← Chapters

ကောင်းကင်ဘုံမိုးကြိုးသုံးထောင်… ရှန်းနန်ကျိန်စာအမိန့်တော်

Vol. 63 Ch. 978

ကောင်းကင်ဘုံမိုးကြိုးသုံးထောင်… ရှန်းနန်ကျိန်စာအမိန့်တော်

Vol. 63 Ch. 978

ကောင်းကင်သည် တအိအိလှုပ်ခတ်လာပြီး မိုးခြိမ်းသံသည် ဝုန်းခနဲ မြည်ဟိန်းလာသည်။

လေနှင့် တိမ်တိုက်များက ပေါ်လျှိုးလာသည့်အခါ အနက်ရောင်တိမ်တိုက်များသည် ကောင်းကင်ယံမှာ စုပြုံထွက်ပေါ်လာကြသည်။ ယင်းတို့က တစ်ခုပေါ်တစ်ခုထပ်၍ ထူထဲလာပြီး အရွယ်အစားက ပိုကြီးမားလာကြသည်။

အစိမ်းရောင်သဲကန္တာရထဲမှ သဲလေသည်တော့ ပိုပြီးတော့ ကြီးကျယ်မြင့်မြတ်လာသည်။ တအင့်အင့်ငိုညည်းသံနှင့်အတူ လေသည် ချောက်ချားဖွယ်ကောင်းစွာ တိုက်ခတ်နေသည်။

ဖိနှိပ်ခြင်းအားလှိုင်းများသည် ကောင်းကင်ပေါ်မှ သက်ဆင်းလာပြီး ရွှီချင်းရှိနေသော နေရာကိုသာမက အစိမ်းရောင်သဲကန္တာရတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဝုန်းခနဲမြည်ဟိန်းသံသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်။ အစိမ်းရောင်သဲကန္တာရထဲမှ သက်ရှိအားလုံးသည် နှလုံးတုန်သွားကြသည်။

တောင်တန်းဒေသအတွင်းမှာရှိသော အင်အားစုများအပြင် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာရှိသော ကျင့်ကြံသူအားလုံးသည် ထိတ်လန့်သွားကြသည်။ အနီရောင်လဗိမာန်သည်ပင် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

“ ဘာဖြစ်သွားတာလဲ ”

“ ကောင်းကင်က တစ်ခုခု လွဲမှားနေတယ်… ”

ချန်းဖန်ကျိုးသည် ဂိုဏ်းအတွင်းမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးသည် ခုန်ပေါက်လာသည်။ သူက အမြန်မျက်လုံးဖွင့်လိုက်ပြီး တိမ်မည်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်ကို ကြည့်လိုက်သည်။ စိတ်မသက်မသာဖြစ်သော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ မည်သို့ဖြစ်ပျက်နေကြောင်း သူမသိပေ။

ဝတ်ရုံနက်အဖိုးအိုကို ဂရုတစိုက် လက်ဖက်ရည်ဆက်သနေသော တာအိုပညာရှင်မူသည်လည်း စိတ်မသက်မသာ ခံစားနေရသည်။ သူကိုင်ထားသော လက်ဖက်ရည်ခွက်က တုန်ယင်လာပြီး ခွက်ထဲမှ လက်ဖက်ရည်သည် အပြင်သို့ ဖိတ်ကျသွားသည်။

သူ့အရှေ့မှ ဝတ်ရုံနက်အဖိုးအိုသည် ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်လာသည်။

ဘဝကံကြမ္မာဆိုးတောင်တန်းဒေသ၏ နံပါတ်တစ်လေလွင့်ကျင့်ကြံသူဖြစ်သော ဘိုးဘေးမိုကွေ့သည်လည်း ထို့အတူပင်။ သူက တင်ပျဉ်ခွေလျက် တရားထိုင်နေစဉ် လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ အမူအရာသည် တစ်ခါမှမဖြစ်စဖူး တည်ကြည်လေးနက်နေပြီး ကောင်းကင်ကို ကြည့်နေသည်။

