ဒီနေရာက မင်းအတွက် မကောင်းဘူး။
Vol. 27 Ch. 506
အဖွားအိုက အဓိကအနေဖြင့် သူမ ပထမချွေးမ၏ သမီး ရှဲ့ချွင်းအား ကြည့်လိုက်သည်။
သူမမှာလည်း သမီးငယ်လေးရှိသည်။ သူမက သူ
တို့နဲ့အတူ မြို့တော်ကို လိုက်လာတာဖြစ်ပြီး ကွာရှင်းပြီးနောက် ဒီမှာပဲ နေနေတာဖြစ်သည်။
သူမ အရင်က အောင်သွယ်တော်များစွာနှင့် တွေ့ဆုံခဲ့ပေမယ့် သူတို့က သဘောတူညီမှုအထိ မရောက်ခဲ့ပေ။ ဒီအချိန်တိုအတွင်းမှာ လက်ထပ်ပွဲစီစဉ်ရန် ခက်ခဲမှာကို ကြောက်ရွံ့မိသည်။
သို့ပေမယ့် သူမ ပထမချွေးမ၏သမီး ချွင်းအာကတော့ ရှဲ့ချောင်ထက် အများကြီးမငယ်ပေ။ အရင်က သူမကိုသဘောကျနှစ်သက်သူများလည်း ရှိခဲ့ဖူးသည်။ ပြီးတော့ သူတို့က မင်္ဂလာခန်း၀င် လက်ဆောင်များစွာပေးကြသည်။ ချွေးမ၃သမီး ကျူးအာက ၁၃ရှိပြီဆိုပေမယ့် လက်ထပ်ရန် စောလွန်းသေးသည် ..။
သခင်မကျား အဖွားအိုအားနားလည်လေသည်။ သူမ အဖွားအို၏ အကြည့်အားတွေ့တော့
အလျင်စလို ချွင်းအာအား သူမအနောက်ပို့လိုက်သည်။
သူတို့ အခု လက်ထပ်ပွဲအတွက်ပြောမယ်ဆိုရင်တောင် သူတို့က ကောင်းမွန်သည့်မိသားစုအား ကြည့်မည်မဟုတ်ပေ။
ရှဲ့ချုံရှန်း အကူအညီမဲ့နေသည်။ သို့ပေမယ့် ပိုက်ဆံများစွာရထားတဲ့အတွက် အနည်းငယ်ဆိုလျှင်ပင် ကွဲပြားမှုမရှိတော့ပေ။
သူ လိုက်နာစွာဖြင့် ပိုက်ဆံ အနည်းငယ်ထပ်ချေးရန် အပြင်ထွက်လာခဲ့သည်။
လက်ရှိ နန်းတွင်းစာမေးပွဲဖြေဆိုနေကြသည်။
မြို့တော်တစ်ခုလုံး ငြိမ်သက်အေးချမ်းမှု အပြည့်ဖြစ်နေ၏။
ကျောင်းတွင်လည်း ဝန်းထဲရှိ ယောကျာ်းလေးများ၏အတန်းအား ရပ်ဆိုင်းထားကာ အမျိုးသမီးများ၀န်းတွင်တော့ အလုပ်ရှုပ်နေကြသည်။ သို့သော် နန်းတွင်းစာမေးပွဲ၏ အရေးကြီးကိစ္စအတွက် ဆရာများက ပို၍စိုးရိမ်သောကြောင့် အတန်းနှစ်ရက်ကြာပြီးနောက် ရပ်နားရန် ဆုံးဖြတ်ခဲ့ကြသည်။
ရှဲ့ချောင် အားလပ်သွားသည်နှင့် သေဆုံးသွားသော ဝိဉာဉ်များအားဖြေရှင်းရန် ကြမ္မာဥယျာဥ်သို့ဦးတည်လာခဲ့သည်။
ပညာသင်များ၏ စိတ်ဝိညာဉ်များသည် အခုတလော နန်းတွင်းစာမေးပွဲကြောင့် မကျေမချမ်း ဖြစ်
ကောင်းဖြစ်နေနိုင်သည်။
