← Chapters

ကျွန်နုပ်က သေသောက်ကြူး ဓားနတ်မင်းသာတည်း.... ကျွန်နုပ်၏ဓားကို အသုံးပြုလိုက်သည့်အခါတိုင်း သွေးသမုဒ္ဒရာကြီးစီးဆင်းစေအံ့!

Vol. 26 Ch. 353

ကျွန်နုပ်က သေသောက်ကြူး ဓားနတ်မင်းသာတည်း.... ကျွန်နုပ်၏ဓားကို အသုံးပြုလိုက်သည့်အခါတိုင်း သွေးသမုဒ္ဒရာကြီးစီးဆင်းစေအံ့!

Vol. 26 Ch. 353

ဘာသာပြန်- The Fate

ယန်ကောင်း၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက သူ့ကို အရူးတစ်ယောက်ကိုကြည့်သလို စိုက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာပြောလိုက်သည်။ 

" မင်းမပြောနဲ့.. ယန်လဲ့အမတမြို့တော်ရဲ့ မြို့သခင်ကိုယ်တိုင်ရောက်လာရင်တောင် ငါရဲ့ရှန်ရှန်ကျုံဂိုဏ်းကို သိမ်းသွင်းဖို့အဆင့်မမှီသေးဘူး။ "

" ငါသိချင်မိပါရဲ့..မင်းရဲ့ဦးနှောက်နဲ့ ယန်လဲ့အမတမြို့တော်ရဲ့ မြို့တော်သခင်လေးတစ်ယောက် ဘယ်လိုလုပ်ဖြစ်လာတာလဲ။ "

" မင်း သေချင်နေတာပဲ! "

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ယန်ကောင်းသည် ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပေ။ သူ့နှလုံးသားအတွင်းမှ ဒေါသများသည် မီးတောင်ကြီးပေါက်ကွဲထွက်သကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာမှာ အင်မတန်မှ အရုပ်ဆိုးလာခဲ့ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများ လွင့်ပျံ့ထွက်လာသည်။

သူဟာ ဂုဏ်သိက္ခာကြီးမားသော ယန်လဲ့အမတမြို့တော်၏ မြို့တော်သခင်ငယ်လေးတစ်ပါးဖြစ်၏။ သူ့ရဲ့အဆင့်အတန်းဟာ ရှန်းရွမ်ဒေသတစ်ခုလုံး၌ အကောင်းတကာ့အကောင်းဆုံးဟု ဆိုနိုင်သည်။ သူ့ကိုဒီလိုမျိုး ရန်စလိုက်တာလား? အတိတ်မှာ သူသွားလေရာရာအရပ်တိုင်း၌ လူတိုင်းလူတိုင်းက စကားတောင် ကျယ်ကျယ်လောင်လောင် မပြောရဲကြ။

"အကြီးအကဲဝူ..ဒီလူ့ကို ငါ့အတွက်သတ်ဖြတ်ပေးစမ်း။ "

ယန်ကောင်းက ဝမ်ဖုန်းကို အေးတိအေးစက်စိုက်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်း ပြည့်နှက်လာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက သူ့အနားက လေထုကို အေးခဲသွားစေခဲ့သည်။ မူလကချောမောခန့်ညသော မျက်နှာကလေးမှာ ဒေါသကြောင့် အရုပ်ဆိုးကြောက်မက်ဖွယ် ကောင်းလာ၏။

အမျက်ဒေါသတို့က ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဖုံးအုပ်သွားသည့်အတွက် လက်ရှိသူ၏အတွေးမှာ ဝမ်ဖုန်းကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်ရန်သာရှိတော့သည်။ ထိုသူမှာ သာမန်မဟုတ်သော အလားအလာရှိနေလျှင်တောင် သူ့ကိုရန်စရဲတဲ့အတွက် ကျိန်းသေပေါက်သေဆုံးရမည်! 