အားလုံးသည် ထို့အတူပင် ဖြစ်သည်။ သဲကန္တာရအောက်တွင် နေထိုင်ကြသော ကန္တာရ၏ အစောင့်အရှောက်မျိုးနွယ်သည်ပင် ထိုသို့ခံစားမိကြသည်။

သို့ဖြစ်၍ ယခု နေလုံးထဲမှ လူများက မည်မျှထိတ်လန့်တုန်လှုပ်နေမည်ကို ပြောနေရန် မလိုတော့ပေ။

နင်ယန်သည် တုန်ယင်သွားသည်။ ဝူကျန်းဝူသည် ဆွံ့အသွားပြီး လီယိုဖေးသည် ထိတ်လန့်သွားသည်။ ခေါင်းဆောင်သည်တော့ မျှော်လင့်သော အမူအရာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။

“ အိမ်ရှေ့စံပြောတာ မှန်တယ်… ချင်းလေးက ဖုန်းဟိုင်ဒေသငယ်ရဲ့ အနာဂတ် ဒေသအကြီးအကဲအဖြစ် သတ်မှတ်ခံထားရတဲ့အချိန်ကစပြီး အဖိုးကြီးက သူ့ရဲ့ လုံခြုံရေးကို အဓိကဦးစားပေးလာတယ် ”

“ ဒါပေမဲ့ အိမ်ရှေ့စံပြောသလောက်တော့ မဆိုးရွားပါဘူး… ချင်းလေးရဲ့ တာအိုနှလုံးသားက ဖြည်းဖြည်းချင်း ချွန်ထက်လာနေတယ်… နောက်နှစ်အနည်းငယ်အတွင်းမှာ သူ့ကိုယ်ပိုင်တာအိုကို ဖန်တီးနိုင်လိမ့်မယ်… အဲ့ဒီအခါ သူ့ကို ဘယ်သူမှ ညွှန်ကြားပေးဖို့ မလိုတော့ဘူး ”

“ ဒါပေမဲ့ ဒီအဆင့်မှာတော့ အဲ့ဒါက ချင်းလေးအတွက် ကောင်းမွန်တဲ့အရာဖြစ်တယ် ”

ထိုသို့တွေးပြီးနောက် ခေါင်းဆောင်သည် မြေပြင်ကို ငုံ့ကြည့်လိုက်သည်။

မြေပြင်ပေါ်တွင် အဖိုးအိုအသွင်ပြောင်းလဲထားသော အိမ်ရှေ့စံမင်းသားသည် လက်နောက်ပစ်လျက် လေထဲသို့ ဖြည်းညင်းစွာ မြှောက်တတ်သွားသည်။ သူက ထွက်ခွာသွားသည်နှင့်ချက်ချင်း ကောင်းကင်သည် တစ်ခါမှမဖြစ်စဖူး လှုပ်ခါလာသည်။ များစွာသော လျှပ်စီးစက်ကွင်းများသည် ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။

၎င်း၏ အကျယ်အဝန်းသည် ပေတစ်သောင်းမှ ပေတစ်သိန်းအထိ ဆက်လက် ကျယ်ပြန့်သွားသည်။ အဆုံးမှာတော့ ၎င်းက အစိမ်းရောင်သဲကန္တာရ၏ နယ်မြေထက်ဝက်နီးပါးကို လွှမ်းခြုံသွားသည်။

ထိုသို့ ထူးခြားသော မြင်ကွင်းသည် အစိမ်းရောင်သဲကန္တာရထဲမှာ နေထိုင်ကြသော သက်ရှိအားလုံးကို ချောက်ချားသွားစေသည်။

သူတို့က အနားမကပ်နိုင်ခင် နတ်ဘုရား၏ ဒေါသတကြီးဟိန်းသံများသည် အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားကြသည်။

မရေမတွက်နိုင်သော မိုးခြိမ်းသံများက တရစပ် ထစ်ချုန်းသွားပြီး လျှပ်စီးစက်ကွင်းများက အတူတကွ စုဝေးသွားကြကာ ကောင်းကင်ဘုံမိုးကြိုးသွားများအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ ယင်းတို့က သဲကန္တာရ၏ နယ်မြေထက်ဝက်ကို လွှမ်းခြုံသွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။

