← Chapters

ခုနှစ်ခုမြောက်ခန်းမ၏ဆရာသခင်

Vol. 26 Ch. 362

ခုနှစ်ခုမြောက်ခန်းမ၏ဆရာသခင်

Vol. 26 Ch. 362

ဘာသာပြန်- The Fate

" စနစ် ၊ ဂိုဏ်းပြန်လည်စီစဥ်ခွင့်ကို အသုံးပြုလိုက်ပါ။ " ဒုတိယမြောက် အကာကွယ်သားရဲကို ဆင့်ခေါ်လိုက်ပြီးသည့်နောက် ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု လင်းလက်လာခဲ့ကာ ဆက်လက်ပြောဆိုလိုက်သည်။ 

" ဒင်၊ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းစီစဉ်ခွင့်ကို အသုံးပြုလိုက်ပါပြီ။ ပိုင်ရှင်က ဂိုဏ်းရာထူးများနှင့် ဂိုဏ်းတည်နေရာတို့ကို ပြန်လည်သတ်မှတ်နိုင်ပါပြီ။ "

" ရှန်ရှန့်ကျုံ့ဂိုဏ်း ၊ဂိုဏ်းဌာနရဲ့တည်နေရာက မပြောင်းလဲပဲတည်ရှိမယ်။ " ဝမ်ဖုန်းက ချက်ချင်းပြောဆိုလိုက်သည်။ လက်ရှိ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ဂိုဏ်းဌာနတစ်ခုလုံးမှာ ကမ္ဘာဘောလုံးလေးအတွင်း၌ ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းကို ကျန်းစန်ဖုန်းနှင့်အခြားသူများက အစီအစဉ်တကျ စီမံပြုလုပ်ခဲ့ကာ ပြန်လည်ပြင်ဆင်ရန်မလိုအပ်သေးပါ။ 

" ဂိုဏ်းရာထူးတွေကိုတော့.... အခုချိန်ကစပြီး အပြင်စည်းနဲ့အတွင်းစည်းဂိုဏ်းအကြီးအကဲတွေဆိုတာ မရှိတော့ဘူး။ ကျန်းစန်ဖုန်းနှင့် အခြားအကြီးအကဲတွေအားလုံးကို ဂိုဏ်းအကြီးအကဲတွေလို့ပဲ ခေါ်တွင်စေရမယ်။ တပည့်တွေကိုတော့ အပြင်စည်းဂိုဏ်းတပည့်၊ အတွင်းစည်းဂိုဏ်းတပည့်တွေနဲ့ လက်ရွေးစင်ဂိုဏ်းတပည့်တွေလို့ ပိုင်းခြားထားဦးမယ်။ "

" ရှန်ရှန့်ကျုံ့အပြင်စည်းဂိုဏ်းဌာနရဲ့ အထွေထွေမန်နေဂျာက မဟာနတ်ဆိုးရွှမ်ရှတာဝန်ယူလိမ့်မယ်။ ရှန်ရှန့်ကျုံ့အတွင်းစည်းဂိုဏ်းဌာနရဲ့ အထွေထွေမန်နေဂျာကိုတော့ လှစ်ဟထားဦးမယ်။ "

" အပြစ်ပေးခန်းမကို ဖွင့်လှစ်လိုက်ပါ။ ဖောင့်ပန်းကို ခန်းမသခင်၊ တုံ့ဖန်းပုပိုင်၊ ယောင်ယွဲ့၊ မန်ချီရှင်း၊ လီရော့ဟိုင်နဲ့ ပါးရှစ်ပတို့ကိုတော့ လက်ထောက်ခန်းမသခင်အဖြစ် သတ်မှတ်မယ်။ သူတို့အားလုံးက ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ ပြစ်ဒဏ်ခန်းမကို တာဝန်ယူရမယ်။ " 

" စစ်ပွဲမျှော်စင်ကိုလည်း နေရာချလိုက်ပါ။ ချွမ်ယင်းကို မျှော်စင်သခင်အဖြစ်သတ်မှတ်မယ်။ ကောကျင့်၊ ရန်ကော၊ ကွမ်ယု၊ ချီဖုန်းနဲ့ ရှီးကျူတို့ငါးယောက်ကိုတော့ လက်ထောက်မျှော်စင်သခင်တွေအဖြစ် ရာထူးသတ်မှတ်မယ်။ သူတို့အားလုံးက ဂိုဏ်းတပည့်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တိုးပွားလာအောင်၊ တိုက်ပွဲဝင်အတွေ့ကြုံမျာပြားလာအောင်နဲ့ စိတ်ဓာတ်ခိုင်မာလာအောင် တိုက်ပွဲမျှော်စင်ကိုတာဝန်ယူပေးရမယ်။ " 

