ပေးဆပ်တယ်။
Vol. 27 Ch. 503
သူကြားလိုက်ရသည်အား ရှဲ့မန်ရှန်း မယုံကြည်နိုင်ပေ။ ထိုအချိန်တွင် သူ့နောက်ကျောထဲ အလင်းဖျော့ဖျော့ထိုးဖောက်လာသလို ခံစားလာရပြီး ကြောက်ရွံ့လာသည်။
သူ တုန်လှုပ်စွာဖြင့် ရှဲ့ဖင်းကန်းအား လက်ညှိုးထိုးလိုက်ကာ။
"မင်း .. မင်းအဖေ ပြန်လာရင် သူမင်းကို ရိုက်မှာမကြောက်ဘူးလား"
"ကျွန်တော့်အဖေလား ကျွန်တော့်အဖေက ဦးလေးကို ကူညီမယ်လို့ ထင်နေတာလား စောင့်ကြည့်ကြတာပေါ့ ကျွန်တော့်အဖေက ရက်အနည်းငယ်အတွင်း မြို့တော်ထဲရောက်လာလိမ့်မယ် တကယ်လို့ ဦးလေး ကံကောင်းတယ်ဆိုရင် ထောင်မကျခင်မှာ သူ့ကိုတွေ့နိုင်လိမ့်မယ်"
ရှဲ့ဖင်းကန်း ဘာမှ ဖုံးကွယ်မထားတော့ပေ။ ရှဲ့နျိုရှန်း ပြန်လာတော့မှာကိုကြားတော့ ရှဲ့မန်ရှန်း
နှလုံးသားထဲ မျှော်လင့်ချက်ဖြစ်ပေါ်လာသည်။
သို့သော်လည်း ရှဲ့ဖင်းကန်း သူ့ကိုမလွတ်ပေးချင်သေးပါ။
"ကျွန်တော်တို့က ဆွေမျိုးတွေဆိုတော့ ကျွန်တော် ဦးလေးကို တိုက်ရိုက်ပဲပြောမယ် ဦးလေး လက်ခံထားတဲ့ လာဘ်ထိုးငွေတွေအရ သေမိန့်ကနေတော့ လွတ်မြောက်နိုင်လိမ့်မယ် ဒါပေမယ့် ဦးလေးက လာဘ်စားထားတယ်မလား ပြစ်ဒဏ်ကတော့ ရှိမှာပဲ" ရှဲ့ဖင်းကန်း မျက်နှာတည်ငြိမ်နေသည်။
"နှစ်အနည်းငယ်လောက် ဦးလေး ထောင်ကျလိမ့်မယ်"
ရှဲ့မန်ရှန်း လက်ခံထားသော လာဘ်ထိုးငွေတွေက တကယ် ထိုလူတွေထဲ အနည်းဆုံးဖြစ်သည်။ ထပ်
တိုးပြောရလျှင် သူထုပ်ပိုးပြီး တလောတုန်းက ထွက်သွားတာကြောင့် ထိခိုက်နိုင်မှုက အနည်းငယ်လျော့နည်းသွားသည်။
သူလက်ခံထားသော လာဘ်ထိုးငွေက ငွေချောင်း၅၀ထက် မပိုပေ။
သူကြောက်သည်။ သူတို့က တာဝန်ထမ်းဆောင်သူတွေကို ကွဲပြားစွာ ဆက်ဆံကြပေမယ့် ဝေးဝေးလံလံ မသွားရဲ။ ထို့ကြောင့် သူ့လက်အောက်တွင် သေဆုံးမှုများမရှိပေ။
ရှဲ့မန်ရှန်းလည်း ရှဲ့နျိုရှန်း၏ အစ်ကိုအရင်းဖြစ်သည်။ ဒဏ်ကြေးပေးပြီးလျှင် သူ့ကိုခွင့်လွှတ်ပေးနိုင်လိမ့်မည်။
သို့သော်လည်း ရှဲ့ဖင်းကန်း ဆန္ဒမရှိပါချေ။
ရှဲ့မန်ရှန်း ဆိုးဆိုးရွားရွား လုပ်ရန် အခွင့်အရေးမရှိပေ။ တကယ်လို့ ရှဲ့ချောင်က သူ့ကိုအလုပ်ထွတ်ရန် မပြောခဲ့လျှင် သူ နှစ်ပေါင်းအနည်းငယ်လောက် လာဘ်စားမိလိမ့်မည်။ ပိုလို့တောင် ဆိုးသွားနိုင်သည်။
ဥပဒေအရ ငွေပေးမလား ဒါမှမဟုတ် ထောင်ချခံနိုင်လား။ ထောင်ကျတာလည်း သူ့အမှားတွေကို
မမေ့နိုင်အောင် အနည်းဆုံး သုံးနှစ်ဖြစ်သည်။
ရှဲ့မန်ရှန်း နှုတ်ခမ်းများတုန်ရီသွားတော့သည်။
"ငါ့ပြစ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပိုက်ဆံသုံးလို့ရမလား"
ရှဲ့မန်ရှန်း စိုးရိမ်စွာဖြင့်မေးလိုက်သည်။
"ရတာပေါ့ ဦးလေးမှာ ငွေရှိလား" ရှဲ့ဖင်းကန်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
