← Chapters

ဘိုးဘေး… သူခိုးက ဆေးဆိုင်ထဲမှာပါ

Vol. 63 Ch. 987

ဘိုးဘေး… သူခိုးက ဆေးဆိုင်ထဲမှာပါ

Vol. 63 Ch. 987

ရွှီချင်းထွက်သွားပြီး တစ်နာရီကြာပြီးနောက် ဘုရားကျောင်းထဲမှ နောက်လိုက်ခုနစ်ယောက်ရှစ်ယောက်သည် သူတို့၏ အတွေးများကို ပြန်စုစည်းနိုင်သွားသည်။ သူတို့အားလုံးသည် စိတ်လှုပ်ရှားသော အမူအရာဖြင့် ဘုရားကျောင်းအပြင်ဘက်သို့ လျှောက်သွားကြသည်။

သူတို့က ဘုရားကျောင်းအပြင်ဘက်မှာ ထွက်ပေါ်လာသည့်အခိုက် အပြင်ဘက်၌ နေ့စဉ်ထိုင်စောင့်နေကြသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင်က ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တယ် ”

လူထွားကြီးသည် အရှေ့သို့ ထွက်လျှောက်လာပြီး လူအုပ်ကြီး၏ အရှေ့မှာ ရပ်လိုက်သည်။ သူ၏ အသံသည် ခေါင်းလောင်းမြည်သံပမာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

“ လာမယ့်ဆယ်ရက်မြောက်နေ့မှာ ဆရာသခင်က ထူးခြားတဲ့ ဆေးလုံးတစ်မျိုးကို ထုတ်လွှတ်လိမ့်မယ် ”

“ အဲ့ဒီဆေးလုံးက အရင်က ကျိန်စာလျှော့ပေါ့ဆေးလုံးတွေနဲ့ ခြားနားလိမ့်မယ်… အဲ့ဒါက လပုန်ကန်ခန်းမထဲမှာ တစ်ခါမှ ပေါ်မလာဖူးသေးတဲ့ အကျိုးအာနိသင်ကို ပေးစွမ်းလိမ့်မယ် ”

“ ဆေးအာနိသင်က အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်လောက်‌အောင် အံ့ဖွယ်ကောင်းတယ် ”

သူ၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ ရုပ်တုများ၏ အမူအရာသည် ပြောင်းလဲသွားကြပြီး စိတ်ဝင်တစား အာရုံစိုက်လာကြသည်။

ဤသည်ကို မြင်သောအခါ လူထွားကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အမူအရာ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ အသံသည် ကောင်းကင်ဘုံမိုးကြိုးသွားသဖွယ် ထပ်မံမြည်ဟိန်းထွက်လာသည်။

“ ငါအများကြီး မပြောဘူး… အဲ့ဒီဆေးလုံးက ကျိန်စာထကြွတဲ့အခါ ခံစားရမယ့် နာကျင်မှုကို သက်သာစေရုံတင်မကဘူး ကျိန်စာကိုပါ ဖယ်ရှားပစ်နိုင်တယ် ”

“ အဲ့ဒီဆေးလုံးကို ကျိန်စာဖယ်ရှားဆေးလုံးလို့ ခေါ်တယ် ”

သူက ထိုစကားများကို ပြောလိုက်သည့်အခါ ဘုရားကျောင်းအပြင်ဘက်မှ ရုပ်တုအားလုံးသည် တုန်ရီသွားကြသည်။ သူတို့၏ နှလုံးသားထဲမှာ လှိုင်းတံပိုးထသွားပြီး မယုံကြည်နိုင်မှုက သူတို့၏ မျက်နှာကို ကြီးစိုးသွားသည်။

တစ်စုံတစ်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။

“ ကျိန်စာဖယ်ရှားဆေးလုံးဟုတ်လား… ကျိန်စာကို ဖယ်ရှားနိုင်တယ် ”

“ အဲ့ဒါဖြစ်နိုင်လို့လား ”

“အဲ့ဒါက နီလာနတ်သမီးရဲ့ ကျိန်စာနော်… ဘယ်သူကများ ကျိန်စာဖယ်ရှားနိုင်တယ်လို့ ပြောရဲလဲ ”

ဆူပူအုံကြွမှုသည် ဘုရားကျောင်းရှေ့မှာ ဖြစ်ပေါ်လာသည်။ အပြင်ဘက်တွင် ရုပ်တုဒါဇင်ခန့်သာ ရှိသော်လည်း ထိုထိတ်လန့်ဖွယ်ရာသတင်းက သူတို့အား လူတစ်ရာရှိသကဲ့သို့ အော်ဟစ်သံများ ဖြစ်ပေါ်လာစေသည်။

