← Chapters

အမျက်ဒေါသ

Vol. 26 Ch. 360

အမျက်ဒေါသ

Vol. 26 Ch. 360

ဘာသာပြန်- The Fate

"သူတို့ကို တိုက်ကျွေးလိုက်ပါ"

ဝမ်ဖုန်း၏ လက်ထဲတွင် တစ်ခုလျှင် ဂိုဏ်းအမှတ် တစ်ဘီလီယံစီ တန်သော ဆန်းကြယ်သည့် သင်္ကေတများ ရေးထွင်းထားသည့် ဆေးလုံး ၁၁ လုံး ဖြစ်ပေါ်လာသည်။ သူက ဘေးနားရှိ ရှန်းဝမ်စန်း တို့ကို ပြောဆိုလိုက်သည်။

ထိုက်ကျိပြန်လည်ထမြောက်ခြင်း ဆေးလုံး ၁၁ လုံး ထွက်ပေါ်လာသည့်အခါ ပြင်းပြသော မွှေးရနံ့သည် ကမ္ဘာကြီးအတွင်း ထွက်ပေါ်လာခဲ့သည်။ အနီးဝန်းကျင် တိုက်ပွဲမြေပြင် တစ်ခွင်၌ အသက်စွမ်းအင်များ ပြန်လည်ရရှိလာကာ ကြီးမားသော သစ်ပင်ကြီးများတောင် ပေါက်ရောက်လာခဲ့သည်။

ဝူဝမ်တောင်တန်းနယ်မြေတစ်ခုလုံးသည် အနှီရှင်သန်ခြင်း မွှေးရနံ့၏ လွှမ်းခြုံခြင်းခံလိုက်ရသည်။ အစွမ်းထက်လွန်းသော သက်ရောက်မှုများက ရှန်းဝမ်စန်းနှင့်အခြားသူများကို ထိတ်လန့်သွားစေသည်။ မွှေးရနံ့လေးထွက်ပေါ်လာတာကတောင် ဒီလောက်ကြီးကြီးမားမား သက်ရောက်စေတာလား? ဒီဆေးလုံးမှာ ဘယ်လိုအစွမ်းသတ္တိမျိုး ရှိနေတာလဲ?။ 

ဂိုဏ်းချုပ်က တစ်ကယ်ပဲ ဂိုဏ်းချုပ်အဖြစ် ထိုက်တန်ပါတယ်လေ။ ဒီလိုပြိုင်ဘက်ကင်းဆေးလုံးမျိုးကို သူတို့ မြင်တောင်မမြင်ဖူးသလို ကြားလည်းမကြားဖူးဘူး။

ရှန်းဝမ်စန်းနှင့် အခြားသူများက ဝမ်ဖုန်းကို အံ့အားတသင့်စိုက်ကြည့်လိုက်ကြပြီး ကျန်းစန်ဖုန်းတို့ကို တိုက်ကျွေးရန် ဆေးလုံးများကို လက်ခံရယူလိုက်သည်။

ပျံ့လွင့်ထွက်ပေါ်လာသော ဆေးလုံးရနံ့အနည်းငယ်ကို ရှူရှိုက်လိုက်ရတာကတောင် တိုက်ပွဲအတွင်းရရှိခဲ့သော ဒဏ်ရာအနာတရများကို အနည်းငယ်သက်သာလာစေခဲ့သည်။ ဆေးလုံ၏စွမ်းရည်က ဘယ်လောက်အစွမ်းထက်သလဲ တွေးကြည့်ပါလေ။

ပြောဖွယ်မလိုလောက်အောင် ဒီလိုဆေးလုံးတစ်လုံးစီတိုင်းက အလွန်အမင်း တန်းကြေးရှိလှသည်။ သို့ပါသော်လည်း ဂိုဏ်းချုပ်က အနည်းငယ်တောင် တွန့်ဆုတ်ခြင်းမရှိဘဲ ကျန်းစန်ဖုန်းနှင့် အခြားသူများကို ပေးအပ်ခဲ့သည်။ ဒီလိုဂိုဏ်းချုပ်မျိုးနှင့်ဆိုပါက သူတို့ဘာကိုကြောက်ရဦးမည်နည်း။

ရှန်ရှန့်ကျုံဂိုဏ်းအတွင်းပိုင်းတွင် ခေါင်းဝှက်လျက် ရှိနေကြသော ဂိုဏ်းတပည့်များစွာက ဒီမြင်ကွင်းကို တွေ့လိုက်ရသည့်အခါ နက်နက်ရှိုင်းရှိုင်း ထိတ်လန့်သွားကြသည်။ ရှန်ရှန့်ကျုံ ဂိုဏ်းအပေါ် သူတို့၏ သစ္စာတရားများကလည်း ပိုမိုနက်ရှိုင်းလာကြသည်။

ဘုန်း!

