← Chapters

အတိတ်နှင့်ပစ္စုပန်၌ တောက်ပသော အာရုဏ်ဦးကို ဖြိုခွင်းမည့် ဓားရှည်တစ်လက်။

Vol. 26 Ch. 354

အတိတ်နှင့်ပစ္စုပန်၌ တောက်ပသော အာရုဏ်ဦးကို ဖြိုခွင်းမည့် ဓားရှည်တစ်လက်။

Vol. 26 Ch. 354

ဘာသာပြန်- The Fate

၎င်းဓားအလင်းတန်း၏တောက်ပမှုသည် အနီးဝန်းကျင် ကောင်းကင်နှင့်မြေပြင်ကြားရှိ နတ်မင်းစွမ်းအင်များကို စုပ်ယူလိုက်သည်။

အာရုဏ်းဦးကိုဖြိုခွင်းသောဓားတစ်လက်ဟာ အတိတ်နှင့်ပစ္စုပန် နှစ်စုံသောကာလတို့၌ ထွန်းလင်းတောက်ပလေပြီ။

လီပိုင်၏ဓားမှာ နတ်ဘုရား၏ဓားတစ်လက်အလားပင်။ ၎င်းက ဤကမ္ဘာကြီးအတွင်း၌ တည်ရှိသော်လည်း ကောင်းကင်နှင့်မြေကြီးထက်တောင် ပိုမိုသန်မာနေသည်။

လီပိုင်၏ဓားနှင့်ရင်ဆိုင်လိုက်ရသည့်အခါ ဝူလောင်၏မျက်နှာက ထိတ်လန့်ခြောက်ခြားလာခဲ့သည်။ ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့် ကျင့်ကြံမှုစွမ်းအားများသည် သူ့ခန္ဓာကိုယ်မှ ကြိုတင်သတိပေးထားခြင်းမရှိဘဲ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏စွမ်းအားကြီးအရှိန်အဝါက ကမ္ဘာလောကကြီးကို တုန်ခါစေခဲ့ပြီး အေးစက်သောသေခြင်းအငွေ့အသက်များကလည်းထွက်ပေါ်လာသည်။

" လွှဲရမ်းခုတ်ပိုင်းခြင်းဓားပညာ "

လက်တစ်ဖက်၌ ဓားအိမ်ကိုကိုင်ဆောင်ရင်း အခြားတစ်ဖက်က ဓားရိုးကိုကိုင်ဆောင်လိုက်ကာ ဝူလောင်က ဟစ်ကြွေးလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ အရှိန်အဟုန်ပြင်းသောစွမ်းအားများ ရစ်သိုင်းနေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ထိတ်လန့်ဖွယ်လေထုကို သယ်ဆောင်လာသည်။

" ဟွမ် !"

ဓားအိမ်က အနည်းငယ်တုန်ခါလာခဲ့ပြီး ၊ဝူလောင်ကဓားကိုဆွဲကာ ခုတ်ပိုင်းလိုက်သည်။ ယင်းနောက် အကန့်အသတ်မဲ့သော ထက်မြတ်သည့် ဓားအလင်းတန်းသည် ရုတ်ချည်းမွေးဖွားလာခဲ့သည်။ ၎င်းဓား၏စွမ်းအားများ စီးဆင်းပျံ့နှံ့သွားသည့်နှင့်တပြိုင်နက် မိုးကောင်းကင်အတွင်း၌ ဓားအလင်းတန်းမုန်တိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့ကာ စွမ်းအင်အရှိန်အဝါများက မြေပြင်ကိုပါ အက်ကွဲစေခဲ့သည်။ မြေပြင်၌ ရှည်လျားကျဥ်းမြောင်းသော အက်ကွဲရာကြီးများ ပေါ်ထွန်းလာခဲ့သည်။

ဘုန်း....