" ‌ဆေးဝါးခန်းမမှာလည်း ကျန်းစန်ဖုန်းကို ခန်းမသခင်အဖြစ်သတ်မှတ်မယ်။ ရှောင်လုံနွီ၊ ရှောင်းယောင်ဇီ၊ သွမ့်ယိ၊ ဝမ်ချုံးယန်နဲ့ကျူးယုယန်တို့ကိုတော့ လက်ထောက်ခန်းမသခင်တွေအဖြစ် သတ်မှတ်မယ်။ သူတို့အားလုံးက ရှန်ရှန့်ကျုံ့ဂိုဏ်းအတွက် ဆေးဝါးသန့်စင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ကိုတာဝန်ယူရမယ်။ "

" ဓါးတစ်ချောင်းဘုရားကျောင်းကိုလည်းသတ်မှတ်ပြီးတော့ အမည်မဲ့ဓားသမားကို ဘုရားကျောင်းသခင်အဖြစ် တာဝန်ထမ်းဆောင်ရွက်စေမယ်။ ချီမိန်ချွေ့ရွှယ်၊ တုကူချိုးပိုင်၊ ယန်ရှီစန်း၊ ရှဲ့ရှောင်ဖုန်း၊ တုကူကျန်းနဲ့ ယဲ့ကူချန်းတို့ကိုတော့ လက်ထောက်ခန်းမသခင်တွေအဖြစ် သတ်မှတ်မယ်။ သူတို့အားလုံးက တပည့်တွေကို ဓါးလမ်းစဉ်ကို သင်ကြားပို့ချရမယ်။ "

" အသင်္ချေဓါးခန်းမကိုလည်းဖွင့်လှစ်ပြီး စုန့်ချယ်ကို ခန်းမသခင်၊ ရှောင်းရှီရိလင်၊ တင်းဖန်း၊ ဖူဟုန်ရွှယ်နဲ့ လီရွှမ်ဟွမ်တို့ကိုတော့ လက်ထောက်ခန်းမသခင်တွေအဖြစ်သတ်မှတ်မယ်။ သူတို့အားလုံးကဂိုဏ်းသားတွေကို ဓါးတာအိုကို သင်ကြားပေးရမယ်။ "

" ဗုဒ္ဓအမွေအနှစ်ခန်းမကိုလည်း ဖွင့်လှစ်မယ်။ နဉ်းတောက်ချီကို ခန်းမသခင်၊ ဘုန်းတော်ကြီးဝူရှန်း၊ ရှန်းယုထင်း၊ ချင်းမန်ယောင်၊ လန်ဖန်းယွမ့်နှင့် အားချင်းတို့ကိုတော့ လက်ထောက်ခန်းမသခင်အဖြစ် တာဝန်ယူစေမယ်။ သူတို့အားလုံးက ဂိုဏ်းရဲ့မှော်စွမ်းအားအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ရမယ်။ "

" အကြီးအကဲခန်းမကိုလည်း ဖွင့်လှစ်လိုက်ပါ။ ငါကိုယ်တိုင်ခန်းမသခင်အဖြစ် တာဝန်ယူဆောင်ရွက်မယ်။ ရှီပိုထျန်းနှင့်အခြားသူတွေ၊ ထပ်မံဆင့်ခေါ်မယ့်အခြားသူတွေအားလုံးက အကြီးအကဲခန်းမအတွင်းဝင်ရောက်ရမယ်။ "

ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားကာ လေးနက်စွာပြောလိုက်သည်။ 

ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများ၏ မြောက်များစွာတိုးတက်လာသော ကျင့်ကြံမှုစွမ်းအားများကို ဝေဖန်ပိုင်းခြားလိုက်ရင်း ဝမ်ဖုန်းက အကာအကွယ်အစောင့်အရှောက် အကြီးအကဲတွေလိုမျိုး ရာထူးများသတ်မှတ်မထားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့အားလုံးကို အကြီးအကဲများအဖြစ် တပြေးညီသတ်မှတ်ခဲ့သည်။ 

" ဒင်၊ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်ပြန်လည်နေရာချထားခြင်း ပြီးဆုံးပါပြီ။ နောက်ထပ်ပြန်လည်စီစဉ်ဖို့ဆိုရင် စနစ်နဲ့ဂိုဏ်းကို အဆင့်ဆယ့်ငါးသို့ မြှင့်တင်ရပါမယ်။"