ကောင်းကင်ဘုံမိုးကြိုးသွားများသည် အရေအတွက်သုံးထောင်ထက် မနည်းပေ။

ထိုကောင်းကင်ဘုံမိုးကြိုးသွားသုံးထောင်သည် အရပ်မျက်နှာအသီးသီးသို့ ကျဆင်းလာကြသည်။ ယင်းတို့က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် ကျယ်လောင်သော မိုးထစ်ချုန်းသံများကြားမှာ ဦးတည်ရာပြောင်းလဲလိုက်ကြပြီး ရွှီချင်းတည်ရှိနေသော သဲကန္တာရဆီသို့ ပျံသန်းသွားကြသည်။

ဤသည်မှာ မိုးကြိုးနဂါးသုံးထောင်က တစ်ပြိုင်နက် ရောက်ရှိလာသည့်အလားပင်။ သူတို့၏ အရှိန်အဝါသည် အလွန်အံ့ဖွယ်ကောင်းပြီး မြေပြင်သည် အပြင်းအထန် တုန်ခါလာသည်။ မြေပြင်ပေါ်တွင် ရှည်လျားသော အက်ကွဲကြောင်းများပင် ထွက်ပေါ်လာကြသည်။

ခေါင်းဆောင်သည် ထိုမြင်ကွင်းကို အာရုံခံမိသွားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးပြူးကျယ်လာသည်။ သူသည်ပင် ထိတ်လန့်သွားသည်။

“ ချင်းလေး အန္တရာယ်ရှိနေပြီ ”

ခေါင်းဆောင်သည် ထိတ်လန့်သွားပြီး ပျံသန်းသွားရန် ပြင်လိုက်သည်။ သို့သော်လည်း လေထဲမှ အိမ်ရှေ့စံမင်းသားသည် ခေါင်းလှည့်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ စိတ်အေးအေးထားပါ ”

ခေါင်းဆောင်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူ၏ အမူအရာသည် အစဉ်အမြဲ ပြောင်းလဲနေသည်။

ဤအခိုက်အတန့်မှာ မိုးကြိုးနဂါးသုံးထောင်သည် ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်ပြီး ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ဘေးပတ်ဝန်းကျင်မှ မြေပြင်သည် ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံက ကောင်းကင်အထိ ပျံ့လွင့်သွားသည့်အခါ ကောင်းကင်ဘုံမိုးကြိုးသွားသုံးထောင်သည် နောက်ဆုံးမှာတော့ တစ်နေရာတည်းမှာ စုဝေးသွားကြသည်။

ကျယ်လောင်သော မိုးခြိမ်းသံသည် အစိမ်းရောင်သဲကန္တာရတစ်ခွင် ပဲ့တင်ထပ်သွားပြီး ကြီးမားသော အသံလှိုင်းလုံးအသွင် ပြောင်းလဲသွားကာ ဘေးပတ်ဝန်းကျင်တစ်လျှောက် ရိုက်ခတ်သွားသည်။ သဲကန္တာရအောက်မှ ရွှီချင်းရှိနေသော နယ်မြေသည် ပေါက်ကွဲမှုဒဏ်ကြောင့် ရုတ်တရက် အက်ကွဲထွက်သွားသည်။

နာကျင်သော အော်ဟစ်သံသည် နေလုံးထဲမှ ထွက်ပေါ်လာပြီး နင်ယန်နှင့် တခြားလူများ၏ အာရုံကို ဖမ်းစားသွားသည်။

မိုးကြိုးသွားများက ရွှီချင်းကို ထိမှန်သွားသည်နှင့်ချက်ချင်း အနီရောင်လဗိမာန်မှ နတ်တမန်တော်၏ ခန္ဓာကိုယ်ထဲမှာ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ သူက ရွမ်းဗတ်ပုံသဏ္ဍာန် သစ်သားအပိုင်းအစတစ်ခုသို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

