← Chapters

မိုဆာဆော ထွက်လာပြီ

Vol. 63 Ch. 984

မိုဆာဆော ထွက်လာပြီ

Vol. 63 Ch. 984

လဝတ်ပြုဒေသကြီးထဲမှ အနီရောင်လဗိမာန်၏ ဗိသုကာလက်ရာသည် အခြေခံအားဖြင့် အနက်ရောင်ဒီဇိုင်းပေါ်မှာ အဓိကထားသည်။ နီလာနတ်သမီး၏ ရှည်လျားသော ရုပ်တုအားလုံးသည် အတွင်းဘက်မှာ ရပ်နေကြလိမ့်မည်။

မှောင်ရီသော ကောင်းကင်အောက်မှာ ထိုသို့အရောင်ပေါင်းစပ်မှုက ပိုပြီး နက်မှောင်သွားစေပြီး ဖော်မပြနိုင်သော ဖိနှိပ်မှုကို ခံစားရစေသည်။

တအင့်အင့်ငိုညည်းသံပါသော လေသည် တောင်တန်းတစ်လျှောက် ဖြတ်သန်းတိုက်ခတ်နေပြီး နီလာနတ်သမီး၏ ရုပ်တုများပေါ်သို့ ကျဆင်းလာသည်။ ယင်းက နီလာနတ်သမီး၏ နားပေါ်မှာ ချိတ်ဆွဲထားသော လခြမ်းပုံစံနားဆွဲနှစ်စုံကို အချင်းချင်း ရိုက်ခတ်သွားပြီး တချွင်ချွင်မြည်သံ ထွက်ပေါ်လာစေသည်။ တစ်ချိန်တည်းမှာ အိမ်ရှေ့စံမင်းသား၏ အသံသည် တချွင်ချွင်မြည်သံနှင့်အတူ ရောထွေးထွက်ပေါ်လာသည်။

ရွှီချင်းသည် အိမ်ရှေ့စံမင်းသား၏ စကားကို အာရုံမထားပေ။ ဤအခိုက်အတန့်မှာ သူ၏ စွမ်းအင်အားလုံးသည် အဆုံးမဲ့အလင်းတန်း၏ လွှမ်းခြုံခံထားရသော တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူပေါ်မှာ ရှိနေသည်။

သူ၏ အသိစိတ်သည် တည်ငြိမ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် အပြည့်အဝ ပေါ်လျှိုးထွက်လာပြီး တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ဝိညာဉ်နတ်သူငယ်(၁၃)ကောင်သည် အစွမ်းကုန်သုံး၍ လှည့်ပတ်လိုက်ကြသည်။ သူ၏ တစ်ကိုယ်လုံးသည် အနက်ရောင်မိုးကြိုးသွားသို့ အသွင်ပြောင်းလဲသွားပြီး အလင်းကန်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။

သူက ချက်ချင်း နီးကပ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အောက်လမ်းတာအိုအတတ်ကို လှုံ့ဆော်လိုက်လေရာ သူ၏ ညာလက်တစ်ခုလုံးသည် ကြည်လင်ပြတ်သားလာသည်။ သူက သစ်ပင်လူသားအသွင်သို့ ပြောင်းလဲထားသော ကျင့်ကြံသူဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

သူက ထိုလူကို အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။

“ ငါ့နိယာမတွေကို မခုခံနိုင်ဘူး ”

သစ်ပင်လူသားသည် နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူက မတိမ်းရှောင်ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ရတနာသိုက်သည် ဝုန်းခနဲ မြည်ဟိန်းလာသည်။ သူ၏ ညာလက်သည် အနီရောင်မီးတောက်များဖြင့် တောက်လောင်လာသည်။ ယင်းကို အနီရောင်လ၏ ယုံကြည်မှုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မမြင်နိုင်သော ဥပဒေသစွမ်းအင်လှိုင်းများသည် သူ၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ပျံ့လွင့်ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေရာ ဤနေရာတစ်ဝိုက်တွင် သူ့ကိုယ်ပိုင် ဥပဒေသများဖြင့် ပြည့်နှက်သွားစေသည်။

ထိုအခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ လက်ကို ဖမ်းဆုပ်လိုက်သည်။

တိုက်ခိုက်မှုနှစ်ခုသည် မျက်စိတစ်မှိတ်အတွင်းမှာ တွေ့ဆုံသွားကြသည်။ ရွှီချင်း၏ ကျင့်ကြံခြင်းစွမ်းအားနှင့် တိုက်ပွဲစွမ်းအားသည် တစ်ဖက်လူနှင့် နှိုင်းယှဉ်လျှင် ကွာဟမှုရှိနေသေးသော်လည်း သူ၏ ခရမ်းလစွမ်းအားသည် အနီရောင်လ၏ နတ်ဘုရားအစွမ်းကို အတိုင်းအတာတစ်ခုထိ တွန်းလှန်နိုင်သည်။

သို့တိုင် သူက အနည်းငယ် အားနည်းနေဆဲပင်။ ပေါက်ကွဲသံများကြားမှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သစ်ပင်လူသား၏ ဧရာမလက်သည် သံမဏိညှပ်သဖွယ် သူ့အား တင်းကျပ်စွာ ချုပ်ထိန်းထားသည်။

ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများသည် သစ်ပင်လူသား၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာပြီး ရွှီချင်းကို တိုက်ရိုက် တိုက်ခိုက်နေသည်။ တစ်ချိန်တည်းမှာ သစ်ပင်လူသားသည် ဂါထာမန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေသည်။

ယင်းက ရှုပ်ထွေးပြီး နားလည်ရခက်ခဲသော်လည်း ထူးဆန်းသော ခံစားမှုကို ပေးသည်။ အေးစက်စက် လေပြေက ဘေးပတ်ဝန်းကျင်မှာ တိုက်ခတ်လာပြီး မရေမတွက်နိုင်သော သရဲတစ္ဆေများသည် လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာကြပြီး ရွှီချင်းထံသို့ ခုန်အုပ်လိုက်ကြသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်း၏ ဆုံးဖြတ်ချက်ပြတ်သားခြင်းနှင့် အကြင်နာမဲ့ခြင်းက ထွက်ပေါ်လာသည်။ သူက ဖမ်းချုပ်ခံထားရသော ညာလက်ကို လျစ်လျူရှုလိုက်ပြီး အကြမ်းပတမ်း ဆောင့်ဆွဲလိုက်သည်။

အက်ကွဲသံနှင့်အတူ သူ၏ ညာဘက် ပခုံးအဆစ်သည် ပြုတ်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အပြင်းအထန် တုန်ခါသွားစေသည်။ သူက ညာဘက်ခြေထောက်ကို မြှောက်လိုက်ပြီး သစ်ပင်လူသားကို အကြမ်းပတမ်း ကန်ကျောက်လိုက်သည်။

ကောင်းကင်မိစ္ဆာကိုယ်ပွားများသည် သူ၏ အနောက်မှာ တစ်ချိန်တည်း ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် စုစုပေါင်း တစ်ရာကျော်ပြီး နေရာအနှံ့မှာ ထွက်ပေါ်လာကြကာ တစ်ပြိုင်နက် ခုန်အုပ်လိုက်ကြသည်။

သူ၏ ခြေထောက်အောက်မှ အရိပ်လေးသည်လည်း ထိုအခိုက်အတန့်မှာ ပြန့်ကားထွက်လာသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ပျံသန်းထွက်လာပြီး ဘေးမှ ထိုးစိုက်လိုက်သည်။

ထိုအဖြစ်အပျက်အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း တကယ့်လက်တွေ့မှာ အားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်မိစ္ဆာကိုယ်ပွားများသည် သရဲတစ္ဆေများနှင့် တိုက်ခိုက်လိုက်ကြသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် သစ်ပင်လူသား၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားသည်။ ရွှီချင်း၏ ညာဘက်ခြေထောက်သည်လည်း သစ်ပင်လူသား၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။