" စနစ်၊ နတ်မင်းနယ်ပယ် အဆင်မြင့်ဆင့်ခေါ်ခွင့်အကြိမ်၅၀ကို အသုံးပြုပြီး အန္တိမဆင့်ခေါ်ခွင့်အဖြစ် ပြောင်းလဲလိုက်ပါ။ အဲဒီနောက် အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်ကို ဆင့်ခေါ်နိုင်တဲ့ ဆင့်ခေါ်ခွင့်တစ်ကြိမ်အဖြစ်ပြန်လည်ပေါင်းစည်းပြီး ဆင့်ခေါ်မယ်။ " 

ဝမ်ဖုန်း၏မျက်နှာပေါ်၌ မျှော်လင့်စောင့်စားနေသော အမူအရာတစ်ခုဖြစ်ပေါ်လာပြီး တည်ကြည်စွာပြောလိုက်သည်။

သူဟာ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို ဆင့်ခေါ်ပြီးမှသာ ဂိုဏ်းအစောင့်အရှောက်အကြီးအကဲကိုဆင့်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ 

" ဒင်၊ ပြိုင်ဘက်ကင်းဆရာသခင် လင်းတုန်လိုင်ကိုဆင့်ခေါ်ခဲ့တဲ့အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ သူ၏စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား။ "

စနစ်၏အသံကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းကအရမ်းကိုစိတ်လှုပ်ရှားသွားခဲ့သည်။ ဟွမ်လောင်၏ဇာတ်ကောင်များအနက် အစွမ်းအထက်ဆုံး ဇာတ်ကောင်တစ်ယောက်ပဲဖြစ်လေသည်။ သူက လျို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်ပါ။ ကြီးမြတ်သောနဂါးက မူလအစကိုမြင်နိုင်သော်လည်း အဆုံးကိုတော့မတွေ့မြင်နိုင်ပေ။ စကြာဝဠာကြီးအတွင်း၌ သူ၏ပြိုင်ဖက်မရှိနိုင်ပါ။ 

" စစ်ဆေးလိုက် ။ "

" လင်းတုန်လိုင်၏စွမ်းရည်ဇယားက အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမည် - လင်းတုန်လိုင်

ဘွဲ့ - ပြိုင်ဘက်ကင်းဆရာသခင်

ကျင့်ကြံမှု - အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်

နတ်မင်းနယ်ပယ် အထူးစွမ်းအားများ - သိုင်းတာအို၊ ယိကျင်း၊ ကောင်းကင်ဘုံတာအို၊ ရွှမ်ဖ၊ စိတ်ဖတ်ခြင်း ( လူအများ၏ကောင်းခြင်းဆိုးခြင်းအတွေးအခေါ်များကို ကြည့်ရှုနိုင်သည်။ ပြိုင်ဘက်၏လှုပ်ရှားမှုများမှ အမှန်တရားများကိုစဉ်းစားရှာဖွေနိုင်ကာ အားနည်းချက်ကိုဖော်ထုတ်နိုင်သည်။ )

နတ်မင်းလက်နက် - ကောင်းကင်တာအိုယုရှောင်း "

မှတ်ချက် _ လင်းတုန်လိုင်က ကောင်းကင်ဘုံ၏စွမ်းအားကိုအသုံးပြုပြီး သူ့သိုင်းကွက်တွေရဲ့ခွန်အားကို တိုးမြှင့်နိုင်ပါတယ်။ အဲ့ဒီအခါမှာ သူ့ရဲ့တိုက်ပွဲဝင်စွမ်းအားက ကောင်းကင်ဘုံသွေးကြော( မေ့လျော့ခံအာကာပြင် )အဆင့် စွမ်းအားရှင်တွေနဲ့ ရင်ဆိုင်နိုင်ပါတယ်။ 

မြတ်စွာဘုရား !

သူက အသန်မာဆုံးဇာတ်ကောင်တစ်ကောင်နဲ့ တကယ်ထိုက်တန်လိုက်တာ။ 

သူ့အရှေ့၌ထွက်ပေါ်လာသော အတုအယောင်ဖန်သားပြင်ကို တွေ့မြင်လိုက်သည့်အခါ ဝမ်ဖုန်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်က ထျန်းမိန်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်လေသည်။ ဒါကလင်းတုန်လိုင်တစ်ယောက် အဘယ်မျှလောက်ကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ပြနေသည်။ ထိုအဆင့်နှစ်ခုကြား ကွာခြားမှုမှာ သာမန်လူများနှင့်မသေမျိုးများအကြား ကွာခြားမှုလောက် ကြီးမားနေသည်မဟုတ်ပါလော။ အန္တိမနတ်မင်းအဆင့်မျှနှင့်မေ့လျော့ခံအာကာပြင်အဆင့်စွမ်းအားရှင်များကို ရင်ဘောင်တန်းနိုင်သူမှာ ကမ္ဘာလောကကြီးအတွင်း၌ အစွမ်းထက်ဆုံးလူများသာဖြစ်လေတော့သည်။ 

