က နောက်ဆုံးတော့ ကြီးပြင်းလာခဲ့ပြီပဲ....

ယန်ကောင်းကို ယန်လဲ့အမတမြို့တော်၏ မြို့သခင်ငယ်လေးများအနက် တစ်ယောက်အဖြစ်သတ်မှတ်လိုက်စဉ်ကတည်းက သူဟာ ယန်ကောင်းအနောက်ကို လိုက်ပါလာခဲ့တာဖြစ်လေသည်။ ယန်ကောင်းက အစဉ်အမြဲမောက်မာခဲ့ပြီး ဒေါသကို ဘယ်လိုထိန်းချုပ်ရမှန်းလည်းမသိခဲ့ပေ။ 

အခုအချိန်တွင် ယန်ကောင်းက သူ၏ပြင်းထန်သောအမျက်ဒေါသကိုမြိုသိပ်ပြီး ရှန်ရှန့်ကျုံ့ဂိုဏ်းအား ဆွဲဆောင်နေသည်ကိုတွေ့မြင်လိုက်ရသည့်အခါ ဝူလောင်က ရှားရှားပါးပါးပြုံးလိုက်သည်။ 

ဝူလောင်၏အမြင်အာရုံတွင် ယန်ကောင်းက ယန်လဲ့အမတမြို့တော်၏ မြို့သခင်ရာထူးကိုယှဉ်ပြိုင်ရာ၌ အခွင့်အရေးကြီးကြီးမားမား ပိုင်ဆိုင်ထားလေသည်။ အခြားသောမြို့သခင်ငယ်လေးများနှင့်နှိုင်းယှဉ်ပါက ယန်ကောင်း၏နောက်ကွယ်၌ စွမ်းအားကြီးမိသားစုတစ်စု ရှိနေပြီး မြို့သခင်ငယ်လေးများအားလုံးတွင် သူ၏မိသားစုကို အသန်မာဆုံးဟုသတ်မှတ်နိုင်သည်။ 

သူသာ အခြားပိုမိုစွမ်းအားကြီးမားသည့်မိသားစုများကို သိမ်းသွင်းနိုင်ပါက ယန်ကောင်းသည် ကျိန်းသေပေါက် မြို့သခင်ဖြစ်လာပေလိမ့်မည်။ ဤအခြေအနေတွင် ရှန်ရှန့်ကျုံ့ဂိုဏ်းက ကောင်းမွန်သောရွေး‌ချယ်မှုဖြစ်သည်။ 

ဝူလောင်၏ ရှည်ကြာသောသက်တမ်းတစ်လျှောက်တွင်တောင် ရှန်ရှန့်ကျုံ့ဂိုဏ်းလို အလားအလာကြီးမားသော အင်အားစုကြီးတစ်စုကို မြင်တွေ့ဖူးခြင်းမရှိပါ။ 

ထိုကဲ့သို့အင်အားစုကြီးတစ်စုကို သိမ်းသွင်းလိုက်ပြီးသည်နှင့်တပြိုင်နက် ၎င်းတို့ယူဆောင်လာပေးမည်ကူညီများမှာ တွေးတော၍ပင်ရနိုင်မှာမဟုတ်....

All Chapters