ပေါက်ကွဲသံများကြားမှာ ရွှီချင်း၏ အမူအရာသည် နက်မှောင်သွားသည်။ သူ၏ ခြေထောက်က သစ်ပင်လူသား၏ ဦးခေါင်းကို တကယ်ကြီး ဖောက်ထွင်းသွားခဲ့သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း ထို့အတူပင်။

“ ဒါက မူလခန္ဓာကိုယ်မဟုတ်ဘူး ”

တစ်ချိန်တည်းမှာ ရွှီချင်း၏ အနောက်နှင့် ပေတစ်ရာအကွာတွင် သစ်ပင်လူသားအသွင်ပြောင်းလဲထားသော ကျင့်ကြံသူ၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ မူလခန္ဓာကိုယ်ဖြစ်သည်။

“ တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေအနားက နိယာမတွေကို မင်းနားမလည်တာ စိတ်မကောင်းစရာပဲ ”

သူ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး အေးစက်စက်အပြုံး ထွက်ပေါ်လာသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး အဝေးမှာရှိနေသော ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ အဆုံးမဲ့သော အလင်းတန်းများသည် လျှပ်စီးမြွေများသို့ အသွင်ပြောင်းလဲသွားကြပြီး ရွှီချင်းဆီသို့ နေရာပေါင်းစုံမှ တန်းမတ်စွာ ပျံသန်းသွားကြသည်။ သူက ရွှီချင်းကို ရှောင်တိမ်းရန် အခွင့်အရေးတစ်ခုပင် မပေးပေ။

ရွှီချင်း၏ ညာလက်ကို ဖမ်းဆုပ်ထားသော ဧရာမလက်သည်လည်း ဧရာမလောက်ကောင်သို့ အသွင်ပြောင်းလဲသွားပြီး ရုတ်တရက် ပေါက်ကွဲသွားသည်။

ပေါက်ကွဲသံများသည် ကောင်းကင်အထိ ပဲ့တင်ထပ်သွားသည်။ သစ်ပင်လူသား၏ မူလခန္ဓာကိုယ်သည် အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။ သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်လေရာ အရေအတွက်များပြားသော သစ်ပင်အကိုင်းအခတ်များသည် အတူတကွ စုဝေးသွားကြပြီး ကြီးမားသော တိုက်ပွဲပုဆိန်တစ်လက်သို့ ပြောင်းလဲသွားကာ ရွှီချင်းဆီသို့ ဦးတည်သွားသည်။

ရွှီချင်းသည် မြန်ဆန်စွာ အနောက်ဆုတ်သွားသော်လည်း အလင်းကန်၏ နယ်နိမိတ်နှင့် လောက်ကောင်၏ ပေါက်ကွဲမှုမှ မလွတ်မြောက်သွားခဲ့ပေ။ သို့သော်လည်း ရွှီချင်းသည် တိုက်ပွဲအတွေ့အကြုံ များပြားသူဖြစ်သည်။ ဤအခိုက်အတန့်မှာ သက်တံ့အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

တစ်ချိန်တည်းမှာ သူက ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ဖိချလိုက်လေရာ သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။ အက်ကွဲသံနှင့်အတူ အသည်းခိုက်အောင် နာကျင်သော်လည်း သူက ပခုံးအဆစ်ကို ပြန်ဆက်နိုင်သွားသည်။

ကျောက်ရှာအလင်းသည် ပေါ်လျှိုးထွက်လာသည်နှင့်ချက်ချင်း အပြင်ဘက်သို့ ပြန့်ကားထွက်လာပြီး လျှပ်စီးမြွေအများအပြားကို လွင့်ပြယ်သွားစေသည်။ တစ်ဆက်တည်းမှာ အရိပ်လေးသည် သူ၏ ဘေးတွင် ပေါ်လျှိုးလာပြီး ပိုးအိမ်ပမာ အသွင်ပြောင်းလဲလိုက်ကာ သူ့ကို လွှမ်းခြုံလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူက အကြွင်းအကျန်အင်အားများကို ရှောင်ရှားနိုင်သွားသည်။ ပဲ့တင်ထပ်သံများကြားမှာ အရိပ်လေး၏ ပိုးအိမ်သည် ပေတစ်ရာအကွာအဝေးသို့ ပြုတ်ကျသွားသည်။ ယင်းက မြေပြင်နှင့် ထိတွေ့သွားသည့်အခါ အရိပ်လေးသည် ပျောက်ကွယ်သွားပြီး အထဲမှ ရွှီချင်း၏ ပုံရိပ်ထွက်ပေါ်လာသည်။

သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ့ဆီသို့ ချဉ်းကပ်လာနေသော သစ်ပင်လူသားကျင့်ကြံသူကို ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ အချိန်ကို ရေတွက်လိုက်သည်နှင့် နေနာရီငါးခု၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

အချိန်နောက်ပြန်ဆုတ်စမ်း…

နေနာရီသက်စောင့်မီးအိမ်ငါးခုက အရောင်တောက်ပလာသည်နှင့်ချက်ချင်း အချိန်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာပြီး ရွှီချင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ယင်းက သူ၏ ပုံရိပ်ကို မူလနေရာမှ ဖျောက်ဖျက်ပစ်လိုက်ရုံသာမက လွန်ခဲ့သော ခုနစ်စက္ကန့်က သူရှိနေခဲ့သော နေရာမှာ ပြန်ပေါ်လာစေသည်။

ထိုနေရာသည် သစ်ပင်လူသားကျင့်ကြံသူ၏ အနောက်မှာ ဖြစ်သည်။

“ အချိန်ဥပဒေသလား… မဖြစ်နိုင်တာ ”

သစ်ပင်လူသားကျင့်ကြံသူသည် ထိတ်လန့်သွားပြီး သူ၏ သူငယ်အိမ်သည် ကျုံ့သွားသည်။

ထိုသို့မမျှော်လင့်ထားသော အပြောင်းအလဲက သူ့ကို ပထမဆုံးအကြိမ် သတိလက်လွတ်ဖြစ်သွားစေသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားသည် ရွှီချင်းထက် သာလွန်သော်လည်း အစောနက ထိပ်တိုက် တွေ့ဆုံမှုတွင် သူ၏ ပြိုင်ဘက်သည် အတတ်ပညာမျိုးစုံ တတ်ကျွမ်းပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝကြောင်း ပြသခဲ့ပြီးပြီ ဖြစ်သည်။ သူတို့ကြားမှ ကွာဟမှုသည် ထင်သလောက် မကြီးမားချေ။

စောစောက သူက အသာစီးရခဲ့ခြင်းမှာ သူ၏ ပြိုင်ဘက်က တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများဖြင့် တိုက်ခိုက်ခြင်းကို မရင်းနှီးသောကြောင့် ဖြစ်သည်။

ထို့ပြင် ယခု သူအသုံးပြုလိုက်သော အတတ်ပညာသည် သေချာပေါက် ဝှက်ဖဲဖြစ်ရမည်။ အခြေအနေကို နားလည်သွားသောအခါ သစ်ပင်လူသားကျင့်ကြံသူသည် ဆက်လက် မတိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ ယင်းအစား သူက သူ့ကိုယ်ပိုင် လျှို့ဝှက်ရတနာသိုက်ထဲမှာရှိသော နိယာမစွမ်းအင်များကို ထိန်းချုပ်လိုက်ပြီး ဤအခြေအနေမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နောက်ကျလွန်းသွားချေ၏။

ရွှီချင်းသည် လုံးဝတွန့်ဆုတ်မနေပေ။ အချိန်ရပ်တန့်ခြင်းစွမ်းအားကို အသက်သွင်းလိုက်သည်။ နေနာရီငါးခုစလုံး ပေါ်လျှိုးလာသည့်အခိုက် အံ့ဖွယ်ကောင်းသော စွမ်းအင်တစ်မျိုးဖြစ်ပေါ်လာပြီး သစ်ပင်လူသားကျင့်ကြံသူပေါ်သို့ ကျရောက်သွားသည်။

