မိသားစုဆိုရင် ဘာယဉ်ကျေးမှုမှ မလိုအပ်ဘူး။
Vol. 27 Ch. 505
လတ်တလောတွင် ကိစ္စများစွာဖြစ်ပျက်ခဲ့သည်။ ဘာလို့ ရုတ်တရက် ကပ်ဘေးဒုက္ခနှင့် ကြုံတွေ့လိုက်ရလဲဆိုတာ ရှဲ့မန်ရှန်း မသိပေ။
ပထမဆုံးအနေနှင့် သူ၏စား၀တ်နေရေး ပျောက်ဆုံးသွားသည်။ ပြီးနောက် တစ်ခုပြီးတစ်ခု ကံဆိုးစေသော ကိစ္စများကြုံတွေ့ရသည်။ အခုဆိုလျှင် အဖမ်းခံရပြီး ထောင်ကိုပို့ခံရတော့မည်။
သူ ထောင်ထဲမှာ သေသွားမှာကို ကြောက်သည်လေ။
အဖွားအို အတိတ်အကြောင်း တွေးမိသည်။
တကယ်ပဲ အပြစ်မရှိပေ။ အရင်ကဆိုရင် ရှဲ့နျိုရှန်း လူရိုင်းတွေကို ရွာခေါ်လာတဲ့အတွက် သူတို့မိသားစု အထင်သေးရှုတ်ချခံခဲ့ရသည်။
ထိုအချိန်က သူမကလေးတွေထဲတွင် ရှဲ့နျိုရှန်းက
သာ အလိမ္မာဆုံး သားဖြစ်သည်။ သူ့ကိုဘာပဲလုပ်
ခိုင်းလုပ်ခိုင်း သဘောတူသည်။ သူက ရွာထဲက နွားထီးထက်တောင် ပိုအမျှော်အမြင်ရှိသည်။
အရင်အကြောင်း ပြန်တွေးကြည့်လျှင် နှစ်ပေါင်းများစွာ ကြာပြီးတာတောင် သူ ဓားပြဖြစ်ဖြစ် အရာရှိတစ်ယောက်ဖြစ်ဖြစ် သူမအပေါ် ရိုသေဆဲပင်။
ထိုအကြောင်းတွေးမိတော့ အဖွားအိုမျက်နှာထားက အဆင်ပြေလာသည်။
"သား မင်းရဲ့ အစ်ကိုကြီးက အခု ဒုက္ခရောက်နေတယ် ညီတစ်ယောက်အနေနဲ့ သူ့ကိုကူညီဖို့အတွက် အကောင်းဆုံးလုပ်ပေးရမယ် အခု ဒုတိယအစ်ကို ဒီမှာမရှိဘူးဆိုတော့ သူပြန်လာပြီး မင်းတို့နှစ်ယောက် ဒီလိုဖြစ်နေတာကိုတွေ့ရင် မင်းကို မရယ်လောက်ဘူးလား မင်းလက်ထဲမှာ ငွေဘယ်လောက်ရှိလဲ မင်းရဲ့ဒုတိယအစ်ကို ပြန်လာ
တဲ့အခါ အမေကိုယ်တိုင်သွားပြီး ဒီနေ့ မင်းဆီကယူထားသလောက် ပြန်ပေးမယ် အမေတို့က မိသားစုဖြစ်တဲ့အတွက် ယဉ်ကျေးစရာမလိုဘူး ဟုတ်တယ်မလား"
ရှဲ့မန်ရှန်း စိတ်အေးသွားသည်။
သူ့အမေပြောနေတာဖြစ်တဲ့အတွက် ဒီကိစ္စက ပြဿနာကြီးကြီးမားမား မဖြစ်နိုင်တော့ပါ။
"အမေ အစ်ကိုလတ်က ကျွန်တော်တို့ကို ပိုက်ဆံပြန်ပေးမယ်ဆိုတာ သေချာရဲ့လား အစ်ကိုလတ်ရဲ့ အိမ်တော်ထိန်းကတောင် ကျွန်တော့်ကို အထင်သေးဆက်ဆံခဲ့တာ သူ အနာဂတ်မှာ ကျွန်တော်တို့ကို ဂရုစိုက်မှာမဟုတ်ဘူးလို့ ခံစားနေမိတယ်"
ရှဲ့ချုံရှန်းပြောလိုက်သည်။
သူတကယ်ပဲ သူတို့ကိုဂရုစိုက်တယ်ဆိုရင် အိမ်တော်ထိန်းက ဘာလို့ ဒီလောက်အထိ အထက်စီးဆန်နေမှာလဲ။
အရင် အိမ်တော်ထိန်း ယွမ်ရုန်ဆိုလျှင် ဘယ်လောက်ထိ ယဉ်ကျေးပြီး လေးစားမှုရှိလိုက်သလဲ။
ချမ်းသာသောမိသားစု၏ အိမ်တော်ထိန်းတိုင်းက အမြဲ သူ့သခင်၏အပြုအမူအတိုင်း ဆက်ဆံကြသည်။
"အမေ မင်းတို့ဒုတိယအစ်ကိုကို မွေးခဲ့တာပါ သူ့ပုံစံအကြောင်း မသိဘဲနေမလား သူက ခေါင်းမာ