" စနစ်၊ အဆင့်မြင့်ဆင့်ခေါ်ခွင့် အကြိမ်နှစ်ဆယ်ကိုအသုံးပြုပြီး အန္တိမဆင့်ခေါ်ခွင့်နှစ်ကြိမ်အဖြစ်စုပေါင်းကာ ဆင့်ခေါ်လိုက်ပါ။ " တခဏကြာတွေးတောပြီးနောက် ဝမ်ဖုန်းက ဆက်လက်ပြောဆိုလိုက်သည်။

လင်းတုန်လိုင်နှင့် ကျူထိုက်ဟူတို့လိုမျိုး အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်နှစ်ယောက်ရှိနေသော်လည်း ဝမ်ဖုန်းက မြေအောက်ဘုံလောကနှင့်တိုက်ခိုက်ရာတွင် ပိုမိုအဆင်ပြေစေရန် စွမ်းအားကြီးပုဂ္ဂိုလ်အချို့ ဆက်ဆင့်ခေါ်ရန် တွေးတောထားခဲ့သည်။

" ဒင် ၊ အန္တိမဆင့်ခေါ်ခွင့်နှစ်ကြိမ် ရရှိသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ "

" ဒင်၊ ကောင်းကင်ဘုံဆရာသခင် စွန်းအန်းနှင့် သွေးစွန်းလက်လုပ်သားတို့ကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ သူတို့၏စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား။ "

ကောင်းလေစွ။ သူတကယ်ပဲအဲ့ဒီနှစ်ယောက်ကို ဆင့်ခေါ်မိလိုက်တာပဲ။ 

ဝမ်ဖုန်း၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူတကယ်ပဲ မျှော်လင့်နေမိပါပြီ။ 

ထျန်းရှီတာအိုဝါဒ၏ဦးဆောင်သူ စွန်းအန်းကို တောင်ပိုင်းနယ်မြေ၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် လူသိများသည်။ သူ၏ခွန်အားက ပြိုင်ဖက်ကင်းအဖြစ် ထိုက်တန်ပါပေသည်။ 

လီကုန်းဟာလည်း ယင်ကွေ့နတ်ဆိုးဂ်ိုဏ်း၏ လျို့ဝှက်အဆန်းကျယ်ဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အလယ်ပိုင်းနယ်‌မြေရှိ နတ်ဆိုးဂိုဏ်းများတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့သည်။ သူရဲ့ တည်ရှိမှုဟာလည်း လင်းတုန်လိုင်နှင့် မန်ချီရှင်းတို့ကို ယှဉ်ပြိုင်နိုင်သော တည်ရှိမှုကြီးဖြစ်ပါသည်။ 

လင်းတုန်လိုင်၊ လီကုန်းနှင့် မန်ချီရှင်းတို့သုံးယောက်ဟာ ချွမ်ယင်းဟုခေါ်သော အစစ်အမှန်ရန်သူတစ်ယောက် ထွက်ပေါ်မလာခင်တွင် ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရားသုံးယောက် ဖြစ်ကြသည်။ သူတို့သုံးယောက်ထဲတွင် လင်းတုန်လိုင်က အစွမ်းအထက်ဆုံးနှင့် နားလည်ရအခက်ဆုံးဖြစ်လေသည်။ သူ့ကိုခွန်အားကုန် ထုတ်သုံးလာအောင် မည်သူကမျှမလုပ်နိုင်ခဲ့ပါ။

" စစ်ဆေးမယ်။ "

" ဒင်၊ စွန်းအန်း၏စွမ်းရည်ဇယားက အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမည် - စွန်းအန်း

ဘွဲ့ - ထျန်းရှီ

ကျင့်ကြံမှု - ကိုးကွယ်ခံနတ်မင်းအလယ်အလတ်အဆင့်

နတ်မင်းနယ်ပယ်စွမ်းအားများ - ဟွမ်ထျန်းဝူကျိ၊ 

နတ်မင်းလက်နက် - ပြိုင်ဘက်ကင်းအမတလက်နက်။ "

" ဒင် ၊ လီကုန်း၏စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။ 

အမည် - လီကုန်း

ဘွဲ့ - သွေးစွန်းလက် 

ကျင့်ကြံမှု - ကိုးကွယ်ခံနတ်မင်းအစောပိုင်းအဆင့် 

နတ်မင်းနယ်ပယ်အထူးစွမ်းအားများ - ကောင်းကင်နတ်ဆိုး၇၂ပါး ၊ ခရမ်းရွှေရောင်သွေးနတ်ဆိုး၊ 

