အမှောင်ကမ္ဘာ အစားကြူးသားရဲ တောက်တျဲ။
Vol. 26 Ch. 361
ဘာသာပြန်- The Fate
"ဒင်~စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ် တစ်ဘီလီယံကို အလိုအလျောက် အသုံးပြုလိုက်ပါပြီ"
သူ့စိတ်အာရုံအတွင်းဖြစ်တည်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏ မျက်ဝန်းများကို မှေးကျဥ်းသွားစေခဲ့သည်။ စနစ်က ရန်သူများကို စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ်များစွာ အသုံးပြုခဲ့လေသည်။ ဒီတစ်ခေါက်ရန်သူမှာ မလွယ်ကူနိုင်လောက်ပါ။
ကျန်းစန်ဖုန်းနှင့်အခြားသူများကို ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရစေခဲ့သည်ဖြစ်ရာ သူတို့မှာအဘယ်မှာလျှင် ရိုးရှင်းပါမည်နည်း။
"ဒင်~ ကျန်းစန်ဖုန်းတို့ကို အမဲလိုက်ခဲ့တဲ့လူတွေက ရှန်းရွှမ်ဒေသကို အုပ်စိုးဖို့ မြေအောက်ဘုံလောကက စေလွှတ်လိုက်တဲ့ ရှေ့ပြေးတပ်ပါပဲ ၊ သူတို့ကို မြေအောက်ဘုံလောက စစ်သူကြီး ၂၈ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မင်သိ က ဦးဆောင်လာတာပါ"
"မြေအောက်ဘုံလောကရဲ့ စစ်သူကြီး ၂၈ ယောက်စလုံးက အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်တွေ ဖြစ်ပါတယ် ၊ မင်သိကတော့ အဆင့် ၂၀ ပါ"
"ဒီတစ်ကြိမ် မြေအောက်ဘုံလောကက ရှန်းရွှမ်ဘုံလောကကို တိုက်ခိုက်ဖို့အတွက် စုစုပေါင်း ရှေ့ပြေးတပ် နှစ်တပ် စေလွှတ်ခဲ့ပါတယ် ၊ တစ်တပ်စီတိုင်းမှာ ထွက်ရပ်ပေါက်နတ်မင်းအဆင့် တပ်သား အယောက် ၅ သောင်းပါဝင်ပါတယ် ၊ နှစ်တပ်စုစုပေါင်း တပ်သားအယောက် တစ်သိန်းပါ"
"စစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်ဖြစ်ဲတဲ့ မင်သိနဲ့ မင်ကွမ်း တို့အပြင် အဲ့ဒီ ရှေးပြေးစစ်တပ် နှစ်တပ်ထဲမှာ မိုးကောင်း ကင်နတ်မင်း အထွတ်အထိပ်အဆင့် ကောင်းကင်ဘုံစစ်သူကြီး ၂၈ ယောက်လည်းပါဝင်ပါတယ် ၊ မြေအောက်ဘုံလောက တစ်ခုလုံးမှာဆိုရင်တော့ မိုးကောင်းကင်နတ်မင်းအဆင့် ကောင်းကင်ဘုံစစ်သူကြီး ၁၀၈ ယောက်ရှိပါတယ် ၊ သူတို့အားလုံးက သာမန်မဟုတ် ထူးကဲတဲ့ တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားပြီး အသန်မာဆုံးသော ကျင့်ကြံသူတွေအဖြစ် မှတ်တမ်းတင်ထားပါတယ်"
သူ့စိတ်အာရုံအတွင်းထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏ မျက်နှာကို မဲမှောင်စေခဲ့သည်။ ထိုရန်သူများမှာ မြေအောက်ဘုံလောကမှ ရောက်ရှိလာခြင်းဖြစ်လိမ့်မည်ဟု သူထင်မထားခဲ့ပါ။ ကျန်းစန်ဖုန်း နှင့်အခြားသူများ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဥ် မဖြစ်ခဲ့ရင်တောင် မြေအောက်ဘုံလောကရဲ့ ရည်ရွယ်ချက်ကြောင့် ရှန်ရှန့်ကျုံဂိုဏ်းနဲ့ အနှေးနဲ့အမြန်ဆိုသလို ထိပ်တိုက်ရင်ဆိုင်ရမှာသာ။
ဒီလိုဆိုမှတော့ ပထမဆုံး မြေအောက်ဘုံလောကရဲ့ ရှေ့ပြေးစစ်တပ်နှစ်တပ်ကို ဖျက်ဆီးပစ်ပြီး မြေအောက်ဘုံလောက တစ်ခုလုံးကို ဖျက်ဆီးပစ်ရမယ်။ ဘုံလောကတစ်ခုလုံးဆိုရင်တောင် သူ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စလာတဲ့လူတွေကို အလွတ်မပေးနိုင်ဘူး။ သူ့ရှန်ရှန့်ကျုံဂိုဏ်းက ဘာကိုများ ကြောက်လန့်ရဦးမှာလဲ?။