သူက တစ်ဖက်လူ၏ အချိန်နှင့် အရာအားလုံးကို ရပ်တန့်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ညာလက်ကို မြှောက်လိုက်လေရာ ဓားမြှောင်တစ်လက် ထွက်ပေါ်လာသည်။ သူက ဓားမြှောင်ဖြင့် သူ့အရှေ့မှ သစ်ပင်လူသားကျင့်ကြံသူ၏ လည်ပင်းကို အကြင်နာမဲ့စွာ ခုတ်ပိုင်းလိုက်သည်။

ရင်းနှီးသော အသံက ပျံ့လွင့်လာသည့်အခိုက် တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် တားမြစ်အဆိပ်ကို ထုတ်လွှတ်လိုက်ပြီး တစ်ဖက်လူ၏ အသက်ဓာတ်ကို ဖျက်ဆီးပစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ နေနာရီလက်တံများသည်လည်း အပြင်ဘက်သို့ မြန်ဆန်စွာ ပျံသန်းထွက်လာကြပြီး သက်တံ့အလင်းတန်းငါးခုသို့ ပြောင်းလဲသွားကာ သစ်ပင်လူသားကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကြသည်။

ရွှီချင်းက အစွမ်းကုန်ကို ထုတ်သုံးလိုက်သည့်အခါ ပေါက်ကွဲသံများက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

နောက်အခိုက်အတန့်မှာ သစ်ပင်လူသားကျင့်ကြံသူ၏ ဦးခေါင်းက လေထဲသို့ မြှောက်တတ်သွားသည်။ နေနာရီလက်တံငါးခု၏ ထိုးဖောက်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ အက်ကွဲထွက်သွားသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက မြေပြင်ပေါ်မှ အသားပုံကို ကြည့်လိုက်ပြီးနောက် ခေါင်းမော့လိုက်ကာ လေထဲမှ အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသား၏ နှလုံးသည် လှိုင်းထသွားသည်။ သို့သော်လည်း သူ၏ မျက်နှာ‌ပေါ်မှာ မည်သည့်အမူအရာမှ မရှိပေ။ သူက တည်ငြိမ်စွာ ပြောသည်။

“ အသက်သုံးဆယ်ခါရှူချိန်ကျန်သေးတယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ မျက်လုံးသည် မှေးကျဉ်းသွားပြီး မြေပြင်ပေါ်မှ အသားပုံကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မီးတောက်များ ထွက်ပေါ်လာပြီး မြေပြင်ကို လွှမ်းခြုံသွားကာ အသားပုံကို လောင်ကျွမ်းပစ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက မြန်ဆန်စွာ အနာက်ဆုတ်သွားသည်။

သို့သော်လည်း သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း အနီရောင်ဝဲကတော့ကိုးခုသည် စောစောက သစ်ပင်လူသားကျင့်ကြံသူ သေဆုံးသွားခဲ့သောနေရာမှာ ရုတ်တရက် တောက်ပလာကြသည်။ ထို့နောက် ယင်းတို့က ရွှီချင်းဆီသို့ ဦးတည်ပျံသန်းသွားကြသည်။

ရွှီချင်းက မည်သို့ရှောင်ရှားပါစေ ယင်းက အသုံးမဝင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ဝဲကတော့ကိုးခု၏ လွှမ်းခြုံခံလိုက်ရသည်။

ထိုဝဲကတော့ကိုးခုသည် သူ့အား ဝန်းရံထားပြီး အလင်းရောင် တောက်ပလာသည်။ ထို့နောက် ဝုန်းခနဲမြည်သံ ပေါက်ကွဲထွက်လာပြီး လျှို့ဝှက်ရတနာသိုက်ပုံရိပ်ယောင်တစ်ခု ချက်ချင်း ဖွဲ့စည်းလာသည်။