ဤသည်ကို မြင်သောအခါ လူထွားကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ နောက်ဆယ်ရက်နေရင် ဆရာသခင်က ပြန်ရောက်လာပြီး အဲ့ဒီဆေးလုံးကို ဒီမှာ ပထမဆုံးအကြိမ် ထုတ်လွှတ်လိမ့်မယ်… အားလုံးပဲ ငါတို့တွေ ဒီဆယ်ရက်လေးမှာ တိတ်တဆိတ် ထိုင်စောင့်နေကြပြီး အဲ့ဒီအံ့ဖွယ်အခိုက်အတန့်ကို အတူတူ သက်သေပြုကြရအောင် ”

ထိုသို့ပြောပြီးနောက် သူက ဘေးသို့ လှည့်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ တခြားနောက်လိုက်များသည်လည်း သတင်းဖြန့်ကြသည်။ ယခင်က သူတို့၏ ဆွေးနွေးတိုင်ပင်ထားမှုအရ သူတို့သည် ဤကိစ္စကို ဆယ်ရက်အတွင်းမှာ လပုန်ကန်ခန်းမတစ်ခုလုံး ပျံ့နှံ့သွားအောင် ဖြန့်ရန် အကောင်းဆုံး ကြိုးစားကြလိမ့်မည်။

အမှန်မှာ ဤကိစ္စက အားစိုက်ထုတ်ရန် လိုအပ်သော ကိစ္စမဟုတ်ကြောင်း သူတို့နားလည်ထားကြသည်။ သူတို့က နည်းနည်းလေး သတင်းဖြန့်လိုက်ရုံဖြင့် ဤကိစ္စသည် နေရာတိုင်းမှာ သေချာပေါက် ဆူပူအုံကြွသွားလိမ့်မည်။

မည်သို့ဖြစ်ပါစေ အမှတ်ကိုးဆေးလုံးဆရာသခင်၏ နာမည်သည် လပုန်ကန်ခန်းမထဲမှာ အတော်လေး နာမည်ကျော်ကြားပြီး လူအများအပြား၏ အာရုံစိုက်ခြင်းခံရသည်။ သို့ဖြစ်၍ သူ၏ နှုတ်မှထွက်သော ထိုစကားများသည် သေချာပေါက် ဂယက်ထစေလိမ့်မည်။

လာမည့်ဆယ်ရက်အတောအတွင်း သံသယများက လပုန်ကန်ခန်းမထဲမှာ တစ်ခါမှမဖြစ်စဖူး ထွက်ပေါ်လာလိမ့်မည်ကို မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

သူတို့က သတင်းဖြန့်လိုက်သည့်အခါ ဘုရားကျောင်းအပြင်ဘက်မှ ရုပ်တုများသည် ဆက်ပြီးသတင်းဖြန့်ရန် လူစုခွဲသွားကြသည်။

‘ ကျိန်စာဖယ်ရှားဆေးလုံး ’ဟူသော စကားလုံး၏ အဓိပ္ပာယ်သည် အလွန်ကြီးမားလှသည်။

အမှန်တရားသည် နောက်လိုက်များ မျှော်လင့်ထားသကဲ့သို့ပင်။ အမှန်မှာ သူတို့မျှော်လင့်ထားသည့်ထက်ပင် ပိုပြီးကြီးမားနေသည်။ သတင်းပျံ့နှံ့သွားပြီးနောက် လေးရက်မြောက်နေ့တွင် မုန်တိုင်းတစ်ခုသည် လပုန်ကန်ခန်းမထဲမှာ ပေါ်လျှိုးလာသည်။

ဤသတင်းကိုကြားသော လူတိုင်းသည် ထိတ်လန့်သွားကြသည်။ ထို့နောက် အဆုံးမဲ့သော သံသယများက နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။

“ ငတုံးတွေပဲ ဒီလိုပေါက်ကရဟာကို ယုံလိမ့်မယ် ”

“ နတ်ဘုရားကျိန်စာကို ဖယ်ရှားနိုင်တယ်လို့ တစ်ယောက်ယောက်က ပြောရဲတယ်… အဓိပ္ပာယ်မရှိတာ ”

“ အဲ့ဒါက နတ်ဘုရားကျိန်စာလေ… အဲ့လိုပြောရအောင် အမှတ်ကိုးဆေးလုံးဆရာသခင်က နတ်ဘုရားမို့လို့လား ”