နတ်မင်းလက်နက် - ထာဝရရှင်သန်သူနတ်ဆ်ိုးလက်အိတ်များ။ "

"စွန်းအန်းက ဟွမ်ထျန်းဝူကျိ၏ နှလုံးသားသန့်စင်ခြင်းကို အသုံးပြုလိုက်ပါက အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်တ်ိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ သွေးစွန်းလက် လီကုန်းကလည်း ခရမ်းရွှေရောင်သွေးနတ်ဆိုးကိုထုတ်ဖော်လိုက်ပါက အန္တိမနတ်မင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူများနှင့် ရင်ဘောင်တန်းနိုင်ပါတယ်။ "

စွန်းအန်းတို့နှစ်ယောက်၏ စွမ်ရည်ဇယားကိုကြည့်လိုက်ရင်း ဝမ်ဖုန်းမှာ ဝမ်းမြောက်ရွှင်မြူးသွားသည်။ ဤတစ်ကြိမ်တွင် သူက အမြင့်မားဆုံးသောကျင့်ကြံသူများကိုဆင့်ခေါ်ရန် အန္တိမဆင့်ခေါ်ခွင့်များကို မပေါင်းစပ်ခဲ့သော်လည်း ဒီလိုစွမ်းအားရှင်နှစ်ယောက်ကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူမထင်မထားခဲ့ပါ။ သူတို့နှစ်ယောက်ထဲတွင်စွန်းအန်းက အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိလေသည်။ ဤတစ်ကြိမ်ဆင့်ခေါ်ရခြင်းမှာ အင်မတန်မှကံထူးလှပေသည်။ 

" စနစ်၊ ဂိုဏ်းအမှတ် ဆယ်ဘီလီယံ အသုံးပြုပြီး ထီကံစမ်းလိုက်ပါ။ ပြီးတော့ ရလာတဲ့ကျင့်ကြံမှုတွေကို ဒီဂိုဏ်းချုပ်နှင့် ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲတွေအပေါ် ကောင်းချီးပေးလိုက်ပါ။" လင်းတုန်လိုင်နှင့်အခြားသူများ ရောက်လာမှာကိုစောင့်ဆိုင်းနေရင်း ဝမ်ဖုန်းက တိုးတိတ်စွာထပ်မံပြောဆိုလိုက်သည်။ 

" ဒင် ၊ သွေးစွန်းလက်၏ ကျင့်ကြံမှုဆယ်ပုံတစ်ပုံကို ရရှိသည့်အတွက် ပိုင်ရှင်အားဂုဏ်ပြုပါတယ်။ "

" ဒင် ၊ .... " 

" ဒင် ၊ ပိုင်ရှင်၏ကျင့်ကြံမှု ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ရှန်ရှန့်ကျုံ့ဂိုဏ်းအကြီးအကဲများ၏ကျင့်ကြံမှုကလည်း ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့်သို့ တို့မြှင့်သွားပါပြီ။" 

စနစ်၏အသိပေးသံက ဝမ်ဖုန်း၏မျက်နှာကို မှိုင်းညှို့သွားစေသည်။ သူကတိုးညှင်းစွာသက်ပြင်းချလိုက်သည်။ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ တိုးတက်ရန်ပိုမိုခက်ခဲလာလေသည်။ အတိတ်တွင် ဂိုဏ်းအမှတ်တစ်ဆယ်ဘီလီယံအသုံးပြုပါက သူက အဆင့်ပေါင်းများစွာကျော်ဖြတ်နိုင်မှာဖြစ်သည်။ 

အခုအချိန်မှာတော့ အဆင့်ကြီးနှစ်ဆင့်သာ တိုးမြင့်ခဲ့သည်။ ဤသည်မှာလည်း လင်းတုန်လိုင်နှင့်အခြားသူများကို ဆင့်ခေါ်ခဲ့ပြီး သူတို့က အန္တိမနတ်မင်းအဆင့်ကို ရောက်ရှိနေခဲ့၍သာ။ ဒီလိုမှမဟုတ်ပါက ဂိုဏ်းအမှတ်တစ်ဆယ်ဘီလီယံကိုအသုံးပြုခဲ့ရင်တောင် ဤမျှလောက်အဆင့်ထိ မရောက်ရှိနိုင်မှာကို ဝမ်ဖုန်းတစ်ယောက်စိုးရိမ်မိသည်။ 

All Chapters