"တကယ်လို့ လုံလောက်တဲ့ငွေရှိရင် အရိုက်ခံပြီး ထောင်ကျတာကနေ လွတ်မြောက်လိမ့်မယ် ဒါပေမယ့် ဦးလေး ကျွန်တော်ကြားရသလောက် ဦးလေးအိမ် ရောင်းထားတယ်မလား အို .. ဦးလေးငွေနဲ့ပတ်သက်ပြီး ဘယ်လို ကောင်းမှုတွေလုပ်ခဲ့လဲ"
"မင်းကို ငါ့ငွေအားလုံးပေးခဲ့တာလေ"
ရှဲ့မန်ရှန်း ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
"အဲဒီငွေတွေလား အဲဒါတွေက အစတည်းက ကျွန်တော့် ပစ္စည်းတွေပဲလေ"
ရှဲ့ဖင်းကန်း သူ့လက်အား အသာအယာပုတ်ပြီး သူ့ကိုကြည့်ရတာ စိတ်မရှည်ပုံဖြင့်။ သူ့ပုံစံက လူဆိုးတစ်ယောက်နှင့်တူနေသည်။
"အိမ်ပြန်ပြီး စုဆောင်းထား .. ငွေဆယ်ဆပေးမယ်ဆိုရင် ထောင်ထဲ၀င်စရာမလိုဘူး တကယ်လို့ သုံးရက်အတွင်း ငွေမပေးနိုင်ဘူးဆိုရင် အရာရှိက ဦးလေးအိမ်ထဲ၀င်လာပြီး ဖမ်းဆီးလိမ့်မယ် ကျွန်တော့်ကို အပြစ်မပြောပါနဲ့ အားလုံး ဦးလေးပဲ လုပ်ခဲ့တာ"
ရှဲ့ဖင်းကန်း တစ်ကိုယ်တည်း ဒီအမှုအား ဖော်ထုတ်လိုက်တဲ့အတွက် ဒါတွေအားလုံးကို ဆုံးဖြတ်နိုင်တာဖြစ်သည်။
ရှဲ့မန်ရှန်း ဖမ်းခံရတာ ဟုတ်မဟုတ် ကိစ္စမရှိပါ။
သို့ပေမယ့် ငွေဆယ်ဆဆိုတာ ကြားလိုက်ရတဲ့အခါ ရှဲ့မန်ရှန်း စိတ်သောကရောက်သွားသည်။ သူ့မှာ ငွေမရှိတော့ ဘယ်က သွားယူရမှာလဲ။
ပစ္စည်းအားလုံးကို သူ့ဒုတိယညီအိမ်သို့ ပေးခဲ့လိုက်သည်။ ဒီ ရှဲ့ဖင်းကန်းကတော့ .. သူတို့ပစ္စည်းတွေကို ယူသွားပြီးတာတောင် သူ့အကြွေးကို လက်ခံဖို့ ငြင်းဆန်နေသေးသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့မန်ရှန်း ပိုင်ဆိုင်မှုအား ပြန်မယူရဲပါ။ ထိုအချိန်တွင် သူ ပိုပြီး ဆရာမမော့စကားအား ပိုယုံကြည်မိလာသည်။ အကျဉ်းထောင်က ကြမ်းတမ်းပေမယ့် ခေါင်းဖြတ်ခံရတာထက်တော့ ပိုသာသေးသည်။
သူသာ ထိုရတနာတွေကို မပေးခဲ့ဘူးဆိုရင် လူအိုကြီးလီနှင့် တခြားလူတွေလိုမျိုး ဖမ်းဆီးခံရပြီး
သေမိန့်ပေးခံရမည်လား။
ထိုအကြောင်းတွေးမိတော့ ရှဲ့မန်ရှန်း အနည်းငယ် ကံကောင်းသွားသလို ခံစားလိုက်ရသည်။
သူ အရူးတစ်ယောက်မဟုတ်ပေ။ ဒီအမှုကို ရှဲ့ဖင်းကန်း ကိုင်တွယ်နေတာကြောင့် သူ့ပြစ်ဒဏ်၏ ပြင်းထန်မှုအား ဆုံးဖြတ်နိုင်လုနီးနီးပင်။ သူ့ဒုတိယညီအိမ်တွင် ရွှေ၊ငွေအားလုံး ပို့ပေးခဲ့တာကြောင့် ရှဲ့ဖင်းကန်းက အကျိုးအမြတ်အားလက်ခံပြီး သူ့ကိုမသတ်တာဖြစ်မည်။
အနည်းဆုံးတော့ သူသေဆုံးခြင်းအား ရှောင်ဖယ်လို့ရသေးသည် ..။
ကျန်ရှိနေသော ကပ်ဘေး ..။
သူ ဆယ်ကြိမ် လာဘ်စားထားသည်။ ထိုအရာက ငွေချောင်း ၅၀၀လောက်ရှိသည်။
မဟုတ်မှလွဲရော .. ဒီကပ်ဘေးကို မဖြေရှင်းနိုင်တာက သူ့မိသားစု၀င်တစ်ယောက်ယောက်က ငွေများစွာကို ဝှက်ထားလို့လား။
ဘယ်သူလဲ။ ဘယ်သူက ငွေဖွက်ထားတာလဲ။
ထိုအကြောင်းတွေးမိတော့ ရှဲ့မန်ရှန်း ဖြေရှင်းရန် ဒေါသတကြီးနှင့် အိမ်ပြန်လာခဲ့သည်။
•••••