“ ဒါပေမဲ့… တကယ်လို့များ… အဲ့ဒါက တကယ်ပဲ ကျိန်စာဖယ်ရှားနိုင်တယ်ဆိုရင်ရော… အဲ့ဒါက ပမာဏနည်းနည်းလေးပဲ ဆိုရင်တောင်မှပေါ့… ”

မရေမတွက်နိုင်သော သံသယများကြားထဲတွင် ‘ တကယ်လို့များ ’ဟူသော စကားလုံးလည်း ရောထွေးနေလေရာ လူအများအပြားကို တုံ့ဆိုင်းသွားစေသည်။ မျှော်လင့်ချက်မီးတောက်သည် လူတိုင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

လဝတ်ပြုဒေသကြီးထဲမှာ နေထိုင်ကြသော လူအများစု၏ မျှော်လင့်ချက်မီးတောက်က ငြိမ်းသတ်သွားခဲ့သည်မှာ ကြာလှချေ၏။ ဖြစ်နိုင်သည်မှာ လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ကြသူတိုင်းသည် သူတို့၏ ကံကြမ္မာကို လက်မခံချင်ကြသူများ ဖြစ်ကြသည်။

သို့ဖြစ်၍ ထိုမီးတောက်သည် ဤအခိုက်အတန့်မှာ တဖန်ပြန်တောက်လောင်လာသည်။

သို့သော်လည်း ယင်းက သံသယကို မရှင်းထုတ်ပစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ပိုပြီးမြင့်လေ အကျပိုနာလေဟူသော ဆိုရိုးစကားရှိသောကြောင့် ဖြစ်သည်။ သူတို့က မျှော်လင့်ချက်ပိုပြီးထားလေ ပိုပြီးစိတ်ပျက်ရလေ ဖြစ်မည်ကို ကြောက်ကြသည်။ ယင်းက လပုန်ကန်ခန်းမထဲမှ သာမန်အဖွဲ့ဝင်များအတွက် မှန်ကန်ပေသည်။ အထူးသဖြင့် ဆေးပညာတတ်ကျွမ်းပြီး ကျိန်စာကို စူးစမ်းလေ့လာနေကြသူများ ဖြစ်ကြသည်။

“ ငါတို့ကျင့်ကြံသူတွေ အမုန်းဆုံးက အလွန်အကြူး ကြွားဝါတာပဲ… အဲ့ဒီအမှတ်ကိုးဆေးလုံးဆရာသခင်ရဲ့ စကားက အရမ်းအဓိပ္ပာယ်မဲ့လွန်းတယ် ”

“ အဲ့ဒီလူက မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကို ပေးတယ်… တကယ်လို့ လူတွေမျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် အားလုံးက အဆုံးစွန် စိတ်ပျက်သွားကြလိမ့်မယ်… အဲ့ဒီအခါ သူ့ရဲ့ ဂုဏ်သတင်းက ရောစုန်မျောပြီပဲ ”

“ ကျိန်စာဖယ်ရှားဆေးလုံး… ကျိန်စာဖယ်ရှားဆေးလုံး… အပြောက အလုပ်ထက် ပိုလွယ်တယ်… ဟိုးရှေးခေတ်ကတည်းက ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး… အဲ့ဒီလူက နတ်ဘုရား ဒါမှမဟုတ် နတ်ဘုရားသားတော် မဟုတ်သရွေ့ပေါ့ ”

မရေမတွက်နိုင်သော စကားသံများသည် ဤရက်များတွင် မုန်တိုင်းသဖွယ် ထွက်ပေါ်လာပြီး လပုန်ကန်ခန်းမထဲမှာ ကြီးမားသော လှိုင်းဂယက်များ ထလာစေသည်။ လပုန်ကန်ခန်းမထဲမှ ရာထူးမြင့်မားသော အဖွဲ့ဝင်များသည်ပင် ဤသတင်းကို ကြားပြီးနောက် အာရုံစိုက်လာကြသည်။

ထိုအထဲတွင် ယုံကြည်သူများရှိသော်လည်း ကိုးဆယ်ရာခိုင်နှုန်းခန့်သည် မကောင်းသောအမြင် ရှိကြသည်။

တစ်ချိန်တည်းမှာ အချိန်အတာ်ကြာ တံခါးပိတ်ထားကြသော ဆရာသခင်တချို့လည်း ပြန်ထွက်ပေါ်လာကြသည်။ တချို့သည် သူတို့၏ အမြင်ကို ထုတ်ဖော်ပြောကြပြီး တချို့သည် ဤသတင်း၏ ဖြစ်နိုင်ခြေကို တစ်ခြားလူများနှင့် ဆွေးနွေးတိုင်ပင်ကြသည်။

ထိုအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီး၏ အရှေ့ပိုင်းဒေသထဲ၌ ကောင်းကင်ဘုံမီးတောက်ပင်လယ်နှင့် အတန်ငယ် ကွာဝေးသော နေရာတွင် ကိုးရောင်ခြယ်လွင်ပြင်တစ်ခု တည်ရှိသည်။ ထိုနေရာတွင် ပုန်းကွယ်နေသော ဆရာသခင်တစ်ပါး ရှိသည်။

ယခုအချိန်မှာတော့ တစ်စုံတစ်ယောက်သည် ထိုဆရာသခင်ပုန်းကွယ်နေသော ဂူဆီသို့ မြန်ဆန်စွာ ချဉ်းကပ်ရောက်ရှိလာနေသည်။ ထိုသူက မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး ဆေးပုလင်းတစ်လုံးကို မြင့်မြင့်မြှောက်လိုက်သည်။

“ ဆရာ… အမှတ်ကိုးဆေးလုံးဆရာသခင်သန့်စင်ထားတဲ့ ဒီကျိန်စာလျှော့ပေါ့ဆေးလုံးကို တစ်စုံတစ်ယောက်ဆီကနေ ကျွန်တော် ဝယ်လာပါတယ် ”

အချိန်အတော်ကြာပြီးနောက် ဂူကို ပိတ်ထားသော ကျောက်တံခါးသည် ပွင့်သွားသည်။ ထို့နောက် ဆွဲငင်အားသည် အထဲမှ ပျံ့လွင့်လာပြီး ဆေးပုလင်းကို လွှမ်းခြုံသွားကာ ဂူထဲသို့ ဆွဲယူသွားသည်။

ဂူထဲတွင် ဝတ်ရုံဖြူဝတ် အဖိုးအိုသည် တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် မျက်လုံးနီရှဉ့်များ ဒါဇင်ခန့်ရှိပြီး ရှဉ့်တစ်ကောင်စီသည် အံ့ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ ၎င်းတို့အားလုံးသည် လူသားများသဖွယ် တင်ပျဉ်ခွေလျက် ထိုင်နေကြသည်။

ဆေးပုလင်းက ပျံသန်းရောက်လာသည့်အခါ အဖိုးအိုသည် ယင်းကို အမူအရာကင်းမဲ့စွာ ဖမ်းဆုပ်လိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ သူက တစ်ချက်အနံ့ခံကြည့်ပြီးနောက် ဆေးလုံးကို အပြင်သို့ ထုတ်လိုက်ပြီး အကြိမ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။

“ ဒီထဲမှာ အစိမ်းရောင်သဲကန္တာရက အဖြူရောင်လေရဲ့ အရှိန်အဝါရှိတယ် ”

“ ဒီဆေးလုံးက အဖြူရောင်လေရဲ့ အသက်ဓာတ်စွမ်းအင်ကို အခြေခံပြီး အနီရောင်လရဲ့ ကျိန်စာနဲ့ သဟဇာတဖြစ်အောင် ဖန်တီးထားတာပဲ… ဒါပေမဲ့ လက်တွေ့မှာတော့ ဒီနည်းလမ်းက ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက စွန့်ပစ်ထားခဲ့တဲ့ နည်းလမ်းဟောင်းပဲ ”

“ ဒီဆေးလုံးကို သောက်သုံးတဲ့လူက အစမှာ ဘာအန္တရာယ်မှ မရှိဘူး… ဒါပေမဲ့ အချိန်ကြာကြာ သုံးစွဲမယ်ဆိုရင် သေချာပေါက် ဆိုးကျိုးရှိလာလိမ့်မယ် ”

အဖိုးအိုသည် တည်ငြိမ်စွာ ပြောသည်။

ဂူအပြင်ဘက်မှ ကျင့်ကြံသူသည် ရိုသေလေးစားသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ အမှန်ပါပဲ… အဲ့ဒါကြောင့် ဒီဆေးလုံးက ဈေးပေါတာဖြစ်ပါမယ်… ဆရာရဲ့ အသိပညာက အတိုင်းအဆမဲ့အောင် ကြီးမားလှပါတယ် ”

အဖိုးအိုသည် ဆေးလုံးကို ဆက်လက်လေ့လာလိုက်ပြီး ထပ်မံဆိတ်လိုက်သည်။ နောက်ဆုံးမှာတော့ သူက ခေါင်းခါလိုက်သည်။