" ဘာလို့များ ကိုယ့်သေလမ်းကိုယ် ရှာချင်ရတာလဲကွာ "

ယန်ကောင်း၏စကားကို ကြားလိုက်ရသည့်အခါ ဝူလောင်က ဝမ်ဖုန်းကိုကြည့်လိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။ ဝမ်ဖုန်းက ထိုကဲ့သို့စကားမျိုးကို ပြောဆိုခဲ့သည့်အတွက် ရှင်သန်ရန်မဖြစ်နိုင်တော့ကြောင်း သူသိလိုက်ရ၏။

ဧကရာဇ်မင်းတစ်ပါး ဒေါ်သထွက်လာလျှင်တောင် ထောင်သောင်းချီသော ပုဂ္ဂိုလ်များသေကြေရလိမ့်မည်။ မြို့သခင်ငယ်လေးလို အဆင့်အတန်းနဲ့လူဆိုပါက ပြောဖွယ်မရှိတော့လေပြီ။

ဝူလောင်ကသက်ပြင်းချလိုက်ပြီး သူ၏အိုမင်းနေသောလက်ကို ဆန့်တန်းလိုက်ကာ အသာအယာဖိချလိုက်သည်။

အနီးဝန်းကျင်ရှိနတ်မင်းစွမ်းအားများမှာ ဆွဲညှို့ခံလိုက်ရပြီး အရူးအမူးသိပ်သည်းသွားသည်။ မျက်တောင်တစ်ခတ်အတွင်း၌ ကောင်းကင်နှင့်နေမင်းကို ဖုံးကွယ်နိုင်သော ဧရာမလက်ဖဝါးကြီးတစ်ခု ဖြစ်တည်လာသည်။ ဤလက်ဖဝါးကြီးက ဝမ်ဖုန်းနှင့်အောက်ဖက်က တောင်ကြားတစ်ခုလုံးကို အတူတကွဖျက်စီးပစ်လိမ့်မည်။

ဧရာမလက်ဖဝါးကြီးတွင်ပါဝင်သော ခမ်းနားကြီးကျယ်သည့်စွမ်းအားများက ကမ္ဘာလောကကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့သည်။ ပြင်းထန်သောဖိအားများက ဝမ်ဖုန်းအပေါ်သက်ရောက်နေခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းကွပ်မရ တုန်ခါလာစေသည်။

ဤသည်မှာသူ့ထက်နှစ်ဆင့်မြင့်သော ကိုးကွယ်ခံနတ်မင်းအထွဋ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။ သာမန်နတ်ဘုရင်အဆင့် စွမ်းအားရှင်ဆိုပါက ဤထိပ်လန့်ဖွယ်ဖိအားကြီးအောက်တွင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားပေရော့မည်။

" ဝိုင်သုံးခွက်ဖြင့် သေသောက်ပွဲကျင်းပခြင်း ၊ တိုက်ခိုက်မှုတစ်ခုဟာ မျှခြေပျက်စီးလတ္တံ့၊ "

ဧရာမလက်ဖဝါးကြီးကျဆင်းလာတော့မည့်အချိိန်တွင် နတ်ဘုရား၏အသံကဲ့သို့သော အသံတစ်ခုသည် လောကကြီးအတွင်း ဖြစ်တည်လာခဲ့သည်။ ၎င်းခမ်းနားကြီးကျယ်သော အသံနှင့်အတူ ဧရာမလက်ဖဝါးကြီးသည် မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် တစ်လက်မပြီးတစ်လက်မ အက်ကွဲလာခဲ့ကာ ကြယ်မှုန်လေးများအဖြစ်ပြောင်းလဲသွားပြီး လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

ဤကဲ့သို့မြင်ကွင်းက ဝူလောင်၏ မျက်စိသူငယ်အိမ်ကို လှုပ်ခါသွားစေခဲ့သည်။ သူက အသံလာရာဖက်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး သူ၏မျက်နှာမှာ အင်မတန်ကိုမှ လေးနက်နေခဲ့သည်။ စောနက ဝူလောင်ဟာ သာမန်ကာလျှံကာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း အဆင့်တူစွမ်းအားရှင်တစ်ယောက်ဆိုလျှင်တောင် အသံလေးတစ်သံဖြင့် ဖျက်စီးရန်မဖြစ်နိုင်ပါ။