အဝေးမှကြည့်လျှင် ရွှီချင်းက ထိုလျှို့ဝှက်ရတနာသိုက်ထဲမှာ ရှိနေသည်။

“ လျှို့ဝှက်သန့်စင်ခြင်း ”

သစ်ပင်လူသားကျင့်ကြံသူ၏ အသံသည် ထိုလျှို့ဝှက်ရတနာသိုက်ပုံရိပ်ယောင်ထဲမှ မြည်ဟိန်းထွက်လာသည်။ ကြီးကျယ်မြင့်မြတ်သော စွမ်းအားတစ်မျိုးက ချက်ချင်း ပေါ်လျှိုးလာပြီး မရေမတွက်နိုင်သော အသေးစား ဥပဒေသများအဖြစ်သို့ ပြောင်းလဲသွားကြကာ နေ၊ လနှင့် ကြယ်များ ဖြစ်ပေါ်လာကြသည်။ ရေခဲနှင့် မီးလျှံသည် အားကောင်းစွာ ထွက်ပေါ်လာပြီး ရွှီချင်းကို သန့်စင်ပစ်ရန် အချုပ်အနှောင်တစ်ခုကို ဖန်တီးပစ်လိုက်သည်။

နေနှင့်လသည် သူ၏ အသိစိတ်ကို ချုပ်နှောင်ထားပြီး ရေခဲနှင့် မီးလျှံသည် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပစ်နေသည်။ မိုးကြိုးနှင့် ကောင်းကင်လေသည် သူ့အား အဘက်ဘက်မှ တိုက်ခိုက်နေသည်။

ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် အပြင်းအထန် တုန်ခါလာသည်။ သူ၏ စိတ်အာရုံထဲမှာ သူက အစောနက နေရာမှာသာ ရှိနေသေးကြောင်း သေချာသော်လည်း သူက တခြားနယ်မြေလွတ်တစ်ခုထဲမှာ ရှိနေသည်ဟု ခံစားနေမိသည်။

နေရာတိုင်းမှာ ဖြစ်ပေါ်နေ‌သည့် ဖိနှိပ်ခံရသော အာရုံခံစားမှုနှင့် သန့်စင်ခံရသော အာရုံခံစားမှုသည် သူ၏ ဝိညာဉ်ကို ချေမွဖျက်ဆီးပစ်ပြီး အသွေးအသားအားလုံးကို လောင်ကျွမ်းပစ်ချင်နေဟန် ရသည်။ ပြင်းထန်သော နာကျင်မှုသည် သူ့ခန္ဓာကိုယ်၏ တစ်လက်မစီတိုင်းမှ ထွက်ပေါ်နေပြီး သူ၏ တစ်ကိုယ်လုံးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နေသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို အာရုံခံလိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေရင်း လေးနက်သော အဓိပ္ပာယ်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဖြည်းညင်းစွာ ပြောသည်။

“ အခု မင်းရင်ဆိုင်နေရတာက အစစ်အမှန်တာအိုပျိုးထောင်ခြင်းပဲ… တကယ်လို့ မင်းမရုန်းထွက်နိုင်ရင် ဖိနှိပ်ခံရပြီး သန့်စင်ခံရလိမ့်မယ် ”

အိမ်ရှေ့စံမင်းသား၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ သန့်စင်ခြင်းစိတ်ဆန္ဒသည် ပိုပြီးအားကောင်းလာသည်။ အဝေးမှကြည့်လျှင် လျှို့ဝှက်ရတနာသိုက်ပုံရိပ်ယောင်သည် သစ်ပင်လူသားကျင့်ကြံသူ၏ ခန္ဓာကိုယ်အဖြစ်သို့ အသွင်ပြောင်းလဲသွားနေကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ဒီဟာက ကောင်းကင်ဘုံတာအိုမရှိသေးတဲ့ လျှို့ဝှက်ရတနာသိုက်လား ”

“ ဒီထဲမှာ ကောင်းကင်ဘုံတာအိုမရှိဘူးဆိုမှတော့ ငါမင်းကို တစ်ခုပေးမယ် ”

“ မိုဆာဆော ”

All Chapters