စာမေးပွဲခန်းမထဲရှိ ယန်စွမ်းအားမှာ ပြင်းထန်လှသည်။ နန်းတွင်းစာမေးပွဲ မကျင်းပခင်တွင် မကောင်းမှုကို နှင်ထုတ်ခဲ့သည်။ သို့သော်လည်း မကျေမချမ်းဖြစ်နေသော ဝိဉာဉ်တစ်ချို့ရှိနေသေးတာကြောင့် သူတို့တွေ ရောနှောနေနိုင်သေးသည်။
တကယ်လို့ စေတနာ လုံလုံလောက်လောက်မရှိသော ပညာသင်တစ်ဦးနှင့် တွေ့ဆုံခဲ့လျှင် ထိုလူက ဝိဉာဉ်၏ လွှမ်းမိုးမှုအား လွယ်ကူစွာဖြင့် လွှမ်းမိုးခံလိုက်ရသည်။ သူတို့တွေ အသိစိတ်လွတ်တာလား ဒါမှမဟုတ် နာမကျန်းဖြစ်တာလားဆိုတာ ပြောဖို့ ခက်ခဲသည်။
နှစ်တိုင်း နန်းတွင်းစာမေးပွဲတွင် နာမကျန်းဖြစ်ကြ
သူများရှိသည်။ ဒီတစ်ခါတော့ မြို့တော်ထဲက ဆရာ၀န်များက အလုပ်ရှုပ်နေတာကြောင့် ဆေးဆိုင်မှာပဲ နေရသည်။
ရှဲ့ချောင်ဆိုင်၏ စီးပွားရေးလည်း အထူးကောင်းမွန်လှသည်။ သူမကို ဗေဒင်ဟောခိုင်းချင်သူများစွာရှိပြီး အများစုက မိသားစုတွင် စာမေးပွဲဖြေဆိုသူများ၏ အနာဂတ်အလားအလာများကို မေးမြန်းခြင်းဖြစ်သည်။
သို့သော်လည်း ရှဲ့ချောင်က တစ်ရက်လျှင် လူ၃ယောက်သာ ကြည့်ပေးသည်။
သူမနဲ့ဆုံဖို့ကံကြမ္မာပါလာသော ရှဲ့မန်ရှန်းက လွဲ၍ပင်။
ရှဲ့မန်ရှန်း ဒဏ်ကြေးပေးဆောင်ပြီးပြီဖြစ်သည်။ ထိုအချိန် သူ့မျက်နှာတစ်ခုလုံး ဖုန်မှုန့်တွေနှင့် ညစ်ပတ်နေပြီး အားနည်းနေသလိုလည်း ထင်ရသည်။
"ဆရာမမော့ရဲ့ ခန့်မှန်းမှုက တကယ်တိကျတယ် အစောက ကျွန်တော် .. ဟင်း အဲဒီအကြောင်းမပြောကြရအောင် အခု ကျွန်တော့်မိသားစု စည်းစိမ်လည်း မရှိတော့ဘူး ကျွန်တော် ဆိုးဆိုးရွားရွား ခံစားနေရတယ် ကျွန်တော့်ကံအကြောင်း ဗေဒင်ဟောပေးလို့ရမလား ကျွန်တော့်ချမ်းသာမှုက ဘယ်အချိန်ပြန်ရောက်လာမှာလဲ"
ရှဲ့မန်ရှန်း ဆယ်နှစ်လောက် အသက်ကြီးသွားသလို။ သူ့ကိုကြည့်ရတာ လူအိုကြီးတစ်ယောက်အတိုင်းပင်။
"ရှင့်ရဲ့ ကပ်ဘေးကြီးက တကယ်ပြီးသွားပြီ ဆုံးရှုံး
မှုတစ်ချို့နဲ့ ထိခိုက်ဒဏ်ရာတွေရှိခဲ့ပေမယ့် ရှင့်အသက်အန္တရာယ်မရှိတော့ဘူး ရှင့်ကံထဲမှာ ချမ်းသာခြင်း မရှိဘူး ကျန်ရှိတဲ့ဘ၀မှာ ကိုယ့်ဘာသာ မှီခိုသွားရလိမ့်မယ် တကယ်လို့ အသက်ရှင်ချင်ရင် ကိုယ့်မွေးရပ်မြေဆီ ပြန်ဖို့လိုအပ်တယ် ဒီနေရာက ရှင့်အတွက် မကောင်းဘူး"
ရှဲ့ချောင် ပြောလိုက်သည်။
ရှဲ့မန်ရှန်း အံ့အားသင့်သွားသည်။
"ပြန်သွားရမယ် .."