လူအများ၏စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ထိတ်လန့်ဖွယ်ကောင်းသော ဓားတစ်ချောင်းနှင့် ခြောက်ခြားဖွယ်ကောင်းသော ဓားတစ်လက်တို့က တစ်ခုနှင့်တစ်ခု ထိတွေ့မိသွားကြကာ ထိတ်လန့်ဖွယ်မုန်တိုင်းကြီးတစ်ခုကို အစပျိုးလိုက်သည်။ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားအရှိန်အဝါများက အနီးအနားတွင် တိုက်ခိုက်နေသော စွမ်းအားရှင်များကို လေထုအတွင်းလွင့်ပျံသွားစေခဲ့ကာ လေထုထဲ၌ တစ်ပတ်ပြီးတစ်ပတ် လူးလိမ့်သွားကြရသည်။ နီစွေးသော သွေးမြူထုကြီးများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး မိုးကောင်းကင်ကို စွေးစွေးနီစေလိုက်သည်။

ရှန်ရှန်ကျုံဂိုဏ်း၏အကြီးအကဲများမှာတော့ အခြေအနေမဆိုးကြပါ။ ဤစွမ်းအားမှာ အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းသော်လည်း သူတို့ရဲ့တိုက်ပွဲဝင်စွမ်းအားကလည်း သာမန်မဟုတ်ပေ။ သူတို့က ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရလိုက်ကြပြီး ခန္ဓာကိုယ်ကို ပြန်လည်တည်မြဲအောင် ထိန်းညှိနိုင်ခဲ့သည်။ သို့ပါသော်လည်း အထူးအင်အားစုသုံးစုမှ နတ်ဘုရင်အဆင့်စွမ်းအားရှင်များကတော့ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးဖိအားအောက်တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားကြကာ မျက်နှာများ ဖြူဖျော့လာကြသည်။ ဤသည်မှာ ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်နှစ်ပါး၏ စွမ်းအားပွတ်တိုက်မှု ဖြစ်ချေသည်။ ၎င်းက မိုင်ထောင်ချီကိုပျံ့လွင့်ပြီးဖြစ်သလို တိုက်ပွဲအကြွင်းအကျန်စွမ်းအားကလေးများ ဖြစ်လျှင်တောင်မှ သူတို့အလွယ်တကူ ခုခံနိုင်သည့် အရာမဟုတ်ပါ။

ဤထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းကြီးသည် တစ်နာရီ၏ လေးပုံတစ်ပုံကြာသည့်တိုင်အောင် တိုက်ခတ်သွားပြီးမှ တဖြည်းဖြည်းအရှိန်သေလာသည်။ လီပိုင်နှင့်ဝူလောင်တို့ကို ဗဟိုပြ၍ ပတ်ဝန်းကျင်ကမ္ဘာကြီးမှာ မမှတ်မိနိုင်လောက်အောင် ကွဲအက်ပျက်စီးသွားရသည်။ ကမ္ဘာ့မြေထုတစ်ခုလုံးမှာ ပြိုကျသွားခဲ့ပြီး ဧရာမတွင်းနက်ကြီးရှိနေခဲ့သည်။ စွမ်းအင်မုန်တိုင်း၏ လေပွေနှင့်လှိုင်းတို့ကြောင့် အနီးဝန်းကျင်ရှိ တောင်ထိပ်များမှာလည ထက်ပိုင်းဖြတ်ခံလိုက်ရလေသည်။

ဝူဝမ်တောင်တန်းနယ်မြေအတွင်းရှိ မိုးထိအောင်မြင့်မားသော ရှည်လျားသော သစ်ပင်ကြီးများမှာ ဤထိတ်လန့်ဖွယ်စွမ်းအားလှိုင်းကြီးများ၏အောက်၌ အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့ပြီး ဝူဝမ်တောင်တန်းနယ်မြေတစ်ခုလုံးဟာ ဖုန်မှုန့်အတိ ဖုန်းလွှမ်းသွားခဲ့သည်။