ထိုက်ကျိပြန်လည်ထမြောက်ခြင်းဆေးလုံးကို သောက်သုံးလိုက်ပြီးနောက် ကျန်းစန်ဖုန်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များက ရုတ်တရက်လှုပ်ရှားသွားကြသည်။ ယင်းနောက် မြေပြင်ပေါ်၌ ကြီးမားသော ရွှေရောင်ကြာပန်းကြီး ဖြစ်ပေါ်လာခဲ့ကာ ကျန်းစန်ဖုန်းနှင့် အခြားသောသူများကို ရစ်ပတ်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားသော ရှင်သန်ခြင်းအရှိန်အဝါများက ရွှေရောင်ကြာပန်းကြီးအပေါ်၌ စီးဆင်းနေခဲ့သည်။ ရွှေရောင်ကြာပန်းကြီးအတွင်းပိုင်း၌ သိပ်သည်းသော ရှင်သန်ခြင်းစွမ်းအင်များက ကျန်းစန်ဖုန်းနှင့် အခြားသောသူများ၏ ကွဲကြေနေသော ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို တဖြည်း ဖြည်းချင်း ပြန်လည်ပြုပြင်ပေးနေကာ မြေအောက်ဘုံနှင့်နီးကပ်နေသော အခြေအနေမှ ပြန်လည်ဆွဲထုတ်လိုက်သည်။

တစ်နာရီ၏ လေးပုံတစ်ပုံကြာမြင့်သည့်အခါ ကျန်းစန်ဖုန်းတို့ ကိုရစ်ပတ်ထားသော ရွှေရောင်ကြာပန်းကြီးများလည်း ပျောက်ကွယ်သွားသည်။ ယင်းနောက် ကျန်းစန်ဖုန်းတို့၏ ပုံရိပ်များကို တွေ့မြင်လိုက်ရသည်။ ကျန်းစန်ဖုန်းတို့၏ အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းနှင့် များစွာသော ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ဤအချိန်တွင် ကျန်းစန်ဖုန်းနှင့် အခြားသူများ၏ အခြေ အနေက ဆိုးရွားနေသေးသော်လည်း သူတို့ခန္ဓာကိုယ်အ တွင်းရှိ ရှင်သန်ခြင်းစွမ်းအင်များမှာ မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါနေကာ ယခင်အထွတ်အထိပ်အခြေအနေထက်တောင် ကျော်လွန်သည့် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။ 

"အကြီးအကဲတွေကို နောက်ဆုံးမှာတော့ ကယ်တင်နိုင်လိုက်ပြီ ၊ ဂိုဏ်းချုပ်က တစ်ကယ့်ကို အစွမ်းထက်တာပဲ"

"ဟုတ်တယ်... ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားနဲ့ဆို ဘယ်သူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေကို ထိခိုက်အောင် လုပ်နိုင်ဦးမှာလဲ? ဒါက ရှန်ရှန့်ကျုံဂိုဏ်းက်ို ရန်စလိုက်တာပဲ... ငါတို့လက်စားပြန်ချေရမယ်"

"ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်တဲ့လူကို သေအောင်သတ်ပစ်ရမယ်"

"အကြီးအကဲစန်ဖုန်းနဲ့ အခြားအကြီးအကဲတွေက ငါ့ကို သင်ပေးခဲ့လို့မဟုတ်ရင် ငါဒီနေ့ကျင့်ကြံမှုအဆင့်ထိ ဘယ်လိုလုပ်ရောက်နိုင်မှာလဲ ၊ တစ်ရက်တာ ဆရာဖြစ်ရင် တစ်သက်တာ ဖခင်လိုပဲ၊ ငါတို့အကြီးအကဲတွေအတွက် လက်စားချေပေးရမယ်"

