← Chapters

သူ့ကိုယ်ပိုင်မိသားစုအပေါ် ရက်စက်တယ်။ 

Vol. 27 Ch. 502

သူ့ကိုယ်ပိုင်မိသားစုအပေါ် ရက်စက်တယ်။ 

Vol. 27 Ch. 502

ရှဲ့ချုံရှန်းစကားက ရှဲ့မန်ရှန်းအာရုံအား ဖမ်းယူလိုက်နိုင်သည်။ 

သူ တစ်ဖက်လူအား အဆိပ်ပြင်းစွာဖြင့် ကြည့်ပြီး 

"အားလုံး မင်းကြောင့်ပဲ ငါ့ကပ်ဘေးက ဖြေရှင်း‌နိုင်တော့မလို့ မင်း ဒီနေ့ အကြွေးသွားတောင်းလို့ဖြစ်ရတာ ငါအခု ကောင်းကင်ဘုံရဲ့အမြင်မှာ စိတ်ရင်းမဟုတ်တော့ဘူးဖြစ်သွားပြီ" 

ရှဲ့ချုံရှန်း ထိုစကားကြားသောအခါ သူ့မျက်နှာထက် ဒေါသအရိပ်အယောင်ဖြစ်သွားသည်။ 

သို့သော်လည်း ရှဲ့မန်ရှန်းက လက်ရှိ ‌စိုးရိမ်ကြောက်ရွံ့နေသည်။ သူ့ဒေါသက ဘယ်ကိုဦးတည်နေတာလဲဆိုတာ သူမသိတော့ပေ။ သူ ရှဲ့ချုံရှန်းကို ပိုကြည့်လေလေ သူ့ကိုပိုမုန်းတီးလေလေပင်။ 

စစ်သားတွေက သူ့ကိုဖမ်းဆီးချင်တယ်ဆိုတဲ့ သတင်း မရှိခဲ့ပေ။ 

ထိုအချိန်မှာပဲ ဖြစ်ပျက်ခဲ့ပြီး သူ့ညီသုံးက ‌အကြွေးသွားသိမ်းတာနဲ့ သတင်းက ချက်ချင်း ရောက်လာသည်။ 

ဒီမကောင်းမှုကံကို ဘယ်သူသယ်ဆောင်လာခဲ့တာလဲ။ 

ဆရာမပြောတာ မှန်သည်။ သူက သူ့ဘ၀ထဲက မကောင်းသောသူဖြစ်သည်။ သူ့ကြောင့် ဖြစ်ခဲ့တာပင်။ 

ထိုသို့ အပြစ်တင်ခံရသည်အား ရှဲ့ချုံရှန်း မယုံကြည်နိုင်ပေ။ သေချာပေါက် သူ တိတ်တဆိတ် ဒေါသထွက်နေမိသည်။ 

သို့သော်လည်း လွန်ခဲ့တဲ့ ဆယ်နှစ်ထဲမှာ သူ့အစ်ကိုကြီးအား အနိုင်ရဖူးတာ မရှိပေ။ အခု သူ့အစ်ကိုကြီး၏ ဒေါသထွက်နေသော အကြည့်များကိုတွေ့

တော့ သူပြန်ပြီး မချေပနိုင်တော့ပေ။ ပွင့်ထွက်လာသော ဒေါသများအား သူ့နှလုံးသားထဲမှာ ဖုံးကွယ်ထားလိုက်ရသည်။ သူ အလွန်အမင်း သုန်မှုန်ခဲ့သည်။

ထိုညမှာ ညီအစ်ကိုနှစ်ယောက်လုံး မအိပ်ပျော်နိုင်ခဲ့ပေ။ 

နောက်တစ်ရက်မနက်စောစောတွင် ရှဲ့မန်ရှန်း တစ်စုံတစ်ယောက်အား ရှာဖွေရန် ပြစ်မှုဆိုင်ရာ ဌာနဆီ သွားလိုက်သည်။ 

သူ နှိမ့်ချစွာဖြင့် ရှဲ့ဖင်းကန်းအား ကြည့်လိုက်သည်။ 

"တူလေး .." 

ရှဲ့မန်ရှန်းမှာ ယခု အသက်များစွာပိုကြီးလာသလို သနားစရာပင်။ 

အချိန်အကြာကြီး ကြောက်ရွံ့နေပြီးနောက် သူ အသက်ရှင်နေတုန်းပင်။ သူ့မှာ သန်မာသော ခန္ဓာကိုယ်ရှိတာကို ပြောနိုင်ပေသည်။ 

ရှဲ့ဖင်းကန်း ရယ်ပြီး "ဦးလေး ဘာလို့ကျွန်တော့်ကို ရှာနေတာလဲ အို ကျွန်တော်ခန့်မှန်းကြည့်မယ် ဦးလေး အစောတုန်းကကျူးလွန်ခဲ့တဲ့ ပြစ်မှုကြောင့်လား"

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် .." 

