← Chapters

ရိုးစင်းပြီး နွေးထွေးသော ဆေးဆိုင်လေး(ဃ)

Vol. 63 Ch. 983

ရိုးစင်းပြီး နွေးထွေးသော ဆေးဆိုင်လေး(ဃ)

Vol. 63 Ch. 983

ရွှီချင်းသည် ထူးဆန်းသော မြင်ကွင်းကို ကြည့်နေရင်း အိမ်ရှေ့စံမင်းသားဘက်သို့ လှည့်လိုက်သည်။

“ အသက်တစ်ရာရှူချိန်အတွင်းမှာ မင်းရဲ့ အစွမ်းကုန်ကို ထုတ်သုံးပြီး သူနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲပါ ”

အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောသည်။

“ သူ့ကို သတ်ပစ်ပြီး သူ့ရဲ့ အနီရောင်လယုံကြည်မှုကို ဝါးမျိုပါ ”

“ တကယ်လို့ အသက်တစ်ရာရှူချိန်ကျော်သွားလို့ မင်းမအောင်မြင်ရင် အနီရောင်လဗိမာန်ထဲမှာရှိတဲ့ လူတိုင်းက မင်းရဲ့ တည်ရှိမှုကို သတိထားမိသွားကြလိမ့်မယ်… ငါမင်းကို ဝင်ကူညီမှာမဟုတ်ဘူး… မင်းဘာသာ ဖြေရှင်းရလိမ့်မယ်… တကယ်လို့ မင်းမလုပ်နိုင်ရင်… အဲ့ဒါက မင်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မယ် ”

အိမ်ရှေ့စံမင်းသားသည် လေထဲသို့ မြှောက်တတ်သွားပြီး နေရာမှာ ရပ်လိုက်ကာ မျက်လုံးမှိတ်ထားလိုက်သည်။

သူက မျက်လုံးမှိတ်လိုက်သည့်အခိုက် လှုပ်ရှားမှုကင်းမဲ့နေသော တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ၏ အမူအရာသည် နီမြန်းလာသည်။ သူက ရွှီချင်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ ဤသည်မှာ သူ့ဘဝ၏ မဟာရန်သူတော်ကို မြင်လိုက်ရသည့်အတိုင်းပင်။ သူက တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သည်။

ဝဲကတော့တစ်ခုပြီးတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းမှာ ချက်ချင်း ဖွဲ့စည်းလာသည်။ စုစုပေါင်းကိုးခုရှိပြီး ကြယ်ကိုးလုံးအသွင် ထင်ရ၏။ ယင်းတို့က အတူတကွ စုဝေးသွားပြီး လျှို့ဝှက်ရတနာတစ်ခု အကြမ်းဖျဉ်း ဖြစ်ပေါ်လာသည်။

ထိုလျှို့ဝှက်ရတနာသိုက်ထဲတွင် မီးတောင်ကြီးတစ်ခုရှိနေသည့်အလား မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံသည် အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ အနီရောင်အလင်းတန်းသည် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ ထိုးဖောက်ထွက်လာပြီး အပြင်လောကကို အလင်းပြန်လာသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ဖြင့် ပေါင်းစပ်သွားပြီး ပေတစ်ရာကျော် ရှည်လျားသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုပုံရိပ်သည် သစ်ပင်လူသားဖြစ်သည်။ ၎င်းမှာ ကြီးမားသော ခန္ဓာကိုယ်၊ အညိုရောင် အကိုင်းအခတ်များနှင့် အနက်ရောင်ပန်းပွင့်များ ရှိသည်။ မြေပြင်သည် ဤအခိုက်အတန့်မှာ အပြင်းအထန် တုန်ခါလာသည်။ အမြစ်များသည် မြေကြီးပေါ်သို့ တိုးထွက်လာပြီး ဘေးပတ်ပတ်လည်မှာ‌ မျောလွင့်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မြေကွက်လပ်တစ်ခုလုံး သစ်ပင်အကိုင်းအခတ်များဖြင့် ပြည့်နှက်သွားသည်။