နတ်တမန်တော်၏ ရုတ်တရက် သေဆုံးမှုကို လူတိုင်းက မတုံ့ပြန်နိုင်ခင်မှာ မြေပြင်ပေါ်မှ စွမ်းအင်အတတ်အကျများသည် ရုတ်တရက် ပိုပြီးပြင်းထန်လာသည်။ မိုးကြိုးသွားများက ဆက်လက် ပေါက်ကွဲသွားသည်နှင့်အမျှ သက်ရောက်မှုသည် ကီလိုမီတာ(၅၀၀)အထိ တိုးမြှင့်သွားသည်။

နောက်ဆုံးမှာတော့ အဝေးမှကြည့်လျှင် ကီလိုမီတာ(၅၀၀)နက်သော တွင်းပေါက်တစ်ခုသည် သဲကန္တာရထဲမှာ ထွက်ပေါ်လာသည်။

တွင်းပေါက်၏ အလယ်တွင် ပေငါးဆယ်အထိ ကြီးမားသော ခန္ဓာကိုယ်တစ်ခုက လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေသည်။

“ အားနည်းသေးတယ်… မင်းက ကောင်းကင်ဘုံမိုးကြိုးသွားသုံးထောင်ထဲက ရာဂဏန်းလောက်ပဲ တောင့်ခံနိုင်တယ် ”

အိမ်ရှေ့စံမင်းသားသည် ခေါင်းခါလိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူက တွင်းပေါက်ထဲမှ မီးကျွမ်းခံထားရသော ခန္ဓာကိုယ်ကို ဆွဲယူလိုက်ပြီး နေလုံးဆီသို့ လှည့်ပြန်သွားသည်။

နေလုံးဆီသို့ ပြန်ရောက်သွားသောအခါ လင်းအာ၏ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်ခြင်းဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးသည် နီရဲနေသည်။ သူက အလျှင်အမြန် ပြေးလာသည်။

“ အကိုရွှီချင်း ”

ရွှီချင်း၏ တစ်ကိုယ်လုံး၌ မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူက သေအံ့ဆဲဆဲ အခြေအနေမှာရှိနေကြောင်း မြင်သွားသောအခါ မျက်ရည်သည် လင်းအာ၏ မျက်နှာပေါ်သို့ ကျဆင်းလာသည်။ သူက ရွှီချင်းကို ပွေ့ဖက်ထားလျက် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

“ ဖိုးဖိုး… ”

နင်ယန်နှင့် ဝူကျန်းဝူသည် အသက်ပြင်းပြင်း မရှူဝံ့ကြပေ။ လှုပ်ရှားမှုကင်းမဲ့နေသော ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူတို့၏ နှလုံးသည် တုန်ယင်လာသည်။

“ သူမသေပါဘူး ”

အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ပြောသည်။ သူ့စကားဆုံးသွားသည့်အခါ လင်းအာက ငိုနေကြောင်း သတိပြုမိသွားသည်။ သူ၏ နှလုံးသားသည် နူးညံ့သိမ်မွေ့လာသည်။

“ ဒါက လေ့ကျင့်မှုတစ်မျိုးပဲ… ပြီးတော့ မင်းရဲ့ အကိုရွှီချင်းက သူ့အကန့်အသတ်ကို ရောက်သွားတဲ့အခါ အနီရောင်လဗိမာန်က နတ်တမန်တော်က သူ့ကိုယ်စား ဝန်ကို ဆက်လက်တောင့်ခံပေးလိမ့်မယ်… ”

ခေါင်းဆောင်သည် အိမ်ရှေ့စံမင်းသား၏ စကားကို ကြားသောအခါ အစောနက နတ်တမန်တော် ပျောက်ကွယ်သွားခဲ့သောနေရာကို ကြည့်လိုက်သည်။ သူ၏ နှလုံးသည် ပရမ်းပတာ လှိုင်းထလာပြီး စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

“ ရှန်းနန်ကျိန်စာအမိန့်တော် ”

ဝူကျန်းဝူနှင့် နင်ယန်သည်လည်း စောစောက အဖြစ်အပျက်၏ နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်သွားကြသည်။ သူတို့နှစ်ယောက်သည် ဆွံ့အသွားကြသည်။