"မင်းတို့တွေ အရင်ဥိီးဆုံးအနားယူလိုက်ကြပါ ၊ မနက်ဖြန်ကျမှ လက်စားချေကြမယ် ၊ ရန်သူက ဘယ်သူလဲဆိုတာကို ဒီဂိုဏ်းချုပ် သိနှင့်ပြီးနေပြီ"
ဝမ်ဖုန်းက ကျန်းစန်ဖုန်း နှင်အခြားသူများကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
လက်ရှိ ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားဖြင့်ဆိုပါက မင်သိက ရှေ့ပြေးစစ်တပ်ကို ဦးဆောင်လာပြီး ရှန်ရှန့်ကျုံဂိုဏ်းကို လာမတိုက်ခိုက်သေးသရွေ့ ၊ ဂိုဏ်းအစောင့်အရှောက်အကြီးအကဲ ကိုးမြှီးမြေခွေးက ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားသေးသရွေ့.... သူ့ရှန်ရှန့်ကျုံဂိုဏ်းက မင်သိကို အနိုင်တိုက်နိုင်မှာ မဟုတ်ပါ။
သူဟာ စနစ်ကို အရင်အဆင့်မြှင့်တင်ပြီး မြေအောက်ဘုံလောက စစ်တပ်နှစ်တပ်နှင့် ရင်မဆိုင်ခင် သန်မာသော ပုဂ္ဂိုလ်များကို ဦးစွာဆင့်ခေါ်ရမည်။
"ကောင်းပါပြီ ဂိုဏ်းချုပ်"
ကျန်းစန်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများက လေးလေးစားစား တုန့်ပြန်လိုက်သည်။ သူတို့၏ မျက်လုံးများထဲ၌ ဒေါသအရိပ်အငွေ့များ တောက်လောင် နေခဲ့သည်။ အထူးသဖြင့် ကျန်းစန်ဖုန်းတို့ အုပ်စုပင်။
သူတို့ဟာ လျှို့ဝှက်ဆန်းကြယ်သော လူများ၏ ပေါင်းစုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး သေလုမျောပါး ရုန်းကန်ခဲ့ရသည်။ ဒီတစ်ကြိမ်မှာတော့ သူတို့ ဘယ်လောက်အစွမ်းထက်သလဲ ဆိုတာကို ထိုလူတစ်စုအား ပြသရမည်။
ဂိုဏ်းချုပ်ကိုယ်တိုင် ပါဝင်လှုပ်ရှားနေပြီဖြစ်ရာ ထိုလူများ ဘယ်လောက်သန်မာပါစေ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ချေ။
အစကနေ လက်ရှိအချိန်ထိ ဂိုဏ်းချုပ်က ဘယ်လောက် အံ့ဩစရာတွေကို ပြုလုပ်ခဲ့သလဲ?။ ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်သူကများ အနိုင်ယူနိုင်ခဲ့လို့လဲ?။ ဘယ်ရန်သူမဆို ရှန်ရှန့်ကျုံဂိုဏ်း၏ ရှေ့မှောက်တွင် အနိုင်ပိုင်းတိုက်ခိုက်ခြင်း ခံလိုက်ရသည်ချည်းသာ။
ရှန်ရှန့်ကျုံဂိုဏ်းနှင့်ပက်သက်လျှင်တော့ ကျန်းစန်ဖုန်းတို့ အားလုံးသည် ယုံကြည်မှုအပြည့်ရှိကြပါသည်။ ထပ်ပေါင်းပြောဆိုရလျှင် သူတို့က လျှို့ဝှက်ဆန်းကြယ်သော ဝမ်ဖုန်းကို အပြည့်အဝ ယုံကြည်ကြသည်။ ထိုလူဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဘုံလောကတွေကတောင် သူတို့ကို ဆင့်ခေါ် နိုင်ခဲ့သူ ဖြစ်သည်။ ဤလူက ဘယ်လိုလုပ် ရိုးရှင်းပါ့မလဲ?။
"စနစ်~ ဂိုဏ်းနဲ့ စနစ်ကို အဆင့်မြှင့်တင်လိုက်ပါ "
ဂိုဏ်းချုပ်ခန်းမကြီးကို ပြန်ရောက်လာပြီးနောက် ဝမ်ဖုန်းက ချက်ချင်းပြောလိုက်သည်။
"ဒင်~ ဂိုဏ်းနဲ့စနစ်အဆင့်ကို မြှင့်တင်ရန် လိုအပ်ချက်များ ပြည့်စုံသွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ အဆင့်မြှင့်တင်ဖို့ ဂိုဏ်းအမှတ် တစ်ဘီလီယံကို အလိုအလျောက် သုံးစွဲလိုက်ပါပြီ"
"ဒင်~ ဂိုဏ်းနှင့်စနစ်ကို အဆင့်မြှင့်တင်ခဲ့ပြီးသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် "
အေးစက်သည့်အသံက ဝမ်ဖုန်း၏ မျက်ဝန်းများကို လှုပ်ရှားသွားစေခဲ့သည်။ သူက ဆက်လက်မေးမြန်းလိုက်သည်။
"အဆင့်မြှင့်တင်ပြီးတော့ ဘာလုပ်ဆောင်ချက်တွေ အသစ်ပွင့်သလဲ စနစ်?"