ရောက်လာသောသူမှာ အင်မတန်မှ သန်မာပေလိမ့်မည်။

ယန်ကောင်းကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူဟာအကြီးအကျယ်ဒေါသထွက်နေသော်လည်း အရူးတစ်ယောက်တော့မဟုတ်ပါပေ။ လူအိုကြီးဝူ၏တိုက်ကွက်ကို လွယ်လင့်တကူ ဖျက်စီးပစ်လိုက်နိုင်သည်ဖြစ်ရာ ရောက်လာသောလူမှာ ကျိန်းသေပေါက်အားနည်းမှာ မဟုတ်ပေ။ လူအိုကြီးဝူနှင့် အဆင့်တူလောက် ဖြစ်နေနိုင်သည်။

ရှန်ရှန်ကျုံဂိုဏ်းမှာ သိုဝှက်ထားတဲ့စွမ်းအားတွေ ရှိနေသေးတာလား။

ယန်ကောင်းက ပေါ့ပါးသက်သာစွာ မတ်တပ်ရပ်နေသော ဝမ်ဖုန်းကိုလှမ်းကြည့်လိုက်ပြီး သူ၏နှလုံးသားက တုန်လှုပ်သွားသည်။

ယန်ကောင်းနှင့်ဝူလောင်တို့၏ အကြည့်အောက်တွင် လီပိုင်၏ပုံရိပ်က တဖြည်းဖြည်းထွက်ပေါ်လာသည်။ သူကအဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သေရည်အိုးတစ်လုံးကို ခါးထက်၌ချိတ်ထားပြီး နောက်ဖက်တွင် ဓားရှည်တစ်ချောင်းကို လွယ်ထားသည်။ သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက် လေထုထဲ၌ အစိမ်းရောင်ကြာပွင့်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ သူ၏ခြေဖဝါးကို ပင့်မပေးနေပြီး အဆုံးအစမဲ့သော ခမ်းနားကြီးကျယ်သည့်ဖိအားများ ထုတ်လွှတ်နေသည်။

" မင်းက ဘယ်သူလဲ "

ဝူလောင်က လီပိုင်ကိုစူးစိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။ လီပိုင်၏ဖြစ်တည်မှုက အကြည့်တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ရှု့မြင်မိသူကို တုန်ယင်သွားစေနိုင်သည်။

အဆုံးအစမဲ့ ပါရမီစွမ်းအားနှင့် သေသောက်ကြူးနတ်ဘုရားတစ်ပါးအဖြစ် ခံယူခြင်း။ ၎င်းဟာ လီပိုင်ပင်ဖြစ်ချေတော့သည်။

" ငါကရှန်ရှန်ကျုံဂိုဏ်းရဲ့ အစောင့်အရှောက် သေသောက်ကြူးဓားနတ်ဘုရား လီပိုင်ပဲ။ "

အပြုံးတစ်ပွင့်နှင့်အတူ လီပိုင်က အကြီးအကဲဝူကို တည်ငြိမ်စွာစိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာရေရွတ်လိုက်၏။ သူက နှလုံးသားအတွင်း၌ တွေးတောနေခဲ့သည်။ အကြီးအကဲဝူလို ကိုးကွယ်ခံနတ်မင်းအထွဋ်အထိပ် တစ်ယောက်ရဲ့ဦးခေါင်းကို သေရည်အိုးဘယ်လောက်များများနဲ့ ဂိုဏ်းချုပ်ဆီမှာ လဲလှယ်ရမလဲ။

" ရှန်ရှန်ကျုံဂိုဏ်းရဲ့ အစောင့်အရှောက် ဟုတ်လား..."

လူအိုကြီးဝူ၏မျက်နှာမှာ မဲမှောင်သွားသည်။ ဒီပုဂ္ဂိုလ်က ရှန်ရှန်ကျုံဂိုဏ်းကဖြစ်နေလိမ့်မည်ဟု သူထင်မထားခဲ့။ ဒီပုဂ္ဂိုလ် ဒီနေရာမှာရှိနေပါက သူဟာဝမ်ဖုန်းကို ဘာတစ်ခုမှပြုလုပ်နိုင်မှာ မဟုတ်တော့ပါ။ ထိုလူဟာ သူ့အတွက် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုပေးစွမ်းနေသည်။ သူကိုယ်တိုင်ကတောင်မှ ဒီလူ့ရဲ့ပြိုင်ဘက်မဟုတ်နိုင်လောက်ဘူး...