“ ဆေးပင်တချို့ကလည်း ရောနှောပါဝင်နေတယ်… ပြီးတော့ အမည်မသိ ပစ္စည်းတွေရောပဲ… ဒါပေမဲ့ အလုံးစုံခြုံငုံကြည့်လိုက်ရင် ဆေးလုံးဖန်တီးပုံက မှားယွင်းနေတယ် ”

“ ဒီနေ့ခေတ် ဆေးလုံးပညာရှင်တွေက သေချာမကျင့်ကြံကြသလို စနစ်တကျ မလေ့လာချင်ကြဘူး… သူတို့က ဖြတ်လမ်းတွေကို အသုံးပြုပြီး လူအထင်ကြီးတာ ခံချင်ကြတယ်… သူတို့ကြောင့် အနာဂတ်မှာ ဒုက္ခရောက်တဲ့လူတွေ သေချာပေါက် များပြားလာလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် အဖိုးအိုသည် လက်ဝှေ့ယမ်းလိုက်ပြီး ကျိန်စာလျှော့ပေါ့ဆေးလုံးကို ဘေးနားမှ ရှဉ့်တစ်ကောင်ဆီသို့ လွှတ်ပစ်လိုက်သည်။ ထိုရှဉ့်လေးသည် ဆေးလုံးကို ကောက်ယူလိုက်ပြီး မျိုချလိုက်သည်။

“ သာမညောင်ညအဆင့်ပါပဲ ”

အဖိုးအိုသည် ဆက်လက် အာရုံမထားတော့ပေ။ သူက ဂူအပြင်ဘက်သို့ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒီလုပ်ရပ်က မကောင်းတဲ့ အကျင့်စရိုက်ကို ဖော်ပြလိုက်တာပဲ… အဲ့လိုလူတွေကို သေချာပေါက် အပြစ်ဒဏ်ပေးရမယ်… လပုန်ကန်ခန်းမဆီ ပြန်သွားပြီးတော့ အဆင့်မြှင့်ထားတဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးကို ငါထုတ်လွှတ်မယ်လို့ အကြောင်းကြားလိုက်ပါ… နောက်ခြောက်ရက်ကြာရင် အမှတ်ကိုးဆေးလုံးဆရာသခင်နဲ့ တစ်ရက်တည်းမှာ ဆေးလုံးအသစ်ကို ငါထုတ်လွှတ်မယ် ”

“ ငါအဆင့်မြှင့်ထားတဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးက ဆန်းသစ်တီထွင်ထားတဲ့ ဆေးလုံးပဲ… အဲ့ဒါရဲ့ ဆေးအာနိသင်က ပုံမှန်ကျိန်စာလျှော့ပေါ့ဆေးလုံးထက် နှစ်ဆပိုကောင်းတယ်… ပြီးတော့ ဘေးထွက်ဆိုးကျိုးက အရင်ကထက် ထက်ဝက်လျော့ကျသွားလိမ့်မယ် ”

အဖိုးအို၏ စကားဆုံးသွားသည့်အခါ ဂူအပြင်ဘက်မှ တပည့်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ကြီးမားသော လှိုင်းဂယက်များသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူက အချိန်အတော်ကြာ မိန်းမောတွေဝေနေပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဂူထဲမှ ပြန်ထွက်သွားသည်။ သူက ဤကိစ္စကို ကြေညာရန် လပုန်ကန်ခန်းမဆီသို့ ဦးတည်သွားသည်။

မကြာမီ ထိုကိစ္စကြောင့် လပုန်ကန်ခန်းမထဲမှာ နောက်ထပ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ ဆရာသခင်ရှန့်လော့က နောက်ခြောက်ရက်ကြာရင် အဆင့်မြှင့်ထားတဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးကို ထုတ်လွှတ်မယ်တဲ့ ”

“ ဆေးအာနိသင်က အရင်ဆေးလုံးတွေထက် ပိုကောင်းမွန်ပြီး ဘေးထွက်ဆိုးကျိုးက ထက်ဝက်တောင် လျော့ချသွားမယ်တဲ့… ဒါက တကယ့်အံ့ဖွယ်ဆေးလုံးပဲ… ဟိုကျိန်စာဖယ်ရှားဆေးလုံးထက် အများကြီး ပိုကောင်းတယ် ”