"ဒင်~ ဒီတစ်ကြိမ်မှာ စနစ်ကို အဆင့် ၁၀ အထိ မြှင့်တင်ပြီးပါပြီ ၊ နတ်မင်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့်ကို ဖွင့်လှစ်လိုက်ပါပြီ ၊ အဆင့်မြင့်ဆင့်ခေါ်ခွင့် ဆယ်ကြိမ်ကို ပူးပေါင်းပြီး အန္တိမဆင့်ခေါ်ခွင့် တစ်ကြိမ်အဖြစ် ပြောင်း လဲနိုင်ပါတယ် ၊ အန္တိမဆင့်ခေါ်ခွင့် ငါးကြိမ်ကို ပူးပေါင်းပြီး နတ်မင်းနယ်ပယ် အထွတ်အထိပ်စွမ်းအားရှင်များကို ဆင့်ခေါ်နိုင်ပါတယ်"
"ဒါ့အပြင် ပိုင်ရှင်က စနစ်ကို အဆင့် ၁၀ အထိ မြှင့်တင်လိုက်တာကြောင့် အစောင့်အရှောက်ဆင့်ခေါ်ခြင်း ပွင့်သွားပြီး ဒုတိယမြောက် အစောင့်အရှောက်ကို ဆင့်ခေါ်နိုင်ပါပြီ"
"မှတ်ချက် - ဒုတိယမြောက်အစောင့်အရှောက်ကို ဆင့်ခေါ်လိုက်ပါက လီပိုင်ဟာ ပိုင်ရှင်အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ ထွက်ပေါ်လာတော့မှာ မဟုတ်ပါဘူး ၊ ဒါပေမယ့် သူ့ကို အချိန်တိုင်းနေရာတိုင်းမှာ ဆင့်ခေါ်နိုင်ပါတယ် ၊ လီပိုင်ရဲ့ အဆင့်က မပြောင်းလဲဘဲ တည်ရှိပါမယ်... သူဟာ ရှန်ရှန့်ကျုံဂိုဏ်းအသန်မာဆုံး ပုဂ္ဂိုလ်ထက် အဆင့်ကြီးနှစ်ဆင့် ပိုမြင့်ပါတယ် ၊ တစ်ချိန်တည်းမှာပဲ ဒုတိယမြောက် အစောင့်အရှောက်က ရှန်ရှန့်ကျုံဂိုဏ်း အသန်မာဆုံး ပုဂ္ဂိုလ်ထက် အဆင့်ကြီး ၃ ဆင့်ပိုမြင့်ပါမယ်"
"စနစ်ကို အဆင့် ၁၀ အထိ မြှင့်တင်လိုက်တာကြောင့် ကိုးမြှီးမြေခွေးအပေါ် ကန့်သတ်ချက်တွေကို ဖြေလျော့လိုက်ပါပြီ ၊ ကိုးမြှီးမြေခွေးကို ပိုင်ရှင် အလိုရှိတဲ့နေရာတိုင်းမှာ ထွက်ပေါ်စေနိုင်ပါတယ် ၊ ပိုင်ရှင် ဒုတိယမြောက် အစောင့်အရှောက်သားရဲကို ရရှိတဲ့အခါမှာတော့ ကန့်သတ်ချက်တွေက ပြန်လည် အကျုံးဝင်မှာပါ"
"ဒင်~ စနစ်ကို အဆင့် ၁၀ အထိမြှင့်တင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို အစောင့်အရှောက်သားရဲ ဆင့်ခေါ်ခွင့်တစ်ကြိမ် ပေးသနားလိုက်ပါတယ်"
လက်ရှိအချိန်တွင် စနစ်၏ အသံများက ဝမ်ဖုန်းအတွက်တော့ မိုးကောင်းကင်၏ ခေါင်းလောင်းသံများအလား စိတ်လှုပ်ရှားစေခဲ့သည်။
မြေအောက်ဘုံလောကမှ လူများကို ရှန်ရှန့်ကျုံ ဂိုဏ်းက ဘယ်လိုသတ်ဖြတ်ပစ်ဦးမလဲဆိုတာကို သူ တွေ့မြင်ချင်နေပြီ။
"ဂိုဏ်းကို အဆင့်မြှင့်တင်လိုက်တာကရော?" ဝမ်ဖုန်းက ဆင့်ခေါ်ရန် အလျင်မလိုခဲ့ဘဲ ဆက်လက်မေးမြန်းလိုက်သည်။
"ဒင်~ ဂိုဏ်းကို အဆင့် ၁၀ အထိ မြှင့်တင်လိုက်တာကြောင့် ပိုင်ရှင်က ဂိုဏ်းကို ပြန်လည်နေရာချရန် အခွင့်အရေးတစ်ကြိမ်ရရှိပါတယ် ၊ တစ်ချိန်တည်းမှာပဲ ဂိုဏ်းတပည့်တွေအားလုံးရဲ့ ကျင့်ကြံမှုကို ဘေးထွက်ဆိုးကျိုးမရှိဘဲ အဆင့်ကြီးတစ်ဆင့် မြှင့်တင်ပေးလိုက်ပါမယ်"
