← Chapters

ဂိုဏ်းချုပ်ကြီးလောက်မကောင်းဘူး

Vol. 26 Ch. 355

ဂိုဏ်းချုပ်ကြီးလောက်မကောင်းဘူး

Vol. 26 Ch. 355

ဘာသာပြန်- The Fate

" ငါ့ကိုအသက်ချမ်းသာပေးပါ ....ငါ့ကိုအသက်ချမ်းသာပေးပါ ..."

ယန်ကောင်းသည်မြေပြင်ပေါ်၌ ဒူးထောက်နေကာ အလွန်တုန်လှုပ်ခြောက်ခြားနေသော အမူအရာဖြင့် ထိုစကားလုံးများကို ထပ်ခါထပ်ခါရေရွတ်နေခဲ့သည်။ သူ၏ဦးခေါင်းကလည်း နိမ့်ချည်မြင့်ချည် ဦးတိုက်နေခဲ့ကာ နဖူးပြင်မှာတောင်သွေးများနီရဲထွက်လာ၏။

ဆိုရိုးစကားများရှိသည့်အတိုင်းပင်။ ကြီးမြတ်သောအရာများကို လုပ်ဆောင်ရမည့်သူများဟာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ရတာကို မမှုပေ!

သူက ငိုယို၍ သနားစရာကောင်းအောင်ပြုမူလေလေ ၊ဝမ်ဖုန်းက သနားကြင်နာပြီး သူ့၏အသက်ကို လွှတ်ပေးမည့်အခွင့်အရေး ပိုမိုများလေလေပင်။ ယန်ကောင်းဟာ ဤသို့သောနည်းလမ်းနှင့် အလွန်ပဲ ရင်းနှီးကျွမ်းဝင်မှုရှိသည်။

ယန်လဲ့အမတမြို့တော်၏ သခင်လေးတစ်ယောက်ဖြစ်မလာခင်က သူ၏မောက်မာပြီးခက်ထန်သော စိတ်နေစိတ်ထားက သူ့ကို မရေမတွက်နိုင်သော အန္တရာယ်များအတွင်းသို့ ဆွဲသွင်းခဲ့လေသည်။ ဤသို့ အရှက်မဲ့သော တောင်းပန်သည့် နည်းလမ်းဖြင့် သူဟာဤကနေ့အချိန်အထိ လွန်လွန်ကျွံကျွံ အသက်ရှင်နိုင်ခဲ့တာဖြစ်၏။ ယင်းနောက် ရန်သူမိသားစုပေါင်းများစွာကို ချနင်းသတ်ဖြတ်ပြီးနောက် ယန်လဲ့အမမြို့တော်ရဲ့ သခင်ငယ်လေးတစ်ယောက်ဖြစ်လာခဲ့သည်။

အလယ်ပိုင်းဒေသကြီး၌ လူအများက သူ့ကို အထင်အမြင်သေးစရာအဖြစ် ယူဆကြပြီး တခြားသောမြို့သခင်ငယ်လေးများကတောင် သူ့ကို အရှက်ရစရာအဖြစ်ပြောဆိုဆက်ဆံကြသည်။ သို့ပါသော်လည်း သူက ဤကနေ့အချိန်ထိတိုင် များစွာသော အောင်မြင်မှုများကို ရယူခဲ့ကြောင်းကိုတော့ ဘယ်သူကမှ ငြင်းချက်မထုတ်နိုင်ပါ။

သို့ပါသော်လည်း ယန်လဲ့အမတမြို့တော်ရဲ့ သခင်ငယ်လေးတစ်ပါးဖြစ်လာပြီးကတည်းက သူဟာ အစဥ်အမြဲဂုဏ်ယူခဲ့ရသည့် ဤလွတ်မြောက်ခြင်းလမ်းစဥ်ကို ဘယ်တုန်းကမှအသုံးမပြုတော့ပေ။ အခုအချိန်၌ သူဟာ ထပ်မံ၍အသုံးပြုနေရသည်။ ယန်ကောင်းဟာ သူဒီတစ်ကြိမ်လည်း လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ဤသည်မှာ အချိန်ကာလက သူ့ကိုသင်ပေးခဲ့သော သင်ခန်းစာဖြစ်၏။ သူဟာ ထိုကဲ့သို့ ရိုရိုကျိုးကျိုးတောင်းပန်သည့်နည်းလမ်းကို အသုံးပြု၍ ရှမ်းရွှမ်ဒေသကြီးအတွင်း၌ လုံခြုံဘေးကင်းစွာ ရပ်တည်နိုင်ခဲ့သည်။

ဝမ်ဖုန်းက ယန်ကောင်းကို အပြုံးမဟုတ်သောအပြုံးနှင့် စိုက်ကြည့်လိုက်သည်။ စောနက အရမ်းမောက်မာနေတဲ့လူက အခုအချိန်မှာတော့အမြှီးနန့်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေတယ်တဲ့လား။ ဒါက တကယ့်ကို ရယ်စရာကောင်းလိုက်တာ။ အစကတည်းက ဒီလိုဆိုလည်း ဘာလို့အလုပ်ရှုပ်ခံ မောက်မာပြနေသေးသလဲ?