ကျန်းစန်ဖုန်းနှင့်အခြားသူများ ပြန်လည်သက်သာလာတာကို တွေ့မြင်လိုက်ရတော့ များစွာသော ရှန်ရှန့်ကျုံဂိုဏ်း တပည့်များက စိတ်သက်သာရာရသွားကြသည်။ တစ်ချိန်တည်းမှာ သူတို့က ဒေါသတကြီးဟစ်ကြွေးလိုက်ကာ ၎င်းကျယ်လောင်သော အသံများက ရှန်ရှန့်ကျုံဂိုဏ်းတစ်ခွင် ဟိန်းထွက်သွားသည်။

သူတို့ကို သင်ကြားပို့ချပေးသော အကြီးအကဲကျန်းစန်ဖုန်းတို့ တည်ရှိနေ၍သာမဟုတ်ပါက သူတို့ကလည်း ဒီနေ့လိုအခြေအနေမျိုး ဖြစ်လာခဲ့မှာမဟုတ်ပါ။ သူတို့ ဘယ် လိုလုပ် ဒေါသမထွက်ဘဲ နေမတုန်း။

ဝမ်ဖုန်းနှင့်အကြီးအကဲများကလည်း တပည့်များ၏ ဟစ်ကြွေးသံကို ကြားလိုက်ရသည်။ ဝမ်ဖုန်း၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါများက လောကတစ်ခုလုံးကို တုန်ခါစေလိုက်သည်။ ရှန်ရှန့်ကျုံဂိုဏ်း အကြီး အကဲအားလုံးမှာလည်း ဒေါသထွက်နေကြသည်။ 

ရှန်ရှန့်ကျုံဂိုဏ်းသည် အခက်အခဲပေါင်းများစွာကို တွေ့ကြုံဖူးသော်လည်း ဤမျှအခြေအနေထိ မဆုံးရှူံးခဲ့ဖူးပါ။ အကြီးအကဲများစွာဟာ သေလုမတက်ဖြစ်ခဲ့ရသည်။ ဒီရန်ကြွေးကို လက်စားချေရမယ်။

ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ၏ မျက်ဝန်းများမှာ နီရဲနေကြပြီး သူ့တ်ို့ခန္ဓာကိုယ်မှ အရိုးခိုက်လုမတက် ဖိအားများ ထုတ်လွှတ်နေသည်။ ကျန်းစန်ဖုန်းနှင့်အခြားသူများ နိုးထလာပြီး ရန်သူကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့က ထိုရန်သူကို ရှန်ရှန့်ကျုံဂိုဏ်း အကြောင်း သိရှိသွားအောင် လက်စားချေ ပြသမှာပင်။

ရေခဲတမျှ အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်များက ကောင်းကင်ယံထိတ်ိုင် မြင့်တက်သွားပြီး ကမ္ဘာလောကကြီး၏ အပူချိန်ကို လျော့ကျစေလိုက်သည်။ မိုးကောင်းကင်ကတောင် သက်ရောက်ခံလိုက်ရကာ ဆီးနှင်းများ ကျဆင်းလာခဲ့ပြီး မူလက နီစွေးနေသော မြေပြင်ကို ဖြူလွစေလိုက်သည်။

"အဟွတ်... အဟွတ်"

ဒီအချိန်မှာဘဲ ချောင်းဆိုးသံတစ်သံက တင်းမာနေသော အခြေအနေကို ဖြိုခွဲလိုက်သည်။ ရှန်းဝမ်စန်းနှင့် အခြားသော အကြီးအကဲများက နိုးထလာသော ကျန်းစန်ဖုန်းတို့ကို ကူညီရန် အရှေ့ကို ပြေးထွက်သွားကြသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

သူတို့ခန္ဓာကိုယ်အတွင်း၌ ရှိနေသော ကြီးကျယ်သည့် ရှင်သန်ခြင်းစွမ်းအင်များကို ခံစားလိုက်ရသည့်အခါ ကျန်းစန်ဖုန်းနှင့် အခြားသူများက ဝမ်ဖုန်းကို ကျေးဇူး တင်လိုက်ကြသည်။ သူတို့၏ ဒဏ်ရာများကို လျှို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်သော ဂိုဏ်းချုပ်ကလွဲပြီး ဘယ်သူကမှ ကယ်တင်ပေးနိုင်မှာ မဟုတ်ပါ။ 

"ဘယ်သူက မင်းတို့ကို ထိခိုက်အောင် လုပ်လိုက်တာလဲ?"