ကောင်းလိုက်တာ!
ဂိုဏ်းအဆင့်မြှင့်တင်ခြင်း၏ ဆုလဒ်များကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ ၎င်းက ဂိုဏ်းသားများနှင့် အကြီးအကဲများ၏ အရေအတွက်ကို မတိုးပွားစေခဲ့သော်လည်း ဘေးထွက်ဆိုးကျ်ိုးမရှိ အဆင့်ကြီးတစ်ဆင့် မြင့်တက်စေခဲ့သည်။ ဤဆုလဒ်ဖြင့်ဆိုပါက ရှန်ရှန့်ကျုံဂိုဏ်းသားများ၏ ခွန်အားမှာ တိုးတက်လာခဲ့လိမ့်မည်။
"စနစ်~ အစောင့်အရှောက်သားရဲ ဆင့်ခေါ်ခွင့်ကို အသုံးချလိုက်ပါ"
ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အလင်းတန်း မှိန်မှိန်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး တည်ကြည်စွာ ပြောလိုက်သည်။ သူ့တွင် ကိုးမြှီးမြေခွေးရှိနေသော်လည်း ဒုတိယမြောက်အစောင့်အရှောက်သားရဲ၏ အဆင့်ကို သိရှိချင်နေမိသည်။
"ဒင်~ အမှောင်လောကထဲက အစားကြူးသားရဲ တောက်တျဲ့ ကို ဆင့်ခေါ်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ သူ့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား?"
သားရဲကြီးလေးကောင်ထဲက အစားကြူးသားရဲလား?။
"စစ်ဆေးလိုက်!" ဝမ်ဖုန်းက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
"အမှောင်ကမ္ဘာ တောက်တျဲ့က သားရဲကြီးလေးကောင်ရဲ့ ဆွေတော်မျိုးတော်ထဲက ဆင်းသက်လာခဲ့တာပါ ၊ သူ့ရဲ့စွမ်းရည်ဇယားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်
အစောင့်အရှောက် နတ်ဘုရားသားရဲ - အမှောင်လောကတောက်တျဲ့
ကျင့်ကြံမှု - ထျန်းဒန်အထွတ်အထိပ်အဆင့်
သားရဲသိုင်းကွက်များ - အမှောင်လောကကို ချိပ်ပိတ်ခြင်း (အသုံးပြုလိုက်ပါက ကောင်းကင်နှင့်မြေပြင်ဟာ အမှောင်တရား၏ တိုက်စားခြင်းကို ခံလိုက်ရမှာဖြစ်ပြီး လေဟာနယ်ကို ချိတ်ပိတ်လိုက်ပါမယ် ၊ လေထုကို ဖြတ် သန်းသွားလာခွင့် မရှိတော့ဘဲ အမှောင်လောကနယ်မြေကို တည်ထောင်လိုက်မှာပါ ၊ အမှောင်လောက နယ်မြေအတွင်းမှာ တောက်တျဲ့ဟာ အရှင်သခင်ဖြစ်တယ် ဝင်ရောက်လာတဲ့ ဘယ်သူမဆို အမှောင်လောကနယ်မြေရဲ့ တိုက်စားသက်ရောက်ခြင်းကို ခံရပါမယ် ၊ နယ်မြေကို အတင်းအကြပ် အင်အားသုံး ချိုးဖောက်လို့တော့ ရနိုင်ပါသေးတယ်)"
" မှတ်ချက် - ဤတစ်ကြိမ် ဆင့်ခေါ်လိုက်တဲ့ အမှောင်လောကသားရဲ တောက်တျဲ့ဟာ အစောင့်အရှောက်သားရဲ စည်းမျဥ်းတွေနဲ့ ချိတ်ဆက်မှာဖြစ်ပြီး ဂိုဏ်းနယ်မြေအတွင်းမှာပဲ အသုံးချနိုင်ပါတယ်)
"ထျန်းဒန်အထွတ်အထိပ်အဆင့်လား?"