အထူးသဖြင့် နင်ယန်ပင်။ သူက လျှို့ဝှက်ချက်များစွာကို သိထားသည်။ ဤအခိုက်အတန့်မှာ ရှေးဟောင်းစာအုပ်များထဲတွင် သူဖတ်ဖူးသော ရှေးခေတ်ရိုးရာဓလေ့တစ်ခုက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

“ ရှန်းနန်ကျိန်စာအမိန့်တော်လား ”

နင်ယန်သည် ရှေးဟောင်းစာအုပ်အများအပြားကို ဖတ်ဖူးပြီး ရှန်းနန်ကျိန်စာအမိန့်တော်အပေါ် လေးနက်သော အမြင်ရှိသည်။ မျက်မှောက်ခေတ်တွင် ထိုအတတ်ပညာအား မည်သို့အသုံးပြုရမည်ကို မည်သူမှ မသိကြတော့ပေ။ ရှေးဘုရင်ရွှမ်ယုံခေတ်မှာပင် ထိုအတတ်ပညာသည် ရက်စက်ပြီး တားဆီးပိတ်ပင်ခြင်း ခံထားရသည်။

ရှန်းနန်ဟူသည် ရှေးခေတ်ကာလတွင် တည်ရှိခဲ့သော ရှေးဟောင်းမိစ္ဆာသစ်ပင်ဖြစ်သည်။ ၎င်းက နှစ်တစ်ထောင်ကြာသွားတိုင်း ကဒ်ဘေးတစ်ခုကို ဖြတ်ကျော်လိမ့်မည်။ ရှန်းနန်က ကဒ်ဘေးကျော်လွှားနေစဉ်အတွင်း အစွမ်းထက်သော ပညာရှင်ကျင့်ကြံသူများသည် နေရာအသီးသီးမှာ အကြောင်းအရင်းမရှိဘဲ သေဆုံးသွားကြသည်။

နောက်ပိုင်းမျိုးဆက်များသည် ထိုကိစ္စကို စူးစမ်းလေ့လာခဲ့ကြပြီး ယင်းက ရှန်းနန်နှင့် ထူးဆန်းစွာ ဆက်စပ်နေကြောင်း ရှာတွေ့ခဲ့ကြသည်။ ထူးဆန်းစွာ သေဆုံးသွားကြသော ထိုပညာရှင်ကျင့်ကြံသူများသည် ရှန်းနန်၏ ကဒ်ဘေးကျော်လွှားခြင်းဖြစ်စဉ်မှာ အစားထိုးခံလိုက်ရခြင်းဖြစ်သည်။

နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က ထိုရိုးရာဓလေ့ကို ရှာတွေ့သွားသည်။

ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်အတွင်းမှာပင် တော်ဝင်မိသားစု၏ ကောင်းကင်အရွေးချယ်ခံဖြစ်သော ပါရမီရှင်များသာလျှင် အကြီးအကဲများ၏ ကြီးကြပ်မှုအောက်မှာ ဤနည်းလမ်းကို အသုံးပြုကြလိမ့်မည်။

ရှန်းနန်အမိန့်တော်၏ အထူးခြားဆုံးအချက်မှာ ယင်းက ကဒ်ဘေးကျော်လွှားသူကို သူတို့၏ အမြင့်ဆုံး အလားအလာအား ဆွဲထုတ်ပေးလိမ့်မည်။ သေခြင်းရှင်ခြင်းကဒ်ဘေးကို ကျော်လွှားပြီးနောက် အစားထိုးခံရသူသည် သစ်သားအပိုင်းအစသို့ ပြောင်းလဲသွားလိမ့်မည်။

ထိုသစ်သားအပိုင်းအစထဲမှာ ကျိန်စာစွမ်းအင်များ ပါရှိသည်။ ယင်းက ပေါက်ကွဲထွက်လာလျှင် အလွန်ကြောက်စရာကောင်းသည်။

ထိုသို့တွေးမိသောအခါ နင်ယန်သည် နတ်တမန်တော် သေဆုံးသွားခဲ့သော နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် သစ်သားအပိုင်းအစတစ်ခု ရှိသည်။