ဝမ်ဖုန်းက ဂါဝရမပြုရန် လက်ဟန်ပြလိုက်ပြီး မဲမှောင်နေသော မျက်နှာဖြင့် မေးလိုက်သည်။ 

"အဲ့ဒီအချိန်တုန်းက အခြားအင်အားစုတွေအကုန်လုံးကို လွှမ်းမိုးပြီးပြီဆိုတော့ တောင်ပိုင်းနယ်မြေ နယ်စပ်မှာရှိနေတဲ့ နောက်ဆုံးအင်အားစုကြီးကို အနိုင်တိုက်ဖို့ ပြင်ဆင်ထားခဲ့တာ ၊ ဒါပေမယ့် အဲ့ဒီနေရာကို ရောက်သွားတော့ လူတွေအားလုံး သေဆုံးနေပြီးဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး ၊ အဲ့ဒီအင်အားစုကြီးက လူတွေအားလုံး သေကုန်ကြရုံသာမက သူတို့ကို တစ်စုံတစ်ခုက ဝါးမြိုထားပြီး အလောင်းတွေ အားလုံးကလည်း ခြောက်သွေ့အက်ကွဲ နေကြတယ်"

"ဒီအဖြစ်အပျက်က ထိတ်လန့်စရာမကောင်းဘူးလို့ ကျွန်တော်ထင်လိုက်တာကြောင့် အနီးနားမှာ ဆက်လက်ရှာဖွေခဲ့တယ်... သဲလွန်စ ရလိုရညားပေါ့ ၊ ဒါပေမယ့် လူတွေအများကြီး ရုတ်တရက် ထွက်ပေါ်လာလိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး ၊ သူတို့အားလုံးက အနက်ရောင် ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားပြီး အရမ်းလည်း မြန်ဆန်ကြတယ်... နတ်ဆိုးတစ်ကောင်လိုပဲ ၊ သူတို့က မျက်တောင်တစ်ခတ်အတွင်း ကျွန်တော်တို့ကို ဝိုင်းရံလိုက်တာ..."

"ဒါ့အပြင် အဲ့ဒီလူတွေအားလုံးက အရမ်းအစွမ်းထက်ကြတယ် ၊ သူတို့က သာမန်ကိုးကွယ်ခံ နတ်မင်းအဆင့်တွေ ဆိုပေမယ့် သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းအားတွေက အရမ်းကို သန်မာကြတာ ၊ ကျွန်တော် သူတို့ကို သတ်ဖြတ်ဖို့ အကောင်းဆုံး ကြိုးစားလိုက်ပေမယ့် သတ်ဖြတ်လိုက်တိုင်းမှာ ပိုမိုသန်မာလာတဲ့ လူတွေနဲ့ဘဲ ရင်ဆိုင်နေရတယ် ၊ အခွင့်အရေးမရှ်ိတော့ဘူးလို့ ထင်ထားတဲ့အချိန်မှာ လူတစ်ယောက်ရောက်လာပြီး သူတို့အားလုံးကို အပြင်းအထန်ဒဏ်ရာ ရစေလိုက်တာ"

"သူတို့ကို ယုံကြည်မှုရှိရှိ တိုက်ခိုက်လိုက်တဲ့ အဲ့ဒီလူကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော်ရှင်သန်ဖို့နည်းလမ်း ရှိခဲ့မှာမဟုတ်ဘူး ၊ ဂိုဏ်းကို ပြန်လာဖို့ အခွင့်အရေးမရမှာကိုတောင် ကြောက်လန့်မိပါတယ်"

ကျန်းစန်ဖုန်းနှင့် အခြားသူများက ပြောဆိုလိုက်သည်။ အခုချိန်ထိတိုင်အောင် သူတို့က ကြောက်လန့်မှုကို ခံစားနေရဆဲပင်။ ကျန်းစန်ဖုန်းတို့ကို ဆင့်ခေါ်လိုက်ပြီးသည့် အချိန်မှစ၍ သူတို့အားလုံးဟာ ဤမျှလောက် သွေးပျက်ဖွယ် အခြေအနေမျိုးကို မတွေ့ကြုံဖူးပါ။ အရေးကြီးဆုံးအရာမှာ အခုချိန်ထိတိုင်အောင် ကျန်းစန်ဖုန်းနှင့် အခြားသူများကို ဘယ်သူက တိုက်ခိုက်ခဲ့သလဲဆိုတာကို သူတို့မသိကြရပေ။ သူတို့အားလုံး အရမ်းဒေါသ ထွက်နေကြသည်။ 