ရှဲ့မန်ရှန်းကြားတော့ လျင်မြန်စွာ ခေါင်းငြိမ့်ပြလိုက်၏။ 

ရှဲ့ဖင်းကန်း ခနဲ့လိုက်သည်။ 

"ဦးလေးက ကျွန်တော့်ကို ဘာလုပ်စေချင်နေတာလဲ ကျွန်တော့်ကို အရာရှိတွေကိုအသိပေးပြီး ဦးလေးက်ိုမဖမ်းအောင် လုပ်စေချင်နေတာလား ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင် ဦးလေးကို ဖမ်းစေချင်တာလား" 

ရှဲ့မန်ရှန်း နှလုံးခုန်မြန်သွားသည်။ ထိုအချိန် သူ့ခြေထောက်က အားနည်းနေပြီး ရှဲ့ဖင်းကန်းအား ဒူထောက်လုနီးနီးပင်။ 

"တူလေး ငါ လာဘ်ထိုးတာ အများကြီးလက်မခံထားဘူး ပြီးတော့ အားလုံး လောဘကြီးကြတာပဲ ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ အနာဂတ်မှာ ရိုးသားမယ်လို့ ကတိပေးပါတယ် ငါ့မှာ ဘာအလုပ်ပဲရှိရှိ ထပ်ပြီးလောဘမကြီးတော့ဘူး" 

"ဦးလေးပြောနေတာက ကျွန်တော် ဦးလေးကို ကယ်ပေးပြီးသွားရင် ဦးလေးအတွက် တစ်

ဘ၀လုံး လမ်းခင်းပေးထားရမှာလား" 

သူ့အရှေ့ကလူက သူ့ကိုအရူးလို့မှတ်ယူနေပုံရတယ်လို့ ရှဲ့ဖင်းကန်းတွေးမိသည်။ 

"ဖင်းကန်း .. ငါ .. ငါမင်းကို ဒူးထောက်ပါတယ် ဟုတ်ပြီလား" 

သူ ထိုသို့ပြောပြီးနောက် ရှဲ့မန်ရှန်း တကယ်ပဲ ဒူးကွေးလိုက်သည်။ 

"တကယ်လို့ ငါ့အသက်ကိုဆုံးရှုံးစေချင်တယ်ဆိုလည်း ဒီအတိုင်းပြောလိုက်" 

ရှဲ့မန်ရှန်း ထိုသို့ပြောတာတောင် ရှဲ့ဖင်းကန်း ဒူးထောက်တာကို တည်ငြိမ်စွာဖြင့်လက်ခံလိုက်

သည်။ 

"ဦးလေးဒူးအောက်မှာ ရွှေတွေ မရှိဘူး တကယ်လို့ အဆုံးထိ ဒူးထောက်နေမယ်ဆိုရင်လည်း ကျွန်တော့်အတွက် တန်ဖိုးမရှိဘူး" 

"မင်းငါ့ကိုကူညီပေးဖို့အတွက် ငါ့ကို ဘယ်လိုလုပ်စေချင်လဲ" 

ထိုအချိန်မှာ ရှဲ့မန်ရှန်း အနည်းငယ် စိတ်သောကရောက်နေသည်။ 

"ဦးလေးကိုကူညီရမယ် .. ကျွန်တော်ကပဲ ဦးလေးအကြောင်း ဖော်ထုတ်လိုက်တယ်ဆိုတာ ပြောပြချင်တယ် တစ်နေ့က သက်သေတွေကို ကျွန်တော် အိမ်ရှေ့စံမင်းသားလက်ထဲ ထည့်ပေးလိုက်တာ ပြီးတော့ လူတစ်စုကို‌ ဖမ်းဆီးလိုက်တယ် ဒီ

အတွက် အိမ်ရှေ့စံမင်းသားက ကျွန်တော့်ကို အထူးဆုလာဘ်တောင် ချီးမြှင့်လိုက်သေးတယ်"

ရှဲ့ဖင်းကန်း မျက်နှာထက်တွင် ချေငံသော အကြည့်ဖြင့်။ 

အားလုံးက သူ့အောင်မြင်မှုများဖြစ်သည်။ သူ့မှတ်တမ်းများ စုဆောင်းမိသည်နှင့်အမျှ အနာဂတ်တွင် လျှင်မြန်စွာ ရာထူးတိုးခံရမည်ဖြစ်သည်။ 

‌သူ၏ လူတွေရဲ့နောက်ကျောကို ဓားနဲ့ထိုးတဲ့စွမ်းရည်က ပိုပိုပြီးကောင်းမွန်လာသည်။ 

သို့ပေမယ့် သူမှားတယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ။ 

ဒီကြီးကြပ်သူများက တဖြည်းဖြည်းစည်းကျော်လာနေပြီး သူတို့က လာဘ်ထိုးတာ လက်ခံရဲကြသည်။ 

လာဘ်မပေးသောသူများက အနှိပ်စက်ခံရသည်။ ရလဒ်အနေနှင့် လူများစွာသေဆုံးခဲ့ရသည်။ 

သူမရိုးသားလျှင် ဖြစ်ပျက်သွားတာအတွက် ထိုက်တန်ပေသည်။ 

ရှဲ့မန်ရှန်း ထိုအကြောင်းကြားတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။ 

"မင်း ဘ .. ဘယ်လိုလုပ်ဒီလိုလုပ်ရတာလဲ ငါက မင်းရဲ့ဦးလေးပါ ကောင်းကင်ဘုံကနေ အပြစ်ပေးခံရမှာကို မကြောက်ဘူးလား" 

ဒီကမ္ဘာပေါ်မှာ ကိုယ့်မိသားစုအပေါ်တောင် ရက်စက်တဲ့ နှလုံးသားရှိတဲ့လူ ဘယ်လိုလုပ်ရှိနိုင်တာလဲ။ 

"တရားသောနည်းနဲ့ ကျွန်တော့်ဆွေမျိုးတွေကို အပြစ်ပေးခဲ့တာ ဒီလိုမျိုး သာဓကနဲ့ ဘယ်သူက အနာဂတ်မှာ ကျွန်တော့်ကို လာထိရဲတော့မှာလဲ"

ရှဲ့ဖင်းကန်းပုံစံက အလွန်အေးစက်နေသည်။ 

••••

All Chapters