ကပ်ဘေး ရောက်လာပြီ။
Vol. 27 Ch. 501
ရှဲ့မန်ရှန်း ရှဲ့ချုံရှန်းအား အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန် ကျားမိသားစုက တစ်ယောက် ပျာယာခတ်သော အမူအရာဖြင့်ရောက်လာ၏။ သူ ရှဲ့မန်ရှန်းကိုတွေ့တော့ အလျင်စလိုမေးလိုက်သည်။
"တစ်ယောက်ယောက် မင်းကို စစ်မေးဖို့ရောက်လာလား မင်း နန်းတော်မှာ အလုပ်လုပ်တဲ့နေရာက တစ်ယောက် ဖမ်းခံလိုက်ရတယ်လို့ကြားတယ် သူတို့က လာဘ်စားတာ လက်ခံပြီး လူအများကြီးကိုတောင် သတ်ခဲ့တယ်လို့ပြောတယ် သူတို့ ကွပ်မျက်ခံရမှာ"
ရှဲ့မန်ရှန်း မျက်နှာထား ပြောင်းသွားသည်။
"သူတို့က ဘယ်သူ့ကိုဖမ်းနေတာလဲ"
"မနေ့ညက သူတို့ဖမ်းခဲ့တာ လီမျိုးရိုးလို့ပြောတယ် မနက်ပိုင်းနဲ့နေ့ခင်းမှာ သူတို့တွေ နောက်ထပ်နှစ်ယောက်ကို ထပ်ဖမ်းမိတယ် သူတို့နာမည်တော့ ငါမသိဘူး အာဏာရှိသူတွေက စုံစမ်းစစ်ဆေးနေတုန်းပဲလို့ကြားခဲ့တယ်"
ကျားမိသားစု၏ ယောက်ဖက ပြောသည်။
ရှဲ့မန်ရှန်း ချက်ချင်း သူ့သွေးများ ခြောက်သွေ့ထားတဲ့အထိ စုပ်ယူခံလိုက်ရသလိုပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားသည်။
ကပ်ဘေး .. ကပ်ဘေးက ရောက်လာပြီ။
"ယောက်ဖ ဘယ်လောက်လောက် လာဘ်စားထားလဲ မင်းရော အဖမ်းခံရမှာလား လီမျိုးရိုးက အများကြီးလက်ခံထားတော့ ခေါင်းဖြတ်ခံရမယ်လို့ကြားတယ်"
သူ့ယောက်ဖက ထပ်ပြောသည်။
ရှဲ့မန်ရှန်း၏ ဦးနှောက်က ချက်ချင်းအလုပ်မလုပ်နိုင်တော့။
သူ ပိုက်ဆံဘယ်လောက် လက်ခံထားခဲ့မိလဲ။ ထိုအချိန်မှာ သူ လုံး၀မမှတ်မိတော့ပေ။
လီမျိုးရိုးက နှစ်ပေါင်းများစွာ ကြီးကြပ်သူဖြစ်ခဲ့တာကို သူသိသည်။ လူအများစုက သူ့ကို ဆရာလီလို့ခေါ်ကြပြီး သူ့နောက်မှာတစ်ယောက်ယောက်ရှိနေတယ်လို့တောင် ကြားဖူးသည်။ အခု သူလည်း ဖမ်းဆီးခံလိုက်ရသည် ..။
သူကျတော့ရော .. သူ့အလှည့်ရော ရောက်လာမှာလား။
ရှဲ့မန်ရှင်း ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်သည်။ သူ့မျက်နှာထက်က ချွေးကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် အားနည်းလာသယောင်။
သူ့လက်က တံခါးလက်ကိုင်အား ဆုပ်ကိုင်ထားပြီး ပြိုလဲတော့မယ့်အတိုင်းပင်။
သူကိုယ်တိုင် အကောင်းဆုံးတည်ငြိမ်အောင်
ကြိုးစားပြီး သူ လက်ခံထားဖူးသော လာဘ်စားထားသည် ငွေများအား တွေးလိုက်သည်။
ဒီနှစ်မှ စ၍ လာဘ်ထိုးတာ လက်ခံထားခြင်းဖြစ်ပြီး အများကြီး လက်မခံထားပေ။
သာမန်လူများမှာ ပိုက်ဆံများစွာမရှိကြပေ။ ပိုက်ဆံရသူများက အလုပ်ကြိုးကြိုးစားစားလုပ်တာကြောင့် အကြိမ်တိုင်း သာမန်လူတစ်ဦးကို လုပ်ပေးတိုင်း ဆင်းရဲနွမ်းပါးသူများအတွက် ငွေစတစ်ရာ သို့မဟုတ် ကြေးနီဒင်္ဂါးနှစ်ပြားကို ရရှိမည်ပင်။