“ ဆရာသခင်ရှန့်လော့ရဲ့ နာမည်က ဂုဏ်သတင်းပေါ်မှာ အခြေခံတယ်… ဟိုအမှတ်ကိုးဆေးလုံးဆရာသခင်လို လူတွေကို လှည့်စားပြီး အာရုံစိုက်ခံချင်နေတဲ့လူမဟုတ်ဘူး ”

ဤတစ်ကြိမ်တွင် ကျိန်စာဖယ်ရှားဆေးလုံးကို ဝေဖန်ခဲ့စဉ်ကနှင့် ဆန့်ကျင်ဘက် ဆရာသခင်ရှန့်လော့၏ အသစ်တီထွင်ထားသော ဆေးလုံးကို လူတိုင်းနီးပါးက ချီးမွမ်းကြပြီး မျှော်လင့်စောင့်ဆိုင်းနေကြသည်။ တစ်ချိန်တည်းမှာ သူတို့က ဆရာသခင်ရှန့်လော့ကို ချီးမွမ်းသည့်အခါတိုင်း ရွှီချင်း၏ ကျိန်စာဖယ်ရှားဆေးလုံးအကြောင်းကို ထည့်ပြောလေ့ရှိသည်။

ဆရာသခင်ရှန့်လော့၏ ကြေညာမှုနှင့်အတူ လပုန်ကန်ခန်းမထဲမှ မုန်တိုင်းသည် ပိုပြီးပြင်းထန်စွာ ဂယက်ထလာသည်။

လပုန်ကန်ခန်းမထဲမှ ထိုကိစ္စသည် အပြင်လောကထိပါ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်မှာ ဆေးလုံးမထုတ်လွှတ်ခင် နှစ်ရက်အလိုတွင် ရွှီချင်းက ကျိန်စာကို ဆက်လက်လေ့လာနေစဉ် ထူးဆန်းသော အမူအရာဖြင့် သူ့ဆီသို့ ရောက်လာသော ခေါင်းဆောင်ကို မြင်သွားသည်။

“ ချင်းလေး… မင်းတော့ ပြဿနာကြီးနဲ့ ကြုံရပြီ ”

ခေါင်းဆောင်သည် ရွှီချင်းကို သရော်လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ဘာကိစ္စလဲ ”

ဤသည်ကိုကြားသောအခါ ခေါင်းဆောင်သည် ဘဝင်မြင့်သော အမူအရာဖြင့် ရွှီချင်းနှင့် မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်လိုက်ပြီး ပြုံးလိုက်သည်။

“ ဘယ်လိုဖြစ်တာလဲ ချင်းလေး… မင်းက ငါ့ရဲ့ မိတ်ဆွေကောင်း အမှတ်ကိုးဆေးလုံးဆရာသခင်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား… အခု ဘာဖြစ်နေတယ်ဆိုတာ မင်းဘာလို့မသိရတာလဲ… ဒီမှာ ငါမင်းကို ပြောပြမယ်… မင်းက အခု လပုန်ကန်ခန်းမထဲမှာ ခေါင်းကြီးပိုင်းထဲဝင်နေပြီ ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး မက်မွန်သီးတစ်လုံးကို ကိုက်စားလိုက်သည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ခေါင်းညိတ်လိုက်သည်။

“ မင်းက အခုထိ ဟန်ဆောင်နေသေးတာလား ”

ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ရွှီချင်း၏ ပခုံးကို ပုတ်လိုက်သည်။

“ ချင်းလေး… ငါမင်းကို ဒီရက်တွေမှာ အာရုံစိုက်နေခဲ့တာ… မင်း လပုန်ကန်ခန်းမထဲ ဝင်သွားတဲ့ အားလှိုင်းအတတ်အကျကို ငါအာရုံမခံမိဘူး… အထူးသဖြင့် ဆရာသခင်ပြန်ရောက်လာတဲ့နေမှာ ငါက သူ့ဘုရားကျောင်းထဲမှာ ရှိနေခဲ့တာ ”

“ ပြီးသွားတော့ ချက်ချင်း ငါပြန်ရောက်လာပြီး မင်းကို လိုက်ရှာတော့ မင်းက အဖိုးနဲ့ စစ်တုရင်ကစားနေတယ်… ဒီတော့ ငါတို့ညီအကိုတွေကြားမှာ မင်းအခုလို ကြွားဝါနေစရာမလိုပါဘူး ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

ရွှီချင်းသည် အတွေးနက်သွားသည်။ အိမ်ရှေ့စံမင်းသားနှင့် စစ်တုရင်ကစားခြင်းကို သူမမှတ်မိပေ။ ထို့ကြောင့် သူက အိမ်ရှေ့စံမင်းသားနေထိုင်သော ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ပြီး ဘုရားကျောင်းထဲမှ ရုပ်တုများကို ပြန်တွေးလိုက်သည်။