အမှောင်လောကတောက်တျဲ့၏ စွမ်းရည်ဇယားကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက ထိတ်လန့်သွားပြီး သံသယဝင်စွာ ရေရွတ်လိုက်သည်။ သူက အမှောင်လောကတောက်တျဲ့၏ စွမ်းရည်များနဲ့ ပက်သက်ပြီး စိတ်ကျေနပ်လေသည်။ အမှောင်လောကနယ်မြေ တည်ထောင်ခြင်း စွမ်းရည်ဖြင့်ဆိုပါက ဘယ်သူမဆို လေးစားရပေလိမ့်မည်။
ရှန်ရှန့်ကျုံဂိုဏ်းနယ်မြေအတွင်းကို ဝင်ရောက်လာရဲသူ မှန်သမျှ အမှောင်လောကတောက်တျဲ့၏ သားရဲစွမ်းရည် အသုံးပြုခြင်းခံရမှာ ဖြစ်လေသည်။ အဲ့ဒါက သတ်ဖြတ်ခံရဖို့ ထိုင်စောင့်နေတဲ့ သိုးသူငယ်နဲ့ တူမသွားပေဘူးလား?။
"ဒင်~ နတ်မင်းနယ်ပယ်ထဲက ကျင့်ကြံသူတွေဟာ နတ်မင်းသွေးကြော ၁၂ ခုကို ဖွဲ့တည်ပြီးသွားရင် သူတို့အား လုံးကို ကောင်းကင်ဘုံသွေးကြော တစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းနိုင်ပါလိမ့်မယ် ၊ အဲ့ဒီနောက်မှာ သူတို့က မိုး ကောင်းကင်ယံထက်က အမတတွေအဖြစ် အဆင့်တက်နိုင်မှာဖြစ်ပြီး မေ့လျော့ခံ အာကာပြင်အဆင့်ကို ရောက်ရှိပါလိမ့်မယ်"
"မေ့လျော့ခံ အာကာပြင်အဆင့်မှာ အဆင့်ငယ် ၉ ခု ခွဲ ခြားထားပါတယ် ၊ အဲ့ဒါတွေက ထျန်းမိန် ၊ ထျန်းကျိ ၊ ထျန်းဒန် ၊ ထျန်းယု ၊ ထျန်းကျုံ ၊ ထျန်းရှင်း ၊ ထျန်းဝူ ၊ ရှန်းယိကျိနဲ့ ထျန်းကျွင်း အဆင့်တွေပါ"
"ငါသိပြီ"
စိတ်အာရုံအတွင်းက အေးစက်သည့်အသံကြောင့် ဝမ်းဖုန်းက သိရှိနားလည်သွားသည်။ တစ်ချိန်တည်းမှာပဲ သူဟာ ပိုလို့တောင် ဝမ်းသာပျော်ရွှင်သွားသည်။ အမှောင်လောက တောက်တျဲ့ဟာ ထျန်းဒန် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့သည်။ ဤအဆင့်ဖြင့်ဆိုပါက အဆင့်မြင့် ဘုံလောကကြီးတစ်ခု မဟုတ်ပါက အလယ်အလတ် ဘုံလောကကြီးတို့တွင် ပြိုင်ဘက်ကင်းဖြစ်နေပြီဟု ခေါ်ဆိုနိုင်သည်။
ရှင်းရှင်းပြောရပါလျှင် အနည်းဆုံးတော့ ဤဘုံလောကကြီးထဲတွင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက ပြိုင်ဘက်ကင်း ဖြစ်နေပေပြီ။
ပယ်ပါတယ်။ပြန်ပို့ပေးပါ့မယ်
Show quoted text