သေချာပေါက် သူက လူများစွာ၏ တာ၀န်ရှိသူဖြစ်သည်။ သေးငယ်သောနေရာထဲတွင် လူ ၂၀လောက်ရှိသည်။
ပျှမ်းမျှအရ နေ့တိုင်း .. သူက သောက်ဖို့အတွက် ငွေစတစ်စပဲ ယူသည်။
ရှဲ့မန်ရှန်း တကယ်ကြောက်လန့်နေပြီး သူ့ခြေထောက်များလည်း တုန်လှုပ်နေသည်။
ကျားမိသားစုက ယောက်ဖက သူ့ပုံစံကိုတွေ့တော့ ကိစ္စက အရေးကြီးကြောင်း သိသွားကာပြောလိုက်သည်။
"ယောက်ဖ အခု ငါ့မိသားစုကိုကြည့်ပါဦး ငါတို့တွေ ခက်ခဲတဲ့အချိန်မှာရှိနေကြတယ် မင်းတို့နှစ်ယောက်လုံး ငါ့သမီးကို ရှဲ့ဖင်းကန်းနဲ့ လက်ထပ်ပေးဖို့ သဘောတူထားကြတယ် ဒါပေမယ့် ဒီကိစ္စ ကဖြေရှင်းလို့မပြီးသေးဘူး ငွေစ၅၀ .. ငါ့ကိုအရင်ပေးထားလို့ရမလား"
ရှဲ့မန်ရှန်း သူ့ကိုကြည့်ပြီး "ထွက်သွား ထွက်သွား"
သူအခု အကြောက်လွန်နေလေပြီ။ ကျားမိသားစုမှ ဒီလူက သူ့ဆီကပိုက်ဆံတောင်းရဲသေးတယ်။
"ယောက်ဖ ငါတို့အတွက်လည်း တကယ်ခက်ခဲနေတာ မြို့တော်ကိုပြောင်းလာရတာ အများကြီး ကုန်ကျသလို ငါတို့မိသားစုမှာ လယ်၊ မြေတွေလည်း မရှိဘူး ငါတို့တွေ အစားအသောက်အတွက် ပိုက်ဆံလိုအပ်တယ် ငါတို့ ငွေစ၅၀ကို ခက်ခက်ခဲခဲ စုဆောင်းထားရတာ ပိုက်ဆံတွေပြန်ပေးမယ်လို့ ငါ့အစ်မကပြောတယ် အချိန်ကျလာတဲ့အခါ ငါတို့တွေ နှစ်ဆဖြစ်သွားမယ် အဲဒါကြောင့် .." ထိုယောက်ဖက မသေချာပေ။
"အခု မင်းပါ ဒီကိစ္စထဲ ပါ၀င်ပတ်သက်လာပြီဆိုတော့ ဖမ်းမိသွားတဲ့အခါကျရင် မင်းမိသားစုရဲ့ အမွေပစ္စည်းတွေလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ်
သိမ်းယူသွားမှာလား"
"ဘာပိုက်ဆံလဲ ငါတို့မိသားစုပိုက်ဆံကို အစ်ကိုကြီးကယူသွားပြီး ဒုတိယအစ်ကိုဆီကို သွားပို့လိုက်တယ် အားလုံးမရှိတော့ဘူး"
ရှဲ့ချုံရှန်း ၀င်ပြောလိုက်သည်။
"အို ဟုတ်သားပဲ ယောက်ဖ ဘာလို့ ဆရာမရှဲ့ကို အကူအညီမတောင်းတာလဲ ဆရာမရှဲ့က ဒီပြဿနာသေးသေးလေးကို မကိုင်တွယ်နိုင်မှာ စိုးရိမ်လို့လား"
ကျားမိသားစုက ထိုလူက ချက်ချင်းမေးသည်။
ထိုသို့ပြောပြီးနောက် ရှဲ့မန်ရှန်းမျက်၀န်းထဲတွင်
မျှော်လင့်ချက်လေး ပေါ်လာသည်။
အကြံတစ်ခုတွေးမိသွားတော့ သူ့ယောက်ဖက ပိုက်ဆံတောင်းနေတာကို ယာယီ ရပ်ဆိုင်းထားလိုက်သည်။ အခု အကြွေးလိုက်သိမ်းချင်ရင်တောင် ပိုက်ဆံရဖို့ခက်ခဲမှာကို သူသိသည်။
သူ့ယောက်ဖ သတင်းယူလာပေးပြီးနောက် ရှဲ့မန်ရှန်း အဆင်မပြေတော့ပေ။ သူ့အကြည့်တွေက တံခါးဆီကိုပဲရောက်နေပြီး တစ်စုံတစ်ယောက် သူ့ကိုလာဖမ်းဆီးမှာကို ကြောက်ရွံ့နေသည်။
"အစ်ကိုကြီး ဆရာမ ပြောတာက .."
ရှဲ့ချုံရှန်း အနည်းငယ် မသေချာပေ။
တကယ်ပဲ ကပ်ဘေးရှိနေတာလား။
ဗေဒင်ဆရာမ ဟောတာ တကယ်မှန်နေတာလား။
••••