သူ့မွေးရပ်မြေကို ပြန်ရမယ်တဲ့လား။ ဘာအတွက်လဲ။ လက်ပြန်စိုက်ရမှာလား။
မဖြစ်နိုင်ဘူး .. လုံး၀မဖြစ်နိုင်ပေ။
"ဆရာမ ကျွန်တော့်ဒုတိယညီက ဘယ်တော့လောက် ပြန်ရောက်နိုင်လဲဆိုလဲ သိနိုင်မလား သူပြန်လာရင် ကျွန်တော် အရင်ကလို ချမ်းသာမြင့်မြတ်သွားမှာပါ" ရှဲ့မန်ရှန်း အလျင်စလိုဖြင့်ပြောလိုက်သည်။
ရှဲ့ချောင် ထူးဆန်းစွာ ပြုံးလိုက်သည်။
"ရှင် ချမ်းသာချင်တာက ဖြစ်နိုင်ပါတယ် တကယ်လို့ ကိုယ်မပိုင်တဲ့ပစ္စည်းကိုလိုချင်တယ်ဆိုရင်တော့ ကိုယ့်အသက်နဲ့လဲလှယ်ရလိမ့်မယ် အဲဒီလိုလုပ်ချင်လား"
သေချာပေါက် သူမလုပ်ချင်ပါ။
ရှဲ့မန်ရှန်း မော့ချူးရှန်းအား ယုံကြည်ပေမယ့် သူ့ပိုက်ဆံအကြောင်းတွေးလိုက်ရင် သူ့ညီ၂ကို ကိုယ်တိုင်မတွေ့ရခင်အထိ လက်မလျှော့နိုင်ပေ။
သူ လန့်သွားပြီး လမ်းလျှောက်ပုံက အလွန်ထူးဆန်းလှသည်။
သူ ဒဏ်ကြေးပေးခဲ့ပြီးလေပြီ သို့ပေမယ့် အချက်၂၀ အရိုက်ခံခဲ့ရသည်။ ဒါက ကြီးကြီးမားမားမဟုတ်ပေမယ့် ရှက်စရာကောင်းလှသည်။
ရှဲ့မန်ရှန်း ထွက်သွားသည်နှင့် နောက်တစ်ယောက်ရောက်လာသည်။
ရှဲ့မန်ရှန်းထက် အနည်းငယ်အသက်ကြီးသော အဖိုးအိုတစ်ယောက်ဖြစ်သည်။ ဒီအဖိုးအိုက ဇိမ်ခံ
အ၀တ်အစားများအား ၀တ်ထားတာကြောင့် ဆွေကြီးမျိုးကြီးမိသားစုက လာတာဖြစ်ရမည်။
သူက မလာခင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပုံရသည်။ ထို့ကြောင့် ယခု သူမကိုတွေ့တော့ လေးစားသမှုနှင့် ယဉ်ကျေးစွာဖြင့် ဆက်ဆံလေသည်။
"ဆရာမမော့ရဲ့ပညာက လေးနက်တယ်လို့ အရှင်မင်းသားဆီက ကြားခဲ့ရလို့ပါ အဲဒါကြောင့် ဒီနေ့ ... ဆရာမဆီအကူအညီတောင်းဖို့ လာခဲ့တာပါ"
••••