တောင်တန်းတွေနဲ့ မြစ်တွေရဲ့အပြင်ဖက်မှာ ပြိုင်ဖက်ကင်းလူတွေ ထပ်ရှိသေးတယ်လို့ မင်းကိုယ်တိုင်ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ပြောခဲ့တာမဟုတ်ဘူးလား။ အခုအချိန်မှာတော့ အမှန်တရားကို နားမလည်တဲ့လူက မင်းပဲ။သေဆုံးဖို့ထိုက်တန်တယ်!

" ယန်လဲ့အမတမြို့တော်ရဲ့ စွမ်းအားရှင်တွေက ဘယ်လောက်စွမ်းအားကြီးသလဲ။ "

ဝမ်ဖုန်းက ယန်ကောင်းကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။ သူသာ ယန်ကောင်းကို သတ်ဖြတ်ပစ်လိုက်ပါက ယန်လဲ့အမတမြို့တော်၏ ရန်သူဖြစ်လာရမှာပါ။ ထို့အတွက်ကြောင့် ယန်လဲ့အမတမြို့တော်၏ခွန်အားကို ကြိုတင်သိရှိထားခြင်းက ကောင်းမွန်ပေလိမ့်မည်။

မင်းကိုယ်တိုင်နှင့် ရန်သူ့အကြောင်းသိရှိနားလည်ခြင်းက တိုက်ပွဲတစ်ရာအောင်မြင်ခြင်းရဲ့ သော့ချက်ပင်ဖြစ်ချေတော့သည်။

ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက သူ၏အဆက်မပြတ်တောင်းပန်မှုကြောင့် ထိရှသွားပြီဟု ယန်ကောင်းတစ်ယောက်တွေးထင်လိုက်သည်။ သူ့မျက်ဝန်းအနက်ပိုင်း၌ ပျော်ရွှင်မှုအရိပ်အရောင်များ ဖြစ်ပေါ်လာခဲ့ပြီး အလျင်စလိုပြောလိုက်သည်။ " လူကြီးမင်း ခင်များနားလည်ရမယ်။ကျွန်တော်ခင်များကို အရာအားလုံးပြောပြမှာပါ။ "

" ယန်လဲ့အမတမြို့တော်က အလယ်ပိုင်းဒေသရဲ့ အမတမြို့တော်နှစ်မြို့ထဲကတစ်မြို့ပဲ။ သူ့ရဲ့ခွန်အားက ယိယွမ်ဘုရားကျောင်းထက် တစ်ဆင့်ပဲနိမ့်ကျတယ်။ ပြီးတော့ အလယ်ပိုင်းဒေသတစ်ခုလုံးမှာ ကြီးမြတ်တဲ့ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ထားတယ်။ "

" မြို့သခင်လဲ့ချီက အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ပါ။ မြို့သခင်လဲ့ချီ၊ ယင်ဖုန်းအမတမြို့တော်ရဲ့အရှင်နဲ့ ယိယွမ်ဘုရားကျောင်းသခင်... အဲ့ဒီသုံးယောက်ကိုစုပေါင်းပြီး ထိပ်တန်းစွမ်းအားရှင်သုံးယောက်အဖြစ် အလယ်ပိုင်းကုန်းမြေကြီးမှာ ထင်ရှားတယ်။ "

" အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် မြို့သခင်တစ်ယောက်ရှိတဲ့အပြင် ယန်လဲ့အမတမြို့တော်မှာ အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်ရှိတဲ့ အစောင့်အရှောက်အကြီးအကဲ နှစ်ယောက်လည်းရှိတယ်။ ပြီးတော့မြို့တော်ကို ကာကွယ်စောင့်ရှောက်နေတဲ့ အန္တိနတ်မင်းအဆင့်အကြီးအကဲ ဆယ်ယောက်နီးပါးလည်းရှိတဲ့အပြင် မိုးကောင်းကင်နတ်မင်းအထွတ်အထိပ်အဆင့် အစောင့်အရှောက် အယောက်(20) လည်းရှိသေးတယ်။ ဒါ့အပြင် မိုးကောင်းကင်နတ်မင်းအဆင့် အစောင့်အရှောက် (၅၀)နီးပါးလည်းရှိပြီး တခြားသောစွမ်းအားရှင်တွေလည်း မရေမတွက်နိုင်အောင်ရှိတယ်။" 