ပေမယ့် နူးညံ့တဲ့စိတ်နှလုံးကောင်းရှိတယ် အဲဒီကောင်မလေး ရှဲ့ချောင်နဲ့ပတ်သက်ပြီးသာ ဘာမှလုပ်စရာမရှိရင် မင်းဒုတိယအစ်ကို ချက်ချင်း သဘောတူလိုက်လိမ့်မယ်" အဖွားအို အတွေးက ရုတ်တရက်ပိုကြည်လင်လာသည်။
"သူပြန်လာတာကို စောင့်ကြရအောင် အဲဒီအခါ အမေတို့ပေးခဲ့တဲ့ ပိုက်ဆံနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ယူရမယ်"
အဖွားအို စိတ်ပိုင်းဖြတ်ပြီးသွားပြီပင်။
သူမသေသွားမယ်ဆိုရင်တောင် ပစ္စည်းတွေအား ပြန်ယူရမည်။
ထိုကောက်ကျစ်သောကောင်မလေး ရှဲ့ချောင်က မငယ်တော့ပါ။ အခုဆိုလျှင် သူမ .. ၁၆၊ ၁၇လောက် ရှိနိုင်သည်။ တကယ်လို့ ဒီအဖွားအိုမှာ
တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် သူ့သားက သုံးနှစ် ပူဆွေး သောကရောက်ရမည်။ ထိုသုံးနှစ်အတွင်း သူ အရာရှိလည်းမဖြစ်နိုင်သလို မိသားစုထဲမှာ လက်ထပ်ပွဲလည်း မရှိနိုင်ပါ။
သုံးနှစ်ပြီးသွားရင် ရှဲ့ချောင်လည်း အသက်ကြီးသွားပြီပင်။
ထို့ကြောင့် ဘာပဲဖြစ်ဖြစ် ရှဲ့နျိုရှန်းက သူမကိုဘာမှလုပ်ရဲမှာမဟုတ်ပါ။
အဖွားအို၏ ယုံကြည်မှုက မြှင့်တက်သွားသည်။ ရှဲ့ချုံရှန်း မြင်လိုက်တော့ သူလည်း ယုံကြည်ချက်ရှိလာသည်။ တကယ်လို့ သူကအလွန်ဆန္ဒမရှိလျှင်လည်း အခု ရှဲ့မန်ရှန်းက အရူးတစ်ယောက်လို ပြုမူနေတာကြောင့် မရိုမသေမလုပ်ရဲပေ။
သူ ငွေအားထုတ်လိုက်သည်။
ငွေစ ၁၅၀ဖြစ်သည်။
ပြီးနောက် သခင်မရှင်းနှင့် မိသားစုထဲက ငယ်ရွယ်သောမျိုးဆက်များကလည်း အနည်းငယ်စီ ထုတ်ပေးလာပြီး စုစုပေါင်း ငွေစ ၈၀အထိဖြစ်သွားသည်။
သို့သော်လည်း သူတို့မှာကျန်တဲ့ ပိုက်ဆံတွေပေါင်းလိုက်လျှင် ငွေစ ၄၀လိုအပ်သေးသည်။
"ညီ၃ မင်းသူငယ်ချင်းတွေဆီက နည်းနည်းသွားချေးပါလား ငါ့စား၀တ်နေရေးလည်းမရှိတော့ဘူး ပြီးတော့ မင်းမှာက အလုပ်ရှိသေးတယ် အနာဂတ်မှာ မင်းသူတို့ကို ပြန်ပေးလို့ရတာပဲ"
ရှဲ့မန်ရှန်း အချက်အလက်ကျကျဖြင့် ပြောလိုက်သည်။
ရှဲ့ချုံရှန်း နှလုံးခုန်သွားသည်။
"တကယ်လို့ ကျွန်တော်တို့လုပ်အားခတွေတောင်မရှိရင် ရှေ့လျှောက် ဘာနဲ့စားသောက်ကြမှာလဲ"
ရှဲ့ချုံရှန်း ပိုက်ဆံချေးဖို့အတွက် မေးလိုက်သည်။
"သား သွားပြီး ငွေစ၅၀ချေးခဲ့ပေး ဒဏ်ကြေးအတွက် မင်းအစ်ကိုကြီးကို ငွေစ၄၀ပေးလိုက် ကျန်တဲ့ ငွေ၁၀စကို ချွေတာပြီးသုံးမယ် အဲဒါဆို လုံလောက်ပြီ"
အဖွားအိုက ခဏတွေးတောပြီး ပြောလိုက်ကာသူမ အိမ်ကအမျိုးသမီးများအားကြည့်လိုက်သည်။
သူမ ဒုတိယသားပြန်မလာခင် သူတို့တွေ အကောင်းဆုံး အံတုကာကြိုးစားကြမည်။ သူတို့တွေ တကယ် သည်းမခံနိုင်ဘူးဆိုရင်သူမ .. အမျိုးသမီးများအား လက်ထပ်ပေးရုံပဲတတ်နိုင်ပေတော့မည်။
••••