ငါ့ကိုပေး။
Vol. 27 Ch. 504
ရှဲ့မန်ရှန်း အခု မျှော်လင့်ချက်အဆုံးမှာပင်။ သူ့အတွေးများလည်း အဆုံးထိရောက်နေပြီး ပြန်မထွက်လာနိုင်ပေ။
သေးငယ်သော ခြံ၀င်းဆီပြန်လာပြီးနောက် သူ ချက်ချင်း ရှဲ့ချုံရှန်းအပေါ် စိတ်လွတ်သွားကာ။ သူ့ငွေတွေကို ထုတ်ပေးရန် အခိုင်အမာပြောလိုက်သည်။
ရှဲ့ချုံရှန်းမှာ တကယ် ငွေရှိနေသည်။
သူက ဆင်းရဲရတာနှင့် ပတ်သက်ပြီး စိတ်ဒဏ်ရာရသွားခဲ့သည်။ သူ ချမ်းသာလာပြီးတောင်မှ သူနဲ့အတူ လိုလိုမယ်မယ် ငွေစက္ကူ တစ်ချို့သယ်ဆောင်သွားခဲ့သည်။
သို့ပေမယ့်လည်း သူ့ဆီမှာထားထားရင် ငွေစက္ကူ
များ ပျောက်ဆုံးသွားမှာကို စိုးရိမ်မိသည်။ ထို့ကြောင့် သူ့အ၀တ်အစားထဲတွင် ငွေစက္ကူများစွာဖွက်ထားခြင်းမရှိပေ။ စုစုပေါင်း ငွေစ၂၀၀ဖြစ်သည်။ နောက်တော့ အဖွားအိုက အားလုံးကို ပိုက်ဆံစုခိုင်းတဲ့အခါ သူက ထိုငွေစက္ကူများအား မပေးချင်ခဲ့ပေ။
ဒီရက်အနည်းငယ်တွင် သူက ပိုဖြုန်းတီးလိုက်တာကြောင့် ငွေစ၁၅၀သာကျန်သည်။
ဒီမိသားစုထဲက သူ့အစ်ကိုကြီး၏ နေရာကိုသိသည်။ သူ ငွေထုတ်ယူလိုက်တာနဲ့ လုံး၀ပျောက်သွားနိုင်သည်။ သူဘယ်တော့မှ ပြန်ယူလာပေးနိုင်မှာမဟုတ်တော့။
ထို့ကြောင့် ငွေစက္ကူအကြောင်းအား ဘယ်သူ့ကိုမှမပြောခဲ့တာပင်။
သူ ထိုငွေများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ရှဲ့ချုံရှန်းကလွဲပြီး အားလုံးက အတူတူပင်ဖြစ်သည်။
နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ဖွက်ထားသော ကိုယ်ပိုင် ပိုင်ဆိုင်မှုတစ်ချို့ရှိကြသည်။
"မင်းရဲ့ ငွေစက္ကူတွေအားလုံးကို ပေးဖို့ပြောခဲ့တယ်မလား ပြော .. မင်း သိမ်းထားလား ငါ့ကိုပေး"
ထိုအချိန်မှာ ရှဲ့မန်ရှန်း အရူးတစ်ယောက်နှင့်တောင်တူနေသည်။
သခင်မကျားနှင့် တခြားလူတွေလည်း ကြောက်သွားကြသည်။
ရှဲ့မန်ရှန်းက ပစ္စည်းတွေအား စတင်ရိုက်ခွဲပစ်တော့သည်။
သူ သခင်မကျား၏ ထိတ်လန့်နေသော အမူအရာကိုတွေ့တော့မှ ချက်ချင်း အသိစိတ်၀င်သွားသည်။
ထိုအမျိုးသမီးလည်း သူ့နောက်ကွယ်မှာ ပိုက်ဆံဖွက်ထားသည်။
သူ လျှောက်သွားပြီး သူမကိုရိုက်နှက်တော့သည်။
သူမက ဘယ်လိုလုပ်ခံနိုင်ရည်ရှိမည်လဲ။ နှစ်ကြိမ်
အရိုက်ခံပြီးနောက် သူမ ကိုယ်ပိုင် ပိုင်ဆိုင်မှုအား ထုတ်ပေးလိုက်တော့သည်။
များများစားစားတော့မဟုတ်ပေ .. ငွေစ၃၀ထက်တော့ပိုသည်။
သို့ပေမယ့် ရှဲ့မန်ရှန်း မျှော်လင့်ချက်အား ရှာတွေ့သွားသည်။
သူ့သားနဲ့သမီးမှာလည်း အနည်းငယ်ရှိနိုင်သည်။ အဖွားအိုတွင်ရောပင်။ ပြီးနောက် သူ့ရဲ့ညီသုံးလည်းရှိသေးသည် ..။
ငွေစ၅၀၀ကို သေချာပေါက် စုဆောင်းရမည်။
သူ ဒဏ်ကြေးကို စုဆောင်းနိုင်မယ်ဆိုလျှင် ဒီအတိုင်း အံတုထားပြီး အနာဂတ်မှာ ကံကောင်း
ခြင်း ရောက်လာလိမ့်မည်။