ထိုသို့တွေးလိုက်ပြီးနောက် ဝူလောင်က ချက်ချင်းဆိုသလို ယန်ကောင်းဆီ အသံကူးပြောင်းခြင်းစွမ်းရည်ဖြင့် စကားပြောလိုက်သည်။

 " သခင်လေး ဒီလူက အရမ်းသန်မာတယ် ။ လူအိုကြီးက သူ့ကို အနိုင်မယူနိုင်ဘူး။ ဒါကြောင့်မလို့ ဒီနေရာက အရင်ဆုံးထွက်သွားရအောင်။ ယန်လဲ့အမတမြို့တော်ကို ပြန်ရောက်မှ လက်စားချေဖို့ နည်းလမ်းရှာကြတာပေါ့။ "

ဝူလောင်၏အသံကူးပြောင်းခြင်းကို ကြားလိုက်ရသည့်အခါ ယန်ကောင်း၏မျက်နှာကလည်း အလွန့်အလွန်မဲမှောင်လာခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ မလိုလားမှုများ ပြည့်နေခဲ့သော်လည်း သူကျိန်းသေပေါက်သိရှိလေသည်။ သူ့ရဲ့လက်အောက်ငယ်သားဝူလောင်ဟာ သူ့လိုထပ်တူထပ်မျှ မောက်မာဝံ့ကြွားလွန်းသူဖြစ်ပြီး တစ်စုံတစ်ယောက်ထက်နိမ့်ကျတာကို လွယ်လင့်တကူဝန်ခံမှာ မဟုတ်ပါ။ ကြည့်ရတာ ရှန်ရှန်ကျုံဂိုဏ်းရဲ့အစောင့်အရှောက်က တကယ်ကြီး စွမ်းအားကြီးမဲ့ပုံပဲ။

" သွားကြရအောင် "

ယန်ကောင်းက ဝမ်ဖုန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။ အကြီးအကဲဝူနှင့်အတူ သူဟာ ဤအရှက်ရစရာနေရာမှ ထွက်ခွာရန်ပြင်ဆင်လိုက်လေသည်။

စောင့်နေစမ်းပါ... ဒီသခင်လေးသာ ယန်လဲ့အမတမြို့တော်ကို ပြန်ရောက်ရင် သန်မာတဲ့ ကျင့်ကြံသူတွေစေလွှတ်ပြီး မင်းရဲ့အလောင်းကို အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်စေမယ်! ဒီသခင်လေးကို ရန်စရဲရင် သေလမ်းတစ်လမ်းပဲရှိတယ်ကွ!

" သွားမယ်? ဘယ်နေရာကိုသွားချင်တာလဲ? မင်းတို့ထွက်သွားရင် ငါဘယ်လိုလုပ်သေရည်အိုးနဲ့ လဲနိုင်တော့မှာလဲဟ "

" ငါလီပိုင်က လွယ်လွယ်ကူကူနဲ့ ထွက်မလာဘူးကွ။ ငါထွက်လာတာနဲ့တပြိုင်နက် သွေးချောင်းစီးရမယ်။ သွေးချောင်းစီးမှလဲ သေရည်အိုးရလိမ့်မယ်။ "

" သေရည်အိုးနဲ့လဲလှယ်ရအောင် မြန်မြန်မင်းတို့ရဲ့ဦးခေါင်းကို ဆက်သလိုက်စမ်း.."

ယန်ကောင်းနှင့်ဝူလောင်တို့ ထွက်ခွာတော့မည့်အချိန်တွင် လီပိုင်၏နှုတ်ဖျားမှ အသံများ တရစပ်ထွက်ပေါ်လာသည်။ မဖော်ရွေသောအသံက လောကြီးတစ်ခွင်ပျံ့နှံ့သွားခဲ့သည်။

ဝမ်ဖုန်း၏နှုတ်ခမ်းက ထိန်းချုပ်မရ တွန့်ကွေးသွားသည်။ သေသောက်ကြူးနတ်ဘုရားလို့ ဆိုတဲ့အတိုင်းပါပဲလား...စကားငါးခွန်းပြောလိုက်ရင် ငါးခွန်းလုံးက သေရည်အကြောင်းကြီးပဲ.. ။

" ဒီကလူကြီးမင်း...အရမ်းကြီးလဲ မောက်မာမနေစမ်းပါနဲ့...."