" ဟုတ်တာပေါ့ ...ဒါတွေအားလုံးက သိမြင်ရသေးတဲ့အတိုင်းအတာတွေမှာပဲ ရှိသေးတာ။ ပြောကြတာတော့ ယန်လဲ့အမတမြို့တော်ရဲ့ မြောက်များစွာသော ဘိုးဘေးတွေလည်း ရှိနေသေးတယ်တဲ့။ သူတို့ရဲ့ ကျင့်ကြံမှုကိုတော့ မသိရဘူး။ ဒါပေမဲ့ ဘိုးဘေးဖြစ်လာနိုင်တယ်ဆိုတော့ သူတို့ရဲ့ကျင့်ကြံမှုကလဲ အနည်းဆုံးအန္တိမနတ်မင်းအဆင့်မှာ ရှိနေလိမ့်မယ်။ "

" ယင်ဖုန်းအမတမြို့တော်ရဲ့ခွန်အားကလည်း ယန်လဲ့အမတမြို့တော်နဲ့ သိပ်မကွာဘူး။ "

သူ့ရဲ့ကိုယ်ပိုင်အသက်ကလေးအတွက် ယန်ကောင်းက ယန်လဲ့အမတမြို့တော်၏ သတင်းအချက်အလက်များကို တုံ့ဆိုင်းခြင်းမရှိရောင်းချခဲ့သည်။ ဟုတ်တာပေါ့...ဝမ်ဖုန်းက ယန်လဲ့အမတမြို့တော်အကြောင်း ဘာလို့မေးလဲဆိုတာ သူ မသိပါဘူး။ ဒါပေမဲ့လည်း ယန်လဲ့အမတမြို့တော်ရဲ့ ခွန်အားအကြောင်းကို ဝမ်ဖုန်းကိုပြောပြခြင်းကလည်း မကောင်းတာတော့မဟုတ်ပေ။

ယန်လဲ့အမတမြို့တော်ရဲ့ခွန်အားကို သိရှိသွားပြီး ဝမ်ဖုန်းကသူ့ကို လွှတ်ပေးနိုင်တာလည်း ဖြစ်နိုင်တာဘဲလေ။ ရှန်းရွှမ်ဒေသကြီးမှာ ယန်လဲ့အမတမြို့တော်ကို အာခံခဲ့တဲ့ လူတွေက ဘယ်တုန်းကများအသက်ရှင်ခဲ့ဖူးလို့လဲ?

ယန်ကောင်း၏စကားဆုံးသွားသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြစ်ပေါ်လာခဲ့ပြီး သူ၏နှလုံးသားက တုန်လှုပ်လာသည်။ ယန်လဲ့အမတမြို့တော် ၊ အမတမြို့တော်နှစ်မြို့ထဲကတစ်မြို့မှာတောင် ဒီလိုခွန်အားမျိုးရှိနေတယ်။ ဒါဆို ယိယွမ်ဘုရားကြောင်းက ဘယ်လောက်တောင်သန်မာလိုက်မလဲ?

ယိယွမ်ဘုရားကျောင်း နောက်ခံရှိသော ဝမ်ရှခန်းမကို ဖျက်စီးခဲ့သည့်အဖြစ်အပျက်ကို ဝမ်ဖုန်းကမမေ့နိုင်သေးပေ။ ၎င်းမှာ တပည့်တစ်ယောက်နောက်ခံသာရှိသော်လည်း ယိယွမ်ဘုရားကျောင်းကို ရန်စလိုက်သည့်အမှန်တရားကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိပါပေ။

ဒါ့အပြင် ရှန်းရွှမ်ဒေသတစ်ခုလုံး၌ အောင်မြင်ကြီးပွားလိုသည်ဆိုပါက သူဟာ ယိယွမ်ဘုရားကျောင်းနှင့် မလွှဲမသွေ ထိုက်တိုက်တွေ့ဆုံရမည်သာ။ အခန့်မသင့်ပါက ရန်သူများတောင် ဖြစ်လာနိုင်သေးသည်။