မြူခိုးများနှင့် ဖုန်မှုန့်များက ဝေဝါးပျောက်ကွယ်သွားပြီး လီပိုင်နှင့်ဝူလောင်တို့၏ အသွင်အပြင်ကို လှစ်ဟပြလိုက်သည်။ လီပိုင်က တည်ကြည်သောအသွင်အပြင် ရှိနေသေးဆဲဖြစ်ပြီး နှုတ်ခမ်းထောင့်စွန်းကလေးများကို မြင့်တက်သည်အထိ မောက်မာစွာ ပြုံးရယ်လိုက်သည်။

တစ်ဖက်မှာတော့ အဖိုးအိုဝူသည် နေရာမှာတင်အေးခဲနေပြီး လီပိုင့်ကို ထိတ်လန့်ခြောက်ခြားစွာ စိုက်ကြည့်နေသည်။ သူက တစ်စုံတစ်ရာ ပြောဆိုလိုခဲ့သော်လည်း အဆုံးမှာတော့မပြောနိုင်ခဲ့ပေ။

လီပိုင်၏ဓားတွင်ပါဝင်သော စွမ်းအားများက ဝူလောင်ကိုသတ်ဖြတ်နိုင်သည်အထိ အမှန်တကယ်မသန်မာလှပါ။ အမှန်တကယ်ထိတ်လန့်ဖွယ်ကောင်းသည့်အရာက ၎င်းဓားသိုင်းကွက်အတွင်း သှိဝှက်ထားခဲ့သော ဓား ဆွဲငြို့ခြင်း နိယာမစွမ်းအားများပင်ဖြစ်လေသည်။ ၎င်းကမှ အစစ်အမှန်သတ်ဖြတ်ကွက်ဖြစ်၏။

ဝူလောင်ယခုလေးတင် ထုတ်လွှတ်ခဲ့သောဓားကွက်မှာလည်း လုံးဝအားမနည်းခဲ့ပါ။ လီပိုင်ကသာ ဓားနိယာမစွမ်းအားများကို ဓားကွက်တွင်ထည့်ပေါင်းမထည့်ခဲ့လျှင် ဝူလောင်တစ်ယောက်သေဆုံးမှာမဟုတ်ပေ။

သို့ပါသော်လည်း ဓားနိယာမများကို ပေါင်းစပ်ထားခဲ့သည့်အတွက် ၎င်းဓားစွမ်းအင်များက ဝူလောင်၏ဓားကွက်ကို ချိုးဖျက်သွားပြီး သူ၏အသက်တမ်းကို ချက်ချင်းခုတ်ပိုင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ လုံးဝထိခိုက်ဒဏ်ရာမရရှိသော်လဲ သူ၏စိတ်ဝိညဥ်ကတော့ လီပိုင့်ဓားကွက်၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရလေပြီ။

လီပိုင်ထုတ်ဖော်ပြသခဲ့သော ပြိုင်ဖက်ကင်းဓားနတ်ဘုရားနိယာမများမှာ ဝူလောင်ခုခံနိုင်မည့်အရာ ဟုတ်မနေခဲ့ပေ။ ဝူလောင်တစ်ယောက် ဘယ်လိုဘယ်ပုံဖြင့်ခုခံခဲ့သည်ဖြစ်ပါစေ၊ ကျိန်းသေပေါက်သေဆုံးရမှာသာ ဖြစ်လေ၏။

ဝူလောင်က လီပိုင်ထုတ်ဖော်ခဲ့သည့် ဓားနိယာမများနှင့် အဆင့်တူသောနိယာမစွမ်းအားများဖြင့် ခုခံလိုက်လျှင်တော့ အဆိုပါဓားကွက်ကို ခုခံနိုင်ပေလိမ့်မည်။ သို့ပါသော်လည်း အမတဓားတာအိုများမှာ ဝူလောင်လက်ရှိနားလည်သဘောပေါက်နိုင်သည့်အဆင့်၌ ရှိမနေခဲ့ပါ။

" သူ့ကိုသွားခွင့်ပြု.....ပြု....."