မြေပြင်သည် အက်ကွဲသွားပြီး မရေမတွက်နိုင်သော သွေးနီမြက်ပင်များသည် မြေပြင်ပေါ်မှာ အရူးအမူး ထွက်ပေါ်လာကြသည်။ ယင်းက မြေပြင်ကို အနီရောင်မြက်ခင်းပြင်အဖြစ် ပြောင်းလဲသွားစေသည်။

အဝေးမှကြည့်လျှင် မြက်ခင်းပြင်ပေါ်မှ ဧရာမသစ်ပင်ကြီးသည် တောင်တန်းများနှင့် မြစ်များအား ဝါးမျိုနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားဟန် ရသည်။ ၎င်း၏ မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်သော အလင်းရောင်နှင့် ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာ ဖိအားသည် မိုးကြိုးသွားအဖြစ် ပေါင်းစည်းသွားပြီး အရပ်မျက်နှာတစ်ခွင် ကျယ်လောင်စွာ ထစ်ချုန်းသွားသည်။

ထိုမြင်ကွင်းသည် အလွန်ကြောက်စရာကောင်းသည်။ ဤသည်မှာ ရွှီချင်းသည် တာအိုပျိုးထောင်ခြင်းအဆင့် ပညာရှင်ကျင့်ကြံသူနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော အနီရောင်မြက်ပင်များနှင့် အကိုင်းအခတ်များသည် ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။ ယင်းတို့၏ အလျင်သည် အလွန်မြန်ဆန်လေရာ ထပ်ဆင့်ပုံရိပ်များပင် ဖြစ်ပေါ်လာကြသည်။ ထိုတိုက်ခိုက်မှုသည် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အတိုင်းအတာထက် ကျော်လွန်နေသည်။ ယင်းတို့က ရွှီချင်းကို တုံ့ပြန်ရန် အချိန်မပေးဘဲ စက္ကန့်ပိုင်းအတွင်းမှာ ချဉ်းကပ်လာနေကြသည်။

ရွှီချင်း၏ သူငယ်အိမ်သည် ကျုံ့သွားသည်။ အရပ်မျက်နှာအဘက်ဘက်မှ ချဉ်းကပ်လာနေသော အန္တရာယ်သည် သူ့အား သေခြင်းရှင်ခြင်းခံစားမှုကို ပေးသည်။ သူ့ပြိုင်ဘက်ကဲ့သို့ အစွမ်းမကြီးမားကြောင်း သူ့ကိုယ်သူ သိသည်။ သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုက အလွန်မြန်ဆန်လေရာ သူ့မှာ ရှောင်တိမ်းရန် အခွင့်အရေးမရှိပေ။

ထိုအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ အင်အားပေါက်ကွဲသံနှင့်အတူ သူ၏ နတ်ဘုရားခန္ဓာကိုယ်သည် ပေငါးဆယ်အထိ ကြီးထွားလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်နှင့် ခရမ်းလစွမ်းအားသည် အပြင်သို့ ပျံ့နှံ့ထွက်လာပြီး ပျံသန်းလာနေကြသော သစ်ပင်အကိုင်းအခတ်များနှင့် မြက်ပင်များဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

ပေါက်ကွဲသံသည် ပဲ့တင်ထပ်သွားသည်။ ရွှီချင်းက ထူးခြားသော်လည်း တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူဖြင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ် နိမ့်ကျနေဆဲပင်။ မျက်စိတစ်မှိတ်အတွင်းမှာ မရေမတွက်နိုင်သော မြက်ပင်များနှင့် အကိုင်းအခတ်များသည် သူ့အား ရေဘဝဲလက်တံများသဖွယ် လွှမ်းခြုံလာကြသည်။

ခရမ်းလစွမ်းအား၏ ဖိနှိပ်ခြင်းနှင့် တားမြစ်အဆိပ်၏ ထိန်းချုပ်မှုအောက်မှာပင် သူ့ဘေးပတ်ပတ်လည်မှ အနီရောင်မြက်ပင်များနှင့် အကိုင်းအခတ်များ၏ အရေအတွက်သည် အလွန်များပြားလှသည်။ ယင်းတို့က ဖျက်ဆီးခံလိုက်ရသည်နှင့် အလျှင်အမြန် အသစ်ပြန်ပေါ်လာပြီး ရွှီချင်း၏ ဘေးပတ်ပတ်လည်ကို ဝိုင်းရံလိုက်ကြသည်။