တစ်ချိန်တည်းမှာ မိုးကြိုးများ လွင့်ပြယ်သွားသောအခါ အပြင်ဘက်မှ ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွားသည်။ ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်တိုက်များက ကင်းစင်သွားသော်လည်း မြေပြင်ပေါ်မှ အားလှိုင်းအတတ်အကျများသည် ဆက်လက် ပျံ့လွင့်နေဆဲ ဖြစ်သည်။

ယင်းက ကီလိုမီတာ(၅၀၀)အတွင်းမှာသာ သက်ရောက်မှုရှိခဲ့ဟန် ထင်ရသည်။ သို့သော်လည်း စောစောတုန်းက ကောင်းကင်ဘုံမိုးကြိုးသွားသုံးထောင်စလုံး စုပေါင်းကျဆင်းလာခဲ့ခြင်းဖြစ်ပြီး ယင်းက အစိမ်းရောင်သဲကန္တာရတစ်ခုလုံးကို ပရမ်းပတာဖြစ်သွားစေခဲ့သည်။ သို့ဖြစ်၍ မရေမတွက်နိုင်သော တောင်တန်းများသည် လှုပ်ခါသွားကြပြီး ဘဝကံကြမ္မာဆိုးတောင်တန်းသည်ပင် အပြင်းအထန် လှုပ်ခါသွားခဲ့သည်။

ယင်းက အဆုံးမဲ့သော အံ့အားသင့်မှုကို ဖြစ်ပေါ်စေသည်။ အစိမ်းရောင်သဲကန္တာရမှ လေထုသည် တင်းကျပ်လာသည်။

အစွမ်းကြီးမားသော ပုံရိပ်တစ်ခုပြီးတစ်ခုသည် လေထဲသို့ မြှောက်တတ်သွားကြသည်။ နတ်ဘုရားအသိစိတ်အမျှင်တန်းများသည် သတိကြီးစွာထား၍ ကောင်းကင်ပေါ်မှာ ပေါ်လျှိုးလာကြသည်။

“ ဘယ်လိုအစွမ်းထက်ပုဂ္ဂိုလ်က ကဒ်ဘေးကို ကျော်လွှားနေတာလဲ ”

“ အဲ့ဒါက ကဒ်ဘေးကျော်လွှားနေတာ မဖြစ်နိုင်ဘူး… ရတနာတစ်ခုကို သန့်စင်နေတာ ဖြစ်နိုင်တယ် ”

ရုတ်တရက်ဆိုသလို မရေမတွက်နိုင်သော သံသယများနှင့် ခန့်မှန်းမှုများသည် အစိမ်းရောင်သဲကန္တာရတစ်ခုလုံးမှာ ထွက်ပေါ်လာကြသည်။ အနီရောင်လဗိမာန်သည်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး အကြောင်းအရင်းကို စုံစမ်းရန် အပြင်သို့ ထွက်လာကြသည်။ သို့သော်လည်း သူတို့သည် မည်သည့်အရာမှ ရှာမတွေ့ခဲ့ကြပေ။

အစိမ်းရောင်သဲကန္တာရထဲမှ ကျင့်ကြံသူများအတွက် ဤကိစ္စသည် သေးသေးမွှားမွှား မဟုတ်ပေ။

လေလွင့်ကျင့်ကြံသူများထဲတွင် နံပါတ်တစ်ဖြစ်သော ဘိုးဘေးမိုကွေ့သည် ဘဝကံကြမ္မာဆိုးတောင်တန်း၏ ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေလျက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ရှေးဟောင်းမျက်လုံးက ကောင်းကင်ကို စိုက်ကြည့်နေလျက် တီးတိုးရေရွတ်လိုက်သည်။

“ အစိမ်းရောင်သဲကန္တာရက မကြာခင် မုန်တိုင်းထန်တော့မယ်… ”