ဝူလောင်က လီပိုင်ကို စူးစိုက်ကြည့်လိုက်ပြီး နောက်ဆုံးသောစကားကို ခက်ခက်ခဲခဲ ပြောဆိုရန် ကြိုးစားလိုက်သည်။ သူ့စကားမဆုံးသေးခင်မှာ သူ၏ရှင်သန်ခြင်းစွမ်းအင်များမှာ အပြီးတိုင်ပျက်စီးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်ပြိုဆင်းသွားခဲ့ကာ ကြီးမားသောအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။

သူသေဆုံးသည့်တိုင်အောင် ဝူလောင်သည် လီပိုင်က ယန်ကောင်းကို သွားခွင့်ပြုရန် မျှော်လင့်နေခဲ့သေး၏။

သူဟာအစေခံကောင်းတစ်ယောက်ဆိုသော စကားလုံးနှင့် ထိုက်တန်ပါလေသည်။ သို့ပါသော်လည်း ကံမကောင်းစွာဖြင့်သူဟာ မှားယွင်းသောလူတစ်ယောက်ကို သစ္စာရှိခဲ့မိသည်။

ဝမ်ဖုန်းက အရူးတစ်ယောက်လို ထိတ်လန့်ခြောက်ခြားနေသော ယန်ကောင်းကို လှမ်းကြည့်လိုက်ပြီး ခေါင်းကိုခါရမ်းလိုက်သည်။

" ဝူ....ဝူလောင် "

ယန်ကောင်း၏ခန္ဓားကိုယ်တစ်ခုလုံးမှာ ခဲတောင့်သွားပြီး သူ၏နှုတ်ခမ်းများက အဆက်မပြတ်တုန်ယင်လာသည်။ သူဟာတစ်စုံတစ်ခုကိုပြောလိုခဲ့သော်လည်း စကားလုံးများက နှုတ်ဖျားမှထွက်ပေါ်လာခဲ့ခြင်းမရှိတော့ပါ။ အဆုံးအစမဲ့သော အကြောက်တရားများက သူ၏စိတ်သန္တာန်၌ ပြည့်နှက်နေခဲ့သည်။

အဖိုးအိုဝူလောင်က သူ့ကို အကြိမ်ပေါင်းမည်မျှလောက် ကယ်တင်ခဲ့သည်ကို သူကိုယ်တိုင်တောင် ရေတွက်မသိရှိနိုင်တော့။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို တိုက်ကွက်တစ်ကွက်တည်းနဲ့ သတ်ဖြတ်လိုက်တယ်တဲ့လား။ ဝူလောင်ကသူ့အရှေ့၌ ဤကဲ့သို့သေဆုံးသွားခဲ့ရသည်?

အဲ့ဒါက ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့်ကြီးလေ...

လီပိုင်ကို ထိတ်လန့်တကြားစိုက်ကြည့်လိုက်ရင်း ယန်ကောင်း၏ခန္ဓာကိုယ်က တုန်ယင်လာခဲ့ကာ ချက်ချင်းဒူးထောက်ချလိုက်ပြီး အသက်ချမ်းသာပေးရန် တောင်းဆိုလိုက်သည်။ 

" ငါ့ကိုမသတ်ပါနဲ့ ငါက ယန်လဲ့အမတမြို့တော်ရဲ့ မြို့သခင်ငယ်လေးပဲ။ မင်းငါ့ကိုသတ်ရင် ယန်လဲ့အမတမြို့တော်က ကျိန်းသေပေါက် သည်းခံနိုင်မှာမဟုတ်ဘူး။ ဒီခွေးတစ်ကောင်ရဲ့အသက်ကို ချမ်းသာပေးပါ။ အခုချိန်ကစပြီး ငါတောင်ပိုင်းနယ်မြေကို လုံးဝခြေချမလာတော့ပါဘူး။"

သူက မာနကြီးပြီး မောက်မာလေသည်။ သို့ပါသော်လည်း လက်ရှိမှာ သူ၏မာနတရားများကို ခဝါချလိုက်သည်။ မရဏမင်း၏ရှေ့မှောက်တွင် သူသည် ဂုဏ်သိက္ခာများအားလုံးကို ပယ်ခွာခဲ့ပြီး အသက်ကိုသာ ရွေးချယ်ခဲ့သည်။