ကံမကောင်းစွာဖြင့် လပုန်ကန်ခန်းမထဲမှ ဖုံးကွယ်စွမ်းအားကြောင့် ခေါင်းဆောင်က အမှန်တကယ်ပဲ ဘုရားကျောင်းထဲမှ ရုပ်တုများအနက် တစ်ခုဖြစ်ကြောင်း သူသေချာမပြောနိုင်ပေ။

သို့သော်လည်း ခေါင်းဆောင်က အလွန်စိတ်လှုပ်ရှားနေသည်ကို သူမြင်သောအခါ တစ်ဖက်လူ၏ ချိုမြိန်သော အိမ်မက်လှလှကို မဖျက်ဆီးသင့်ကြောင်း ခံစားမိသွားသည်။ ထို့ကြောင့် သူက တည်ငြိမ်စွာ ပြောသည်။

“ မင်းရဲ့ မိတ်ဆွေကောင်းက ဘာဖြစ်လို့လဲ ”

“ ဘာမှအထွေအထူး မဟုတ်ပါဘူးကွာ… သူက နောက်ထပ် ရက်နည်းနည်းကြာရင် ဆေးလုံးအသစ်တစ်မျိုးကို ထုတ်လွှတ်မယ်လို့ ကြေညာခဲ့တယ်… ဒီနေ့ ငါသူ့ကို သွားရှာတော့ အဲ့ဒီဆေးလုံး သူငါ့ကို ထုတ်ပြတယ်… အဲ့ဒါက သာမန်အရည်အသွေးပဲ ရှိတယ်လို့ ငါထင်တယ် ”

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်သည်။

“ ဒါပေမဲ့ ဆေးလုံးက လက်ခံနိုင်လောက်တဲ့ အဆင့်မှာတော့ ရှိပါတယ်… အဲ့ဒါကြောင့် ငါသူ့ကို နှစ်သိမ့်ပေးလိုက်တယ်… သူက တော်တော် စိတ်ထိခိုက်သွားပြီး သူ့အရည်အချင်းက မေးခွန်းထုတ်ခံရတယ်လို့ ခံစားမိသွားတယ်… ဒါကြောင့် မေးခွန်းထုတ်ခံရတယ်ဆိုတာ တန်ဖိုးထားခံရလို့လို့ သူ့ကို ငါပြောပြလိုက်တယ် ”

“ ငါ့ရဲ့ ညွှန်ကြားမှုအောက်မှာ အမှတ်ကိုးက အသိပြန်ဝင်လာတယ်… သူက ငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ဆေးလုံးထုတ်လွှတ်တဲ့အခါကျရင် ဆေးလုံးတစ်လုံး လက်ဆောင်ပေးမယ်လို့ ငါ့ကို ကတိပေးခဲ့တယ် ”

“ ချင်းလေး… ဆေးလုံးကို ငါရတဲ့အခါကျရင် မင်းလေ့လာလို့ရအောင် ငါပေးမယ် ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ ရက်နည်းနည်းကြာပြီးနောက် လပုန်ကန်ခန်းမထဲသို့ သူဝင်ရောက်သည့်အခါကျလျှင် သူ၏ နောက်လိုက်များထဲမှာ မည်သူက ခေါင်းဆောင်ဖြစ်နိုင်ကြောင်း သေချာအကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဆေးလုံးထုတ်လွှတ်မည့်ရက်ရောက်ရန် တစ်ရက်သာ လိုတော့သည်။ ဆေးဆိုင်ရှိသော မြို့အပြင်ဘက်တွင် ကောင်းကင်သည် ရုတ်ချည်း လှုပ်ရှားထကြွလာသည်။ အလွန်အားကောင်းသော ဖိအားသည် သဲကန္တာရထဲမှ ပျံ့လွင့်လာပြီး မြို့ထဲသို့ တဝီဝီ ဦးတည်လာနေသည်။

အစိမ်းရောင်သဲမုန်တိုင်းသည်လည်း ဤအခိုက်အတန့်မှာ ကြမ်းကြုတ်လာသည်။ မိုးကြိုးသွားများသည် မုန်တိုင်းထဲမှာ ကူးခတ်ရွေ့လျားနေကြသည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် ပုံရိပ်အများအပြားက ထိုသဲမုန်တိုင်းထဲမှာ ရှိနေကြောင်း ဝိုးတိုးဝါးတား မြင်နိုင်လိမ့်မည်။