တူညီသော အတွေးများသည် တခြားပညာရှင်ကျင့်ကြံသူများ၏ နှလုံးသားထဲမှာလည်း ဖြစ်ပေါ်လာကြသည်။ တာအိုပညာရှင်မူနှင့် သူ့အရှေ့မှာ ထိုင်နေသော ဝတ်ရုံနက်အဖိုးအိုသည်လည်း တုန်လှုပ်ချောက်ချားနေကြသည်။ အချိန်အတော်ကြာပြီးနောက် သူက တာအိုပညာရှင်မူ၏ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ မင်း ဘဝကံကြမ္မာဆိုးတောင်တန်းကနေ အချိန်တော်တော်ကြာ မထွက်သွားနဲ့ဦး… စောစောက ငါ အကြောက်တရားကို ခံစားမိခဲ့ပြီး ဆိုးဝါးတဲ့ အတိတ်နိမိတ်ကို အာရုံရခဲ့တယ်… မင်း ဒီတစ်လော သက်မှတ်ချက်အပြင်ဘက်က ကိစ္စတွေကို ဘာမှမလုပ်ထားဘူးမလား ”

တာအိုပညာရှင်မူသည် တုန်ယင်လာပြီး အမြန်ခေါင်းခါလိုက်သည်။

“ ဆရာသခင်… ငါက တစ်ချိန်လုံး ဂိုဏ်းတည်ထောင်ဖို့အတွက်ပဲ ဆောင်ရွက်နေပါတယ်… သက်မှတ်ချက်ဘောင်ကျော်ပြီး ငါဘာမှမလုပ်ထားပါဘူး ”

သို့မှသာ ဝတ်ရုံနက်အဖိုးအိုသည် ခေါင်းညိတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ထိုပရမ်းပတာ ကိစ္စအားလုံး၏ တရားခံဖြစ်သော ရွှီချင်းသည် နေလုံးအတွင်းမှာ ဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့်လိုက်သည်။ ယခု သူ၏ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းနေကြောင်း အာရုံခံမိသည်။ သို့သော် သူက အားနည်းနေသော်လည်း အံ့မခန်းစွမ်းအားသည် သူ၏ ခန္ဓာကိုယ်အတွင်းမှာ လှုပ်ရှားထကြွနေသည်။

သူ၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်သည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့်ကို ရောက်ရှိသွားကြသည်။ သူ၏ တိုက်ပွဲစွမ်းအားသည် ယခင်ကထက် အများကြီး ပိုအားကောင်းလာသည်။ မည်သည့်ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူမဆို သူ့အရှေ့မှာ နှလုံးတုန်သွားပြီး ချောက်ချားသွားရလိမ့်မည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် အစောပိုင်း တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများဖြင့်ပင် တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။

အားအနည်းဆုံး တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည်ပင် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများထက် အများကြီး သာလွန်ပေသည်။ ပိုပြီးသန်မာသော တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည်တော့ သူတို့သည် ဝိညာဉ်သိုက်အဆင့်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ သူတို့က ကောင်းကင်ဘုံတာအိုကို ဖန်တီးနိုင်သည်နှင့် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်သွားပြီး အတုယောင်ကို အစစ်အမှန်အဖြစ်သို့ ပြောင်းလဲပစ်ကာ အစစ်အမှန် လျှိုဝှက်ရတနာသိုက်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်။

ထိုသို့ဖြင့် သုံးရက်ကုန်ဆုံးသွားပြီး ရွှီချင်းသည် ပြန်လည်နာလန်ထူလာသည်။

ဘဝကံကြမ္မာဆိုးတောင်တန်းသည် သူတို့၏ မြင်ကွင်းရှေ့မှာ ထွက်ပေါ်လာသည်။

အကိုရွှီချင်းက အဆင်ပြေကြောင်း မြင်သွားပြီးနောက် လင်းအာသည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ သူက ယခင်ကဲ့သို့ စိတ်ဓာတ်တတ်ကြွလာပြီး အိမ်ရှေ့စံမင်းသားကို သူ၏ ဆေးဆိုင်အကြောင်း ဆက်ပြောသည်။

“ ဖိုးဖိုး… ဆေးဆိုင်က သမီးရဲ့ စီမံခန့်ခွဲမှုအောက်မှာ အရမ်းလှတာပဲ သိလား… အရမ်းနွေးထွေးတယ်… သမီးက နေ့တိုင်း ဖုန်တစ်စက်မှမရှိအောင် ဆေးဆိုင်ကို ကြမ်းတိုက်ပေးတာ ”