ဒီအကြောင်းတွေးလိုက်ပြီးနောက် ဝမ်ဖုန်းက ဆက်လက်မေးမြန်းလိုက်သည်။ 

" ယိယွမ်ဘုရားကျောင်းရဲ့ ခွန်အားကိုရော မင်းသိလား? "

ယန်လဲ့အမတမြို့တော်ကို ပြန်ရောက်ပြီးနောက် ဝမ်ဖုန်းကိုဘယ်လိုလက်စားချေရမလဲဆိုတာ တိတ်တဆိတ်တွေးတောနေသော ယန်ကောင်းသည် ဒီစကားကိုကြားသည့်အခါ ဝမ်ဖုန်းကို ထူးထူးဆန်းဆန်းမော့ကြည့်လိုက်သည်။ ဒီလူက ယိယွမ်ဘုရားကျောင်းရဲ့ခွန်အားအကြောင်းကိုတောင် မေးနေသေးတာလား။ ငါ့ကို ဒီလောက်တောင်အထင်သေးရသလား။

" ယိယွမ်ဘုရားကျောင်းရဲ့ ခွန်အားကိုတော့ ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့ ယွင်ဖုန်းအမတမြို့တော်ရော ယန်လဲ့အမတမြို့တော်ရောက ယိယွမ်ဘုရားကျောင်းကို ရန်မစရဲကြဘူး။ ကောလဟာလတွေအရတော့ ယိယွမ်ဘုရားကျောင်းမှာ မေ့လျောခံအာကာပြင်အဆင့် ကြောက်မက်ဖွယ်စွမ်းအားရှင်ကြီးတွေတောင်ရှိတယ်တဲ့။ "

" အလယ်ပိုင်းကုန်းမြေမှာ ယိယွမ်ဘုရားကျောင်းကြီးက အလျို့ဝှက်ဆုံးအင်အားစုကြီးပဲ။ သူတို့ထဲက လက်တစ်ဆုပ်စာ စွမ်းအားရှင်အနည်းငယ်ကပဲ ကမ္ဘာလောကကြီးအတွင်းကို ထွက်ပေါ်လာကြတာ။ များသောအားဖြင့် ဂိုဏ်းတပည့်တွေကိုပဲ အလယ်ပိုင်းကုန်းမြေမှာ တွေ့ရများတယ်။ "

ယန်ကောင်းက ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။

ဝမ်ဖုန်းကခေါင်းညိမ့်လိုက်ပြီး ယန်ကောင်းထံမှ မေးမြန်းစရာမရှိတော့ဘူးဆိုတာကို သိရှိလိုက်ပြီးနောက် သူဟာလီပိုင်ကို အချက်ပြလိုက်သည်။

လီပိုင်က ချက်ချင်းနားလည်သွားပြီး သူ၏ခန္ဓာကိုယ်က ရုတ်ချည်းလှုပ်ရှားသွားကာ ယန်ကောင်း၏ရှေ့၌ ထွက်ပေါ်လာခဲ့ပြီး ဓားတစ်ချောင်းကဲ့သို့ ထက်မြက်သောလက်ညှိုးကို ထိုးညွှန်လိုက်သည်။ ယန်ကောင်း၏ထိတ်လန့်ခြောက်ခြားနေသော အကြည့်များအောက်တွင် ၎င်းလက်ညှိုးမှထွက်ပေါ်လာသော ဓားအရှိန်အဝါများသည် သူ၏မျက်ခုံးနှစ်ခုကြား တိုးဝင်သွားခဲ့ပြီး စိတ်ဝိညဥ်နှင့်ရှင်သန်ခြင်းစွမ်းအင်များကို ဖျက်စီးလိုက်ရုံသာမက ခန္ဓာကိုယ်ကိုပါ အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်လိုက်၏။

ယန်ကောင်းလိုလူတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် လီပိုင်က ဓားကိုအသုံးမပြုခဲ့ပေ။ ဒါက ဓားသိက္ခာကို အရှက်ရစေလိမ့်မည်။ သူသာ သေရည်နှစ်ပုလင်းလိုချင်နေ၍မဟုတ်လျှင် ယန်ကောင်းလို ဆန်ကုန်မြေလေးတစ်ယောက်ကို သတ်ဖြတ်မှာတောင်မဟုတ်ပေ။ ဒါက သိက္ခာကျတယ်ကွ!