အနီရောင်မြက်ပင်များနှင့် အကိုင်းအခတ်များသည် တောင်တန်းတစ်ခုသဖွယ် စုပုံသွားကြပြီး ဆက်လက် ကြီးထွားလာနေသည်။ ယင်းက လျှပ်တစ်ပြက်အတွင်း ပေတစ်ထောင်အမြင့်အထိ ရောက်ရှိသွားသည်။ တောင်ထိပ်ပေါ်တွင် မြက်ပင်များနှင့် အကိုင်းအခတ်များသည် ထီးသဖွယ် ပြန့်ကားထွက်လာပြီး ဧရာမလက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုဧရာမလက်ကြီးသည် မြစ်ပင်များနှင့် အကိုင်းအခတ်များ၏ ဖိနှိပ်ခံထားရသော ရွှီချင်းပေါ်သို့ ကျဆင်းလာသည်။

ဝုန်းခနဲ မြည်ဟိန်းသံနှင့်အတူ ဧရာမလက်ကြီးက ဆင်းသက်လာသောအခါ သစ်ပင်အကိုင်းအခတ်များသည် အက်ကွဲထွက်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ထိတ်လန့်ဖွယ်ကောင်းစွာ ပေါ်လျှိုးလာသည်။ ယင်းက ရွှီချင်းရှိနေသော ဧရိယာတစ်ခုလုံးကို အမှုန့်ဖြစ်သွားအောင် ဖိနှိပ်ချင်ဟန် ရသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဧရာမပုံရိပ်ကြီးတစ်ခုသည် မြေပြင်ပေါ်မှာ ဒြပ်ထည်ဖြစ်တည်လာသည်။ ယင်းက တစ္ဆေအင်ပါယာတောင်ကုန်းဖြစ်သည်။

အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ ကျင့်ကြံခြင်းအားလုံးသည် တစ္ဆေအင်ပါယာတောင်ကုန်းထံသို့ တိုးဝင်သွားကြပြီး တစ္ဆေအင်ပါယာ၏ ပုံရိပ်ဖြစ်ပေါ်လာသည်။ တစ္ဆေအင်ပါယာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဧရာမလက်ကြီးကို လက်သီးဖြင့် အစွမ်းကုန် ထိုးချလိုက်လေသည်။

နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံသည် ပဲ့တင်ထပ်သွားသည်။ သစ်ပင်များဖြင့် ဖန်တီးထားသော ဧရာမလက်ကြီးသည် နည်းနည်းချင်းစီ ပဲ့ကျလာပြီး အက်ကွဲထွက်သွားသည်။ နောက်ဆုံးမှာတော့ ယင်းက လုံးဝပျက်စီးသွားသည်။ သစ်ပင်အကိုင်းအခတ်များက မိုးရွာသွန်းသည့်သဖွယ် အောက်သို့ ကျဆင်းလာသည့်အခါ ရွှီချင်း၏ တစ္ဆေအင်ပါယာသည်လည်း အက်ကွဲသွားပြီး အထဲမှ ရွှီချင်း၏ အစစ်အမှန်အသွင်က ထွက်ပေါ်လာသည်။

ရွှီချင်းသည် သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏ မျက်နှာသည် ဖြူဖျော့လာသည်။ တာအိုပျိုးထောင်ခြင်းအဆင့် ဖိအားသည် သူ၏ ကိုယ်တွင်းအင်္ဂါများကို ပရမ်းပတာ ဖြစ်စေသည်။ ဤအခိုက်အတန့်မှာ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သို့သော်လည်း သူ၏ မျက်လုံးသည် အံ့အားသင့်ဖွယ်ကောင်းစွာ တည်ငြိမ်နေသည်။

သူက တုံ့ဆိုင်းမနေပေ။ သူ၏ အလျင်သည် ပေါက်ကွဲထွက်လာပြီး လက်ဝှေ့ယမ်းရုံဖြင့် မြန်ဆန်သော တိုက်ခိုက်မှုများကို စေလွှတ်နေသော တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူဆီသို့ တန်းမတ်စွာ ပြေးသွားသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောသည်။

“ အသက်ရှစ်ဆယ်ခါရှူချိန် ကျန်သေးတယ် ”

All Chapters