လီပိုင်၏စကားက လူအိုကြီးဝူကို ဒေါသထွက်စေခဲ့သည်။ သူကလီပိုင်ကို ပြန်လှည့်ကြည့်လိုက်ပြီး ဒေါ်သတကြီးအော်ပြောလိုက်သည်။ သူကလီပိုင်ကို အနည်းငယ်သတိထားနေသော်လည်း ကြောက်လန့်နေသည်ဟုတော့ မဆိုလိုပါ။ သူ၏တာဝန်က ယန်ကောင်းကို ကာကွယ်ပေးရန်ဖြစ်ပြီး သူဟာ လက်လွတ်စပယ်မလှုပ်ရှားချင်ပေ။

ဒီကောင် ရူးနေတဲ့အရက်သမားတစ်ယောက်ပဲ!

လီပိုင်က သူ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး တိုးညှင်းစွာရေရွတ်လိုက်သည်။

" ငါ့ရဲ့ဓားကို မြည်းစမ်းကြည့်လိုက်။ "

" ငါ့ဓားလောက်ကြီးမြတ်တဲ့အရာ ဒီလောကကြီးမှာ မရှိဘူးကွ။ "

၎င်းစကားလုံးများနှင့်အတူ နောက်ကျောဘက်ရှိဓားရှည်မှာ ခပ်ဖွဖွတုန်ယင်လာပြီး ချက်ချင်းပျံသန်းထွက်ပေါ်လာသည်။ ဒဏ္ဍာရီဆန်သော ဓားစွမ်းအားများသည် ရှည်လျားသောဓားရှည်ထံမှ ပေါက်ကွဲထွက်ပေါ်လာကာ မရဏမင်း၏ဓားချက်သည် ကောင်းကင်ယံပေါ်ရှိ တိမ်စိုင်တိမ်မဲများကို ထက်ခြမ်းပိုင်းလိုက်သည်။ နေရောင်ခြည်မှိန်ပျပျ ထွန်းလင်းလာခဲ့ပြီး ဓားသွားကိုပိုမို၍ လင်းလက်တောက်ပစေခဲ့၏။

လီပိုင်က လက်ဆန့်ထုတ်ကာ ဓားကိုဆုပ်ကိုင်လိုက်သည်။ ဓားရှည်က သူ့လက်အတွင်း သက်ဆင်းလိုက်သည့်အခါ ဒဏ္ဍာရီဆန်သောအရှိန်အဝါများသည် ရုတ်တရတ်ပြောင်းလဲသွားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး သွေးဆာသော ဓားစွမ်းအင်အရှိန်အဝါများ လွင့်ပျံ့ထွက်လာသည်။

ဓားတစ်ချောင်းထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောကကြီးတစ်ခုလုံးဟာ လီပိုင်လက်ထဲကဓားကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပုံပေါ်၏။

လီပိုင်ဟာ သေရည်သောက်ခြင်းနှင့်ကဗျာစပ်ဆိုခြင်းကို ရူးသွပ်ရုံသာမက ဓားလမ်းစဥ်ကိုလဲ အရူးအမူးစွဲလမ်းလေသည်။

ထွက်ပေါ်လာသောဓား၌ အမတဓားတာအိုနိယာမများ ကိန်းဝပ်နေရုံသာမက ပတ်ဝန်းကျင်ရှိ နတ်မင်းစွမ်းအင်များမှာလည်း လီပိုင့်ဓား၏ အပြည့်အဝစုပ်ယူခြင်းကို ခံလိုက်ရသည်။ ထိတ်လန့်ခြောက်ခြယးဖွယ်ကောင်းသော ဓားဆန္ဒအရှိန်အဝါကြီးက လူအိုကြီးဝူကို တုန်လှုပ်သွားစေသည်။

လီပိုင်ကရူးနှမ်းပြီး အရက်စွဲနေပုံပေါ်သော်လည်း ဓားကိုဆွဲထုတ်လိုက်နှင့်တပြိုင်နက် သူဟာကမ္ဘာလောကကြီးအတွင်း၌ ထိတ်လန့်ဖွယ်အကောင်းဆုံး ဓားနတ်ဘုရားတစ်ပါးဖြစ်လာခဲ့သည်!

All Chapters