" မင်း "

သေခါနီးအချိန်ထိတိုင်အောင် ယန်ကောင်းက သူအသက်ရှင်နိုင်လိမ့်ဦးမည်ဟု တွေးထင်ထားဆဲသာ။ သူက ဝမ်ဖုန်းကို ဘယ်လိုလက်စားချေရမလဲဆိုတာကိုတောင် တွေးနေသေးသည်။ သို့ပါသော်လည်း ဝမ်ဖုန်းကသူ့ကို သတ်ဖြတ်လိမ့်မည်ဟုတော့ သူ ထင်မထားခဲ့။

ငါဒီလောက်သနားစရာကောင်းအောင် တောင်းပန်နေတာကိုတောင် မင်းရဲ့နှလုံးသားက နူးညံ့မသွားဘူးလား။ သဘောမတူဘူးဆိုရင်လည်း ဘာလို့စောနကတည်းက ချက်ချင်းမသတ်လိုက်ရတာလဲကွာ။

ဤသည်မှာ ယန်ကောင်းမသေဆုံးခင် နောက်ဆုံးတွေးခဲ့သော အတွေးများပင်။ သူဟာ မလိုလား မနှစ်မြို့စွာဖြင့် သေဆုံးသွားခဲ့ရသည်။ ဒီလိုဖြစ်မယ်မှန်းကြိုသိထားပါက သူကလည်း အချိန်ကုန်လေကုန်ခံပြီး သနားစဖွယ်ကောင်းအောင် ဒူးထောက်တောင်းပန်နေမည်မဟုတ်ပါ။ ဂုဏ်သိက္ခာရှိတဲ့ သေခြင်းတရားမျိုး သူလည်းလိုချင်ပေ၏!

" ဂိုဏ်းချုပ် ကြည့်စမ်းပါဦး... ကျုပ် ဝူလောင်တို့နှစ်ယောက်ကို သတ်ဖြတ်လိုက်ပြီ။ ကျုပ်ကို သေရည်နှစ်ပုလင်း... မဟုတ်သေးဘူး... သေရည်သုံးပုလင်းလောက် ဆုချလို့ရမလား။ "

ယန်ကောင်းကို သတ်ဖြတ်လိုက်ပြီးနောက် လီပိုင်က အလောင်းကိုဆက်လက်ကြည့်ရှု့ခြင်း မရှိတော့ဘဲ ဝမ်ဖုန်း၏ရှေ့ကို ရုတ်တရက်ခုန်ဝင်လာကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

"သောက်ကျိုးနည်း "

လီပိုင်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက တခဏကြာအောင် ကြောင်အသွားပြီး လီပိုင်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်သည်။ သူဟာအစက စနစ်ထံမှ အဆင့်မြင့်သေရည်တစ်ပုလင်းကို လဲလှယ်ဝယ်ယူပြီး လီပိုင်ကိုမြည်းစမ်းကြည့်စေချင်သည်။ အခုတော့သူက အလယ်အလတ်အဆင့် ရှန်းလန်သေရည်ကိုပဲ မေးနေတာလား။

ဒီလိုဆိုရင်လည်း သူမငြင်းတော့ပါဘူးလေ။

အလယ်အလတ်အဆင့် ရှန်းလန်သေရည်တစ်အိုးဟာ ဂိုဏ်းအမှတ်ဆယ်သန်း တန်ကြေးရှိသည်။ သုံးပုလင်းဆိုပါက ဂိုဏ်းအမှတ်သန်းသုံးဆယ်ကုန်ကျလိမ့်မည်။ သို့ပါသော်လည်း အဆင့်မြင့်ရှမ်းနန်သေရည်ကတော့ ဂိုဏ်းအမှတ်သန်းငါးဆယ် တန်ကြေးရှိ၏။

ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ သူဟာ အလယ်အလတ်အဆင့်ရှန်းလန်သေရည်အိုး ၄အိုးကို စနစ်ထံမှလဲလှယ်လိုက်ပြီး လီပိုင်ကို ပေးလိုက်ကာ ရယ်ကာမောကာပြောလိုက်သည်။ 

" နောက်တစ်ပုလင်း မင်းကို အပိုဆုချလိုက်မယ်။ "

"ထျန်းဟဲမြစ်ရေက ကျန်းတစ်သိန်းနက်ပေမယ့် ဂိုဏ်းချုပ်ပေးလိုက်တဲ့ သေရည်လောက်တော့မကောင်းဘူးဗျ "

လီပိုင်၏မျက်ဝန်းများမှာ ဝင်းလက်လာကာ သေရည်အိုးများကို အလျင်အမြန်ဆွဲယူလိုက်ပြီး အသက်ပြင်းပြင်းရူရှိုက်လိုက်သည်။ စကားဆုံးသည်နှင့်တပြိုင်နက် သူ၏ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

All Chapters