ရှဲ့မန်ရှန်း တောက်လောင်နေသော အကြည့်ဖြင့် လူအုပ်ကြီးအား ကြည့်လိုက်သည်။ အဖွားအိုတောင်မှ တုန်လှုပ်နေပြီး သတိလက်လွတ်ဖြင့် သူမအ၀တ်အစားအား ဖုံးကွယ်လိုက်မိသည်။ ထိုအရာကို ရှဲ့မန်ရှန်းမြင်တော့ သူ့ဂုဏ်သိက္ခာအား ဂရုမစိုက်တော့ဘဲ အဖွားအိုထံမှ ပစ္စည်းအားယူရန် အရှေ့တိုးသွားသည်။
"အမေ ကျွန်တော့်ကိုငွေပေး ကျွန်တော် ငွေချောင်း၅၀၀မရရင် အကျဉ်းထောင်သွားရမယ်လို့ ဖင်းကန်းပြောတယ် တကယ်လို့ ကျွန်တော် ထောင်ထဲသွားရရင် ဘယ်သူက အမေ့ကို ထောက်ပံ့ပေးမှာလဲ မိသားစုတစ်စုလုံးထဲမှာ ကျွန်တော်တစ်ယောက်တည်း အမေ့စကားနားထောင်တာ"
ရှဲ့မန်ရှန်း ပြောရင်း သူမပိုင်ဆိုင်မှုတွေအား ထုတ်လိုက်သည်။
အဖွားအို သူမသားအား သနားသွားသည်။ ထိုအကြောင်းကြားတော့ သူမ မျက်ရည်ဝဲလျက်ဖြင့် ပိုင်ဆိုင်မှုများအား ထုတ်ပေးလိုက်သည်။
သူမ တုန်လှုပ်နေသည်။ သူမလည်းပဲ ပိုင်ဆိုင်မှုတွေအား အ၀တ်အစားထဲမှာ ဖွက်ထားတာဖြစ်သည်။ ငွေချောင်း ၁၀၀ရှိသည်။
တကယ်တော့ သူမ ငွေစ၁၀၀ ဖွက်ထားတာ ကြာပြီဖြစ်သည်။
သူမ မြို့တော်ကို ပထမဆုံးအကြိမ်ရောက်တုန်းက သူမ အလွန်ဆင်းရဲလှသည်။ ရှဲ့နျိုရှန်း ပို့ပေးသောလက်ဆောင်တွေထဲ ငွေစ ၁၀၀၀ပါသည်။
သူမ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ပိုက်ဆံအမြန်ကုန်သွားမှာစိုးရိမ်တာကြောင့် ငွေစက္ကူအားယူပြီး သူမ သဘောအကျဆုံးနှင့် ဈေးအကြီးဆုံး အ၀တ်အစားထဲမှာ ထည့်ချုပ်ထားလိုက်သည်။
နောက်တော့ သူမမှာရှိသော ကောင်းမွန်သောအ၀တ်အစားများကို စိတ်မ၀င်စားတော့ပေ။ သူမ သေတ္တာ အောက်မှာ သိမ်းထားပြီး မေ့ထားလိုက်သည်။
ရှဲ့မန်ရှန်း ပစ္စည်းများစွာ ရောင်းချပြီးနောက် သူမရဲ့လှပပြီး ဈေးကြီးသော အ၀တ်အစားများလည်း မရှိတော့ပေ။
ထိုအခါမှ သူမ အရင်ကအ၀တ်အစားများ
အားထုတ်ကြည့်တော့မှ အထဲမှာ ပိုက်ဆံဖွက်ထားတာကို သတိရမိသွားသည်။
သူမ အငြိမ်းစားယူတဲ့အခါအတွက် စုဆောင်းထားရန် တွေးထားလိုက်သည်။
ရှဲ့မန်ရှန်း အဖွားအိုဆီက ပိုက်ဆံလုယူပြီးနောက် တခြားသူတွေကိုကြည့်သည်။
"အမေ ညီ၂က သိပ်မကြာခင်မှာ ပြန်လာတော့မယ် သူပြန်လာတဲ့အခါ ကျွန်တော်တို့တွေ သေချာပေါက် ကောင်းကောင်းနေရမှာ အမေမှတ်မိသေးလား လွန်ခဲ့တဲ့ နှစ်၃၀လောက်ကဆို ညီ၂က စကားနားထောင်တယ် အိမ်မှာ ရေအလုံအလောက်မရှိတော့ သခင်မကျားက မိသားစုထဲမှာ လက်ထပ်လိုက်ရပြီး ရေချိုးချင်နေတယ် ကျွန်တော်တို့တွေ သူ့ကို ရေသွားခပ်ခိုင်းတယ် သူ ဘာမှမပြောဘဲ ထွက်သွားတယ် နောက်
တော့ သူ့ကိုလူရိုင်းတွေဖမ်းသွားတယ် သူက ရွာတစ်ရွာလုံးကို သစ္စာဖောက်ပြီး ရွာသားတွေဆီက လုယက်ဖို့အတွက် လူရိုင်းတွေကို ခေါ်လာတယ် အားလုံးက သူ့ကိုထွက်သွားစေချင်ကြတယ် ပြီးတော့ ကျွန်တော်တို့လည်း အဲဒီလိုပဲ သူက ကျွန်တော်တို့ကိုအပြစ်မတင်ဘဲ မြန်မြန် ထွက်သွားတယ် အမေတွေ့တယ်မလား သူက သူ့မိသားစုအပေါ် သစ္စာရှိတယ် သူ ကျွန်တော်ခံစားရမှာကို ကြည့်နေမှာမဟုတ်ဘူး"
••••