အသက်ရှိနေသေးပါက လက်စားချေရန် အခွင့်အရေးရှိလာဦးမှာဖြစ်သည်။ အသက်သာမရှိတော့ပါက ဘာမှကျန်တော့မည်မဟုတ်ပါ။

ဤကဲ့သို့အသက်ဘေးနှင့် တွေ့ကြုံနေရသည့်အချိန်တွင် ယန်ကောင်းက ဆိုရိုးစကားတစ်ခုကို စွဲစွဲမြဲမြဲယုံကြည်နေသည်။ လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေခြင်းက ဘယ်လောက်ကြာပါစေ နောက်မကျ...

 သူသာဒီအရှက်ရမှုကို သညခံနိုင်လျှင် နောင်တစ်ချိန်၌ပြန်လည်၍ လက်စားချေနိုင်လိမ့်မည်။

ထို့အတွက်ကြောင့် လီပိုင်၏ဓားကွက်ကို ဝူလောင်က မခုခံနိုင်ခဲ့သည်ကို တွေ့မြင်လိုက်ရသည့်အခါ သူဟာတုံ့ဆိုင်းခြင်းမရှိဘဲ ဂုဏ်သိက္ခာများကို စွန့်ပယ်လိုက်ပြီး အသက်ချမ်းသာရန် တောင်းဆိုလိုက်သည်။ သူဟာ လက်စားချေလိုသော စိတ်ဆန္ဒမျိုးကိုတောင် လှစ်ဟမပြရဲခဲ့ပေ။ သူ့ထံ၌ အဆုံးအစမဲ့သော အကြောက်တရားတို့သာ ကြီးစိုးနေသည်။

မျိုးနွယ်စုခေါင်းဆောင် ထျန်းလင်ကဲ့သို့သော အထူးအင်အားစုသုံးစုမှ ဘိုးဘေးများသည် ဤမြင်ကွင်းကို အဝေးတစ်နေရာမှတွေ့မြင်လိုက်ရသည့်အခါ သူတို့၏ခန္ဓာကိုယ်များက တုန်လှုပ်သွားခဲ့ပြီး မျက်ဝန်းအိမ်ထဲ၌ အကြောက်တရားများဖြင့် ပြည့်နှက်လာခဲ့သည်။

သူတို့ရုတ်တရက်ကြီး နောင်တရမိသွားသည်။ သူတို့ဘာလို့များ ရှန်ရှန်ကျုံဂိုဏ်းကို ရန်စမိလိုက်ပါလိမ့်။ တောင်ပိုင်းနယ်မြေရဲ့ အရှင်သခင်ဖြစ်ရတာ ဘယ်လောက်ကောင်း‌ေနလို့လဲ။ အခုအချိန်မှာတော့ ရှန်ရှန်ကျုံဂိုဏ်းက အရမ်းကိုစွမ်းအားကြီးနေသည်။ သူတို့ဒီကနေ့ လွတ်မြောက်နိုင်ပါဦးမလားဆိုတာကို ပြောဆိုရန် ခက်ခဲလှပေသည်။

အကြီးအကဲဝူလို ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ် စွမ်းအားရှင်တစ်ယောက်ကိုတောင် ရှန်ရှန်ကျုံဂိုဏ်း၏ အစောင့်အရှောက်က ဓားတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်။ သူတို့က အကြီးအကဲဝူလောက် မသန်မာကြပါ။ သူတို့အများကြီးရှိနေရင်တောင်မှ လီပိုင့်၏ဓားကို ရန်ဆိုင်နိုင်မှာမဟုတ်....

ဤကနေ့၏နောက်ဆုံးသော အစီအစဥ်မှာ ထွက်ပြေးလွတ်မြောက်ရန်သာ ဖြစ်ပေတော့သည်!