ကျန်းစန်ဖုန်းတို့၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက မျက်မှောင်ဖွဖွကြုတ်လိုက်သည်။ ထိုနေရာတွင် ရန်သူဘယ်လောက်များများ ရှိနေခဲ့သလဲ သူမသိသော်လည်း အတော်ကလေးများပြားပေလိမ့်မည်။ သူတို့က ကျန်းစန်ဖုန်းနှင့် အခြားသူများကိုတောင် ပြင်း ပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်ဖြစ်ရာ သူတို့၏ ကျင့်ကြံမှုမှာ အနည်းဆုံးတော့ ကိုးကွယ်ခံနတ်မင်းအဆင့်ဖြစ်ပေလိမ့်မည်။ 

ကျန်းစန်ဖုန်းနှင့် အခြားသူများ၏ ကျင့်ကြံမှုမှာ နတ်ဘုရင် အထွတ်အထိပ်အဆင့်၌သာ ရှိနေသော်လည်း သူတို့၏ တိုက်ပွဲဝင်စွမ်းအားများက သာမန်မဟုတ်ပေ။ ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်များ ဆိုလျှင်တောင် ကျန်းစန်ဖုန်းတို့ကို အလွယ်တကူ ဒဏ်ရာရစေနိုင်မှာ မဟုတ်ပါ။ ဟုတ်ပါပေသည် ၊ ချွမ်ယင်းလို ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့်ကတော့ ချွင်းချက်ဖြစ်သည်။ 

"စနစ်~ ကျန်းစန်ဖုန်းတို့ကို ထိခိုက်အောင်လုပ်လိုက်တဲ့ ရန်သူရဲ့ ဇာစ်မြစ်ကို ရှာဖွေနိုင်လား?"

ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး လျှို့ဝှက်စွာ ပြောလိုက်သည်။ အဲ့ဒီလူတွေက ဘယ်လောက်စွမ်း အားကြီးပါစေ ကျန်းစန်ဖုန်းတို့အတွက် ကျိန်းသေပေါက် လက်စားချေပေးရမည်။ သူ့တွင် ထိုက်ကျိပြန်လည်ထမြောက်ခြင်း ဆေးလုံးကို လဲလှယ်ပေးနိုင်သည့် စနစ်သာ မရှိခဲ့ပါက ကျန်းစန်ဖုန်းတို့မှာ သေသွားတာ ကြာလှပေရော့မည်။

ဒီအဖြစ်အပျက်က ဝမ်ဖုန်းကို ဒေါသထွက်စေခဲ့သည်။ တစ်ချိန်တည်းမှာပဲ တောင်ပိုင်းနယ်မြေကို အုပ်စိုးခဲ့ရ၍ ဖြစ်ပေါ်လာသော သူ၏ မာနများကို ရိုက်ချိုးလိုက်သည်။ ဤကမ္ဘာကြီးမှာ ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမဲ့လေသည်။ သန်မာသူထက် ပိုမိုသန်မာသူများ ရှိနေကြသည်။ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက စွမ်းအားကြီးသော်လည်း ပြိုင်ဘက်ကင်းတော့ မဟုတ်သေးပေ။

သူတို့တွင် သွားစရာလမ်းခရီး အရှည်ကြီးရှိနေသေးသည်။ ဆင့်ခေါ်ရမည့် များစွာသော သန်မာသည့် စွမ်းအားရှင်များလည်း ကျန်ရှိနေသေးကာ မရယူရသေးသည့် ဆုလဒ်များလည်း ရှိနေသေးသည်။ မရယူရသေးသည့် ဆုလဒ်များနှင့် ဆင့်ခေါ်စရာ သန်မာသည့်လူများ မကျန်ရစ်တော့သည့်နေ့ကို ရောက်လာမှသာ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက အမှန်တစ်ကယ် ပြိုင်ဘက်ကင်း ဖြစ်လာမှာ ဖြစ်သည်။

All Chapters