ထိုကျင့်ကြံသူများသည် ဝတ်ရုံဖြူဝတ်ဆင်ထားကြပြီး မျက်နှာကို ဖုံးအုပ်ထားကြသည်။ သို့သော်လည်း သူတို့၏ သွေးမျိုးစက်သည် အလွန်ထူးခြားဟန် ရသည်။ သူတို့က သဲမုန်တိုင်းဖြင့် ပေါင်းစပ်နိုင်ပုံပေါ်သည်။ လေတိုက်ခတ်သည့်နေရာတိုင်း သူတို့၏ ပုံရိပ်များက ထွက်ပေါ်လာလိမ့်မည်။

သူတို့သည် အရေအတွက်အားဖြင့် တစ်ထောင်ထက် မနည်းပေ။ သူတို့၏ တည်ရှိမှုကြောင့် အစိမ်းရောင်လေသည် အဖြူရောင်သို့ ပြောင်းလဲသွားနေသည်။

ဝိညာဉ်သိုက်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသော အားလှိုင်းအတတ်အကျငါးခုလည်း ရှိသည်။

အရှေ့ဆုံးမှ အရှိန်အဝါသည် ဝိညာဉ်သိုက်အဆင့်ဖြစ်သော်လည်း ၎င်း၏ အခွင့်အာဏာသည် ဗလာနတ္ထိအဆင့်သို့ အလွန်နီးကပ်နေပြီ ဖြစ်သည်။

ထိုသူသည် ဆံပင်ဖြူနေသော အဖိုးအိုဖြစ်သည်။ သူက အေးတိအေးစက် အမူအရာဖြင့် လက်နောက်ပစ်လျက် အရှေ့သို့ လျှောက်သွားနေသည်။ သူ၏ ပစ်မှတ်သည် ရွှီချင်း၏ ဆေးဆိုင်ရှိသော မြို့တော်ဖြစ်သည်။

သူ၏ အနောက်တွင် ဂျူနီယာတချို့ ရှိသည်။ သူတို့ထဲမှ တစ်ယောက်သည် အရိပ်လေးကို ဓားမြှောင်ဖြင့် တံစို့ထိုးစိုက်ခဲ့သည့် ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူဖြစ်သည်။

သူတို့သည် သဲကန္တာရ၏ ဆန်းကြယ်သော လေအစောင့်အရှောက်မျိုးနွယ်ဖြစ်သည်။

“ ဘိုးဘေး… အဲ့လူက အရှေ့က မြို့ထဲမှာပါ ”

“ အဲ့သူခိုးကောင်က ကျွန်တော်တို့ရဲ့ မြင့်မြတ်ရတနာကို ယူဆောင်သွားတဲ့နေ့မှာပဲ မျိုးနွယ်က သူ့ကို အလိုရှိဝရမ်း ထုတ်ပြန်လိုက်ပါတယ်… လက်တလော အဲ့သူခိုးကောင်က ဒီမြို့ထဲက ဆေးဆိုင်မှာရှိနေတယ်လို့ သတင်းရထားပါတယ် ”

ဝတ်ရုံဖြူအမျိုးသားသည် အံတင်းတင်းကြိတ်၍ ပြောသည်။ ဤသည်ကို ဘိုးဘေးကြားသောအခါ သူက တည်ငြိမ်စွာ ပြောသည်။

“ ငါ့မျိုးနွယ်က မလှုပ်ရှားတာ အတော်ကြာခဲ့ပြီ… ကြည့်ရတာ အစိမ်းရောင်သဲကန္တာရထဲက ကျင့်ကြံသူတွေက ငါတို့မျိုးနွယ်ရဲ့ ဂုဏ်သတင်းကို မေ့သွားကြပြီထင်တယ်… ဒီလိုဆိုမှတော့ ဒီအခွင့်အရေးကို အသုံးချပြီး အရင်က ငါတို့ရဲ့ ဂုဏ်သတင်းကို ပြန်တည်ဆောက်တာပေါ့… ဒီနေ့ကစလို့ အစိမ်းရောင်သဲကန္တာရထဲက ကျင့်ကြံသူတွေဟာ လေအစောင့်အရှောက်မျိုးနွယ်ရဲ့ နာမည်ကို အမြဲမှတ်မိနေရမယ် ”

အဝေးမှ မြို့သည် သူတို့၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။ မြို့ထဲမှ ဆေးဆိုင်ကိုလည်း ရှင်းလင်းစွာ မြင်နိုင်လာသည်။

All Chapters