အထူးအင်အားစုသုံးစုမှ စွမ်းအားရှင်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးသွားကြသည်။ သူတို့က ကိုယ်တွင်းရှိစွမ်းအားများကို အရူးအမူးထုတ်လွှတ်လိုက်ကြပြီး အရပ်မျက်နှာအသီးသီးသို့ လူစုခွဲကာထွက်ပြေးသွားကြခြင်းဖြစ်၏။ ဤအချိန်၌ သူတို့သည် ခြေထောက်အပိုနှစ်ချောင်းရှိလျှင် ကောင်းလိမ့်မည်ဟုတောင် တွေးတောလိုက်မိသည်။

အင်အားစုသုံးစု၏ စွမ်းအားရှင်များသည် အချင်းချင်းနားလည်လိုက်ကြပြီး တစ်ညီတညွှတ်တည်းသော စိတ်ထားဖြင့် လူစုခွဲထွက်ပြေးသွားကြသည်။ သေဆုံးခြင်းနဲ့ရှင်သန်ခြင်းဟာ ဘုရားသခင်၏ အလိုဆန္ဒအပေါ်၌သာ မူတည်ပေတော့မည်။

" သူရဲဘောကြောင်တဲ့ကြွက်စုတ်တွေ !ဘယ်ကိုပြေးကြမလို့လဲ?! "

ချင်းလုံယန်ယွဲ့ဓားကိုဆုပ်ကိုင်ထားသော ကွမ်ယု၏မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားသွားခဲ့သည်။ သူဓားတစ်ချက်ခုတ်ပိုင်းလိုက်သည့်အခါ အားရှရှေးဟောင်းဂိုဏ်းမှ စွမ်းအားကြီးကျင့်ကြံသူတစ်ယောက် သေဆုံးသွားခဲ့သည်။ ထို့နောက် သူကဓားကိုပင့်မြောက်၍ ဆက်လက်ခုတ်ပိုင်းတိုက်ခိုက်လေသည်။

တချိန်တည်းမှာပဲ ရှန်ရှန်ကျုံဂိုဏ်း၏ များစွာသောစွမ်းအားရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း၌ ဓားအလင်းတန်းများ၊ လှံအလင်းတန်းများ၊ လက်ဖဝါးရာကြီးများနှင့် လက်သီးပုံရိပ်များသည် ကောင်းကင်နှင့်မြေကြီးအတွင်း၌ ထွက်ပေါ်လာခဲ့ကာ အရပ်လေးမျက်နှာကို တုန်လှုပ်စေခဲ့ပြီး အထူးအင်အားစုသုံးစုမှ စွမ်းအားရှင်များ၏အသက်ကို ဇီဝိန်ချွေသွားခဲ့သည်။

အစကတည်းက တစ်ယောက်တည်းယှဥ်တိုက်ရာ၌ သူတို့ဟာ ရှန်ရှန်ကျုံဂိုဏ်း၏ ပြိုင်ဖက်မဟုတ်ခဲ့ပါ။ အခုအချိန်၌ သူတို့အားလုံးက အရူးအမူးထွက်ပြေးနေခဲ့သည်ဖြစ်ရာ တန်ပြန်တိုက်ခိုက်ဖို့တောင် နောက်ကျသွားလေပြီ။ ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲတွေရဲ့ တိုက်ခိုက်မှုကို သူတို့ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ?

ချွမ်ယင်း၊ အမည်မဲ့ဓားသမား စသည့်ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေနိုင်သော ဘိုးဘေးအဆင့်စွမ်းအားရှင်ကြီးများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်‌ နေသည်။ စွမ်းအားကြီးနဂါးပုံရိပ်များ မွေးဖွားလာခဲ့ပြီး ပြင်းထန်လွန်းသော ဓားအရှိန်အဝါများဟာလည်း ကောင်းကင်ကို ဖျက်စီးကာ ကမ္ဘာမြေကြီးကို ထွင်းဖောက်လိုက်သည်။ ဤအချိန်၌ ကမ္ဘာမြေ ပျက်သုန်းလုမတက်ဖြစ်နေခဲ့ကာ အင်မတန်မှ ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းနေလေသည်။ 

All Chapters