လင်းအာသည် ဝမ်းသာပျော်ရွှင်နေသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် ဆေးဆိုင်ကို စူးစမ်းချင်လာသည်။ ခေါင်းဆောင်သည်လည်း မျှော်လင့်သော အမူအရာကို ထုတ်ဖော်ပြထားသည်။

လီယိုဖေးသည်လည်း စိတ်လှုပ်ရှားနေသည်။ ယခင်တစ်ခေါက်က သူသည် ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်မှာတော့ အခြေအနေက ခြားနားသွားပြီ ဖြစ်သည်။

ဘာဘိုးဘေးမိုကွေ့လဲ… အခုချိန်မှာ သူက ငါ့ရှေ့မှာ ဟာသတစ်ခုပဲ…

အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်သည်။ သူက အတော်လေး ပျော်ရွှင်နေသည်။ အတိတ်တွင် သူ၏ အဆင့်အတန်းက မြင့်မားသောကြောင့် သေမျိုးလောကမှ ပျော်ရွှင်ဖွယ်အတွေ့အကြုံများကို မခံစားခဲ့ရပေ။ သူက မိသားစုဟူသော နွေးထွေးမှုကိုလည်း အများကြီး မခံစားခဲ့ရပေ။ တိုက်ပွဲပြီးဆုံးပြီးနောက် သူက ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှာ ချုပ်နှောင်ခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရသည်။

အချုပ်အနှောင်မှ လွတ်မြောက်လာသည့်အခါမှာလည်း သူတစ်ယောက်တည်း အထီးကျန်စွာ အားအင်ဖြည့်တင်းနေရသည်။ သို့ဖြစ်၍ ဤရက်များတွင် ထိုကလေးအုပ်စုက သူ့ကို အဖိုးဟု ခေါ်လိုက်သည့်အခါတိုင်း သူက မည်သည့်စကားမှမဆိုသော်လည်း အမှန်မှာ သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားမိသည်။

ထို့ကြောင့် လင်းအာ၏ ပျော်ရွှင်ဖွယ်စကားကို ကြားသောအခါ သူက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ၏ အကြည့်က အပြင်လောကသို့ ကျရောက်သွားသည့်အခါမှာ သူ၏ အမူအရာသည် အနည်းငယ် ထူးဆန်းလာသည်။

“ လင်းအာ… သမီးရဲ့ ဆေးဆိုင်က အရှေ့ကီလိုမီတာငါးဆယ်အကွာက မြို့ပေါ်မှာလား ”

“ ဟုတ်တယ် ဖိုးဖိုး… အဲ့ဒီမြို့ပေါ်မှာ… နောက်ဆုံးတော့ ငါတို့ အိမ်ပြန်ရောက်ပြီ ”

လင်းအာ၏ မျက်လုံးထဲမှာ မျှော်လင့်သော အကြည့် ထွက်ပေါ်လာသည်။

နေလုံးက ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည့်အခါ ရွှီချင်းသည် ကုသခြင်းကို ရပ်တန့်လိုက်ပြီး အားအင်ချည့်နဲ့စွာ မတ်တတ်ရပ်လိုက်သည်။ လင်းအာ၏ တွဲကူပေးမှုဖြင့် သူက မြို့၏ ဦးတည်ရာသို့ ကြည့်လိုက်ပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

ဤခရီးသည် နှစ်ဝက်နီးပါး ကြာမြင့်သွားခဲ့သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်းသည် မျက်မှောင်ကြုတ်သွားသည်။

အပျက်အစီးပုံသည် သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို ပေါက်ကွဲသံသည် မြို့ထဲမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။ ဖုန်မှုန့်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည့်အခါ ကျန်ရှိနေသော အဆောက်အဦးများသည် ပြိုကျပျက်စီးသွားကြသည်။

ရွှီချင်းသည် အံ့ဩသွားသည်။

All Chapters